← Chapters

ချစ်ကြည်နူးတစ်တီတူး

Vol. 19 Ch. 259

ချစ်ကြည်နူးတစ်တီတူး

Vol. 19 Ch. 259

အခန်း (၂၅၉) - ချစ်ကြည်နူး တစ်တီတူး

“ဒါက အချိန်တော်တော်လိုလိမ့်ဦးမယ်။” ကျိုးချင်းပိုင်က ပြောသည်။

လင်းချင်းဟယ်က တခစ်ခစ်ရယ်သည်၊ “သိပ်မလိုတော့ပါဘူး။ ကျွန်မ လာမယ့်နွေရာသီမှာ ဘွဲ့ရတော့မယ်။”

“လာမယ့်နွေရာသီလား” ကျိုးချင်းပိုင်က ကြက်သေ သေသွားသည်၊ “ကိုယ် မင်းအတွက် တွက်ကြည့်ပြီးပြီ။ ၁၉၈၁ နွေရာသီအထိ မင်း ဘွဲ့ရနိုင်ဦးမှာ မဟုတ်ဘူး။”

ကျိုးချင်းပိုင်က ဒါကို ဘယ်နှစ်ခါပင် မသိ တွက်ကြည့်ခဲ့ဖူးသည်။

“ကျွန်မ သင်ခန်းစာတွေကို စောစောအဆုံးသတ်ဖို့ စီစဥ်ထားတယ်။ ကျွန်မရဲ့ အဆင့်တွေက ကောင်းမွန်နေသရွေ့၊ ကျောင်းက ကန့်ကွက်မှာ မဟုတ်ဘူး။” လင်းချင်းဟယ်က ပြန်ဖြေသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ပြီးနောက် ဆရာ၊ ဆရာမများစွာကို တစ်ယောက်ပြီးတစ်ယောက် ရာထူးပြန်ပေးပြီး အလုပ်ပြန်ဆင်းကြ‌သော်လည်း ကျောင်းတွင် ဆရာ၊ ဆရာမများ ရှားပါးနေဆဲ ဖြစ်သည်။

သူမသာ ကျောင်းစာကို စောစောလေ့လာသင်ယူနိုင်ရင် ကျောင်းက ဘာဖြစ်လို့ သဘောမတူနိုင်ရမှာလဲ။

“အရမ်း ပင်ပန်းမှာပေါ့။” ကျိုးချင်းပိုင်က ဝမ်းနည်းစွာပြောသည်။

“ဘာတွေ ပင်ပန်းရမှာလဲ။” လင်းချင်းဟယ်က ဂရုမစိုက်ပေ။ နောက်ဆုံးတော့ သူမဟာ ဟိုးယခင်ကပင် စတင်လေ့လာခဲ့ပြီးဖြစ်၍ ဒီအတွက်က မည်သည့်အခက်အခဲမှ မရှိပေ။

ကျိုးချင်းပိုင်သည် လျှပ်စစ်ပစ္စည်းများကို မကြာမီ ရောင်းချရန် အစီအစဥ် မရှိပေ။ ၁၉၈၀ ခုနှစ် အစောပိုင်းကာလများတွင် တီဗီနှင့် ရေဒီယိုများကို သီးသန့်ဖြန့်ဝေခွင့်မပြုသောကြောင့် ဖြစ်သည်။

သို့သော် ယင်းသည် မှောင်ခိုစျေးကွက်၏ လည်ပတ်မှုကို မထိခိုက်စေပါ။

ကျိုးချင်းပိုင်တစ်ယောက် မြို့တော်ကို ရောက်လာတဲ့အခါ သူမ သူ့ကို စာရေးကိရိယာဆိုင်ဖွင့်ခွင့်ပေးမယ်လို့ လင်းချင်းဟယ်က စိတ်ထဲ စီစဥ်ထားပြီးသား ဖြစ်သည်။ သို့သော် တကယ်တော့ သူမ အားလပ်တဲ့အချိန်တွင် သူနဲ့အတူ တောင်ဖက်သို့ သွားဖို့ စီစဥ်ထားသည်။

ယခုအချိန်တွင် တိုင်းပြည်ရဲ့ တောင်ဖက်ခြမ်းတွင် စတင်နေပြီ ဖြစ်ပြီး လာမည့်နှစ်လောက်ဆို သိပ်နောက်ကျမည် မဟုတ်ပါ။

ကုန်ပစ္စည်းတွေကို နေရာလွတ်ထဲ အပြည့်ဖြည့်ပြီး ပြန်သယ်လာမည်။ ဇိမ်ခံပစ္စည်းတွေအားလုံး ပါဝင်မည်။ တီဗီ သို့မဟုတ် တစ်ခုခုကို သင်ရောင်းချနိုင်ရွေ့ ကာလပတ်လုံး ၎င်းတို့အတွက် အသုံးစရိတ်များကို ပြန်ကာနိုင်လိမ့်မည် ဖြစ်သည်။

ယခုအချိန်တွင် ထိုဇိမ်ခံပစ္စည်းတွေအားလုံး ရှားပါးနေသည်ဟု မဆိုလိုသော်လည်း သူတို့ဟာ အလွန်ရေပန်းစားပါသည်။

လင်းချင်းဟယ်သည် ဒီအစီအစဥ်များအကြောင်း ကျိုးချင်းပိုင်ကို ပြောပြရန် အစီအစဥ် မရှိသေးပေ။ အချိန်တန်ရင် ကျိုးချင်းပိုင်က သဘာဝအတိုင်း သိသွားလိမ့်မည်။

ဒါပေမယ့် လာမယ့်နွေရာသီမှာ သူမ ဘွဲ့ယူမယ့်သတင်းကိုတော့ ကျိုးချင်းပိုင်ကို ကြိုပြောပြနိုင်ပါသည်။

ကျိုးချင်းပိုင်က ကျိန်းသေပေါက် ဝမ်းသာပျော်ရွှင်နေခဲ့သည်။ သူက သူ့ဇနီးသည်ကို ဘွဲ့စောစောယူမယ်လို့ မထင်ထားခဲ့ဘူး။

“ဒါနဲ့ စကားမစပ်၊ အဖေက ဒီနှစ် လယ်ထဲဆင်းပြီး အလုပ်လုပ်ဖို့ မစီစဥ်ထားဘူး။” ကျိုးချင်းပိုင်က ဒါကို သတိရသွားပြီး သူ့ဇနီးသည်အား ပြောပြခဲ့သည်။

“အဖေလည်း အသက်ကြီးနေပြီပဲ။ လယ်အလုပ်လုပ်စရာ မလိုဘူး။ ကျွန်မတို့မိသားစုက အလုပ်မှတ်တွေ မပြတ်လပ်ဘူး။ အဖေ အလုပ်မဆင်းတာ ကောင်းတယ်။ သူ့ကျန်းမာရေးကို သေချာဂရုစိုက်နေထိုင်တာက ပိုကောင်းတယ်” လင်းချင်းဟယ်က ပြောသည်။

အဖေကျိုးက အသက်ကြီးနေပြီ၊ သူ လယ်ထဲဆင်းပြီး အလုပ်လုပ်ဖို့ ဘယ်အရာကို လိုအပ်နေလို့လဲ။

“အမေက အဖေ လယ်ထဲ မဆင်းတော့ဘူးလို့ ပြောတာနဲ့ အိမ်မှာ ဘဲနည်းနည်းမွေးမယ်လို့ ပြောတယ်။ အမေက အဖေ့ကို ဘဲတွေကျောင်းခိုင်းမယ်လို့ ပြောတယ်။” ကျိုးချင်းပိုင်က ပြောသည်။

“ဒါက ကောင်းသားပဲ။ အဖေတို့ အလုပ်မရှိပဲနေရင် သူတို့ ပျင်းရိနေမှာကို စိုးရိမ်တယ်။” လင်းချင်းဟယ်က ပြန်ပြောပြီး “ကျွန်မ ဒီနှစ် ရှန်ဟိုင်းကို သွားဖို့ စီစဥ်ထားတယ်။ အဲ့ကိုရောက်ရင် ကျွန်မတို့အိမ်အတွက် ရေဒီယိုတစ်လုံးလောက် ဝယ်မယ်လို့ စိတ်ကူးထားတယ်။”

“ကောင်းသားပဲ။” ကျိုးချင်းပိုင်က ခေါင်းညိတ်ထောက်ခံသည်။

“ကျွန်မတို့ရွာမှာ လျှပ်စစ်မီး တပ်ဆင်မယ့် သတင်းလေး ဘာလေး ကြားမိသေးလား။ ကျွန်မရဲ့အခန်းဖော်သူငယ်ချင်းတို့ရွာမှာတောင် လျှပ်စစ်မီးရနေပြီလို့ ကျွန်မကြားတယ်။” လင်းချင်းဟယ်က ပြောသည်။

ဝမ်လီရဲ့ ပြောစကားအရ၊ ဝမ်လီတို့အိမ်တွင် လျှပ်စစ်မီး သွယ်ထားပြီးပြီလို့ ကြားသိရသည်။

“ဒီနှစ် သတင်းတစ်ခုခု ကြားရမလားလို့ ကိုယ်မေးကြည့်လိုက်မယ်။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။

“လျှပ်စစ်မီးရရင်၊ ကျွန်မတို့အိမ်အတွက် တီဗီတစ်လုံးလောက် ဝယ်ရမယ်။” လင်းချင်းဟယ်က ဆက်ပြောသည်။

ကျိုးချင်းပိုင်က ပြုံးရုံသာ ပြုံးနေပြီး သူမရဲ့ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်ခြင်း မရှိပါဘူး။

သက်ကြီးရွယ်အိုတွေ မပျင်းရအောင် သူ့မိဘတွေ ကြည့်ရှုနိုင်ဖို့ တီဗီဝယ်ပေးချင်မှန်းကို သူသိသည်။

သူတို့အိမ်ပြန်ရောက်တော့ အတော်လေး နောက်ကျနေပြီ။

အိမ်စောင့်ပေးနေသည့် အမေကျိုးက သူတို့မိသားစု ပြန်ရောက်လာတာကို တွေ့တော့ အနားယူဖို့ အိမ်ပြန်သွားသည်။

ရေနွေးတည်ပြီး တစ်မိသားစုလုံး မျက်နှာသစ်၊ ခြေလက်ဆေးကြောခဲ့ကြသည်။ လင်းချင်းဟယ်ကတော့ အိပ်ရာမဝင်မီ ရေချိုးခဲ့သည်။

ဒီလို‌အေးတဲ့ရာသီဥတုမျိုးမှာ ရွာတွင် ရေချိုးနေဆဲ တစ်ဦးတည်းသောသူက လင်းချင်းဟယ် ဖြစ်နိုင်သည်။

နှစ်သစ်ကူးပြီး တတိယနေ့ကုန်လွန်ပြီးနောက် ဝူနီနှင့် ကျိုးယန်တို့ ရောက်လာပြန်သည်။

လင်းချင်းဟယ်သည် နှစ်သစ်ကူးပြီး ‌ခြောက်ရက်မြောက်နေ့တွင် လောင်တနှင့်အတူ ပြန်ရတော့မည် ဖြစ်သော‌ကြောင့် သူမသည် သူတို့ကို နှစ်ရက်သာ သင်ကြားနိုင်တော့မည်။ ထို့ကြောင့် လင်းချင်းဟယ်က သူတို့ကို နေ့လည် နှစ်နာရီလောက်ထပ် ထပ်လာခိုင်းပြီး နောက်ထပ် တစ်နာရီ ထပ်တိုးသင်ပေးခဲ့သည်။

သိပ်မကြာခင်မှာပဲ ခြောက်ရက်မြောက်နေသို့ ရောက်ရှိလာခဲ့သည်။

ထိုနေ့မနက်အစောပိုင်းတွင် ကျိုးချင်းပိုင်က လင်းချင်းဟယ်တို့သားအမိအား ဘတ်စ်ကားစီးရန် မြို့ပေါ်သို့ လိုက်ပို့ပေးခဲ့သည်။

ခရိုင်မြို့မှ မြူနီစပါယ်မြို့သို့ ဘတ်စ်ကားတစ်ဆင့်စီးပြီး မြူနီစပါယ်မြို့ကနေ ရထားဆက်စီးရမည်။

“ဒီနှစ် ကိုယ် မင်းဆီကို တစ်ခေါက်လောက်တော့ ရောက်အောင် လာတွေ့မယ်။” ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို ပြောသည်။

“ကောင်းပြီ။” လင်းချင်းဟယ်က ပြုံးပြီး သဘောတူလိုက်သည်။

ထို့နောက် သူမသည် လောင်တနှင့်အတူ ကားပေါ်တက်ကာ သူမရဲ့အမျိုးသားကို လက်ပြနှုတ်ဆက်သည်။

ကျိုးချင်းပိုင်က ကားထွက်သွားသည့်အချိန်အထိ စောင့်ကြည့်ပြီးနောက် သူ့ရဲဘော်ရဲဘက်ဆီကို အလည်သွားခဲ့သည်။ သူ့ရဲဘော်ရဲဘက်က သူ့ကို သူ့ဇနီးသည်အနား ဘာဖြစ်လို့ ကပ်မနေတာလဲလို့ သူ့ကို မေးခဲ့သည်။ သူမ တစ်ခေါက်တစ်ခေါက် အိမ်ပြန်လာဖို့ အရမ်းရှားသည်။

ကျိုးချင်းပိုင်က သူတို့သားအမိ ပြန်သွားပြီလို့ ပြောခဲ့သည်။

သူ့ရဲဘော်ရဲဘက်က နှစ်သိမ့်ပေးသည်၊ “မရီးက အရည်အချင်းရှိတယ်။ သူက သေချာပေါက် နည်းပြတစ်ယောက် ဖြစ်နိုင်လိမ့်မယ်။ သူမက အိမ်ထောင်ကျပြီးသားဖြစ်လို့ ကျောင်းမှာ တာဝန်ဆက်လက်ထမ်းဆောင်မယ်ဆိုရင် နေထိုင်ခွင့်လျှောက်လို့ရတယ်။ ပြီးတော့ မင်းတို့မိသားစု အဲဒီကို ပြောင်းရွှေ့နိုင်လိမ့်မယ်။”

အလုပ်နှင့် အိမ်ရှိလျှင် သူတို့ရဲ့ အိမ်ထောင်စုစာရင်းကို ပြောင်းရွှေ့နိုင်သည်။

ဤခေတ်အချိန်အခါတွင် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန် မလွယ်ကူသော်လည်း လိုအပ်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီပါက ခက်ခဲလွန်းလှသည်တော့ မဟုတ်ပေ။

ဒါကိုပြောရင်၊ လုံခြုံရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒီရဲဘော်ရဲဘက်က ကျိုးချင်းပိုင်ကို မနာလိုဖြစ်မိသည်။

ဒီကောင်စုတ်ရဲ့ ဇနီးသည်နှင့် သားက အရည်အချင်းရှိသည်။ တက္ကသိုလ်ကျောင်းသား နှစ်ဦး။ ပြီးတော့၊ ပေကျင်းတက္ကသိုလ်ကျောင်းသားတွေ ဖြစ်သည်။ သူက မနာလိုမဖြစ်ပဲ ဘယ်နေပါ့မလဲ။

“ဒီနှစ် မြို့ကို ပြန်လာတဲ့သူတွေ အများကြီး ရှိနိုင်တယ်။ အဲဒီအချိန်ကျရင် ဒီလူတွေ သွားတဲ့နေရာတွေမှာ ပြဿနာတွေ ဖြစ်လိမ့်မယ်။ နောင်အနာဂတ်မှာ လုံခြုံရေးက ပြဿနာဖြစ်လာမယ်လို့ ငါထင်တယ်။” ကျိုးချင်းပိုင်က သူ့ရဲဘော်ရဲဘက်ကို ပြောလိုက်သည်။

ဒါပေါ့၊ ဒီအကြောင်းကို သူ့ဇနီးသည်က ပြောခဲ့တာပဲ ဖြစ်သည်။

သို့ပေမယ့်၊ ကျိုးချင်းပိုင်က ဒါကို တိုက်ရိုက်ပြောမှာ မဟုတ်ဘူး။

သူ့ရဲဘော်ရဲဘက်က ဒါကို မမေးပဲ သိသည်။ ကျိုးချင်းပိုင်၏ ဇနီးသည်က မြို့တော်ကနေ ဒီသတင်းကို ဦးစွာ ရရှိခဲ့တယ်လို့ ခန့်မှန်းရသဖြင့် သူက ခေါင်းညိတ်ပြီး “ငါ ဒါကို မှတ်ထားပါ့မယ်။” ဟု ပြောလိုက်သည်။

သူ့ရဲဘော်ရဲဘက်က နားလည်သဘောပေါက်သွားတာကို တွေ့တော့ ကျိုးချင်းပိုင်က ဘာမှ ထပ်မပြောတော့ဘူး။ သူက မတ်တပ်ထပြီး အိမ်ပြန်လာခဲ့သည်။

အိမ်မှာပဲ နေရတာ ဖြစ်လို့ သူ့အားအင် သိပ်မကုန်ဘူး။ သူ အလုပ်စဆင်းရသေးပေ။ ဒီနှစ် နွေဦးထွန်ယက်တာက ဇန်နဝါရီလကုန်အထိ မစတင်နိုင်သေးဘူး။

အမေကျိုးက ဘဲလေးတွေကို သားဖောက်ဖို့ စီစဥ်နေပြီ ဖြစ်သည်။

ဒီနှစ်မှာတော့ အဖေကျိုးသည် လယ်ထဲ အလုပ်မဆင်းတော့ဘူး။ အချိန်တန်ရင် ဖမ်းပြီး စားသောက်နိုင်ဖို့ ဘဲအနည်းငယ် မွေးမြူထိန်းကျောင်းမည်။ စတုတ္ထရဲ့ ဇနီးသည် ချက်ကျွေးသော ဘဲသားစွပ်ပြုတ်က အရမ်းအရသာရှိသည်။

ဒီနှစ်ကုန်ရင် သူတို့မိသားစု ဘဲသား စားရလိမ့်မည်။

ဒါပေမယ့် ဒီလိုမျိုးမိသားစုကြီးအတွက်၊ ဘဲအနည်းငယ်ရှိရုံနှင့် ဘယ်လုံလောက်ပါ့မလဲ။ နောက်ထပ် ကြက်အနည်းငယ် မွေးမြူဖို့ လိုအပ်ပါသည်။

မနှစ်တုန်းကတော့၊ လူတိုင်း ကြက်၊ဘဲတွေကို အများကြီး မမွေးရဲဘူး။ များသောအားဖြင့် အရင်ဆုံး စမ်းသပ်သည့်အနေဖြင့် သုံးလေးကောင်လောက်သာ ထပ်တိုးမွေးမြူရဲကြသည်။

ဒါပေမယ့် ပြဿနာလုံးဝမရှိဘူး ဆိုတာ သိသာပါသည်။ ထို့ကြောင့် အမေကျိုးသည် ယခုနှစ်တွင် ကြက် ၁၅ကောင်အထိ မွေးမြူရန် စီစဥ်ခဲ့သည်။ ဤနည်းဖြင့် ကြက်ဥတွေကို အများကြီး စုဆောင်းနိုင်လိမ့်မည်။

အမေကျိုးက ရွာမှာ ဒီလိုလုပ်ဖို့ စီစဥ်သူ သူတစ်ဦးတည်း မဟုတ်ပါဘူး။

တခြားသူတွေလည်း အတူတူပါပဲ။ ဘာပဲဖြစ်ဖြစ်၊ မိသားစုအား အာဟာရရှိအောင် ကျွေးမွေးနိုင်တဲ့အပြင် လိုအပ်သည့် ရိက္ခာအချို့ကို လဲလှယ်ဖြည့်တင်းနိုင်ဖို့ သိမ်းထားလို့လည်းရသည်။

“ချင်းပိုင်၊ ဒီကိုလာပြီး အိမ်နောက်ဖေးက ကြက်တင်းတွေကို ပြန်ပြင်ပေးဦး။” အမေကျိုးက လှမ်းအော်ခဲ့သည်။

ကျိုးချင်းပိုင်က ကြက်ခြံကို ပြန်ပြင်ပေးဖို ထွက်လာခဲ့သည်။ သူ့ကို ဒီလိုမြင်တော့ အမေကျိုးက “ဘာဖြစ်နေတာလဲ။ နင့်ကြည့်ရတာ စိတ်နဲ့လူနဲ့ မကပ်သလိုပဲ။” ဟု မေးသည်။

“ဘာမှ မဖြစ်ပါဘူး။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။

ဒါကိုကြားတော့ အမေကျိုးက နားမလည်ပဲ ဘယ်နေပါ့မလဲ။ သူမက တခစ်ခစ်ရယ်ပြီး “တကယ်ပဲ၊ နင်တို့နှစ်ယောက်ကတော့လေ။ ကလေးတွေတောင် အသက်ကြီးလာပြီ၊ နင်တို့နှစ်ယောက်တော့ ကြင်စဦးတွေလို ချစ်ကြည်နူး တစ်တီတူးနေတုန်းပဲ။” ဟု ပြောလိုက်သည်။

သူမရဲ့ချွေးမဖြစ်သူက ကျောင်းတက်ဖို့ သွားတာပဲ ဖြစ်သည်။ သူမ ပြန်မလာတော့မှာမှ မဟုတ်တာ။ ဒါကို သူမရဲ့ သားအငယ်ဆုံးက စိတ်နဲ့လူနဲ့မကပ်သလိုပင် ဖြစ်နေခဲ့ပြီ။

ဒီအကြောင်းပြောရရင်၊ အမေကျိုးဟာ သူမရဲ့ စတုတ္ထချွေးမကို တကယ့်ကို စိတ်ချယုံကြည်နေပြီဖြစ်လို့ လုံးဝ မစိုးရိမ်ပေ။

ကျိုးချင်းပိုင်က နှုတ်ဆိတ်၍သာနေသည်။

“နင့်ဇနီးသည်က ငါ နင့်ကို အငတ်ထားမှာကို စိုးရိမ်နေတုန်းပဲ။ သူမ ဟိုကို ပြန်မသွားခင်၊ သူမက ရစ်ငှက်သားဟင်းတစ်ခွက်နဲ့ ဝက်သားဂေါ်ဖီထုပ်ကြော်တစ်ခွက် ပြင်ဆင်ပြီးထားခဲ့တယ်။” အမေကျိုးက ပြောသည်။

လင်းချင်းဟယ်သည် ဒီနေ့နံနက် အိပ်ရာစောစောထပြီး ရစ်ငှက်တစ်ကောင်ကို ချက်ပြုတ်ပြင်ဆင်ပေးခဲ့သည်။ မနေ့ညက ဘန်းမုန့်တွေနဲ့ ဖက်ထုပ်တွေ အများကြီး ပြုလုပ်ခဲ့ပြီး အားလုံးကို မိသားစုအတွက် သိမ်းဆည်းခဲ့သည်။

ထို့အပြင်၊ ဘေကွန်တွေ အများကြီးကိုပါ သိမ်းဆည်းထားပေးခဲ့သည်။

All Chapters