အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သည်
Vol. 45 Ch. 626
ကြည်လင်ကန်ကလပ်၏စောင့်ကြည့်ရေးအခန်းအတွင်း
လိင်မှုကိစ္စပြုလုပ်သောနေရာသည် သူရဲကောင်းများအတွက်မူ ခံစားချက်များ မြှုပ်နှံရာ သင်္ချိုင်းကုန်းတစ်ခု ဖြစ်သော်လည်း ထိုကဲ့သို့ ယုတ်ညံ့ပြီး အရှက်မရှိသော အမျိုးသားများအတွက်မူ ထိုမလုံ့တလုံ အမျိုးသမီးလေးများက ဝန်ဆောင်မှု ပေးသည့် လွန်ကဲသော နည်းလမ်းများကို မည်သို့ ခံနိုင်ပါမည်နည်း။
စောင့်ကြည့်ခန်း၏တံခါးအား ဝမ်ကျိဒေါင်က တွန်းဖွင့်ဝင်လာကာ ပြုံးပြရင်း
“ငါ့အလုပ် ပြီးသွားပြီ။ သည်လူယုတ်မာတွေက ဆေးရဲ့အာနိသင်ကို ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ သိပ်မကြာခင် အခန်းထဲကို သွားကြလိမ့်မယ်။ နို့မဟုတ်ရင်တော့ အဟီး … အဲ့ဒီလို ရူးသွပ်နေတဲ့ အပျော်လိုက်စားမှုကို ဖုံးကွယ်ထားဖို့ အဲ့ဒီ ကေတီဗွီအခန်းကို ဖွင့်ရမှာတောင် ကြောက်တယ်။”
"မင်း သူတို့ကို ဆေးဘယ်လောက် သုံးလိုက်တာလဲ။" ထန်ရှုက မျက်ခုံးပင့်ကာ မေးလိုက်သည်။
“သူတို့တွေအတွက် ဆေးနှစ်ဆ။” ဝမ်ကျိဒေါင်က လက်နှစ်ချောင်းကို ထောင်ပြသည်။
ထန်ရှု အားရပါးရ ရယ်လိုက်ပြီး
"ကံကောင်းလို့ မင်း အများကြီး မသုံးခဲ့ဘူး။ နို့မဟုတ်ရင် သူတို့ရဲ့ ကိုယ်ခံအားမကောင်းတာကြောင့် လိင်ဆက်ဆံနေရင်းနဲ့ အဲ့ဒီဘဲကြီးတွေ ကျိန်းသေပေါက် သေသွားလိမ့်မယ်။ တခြားအချိန်တွေဆိုရင်တော့ ငါ အများကြီးထည့်မိမှာပဲ။ ဒါပေမယ့် အမျိုးသမီးရဲ့ကိုယ်ပေါ်မှာ သူတို့ကို သေစေတာက သူတို့အတွက် အရမ်းကောင်းလွန်းအားကြီးသလို ဖြစ်နေမယ်။”
"ဟုတ်တယ်။ ဒီပီအိုနီပန်းပွင့်တွေအောက်မှာ သေခါနီး ချီးထုပ်တွေက သရဲတစ္ဆေဖြစ်သွားရင်တောင် ထင်ရှားပြီး ပြီးမြောက်သွားလိမ့်မယ်။ သူတို့ကို မီးစွဲပြီး ငရဲပြည်သွားပါစေ။ လုံလောက်ပြီ … ဒါကို ခံနိုင်ရည် ရှိမယ်ဆိုရင် ဘာမလုပ်နိုင်စရာရှိလဲ။” ဟောင်ရှု ပြုံးလိုက်သည်။
“ငါတို့တွေ စာတိုတွေကို ဖုန်းနဲ့ပို့ထားလို့ အခု အပြာရောင်ရုပ်သံလွှင့်ရုံရဲ့ စီအီးအိုက ကလပ်ကို လာနေပြီ။ ဒါပေမယ့် တော်ဝင်ဂီတ အကယ်ဒမီကျောင်းကို ဆက်သွယ်လို့ မရသေးဘူး။ ဆက်သွယ်ရေးနေရာက အလုပ်လုပ်နေတဲ့ ဝန်ထမ်းရဲ့ လက်ကိုင်ဖုန်းကလည်း ပိတ်သွားပြီ။”
ထန်ရှု အချိန်တခဏ တိတ်ဆိတ်သွားပြီး သူ၏ဖုန်းကို ကောက်ကိုင်ကာ တော်ဝင်အကယ်ဒမီကျောင်းမှ ပါမောက္ခဟောင်ကျဲ၏ ဖုန်းနံပါတ်အား ခေါ်ဆိုလိုက်သည်။ သူမနှင့် သူမ၏သူငယ်ချင်းကောင်းများသည် လီရှောင်ချန်းကို မှတ်မိခဲ့ပြီး နောက်ဆုံးတွင် သူမက တော်ဝင်ဂီတအကယ်ဒမီကျောင်းတွင် စာရင်းသွင်းပေးရန် အခွင့်အရေးရရှိခဲ့သည်။
အပြာရောင်မြို့ … မြစိမ်းပန်းခက်ဥယျာဉ်အိမ်ရာ …
ဟောင်ကျဲတစ်ယောက် တနင်္ဂနွေနေ့ရောက်ရင်တောင်မှ အိမ်တွင် အနားယူရခက်ခဲပေသည်။ သူမသည် ကွန်ပျူတာရှေ့တွင် အင်တာနက်မှ သီချင်းကောင်းများအား ရှာဖွေနားဆင်ရင်း သတင်းစာ ဖတ်နေသည့် ခင်ပွန်းဖြစ်သူ ဝမ်ရှောင်ဟွာအား အဖော်လုပ်ပေးနေသည်။
ဖုန်းမြည်သံ…
ရုတ်တရက် ထွက်ပေါ်လာသော ဖုန်းမြည်သံသည် ထိုလင်မယားအား ဆွဲဆောင်လိုက်သည်။
"ဘယ်သူခေါ်တာ ဖြစ်နိုင်လဲ။" ဟောင်ကျဲက မျက်မှောင်ကြုတ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဒီနေ့ အိမ်မှာ အနားယူနိုင်ဖို့ ငါ့မှာ ခက်ခက်ခဲခဲ အခွင့်အရေးလေး ရထားတာကို။ ဘယ်သူခေါ်ခေါ် ငါကတော့ အပြင်မထွက်ဘူး။"
ဇနီးဖြစ်သူ၏ငြီးတွားသံကို ကြားလိုက်သည့် ဝမ်ရှောင်ဟွာ ပြုံးလိုက်မိသည်။ သူက ချက်ချင်းပင် ခေါင်းယမ်းပြီး
“အဲ့ဒီလို ပြောမနေပါနဲ့ကွာ။ မင်းက အလုပ်ကို တက်တက်ကြွကြွ ကြိုးကြိုးစားစား လုပ်တတ်သူ တစ်ယောက်မို့ စိတ်ဝင်စားစရာတစ်ခု ရှိတယ်လို့ တစ်ယောက်ယောက်က ပြောလာရင် မင်း အပြင်ကို ချက်ချင်းထွက်သွားမှာတောင်စိုးရတယ်။"
"ဒါက အံ့သြစရာတစ်ခုပဲ။" ခင်ပွန်းဖြစ်သူ၏မှတ်ချက်ကို လွန်စွာမကျေနပ်ဟန်ဖြင့် ဟောင်ကျဲက မျက်ဆံလှန်လိုက်ပြီး ဖုန်းခေါ်ဆိုမှုအား ဖြေကြားလိုက်သည်။
“ဟောင်ကျဲ ပြောနေပါတယ်။ ဘယ်သူ ဆက်တာပါလဲ။”
"လီရှောင်ချန်းရဲ့ အထက်တန်းအတန်းဖော်ဟောင်း ထန်ရှုပါ။ အခု ကျွန်တော်နဲ့ ပြောနေတာ ဆရာမဟောင် ဟုတ်ပါလားဗျ။"
ထန်ရှု၏အသံကို လက်ကိုင်ဖုန်းမှ ကြားလိုက်ရသည်။
ထန်ရှုလား…
ခဏလောက် တွေဝသွေားပြီးနောက် ဟောင်ကျဲ၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားကာ ကျေနပ်အံ့သြသော လေသံဖြင့်
“ထန်ရှု … နင် ငါ့ကို ဖုန်းဆက်ဖို့ ဘယ်လို သတိရသွားတာလဲ။ နင်စိတ်ပြောင်းပြီး ငါတို့ တော်ဝင်ဂီတအကယ်ဒမီကျောင်းမှာ ဆရာတစ်ယောက် လာလုပ်တော့မလား။ နင် ဒီကိုလာဖို့ ဆန္ဒရှိနေသရွေ့ ငါတို့တံခါးတွေ ဖွင့်ထားပါတယ်။"
"ဆရာမရဲ့ တော်ဝင်ဂီတအကယ်ဒမီကျောင်းမှာ ယုတ်မာတဲ့ သားရဲတွေ အရမ်းများနေပြီး အဲ့ဒီသတ္တဝါတွေနဲ့ ပေါင်းသင်းရတာကို ကျွန်တော် မုန်းတယ်။" ထန်ရှုက ဆိုသည်။
"စကားမစပ် … ကျွန်တော် ဆရာမကို အခုဖုန်းဆက်ရတဲ့ အကြောင်းရင်းက ဆရာမရဲ့ခင်ပွန်းက တော်ဝင်အကယ်ဒမီကျောင်းရဲ့ ဒုတိယကျောင်းအုပ် ဖြစ်တယ်လို့ ပြောခဲ့ဖူးသလားလို့ပါ။"
အနည်းငယ် မျက်မှောင်ကြုပ်သွားသော ဟောင်ကျဲသည် ထန်ရှုက အကြောင်းပြချက်မရှိဘဲ သူမအား မည်သည့်အတွက်ကြောင့် ဖုန်းဆက်ကာ ပြစ်တင်ပြောဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။ သို့သော် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမက
“ဟုတ်တယ်လေ။”
"ဆရာမဟောင် … ကျွန်တော်တို့တွေက အသိအကျွမ်းတွေလို့ သတ်မှတ်ထားတော့ ဆရာမရဲ့ တော်ဝင်ဂီတအကယ်ဒမီက အဖွဲ့အစည်း အကြီးအကဲကို ရှာပြီး နှစ်နာရီလောက်အတွင်း ကြည်လင်ကန်ကလပ်ကို အပြေးအလွှား လာနိုင်အောင် ဆရာမရဲ့ခင်ပွန်းကို အခွင့်အရေး ပေးမယ်။ နို့မဟုတ်ရင် ဆရာမတို့အဖွဲ့အစည်းရဲ့ဂုဏ်သတင်းကျော်ကြားမှုကနေ နာမည်ပျက်မှုကို ပြောင်းလဲသွားမယ်ဆိုတာ ကျွန်တော် သေချာပြောရဲတယ်။”
ပီပီပီ...
ထန်ရှု၏စကားကို ကြားပြီးနောက် ဟောင်ကျဲ ကြက်သေ သေနေစဉ် မိုဘိုင်းဖုန်းမှ ထွက်ပေါ်လာသော မြည်သံကြောင့် ဖုန်းခေါ်ဆိုမှုပြီးသွားကြောင်း သူမ သိလိုက်ရသည်။ သို့တိုင် ထန်ရှု၏စကားများမှတဆင့် ဘာတွေ ဖြစ်နေသည်ကို သူမ နားမလည်နိုင်ပါပေ။
"ဘာဖြစ်လို့လဲ မိန်းမ…။"
ဇနီးသည်၏ငိုင်တွေနေသော အမူအရာကို မြင်သောအခါ ဝမ်ရှောင်ဟွာက အမြန်မေးလိုက်သည်။
“ယောကျ်ား … တစ်ချိန်က ရှင့်ကို ပြောဖူးတဲ့ လူငယ်တစ်ယောက်ကို မှတ်မိလား။” ဟောင်ကျဲက အသိပြန်ဝင်လာပြီး ထူးဆန်းသည့်အမူအရာနှင့် ပြန်ဖြေသည်။
"ဇီသာတီးခတ်မှုကျွမ်းကျင်ပညာရှင် ထန်ရှုလေ။
"ဟုတ်တယ် … ငါ သူ့ကို မှတ်မိတယ်။ သူက အရမ်း နာမည်ကြီးတဲ့ လူငယ်တစ်ယောက်မဟုတ်လား။ ကျွမ်းကျင်တဲ့ ဂီတပညာရှင်တစ်ဦး ဖြစ်သလို အလွန်ကောင်းမွန်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်ထားတယ်လေ။ ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ နတ်ဆေးသမားတော်လေး မဟုတ်လား။ သူက မင်းကို ဘာအတွက် ဖုန်းဆက်တာလဲ။" ဝမ်ရှောင်ဟွာက မေးလိုက်သည်။
"ဟုတ်တယ်။ သူက ရှင် ကျောင်းအုပ်ကြီးကျန်းကို ရှာပြီး ကြည်လင်ကန်ကလပ်ကို အမြန်ဆုံး ပြေးသင့်တယ်လို့ ပြောတယ်။ အဲ့ဒါမှမဟုတ်ရင် တော်ဝင်ဂီတအကယ်ဒမီရဲ့ ကျော်ကြားတဲ့ ဂုဏ်သတင်းက နာမည်ပျက်သွားလိမ့်မယ်တဲ့။"
ဝမ်ရှောင်ဟွာ၏အမူအရာသည် လေးနက်လာသည်။ အခြားသူတစ်ဦးဆိုပါက ထိုကိစ္စကို လျစ်လျူရှုထားနိုင်သော်လည်း ဖုန်းဆက်လာသော ထန်ရှုမှာ ဂုဏ်ပုဒ်ထူးခြားပြီး သူ အထူးအာရုံစိုက်သောလူ ဖြစ်သည်။ ထိုသို့သောလူသည် အကြောင်းပြချက်မရှိဘဲ ပြောမည်မဟုတ်ပေ။
"တစ်ခုခု ဖြစ်သွားလို့နေမယ်။" ဝမ်ရှောင်ဟွာက သတင်းစာကို ချလိုက်ပြီး သူ့ကုတ်အင်္ကျီကို ကောက်ဝတ်ကာ စကားပြောလိုက်သည်။
"ငါ ကျောင်းအုပ်ကြီးကျန်းကို ချက်ချင်းရှာပြီး အဲဒီကလပ်ကို သွားလိုက်မယ်..."
"ကြည်လင်ကန်ကလပ်…" ဟောင်ကျဲက ခပ်မြန်မြန် ဆက်ပြောသည်။
"အဲ့ဒါ ကျွန်မတို့အပြာရောင်မြို့မှာ အသစ်ဖွင့်ထားတဲ့ အဆင့်မြင့်ကလပ်တစ်ခုပဲ။ မေ့လိုက်တော့။ ကျွန်မပါ ရှင်နဲ့ လိုက်မယ်။"
****
ကြည်လင်ကန်ကလပ်…
ဒါရိုက်တာပိုင်၊ ထန်းကျန်းနှင့် အခြားနှစ်ယောက်အတွက် ဆေးများကို ပုံမှန်ပမာဏထက် နှစ်ဆ သုံးထားသော်လည်း နာရီဝက်မပြည့်မီပင် ၎င်းတို့ရရှိသည့်အရာအားလုံးကို စွန့်ပစ်ပြီးနောက် ထို၄ဦးမှာ မောကြီးပန်းကြီး အသက်ရှူနေရပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နှစ်ယောက်တစ်ယောက် လိင်မှုကိစ္စ ပြုလုပ်ရသော ခံစားမှုနှင့် အမျိုးသမီးများ၏ “ဝန်ဆောင်မှုများ” တို့သည် အမှန်တကယ် ကောင်းမွန်လှသောကြောင့် ၎င်းတို့သည် အလွန်ကို ကျေနပ်နေကြဆဲဖြစ်သည်။ ရိုးရိုးရှင်းရှင်းပဲ … ရာဂကို နှိုးဆွပြီး ဖြေလျှော့ပေးကြစို့…
ပျော်ပွဲအပြီးတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီး ရှစ်ဦးတို့သည် အဆင့်မြင့်သီးသန့်ခန်းအတွင်း၌ ဆက်လက်နေထိုင်နေဆဲဖြစ်ပြီး ထိုလေးဦးသည် အဝတ်ဗလာအမျိုးသမီးများက ခွံ့ကျွေးသော အသီးအနှံများကို အရသာခံကာ တမြုံ့မြုံ့ဝါးနေရင်း အနွေးပေးစက်ထံမှ ရရှိသည့် သက်တောင့်သက်သာရှိမှုကို ခံစားနေကြသည်။
“အဖိုးကြီးထန် … ဒီဟာက အရင်တုန်းကလိုပါပဲ။ မိန်းမလှလေးတွေကို ပိုင်စိုးပြီး စိတ်အလိုကို လိုက်ရတဲ့ ခပ်မိုက်မိုက်ခံစားချက်က မဆိုးပါဘူး။” ရာဂအဟုန်မသေသေးသော ဒါရိုက်တာပိုင်က ပြောလိုက်သည်။
ထန်းကျန်းက ခေါင်းညိတ်ထောက်ခံလိုက်ပြီး အပြုံးဖြင့် "ဒါရိုက်တာပိုင် … ယောက်ျားတွေဆိုတာက ဒြပ်စင်လေးခုရဲ့မာကျောတဲ့ သံပဲလေ။ ငါတို့ နောက်တစ်ကြိမ် ထပ်ဆွဲကြဦးမလား။ ဘာပဲဖြစ်ဖြစ် အခွင့်အရေးရရင် နောင် ဒီလိုမျိုး ဆောင်ကြာမြိုင်မှာ ပျော်ရွှင်မှုတွေကို ခံစားဖို့ ငါတို့တွေ ထပ်ဆုံလိုက်ကြရအောင်။ နောက်ပြီး ဒီမိန်းမလှလေးတွေက ငါတို့အိမ်မှာရှိတဲ့ အဘွားကြီးတွေထက်စာရင် ပိုကောင်းတယ်။”
ဟား…ဟား…ဟား…
ထိုလေးဦးသည် သူတို့၏လက်နက်များဖြင့် အမျိုးသမီးများအား နောက်တစ်ကြိမ် ထပ်မံမကစားမီ တစ်နာရီကျော် အနားယူခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ထဲမှ အကြာဆုံးလူသည်ပင် စွမ်းဆောင်ရန် ခုနစ်မိနစ်ကျော်သာ ကြာနိုင်သဖြင့် ၎င်းတို့၏တိုက်ပွဲဝင် စွမ်းအားသည် များစွာနိမ့်ကျနေဆဲဖြစ်သည်။
စောင့်ကြည့်ရေးခန်းအတွင်းတွင် အပြာရောင်မြို့ ရုပ်သံလွှင့်ရုံ၏စီအီးအိုဖြစ်သူ ချန်းဝေ့ ၊ တော်ဝင်ဂီတ အကယ်ဒမီကျောင်းအုပ် ကျန်းချီဖုန်း၊ ဒုကျောင်းအုပ် ဝမ်ရှောင်ဟွာတို့က စောင့်ကြည့်ရေးစခရင်ပေါ်တွင် ပေါ်နေသော ကာမအပျော်ကြူးမှုကြီးအား စိုက်ကြည့်နေကြသည်။ ထို၃ယောက်၏ရင်ထဲမှ ဒေါသတရားနှင့် စိတ်ဆိုးမှုများသည် အပြင်ဘက်သို့ ပေါက်ကွဲလုမတတ် ဖြစ်နေချိန်တွင် ဟောင်ကျဲသည် အနောက်ဆိုဖာပေါ်တွင် ထိုင်ကာ စကားတစ်လုံးမှ မဆိုဘဲ ခေါင်းငိုက်စိုက်ကျနေသည်။ သူမ၏မျက်နှာထက်တွင် ဒေါသနှင့် ရှက်ရွံ့ခြင်းများ ထင်ဟပ်နေသည်။
ထန်ရှုက မထီတထီ ပြုံးလိုက်ရင်း
"ကျွန်တော်တို့ သူတို့ကို ဒီလိုတွေလုပ်ဖို့ တမင် မကြိုးစားပါဘူး။ ဒါပေမယ့် သူတို့ကိုယ်တိုင်လုပ်ခဲ့တဲ့ အပြစ်တွေနဲ့ မတရားတဲ့လုပ်ရပ်တွေကပဲ သူတို့ကို ထိုက်တန်တဲ့ ပျက်စီးခြင်းဆီကို ရောက်သွားစေတယ်။ ဆရာမ ဟောင်ကျဲ … လီရှောင်ချန်းကို တော်ဝင်ဂီတအကယ်ဒမီကျောင်းကို ပထမဆုံး ခေါ်သွားတဲ့သူက ဆရာမပါ။ ဒါပေမယ့် ဆရာမရဲ့ကျောင်းက လေးစားစရာကောင်းတဲ့ တွဲဖက်ပါမောက္ခက သူ့ကျောင်းသူကို မမျှော်လင့်ဘဲ ဒီလူတွေကို အဖော်လုပ်ပေးဖို့ ဖိအားပေးခိုင်းခဲ့ပါတယ်။ အဲ့ဒါက ဆရာမတို့ တော်ဝင်ဂီတအကယ်ဒမီတစ်ခုလုံးရဲ့ ဆရာအားလုံးရဲ့ သိက္ခာနဲ့ အကျင့်စာရိတ္တကို သံသယဖြစ်စေမိသလို အပြာရောင်မြို့က ရုပ်သံလွှင့်ဌာနရဲ့ ဝန်ထမ်းတွေရဲ့ အကျင့်စာရိတ္တနဲ့ စိတ်ဓာတ်သိက္ခာကလည်း သံသယဖြစ်စရာပါပဲ။”
ဟောင်ကျဲ ခေါင်းမော့လာပြီး ကျိန်ဆဲတော့သည်။
"ထန်းကျန်းက လူ့အဝတ်အစားဝတ်ထားတဲ့ အကျင့်ပျက် သားရဲတစ်ကောင်ပဲ။"
"လူ့အဝတ်အစားဝတ်ထားတဲ့ တိရစ္ဆာန်တွေဟာ သူတို့နဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရမှာပါ။" ထန်ရှုက ခံစားချက်ကင်းမဲ့စွာ ပြောခဲ့သည်။
“အစကတော့ ဆရာမတို့အားလုံးကို ရှာဖို့ မရည်ရွယ်ထားဘူး။ ဒီဗီဒီယိုကို ဖြန့်ဖို့ပဲ စိတ်ကူးထားခဲ့တယ်။ ဒါဆိုရင် တော်ဝင်ဂီတအကယ်ဒမီကျောင်းရော အပြာရောင်မြို့ ရုပ်သံလွှင့်ဌာနက နောက်ပိုင်း နာမည်ပျက်သွားမှာ အသေအချာပဲ။”
ချန်းဝေ့၏အမူအရာ ပြောင်းသွားပြီး
“ကျေးဇူးပြုပြီး မစ္စတာထန် … ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြချက် ပေးပါ့မယ်။"
"ဒီကိစ္စအတွက် ခင်ဗျား ဘာလုပ်မှာလဲ။" ထန်ရှုက ရုပ်တည်ဖြင့် မေးသည်။
ချန်းဝေ့က အံကြိတ်ကာ ခဏလောက် စဉ်းစားပြီး "သူတို့က အပြာရောင်မြို့ ရုပ်သံလွှင့်ဌာနရဲ့ ဝန်ထမ်းဖြစ်ဖို့ မထိုက်တန်ဘူး။ ငါ သူတို့ကို ချက်ချင်း အလုပ်ထုတ်ပစ်မယ်။"
"ငါ ထန်းကျန်းကို တန်းထုတ်ပစ်မယ်။" ကျန်းချီဖုန်းက ဒေါသတကြီး အော်လိုက်သည်။
“သူတို့ကို အလုပ်ထုတ်လိုက်တာက တစ်ဝက်တစ်ပျက် ဖြေရှင်းနည်းပဲ။” ထန်ရှု ခေါင်းခါလိုက်သည်။ “တကယ်တော့ သူတို့ရာထူးမှာ ဆက်နေနိုင်တော့မှာ မဟုတ်လို့ သူတို့ကို အလုပ်ထုတ်ဖို့တောင် မလိုဘူး။ ခင်ဗျားတို့အားလုံးကို ဒီကိုလာခိုင်းရတဲ့ အကြောင်းရင်းက ရဲကို ဖုန်းဆက်လိမ့်မယ်လို့ မျှော်လင့်ထားလို့ပါ။”
ရဲကို ခေါ်မယ်ဟုတ်လား…
ကျန်းကျီဖုန်း၏မျက်နှာအမူအရာ ပြောင်းသွားကာ "ဒါပေမယ့် မစ္စတာထန် … မင်း ရဲခေါ်လိုက်ရင် ဒီကလပ်ကိုလည်း ထိခိုက်မှာမဟုတ်ဘူးလား။ မင်းမြင်တဲ့အတိုင်း…"
“ဒီကိစ္စကြောင့် ထိခိုက်မှာကို ကျွန်တော်တို့ မကြောက်ပါဘူး။” ဟောင်ရှုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီလိုအရှက်မဲ့တဲ့ လူယုတ်မာတွေကို အပြစ်ပေးလို့ရသရွေ့ ပထမဆုံးနေရာက သေးငယ်တဲ့ သက်ရောက်မှုက ဘာဖြစ်လာနိုင်သလဲ။"
ကျန်းချီဖုန်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
ချန်းဝေ့က တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
" ရှုအာ … မင်းအဖေ ဒီကိစ္စကို သိလား။"
"ဦးလေးချန်း … ဒီကိစ္စကို အဖေ သိဖို့ လိုမယ်မထင်ဘူး။" ဟောင်ရှု ခေါင်းယမ်းလိုက်သည်။
"ထန်ရှုက ကျွန်တော့်သူငယ်ချင်းဖြစ်ပြီး လီရှောင်ချန်းက သူ့ရဲ့အထက်တန်းကျောင်းနေဖက်ဆိုတော့ အဖေ သိရင်တောင်မှ ကျွန်တော့်ကို ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ဘူး။”
ချန်းဝေ့က သူ့အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ယူကာ မီးညှိဖွာရှိုက်လိုက်ရင်း ခေါင်းညိတ်လျက် "ငါ ဖုန်းဆက်လိုက်မယ်။"
အဆင့်မြင့်အခန်းအတွင်းပိုင်း…
ထန်းကျန်း၊ ဒါရိုက်တာပိုင်နှင့် အခြားနှစ်ဦးတို့သည် ၎င်းတို့၏ကုန်ခမ်းသွားသော အားအင်အား ပြန်လည်ဖြည့်တင်းရန် ခေတ္တအနားယူခဲ့ကြသည်။ သို့သော် ဤသို့သော ကာမဆန္ဒပျော်ရွှင်မှုနေရာသည် လာရောက်ရန် ခက်ခဲသောကြောင့် ထိုလေးဦးသည် ထိုပျော်ရွှင်မှုကို ခံစားရန်အတွက် သည်နေ့ညနေအထိ ၎င်းတို့၏အချိန်များကို အသုံးပြုရန် အစီအစဉ် ဆွဲထားကြသည်။
ဘန်း…
အခန်းတံခါးသည် အပြင်ကနေ ကန်ဖွင့်ခံလိုက်ရပြီး ယူနီဖောင်းဝတ်ရဲဝန်ထမ်း တစ်ဒါဇင်ကျော်သည် အတွင်းထဲသို့ ပြေးဝင်လာသည်။
"ဘာရီး…" လေးယောက်လုံး အံ့ဩသွားသည်။ သူတို့သည် အဝတ်အစားမပါသလောက်နီးနီး ဖြစ်နေပေရာ ယခု ရဲများ အထဲသို့ အပြေးအလွှား ရောက်ရှိလာသည့်တခဏချင်းတွင် ပြင်းထန်သော အကြောက်တရားများသည် သူတို့၄ယောက်၏ နှလုံးအိမ်အတွင်း ပြည့်လျှံလာကာ ရေခဲတွင်းထဲသို့ ကျသွားသည့်အလား ခံစားလိုက်ရသည်။
"လိင်ဆက်ဆံမှုပါတီမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရသူအားလုံးကို ငါတို့ ဖမ်းလိုက်ပြီ။" လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ထို၄ယောက်အား ရွံရှာသည့်အမူအရာဖြင့် ကြည့်ရင်း လှမ်းအော်သည်။
"ဟင့်အင်း … မဟုတ်ဘူး … မဟုတ်ဘူး။" ဒါရိုက်တာပိုင်က ကမန်းကတန်း အော်လိုက်သည်။
“ငါ ပြောစရာရှိတယ်။ ငါတို့က ခရိုင်ရုပ်သံလိုင်းကပါ…”
"ခရိုင်ရုပ်သံလိုင်းက ဟုတ်လား။" လူလတ်ပိုင်းအရွယ် ရဲတပ်အရာရှိက ခနဲ့လိုက်သည်။
"မင်းရဲ့ခရိုင်ရုပ်သံလိုင်းက စီအီးအိုကိုယ်တိုင်က ရဲတွေဆီ မင်းအကြောင်း သတင်းပို့ခဲ့တာ။ ဒါကြောင့် လေကုန်ခံမနေနဲ့တော့။"
ဘာ…
ဒါရိုက်တာပိုင်က ထိတ်လန့်သွားသကဲ့သို့ ကျန်သော သုံးယောက်ကလည်း မယုံကြည်နိုင်သည့် အမူအရာများဖြင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ထို၄ယောက်သည် ၎င်းတို့၏အဝတ်အစားများကို ဝတ်ကာ အမျိုးသမီးရှစ်ဦးနှင့်အတူ ဆွဲထုတ်ခံလိုက်ရချိန်တွင် ခရိုင်ရုပ်သံလိုင်းမှ စီအီးအိုချန်းဝေ့၊ တော်ဝင်ဂီတအကယ်ဒမီကျောင်းအုပ်ကြီး ကျန်းချီဖုန်းနှင့် ဒုကျောင်းအုပ်ဝမ်ရှောင်ဟွာတို့အပြင် ထိုအဖွဲ့အနီးတွင်ရပ်နေသော ဝမ်ကျိဒေါင်ကို တွေ့လိုက်ရသောအခါ မယုံကြည်နိုင်မှုတို့သည် ဒါရိုက်တာပိုင်တို့၄ယောက်၏ မျက်နှာများထက်တွင် ဖုံးလွှမ်းသွားတော့သည်။
တခဏချင်းတွင် ဤဖြစ်ရပ်များအားလုံးကို ဝမ်ကျိဒေါင်မှ စီစဉ်ပြုလုပ်ထားသည်ကို နောက်ဆုံးတွင် ထိုဒါရိုက်တာပိုင်တို့၄ယောက်သည် သိရှိလာပြီး သူတို့ကိုယ်သူတို့ တွင်းထဲထည့်ရန်အတွက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ထောက်ပံ့ပေးလာခဲ့ခြင်းဖြစ်ပေသည်။
***