မိသားစု၏အကြီးအကဲများနှင့် တွေ့ခြင်း
Vol. 44 Ch. 605
အင်မော်တယ်ကမ္ဘာမှ ပြန်ရောက်လာပြီးနောက် ထန်ရှုသည် စိတ်ခံစားချက်များနှင့် ချစ်ခြင်းမေတ္တာအပေါ် လျစ်လျူရှုထားခဲ့သည်။ လိင်မှုကိစ္စ ပြုလုပ်ခြင်းသည် လုံးဝတရားမျှတပြီး သဘာဝကျသည်ဟု သူကိုယ်တိုင် မြင်ထားသော်လည်း ဤချစ်ခြင်းမေတ္တာရှုထောင့်တွင်မူ သူ အထူး သတိထားနေခဲ့သည်။ ချစ်ခြင်းမေတ္တာကို မလိုချင်ခြင်းကြောင့် သို့မဟုတ် မချစ်သောကြောင့် မဟုတ်ဘဲ ဒဏ်ရာမကျက်သေးသော သူ၏နှလုံးသားအတွင်းမှ အမာရွတ်နှင့် နာကျင်မှုများကြောင့်သာ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင် ထူးချွန်ထက်မြက်သော မိန်းကလေးများစွာ ရှိသည်ကို သူ သိထားသော်လည်း သူ့နှလုံးသားအတွင်းမှ စုတ်ပြတ်သတ်နေသော အမာရွတ်မပျောက်သေးခင်တွင် ထပ်တူညီသော အမှားမျိုး ထပ်မဖြစ်ချင်ရုံသာနကာ နောက်တစ်ကြိမ် သစ္စာဖောက်ခံရခြင်းကိုလည်း မခံစားနိုင်တော့ပေ။
သူ အမှားလုပ်မိသည်ဖြစ်စေ၊ မလုပ်မိသည်ဖြစ်စေ သို့မဟုတ် ထူးဆန်းသောအခြေအနေများကြောင့် မုဝမ်ရင်နှင့် အယောင်ဆောင်ချစ်သူများ ဖြစ်လာခြင်းသည် သူ့ကိုယ်သူ အကောက်ကြံသလို ဖြစ်သွားသည်ဖြစ်စေ အဆင်ပြေပါသည်။ မုဝမ်ရင်နှင့် ပတ်သက်သည့်ကိစ္စအား သူ့မိသားစုမှ သိသွားမည်ဖြစ်သော်လည်း သူ ကောင်းစွာ ရှင်းပြသရွေ့ ပြဿနာပြေလည်သွားမည်မှာ သေချာသည်။
သူလည်း တခြားသူများကို မရှင်းပြချင်တော့ဘဲ ပေါ့ပေါ့ဆဆ မှတ်ချက်တချို့ကို ပြောပြီးနောက် ပိုင်ထောင်အား ဆွဲခေါ်လာခဲ့သည်။
“ညီအစ်ကိုထန် … မုဝမ်ရင်လိုမျိုး ထူးချွန်တဲ့ မိန်းမလှလေး ရှိတာကို မင်း အရမ်းပျော်နေသင့်တယ် မဟုတ်လား။ ဒါပေမယ့် ငါ မင်းကို ဘာလို့ မပျော်မရွှင်တဲ့ပုံ မြင်နေရတာလဲ။"
ထန်ရှု၏ထူးခြားမှုကို သတိပြုမိသော ပိုင်ထောင်က တီးတိုး ပြောလိုက်သည်။
"တကယ်ကို စိတ်မချမ်းသာစရာ ဘာမှမရှိပါဘူး။" ထန်ရှု ခေါင်းယမ်းလိုက်သည်။
“အစ်မရင်က မုဝမ်ရင်ကို အဘွားနဲ့တွေ့ဖို့ ခေါ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားမိလို့ပါ။ ဒီအကြောင်းကို မေ့လိုက်တော့။ ဒါနဲ့ ဒီအမျိုးသမီး ရေကူးနည်းပြကို မင်း စိတ်ဝင်စားနေသလိုပဲ။ ချင်းရှောင်ယန်က သူ့နာမည်ကို ပြောလိုက်တုန်းက မင်းမျက်လုံးတွေ အရောင်လက်နေတာကို ငါ မြင်လိုက်တယ်။"
ပိုင်ထောင်သည် ငိုင်တိုင်တိုင် ဖြစ်သွားပြီးနောက် အသိပြန်ဝင်လာကာ သူ၏မျက်နှာထက်တွင် မအီမလည်အမူအရာ ပေါ်လာသည်။ ထို့နောက် သူက မချိပြုံး ပြုံးလိုက်ပြီး
“ငါ ကောထျန်းထျန်းကို ချစ်ကြောင်း မသိတာ ပေကျင်းမှာ လူနည်းစုလောက်ပဲ ရှိကောင်းရှိနိုင်တယ်။ စိတ်မကောင်းစရာက ဒါက တစ်ဖက်သတ်အချစ်ကလွဲပြီး ဘာမှ ဖြစ်မလာဘူး။"
"မင်း သူ့ကို လိုက်ဖို့ ကြိုးစားပြီးပြီလား။" ထန်ရှုက ပြုံးပြီး မေးလိုက်သည်။
"သူမကို လိုက်တာထက်ပိုတာတောင် ငါ လုပ်ခဲ့ပြီးပြီ..." ပိုင်ထောင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ငါလုပ်နိုင်တာ အကုန်လုပ်ခဲ့ပြီးပြီ။ ဒါပေမယ့် မိန်းမချောလေးက ငါ့ကို ပြုံးတောင် မပြဘူး။"
"မလုံလောက်ခဲ့လို့လား။" ထန် ရှု အံ့သြသွားကာ မေးလိုက်သည်။ "မင်းက အရမ်းတော်တဲ့လူပါ။ သူ့မှာ ကြိုက်နေတဲ့လူ ရှိနေလို့များလား။”
“ဟင့်အင်း … သူ့မှာ မရှိဘူး။ လုံးဝ မရှိဘူး။” ပိုင်ထောင်က လေးနက်သောမျက်နှာဖြင့် ပြန်ဖြေသည်။ “သူ့ရဲ့ မိသားစုနောက်ခံနဲ့ လူမှုအသိုင်းအဝိုင်းစတဲ့ အရာအားလုံးနီးပါးကို ငါ စုံစမ်းခဲ့တယ်။ သူက တခြားအမျိုးသားတွေနဲ့ အဆက်အသွယ် လုံးဝမရှိဘူး။ သူမရဲ့သူငယ်ချင်းကောင်းတချို့နဲ့ အပြင်သွားတာကလွဲပြီး သူမက အိမ်ထဲမှာ ရဲရင့်သန်မာတဲ့ အိမ်စောင့်ခွေးကြီးနဲ့ အတူနေလေ့ရှိပြီး သူတို့နှစ်ယောက်က တံခါးအပြင်ကိုတောင် ခြေတစ်လှမ်းမှ မထွက်ကြဘူး။”
"အာ … သူက မိန်းကလေးတွေကို ကြိုက်နေတာတော့ မဟုတ်နိုင်လောက်ပါဘူးနော်။" ထန်ရှုက ထူးဆန်းသောအမူအရာဖြင့် မေးလိုက်သည်။
"မဖြစ်နိုင်ဘူး။" ပိုင်ထောင်က သူ့ကို မျက်လုံးပြူးကာ တိုတိုတုတ်တုတ် ပြန်ပြောသည်။
“ငါ သူ့ရဲ့အခင်ဆုံးသူငယ်ချင်းတချို့ကို မေးပြီးပြီ။ သူ့ရဲ့ လိင်စိတ်ခံယူမှုက ပုံမှန်ဆိုတာကို အတည်ပြုနိုင်တယ်”
"ဟုတ်လား။ အဲ့ဒါကို မင်းသိထားပြီးသားဆိုရင်တော့ အဆိုး မြင်မနေပါနဲ့။ ပထမအကြိမ်မှာ မရနိုင်ရင် ဒုတိယတစ်ကြိမ် ကြိုးစားပါ။ ဒုတိယအကြိမ်ကြိုးစားလို့ ကျရှုံးတယ်ဆိုရင် နောက်ထပ်ဆယ်ကြိမ်ကြိုးစားပါ။ တစ်နှစ်မလောက်ရင် နှစ်နှစ် အချိန်ပေး။ မလုံလောက်သေးရင် ဆယ်နှစ်လောက် ဆက်သွားပါ။ အတိုချုပ် ပြောရရင်ကွာ မင်း အကောင်းဆုံး အားထုတ်ပြီး လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးပြီး ချစ်ကြောင်းလည်း ပြောမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်ကွ။”
ပိုင်ထောင်၏မျက်လုံးများ အရောင်လက်သွားကာ ခေါင်းညိတ်ပြီး ပြန်ပြောသည်။
"မိန်းကလေးလှလှလေးတွေကို ရယူနိုင်တဲ့ မင်းရဲ့အရည်အချင်းက လုံးဝကို မိမိုက်လွန်းပါတယ်ကွာ ညီအစ်ကိုထန်။ မင်းက သူတို့ကို လဲပြိုအောင် လုပ်နိုင်တဲ့အထိကို အစွမ်းထက်တယ်။ ငါ မင်းကို ယုံတယ်…"
မင့်နှမကို အစွမ်းထက်ပါလား။ ထန်ရှုက စိတ်ထဲကနေ တစ်ချက်ဆဲလိုက်သည်။
“ဒါပေမယ့် ငါ တစ်ခုတော့ သိချင်နေတယ်။ မင်းက မုဝမ်ရင်ကို ရည်းစား လုပ်လိုက်ပြီဆိုတော့ အိုးရန်လူလူကို မင်း ဘယ်လိုလုပ်မှာလဲ။" ပိုင်ထောင်က မေးလိုက်သည်။
“သူက မင်းကို အသေရရ အရှင်ရရ ချစ်နေတာ သေချာတယ်။ မင်းနဲ့ ပိုပြီးနီးစပ်အောင်ဆိုပြီး သူမရဲ့ပိုင်ဆိုင်မှုအားလုံးကို ရောင်းပြီး ကျင်းမန်ကျွန်းကနေ ရှန်ဟိုင်းကို ထွက်လာခဲ့ရတာ။ မင်း... မင်း သူ့ကို အသုံးချပြီးမှ စွန့်သွားတယ်လို့ မစဉ်းစားမိနိုင်ဘူးလား။"
"ပိုင်ထောင် … မင်းမှာ မိန်းကလေးတွေ အကြောင်းအပြင် တခြားအကြောင်းတွေ ပြောစရာ မရှိတော့ဘူးလား။" အနာပေါ်တုတ်ကျသွားသော ထန်ရှုက စကားလွှဲပြောလိုက်သည်။
"မင်းရဲ့အိပ်မက်ထဲက အဲ့ဒီချစ်သူကို မတွေ့ချင်ဘူးလား။ မင်း မလုပ်ချင်ရင် ငါ့ကို တခြားသူတွေနဲ့ ကစားဖို့ ဘိုးလင်းကွင်းကို ပြန်စေချင်သလား။"
"မဟုတ်ဘူး…မဟုတ်ဘူး။ ငါ မပြန်စေချင်ပါဘူး … အဲ့ဒီလို မလုပ်ဘူး။" ပိုင်ထောင်က ပြုံးပြီး ထန်ရှုကို ဆွဲခေါ်လာခဲ့သည်။
သူတို့နှစ်ယောက် ရေကူးကန်ကို ရောက်သောအခါ မိန်းကလေး သုံးယောက်သာ ရေကူးနေတာကို တွေ့လိုက်ရသည်။ ထန်ရှုက ဝင်ပေါက်မှာ ရပ်လိုက်ပြီး ပိုင်ထောင်၏စိတ်လှုပ်ရှားနေသောမျက်နှာကို ကြည့်ရင်း အတွင်းသို့ အမြန်ဝင်လာသည်။
…ဗွမ်း…
ရေများ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားပြီးနောက် ကောင်းစွာ ဖွံ့ဖြိုးပြီး အချိုးအဆစ်ကျနသော သွင်ပြင်နှင့် သာမန်လိုလိုဖြင့် ထူးခြားသော အဆင်းအသွင်ရှိသော မိန်းကလေးတစ်ဦးသည် ရေကန်ဘေးရှိ လက်ရန်းများကို ကိုင်ကာ ပေါ်လာသည်။
ပိုင်ထောင် သူမ၏အနားသို့ ပိုမိုတိုးကပ်သွားသည်ကို ထန်ရှု ကြည့်လိုက်ပြီး အပြုံးဖြင့် တိတ်တိတ်လေး လှည့်ထွက်သွားသည်။ သူသည် ချင်းရှောင်ယန်နှင့် ဆွေးနွေးရန် လိုအပ်နေသေးသောကြောင့် တစ်ခါတည်း မထွက်ခွာသွားဘဲ အပန်းဖြေခန်းမနေရာသို့ သွားသည်။ ဝန်ထမ်းတစ်ဦးအား လက်ဘက်ရည် ပြုလုပ်ပေးရန် မှာလိုက်ပြီးနောက် ထန်ရှုသည် အနားယူသောနေရာတွင် တစ်ယောက်တည်းထိုင်ကာ လက်ဖက်ရည်သောက်ရင်း အစောပိုင်းက သူ စင်ပေါ်ကနေ ယူလာသော ဖက်ရှင်မဂ္ဂဇင်းအား ဖတ်ရင်း စောင့်နေခဲ့သည်။
****
တန်မိသားစု၏ ဘိုးဘွားနေအိမ်တွင်…
မုဝမ်ရင်သည် ဤနေရာသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ပြီး သူမ၏အမူအရာမှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေသည်။ ထန်ရင် ခြံတံခါးဝသို့ ရောက်သောအခါတွင် မုဝမ်ရင်၏ ခြေလှမ်းများသည် တဖြည်းဖြည်း နှေးကွေးလာသည်။
သူမ၏မူမမှန်မှုကို သတိပြုမိသော ထန်ရင်က
"နင် ဘာဖြစ်လို့လဲ ဝမ်ရင်။"
"အစ်မရင် ထားလိုက်ပါတော့။ ထန်ရှုနဲ့ ငါက…” မုဝမ်ရင်က လေသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။
ထန်ရင်က သူမ၏လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး “စိတ်မပူပါနဲ့။ ရုပ်ဆိုးတဲ့ ချွေးမတောင်မှ သူတို့ရဲ့ မိဘယောက္ခမတွေကို အနှေးနဲ့အမြန် တွေ့ရမယ်။ ပြီးတော့ နင်က မြို့တော်ရဲ့ နံပါတ်တစ်မိန်းမလှလေးလို့ ကျော်ကြားတာပဲကို။ အဘွားက နင့်ကို အရမ်း သဘောကျမယ်ဆိုတာ ငါသေချာတယ်။ စိတ်အေးလက်အေး နေပါ။ ငါ့ဦးလေးနဲ့အန်တီက ကြယ်တာရာမှာဆိုတော့ နင် သူတို့ကို ထန်ရှုနဲ့ သွားတွေ့ရလိမ့်မယ်။"
ထန်ရှုနှင့်သူမ၏ဆက်ဆံရေးသည် လူတိုင်းထင်သလိုမျိုး မဟုတ်ဘူးဟု မုဝမ်ရင်က ထန်ရင်အား ပြောပြချင်သော်လည်း စကားလုံးများသည် နှုတ်ဖျားမှ ထွက်ရန် လွန်စွာ ခက်ခဲနေသည်။ သူမ ထန်မိသားစု၏နေအိမ်ထဲသို့ ဝင်လိုက်သည်နှင့် အပြင်ထွက်လာသည့် ထန်မင်းနှင့် ဆုံသွားတော့သည်။
"အန်တီ…" ထန်ရင်က ပြုံးပြုံးရွှင်ရွှင် အော်ခေါ်လိုက်သည်။
ထန်မင်းက သူမကို ညင်သာစွာ ခေါင်းညိတ်တုန့်ပြန်လိုက်ပြီး မုဝမ်ရင်ဆီ အကြည့်ကျရောက်သွားကာ အပြုံးဖြင့်
"ဒါက မုအိမ်ရဲ့ မင်းသမီးလေး မဟုတ်လား။ မြို့တော်ရဲ့နံပါတ်တစ် အလှလေးဆိုတဲ့ ကောလဟာလတွေနဲ့ တကယ်ကို လိုက်ဖက်ပါတယ်။”
မုဝမ်ရင်၏လှပသော မျက်နှာသည် နီမြန်းလာပြီး ခေါင်းကို အမြန်ငုံ့လိုက်သည်။
ထန်ရင်က အပြုံးဖြင့်
“အန်တီ … မြို့တော်ရဲ့ ပထမအလှလေးက အန်တီ့တူလေးရဲ့ ဇနီး ဖြစ်လာရင် ကန့်ကွက်စရာ မရှိဘူး မဟုတ်လား။"
တူလေးရဲ့ဇနီးလား…
ထန်မင်းက မျက်တောင်တစ်ချက်ခတ်မိပြီး မုဝမ်ရင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ကာ ကျေနပ်စွာဖြင့်
“နင်းလေးက အရမ်းတော်တယ်။ သူ တကယ် လုပ်နိုင်…”
“အန်တီ မှားနေပြီ။” ထန်ရင်က အလျင်အမြန် ဟန့်တားလိုက်သည်။
"သူမက ထန်ရှုရဲ့ရည်းစားပါ။ ရှုက သူ့ကောင်မလေးကို ခေါ်လာပြီး မြစ်တွေကို ပေးဖို့ အဘွားက တနေကုန် ညည်းနေတာပဲလေ။ ဒီနေ့တော့ ကျွန်မ ဝမ်ရင်ကို ခေါ်လာနိုင်ခဲ့ပြီ။"
ထန်မင်း၏မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို အံ့အားသင့်သွားသော အမူအရာပေါ်လာပြီး မုဝမ်ရင်အား နွေးထွေးစွာ ကြည့်လာခဲ့သည်။
"ဝမ်ရင် … ဟုတ်တယ်မလား။ ငါ့ရဲ့အဖိုးတန်လှတဲ့ တူလေးက နင့်လို ချောမောလှပတဲ့ မိန်းကလေးကို တကယ်ရှာတွေ့နိုင်လောက်အောင် အရည်အချင်း ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ အထဲကို ဝင်ရအောင်။ အစက အပြင်သွားဖို့ စိတ်ကူးထားပေမယ့် နင် ဒီကို ရောက်နေပြီဆိုတော့ ဒီကိစ္စက ကြီးနေရင်တောင်မှ လျှော့ထားရမယ်။ လာ … ငါ အထဲကို ခေါ်သွားပေးမယ်။ အမေ ပျော်သွားမှာသေချာတယ်။"
ထိုစကားသည် မုဝမ်ရင်၏စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။ သူမ မသိလိုက်မသိဘာသာဖြင့် ခေါင်းလှည့်ကြည့်မိသည်။ ထန်ရှုက သူမတို့ကို လိုက်မမီကြောင်း သေချာသိပြီးနောက်တွင် မျှော်လင့်ချက်အချို့နှင့် စိတ်လှုပ်ရှားမှုများသည် သူမ၏ရင်ထဲတွင် ချက်ချင်း ပေါ်ထွက်လာသည်။ သူမသည် မကြာသေးမီက ထန်ရင်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပြီး ၎င်းသည် သူမ၏ အစပျိုးလှုပ်ရှားမှု ဖြစ်သည်။ သို့သော် ထန်ရှု၏စိတ်ထဲတွင် ဘာရှိနေသည်ကို သူမ မသိချေ။ သူမ သည်ကဲ့သို့ လုပ်လိုက်မှုကြောင့် ထန်ရှု ဒေါသထွက်သွားပါက…
အိမ်နောက်ဘက်တွင်…
ချင်ချန်းယွဲ့က တံမြက်စည်းကိုင်ပြီး ခြံကို သန့်ရှင်းရေး လုပ်နေသည်။ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကျန်းမာသန်စွမ်းလာသောကြောင့် စိတ်ပျော်ရွှင်သော ခံစားချက်ဖြင့် ခြံကို စိတ်အေးလက်အေး သန့်ရှင်းရေး လုပ်နေခြင်းဖြစ်တော့သည်။
"အမေ … အိမ်ကို ခေါ်လာတဲ့ ရင်လေးကို ကြည့်ပါဦး။" မုဝမ်ရင်၏လက်ကလေးကို ကိုင်ကာ ခြံထဲသို့ ဝင်လာသော ထန်မင်းက ပြုံးလျက်ပြောလိုက်သည်။
ချင်ချန်းယွဲ့က မုဝမ်ရင်ကို ဂရုတစိုက် ကြည့်ရင်း ချီတုံချတုံဖြင့်
“ဒီမိန်းကလေးက…”
“နေကောင်ပါရဲ့လား အဘွား…” မုဝမ်ရင်က ကမန်းကတန်း ပြောလိုက်သည်။
"အမေ … သူ့နာမည်က မုဝမ်ရင် … မုအိမ်ရဲ့ မင်းသမီးလေး။ အရေးကြီးဆုံးက သူမက အမေ့မြေး ထန်ရှုရဲ့ ချစ်သူ။"
"ဘာ…"
ချင်ချန်းယွဲ့က အံ့သြနေသော အမူအရာဖြင့် တံမြက်စည်းကို အလျင်စလိုချလိုက်ပြီး မုဝမ်ရင်ဆီသို့ လျှောက်သွားသည်။ သူမက အားရပါးရ ပြုံးလိုက်ပြီး အကြိမ်အနည်းငယ် ခေါင်းညိတ်ကာ
“ကောင်းတယ် … ကောင်းတယ်။ သိပ်ကောင်းတယ်။ အရမ်းလှပြီး ချစ်စရာကောင်းပြီး စိတ်ထားလည်း ကောင်းမယ့်ပုံပဲ။ ငါ့ရဲ့ အဖိုးတန်မြေး … သူ တကယ်ကို အောင်မြင်အောင် အစွမ်းကုန်ကြိုးစားပြီး နောက်ဆုံးမှာ ချစ်သူကောင်မလေးကို ရှာတွေ့နိုင်ခဲ့တယ်။ ရင် ... ဝမ်ရင် မဟုတ်လား။ အဘွားနဲ့ အိမ်ထဲဝင်ရအောင်..."
ထန်မင်းက မုဝမ်ရင်အား ထန်ရှု၏ကောင်မလေးအဖြစ် ဖော်ပြလိုက်ချိန်တွင် ချင်ချန်းယွဲ့၏ပျော်ရွှင်မှုကို ခံစားလိုက်ရသော မုဝမ်ရင်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသလို တစ်ချိန်တည်းတွင် စိတ်သက်သာရာ ရသွားသည်။
ထန်ရင်က အပြုံးဖြင့်
"အဘွား … အဘွားရဲ့မြေးမကို ကျွန်မ ခေါ်ခဲ့ပေမဲ့ အဖေခိုင်းထားတာကို နှောင့်နှေးသွားခဲ့တယ်။ အဖေဆူရင် ကူပြောပေးပါဦး။"
ချင်ချန်းယွဲ့က ဝမ်းသာအားရဖြင့်
"ရင်လေး … သမီးအဖေ သမီးကို စိတ်ဆိုးရင် အဘွား ဆူပစ်လိုက်မယ်။ ရင်လေးက အရမ်းတော်တာပဲ အဘွား အရမ်းပျော်တယ်။"
ထန်ရင်၏စိုးရိမ်မှုတွေက ပျောက်ကွယ်သွားပြီး ဝမ်းသာအားရဖြင့်
“အဘွား ကျေနပ်ရင် ကောင်းပါတယ်။ ထန်ရှုက အစက ကျွန်မတို့နဲ့ ပြန်လာမှာ ဖြစ်ပေမယ့် သူ့မှာ သူ့သူငယ်ချင်းတချို့နဲ့ ဆွေးနွေးဖို့ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေခဲ့တယ်။”
ချင်ချန်းယွဲ့က စိတ်လှုပ်ရှားနေသည့်အကြည့်ဖြင့် ခေါင်းညိတ်ပြီးနောက် မုဝမ်ရင်၏လက်ကို ကိုင်ကာ အိမ်ဆီသို့ လျှောက်သွားခဲ့သည်။ သူမ ပြသခဲ့သော ကြင်နာမှုအား မုဝမ်ရင်တစ်ယောက် မခံစားနိုင်တော့ပေ။
သူမအမေ၏ပျော်ရွှင်နေသောအကြည့်ကို ကြည့်ပြီး ထန်မင်းတွင်လည်း အတော် သက်ရောက်မှု ရှိခဲ့သည်။ အမျိုးသမီးသုံးဦး ပေါင်းစည်းလိုက်သောအခါတွင် အရာဝတ္ထုများ အသက်ဝင်စေရန် လုံလောက်သည်ဟု လူအများက ဆိုကြသည်။ ထန်မိသားစုမှ အမျိုးသမီး မျိုးဆက်သုံးဆက်နှင့် မုဝမ်ရင်တို့သည် အတူတကွ လျှောက်လာခဲ့ကြပြီး အသီးသီး စိတ်အားထက်သန်မှုကို ထုတ်ဖော်ခဲ့ကြသော်လည်း မုဝမ်ရင်သည် အတန်ငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ စိတ်ထဲတွင် အချိန်အတော်ကြာ သောကများနေပြီးနောက် မုဝမ်ရင်သည် နောက်ဆုံးတွင် ထန်မင်းနှင့် ထန်ရင် အပြင်သို့ ထွက်သွားသည်နှင့် သူ့မိသားစုနှင့် ပတ်သက်သည့် မေးခွန်းများကို မဖြေဘဲ တောင်းပန်သည့်အမူအရာဖြင့်
"အဘွား … ဒါက အစ်မရင်ရဲ့ နားလည်မှု လွဲမှားနေတာပါ။ ထန်ရှုနဲ့ ကျွန်မက တကယ်တော့ ချစ်သူအစစ်တွေ မဟုတ်ပါဘူး။”
"ဘာ…" ချင်ချင်းယွဲ့၏မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။
“တကယ်တော့ ထန်ရှုနဲ့ ကျွန်မက တကယ့်ချစ်သူတွေမဟုတ်ပါဘူး။ အခြားကျောင်းသားတွေ ကျွန်မကို မနှောင့်ယှက်အောင် ထန်ရှုကို အကူအညီတောင်းခဲ့တဲ့အတွက် သူက ကူညီပေးတဲ့အနေနဲ့ အပြင်လူတွေရဲ့အရှေ့မှာ ကျွန်မတို့ ချစ်သူတွေ ဟန်ဆောင်ခဲ့ကြတယ်။ အဘွား … ဒီအတွက် တကယ်ကို စိတ်မကောင်းပါဘူး။ မူလက ကျွန်မရဲ့ ရည်ရွယ်ချက်မဟုတ်ပေမယ့် အဲ့ဒါကို အစ်မရင်က နားလည်မှုလွဲပြီး အန်တီထန်ကလည်း စိတ်အားထက်သန်လွန်းနေတော့ ကျွန်မက…"
ချင်ချန်းယွဲ့သည် တဖြည်းဖြည်း အသိပြန်ဝင်လာသည်။ ခဏလောက် ရှုံ့မဲ့နေပြီးနောက် သူမက မျက်လုံးလေးမှေးစင်းကာ
"ကဲ ပြောပါဦး … ငါတို့မိသားစုရဲ့ ရှုအာကို နင် သဘောကျလား။"
***