ဝင်ရန် သတ်မှတ်ချက်တစ်ခု
Vol. 43 Ch. 601
ပေကျင်း ချန်းမန် နံပါတ်၂မြေအောက်ရထားဘူတာလိုင်း
ထန်ရှုတစ်ယောက် ဘောင်းဘီအိတ်ကပ်တွေထဲ လက်ထည့်ကာ လူအုပ်ထဲတွင် လျှောက်သွားနေခဲ့သည်။ သူ၏ပုံပန်းသွင်ပြင်ကို အနည်းငယ် ပြုပြင်ထားသောကြောင့် သူနှင့် အလွန်ရင်းနှီးသူ မဟုတ်ပါက မည်သူမျှ သူ့ကို မှတ်မိနိုင်မည်မဟုတ်ပေ။
အလွန်ကောင်းမွန်သော ကုန်ပစ္စည်းများ ခင်းကျင်းပြသမှုနှင့် အဆုံးမရှိသော ခရီးသည်လမ်းကြောင်းများနှင့်အတူ စည်ကားနေသော စတိုးဆိုင်တန်းများသည် ထန်ရှုအား လူနေမှုအဆင့်အတန်း တိုးတက်နေမှုအတွက် တိတ်တဆိတ် သက်ပြင်းချမိစေသည်။ သူ ဒီကို ရောက်လာပြီးသည့်နောက်တွင် ထူးဆန်းသည့် ပစ္စည်းအများအပြားကို တွေ့ခဲ့ပြီး တခါတရံတွင် ဝါသနာနှင့် ပျော်ရွှင်မှုအတွက် အစိတ်အပိုင်းတချို့ကို ဝယ်ယူရန် အခွင့်အရေးရရှိခဲ့သည်။
သူ၏လက်ကိုင်ဖုန်းကို မပိတ်ထားသောကြောင့် လမ်းလျှောက်နေစဉ်အတွင်း ဖုန်းခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့သည်။ တစ်ခုက လုံကျန့်ယုဖြစ်ပြီး ကြယ်တာရာသို့ မည်သည့်အချိန်တွင် ပြန်လာမလဲဟု သူ့ကို မေးခဲ့သည်။ မုဝမ်ရင်မှလည်း ယနေ့ ဗိုင်းရပ်စ်သုတေသနအဖွဲ့အစည်းတွင် ဖြစ်ပျက်ခဲ့သည်နှင့် ပတ်သက်၍ သူ့ကို မေးလာသည်။ ဒေါ်လေးထန်မင်းကလည်း ညစာအတူစားရန် အိမ်အလည်လာခိုင်းနေသည်။
ဖုန်းမြည်သံ … သူ၏ဖုန်း မြည်လာပြန်သည်။
ဖုန်းကို ထုတ်ကြည့်လိုက်ရာ ချူယီမှန်း သိသည်နှင့် သူက အပြုံးဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။
"မင်း ဒီတလော ဘာတွေလုပ်နေလဲလို့ တွေးနေတာ။ ဒါကြောင့် အခု ဖုန်းဆက်လာမယ်လို့တောင် မမျှော်လင့်ထားဘူး။ ဘာတွေဖြစ်လဲ။ ညနေ ၃နာရီပဲ ရှိသေးတယ် မင်း ငါနဲ့အတူ လျှောက်လည်ပြီး သွားစားချင်လား။"
“မဟုတ်ဘူး … ဘာမှ မဖြစ်ပါဘူး။ ဒီမနက် ဗိုင်းရပ်စ်သုတေသနအဖွဲ့အစည်းမှာ ဖြစ်ပျက်ခဲ့တာကို ငါ ကြားလိုက်တော့ မင်း ပေကျင်းမှာ ရှိနေတာ ငါ သိသွားတယ်။” ချူယီက ရယ်ရယ်မောမော ပြောလိုက်သည်။
"ဒါနဲ့ မင်း အခု ဘယ်မှာလဲ။ ငါ မင်းကို တွေ့ချင်လို့။"
"ချန်းမန်မြေအောက်ရထားဘူတာရုံမှာ။" ထန်ရှုက ရယ်ရင်း ဖြေသည်။
"ဟင်…" ချူယီ အံ့ဩသွားသည်။
"မင်းက အဲ့ဒီမှာ ဘာလုပ်နေတာလဲ။"
“ဘာမှ မဟုတ်ဘူး။ ငါ ပျင်းနေလို့။ ပေကျင်းမှာ သူငယ်ချင်းနည်းနည်းပဲရှိတော့ ဘာမှလုပ်စရာမရှိလို့ လျှောက်သွားနေတာ။"
“ငါ့ကို အဲ့ဒီမှာပဲ စောင့်နေ။ ငါ မင်းဆီ လာခဲ့မယ်။” ချုယီက အမြန်ပြောသည်။
နာရီဝက်အကြာတွင် ထန်ဝနှေင့် ဖုန်းပြောပြီး ချလိုက်သော ထန်ရှု၏အရှေ့တွင် ချူယီ ပေါ်လာခဲ့သည်။ သူ၏ပြုံးနေသော မျက်နှာပေါ်တွင် လေးစားသဘောကျမှုဖြင့် ချူယီက သူ့အား လက်မထောင်ပြကာ ချီးကျူးခဲ့သည်။
"မင်းက တကယ့်ကို အံ့သြစရာကောင်းလွန်းတဲ့ ညီဝမ်းကွဲပဲ။ မင်းက မြို့တော်ရဲ့ လူအယောင်ဆောင် နတ်ဆိုး ကျောက်ယွင်တိကို ဝက်ခေါင်းလို ဖြစ်အောင် ရိုက်နှက်လိုက်တယ်ဆို။ မင်းရဲ့ သတင်းက နေရာအနှံ့ ပျံ့နေပြီ။ မင်းရဲ့နာမည်က ပေကျင်းတစ်မြို့လုံးမှာရှိတဲ့ မိန်းမပျိုတွေနဲ့ အမျိုးကောင်းသား လူမှုအသိုင်းအဝိုင်းတွေကြားထဲ ပျံ့နှံ့သွားပြီ။ ဆိုတော့ မင်းက နာမည်ကောင်းရပြီး ပရိတ်သတ်တွေ အများကြီး ထပ်ရသွားခဲ့တယ်လို့ ယူဆလို့ရတယ်။”
“ဒီကိစ္စကို ဘယ်ပါးစပ်ကြီးက ဖြန့်လိုက်ပြန်ပြီလဲကွာ။” ထန်ရှုက မချိပြုံး ပြုံးကာ မေးလိုက်သည်။
ချူယီက ပြုံးလိုက်ပြီး
“ဖြန့်တဲ့လူက ဘယ်သူပဲ ဖြစ်ဖြစ် အခု မင်းက ရေပန်းစားနေပြီး ဆွဲဆောင်မှုရှိတဲ့ ဆက်ဆီကျတဲ့ လူသား ဖြစ်နေပြီ။ ပြီးတော့ အဲ့ဒီကောင် ကျောက်ယွင်တိက အခုဆို အရမ်းကို သနားစရာပဲ။"
"အမ်… သူ ဘာဖြစ်သွားလို့လဲ။" ထန်ရှုက အံ့ဩသောအမူအရာဖြင့် မေးလိုက်သည်။
ပြန်မဖြေခင်မှာ ချူယီက ဘေးဘီဝဲယာကို ကြည့်ပြီး သူတို့အား မည်သူမှ အာရုံမစိုက်သည်ကို တွေ့ရှိပြီးနောက် တီးတိုးလေသံဖြင့်
"သူ့အဖေ ကျောက်ချင်းဖုန်းက သူ့ကို အိမ်ပြန်ခေါ်သွားပြီးတဲ့နောက်မှာ အဲ့ဒီအဘိုးကြီးက သူ့ကို ခါးပတ်နဲ့ ရိုက်နှက်ခဲ့တယ်ဆိုပဲ။ သူ့အမေသာ ဝင်မတားရင် သေလုနီးပါး ဖြစ်တော့မယ်။ ဒါတောင်မှ သူ့ကို ကျောက်မိသားစုရဲ့ အမှောင်ခန်းထဲမှာ ပိတ်လှောင်ထားသေးတယ်။ ကျောက်မိသားစုရဲ့ အမှောင်ခန်းက ပေကျင်းတစ်ခုလုံးမှာဆို အလွန်ကျော်ကြားတဲ့ ငရဲခန်းလိုပဲ။ စစ်တပ်တွင်းက သာမာန်အကျဉ်းခန်းနဲ့ နှိုင်းယှဉ်ရင် ပိုပြီးတောင် ကျော်ကြားသေးတယ်။"
“ဟား.ဟား.ဟား…”
ထန်ရှုက မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်သည်။ "အဲ့ဒီကောင်က တကယ်ကို ကောင်းကောင်းကြီး သင်ကြားဖို့ လိုတယ်။ နို့မဟုတ်ရင် သူ့ကို လွတ်လွတ်လပ်လပ် ပြသနာတွေ ရှာခိုင်းထားတာက ကျောက်မိသားစုအတွက် ဘေးဒုက္ခဆိုးတွေပဲ ကျရောက်လာလိမ့်မယ်။ ဒီကိစ္စက သူ့ကို တည့်မတ်ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ သူသာ ဖြောင့်မှန်သူဖြစ်နိုင်ရင် အကောင်းဆုံးပဲ။”
"ဟုတ်တယ်။ သူသာ နှိမ့်နှိမ့်ချချ မနေရင် အနာဂတ်မှာ တော်တော်ကို ဆိုးရွားသွားလိမ့်မယ်။” ချူယီက ခေါင်းညိတ်ထောက်ခံလိုက်သည်။
“မြို့တော်မှာ သူ ဘယ်လောက်ထိ ပြသနာ ရှာထားခဲ့တယ်ဆိုတာ မင်း မသိဘူး။ ကျောက်မိသားစုရဲ့ အကာအကွယ်သာ မရှိရင် လူတော်တော်များများက သူ့ကို ဆုံးမဖို့ ဆိုးဆိုးရွားရွား အကြံအစည်တွေ ချမှတ်ခဲ့တာ ကြာပေါ့။”
"ကျောက်ယွင်တိအကြောင်း ပြောနေတာ တော်လိုက်ရအောင်လား။" ထန်ရှု ပြုံးကာ ပြောလိုက်သည်။
"ထန်ဝကေ သူ့သူငယ်ချင်းနဲ့ လာတွေ့မယ်လို့ ငါ့ဆီ ဖုန်းဆက်တယ်။ အာ … ဟုတ်သားပဲ။ နိုက်၁၅က ဘာကားလဲ။ ငါ့ကို ဒီကား လက်ဆောင်ပေးမယ်လို့ ဖုန်းနဲ့ ပြောခဲ့တယ်။ ငါတောင် အံ့ဩသွားတယ်။ ငါ့ကို ကားလက်ဆောင်ပေးရတာ စွဲနေပုံပေါ်တဲ့ မင်းအမေ ငါ့အဒေါ်လိုတော့ မဖြစ်သင့်ဘူး မဟုတ်လား။"
ချူရီက မျက်လုံးပြူးပြလိုက်ပြီး ဆတ်ကနဲ ပြန်ပြောလိုက်သည်။
“ဘာ … တခြားသူတွေရဲ့ ကြင်နာမှုကို အခွင့်ကောင်းယူပြီး အရှုံးပေါ်သလို ဟန်ဆောင်နေမှာလား။ မင်းဘာသိလို့လဲ။ ငါ မင်းကို အရမ်းအားကျမနာလိုလို့ သီးတာ သေလုမတတ်ပဲ။ အဲ့ဒီတုန်းက အမေက ကားတွေအကြောင်း ငါ့ကို မေးတယ်။ အမေက ငါ့ကို ဝယ်ပေးမယ်လို့ ငါ ထင်လိုက်တော့ အဖိုးတန်ကားတွေ အများကြီး ပြလိုက်တယ်။ ရလဒ်ကို မင်း သိပါတယ် … အဲ့ဒါတွေ အားလုံးဝယ်ပြီး မင်းဆီ ပို့ပေးလိုက်တယ်လေ။"
“ဟား.ဟား.ဟား…” ချူယီ၏အူတိုနေသော သွင်ပြင်ကို ကြည့်ရင်း ထန်ရှုက ချူယီ၏ပခုံးကို ဖက်ကာ
“ငါတို့က ညီအစ်ကိုတွေလေ။ ငါ့ကားတွေ မင်းပိုင်တာ မဟုတ်ရင်တောင် မင်းကားတွေ ဆုံးရှုံးတိုင်း ရှန်ဟိုင်းကို တန်းသွားပြီးတော့ ငါ့အိမ်က ကားတွေအားလုံးကို ငှားလို့ရပါတယ်ကွ။ မင်းသိတယ်ဟုတ် … ဖြတ်သန်းခ ပေးဆောင်ဖို့ ငွေအလုံအလောက် မရှိရင်တောင် ငါ အကြွေအချို့ကို ထည့်ပေးလိုက်ဦးမှာ။"
"ထွက်သွား…" ချူယီက ပြက်ရယ်ပြုပြီး
"ဒါနဲ့ ထန်ဝကေ သူခေါ်လာမယ့် သူငယ်ချင်းအကြောင်း တစ်ခုခု ပြောသေးလား။"
"ဟင့်အင်း … ဘာမှမပြောဘူး။" ထန်ရှု ခေါင်းယမ်းလိုက်သည်။
ချူယီက ခေါင်းညိတ်ပြီး မေးလိုက်သည်။
"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ။ ငါတို့ဆက်ပြီး လျှောက်သွားကြမလား ဒါမှမဟုတ် သူတို့ကို စောင့်ရင်း အချိန်ကုန်အောင် တစ်ခုခုသောက်ဖို့ နေရာရှာသင့်လား။”
"ထိုင်စရာနေရာ ရှာရအောင်။" ခဏလောက်စဉ်းစားပြီးမှ ထန်ရှု ပြန်ဖြေသည်။
ခဏအကြာတွင် သူတို့နှစ်ဦးသည် အနီးနားတွင် ကော်ဖီဆိုင်တစ်ခုကို တွေ့ရှိပြီး အတွင်းဘက်စွန်း ထိုင်ခုံကို ယူကာ ကော်ဖီသောက်ရင်း စကားစမြည်ပြောနေကြသည်။ အချိန်အတော် ကြာပြီးနောက် ထန်ဝနှေင့် ချင်းရှောင်ယန်သည် ထိုနေရာကို ရောက်လာကြသည်။ ချင်းရှောင်ယန်ကို မြင်ပြီးနောက် ချူယီ၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ထန်ရှုအား အဓိပ္ပါယ်ပြည့်ဝသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟေး မင်းလည်း ဒီမှာပဲလား ချုူယီ။" ထန်ရှု၏အရှေ့တွင် ထိုင်နေသူမှာ ချူယီ ဖြစ်သည်ကို တွေ့ရှိပြီးနောက် ထန်ဝကေ ရွှင်မြူးသောအမူအရာဖြင့် အော်ပြောလိုက်သည်။
"မင်းတောင် လာနိုင်ရင် ငါက ဘာလို့ ဒီကို မလာနိုင်ရမှာလဲ။ နောက်ပြီး ငါက ထန်ရှုရဲ့အချိန်ကို နေ့တစ်ဝက် ယူထားပြီးပေါ့။"
ထိုသို့ပြောပြီးနောက် သူက ချင်းရှောင်ယန်အား ခေါင်းညိတ်ကာ အပြုံးဖြင့် ပြောသည်။
" မင်း ဒီကောင်ကြီးရှောင်ယန်နဲ့ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ ထန်ဝကေ မင်းကို ကန်ဒီကလပ်ကို ခေါ်သွားတာ မဟုတ်ဘူးလား။”
ချင်းရှောင်ယန်သည် သူ၏ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ ပါးလွှာသောအဝတ်အစားကို ဝတ်ထားသောကြောင့် အချိုးအဆစ်ကျသော ကြွက်သားများကို ဖော်ပြထားသည့်အလား ဖြစ်စေသည်။ သည်အချိန်တွင် သူက ပြုံးပြီး "မဟုတ်ဘူး။ ငါက သူ့ကို အဲဒီကို ခေါ်သွားခဲ့တာ။"
ချူယီက ပြုံးကာ ထန်ရှုကို ညွှန်ပြပြီး
"အခု သူက ကျောက်ယွင်တိထက်တောင် နာမည်ပိုကြီးနေပြီဆိုတော့ မိတ်ဆက်ပေးဖို့တောင် လိုမယ်မထင်ဘူး။ ဘာပဲဖြစ်ဖြစ် သူက ထန်ရှု … ဒါက ပေကျင်းတစ်ခုလုံးမှာ အကျယ်ပြန့်ဆုံးကွန်ရက်နဲ့ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေ ရှိတယ်လို့ ပြောလို့ရတဲ့ ချင်းရှောင်ရန်ပါ။ ဘယ်သူ့ကိုမှ မစော်ကားဖို့ ကြိုးစားတဲ့သူလို့ ပြောရမယ်။ ဒါပေမယ့် သူ့ကို သတိထားပါ။ ဒီကောင်က ဉာဏ်ကောင်းလွန်းတယ်။ သူ ဘယ်အချိန် မင်းကို ရောင်းစားပြီး သစ္စာဖောက်မယ်ဆိုတာ မင်း ဘယ်တော့မှ သိမှာမဟုတ်ဘူး။”
ချင်းရှောင်ရန်က မချိပြုံး ပြုံးလိုက်ပြီး
“ပြောပါဦး ချူယီ။ မင်းလိုမျိုး ဘယ်သူငယ်ချင်းက လုပ်မှာလဲ။ တခြားလူတွေက သူတို့ရဲ့သူငယ်ချင်းတွေကို အမြဲထောက်ခံနေကြပေမယ့် ငါနောက်ကြောင်း ပြန်လှည့်ပြီး တခြားသူတွေကို သစ္စာဖောက်မယ်လို့ ပြောရင်တောင် မင်းက ဆန့်ကျင်ဘက်ပြုမူတယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ စံပြလူသား ထန်ရှု … မင်းနဲ့တွေ့ရတာ ဂုဏ်ယူပါတယ်။"
ထန်ရှုက မတ်တတ်ရပ်ပြီး ချင်းရှောင်ယန်ကို လက်ဆွဲနှုတ်ဆက်ကာ ချူယီ၏ဘေးတွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူ့ဘေးရှိ ဆိုဖာကို ပုတ်ကာ ထန်ဝကေို ထိုင်ခိုင်းလိုက်ပြီး အပြုံးဖြင့် "အစ်ကိုဝေ … မင်း အပြင်မှာ သူငယ်ချင်းနဲ့ တစ်ချို့ကိစ္စတွေ ပြောနေတာ မဟုတ်ဘူးလား။ မင်း ဒီကိုလာဖို့ အချိန်ဘယ်လိုရလဲ။"
ထန်ဝကေ ချင်းရှောင်ယန်ကို ညွှန်ပြရင်း
“သူက ငါနဲ့ ကိစ္စအချို့ကို ဆွေးနွေးနေတဲ့သူလေ။ ဆွေးနွေးတဲ့ အကြောင်းအရာက နည်းနည်းကြီးတော့ ငါ မပါဝင်နိုင်တော့ဘူး။ ဒါကြောင့် သူ့ကို မင်းနဲ့ မိတ်ဆက်ပေးချင်တာ။"
ထို့နောက် ထန်ဝကေ ချင်းရှောင်ယန်၏ ယခင်အဆိုပြုချက်ကို ရှင်းပြလိုက်ပြီး နောက်ဆုံးတွင် "ဒါနဲ့…အစိုးရအရာရှိ လုပ်ဖို့ မင်းရဲ့အကြံပြုချက်ကို ငါ လိုက်နာနိုင်ခြေက အခုဆို ၈၀%လောက် ရှိတယ်။ ဒါကြောင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ ငါကိုယ်တိုင် မပါဝင်ချင်ဘူး။ မင်းက ငါ့မျက်လုံးထဲမှာ စီးပွားရေး ပါရမီရှင်တစ်ယောက်မို့ မင်း အဲ့ဒါကို စိတ်ဝင်စားရင် လုပ်နိုင်တယ်။"
ထန်ရှုက ချင်းရှောင်ယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းကို နောက်တစ်ကြိမ် လှည့်လိုက်ပြီး မေးလိုက်သည်။
"အဲ့ဒါကို လုပ်ဆောင်ဖို့ ငါတို့ ထန်မိသားစုမှာ တစ်ယောက်ယောက် ရှိရဲ့လား။"
“အန်တီယန်ဇီက အဲ့ဒါအတွက် အခွင့်အာဏာရှိတယ်။” ထန်ဝေက ဖြေသည်။
ထန်ရှု ရုတ်ခြည်းပင် နားလည်သွားသည်။ မိနစ်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် သူက “ချင်းရှောင်ယန် ဟုတ်တယ်နော်။ မင်း အဆိုပြုထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ငါ တကယ် စိတ်ဝင်စားပါတယ်။ ဒါပေမယ့် လုပ်ငန်းပူးပေါင်းဆောင်ရွက်တော့မယ်ဆိုရင် စီမံခန့်ခွဲမှုနဲ့ အစုရှယ်ယာဆိုင်ရာကိစ္စကို ငါတို့တွေ စဉ်းစားဖို့ လိုတယ်လို့ ထင်တယ်။”
ချင်းရှောင်ယန်၏မျက်လုံးများ တောက်ပလာပြီး ချက်ချင်းပင်
"ကျေးဇူးပြုပြီး ပြောပါ သခင်လေးထန်။"
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ငါ့ကို နောက်ဆို ထန်ရှုလို့ပဲ ခေါ်ပါ။ ငါ့ကို နာမည်အတိုင်း သူများတွေ ခေါ်တာကို အသားကျနေပြီ။ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ယွမ်ငွေ ၄ဘီလီယံမှာ ၂ဘီလီယံကို ငါ ရင်းနှီးမြှုပ်နှံမယ်။ ဒါပေမယ့် မင်းက လုပ်ငန်းကို လည်ပတ်အောင် လုပ်မယ့်သူ ဖြစ်ပြီး စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ဘယ်ကဏ္ဍတွေမှာမှ ငါ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ အစုရှယ်ယာ ၅၁%ကို မင်း ကိုင်ပါ။ ငါက ၄၀%နဲ့ ကျန်တဲ့ ၉%ကိုတော့ ကုမ္ပဏီတည်ထောင်ပြီးသွားရင် ထိပ်တန်းအမှုဆောင်အရာရှိတွေဆီ လွှဲပြောင်းဖို့ အသုံးပြုကြမယ်။ မင်း ဘယ်လိုစဉ်းစားလဲ။"
ထန်ရှုက ၂ဘီလီယံကို ထောက်ပံ့ပေးရန် ဆန္ဒရှိရုံသာမက ရှယ်ယာများ၏ ၄၀%သာ ယူလိမ့်မည်ဟု ချင်းရှောင်ယန် မမျှော်လင့်ထားမိပေ။ ထိုအချင်းအရာက ထန်ရှုအား အထင်ကြီးသွားမိစေသည်။ အစပိုင်းက အလွန်ဆုံးအနေဖြင့် ထန်ရှုသည် ထန်မိသားစုဝင်တစ်ယောက်အနေနှင့် သူ၏အဆင့်အတန်းနှင့်အညီ အခွင့်ကောင်းယူမှာ မဟုတ်ဟုသာ သူ ယုံကြည်ထားခဲ့ရသည်။ ယခုကဲ့သို့သော ရဲရင့်မှုဖြင့် သည်သို့သောလူမျိုးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အနာဂတ်တွင် လွန်စွာ နှစ်လိုဖွယ်ကောင်းပေလိမ့်မည်။
"အဲ့ဒါနဲ့ ပတ်သက်ပြီး ငါ့မှာ ထင်မြင်ချက်မရှိပါဘူး။" ချင်းရှောင်ယန်က အလျင်အမြန်ပြောလိုက်သည်။
"ဒါပေမယ့် ငါ့မှာ ရှိတယ်။" ချူယီက သူတို့ကို မျက်လုံးပြူးပြီး အော်ပြောလိုက်သည်။
ထန်ရှုနှင့် ချင်းရှောင်ယန်သည် တစ်စက္ကန့် မျှ တွေဝသွေားကြကာ သူတို့၏မျက်နှာပေါ်တွင် ဇဝဇေဝါအမူအရာများ ပေါ်လာခဲ့သည်။
“ပြောပါဦး … မင်းတို့နှစ်ယောက်က ဘာလို့ ဒီလောက်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်ကို ငါ့ကိုပါ မခေါ်တာလဲ။” ချူယီက မေးလာသည်။ “အခြားအကြောင်းတွေကို မပြောလိုပေမယ့် ပိုကောင်းသည်ဖြစ်စေ ပိုဆိုးသည်ဖြစ်စေ ကောင်းချီးကို အတူတူခံစားပြီး ကံဆိုးခြင်းတွေကိုလည်း အတူတကွ ကြံ့ကြံ့ခံတာ ပိုကောင်းပါတယ်။ ဒါက အမြတ်အစွန်းရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ လူတိုင်း အတူတကွ ငွေရှာနိုင်တယ်လေ။”
"ကောင်းပြီ … (ကောင်းပြီ။)"
ထန်ရှုနှင့် ချင်းရှောင်ယန်တို့က ကန့်ကွက်ခြင်းမရှိပေ။ ထန်ရှုနှင့် ချူယီတို့သည် ညီအစ်ကိုဝမ်းကွဲများဖြစ်ပြီး သူ၏အဒေါ် ထန်မင်းသည်လည်း ထန်မိသားစုတွင် ပင်မအဖွဲ့ဝင်ဖြစ်သော်လည်း ချူယီသည် ပေကျင်းမြို့ ချူမိသားစုဝင် ဖြစ်သည်။ ချူမိသားစုသည် မြို့တော်ရှိ ထန်မိသားစုလောက် မထင်ရှားသော်လည်း ၎င်းသည် အလယ်အလတ်မိသားစုများ၏ ထင်ရှားသော ခေါင်းဆောင်မိသားစုဖြစ်ပြီး ထိပ်ဆုံးဆယ်ဦးတွင် မပါဝင်နိုင်ခဲ့လျှင်တောင် ထိပ်တန်းဆယ့်ငါးစုတွင် အဆင့်ဝင်နိုင်ပေသည်။
ထို့အပြင် ချူယီကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက မြို့တော်တွင် နေထိုင်ခဲ့ပြီး သူ၏ ပုဂ္ဂိုလ်ရေး အဆက်အသွယ်များအပြင် လူမှုအသိုင်းအဝိုင်းများလည်း ဤနေရာတွင် ရှိနေခဲ့သည်။ သူသာ သည်လုပ်ငန်းတွင် ပါဝင်ခဲ့မည်ဆိုပါက သူတို့ နောင်တစ်ချိန် တည်ထောင်မည့် ဖျော်ဖြေရေးမီဒီယာကုမ္ပဏီ တစ်ခုအတွက် ကြီးမားသည့် အကျိုးရှိသွားမှာပင်။
သည်ကိစ္စကို ဆွေးနွေးပြီးနောက်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် အစုရှယ်ယာခွဲဝေမှုကို ဆုံးဖြတ်ခဲ့သည်။ ထန်ရှုသည် ယွမ်၁ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာများ၏ ၃၀% ရမည်ဖြစ်သည်။ ချူယီသည် ၁၅%ရှယ်ယာများအတွက် ၅၀၀မီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ရှယ်ယာ၁၀%ကို အနာဂတ်တွင် ကုမ္ပဏီ၏ထိပ်တန်းစီမံခန့်ခွဲမှုပိုင်းအတွက် သီးသန့် ထားမည်ဖြစ်သည်။ ကျန်သောရှယ်ယာ ၄၅%အား ချင်းရှောင်ယန်မှ ပိုင်ဆိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ယွမ် ၁.၅ဘီလီယံ ရှိပေသည်။
ဆွေးနွေးမှုပြီးဆုံးပြီးနောက် ထန်ဝကေ လူတိုင်းကို အရက်အနည်းငယ်သောက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ထန်ရှုက ချူယီတို့အိမ်တွင် ညစာစားမည်ဟု ကတိပေးထားပြီးဖြစ်သောကြောင့် ငြင်းဆိုခဲ့သည်။
"မနက်ဖြန်ညဘက် အတူတူ ထွက်ကြရအောင်။ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသေးစိတ် အချက်အလက်အချို့ကို ဆွေးနွေးပြီး စာချုပ်ကို လက်မှတ်ရေးထိုးကြတာပေါ့။”
“အဆင်ပြေပါတယ်။ မနက်ဖြန် ကန်ဒီကလပ်မှာ စုကြမယ်။" ချင်းရှောင်ယန်က ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
"ဒါနဲ့ မင်း ကန်ဒီကလပ်ကို ရောက်ဖူးလား ထန်ရှု။"
“ရိုးရိုးသားသားပြောရရင် တခါမှတောင် မကြားဖူးဘူး။” ထန်ရှုက ခေါင်းယမ်းပြီး ဖြေသည်။
"ကန်ဒီကလပ်က ငါတို့လို အရမ်းချမ်းသာပြီး ထင်ရှားကျော်ကြားတဲ့ မိသားစုတွေက အမျိုးကောင်းသားတွေအတွက် အကောင်းဆုံးနေရာပဲ။" ထန်ဝကေ ပြုံးလျက်ပြောသည်။ "ဥပမာတစ်ခုပြောရမယ်ဆိုရင် မိသားစုတစ်ခုရဲ့ ဦးဆောင်တဲ့ပုဂ္ဂိုလ်မှာ မိသားစုပိုင်ဆိုင်မှု ယွမ်၁၀ဘီလီယံထက် မပိုဘူးဆိုရင် အဲ့ဒီကလပ်ရဲ့တံခါးကို ဘယ်လိုမှ ဝင်နိုင်မှာ မဟုတ်ဘူး။"
***