← Chapters

ပိုရလေလေ ပိုလိုချင်လေလေ

Vol. 44 Ch. 615

ပိုရလေလေ ပိုလိုချင်လေလေ

Vol. 44 Ch. 615

ထန်ရှု၏နားလည်ပေးမှုသည် လီချမ်းလေ့၏ အထင်ကြီးနှစ်သက်မှုကို ရရှိခဲ့သည်။ ထန်ရှုတွင် ထူးခြားသော ဂုဏ်ပုဒ်တစ်ခုရှိကြောင်း သူ ခန့်မှန်းမိသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ငယ်ရွယ်သော ထန်ရှုထံမှ လူပေါ့ကြော့သခင်ငယ်လေးတွေ၏အော်ရာအား အရိပ်အယောင် စိုးစဉ်းမျှပင် မရပါချေ။ ဤအရာက လူငယ်လေးအပေါ် သူ လွန်စွာ အလေးအနက် ထားစေခဲ့သည့်အပြင် သောင်းကျန်းပြီး မာနကြီးသော တုယွင်ကျဲအကြောင်းကို ပြန်မတွေးမိဘဲ မနေနိုင်ပါချေ။ ထန်ရှုနှင့် ယှဉ်လိုက်ပါက ထိုသူများသည် ကမ္ဘာခြားသည်ဟု ဆိုရလိမ့်မည်။

"ကျေးဇူးတင်ပါတယ် … ကျေးဇူးအများကြီး တင်ပါတယ် လူကြီးမင်း…"

လီချမ်းလေ့က ကျေးဇူးတင်စကားဆိုလာသည်။

ထန်ရှုသည် အပြုံးယဲ့ယဲ့ဖြင့် တုံ့ပြန်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းနေသော လုံကျန့်ယုအား ပင်လယ်ကြည့်ခန်းမ၏တံခါးမှ ဆွဲခေါ်လာသည်။ အသေးအမွှားကိစ္စများကို ငြင်းခုံခြင်းသည် သူ့သရုပ် မဟုတ်သလို အစားတစ်လုပ်စားခြင်းသည်လည်း ထိုနည်းတူစွာပင်။ ထို့အပြင် တစ်ဖက်သားပြောသည်ကို သူကြားလိုက်သည်။ ဘာတဲ့ ၅၀% လျှော့ဈေးဆိုလား…

အပြင်ဘက်စင်္ကြန်လမ်းတွင် တုယွင်ကျဲနှင့် အခြားလူငယ်များသည် ဖြည်းညှင်းစွာ ဝင်လာကြသည်။ တုယွင်ကျဲ၏မျက်နှာပေါ်ရှိ မှုန်မှိုင်းနေသော အမူအရာမှာ ထန်ရှုနှင့်လုံကျန့်ယုတို့ ပင်လယ်ကြည့်ခန်းမမှ ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် အနည်းငယ် ပျောက်ကွယ်သွားသည်။ လီချမ်းလေ့ ထွက်လာသည်ကို သူ မြင်လိုက်သဖြင့် ရှေ့သို့ လှမ်းလာကာ သူတို့ကို ကျော်ဖြတ်သွားသော ထန်ရှုနှင့် လုံကျန့်ယုတို့ကို လက်ညှိုးထိုးပြရင်း

"ဒီည ငါတို့စရိတ်တွေ ဒီကောင်တွေ အကုန်ပေးလိမ့်မယ်။"

လီချမ်းလေ့ အေးခဲသွားသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး

"သခင်လေးတု … မင်း ဒီလိုပြောဖို့ မသင့်တော်ဘူးမဟုတ်လား။ ဒီဧည့်သည်နှစ်ယောက်က သဘောကောင်းစွာနဲ့ မင်းကို နေရာဖယ်ပေးလိုက်တာကို သူတို့ဆီက တစ်လက်မလောက် ရပြီးရင် တစ်ပေ ထပ်မတောင်းဖို့ ငါ မျှော်လင့်ပါတယ်။ နောက်ဆုံးအနေနဲ့ ငါတို့ရဲ့ ကြည်လင်ကန်က မင်းရဲ့ အများပိုင်နေရာ မဟုတ်ဘူး။”

"သူတို့က ငါ့အခန်းကို ယူထားတယ်လေ။ ငါ့အတွက် ငွေရှင်းပေးလိုက်လို့ ဘာပြဿနာ ရှိလို့လဲ။ မင်း ငါ့ကို ဖိအားပေးဖို့ ဟောင်ရှုကို သုံးချင်သေးလား။" တုယွင်ကျဲ့က လှောင်ပြောင်လိုက်သည်။

"သခင်လေးတု … မင်းက အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ပါ။ ငါလိုလူက မင်းကို စော်ကားဖို့ မတတ်နိုင်ပါဘူး။" လီချမ်းလေ့က ပြောသည်။ "မင်းက အရင်တုန်းက ဒီခန်းမကို သုံးနေကျဆိုပေမယ့် ဘယ်သူက ငွေရှင်းရမယ်ဆိုတာ ငါနဲ့မဆိုင်ဘူး။ သူဌေးရောက်လာပြီးရင် သူ ဆုံးဖြတ်ပေးလိမ့်မယ်။”

တုယွင်ကျဲက ပမာမခန့် ရယ်မောပြီး ခန်းမထဲသို့ ဝင်သွားသည်။

သို့သော် ယခုအခိုက်အတန့်တွင် သွားနေရင်း အရှိန်ရပ်တန့်သွားသော ထန်ရှုနှင့် လုံကျန့်ယုတို့သည်လည်း တုယွင်ကျဲနှင့် လီချမ်းလေ့တို့အကြား စကားပြောဆိုမှုများကို ပြတ်သားစွာ ကြားလိုက်ရသည်။

"ခဏစောင့်ဦး…"

လုံကျန့်ယု လှည့်ကြည့်လိုက်ကာ သူ၏ချောမောသော မျက်နှာထက်တွင် အေးစက်စက်အမူအရာအား ထင်ဟပ်စေလျက် လေသံပြတ်ပြတ်ဖြင့်

"ပင်လယ်ကြည့်ခန်းမမှာ မင်းရဲ့ကုန်ကျစရိတ်အတွက် ငါတို့ ငွေပေးချေနိုင်တယ်။ ဒါပေမယ့် မင်းက အဲ့ဒီလို အကျိုးခံစားလိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့်တန်ဖိုးကို ပေးနိုင်လားတော့ ငါ မသိဘူး။”

တုယွင်ကျဲအံ့ဩသွားပြီး လုယွင်ကျဲအား မိုက်မဲသောသူတစ်ယောက်အလား ချက်ချင်း ကြည့်ကာ "မင်း တကယ် သိချင်တာလား။"

"ငါ တကယ် သိချင်တာပါ။" လုံကျန့်ယုက ဘာမှ မထူးခြားလေဟန်ဖြင့် ပြောလိုက်သည်။

ပင်လယ်ကြည့်ခန်းမကို ညွှန်ပြရင်း တုယွင်ကျဲက

"ဒါဆို ငါတို့နဲ့လိုက်ခဲ့။ ပြီးတော့ အထဲမှာ 'ငါတို့ ပေးချေနိုင်တဲ့ ဈေးနှုန်း' နဲ့ ပတ်သက်ပြီး စကားစမြည် ကောင်းကောင်း ပြောကြတာပေါ့။ မင်း လုပ်ရဲလား။"

လုံကျန့်ယုက ထန်ရှုဘက် လှည့်ပြီး

“ဒီနေ့ ငါ့အမှားပါ။ ငါ မင်းကို ဒီကို မခေါ်ခဲ့သင့်ဘူး။ ဒါပေမယ့် သူက ကစားချင်တာဆိုတော့ မင်းကို စိတ်သက်သာရာရစေဖို့ ငါ ဇာတ်ညွှန်းနောက်ကို လိုက်ရင်ရော ဘယ်လိုလဲ။”

တစ်ဖက်တွင် တုယွင်ကျဲသည် သူလိုချင်သောအရာကို ရပြီးနောက် ပိုပိုပြီး တောင်းဆိုနေသည်ဟု ထန်ရှု ခံစားမိသည်။ ထိုအကြောင်းကို တွေးပြီးနောက် “မင်း သေချာလား။”

"ငါက ယုံကြည်မှု မရှိတဲ့အရာကို ဘယ်တော့မှ မလုပ်ဘူး။" လုံကျန့်ယု ခေါင်းညိတ်လိုက်သည်။

"ဒါဆို အထဲကို ဝင်ပြီး သူတို့နဲ့ စကားစမြည် ပြောကြတာပေါ့။" ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “တကယ်တော့ ငါ့ကိုယ်ငါလည်း အတော် စိတ်ပျက်မိတယ်။ မင်း မကိုင်တွယ်နိုင်ရင် ငါနဲ့ ထားခဲ့လို့ရတယ်။"

တုယွင်ကျဲသည် မျက်မှောင်ကြုတ်ကာ ထန်ရှုနှင့် လုံကျန့်ယုကို လေးလေးနက်နက် ကြည့်လိုက်သည်။ သည်လူနှစ်ယောက်ကို သူ တစ်ခါမှ မမြင်ဖူးတာ သေချာသည်။ အပြာရောင်မြို့ရှိ ထင်ရှားသော မိသားစုများအကြောင်းကို သူ သိသဖြင့် ၎င်းတို့ကို တစ်ခါမှ မတွေ့ဖူးသည်မှာ သေချာသည်။ ထို့ကြောင့် သူ့စိတ်အတွင်း၌ရှိခဲ့သော ကြောက်ရွံ့မှု အရိပ်အယောင်သည် ရုတ်ခြည်းပင် ပျောက်ကွယ်သွားခဲ့သည်။

ထိုနှစ်ယောက်သည် ပင်လယ်ကြည့်ခန်းမထဲသို့ လိုက်ဝင်လာသည်ကို တုယွင်ကျဲ ကြည့်ရင်း လှောင်ရယ် ရယ်လိုက်ကာ သူတို့အနောက်သို့ မလိုက်မီ သူ့ဘေးရှိ လူအနည်းငယ်အား မျက်လုံးဖြင့် အချက်ပြပေးခဲ့သည်။

လီချမ်းလေ့ ကြောက်လန့်နေပြီဖြစ်သည်။ အခြေအနေသည် သည်လောက်အထိ ဖြစ်လာလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။ ထန်ရှုနှင့် လုံကျန့်ယုတို့ကို တားချင်သော်လည်း လုံကျန့်ယု၏သုန်မှုန်နေသော အမူအရာကြောင့် သူ ထိုကဲ့သို့ လုပ်နိုင်မည်မဟုတ်ကြောင်း သိသွားရသည်။ သူ၏လက်ကိုင်ဖုန်းကိုသာ အလျင်စလို ဆွဲထုတ်လိုက်ပြီး ရှယ်ယာရှင်တစ်ယောက်၏နံပါတ်ကို တစ်ချက်နှိပ်လိုက်ရင်း သူ၏ရင်တွေ တအားခုန်နေခဲ့သည်။

"ပြသနာတစ်ခုခုဖြစ်နေပြီလား မန်နေဂျာလီ။"

ဖုန်းထဲက ပျင်းရိပျင်းတွဲလေသံတစ်ခု ထွက်လာခဲ့သည်။

"သခင်လေးဝမ် … ဒီမှာ တစ်ခုခု ဖြစ်နေပြီ။" လီချန်းလေ့က ကမန်းကတန်း ပြောလိုက်သည်။

ကြည်လင်ကန်ကလပ်မှ ကီလိုမီတာ တစ်ဒါဇင်ကျော် ကွာဝေးသော အိမ်ရာအဆောက်အဦးတစ်ခုထဲတွင် ဖြစ်သည်။ ဝမ်ကျိဒေါင်၏ပါးစပ်တွင် စီးကရက်တစ်လိပ်ကို ခဲထားပြီး မာကျောက်ကစားနေသော စားပွဲတွင် ထိုင်နေသည်။ သူ၏ရှေ့တွင် မှုန်မှိုင်းနေသော ဟောင်ရှုနှင့်အတူ ဘယ်ညာနှစ်ဖက်တွင် ဆံပင်များ အရောင်ချွတ်ထားကာ ခန္ဓာကိုယ်တွင် တက်တူးများထိုးထားသော အခြားလူငယ်နှစ်ဦးပါ ကစားနေသည်။

ဝမ်ကျိဒေါင်သည် မုတ်ဆိတ်ငုပ်စိလေးများအား တို့ထိနေရင်း လီချမ်းလေ့ထံမှ တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ဟူသော သတင်းကို ရုတ်တရက် ကြားလိုက်ရသောအခါ ချက်ချင်း ရယ်မောလိုက်ပြီး “စိတ်မပူပါနဲ့ ဖြည်းဖြည်းပြောပါ ။ ကောင်းကင်ကြီး ပြိုကျနေရင်တောင် ငါတို့က ပြန်ပြီး အပေါ်ကို တွန်းတင်ပစ်မယ်။”

"သခင်လေးဝမ် … တုယွင်ကျဲက ငါတို့ကလပ်မှာရှိတဲ့ တခြားဧည့်သည်တွေနဲ့ ပဋိပက္ခဖြစ်နေတယ်။ အစက သူက ပင်လယ်ကြည့်ခန်းမကနေ ထွက်ခွာသွားလို့ အခြားဧည့်သည်တွေက အဲ့ဒီအခန်းကို ယူလိုက်တယ်။ ဒါပေမယ့် သူက ရုတ်တရက် ပြန်ရောက်လာပြီး အခန်းကို ပြန်လိုချင်တော့ တခြားဧည့်သည်တွေကို ထွက်သွားခိုင်းတယ်။ ဒါပေမယ့် တုယွင်ကျဲက ဒီနေ့ ပင်လယ်ကြည့်ခန်းမမှာ သူတို့အတွက်ပါ ငွေပေးချေဖို့ တောင်းဆိုခဲ့တယ်။ ဧည့်သည်တွေက လူနှစ်ယောက်ပဲဆိုပေမယ့် သူတို့ရဲ့ အထောက်အထားက မရိုးရှင်းဘူးနော်။ ဒါကြောင့် သူတို့ရဲ့ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းကို ငါ ပြောပြတာပါ။”

ဝမ်ကျိဒေါင်က မျက်မှောင်ကြုတ်သွားပြီး

“အိုကေ … ဒီအကြောင်းကို ဟောင်ကြီးနဲ့ ပြောလိုက်မယ်။ သူ မသွားရင် ငါကိုယ်တိုင် လာခဲ့မယ်။"

ပြောပြီးသည်နှင့် ချက်ချင်း ဖုန်းချလိုက်သည်။

ဟောင်ရှုက မျက်ဆန်လှန်လိုက်ပြီး "တစ်ခုခုဖြစ်နေလို့လား။"

“ကလပ်မှာ အသေးအဖွဲပြသနာတစ်ခု ဖြစ်ခဲ့တယ်။ တုယွင်ကျဲက ဒီနေ့ ရှုံးသွားတော့ ဒေါသတွေ ပေါက်ကွဲပြီး နောက်ဆုံးတော့ ဧည့်သည်နှစ်ဦးနဲ့ ပဋိပက္ခဖြစ်နေတယ်။ မင်းပြန်သွားမလား ဒါမှမဟုတ် ငါ သွားဖြေရှင်းရမလား။" ဝမ်ကျိဒေါင်က ရှင်းပြသည်။

“ဒီနေ့ ဒီလိုအသေးအဖွဲကိစ္စတွေကို ဖြေရှင်းဖို့ ငါ ဆန္ဒရှိသေးတယ်လို့ မင်း ထင်လား။" ဟောင်ရှုက မေးလိုက်သည်။

"အင်း ဒါဆို မေ့လိုက်တော့။" ဝမ်ကျိဒေါင်က ခေါင်းခါပြီး ပြုံးပြလိုက်သည်။

"မင်း မလုပ်ချင်တဲ့အတွက် ငါသွားလိုက်မယ်။"

သူ၏ဖုန်းက ထပ်မြည်လာပြန်သည်။

လီချမ်းလေ့က သူ့ကို ထပ်ခေါ်သည်ကို တွေ့သောအခါ ဝမ်ကျိဒေါင်က စိတ်ဆိုးသွားသည့်လေသံဖြင့် ချက်ချင်း မေးလိုက်သည်။

"အဲ့ဒီပြသနာ ပြီးသွားပြီလား။ ငါလာခဲ့မယ်လို့ ပြောထားတယ်မဟုတ်လား။"

"သခင်လေးဝမ် … မင်းက သူဌေးကြီးနဲ့လား။" လီချမ်းလေ့က အမြန်မေးလိုက်သည်။

ဝမ်ကျိဒေါင်က တန်းဖုန်းချလိုက်သည်။ သူ အဲ့ဒီကို လာခဲ့မည်လို့ပြောခဲ့သည့်တိုင် လီချမ်းလေ့က သူ့ဆီကို ဖုန်းထပ်ဆက်နေသည်။ ဒါက ရိုးရှင်းစွာပင် မိုက်မဲနေခြင်းသာ ဖြစ်သည်။

****

ကြည်လင်ကန်ကလပ် … ပင်လယ်ကြည့်ခန်းမ…

ထန်ရှု ဝင်လာပြီးနောက် သူသည် ထောင့်စွန်းရှိ ဆိုဖာဆီသို့ သွားထိုင်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး မကြာမီပြသတော့မည့် ပြဇာတ်ကိုကြည့်ရန် ဟန်ပြင်လိုက်သည်။ လုံကျန့်ယုသည် ကွန်ဖူးပညာ အတော်အသင့် တတ်မြောက်ထားပြီး စွမ်းအားမကြီးသော်ငြားလည်း သေးငယ်သော ရန်စမှု နှစ်ခု သို့မဟုတ် သုံးခုကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ဟု သူသိသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ ကောင်စုတ်လေး။" တုယွင်ကျဲသည် ထန်ရှုကို မျက်လုံး မှေးစင်းကာ ကြည့်လိုက်ပြီး လုံကျန့်ယုကို ချက်ချင်းမေးလိုက်သည်။

"မင်း ငါ့နာမည်ကို သိဖို့ အရည်အချင်းမရှိဘူး။" လုံကျန့်ယုက ရယ်မောလိုက်သည်။

"ဒီကိစ္စကို အရင်ပြောကြတာပေါ့။ မင်း ဘယ်လို ဖြေရှင်းချင်လဲ။"

တုယွင်ကျဲ ဒေါသထွက်သွားသည်။ သူက ပြာခွက်ကို ကောက်ကိုင်ကာ လုံကျန့်ယုကို ပစ်ပေါက်လိုက်သည်။ လုံကျန့်ယုမှ ရှောင်နိုင်သည်ကို သူ မြင်သည်နှင့် ချက်ချင်းပင် အော်ပြောလိုက်သည်။

“သူ့ကို ရိုက်ကြစမ်း။ ဒီနေ့ တွားထွက်လာရတဲ့သူက သူပဲဖြစ်ဖြစ် ငါပဲဖြစ်ဖြစ် ဖြစ်လိမ့်မယ်။”

လုံကျန့်ယု၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းတစ်ချက် လက်သွားပြီး ဆေးလိပ်ပြာခွက်ကို ရှောင်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူက ကော်ဖီစားပွဲကို ချက်ချင်း ဆွဲကိုင်ပြီး အားကုန်သုံးကာ တုယွင်ကျဲနှင့် တခြားလူရွယ်တွေဆီ ပစ်ထည့်လိုက်သည်။

"ယီးပဲ … (မအေ-ိုး)…"

လူရွယ်များ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ နှစ်မီတာရှည်သော ကော်ဖီစားပွဲသည် ၎င်းတို့၏ ခြေသလုံးများကို ထိမှန်သွားသဖြင့် နာကျင်မှုကြောင့် ဒေါသများ ထွက်လာကြသည်။

လုံကျန့်ယုက တုံဆိုင်းမနေဘဲ ၎င်းတို့ဆီသို့ ပြေးဝင်သွားကာ ပထမလူရွယ်၏မျက်နှာကို လက်သီးဖြင့် အားကုန်ထိုးပစ်လိုက်ပြီး     ကျန်တစ်ယောက်အား သူ့ခန္ဓာကိုယ်နှင့် တွန်းတိုက်လိုက်သည်။ ထိုနှစ်ဦး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်နှင့် မျက်နှာများကို ဆောင့်နင်းပစ်သည်။

"ငိုးမသား…"

ထိုအချိန်တွင် အခြားလူရွယ်နှစ်ဦးက ပြန်လည်လှုပ်ရှားလာပြီး လုံကျန့်ယုဆီသို့ ပြေးသွားကြသည်။ သို့သော် ၎င်းတို့နှစ်ဦးသည် အရက်သေစာနှင့် အပျော်အပါးလိုက်စားထားသော ခန္ဓာကိုယ်အမျိုးအစားဖြစ်သောကြောင့် လုံကျန့်ယုမှ ၎င်းတို့ကို ရိုက်နှက်ရန် စက္ကန့်တစ်ဒါဇင်ခန့်သာ အချိန်ယူလိုက်ရပြီး ထိုလူများသည် မျက်နှာနှင့်ကြမ်းပြင် အပ်သွားသည့်တိုင် သွေးများထွက်သည့်ထိ အကန်ခံလိုက်ရသည်။

တုယွင်ကျဲ ကြောက်ရွံ့အံ့သြသွားသည်။ သူခေါ်လာသော သူငယ်ချင်းလေးယောက်သည် လွန်စွာ အသုံးမကျ ဖြစ်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ ယောက်ျားတစ်ယောက်အား ရိုက်နှက်ရန် ပူးပေါင်းဆောင်ရွက်ကြသော်လည်း ထိုအစား သူတို့သာ ဦးစိုက်ဂျွမ်းပြန် အရိုက်ခံလိုက်ရသည်။ သူကိုယ်တိုင်လည်း တိုက်ခိုက်ရေးမတတ်သောကြောင့် လုံကျန့်ယု သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့သောအခါ

“ခဏနေဦး။”

လုံကျန့်ယုက သူ၏အရှိန်ကို ရပ်တန့်လိုက်သော်လည်း ကျန်လေးယောက်ကို မထနိုင်အောင် တားဆီးရန်အတွက် ဦးခေါင်းများကို ပြင်းပြင်းထန်ထန် ကန်ကျောက်ကာ ချက်ချင်းပင် မေ့လဲသွားစေသည်။ ထို့နောက် သူက တုယွင်ကျဲ့ကို လှည့်ကြည့်ကာ "ဘာမှားနေလို့လဲ။ ကြောက်နေပြီလား။"

တုယွင်ကျဲက သူ၏လက်သီးများကို ဆုပ်ထားရင်း ဒေါသတကြီး ပြောတော့သည်။

"ငါ တုယွင်ကျဲက 'ကြောက်တယ်' ဆိုတဲ့ စကားလုံးကို ဘယ်လို စာလုံးပေါင်းမှန်းတောင် မသိဘူး။ မင်းတိုက်ခိုက်နိုင်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် လူ့အဖွဲ့အစည်းကို တိုက်ခိုက်နိုင်တဲ့သူတွေက မပိုင်ဘူး။ မင်းမှာ အရည်အချင်း တကယ်ရှိတယ်ဆိုရင် ငါ့ကို ဖုန်းပြောဖို့ အခွင့်အရေးတစ်ခု ပေး။ နာရီဝက်လောက်ကြာရင် မင်းငါ့ကို စော်ကားတာ ဘာတွေရသွားလဲဆိုတာ မင်း သိလာရလိမ့်မယ်။"

လုံကျန့်ယု၏မျက်ခုံးများ တွန့်ချိုးသွားသည်။ သူ၏လုံမိသားစုသည် ကြယ်တာရာတွင် အလွန်အားကောင်းပြီး သူ့အဖေသည် အပြာရောင်မြို့တွင် အဆက်အသွယ်များစွာ ရှိသော်လည်း ဤနေရာသည် အပြာရောင်မြို့ ဖြစ်သည်။ လူတွေ ပြောကြသည့်အတိုင်း အားကောင်းသည့် နဂါးများပင် ဒေသခံမြွေများကို မနှိမ်နင်းနိုင်ပေ။ အကယ်၍ ဤလူသည် အပြာရောင်မြို့တွင် ကြီးမားသော နောက်ခံရှိပါက အေးအေးဆေးဆေး ထွက်သွားရန် သူ့အတွက် အလွန်ခက်ခဲလိမ့်မည်။

ထန်ရှုက စီးကရက်သောက်နေရင်း အပြုံးဖြင့်

"ကျန့်ယု … မင်း သူ့ကို ဖုန်းခေါ်ခွင့် ပြုသင့်တယ်လို့ ငါ ထင်တယ်။ သူ ပြောတာမှန်တယ်။ တိုက်ပွဲတစ်ခုတည်းက ဘာမှမဟုတ်ပေမယ့် အတိုင်းအတာပြည့်တဲ့ တိုက်ပွဲက စိတ်ဝင်စားဖို့ကောင်းတယ်။”

လုံကျန့်ယုသည် ထန်ရှုကို ကြည့်ရင်း သူ၏တွန့်ချိုးနေသော မျက်ခုံးများသည် ချက်ချင်းပင် ပြေလျော့သွားကာ သူ၏ချောမောသော မျက်နှာပေါ်တွင် အပြုံးတစ်ချက် ဖျတ်ခနဲ ပေါ်လာရင်း

“သခင်လေးတု ဟုတ်တယ်နော်။ မင်း အကူအညီတောင်းချင်တယ်ဆို မြန်မြန်လုပ်လိုက်ပါ။ ငါတို့ ခုထိ မစားရသေးဘူး ဆိုတော့ မင်းနဲ့အတူတူ ဖြုန်းဖို့ အချိန်အများကြီး မရှိဘူး။"

အပေါ်ယံတွင် ဒေါသဖြစ်ဟန်ဆောင်နေသော်လည်း တုယွင်ကျဲ၏စိတ်တွင်းတွင် လွန်စွာ လှုပ်ရှားနေသည်။ တစ်ဖက်လူက သူ့အား ဖုန်းခေါ်ရန် အခွင့်အရေးမပေးဘဲ ပြင်းပြင်းထန်ထန် ရိုက်နှက်လာမည်ကို ကြောက်နေမိသည်။ အရိုက်ခံရပါက ရုပ်ပိုင်းဆိုင်ရာ နာကျင်သော ဝေဒနာ ခံစားရမှာ မလွဲမသွေပင်။ နောက်ပိုင်းတွင် သူသည် လူသိရှင်ကြား ကစားပွဲသို့ ပြန်လည်ရောက်ရှိနိုင်သော်လည်း သူ အရိုက်ခံရသည့်သတင်းသည် အပြာရောင်မြို့၏ လူမှုအသိုင်းအဝိုင်းတွင် ပျံ့နှံ့သွားမည်ဖြစ်သည်။

"ဟေး ချန်းကျီ … ငါတို့လူတွေကို ကြည်လင်ကန်ကလပ်ကို ခေါ်လာခဲ့။"

"နားလည်ပြီ။" တစ်ဖက်က ပြန်ဖြေပြီး ဖုန်းကို တန်းချလိုက်သည်။

ထို့နောက် တုယွင်ကျဲသည် လုံကျန့်ယုအား အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး အခြားတစ်ဖက်ရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

တစ်မိနစ်အကြာတွင် လီချမ်းလေ့သည် တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်လာခဲ့သည်။ အတွင်းက မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ အနည်းငယ် အံ့အားသင့်သွားခဲ့ကာ အမူအရာပင် ချက်ချင်း ပြောင်းလဲသွားရသည်။

ဖုန်းခေါ်ဆိုရန် သူ အချိန်အနည်းငယ်သာ သုံးစွဲခဲ့သော်လည်း အခန်းအတွင်းတွင် တိုက်ခိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  ရလဒ်သည် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ တုယွင်ကျဲခေါ်ဆောင်လာသည့် လူလေးဦးစလုံး ရိုက်နှက်ခံရပြီးနောက် နှစ်ယောက်သည် ကြမ်းပြင်ပေါ်တွင် လူးလိမ့်နာကျင်စွာ အော်ဟစ်နေကြပြီး ကျန်နှစ်ဦးမှာ ခွေးသေများကဲ့သို့ ကြမ်းပြင်ပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေသည်။ ကံကောင်းထောက်မစွာ တုယွင်ကျဲ့ အရိုက်မခံရလို့ပင်။ နို့မဟုတ်ပါက သည်ကိစ္စသည် ကောင်းမွန်စွာ အဆုံးသတ်သွားလိမ့်မည်မဟုတ်ဟု လီချမ်းလေ့ တွေးမိပြီး စိတ်ထဲမှ ကံကောင်းသည်ဟု ခံစားမိလေတော့သည်။

***

All Chapters