← Chapters

လူ့အဝတ်အစား ၀တ်ထားသော သားရဲများ

Vol. 45 Ch. 623

လူ့အဝတ်အစား ၀တ်ထားသော သားရဲများ

Vol. 45 Ch. 623

သိပ္ပံရုပ်ရှင်ကားသည် ဖန်သားပြင်ပေါ်တွင် ပြသနေသေးသော်လည်း ထန်ရှု၏စိတ်သည် ၎င်းအပေါ်တွင် မရှိတော့ပါ။ လွတ်လပ်ခရုပတ်လိမ်ကြယ်တာရာ နယ်မြေတွင် သူ မြင်ခဲ့ဖူးသော နည်းပညာပစ္စည်းများသည် သူ့စိတ်ထဲတွင် အဆက်မပြတ်ထွက်ပေါ်နေသဖြင့် သူ တွေးမိလေလေ၊ ပိုစိတ်လှုပ်ရှားလေလေဖြစ်သည်။ ရလဒ်များနှင့် အောင်မြင်မှုများသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို မြင်နိုင်သူများအတွက် ဖြစ်သည်။

အချိန်တိုအတွင်း ထန်ရှုသည် ထုတ်ကုန်နှစ်ခုကို သုတေသနလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအရာများထဲမှ တစ်ခုမှာ ကမ္ဘာမြေဆွဲအား ပျံသန်းခြင်း အဝိုင်းပြား ဖြစ်ပြီး စတင်ခလုတ်ကို နင်းခြင်းဖြင့် ပျံသန်းနိုင်သော အရာဝတ္ထုအမျိုးအစားဖြစ်ပြီး နည်းပညာပြိုင်ပွဲအတွက် အခြေခံအကျဆုံး ခရီးသွားနည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာပေါ်က စက်ဘီးလိုပင်။ ဒုတိယတစ်ခုမှာ ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြမှုကို ခံစားရစေမည့် အဝတ်အစားအမျိုးအစား ဖြစ်ပြီး ဆိုလေပြီးသော ပြိုင်ပွဲတွင် အခြေခံအကျဆုံး သိပ္ပံပညာဗဟုသုတလည်း ဖြစ်သည်။

“အနာဂတ်မှာ ငါ လေ့ကျင့်ပေးရမယ့် အရည်အချင်း ရှိတဲ့သူတွေ ပိုပိုများလာမှာမို့ အရင်းအမြစ်တွေ သုံးတာ ပိုပိုကြီးမားလာလိမ့်မယ်ဆိုတော့ ဒါတွေကို ငါ သုတေသန လုပ်ရမယ်။ အခုလက်ရှိ အမြတ်အစွန်း ရတဲ့လမ်းကြောင်းတွေကိုပဲ မှီခိုအားထားနေလို့ မရတော့ဘူး။"

ထန်ရှု၏မျက်လုံးများအတွင်း၌ ခိုင်မာသော အမူအရာ ပေါ်လာသည်။

ငွေသည် ခြေကုပ်ယူရန် အမှန်တကယ် လိုအပ်သော အခြေခံအုတ်မြစ် ဖြစ်သည်။

ဘီလီယံပေါင်းများစွာ၊ ဘီလီယံထောင်ပေါင်းများစွာပင်။ ထိုသို့သောပမာဏသည် အခြားသူများအတွက် အလွန်များပြားသော အရေအတွက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ၏ရည်မှန်းချက် ပန်းတိုင်ကြောင့် သူ့အတွက်ပင် မလုံလောက်ပါ။ လမ်းဖောက်ရန်နှင့် အနာဂတ်အတွက် လမ်းကြောင်းရှင်းရန်     သူ ပိုက်ဆံသုံးရန်လိုသည်။

ရုတ်တရက် ထန်ရှု၏အမူအရာ ပြောင်းသွားသည်။ သူ့ဘေးနားက ထိုင်ခုံများကို သူ ကောင်းစွာ သတိပြုမိသည်။ အလွန်ရင်းနှီးသော ကိုယ်သင်းရနံ့နှင့် သင်းပျံ့ပျံ့သော မွှေးရနံ့ကို ထုတ်လွှတ်သော ပုံရိပ်တစ်ခုသည် သူ့ဘေးတွင် ထိုင်နေသည်။

"လူလူလား…" ထိုင်နေသော ပုံရိပ်သည် အိုးရန်လူလူ ဖြစ်သည်ကို ထန်ရှု ရှင်းရှင်းလင်းလင်းမြင်ပြီးနောက်တွင် အံ့အားသင့်သွားခဲ့ရသည်။

ရှူး … အိုးရန်လူလူက နှုတ်ခမ်းထက်တွင် သူမ၏လက်ချောင်းသွယ်သွယ်လေးကို တိတ်တိတ်နေရန် အချက်ပြပြီး သူ့အား ပေါက်ပေါက်တစ်ဗူး လှမ်းပေးလာသည်။

ထန်ရှုသည် အသံများထွက်အောင် ရယ်မောမိသည်။ သူ ခေါင်းယမ်းလိုက်ပြီးနောက် သူတို့၂ယောက်သာ ကြားနိုင်သည့်အသံဖြင့်

“စိတ်မပူပါနဲ့။ ဒီရုပ်ရှင်ရုံထဲမှာ ကြည့်တဲ့သူ နည်းနည်းပဲ ရှိပြီး ရှေ့မှာပဲ ထိုင်နေကြတာ။ ငါတို့စကားပြောတာက သူတို့ကို အနှောင့်အယှက် မဖြစ်ပါဘူး။"

"နင်နဲ့ ရုပ်ရှင်ကြည့်တာ သက်တောင့်သက်သာ ရှိတဲ့ အချိန်လေးတစ်ခုပဲ ဖြစ်ချင်တယ်။" အိုးရန်လူလူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ငါက ကလေးဆန်တယ်လို့ ခံစားရဖူးပေမယ့် အခု နင်နဲ့ အတူရှိနေတာ ရင်ခုန်စရာတစ်မျိုးလေးပဲ။"

အဟွတ်…အဟွတ်…

အကြိမ်အနည်းငယ် ချောင်းဆိုးသွားရရင်း ထန်ရှု တစ်ဖက်သို့ လှည့်ကာ စကားဆက်မပြောနိုင်တော့ချေ။

မိနစ်၁၂၀ကြာ သိပ္ပံရုပ်ရှင်ဇာတ်ကားသည် ပြီးဆုံးရန် မိနစ် ၅၀ကျန်သေးသည်။ ထန်ရှုလည်း စကားမပြောတော့သကဲ့သို့ ထန်ရှုကို ခဏခဏ စိုက်ကြည့်ရင်း ကျေနပ်နေသည့် အပြုံးကို ပြုံးကာ ပေါက်ပေါက်စားနေသော အိုးရန်လူလူသည်လည်း စကားမပြောချေ။ သူ၏ပါးစပ်ထဲသို့ပင် ပြောင်းဖူးပေါက်ပေါက်ကို အကြိမ်အနည်းငယ် သူမ ထည့်ပေးလိုက်သေးသည်။

များမကြာမီ ရုပ်ရှင်က ပြီးသွားခဲ့ပြီ။ ရှေ့ဆုံးတန်းမှ ကြည့်ရှုသူများ ထွက်ခွာသွားပြီးနောက် ထန်ရှုက ပြုံးပြီး ရပ်လိုက်သည်။ သရီးဒီမျက်မှန်ကို ကောက်ကိုင်လိုက်ပြီး

“ရုပ်ရှင်ပြီးပြီ။ အပြင်ထွက်ရအောင်။”

ပေါက်ပေါက်ဗူးကို ကိုင်ထားသော အိုးရန်လူလူသည် မတ်တတ်ထရပ်ကာ သက်တောင့်သက်သာဟန်ဖြင့် ဆန့်တန်းလိုက်ပြီး

"ကားကို ခြောက်နာရီကျော် ဆက်တိုက်မောင်းပြီးကတည်းက ငါ ခြေကုန်လက်ပမ်း ကျလုနီးပါး ဖြစ်နေပြီ။ ဒီမှာထိုင်ပြီး ရုပ်ရှင်ကြည့်ပြီးမှ နည်းနည်းသက်သာသွားတော့တယ်။”

“မင်း ငါ့ကို မပြောရသေးဘူးနော်။ အပြာရောင်မြို့ကို ဘယ်လိုရောက်လာတာလဲ။" ထန်ရှုက ထူးဆန်းသော လေသံဖြင့် မေးလိုက်သည်။

"နောက်ပြီး ... ငါ ကြည်လင်ကန်ကလပ်မှာ ရောက်နေတယ်ဆိုတာ မင်း ဘယ်လို သိတာလဲ။"

"ပြီးခဲ့တဲ့ရက်အနည်းငယ်က လုံကျန့်ယုနဲ့ အလုပ်ကိစ္စတချို့အကြောင်း ဖုန်းပြောဖြစ်ခဲ့တယ်။" အိုးရန်လူလူက ရယ်ရယ်မောမော ပြောလာသည်။ "နင်တို့နှစ်ယောက် ဒီမှာ အားလပ်ရက်ရှိမှန်း ငါ မတော်တဆ သိလိုက်ရလို့ ငါ လာခဲ့တာ။ ငါ့ကို ဒီမှာ မကြိုဆိုဘူးလို့ နင် မပြောနဲ့နော်။"

ထန်ရှု စိတ်အတွင်းထဲတွင် မချိပြုံး ပြုံးပြရုံသာ တတ်နိုင်သည်။ အိုးရန်လူလူက စိတ်ထဲမှာ ရှိသမျှ သူ့အား ဖုံးကွယ်မထားပေမယ့် သူမနှင့်တွေ့တိုင်း သူမ၏ စိတ်အားထက်သန်စွာ ရဲရဲတင်းတင်း လိုက်ရှာမှုကြောင့် အနည်းငယ် ကူကယ်ရာမဲ့နေပါသေးသည်။ ထိုအကြောင်းကြောင့်ပင် လုံကျန့်ယု စကားများလွန်းသည်ဟု သူ့စိတ်ထဲတွင် အနည်းငယ် စောဒကတက်နေရခြင်းဖြစ်သည်။

"သွားစားရအောင်။ ငါ အရမ်းဗိုက်ဆာနေပြီ။" အိုးရန်လူလူက ထန်ရှု၏အဖြေကို စောင့်မနေဘဲ သူ၏လက်မောင်းကို တွဲကာ အပြင်ဘက်ဆီသို့ လျှောက်သွားလိုက်သည်။

ဝမ်ကျိဒေါင်သည် ရုပ်ရှင်ခန်းမအပြင်တွင် စောင့်နေသည်။ အိုးရန်လူလူက ထန်ရှုနှင့် အတူလက်တွဲပြီး ထွက်လာသည်ကို မြင်လိုက်ရတော့ သူ၏စိတ်ခံစားမှုများ အတန်ပင် ရှုပ်ထွေးသွားရသည်။ ဆိုဖာပေါ်ကနေ ထရပ်ပြီး သူတို့ကို နှုတ်ဆက်အပြီးတွင် သူက အနည်းငယ်ပြုံးပြီး

“မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့။ မင်းသာ ထွက်မလာရင် ငါ့ဗိုက်ကလေး ပြားကပ်နေမှာကို ကြောက်ရတယ်။"

"အာ … မင်းက ဘာလို့ ဒီမှာရောက်နေတာလဲ ဝမ်ကျိဒေါင်" ထန်ရှုက စပ်စုလိုသောအမူအရာဖြင့် မေးလိုက်သည်။

"သူနဲ့ငါ အစောပိုင်းက စကားစမြည်ပြောပြီး နင့်ကိုတွေ့ဖို့ ငါလာတယ်ဆိုတာ သိလိုက်ရတော့ သူက ငါ့ကို ဒီကို လိုက်ပို့ပေးခဲ့တာ" အိုးရန်လူလူက ပြုံးကာ ရှင်းပြသည်။

ဝမ်ကျိဒေါင်၏မျက်နှာတွင် အနေရခက်နေသည့် အမူအရာတစ်ခု ရှိနေသော်လည်း သူသည် မိမိကိုယ်ကို ချုပ်တည်းကာ

“ရှေးခေတ်ကတည်းက သူရဲကောင်းတွေက အလှလေးတွေကို နှစ်သက်ကြတယ်။ အဲ့ဒါကြောင့် ငါ မျက်နှာအရေထူထူ ထားပြီး မရီးနဲ့ စကားစမြည် ပြောဖြစ်တယ်။ ကျေးဇူးပြုပြီး နောင်ကျရင် ဒီရှက်စရာကောင်းတဲ့ အရာကို ထပ်ပြီး မပြောပါနဲ့တော့။ နို့မဟုတ်ရင် တခြားသူတွေရဲ့ ရယ်မောစရာ ဖြစ်ပြီး ငါ သေတော့မှာ။"

“အိုခေ အိုခေ…။ ငါ မပြောတော့ပါဘူး။” အိုးရန်လူလူ မျက်လုံးများ မှေးသွားသည့်ထိ ပြုံးလိုက်ပြီး လိုက်လျောလိုက်သည်။

မရီးတဲ့လား…

ထန်ရှုသည် သူ့ကို အကဲခတ်လိုက်ပြီးနောက် အိုးရန်လူလူအား လှည့်ကြည့်မိသည်။ သူ၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် လက်ကို ရုတ်တရက် ခံစားမိလိုက်သောကြောင့် ဝမ်ကျိဒေါင်က အိုးရန်လူလူအား သူ့အမျိုးသမီးအဖြစ် တကယ်ပင် မှတ်ယူလိုက်ကြောင်း ချက်ချင်း သိလိုက်ရသည်။

ဟင့်အင်း … တစ်ခုခုတော့ မမှန်ဘူး။ သူမက သူ့ကိုရှာဖို့ လာနေရင်တောင်မှ မရီးဟု ဝမ်ကျိဒေါင်က ခေါ်နေစရာ မလိုပေ။ ဒါက သေချာပေါက် အိုးရန်လူလူ လုပ်နေတာပင်။ သေချာတာကတော့ ဝမ်ကျိဒေါင်ကို သူမ တစ်ခုခု ပြောလိုက်သောကြောင့် ဖြစ်ပေမည်။ ထိုအတွေးနေရာသို့ အရောက်တွင် ထန်ရှုသည် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

ယောက်ျားတစ်ယောက်အတွက် မိန်းကလေးများကို အီစီကလီ လုပ်သောအခါ မျက်နှာထူခြင်းသည် တကယ်ကို ဘုရင်ကြီးနည်းလမ်းတစ်ခုပင်။ သို့သော် အလွန် နိယာမကျစွာဖြင့် ထိုသို့သော ယောက်ျားတစ်ယောက်အား အိုးရန်လူလူက စေ့စပ်ပြတ်သားစွာ အသုံးချခဲ့ခြင်းဖြစ်သည်။

သူမက သတ္တိရှိတယ်။ ငါ ဒီနေရာမှာ မိန်းကလေးတစ်ယောက်က ငါ့ကို ရွေးချယ်တော်ကောက်ခံရသလို ခံစားနေရသလိုပဲ။

ထန်ရှု သူ၏စိတ်ထဲမှ အဓိပ္ပါယ်မဲ့သောအတွေးများကို ဖယ်ထုတ်ရင်း နှာခေါင်းကို လက်ဖြင့် ထိလိုက်ပြီး

"အခု နေ့လည်စာ စားချိန်ရောက်ပြီမို့ အတူတူ ထမင်းစားကြရအောင်။ ဒီနေ့ ဟောင်ရှုရော လာပြီလား။ သူရှိရင် ဒီမှာ ငါတို့နဲ့ အတူတူစားဖို့ ခေါ်လိုက်ပါ။”

မကြာသေးမီက ဝမ်ကျိဒေါင်ခမျာ သူ့ကိုယ်သူ တတိယလူနှင့်တူသည်ဟု ထင်နေသောကြောင့် ၎င်းတို့နှင့် နေ့လည်စာစားရန် မသင့်တော်လောက်ဟု တွေးနေမိသည်။ ထန်ရှု၏အဆိုပြုစကားကို ကြားလိုက်ရသောအခါ သူ ချက်ချင်းပင် ပျော်ရွှင်သွားသည်။ သူက တတိယလူတစ်ယောက်က လွဲပြီး ဘာမှမဟုတ်ပေမယ့် ထမင်းအတူစားရန် အဖိတ်ခံရသည်။ ဖုန်းပြောပြီးနောက် ထန်ရှုကို ကြည့်ကာ

"ဟောင်ရှုကို ငါ ဖုန်းဆက်လိုက်တော့ လေဆိပ်ကပြန်လာပြီး ဒီကို လာနေတယ်လို့ ပြောတယ်။ ဖေးရှန်းလည်း ပါလာတယ်လို့ ပြောတယ်။ ဖေးမိသားစုရဲ့ ဒုတိယသခင်လေးကို မင်း သိတယ်မလား ထန်ရှု။"

"အင်း … ငါ သူ့ကို သိတယ်။" ထန်ရှုက ပြုံးကာ ပြောသည်။

"မင်းရဲ့ ပုဂ္ဂလိကအဆက်အသွယ်တွေက အရမ်းကောင်းတာပဲ ညီအစ်ကို ထန်ရှု…" ဝမ်ကျိဒေါင်က စိတ်ရင်းမှန်ဖြင့် ချီးကျူးပြောဆိုလိုက်သည်။

"မင်း ဒီကိုလာတာ ပထမဆုံးအကြိမ်ဖြစ်မှန်း ငါ မသိခဲ့ရင် မင်းကို အပြာရောင်မြို့ဇာတိကလို့တောင် ထင်မိလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါ့မျက်စိရှေ့တော့ ဖေးမိသားစုရဲ့ ဒုတိယသခင်လေးက ထိပ်ဆုံးကိုပဲ အမြဲတမ်း မျက်စိကျနေပြီး မာနကြီးပြီး အနိုင်ကျင့်တတ်တဲ့ လူမျိုးပဲ။”

"ဖေးရှန်းက အဲ့လိုလူစားမျိုးလား။" ထန်ရှု အံ့သြသွားသည်။

"ဒါပေမယ့် ငါကတော့ သူ ဒီလိုဖြစ်နေတယ်လို့ လုံးဝ မထင်ပါဘူး။"

"ဟုတ်ပါပြီ။" ထန်ရှုအား သဘောကျသည့် အကြည့်တစ်ချက် ကြည့်လိုက်ပြီး ဝမ်ကျိဒေါင်၏စိတ်အတွင်းထဲတွင် ပြုံးရုံသာ ပြုံးနိုင်တော့သည်။ ထိုအကြောင်းကို တွေးကြည့်လိုက်ရင် ထန်ရှု၏ကိုယ်ပိုင်ဂုဏ်ပုဒ်ကြောင့် ဆက်ဆံပေးထားသည်ဟု ခံစားမိသည်။ ဖေးရှန်းသည် ဖေးမိသားစု၏ဒုတိယသခင်လေးဖြစ်သော်လည်း သူ့အား မြို့တော်မှ ထက်မြက်သော သခင်လေး ထန်ရှုနှင့် နှိုင်းယှဉ်ပါက ကမ္ဘာများ ခြားနေသဖြင့် သူသည် ထန်ရှု၏အရှေ့တွင် စိတ်ကြီးဝင်လိမ့်မည်မဟုတ်ပေ။

နေ့လယ်စာအား အဓိပတိခန်းမ၌ ပြင်ဆင်ထားပြီး လူတိုင်း နှစ်သက်စွာ အားပါးတရ စားကြသည်။ ယခုမှ ပြန်ရောက်ခါစ ခရီးသွားဝတ်စုံဖြင့် ဖေးရှန်းသည် ထန်ရှု ရောက်ရှိနေခြင်းကြောင့် ပို၍ပင် စိတ်အားတက်ကြွနေသည်။ ထမင်းစားနေစဉ်တွင် တုယွင်ကျဲအား ထန်ရှုမှ သင်ခန်းစာပေးခဲ့ကြောင်း၊ တုယွင်လုံသည်ပင် ထန်ရှုလက်ထဲ၌ ရှုံးနိမ့်သွားကြောင်းကို ကြားနေရသဖြင့် သူ၏မျက်လုံးထဲတွင် ထန်ရှုအပေါ် သဘောကျမှုများ ပိုမိုတိုးလာစေသည်။

တတိယထပ်ရှိ သီးသန့်အခန်းတွင်းရှိ ထမင်းစားခန်းမ…

အရက်သောက်ထားသဖြင့် မျက်နှာများ နီမြန်းနေကြကာ သူမ၏အရှေ့တွင် ထိုင်နေသည့် လူ၄ယောက်အား လီရှောင်ချန်း ကြည့်နေမိသည်။ သူမ၏ဘယ်ဘက်တွင် ထိုင်နေသူမှာ တော်ဝင်ဂီတအကယ်ဒမီကျောင်းမှ တွဲဖက်ပါမောက္ခ ဖြစ်ပြီး ဂီတအသိုင်းအဝိုင်းအတွင်း ခိုင်မာသော ချိတ်ဆက်မှုများ ရှိသည်။ ညာဘက်တွင် ထိုင်နေသူများမှာ ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် အပြာရောင်မြို့ ရုပ်သံလိုင်းတွင် မကြာသေးမီက ထုတ်လွှင့်ခဲ့သော “ငါက သီချင်းဆိုရတာ ရူးသွပ်တယ်” အစီအစဉ်၏ ပုံမှန်ဂုဏ်ထူးဆောင်ဧည့်သည်တစ်ဦး ဖြစ်သည်။

သူမသည် ဂီတတွင် ထူးချွန်သူဖြစ်ပြီး ကျောင်းဝင်းအတွင်းရှိ ဆရာများနှင့် ပါမောက္ခများစွာ၏ ချစ်ခင်မှုကို ခံရသည်။ "ငါက သီချင်းဆိုရတာ ရူးသွပ်တယ်" အစီအစဉ်၏တတိယအသုတ်တွင် သူမ ပါဝင်ပြီးဆုံးသွားသောအခါ၌ သည်လူတစ်စု၏ ချီးကျူးနှစ်သက်မှုကို ရရှိနိုင်ရန် မျှော်လင့်ချက်များဖြင့် ကျောင်းမှ သူမ၏အကြံဉာဏ်ပေးသူဖြစ်သော  ပါမောက္ခထန်းကျန်းက ထိုသူတို့ကို ဧည့်ခံပေးရန်အတွက် သူမအား သည်တစ်ခေါက် ခေါ်လာခဲ့ခြင်းဖြစ်သည်။ ခင်မင်ရင်းနှီးမှုတံတားကို တည်ဆောက်ပြီး ထိုသူတို့မှတဆင့် နောက်ဆုံးတွင် ပြိုင်ပွဲ၌ ထူးချွန်သော နေရာကို ရရှိရန် ထန်းကျန်းက ရည်ရွယ်ထားပေသည်။

သို့သော် ဤကဲ့သို့အရိုအသေပေးဧည့်ခံမှုမျိုးအား လီရှောင်ချန်း မနှစ်သက်သော်လည်း ဆရာဖြစ်သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို ငြင်းဆန်ပါက မကောင်းတတ်သောကြောင့် သူမသည် စိတ်အတွင်းတွင် စိတ်ဓာတ်ကျနေသော ခံစားချက်အား ထိန်းချုပ်ထားခဲ့သည်။ စကားစမြည်ပြောကြသည့်အခါ သူတို့ပြောနေကြသည့် ယောကျ်ားနှင့်မိန်းမကြားက ဟာသများကို နားထောင်ပြီး တိတ်ဆိတ်စွာ ထိုင်ရင်း အဖော်လုပ် သောက်ပေးနေခဲ့သည်။

"ရှောင်ချန်း … ငါတို့တွေ အပြည့်အဝ ခံစားလိုက်ကြရအောင်။ နောက်ပြီး မင်းက ဂီတအကယ်ဒမီ အလားအလာကောင်းတွေ ရှိတဲ့ ကျောင်းသူကောင်းတစ်ယောက်လည်း ဖြစ်တယ်။ ဒီဝိုင်တစ်ခွက်လောက် သောက်ပြီးရင် ဖျော်ဖြေရေးခန်းမကို သီချင်းဆိုဖို့ သွားပြီးတော့ မင်းရဲ့ အံ့သြစရာကောင်းတဲ့ အသံကို အရင်ဆုံး ခံစားကြည့်ကြတာပေါ့။”ဒါရိုက်တာက ဝိုင်ခွက်ကို မြှောက်ပြီး အခြားလက်တစ်ဖက်က လီရှောင်ချန်း၏နောက်ကျောအား ထိနေသည်။

လီရှောင်ချန်းက ထိုသူ၏လက်ကို အမြန် ပြန်ဆွဲဖယ်လိုက်သည်။ သူမ၏ဝိုင်ခွက်ကိုယူကာ မတ်တပ်ရပ်လိုက်ပြီး နူးညံ့သောမျက်နှာလေးထက်တွင် ပေါ့ပါးသောအပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ရင်း "ဒါရိုက်တာပိုင် … ကျွန်မ ဒီနေ့ ဝိုင်သောက်တာများလို့ နည်းနည်းမူးနေပြီ။ ဖျော်ဖြေရေးခန်းမမှာ သီချင်းဆိုဖို့ မခံနိုင်တော့ဘူး။ ဒီဝိုင်ခွက်ကို အရိုအသေပေးတဲ့ အနေနဲ့ ကုန်အောင် သောက်ပြီး ကျွန်မ အရင်ပြန်နှင့်တော့မယ်။"

ထိုသို့ပြောပြီးနောက် သူမသည် ဝိုင်ခွက်ကို တစ်ခါတည်း ကုန်အောင် သောက်လိုက်ပြီးနောက် ကုလားထိုင်ပေါ်တွင် ချိတ်ဆွဲထားသော သူမ၏လက်ဆွဲအိတ်ကို လှမ်းယူသည်။

သို့သော်လည်း လူလတ်ပိုင်း ဒါရိုက်တာသည် ဝိုင်ခွက်ကို စားပွဲပေါ်တင်ကာ မကျေနပ်သည့်ပုံစံဖြင့်

"ရှောင်ချန်း … ဒီမှာ စကားကောင်းကောင်း ပြောရအောင်။ မင်းက ရုတ်တရက် ပြန်ချင်တယ်ဆိုတော့ ဒီလူတိုင်းရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲနော်။ ဒီလိုဖြစ်ရင် ဒီဝိုင်တစ်ခွက်ကို ငါ တကယ် မသောက်နိုင်ဘူး။"

ဂုဏ်ထူးဆောင် ဧည့်သည်တော်ကလည်း စိတ်ပျက်သော အမူအရာကို ထုတ်ပြပြီး

"အခုပဲ ဒိုင်လေးယောက်နဲ့ ငါ့ရဲ့ဆက်ဆံရေးအကြောင်း မင်းကို ငါ ပြောထားပြီးသားဆိုတာ သေချာတယ်။ ငါတို့တွေက ရှိုးပွဲပါတနာတွေ ဖြစ်တဲ့အပြင် သီးသန့်လုပ်ဖော်ကိုင်ဖက်တွေလည်း ဖြစ်တယ်။ နောက်ဆုံးအပိုင်းအတွက် မီဒီယာက ဝေဖန်သုံးသပ်သူအများစုကလည်း ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေချည်းပဲ။ မင်းက ငါတို့ရဲ့ အစီအစဉ်မှာ ပါဝင်ချင်ပြီး ပထမနေရာကိုလည်း ရယူချင်တယ်။ ငါ့အကူအညီမပါဘဲ မင်းလုပ်နိုင်မယ် ထင်လား။"

မျက်မှောင်ကြုပ်ထားရင်း ထန်းကျန်း၏ မျက်နှာပေါ်တွင် မကျေနပ်သောအမူအရာက ဖုံးလွှမ်းသွားသည်။ သူ စိတ်ပျက်သွားသူမှာ ဒါရိုက်တာပိုင်နှင့် ဂုဏ်ထူးဆောင်ဧည့်သည်ကို မဟုတ်ဘဲ လီရှောင်ချန်းကို ဖြစ်သည်။ သူသည် လီရှောင်ချန်းအား အပြာရောင်မြို့ရုပ်သံလွှင့်ရုံ မှ "ငါက သီချင်းဆိုရတာ ရူးသွပ်တယ်" အစီအစဉ်တွင် ပါဝင်နိုင်မည်ဟု မျှော်လင့်ထားပြီး သူမကိုယ်တိုင်လည်း အလွန်စိတ်လှုပ်ရှားနေသည်ဟု သူ ပြောနိုင်ပေသည်။ အခုခေတ်တွင် တစ်စုံတစ်ခုကို လိုချင်ပါက တစ်စုံတစ်ခုကို ပြန်ပေးရမည်မှာ သဘာဝပင်။ ကျော်ကြားမှု စတင်ချင်သော ကျောင်းသူများ ဘယ်နှစ်ယောက် ရှိလိုက်လဲ။ နောက်ဆုံးတွင် ၎င်းတို့သည် သီးသန့်ပေးချေမှုအချို့ကိုပင် ပြုလုပ်ခဲ့ကြသည် မဟုတ်လော။

ထို့အပြင် ဒီနေ့ သူမအား အခွင့်ကောင်းယူချင်သူမှာ သူကိုယ်တိုင် မဟုတ်ဘဲ သူ့အရှေ့မှ လူများဖြစ်သည်။ လီရှောင်ချန်းက သည်လူတွေကို ဧည့်ခံပြီး ညနေတွင် ဒါရိုက်တာပိုင်အား အဖော်လုပ်ပေးမည်ဆိုပါက သည်သီချင်းဆိုခြင်း အစီအစဉ်၏တတိယအသုတ်တွင် ပထမနေရာကို မရခဲ့ဘူးဆိုပါရင်တောင် သူမသည် တတိယနေရာနှင့် ဒုတိယနေရာတွင် ရပ်တည်နိုင်နေပါသေးသည်။

"မင်း မူးနေသလိုမျိုး စကားမပြောပါနဲ့ ရှောင်ချန်း။ မြန်မြန်လုပ်ပြီး ဒါရိုက်တာပိုင်နဲ့ ကျန်တဲ့သူတွေနဲ့အတူ တစ်ခွက် သောက်လိုက်ပါ။ ပြီးတော့ သူတို့ကို တောင်းပန်လိုက်။” ထန်းကျန်းက သူမအား တီးတိုး အပြစ်တင်လိုက်သည်။

“ကျွန်မက …” လီရှောင်ချန်း အံ့အားသင့်သွားပြီး သူမ၏မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

***

All Chapters