ကျော့ကွင်းများ ဆင်ခြင်း
Vol. 45 Ch. 625
အဓိပတိခန်းမအတွင်း…
နတ်ဘုရားဝတ်ရည်ဝိုင်၏သင်းရနံ့သည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံနေလျက် ရှိသည်။ အခန်းတွင်း၌ အိုးရန်လူလူလို မိန်းကလေးတစ်ဦး ရှိနေသောကြောင့် ထန်ရှု ဆေးလိပ်မသောက်ပေ။ မူလက ဟောင်ရှုနှင့် ဖေးရှန်းတို့သည် အိုးရန်လူလူကို ဤနေရာတွင် မြင်လိုက်ရသောအခါတွင် ရှို့တို့ရှန်းတန်း ဖြစ်နေခဲ့ကြပြီး မိန်းမလှလေး၏အရှေ့တွင် ပိုမိုကောင်းမွန်အောင် ပြသလိုကြသည်။ သို့သော်လည်း အိုးရန်လူလူသည် ထန်ရှု၏မိန်းကလေး ဖြစ်ကြောင်း ဝမ်ကျိဒေါင်ဆီမှ သိရပြီးနောက် သူတို့သည် အစောပိုင်းကအတွေးအား ချက်ချင်း ပယ်ဖျက်ကာ မရီးဟု ခေါ်ကြခြင်းဖြင့် အိုးရန်လူလူ၏ပျော်ရွှင်မှုအား တိုးလာစေသည်။ ထန်ရှုသည် ၎င်းတို့အား တစ်ကြိမ် အမှန်ပြင်ကြည့်သော်လည်း နောက်ဆုံးတွင် သူ၏ကြိုးစားမှုသည် အချည်းနှီးဖြစ်ကာ မည်သည့်အကျိုးသက်ရောက်မှုမှ မရှိကြောင်း သိသွားသောကြောင့် ၎င်းတို့ကို ထပ်မံ မပြင်ပေးတော့ပေ။
ရုပ်ရှင်ကြည့်လာပြီးနောက် ထန်ရှု၏ခေါင်းထဲတွင် စိတ်ကူးစိတ်သန်းများနှင့် ပြည့်နှက်နေပြီး အိုးရန်လူလူ အခန်းထဲမှ ထွက်သွားချိန်တွင် သိပ္ပံနှင့်နည်းပညာနယ်ပယ်မှ အရည်အချင်းရှိသူများအကြောင်းအား ဟောင်ရှုတို့၃ဦးအား မေးမြန်းခဲ့ရာ မည်သည့် သိပ္ပံပညာရှင်ကိုမျှ မသိသည့်အတွက် သူ စိတ်ပျက်သွားမိသည်။
သိပ္ပံနှင့်နည်းပညာ သုတေသနဌာနကို တည်ထောင်ရန် စိတ်ကူးက ထန်ရှု၏အတွေးထဲတွင် နေရာယူနေပြီး လမ်းကြောင်းအမျိုးမျိုးမှ သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာအချို့ကို ဖော်ထုတ်လိုသော်လည်း သူ့အသိမိတ်ဆွေများ သိရှိခြင်းရှိမရှိကိုမူ သူ မသိပေ။
ရွေးစရာ မရှိတော့ဘူးလား…
သူ ဖန်ခွက်ကို ပြန်ချလိုက်ချိန်တွင် အိုးရန်လူလူ ဝင်လာသည်ကို တွေ့လိုက်ရပြီးနောက် သူ၏အမူအရာမှာ အနည်းငယ် အံ့အားသင့်သွားသည်။
လီရှောင်ချန်း … သူမ ဘယ်လိုဖြစ်…
လီရှောင်ချန်း၏ ဖရိုဖရဲဖြစ်နေသော သွင်ပြင်၊ သူမ၏ ပါးစပ်ထောင့်ရှိ သွေးစအချို့နှင့် သူမ၏ မျက်လုံးများတွင် အံ့သြသွားသော အမူအရာကို ကြည့်ပြီး ထန်ရှုက မတ်တပ်ထရပ်ကာ
"လူလူ … မင်းနဲ့ ရှောင်ချန်းက ..."
လီရှောင်ချန်း အခန်းထဲ ဝင်လာသည့်အခါ ထန်ရှု ထိုင်နေသည်ကို မြင်လိုက်ရပြီး လျှပ်တပြက်အတွင်း သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်အမူအရာများ ဖြစ်လာကာ စက္ကန့်အနည်းငယ်အတွင်း ကျေနပ်ဝမ်းသာမှုတို့ဖြင့် အစားထိုးသွားခဲ့သည်။ အားလုံး အံ့အားသင့်နေသောအချိန်တွင် သူမသည် ထန်ရှု၏ဘေးသို့ ပြေးသွားပြီး လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ဝမ်းနည်းတစ်ဝက်နှင့် စိတ်လှုပ်ရှားမှုတစ်ဝက်ဖြင့် ငိုရှိုက်ရင်း
“ထန်ရှု …”
"မင်း အဆင်ပြေရဲ့လား။" ထန်ရှုက နူးညံ့သောလေသံဖြင့် မေးလိုက်သည်။
လီရှောင်ချန်းသည် ခေါင်းယမ်းပြရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း မျက်ရည်များက တာကျိုးသကဲ့သို့ ဝေါကနဲ သွန်ကျလာသည်။
"နင် သူ့ကို သိတာလား။" အိုးရန်လူလူက အံ့အားသင့်စွာ မေးလိုက်သည်။
“ရှောင်ချန်းက အထက်တန်းကျောင်းတုန်းက ငါ့ရဲ့ အတန်းဖော်ပါ။” ထန်ရှုက ဖြေသည်။
"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။" အိုးရန်လူလူသည် ထူးဆန်းသောအမူအရာဖြင့် မှတ်ချက်ပေးသည်။
စကားတစ်လုံးမှ မဆိုဘဲ ခေါင်းညိတ်ပြရင်း ထန်ရှုက မေးလိုက်သည်။
"ဘာဖြစ်လာကြတာလဲ။"
ထိုမေးခွန်းကို ကြားသည့်အခါ အိုးရန်လူလူ၏ မျက်နှာထက်တွင် ဒေါသရိပ်များ ပေါ်လာပြီး “ငါ သန့်စင်ခန်းက ထွက်လာတော့ လူတယောက်က သူ့နောက်ကို ပြေးလိုက်နေတာ တွေ့တယ်။ နောက်မှ သိရတာက အဲ့ဒီလူက သူ့ဆရာတဲ့။ လူ့အဝတ်အစားနဲ့ ဝတ်ထားတဲ့ အကျင့်ပျက်သားရဲကောင်ကြီး…”
အိုးရန်လူလူက သူမ သိသလောက် အကြောင်းစုံကို ပြောပြခဲ့ပြီး ရှောင်ချန်းက ကြားထဲတွင် ဖြည့်စွက်ဝင်ပြောသည်။ တော်ဝင်ဂီတအကယ်ဒမီကျောင်းမှ တွဲဖက်ပါမောက္ခတစ်ယောက်သည် သည်ကဲ့သို့ အရှက်ကင်းမဲ့စွာ လုပ်လိမ့်မည်ဟု ထင်မထားးသောကြောင့် အခန်းတွင်းရှိလူတိုင်း ဒေါသထွက်သွားကြသည်။ အလားတူပင် 'ငါက သီချင်းဆိုရတာ ရူးသွပ်တယ်' အစီအစဉ်၏ ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် ဂုဏ်ထူးဆောင်ဧည့်သည်များသည် အကျင့်စာရိတ္တကောင်းမွန်ပြီး သမာဓိရှိသူများ ဖြစ်သည်ဟု ထင်ထားသော်လည်း လူ့အဖွဲ့အစည်း၏ အတွင်းပုပ်ပွနေသော လူများ ဖြစ်လိမ့်မည်ဟု စိုးစဉ်းမျှပင် မထင်ထားခဲ့ကြပေ။
"အဲ့ဒီလူတွေကို ဖမ်းဖို့ ငါ လွှတ်လိုက်မယ်။" ဟောင်ရှုက ဒေါသတကြီး ပြောလိုက်သည်။
“ငါတို့ ကြည်လင်ကန်ကလပ်မှာ ဒီလို စက်ဆုပ်ဖွယ်ကောင်းတာတွေကို လုပ်ဖို့ သူတို့က တကယ်ကို သတ္တိရှိတာပဲ။ လုံးဝကို သနားဖို့ မထိုက်တန်ဘူး။”
ထန်ရှုက သူ့ကို လက်မြှောက်ကာ တားလိုက်ရင်း မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။
"ဟောင်ရှု … မင်း စိတ်မလှုပ်ရှားနဲ့။ ရှောင်ချန်းက ငါ့ရဲ့ အထက်တန်းတုန်းက အတန်းဖော် ဖြစ်တာမို့ အခြားသူတွေက သူ့ကို အနိုင်ကျင့်တဲ့အချိန် ငါက ဒီအတိုင်း နေမှာ မဟုတ်ဘူး။ ဒီလူတွေက လူ့အဖွဲ့အစည်းရဲ့ လူယုတ်မာတွေနဲ့ အတွင်းပုပ်ပွနေတဲ့သူတွေကလွဲပြီး ဘာမှမဟုတ်တဲ့အတွက် သူတို့ကို နောက်တဖန် ပြန်လည်ထမြောက်ဖို့ အခွင့်အရေးမပေးဘဲ သူတို့ကို သေချာဖယ်ရှားပစ်ရမယ်။ လူလူ … ရှောင်ချန်းကို ငါ နေနေတဲ့ အခန်းကို ခေါ်သွားပါ။ အစီအစဉ်တွေ ပြီးတာနဲ့ နောက်မှ ပြန်တွေ့ကြမယ်။”
"ဒါ ... ကောင်းပြီလေ။" အိုးရန်လူလူက ခေါင်းညိတ်လိုက်ပြီး ထန်ရှု၏အခန်းနံပါတ်ကို မေးပြီး လီရှောင်ချန်းကို ခေါ်သွားလိုက်သည်။
ခန်းမအတွင်း၌ ဟောင်ရှုက သတ်ဖြတ်လိုသည့် အမူအရာဖြင့်
“ထန်ရှု … ငါတို့ ဘာဆက်လုပ်ရမလဲ။”
ထန်ရှုက ဆိုဖာပေါ် ပြန်ထိုင်လိုက်ပြီးနောက် မျက်လုံးများကို မှေးစင်းထားပြီး
"အတော်လေး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတချို့ကို ပိုက်ဆံအချို့သုံးပြီး ရှာ။ ပြီးရင် ကြည်လင်ကန်ကလပ်မှာ အဲ့ဒီလူယုတ်မာလေးယောက်နဲ့ တစ်ညတာကုန်ဆုံးဖို့ သူတို့ပိုင်ဆိုင်တဲ့ အရည်အချင်းအားလုံးကို အသုံးချဖို့ ပြောလိုက်။ ပြီးတော့ အခန်းထဲမှာ ကင်မရာတစ်လုံး တပ်ဆင်ပြီး အခန်းတွင်းထဲမှာ လုပ်သမျှကို မှတ်တမ်းတင်နိုင်အောင် အစွမ်းကုန် ကြိုးစားဖို့ မမေ့ပါနဲ့။ မင်း အဲ့ဒါကို လုပ်နိုင်ပါ့မလား။"
“အဲ့ဒါက လွယ်လွယ်လေး။" ဟောင်ရှုက ရယ်မောလိုက်သည်။
“ဟောင်မိသားစုတဝိုက်မှာ စင်ပေါ်ကို တရားဝင် ပေါ်လာချင်တဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်။ ပိုက်ဆံလုံလုံလောက်လောက် ပေးလို့ကတော့ ပျော်ပျော်ကြီး သူတို့တွေနဲ့အဖော်လုပ်ပေးလိမ့်မယ်။”
"ဒါဆို အဆင်ပြေပြီ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။ “အခု အသေးစိတ် ဆွေးနွေးကြရအောင်။ ငါတို့က သူတို့ကို မွှေနှောက်ချင်တာဆိုတော့ သူတို့ကို အဆုံးထိ ရိုက်ရလိမ့်မယ်။ သူတို့ကို ထောင်ကျအောင် လုပ်ပြီး အနည်းဆုံး နှစ်အနည်းငယ်လောက် ဒုက္ခရောက်အောင် ထားလိုက်တာ အကောင်းဆုံးပဲ။”
“အဲ့ဒီဘဲအိုကြီးတွေ ထောင်ကျရင် အထဲမှာ စိတ်ဆင်းရဲ ကြေကွဲဖွယ်ရာတွေ ရလိမ့်မယ်လို့ ငါ အာမခံတယ်။” ဖေးရှန်းက အသံလေးလေးဖြင့် နောက်က ထပ်ပြောသည်။
"သူတို့က ကောင်းကင်နဲ့ မြေကြီးကို တပြီး အော်ဟစ်နိုင်ပေမယ့် ကောင်းကင်က တုံ့ပြန်မှာ မဟုတ်သလို ကမ္ဘာမြေကလည်း သူတို့အတွက် နေရာပေးမှာ မဟုတ်ဘူး။"
မိနစ်အနည်းငယ်ကြာ ဆွေးနွေးပြီးနောက် ဟောင်ရှုနှင့် ဖေးရှန်းတို့သည် လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး အလျင်စလိုပြန်လာသော ဝမ်ကျိဒေါင်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
တတိယထပ်တွင် …
လီချမ်းလေ့၊ စားပွဲထိုးနှစ်ယောက်တို့နှင့်အတူ ဝမ်ကျိဒေါင်သည် ထန်းကျန်း၊ ဒါရိုက်တာပိုင်နှင့် အခြားနှစ်ဦးတို့ ယူထားသည့် အခန်းဆီသို့ ပြုံးရွှင်နေသော မျက်နှာများဖြင့် ရောက်ရှိလာသည်။ အချင်းချင်း ဆူညံစွာ ငြင်းခုံနေကြသော ထိုလူလေးဦး၏ ပြာတာတာအမူအရာကို ကြည့်ရှုပြီးနောက် ဝမ်ကျိဒေါင်က လက်ခုပ်တီးလိုက်ပြီး ပြုံးရွှင်စွာဖြင့် စကားဆိုလိုက်သည်။
“ဧည့်သည်လေးယောက်တို့ခင်ဗျား … ငါက ကြည်လင်ကန်ကလပ်ရဲ့ အထွေထွေမန်နေဂျာ ဝမ်ကျိဒေါင်ပါ။ ဒီတစ်ယောက်က စားသောက်ခန်းမရဲ့ မန်နေဂျာလီပါ။ မင်းတို့လေးယောက် ဒေါသထွက်နေတာကို ကြည့်ရတာ ငါတို့ကလပ်က ပေးတဲ့ ဖျော်ဖြေရေးနဲ့ ဝန်ဆောင်မှုတွေက ကျေနပ်စရာ မကောင်းဘူးလို့ ခံစားနေရလို့လား။"
ထိုမှတ်ချက်စကားကို ကြားသောအခါ ဒါရိုက်တာပိုင်တို့ လေးဦးသည် ချက်ချင်းပင် အံ့အားသင့်သွားကြပြီး ဒါရိုက်တာပိုင်၏အမူအရာမှာမူ ဖော်ရွေပြီး ပြုံးရွှင်သော အမူအရာဖြင့် အစားထိုးလာရင်း
“အာ … သခင်လေးဝမ် … မင်းကို ဒီမှာ တွေ့လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါက အပြာရောင်မြို့ ရုပ်သံလွှင့်ဌာနက ပိုင်အန်းပါ။ မနှစ်က ငါတို့ရဲ့ ရုပ်သံလွှင့်ဌာနကို မင်း လာတော့ အဝေးကနေ မင်းကို မြင်ဖူးတယ်။”
ဝမ်ကျိဒေါင် အံ့အားသင့်သွားပြီး ချက်ချင်းပင် ပြုံးကာ ပြောလိုက်သည်။
"အာ ခရိုင်ရုပ်သံလိုင်းက သူငယ်ချင်းဖြစ်ပုံရတယ်။ ကျေးဇူးပြုပြီး ငါ မင်းကို မမှတ်မိတာ ခွင့်လွှတ်ပါ။ ဒီတလော လူများစွာက…”
ဒါရိုက်တာ ပိုင်တို့၄ယောက်အဖွဲ့သည် အတန်ငယ် ကသိကအောက်ဖြစ်ပြီး အနေရခက်နေပုံရသော်လည်း သူ့စိတ်က ပိုမြန်လာပြီး မျက်နှာအရေထူထူဖြင့် ဒေါသတကြီး ပြုံးကာ ပြောလာသည်။
“ခုနက ငါတို့ငြင်းခုံနေကြတာ ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အမှန်တကယ်တော့ အမူးလွန်နေတဲ့ မိန်းကလေးတစ်ယောက်က ပြဿနာလာမွှေသွားလို့ပါ။ ငါတို့ သူ့ကို မောင်းထုတ်ပြီးသွားပါပြီ။"
ဝမ်ကျိဒေါင်သည် ထိုသူတို့အား စိတ်ထဲမှ တိတ်တဆိတ် သရော်နေသော်လည်း အပေါ်ယံတွင်မူ သူသည် အံ့အားသင့်သောအမူအရာဖြင့် ပြလျက်
"မင်းတို့ ဂုဏ်သရေရှိ ဧည့်သည်တွေ အရက်သောက်ဖို့ ထွက်လာတာကို မိန်းကလေးတစ်ယောက်က ဒီလိုဖျက်ပစ်လိုက်တာ အဆင်မပြေဘူးပေါ့။ စကားမစပ် … ငါ ဒီကိုလာရတဲ့ အကြောင်းရင်းက မင်းတို့ကို ဝမ်းသာစရာပွဲတစ်ခုရှိတဲ့အကြောင်း ဂုဏ်ယူစွာ လာပြောပြတာ။"
"ပျော်စရာပွဲလား ဟုတ်လား။" ဒါရိုက်တာပိုင် အံ့သြသွားသည်။
"ဒီပွဲက ဘာများလဲ။ အတိအကျ ပြောပါဦး။"
ဝမ်ကျိဒေါင်က လက်ခုပ်တီးလိုက်ရာ သူ့အနောက်မှ စားပွဲထိုးနှစ်ယောက်က နတ်ဘုရားဝတ်ရည်ဝိုင်ပုလင်း နှစ်ပုလင်းကို သယ်လာရင်း ရှေ့ကို ရောက်လာသည်။ ဝမ်ကျိဒေါင်သည် ဗန်းထဲမှ ပုလင်းကို ကောက်ယူပြီး ပြုံးပြုံးရွှင်ရွှင် ဆက်ပြောလိုက်သည်။
"ဒီပျော်စရာပွဲလေးက ငါတို့ကြည်လင်ကန်ကလပ်မှာ လာရောက်လည်ပတ်တဲ့ ၉၉, ၉၉၉, ၉၉၉၉ နဲ့ ၉၉၉၉၉ မြောက် ဧည့်သည်တွေကို ကံထူးရှင်တွေ ဖြစ်မယ်လို့ အတိအလင်း ကြေငြာထားပါတယ်။ သူတို့တွေရဲ့ ကုန်ကျစရိတ်အားလုံး ကင်းလွတ်ခွင့်ရရုံတင်မကဘူး နတ်ဘုရားဝတ်ရည်ဝိုင်တွေကိုလည်း ပေးသွားမှာပါ။ မင်းတို့အားလုံးက ငါတို့ကလပ်ရဲ့ ၉၉၉ ယောက်မြောက် ဧည့်သည်တွေပါ။”
"ဘာ…" ဒါရိုက်တာပိုင်က အံ့သြနေသော်လည်း ထန်းကျန်းနှင့် အခြားနှစ်ဦးတို့မှာ မီးတောက်နေသော မျက်လုံးများဖြင့် နတ်ဘုရားဝတ်ရည်ဝိုင် ပုလင်းနှစ်ပုလင်းကို စိုက်ကြည့်နေကြသည်။ ယနေ့ခေတ်တွင် နတ်ဘုရားဝတ်ရည်ဝိုင်၏ ဂုဏ်သတင်းသည် လွန်စွာ ကျော်ကြားပြီး ဝိုင်ဝါသနာရှင်များနှင့် ဝိုင်ကိုနှစ်သက်သူတိုင်းအတွက် အင်မော်တယ်များ၏အငွေ့အသက်များ ရှိသည်ဟု ဆိုနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားဝတ်ရည်ဝိုင်၏ဈေးနှုန်းသည် အလွန်ဈေးကြီးပြီး ဈေးကွက်တွင်ရောင်းချနေသော အရေအတွက်မှာလည်း လွန်စွာ နည်းပါးပေသည်။ သူတို့သည်လည်း အကြိမ်အနည်းငယ် မြည်းစမ်းဖူးသည့်တိုင် အားထုတ်မှုများစွာ ပြုလုပ်ပြီးမှ ရလာခဲ့ခြင်းဖြစ်သည်။
ဝမ်ကျိဒေါင်က အပြုံးဖြင့် ပြောလိုက်သည်။
"ဒါ့အပြင် မင်းတို့ ရွေးချယ်ဖို့ လိုအပ်တဲ့ ရွေးချယ်စရာ ၃မျိုးပါဝင်တဲ့ အစီအစဉ်တစ်ခုလည်း ရှိတယ်။"
"အဲ့ဒီအစီအစဉ်က ဘာများလဲ။" ဒါရိုက်တာပိုင်က အမြန် မေးလိုက်သည်။
“ပထမဆုံးအနေနဲ့ မင်းတို့လေယာဉ်လက်မှတ်နဲ့ တည်းခိုစရာတွေအားလုံး အကုန်အကျခံပေးတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားကို သုံးရက်ကြာ ခရီးစဉ်ပါ။ ဒုတိယက ခေတ်သစ်ရုပ်ရှင်နဲ့ တယ်လီဗေးရှင်းအုပ်စုမှ ရုပ်ရှင်တွေကို တစ်နှစ်ပတ်လုံး အရေအတွက် အကန့်အသတ်မရှိ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်ကတ်ကို ပေးမှာပါ။ တတိယတစ်မျိုးကတော့…”
သူတို့သည် ယနေ့တွင် ဤမျှကောင်းမွန်သော ဧည့်ခံမှုကို ရနိုင်မည်ဟု မမျှော်လင့်ထားသောကြောင့် ဒါရိုက်တာ ပိုင်သည် စိတ်ထဲတွင် လျှို့ဝှက်စွာ တုန်လှုပ်သွားသည်။ တတိယရွေးချယ်ခွင့်အား ဝမ်ကျိဒေါင်က ချက်ချင်း မရှင်းပြထားသည်ကို သတိပြုမိသောအခါ သိချင်စိတ် ပြင်းပြလာပြီး
"တတိယတစ်ခုကရော ဘာလဲ။"
သူ့လက်ကို ဝှေ့ယမ်းကာ စားပွဲထိုးနှစ်ယောက်အား ထွက်ခွာသွားစေရန် အချက်ပြလိုက်ပြီးနောက် ဝမ်ကျိဒေါင်က အပြုံးဖြင့်
"အခန်းထဲမှာရှိတဲ့ လူတိုင်းက ယောက်ျားတွေမို့ ငါ ပြောပြပါမယ်။ အဲ့ဒါက ငါတို့ကလပ်က ပံ့ပိုးပေးတဲ့ 'မင်္ဂလာညရဲ့တန်ဖိုးရှိတဲ့ မိနစ်တိုင်း' အစီအစဉ်လေးပါ။ ဖျော်ဖြေရေးခန်းမထဲမှာ ချောမောလှပတဲ့ မိန်းကလေးတွေ၊ ယောကျ်ားလေးတွေ အများကြီး ရှိတယ်။ လိင်မှုကိစ္စအတွက် မိန်းမလှ ဒါမှမဟုတ် လှပတဲ့ ယောက်ျားတွေကို မင်းတို့ ရွေးချယ်လိုက်ရင် ဘာမှ အ နှောင်အဖွဲ့မရှိဘဲ တစ်ညလုံး မင်းတို့ကို အဖော်လုပ်ပေးလိမ့်မယ်။”
“ဒါ…” ဒါရိုက်တာပိုင်တို့ လေးယောက်အဖွဲ့ အံ့သြသွားရသည်။ တတိယမြောက် အစီအစဉ်သည် သည်ကဲ့သို့ ဖြစ်လိမ့်မယ်ဟု တစ်ခါမှ ထင်မထားပါချေ...
ချက်ချင်းပင် လူလေးယောက်၏ မျက်လုံးများ အရောင်လက်ပလာသည်။ ဝိုင်မူးနေသော ဒါရိုက်တာပိုင်က ရွှင်လန်းစွာ လက်ခုပ်တီးလိုက်ပြီး “ပထမနဲ့ ဒုတိယအစီအစဉ်တွေကို ငါတို့ စိတ်မဝင်စားဘူး။ ငါတို့က အပျော်ရှာဖို့ ထွက်လာတာဆိုတော့ တတိယအစီအစဉ်ကို ရွေးမယ်။ ဒါနဲ့ မင်းတို့သုံးယောက်ထဲက တစ်ယောက်ယောက်က ချောမောတဲ့ယောကျာ်းလေးကို လိုအပ်တဲ့လူ ရှိလား။ ဘယ်သူမှ မရှိရင် မိန်းမလှလေးကို ရွေးချယ်ရင် ဘယ်လိုလဲ။”
"ကောင်းပြီ။ (ပြဿနာမရှိပါဘူး။)"
ကျန်သုံးယောက်က တယောက်ပြီး တယောက် ခေါင်းညိတ်ပြကြသည်။
ဝမ်ကျိဒေါင်၏စိတ်အတွင်းတွင် သည်လူများသည် ရယ်စရာကောင်းလှသည်ဟု ခံစားရသည်။ တစ်ချိန်တည်းမှာပင် ထန်ရှု အဆိုပြုခဲ့သော ရွေးချယ်မှုသုံးခုအတွက် ထန်ရှုကိုလည်း ချီးကျူးမိသည်။ ထိုသူတို့၏အမူအရာများကို ကြည့်ရင်း သူက ပြုံးပြုံးရွှင်ရွှင်ဖြင့်
“ဒီလိုဆိုရင် နတ်ဘုရားဝတ်ရည်ဝိုင်ကို အရင်ဆုံး ဖြည်းဖြည်းချင်း မြည်းစမ်းကြည့်ပါ။ မန်နေဂျာလီကို ဖျော်ဖြေရေးခန်းမကို သွားပြီး ကြိုတင်ပြင်ဆင်ခိုင်းလိုက်ပါမယ်။ စားစရာ သောက်စရာတွေ ဖြည့်ပြီးရင် စားပွဲထိုးကို လွှတ်ပြီး မင်းတို့ကို လာခေါ်ခိုင်းလိုက်မယ်။ ဒါပေမယ့် မင်းတို့ကို ပြောစရာအခြေအနေတစ်ခု ရှိတယ်။ အားလုံးသဘောတူနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။"
"ဘယ်လိုအခြေအနေလဲ။" ဒါရိုက်တာပိုင်က စိတ်ရှုပ်သွားဟန်ဖြင့် မေးလိုက်သည်။
"မင်းတို့ လေးယောက်စလုံးက အဆင့်အတန်းရှိတဲ့ လူတွေမို့လို့ ငါတို့ရဲ့ ကြည်လင်ကန်ကလပ်ကို မကြာခဏ လာရောက်အားပေးဖို့ သူငယ်ချင်းအသိုင်းအဝိုင်းကို အကြံပြုထောက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ဝမ်ကျိဒေါင်က အလေးအနက် ပြောလိုက်သည်။
"ပြဿနာ မရှိဘူး။ (ပြဿနာ မဟုတ်ဘူး။)"
လူလေးယောက်က အများကြီး မစဉ်းစားဘဲ သဘောတူလိုက်သည်။
နာရီဝက်ခန့်ကြာသော် စားပွဲထိုးတစ်ယောက်က သူတို့အား စားသောက်စရာများ ပြည့်နေသော ဖျော်ဖြေရေးခန်းမကို ခေါ်သွားသည်။ အဆင့်မြင့်သီးသန့်ခန်းထဲသို့ ဝင်လာသောအခါ ဖက်ရှင်ကျကျ ဝတ်စားပြီး လှပသော မိန်းကလေးရှစ်ယောက်တန်းမှ သူတို့လေးယောက်အား ခေါင်းညိတ်ပြပြီး အကြာကြီးစောင့်ဆိုင်းနေရသည့် လီချမ်းလေ့က ပြုံးပြုံးရွှင်ရွှင်ဖြင့်
“သူတို့အားလုံးက ကြည်လင်ကန်ကလပ်ရဲ့ ဝန်ထမ်းတွေပါ။ သူတို့လေးတွေက ဒီနေ့ညမှာ မင်းတို့ကို အရည်အချင်းအားလုံးသုံးပြီး အကောင်းဆုံး ဖြစ်အောင် ******** အတွက် ဆောင်ရွက်ပေးပါလိမ့်မယ်။ တခြားလိုအပ်တာရှိရင် ခေါ်လို့ရပေမယ့် ငါက မင်းတို့တွေကို နှောင့်ယှက်မှာ မဟုတ်ဘူး။ ဟုတ်သားပဲ … ငါတို့ အဲ့ဒီမှာ ဝတ်စုံလေးခုလည်း ပြင်ဆင်ပေးထားတာမို့ အချိန်မရွေး သုံးလို့ရပါတယ်။"
"ကျေးဇူးအများကြီးတင်ပါတယ် မန်နေဂျာလီ။" ဒါရိုက်တာပိုင်က ကျေးဇူးတင်သောအမူအရာဖြင့် လီချမ်းလေ့ကို ကြည့်ကာ ပြောလိုက်ပြီး ထိုသူ အခန်းထဲက မထွက်သွားမီကပင် လှပပြီး ဆွဲဆောင်မှုအားကောင်းသော အမျိုးသမီးနှစ်ဦးဆီ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။
ထိုနေရာသည် ချစ်မှုရေးရာအတွက် ပြင်ဆင်ပေးထားပြီး ၎င်းတို့လေးဦးစလုံးသည် ဝါရင့်ကစားသမားများ ဖြစ်သည်။ သူတို့၏ထက်ရှသော မျက်လုံးများဖြင့် သည်အမျိုးသမီးရှစ်ယောက်ဟာ မဖြူစင်တော့သည်ကို ပြောနိုင်သောကြောင့် ရီဝေ၀ဖြေင့် သူတို့ပြထားသော အယောင်ဆောင်တွေအားလုံးကို ဖယ်ရှားလိုက်တော့သည်။ လူတစ်ယောက်စီက ဆွဲဆောင်မှုရှိသော အမျိုးသမီးနှစ်ယောက်စီကို ပွေ့ဖက်ပြီး ပျော်စရာလေးများ ဖန်တီးရန် စတင်လိုက်ကြသည်။
အဆိုပါ စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီး ရှစ်ဦးသည် ဤ “အိပ်ရာထက်လှုပ်ရှားမှု”နှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့သည် ယောက်ျားတစ်ယောက်ကို မည်ကဲ့သို့ လိင်မှုကိစ္စ ကောင်းမွန်စွာ ဆောင်ရွက်ပေးရမည်ကို သဘာဝကျစွာ သိကြသည်။ ဟောင်ရှုက ထိုအမျိုးသမီးများအား သူတို့၏ အကောင်းဆုံး အရည်အချင်းများနှင့် ထို၄ယောက်အား ပြုစုပေးပြီး အလွန်စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ဖို့ ကောင်းကင်တမျှ မြင့်မားသောဈေးကို ပေးကာ ငှားခဲ့ခြင်းဖြစ်သည်။
****