ကျန်းမာကြံ့ခိုင်သွားသည့်တိုင်ကျွေးမွေးမယ်
Vol. 18 Ch. 241
အခန်း (၂၄၁) - ကျန်းမာကြံ့ခိုင်သွားသည့်တိုင် ကျွေးမွေးမယ်
အစ်မမိန့်ကို နှုတ်ဆက်ပြီးနောက် လင်းချင်းဟယ်က ပြန်လာသည်။
ယူလာသော ဝက်သားကို သူမက နှပ်လိုက်သည်။ ကျိုးချင်းပိုင်က တကယ်ကို အများကြီး ဝိတ်ကျသွားခြင်း ဖြစ်သည်။ သူက အားမနည်းသွားသော်လည်း အမှန်ပင် ပိန်ကျသွား၏။
သိသာတာက အမေကျိုးက ဟင်းချက်တိုင်း ဆီနည်းနည်းသာ သုံးသည်။
အခုချိန်က နေ့လယ်စာ ပြင်ဆင်ဖို့ အလွန်စောသေး၏။
တကယ်တမ်းတော့ လင်းချင်းဟယ်က ပြန်လာပြီး လုပ်ဖို့ ကိစ္စတွေမရှိပေ။ ထို့ကြောင့် သူမက အိမ်မှာသာ ချက်ပြုတ်ရန် နေနေခဲ့သည်။
သည်နှစ်တွင် အိမ်တွင် ကြက်များစွာ မွေးမြူထား၏။ ဝက်များကတော့ မရှိပေ။ ဝက်များမွေးမြူထားသော ဝက်ခြံကို ယခုတွင် အမေကျိုးမှ ကြက်ခြံအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။
ဝက်တွေကို ကိုယ်ပိုင်မွေးဖို့ တားမြစ်ထားသေးသည်။ တစ်ယောက်ယောက်က မွေးလျှင် သူတို့လက်ထဲ အပ်ရမည်။ သို့သော်လည်း ကြက်မွေးမြူခြင်းက သူတို့အပိုင်ဖြစ်သည်။ အမေကျိုးက ကြက်မွေးဖို့ ရွေးချယ်ခဲ့တာကို ပြောနေရန်ပင် မလိုတော့ချေ။
ခြံအနောက်ဘက်မှာ အသီးအနှံတွေနှင့် ဟင်းသီးဟင်းရွက်တွေ အများကြီး ရှိသည်။ အဆုံးတောင် မရှိချေ။ သူမက ရိုးရိုးရှင်းရှင်းပဲ တချို့ကို ဖြတ်လှီးပြီးတော့ ကြက်စာကျွေးနိုင်သည်။ အားလုံးကို အစားအစာအဖြစ် မသုံးနိုင်ပေ။
ဒီအထဲ လင်းချင်းဟယ်ကတော့ မပါဝင်ချေ။ နေ့လယ်စာအတွက် မန်ထိုဖြစ်သည်။
ဝက်သားနှပ်နှင့် ပြောင်းဖူးမန်ထို၊ ပဲတောင့်ရှည်နှင့် သခွားသီးကြော် ပြီးလျှင် ဝက်ရိုးစွပ်ပြုတ် ဖြစ်သည်။
လင်းချင်းဟယ် ချက်ပြီးတော့ အမျိုးသမီးချိုင်က ရောက်လာသည်။
သူမက ခွဲဖို့ ပဲသီးတစ်ခြင်း ယူလာသည်။ သူမက လင်းချင်းဟယ်နှင့် သူမ၏ဆက်ဆံရေးကို တိုးမြင့်ဖို့ အစီအစဉ်လုပ်ထားတယ်။ အမျိုးသမီးချိုင်က သူမ၏တတိယမြေးမလေးနှင့် လောင်တာ့ကို ယူစေချင်သည်။ သူမက လက်မလျှော့နိုင်ပေ။
လောင်တာ့မရလျှင် လောင်အာ့ကတော့ ဖြစ်နိုင်သည်။
လင်းချင်းဟယ်က စကားများများ မပြောပေ။ အလုပ်လုပ်ရင်းဖြင့် ပြင်ပအကြောင်းအရာများကို စကားစမြည်းပြောကြသည်။ အမျိုးသမီးချိုင်က လောင်တာ့ကို မေးသောကြောင့် လင်းချင်းဟယ်က အမှန်တိုင်း ပြောလိုက်သည်။ သည်ကလေးက မပြန်လာချင်ပေ။ သူက ယခု ကြီးနေပြီဖြစ်လို့ သူ့ဘာသာ အပြင်မှာနေဖို့ သူမက ခွင့်ပြုထားသည်။
အမျိုးသမီးချိုင် ပြန်သွားပြီးနောက် အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မက ရောက်လာသည်။ တစ်ယောက်ကို ကြက်ဥတစ်ခြင်းစီ ယူလာ၏။
“အကြီးဆုံးအစ်မနဲ့ ဒုတိယအစ်မ လာတာကပဲ လုံလောက်ပါပြီ။ ကြက်ဥတွေ အများကြီး ယူလာဖို့ မလိုပါဘူး။ အမေက အနောက်ခြံထဲမှာ ကြက်တွေ အများကြီး မွေးထားတယ်။ ဒီမှာလည်း ကြက်ဥတွေ မပြတ်လပ်ပါဘူး။ ပြန်ရင် ပြန်ယူသွားကြပါ” လင်းချင်းဟယ်က ပြောလိုက်သည်။
ဤကာလတွင် ကြက်ဥများက အတော်ပင် ရှားပါးမှန်း သူမ သိသည်။ ကြက်ဥအများကြီး ယူလာဖို့ သူတို့ စုဆောင်းထားခဲ့ရမှာ သိသာသည်။
သူတို့က အိမ်မှာ စားသုံးလိုက်ဖို့ ဝန်လေးပြီး အားလုံးကို ယူလာသည်။
သို့တိုင် အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မက အလွန်အားနာနေ၏။ သူတို့က တစ်နာရီမက နေသွားပြီးနောက် ပြန်သွားကြသည်။ သူတို့က ကြက်ဥများကို ချန်ထားခဲ့၏။
လင်းချင်းဟယ်က မည်သို့မျှ မတတ်နိုင်ချေ။ သူမက ညနေခင်းတွင် စက်ဘီးစီးဖို့ အချိန်ယူပြီး ကြက်ဥများကို ပြန်ပို့ပေးလိုက်သည်။
ထိုအရာအပြင် မိသားစုတစ်ခုစီကို နံရိုးတစ်ချောင်းစီ ပေးလိုက်သည်။
မိသားစုနှစ်ခုလုံးက မလွယ်ကူချေ။ သူမက သူတို့ထံမှ ကြက်ဥများကို မည်သို့ လက်ခံနိုင်မည်နည်း။ သူမသာ ၎င်းတို့ကို လက်ခံလိုက်ပါက သူမ၏အသိတရားက နေသားမကျ ဖြစ်စေလိမ့်မည်။ ပို၍ အရေးကြီးသည်မှာ ကျေးဇူးကြွေးက ကြီးမားလှပေမည်။
ထို့ကြောင့် သူမက တွေးလိုက်ပြီးနောက် မိသားစုတစ်ခုစီကို နံရိုးတစ်ချောင်းစီ ပေးလိုက်သည်။ ကျန်တာကတော့ မေ့ထားလိုက်ပေမည်။
ညနေခင်းတွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က ရေကူးရန် ထွက်လာသည်။
“ရေကူးသွား၊ ကျွန်မ ရှင့်နဲ့အတူ လိုက်ခဲ့မယ်” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်သည်။
ကျိုးချင်းပိုင်က ပြုံးလိုက်ပြီး ပြောသည်။ “ကိုယ်မင်းကို ခေါ်သွားပေးမယ်”
လင်းချင်းဟယ်က သူမအမျိုးသားကို ကြည့်လိုက်ပြီးနောက် နှစ်ကြိမ် နမ်းလိုက်သည်။ ကျိုးချင်ပိုင်၏ နှလုံးသားက သူမကြောင့် ပြင်းထန်စွာ ခုန်လာသည်။
လင်မယားစုံတွဲက နမ်းပြီးသွားတော့ လင်းချင်းဟယ်က ကျိုးချင်းပိုင်၏ဘောင်းဘီကို ငုံ့ကြည့်လိုက်ပြီးနောက် တခစ်ခစ် ရယ်လိုက်သည်။ ကျိုးချင်းပိုင်က ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီးနောက် သူ့ဇနီးကို ရေကူးရန် ခေါ်သွားတော့သည်။
ကျိုးချင်းပိုင်က သဘာဝကျကျပင် ရေထဲ၌ ကျွမ်းကျင်သည်။ လင်းချင်းဟယ်ကို သယ်ဆောင်ဖို့ ကောင်းကောင်း အဆင်ပြေ၏။ ခဏကြာပြီးနောက် လင်းချင်းဟယ်က ပြန်လာသည်။
ကျိုးချင်းပိုင်က သူတစ်ယောက်တည်း ရေဆင်းကူးခဲ့သည်။
ရေကူးပြီးနောက် လင်မယားနှစ်ယောက်က အိမ်ပြန်လာသည်။ ညရောက်ပြီဖြစ်လို့ တစ်ယောက်မှ မရှိတော့သဖြင့် လင်းချင်းဟယ်ကို ကျိုးချင်းပိုင်၏လက်ကို ကိုင်ထားလိုက်သည်။
လင်မယားနှစ်ယောက်က အိမ်ပြန်ရောက်ပြီး အဝတ်လဲ လျှော်ဖွတ်ပြီးနောက် အိပ်ဖို့ အခန်းထဲကို ဝင်သွားတော့သည်။
မနေ့ညတုန်းက အချင်းချင်း မြတ်နိုးလွမ်းဆွတ်နေခဲ့ကြပြီး စကားပြောဖို့ အခွင့်အရေး မရှိခဲ့ပေ။ အပြုအမူဖြင့်သာ တိုက်ရိုက် ခုန်ဆင်းသွားခဲ့ကြသည်။ သဘာဝကျကျပင် သူတို့က သည်ည စကားကောင်းကောင်း ပြောပေမည်။
“မင်း အဲမှာ အသားကျသွားပြီလား” ကျိုးချင်းပိုင်က သူ့ဇနီးကို ဖက်ထားရင်း ပြောသည်။
“အသားကျတယ် ဘယ်ဟုတ်ပါ့မလဲ၊ နေ့ရက်တိုင်း အတူတူပဲ။ အစကတော့ ကျွန်မပြန်လာမဲ့အချိန်က မတူဘူး”
လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
“မင်းပြန်လာတော့ ပိန်သွားတယ်” ကျိုးချင်းပိုင်က ထုတ်ပြောလာသည်။
“ရှင် ဘယ်တုန်းက ဒီလိုပြောဖို့ သင်ယူလိုက်တာလဲ” လင်းချင်းဟယ်က ပြုံးလျက် သူ့မေးဖျားကို နမ်းရင်း ပြောလိုက်သည်။
“ကိုယ်မင်းကို လွမ်းတယ်” ကျိုးချင်းပိုင်က သူ့ဇနီးကို ကြည့်ပြီး ပြောသည်။
ပြန်လာကတည်းက သူက ၎င်းကို တွေးမိနေခဲ့သည်။ သူ စစ်သားဖြစ်တုန်းက အိမ်ကို သိပ်မလွမ်းပေ။ အိမ်မှာ မရှိသည်ကတောင် သူ့ကို ပိုစိတ်သက်သာရာရစေခဲ့သည်။
သို့သော် စစ်တပ်မှ အနားယူလိုက်ပြီးနောက် သူက သူ့ဇနီးနှင့် အချိန်တိုင်း အတူတူ ရှိခဲ့သည်။ သူ့ဇနီးက သူ့ကို အမြဲတမ်း ဂရုစိုက်ခဲ့သည်။
ထို့ကြောင့် သူက ယင်းကို နေသားမကျတော့ပေ။
သူ့အမေ၏ ဟင်းချက်လက်ရာကိုလည်း နည်းနည်းလေးမှ အသားမကျတော့ချေ။ သူက သူ့ဇနီး၏ချက်ပြုတ်မှုတွင် အသားကျသွားပြီဖြစ်၏။ ပြီးနောက် သူ့အမေ၏အချက်အပြုတ်ကို ပြန်စားရသည့်အခါ ယင်းက မြက်များ စားနေရသည့်အလားပင်။
သေချာပေါက် သူက ထုတ်မပြောပေ။ လောင်စန်းကတော့ ပြော၏။
အစားအသောက်က ဒုတိယဖြစ်သည်။ ပိုအရေးကြီးသည်မှာ ညတိုင်း အိပ်စက်ခြင်းဖြစ်သည်။ သူက တစ်ကိုယ်တည်း အိပ်စက်ရသည်။
မရေမတွက်နိုင်သော ညတိုင်း သူက သူ့ဇနီးကို အိပ်မက်မက်သည်။ အထူးသဖြင့် သူက သူမဆီ သွားလည်ချင်သည်။
သို့သော် အသွားအပြန်အတွက် ရက်များစွာ ကြာမည်။ အချိန်အများကြီး ယူရမည်။
“ကျွန်မလည်း ရှင့်ကို လွမ်းတယ်။ ဒါကြောင့် အားလပ်ရက်ရတာနဲ့ ချက်ချင်းပြန်လာတာ။ လူတိုင်းက စာလေ့လာဖို့ တက္ကသိုလ်နယ်မြေထဲမှာ နေနေကြတုန်းပဲ” လင်းချင်းဟယ်က ပြောလိုက်သည်။
သူမက ကျိုးချင်းပိုင်၏ဇနီးဖြစ်သည်။ သူမ ပြန်လာသောအခါ သူမက အများကြီး ပြောင်းလဲသွား၏။ မြို့တော်တွင် သူမြင်ခဲ့သော မိန်းကလေးများနှင့် တူသွားသည်။
သို့သော် သူက ကျေးလက်မှရွာသား ဖြစ်နေသည့်တိုင် သူမက သူ့ကို ချစ်သည်ကို သူ ခံစားမိသည်။
ကျိုးချင်းပိုင်က လှည့်လိုက်ပြီးနောက် သူ့ဇနီးကိုယ်ပေါ် အုပ်မိုးလိုက်သည်။
“အလုပ်က ပင်ပန်းလွန်းတယ်။ အဲဒါကို ထားလိုက်ရင်ရော ဘယ်လိုလဲ” လင်းချင်းဟယ်၏ ခန္ဓာကိုယ်က တစ်ဝက်ခန့် ပျော့ခွေနေပြီး သူမက တိုးတိုး ညည်းလိုက်သည်။
သည်အခြေအနေမှာ ကျိုးချင်းပိုင်ကို ထားလိုက်ဖို့ ပြောနေတာလား။ ကျိုးချင်းပိုင်၏ဝိညာဉ်ကို ဖြားယောင်းသွေးဆောင်တာကမှ ဒီထက် ပိုကောင်းပေလိမ့်မည်။ ကျိုးချင်းပိုင်သည် သူ့ဇနီး၏စကားလုံးများကြောင့် ထိန်းချုပ်မှုများ ပျောက်သွားတော့သည်။
နှစ်ယောက်သားက အချိန်တချို့ အလုပ်များသွားပြီးနောက် ရပ်တန့်လိုက်ကြသည်။
“ချင်းပိုင် ဒီနှစ် စိုက်ပျိုးဖို့ အများကြီး တာဝန်မယူနဲ့။ နောင်မှာ ကျွန်မတို့ မြို့တော်ကို ပြောင်းကြမယ်။ ကျွန်မတို့ ခွဲနေရတာကို ကျွန်မလက်မခံနိုင်ဘူး” လင်းချင်းဟယ်က ပွေ့ဖက်မှုအောက်မှာ ပျင်းရိပျင်းတွဲနေပြီး ပြောလိုက်သည်။
ကျိုးချင်းပိုင်ကပဲ သူမကို လွမ်းတာ မဟုတ်ပေ။ သူမက ပေကျင်းတက္ကသိုလ်တွင် ရှိစဉ်က သူမကလည်း သူ့ကို အလွန် လွမ်းဆွတ်ခဲ့ရသည်။ သူမက ယင်းကို မတွေးမိအောင် သူမဘာသာ အလုပ်များလုပ်အောင် လုပ်ခဲ့ရသည်။
“ကိုယ်သိတယ်” ကျိုးချင်းပိုင်က ပြန်ဖြေသည်။
သူသည်လည်း လက်မခံနိုင်ပေ။ ယင်းက စိတ်ဓာတ်ကျစေနိုင်သည်။ သူက စိတ်ကူးယဉ်ဆန်သောလူ မဟုတ်သော်လည်း သူသည် သူ့ဇနီးနှင့် ခွဲနေရသည်ကို သည်းမခံနိုင်ချေ။
အကယ်၍ အနာဂတ်တွင် ထိုသို့သာ ဆိုပါက သူက လုံးဝလက်မခံနိုင်ပေ။
နောက်နေ့မနက်တွင် နို့ပို့သမားက နို့လာပို့သည်။
လင်းချင်းဟယ်က နောက်ထပ် နို့နှစ်ပုလင်းအတွက် မေးလိုက်သည်။ နှစ်ခုလုံးက ကျိုးချင်းပိုင်အတွက်ဖြစ်သည်။ သူတို့ ချက်ပြုတ်ပြီးနောက် မန်ထိုကို စားသောက်လိုက်ကြသည်။ သခွားသီးနှင့် ဆားစိမ်ကြက်ဥနှင့်အတူ စားသောက်လိုက်ကြသည်။ ယင်းက မည်သည့်ပြဿနာမျှမရှိချေ။
သည်အချိန်မှာ သူမက သူ့ကို ကြံ့ခိုင်အောင် ကျွေးမွေးပေမည်။
အမေကျိုးကမူ သူမက အလွန်ချွေတာတတ်သူ ဖြစ်သည်။ အားကိုး၍ မရပေ။
“အခု အမေ ပြန်လာတော့ အဖေ့မျက်နှာက အပြုံးစိုစိုက ပေါ်လာတယ်” လောင်အာ့က မနက်စာစားပြီးနောက် နောက်ဆက်တွဲကို စားဖို့ ပြင်ဆင်နေချိန်မှာ ပြောလိုက်သည်။
“မင်း စကားသိပ်များတာပဲ” လင်းချင်းဟယ်က သူ့ကို မျက်စောင်းထိုးလိုက်၏။
“ဒုတိယအစ်ကိုပြောတာ မှန်တယ် အမေ။ အတူတူ ပေါင်းစည်းပြီးတဲ့အခါ အမေ့ရင်ထဲမှာ ကျွန်တော်တို့က အဖေလောက် အရေးမကြီးဘူး” လောင်စန်းက သက်ပြင်းချလိုက်သည်။
ကျိုးချင်းပိုင်က ပေါက်တူးကို သယ်သွားပြီး အဖေကျိုးနှင့်အတူတူ ထွက်သွားတော့ သူ့မျက်လုံးမှာ အပြုံးတွေ ပြည့်နေခဲ့သည်။
သူ့သား၏ ညည်းညူမှုက သူ့ကို ပျော်ရွှင်စေသည်။