← Chapters

အရှက်ကင်းမဲ့ခြင်း

Vol. 21 Ch. 282

အရှက်ကင်းမဲ့ခြင်း

Vol. 21 Ch. 282

အခန်း (၂၈၂) - အရှက်ကင်းမဲ့ခြင်း

“အဲဒါမှန်တယ်။ ဒီလိုအေးတဲ့နေ့တွေမှာ ဂွမ်းစောင်တွေကို ယူသွားရမယ်။ တကယ်လို့ ပြန်ဝယ်မယ်ဆိုရင် ငွေအများကြီးကုန်လိမ့်မယ်။ နောက်လည်း နောက်ကျနေပြီ” ဒုတိယအစ်မက ဖျောင်းဖျသည်။

“အဆင်ပြေပါတယ်။ ကျွန်မ ဟိုမှာ အားလုံး ပြင်ဆင်ထားပြီးသား၊ ဝင်ပြီး သုံးရုံပဲ” လင်းချင်းဟယ်က အာမခံလိုက်သည်။

“အစ်မ ဒါက ငါ့မိန်းမက ယောက်ဖနဲ့ တူလေးတွေအတွက် လုပ်ပေးလိုက်တဲ့ ပန်ကိတ်။ သိမ်းထားပြီး နောက်မှစားလိုက်” တတိယမောင်လေးလင်းက အိတ်ငယ်လေးကို လွှဲပေးရင်း ပြောသည်။

“မင်းတို့ တွေးပေးလို့ ကျေးဇူးပါပဲ” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။

တတိယမောင်လေးလင်းက ပြောသည်။

“ဒါဆို ငါ အရင်ပြန်နှင့်ပြီ” ဟု ပြောပြီးနောက် စက်ဘီးနင်းပြီး ထွက်သွားတော့သည်။ လမ်းတစ်ဝက်သို့ ရောက်သည်တော့ သူက ရပ်လိုက်ပြီး အော်ပြောလာသည်။

“အစ်မ အိတ်ရဲ့အောက်ကို တစ်ချက်ကြည့်ကြည့်..” ဟု ပြောပြီးသည်နှင့် သူက စက်ဘီးနင်းပြီး ထွက်သွားတော့သည်။

လင်းချင်းဟယ်က အောက်ခြေကို မြန်မြန် စစ်ဆေးကြည့်လိုက်သည်တွင် ယွမ် ၅၀ကို တွေ့လိုက်ရသည်။

အကြီးဆုံးအစ်မ၊ ဒုတိယအစ်မနှင့် တခြားသောမရီးများကလည်း အားလုံးကို မြင်လိုက်ရသည်။

“ဒီကောင်စုတ်လေးကတော့..” လင်းချင်းဟယ်က ပြုံးလျက် မှတ်ချက်ပြုသည်။ သူမသည် အစက သူမမောင်လေး ထွက်သွားသည်ကို အခွင့်ကောင်းယူပြီး ထိုမရီးများရှေ့တွင် တမင်ထည့်လိုက်သော ငွေများကို ထုတ်ယူပြရန် စီစဉ်ထားသည်။ မထင်မှတ်ထားဘဲ သူမမောင်လေးက အမှန်တကယ်ပင် ငွေများ ထည့်ထားခဲ့သည်။

သူမက ငွေထုတ်ယူရန် အချိန်မရလိုက်ပေ။ သူမမောင်လေးက အားလုံးကို ပေးထားပြီးဖြစ်သည်။

သူမ စက်ဘီးဝယ်စဉ်က ငွေအများကြီး ကုန်ခဲ့သည်။ သို့သော် နှစ်များစွာ ကြာပြီးနောက် ထိုမျှ မတန်တော့ချေ။

“သူက မင်း အဲ့ကို ရောက်ရင် သုံးဖို့ငွေ မလုံလောက်မှာကို စိုးရိမ်နေတာ ဖြစ်မယ်” အကြီးဆုံးမရီးက ပြောသည်။

ဒုတိယမရီးနှင့် တတိယမရီးတို့က ဘာမှမပြောတော့ချေ။ စတုတ္ထလေး၏ဇနီးက ကျန်ခဲ့သော စက်ဘီးကို သူမမောင်လေးကို ပေးလိုက်ကြောင်း သိထားသည်။ တကယ်တမ်းတွင် သူမအတွေးကို နားလည်သော်လည်း သူတို့က ခံစားချက် မကောင်းခဲ့ကြပေ။

လူတိုင်းက အချင်းချင်း ရင်းနှီးကြသော်လည်း သူတို့ကျန်ခဲ့သော ပစ္စည်းများက အစ်ကိုများနှင့် မရီးများအတွက် မဟုတ်ခဲ့ပေ။ ထိုအစား ယင်းက သူမ၏အမေဘက်မှ မောင်လေးအတွက် ဖြစ်ခဲ့သည်။

လင်းချင်းဟယ်က ဘာတုံ့ပြန်မှုမှ မပေးဘဲ ပြုံးနေလိုက်သည်။

နှစ်များစွာ ကြာပြီးနောက် သူမက သူမမောင်လေး၏စိတ်ထားကို ရှင်းလင်းစွာ သိထားပြီးဖြစ်သည်။ မဟုတ်ပါက သူမက သူ့ကို စက်ဘီးပေးခဲ့မည် မဟုတ်ပေ။

သူမ၏မောင်ငယ်လေးက သူ့အစ်မကြီးဖြစ်သည့် သူမကို ဂရုစိုက်သည်။

ယွမ်၅၀သည် သူမကို မရီးများနှင့် တခြားသူများ မဝေဖန်စေလိုခြင်းနှင့် သူမ အသုံးစရိတ် ပြတ်သွားမည်ကို စိုးရိမ်၍ ဖြစ်မည်။

အားလုံးခြုံကြည့်တော့ သူ့အတွေးက သူမကို ကြည့်ခြင်းသာ ဖြစ်သည်။

လင်းချင်းဟယ်က မည်သူ့ကိုမျှ ပြန်ပေးဖို့ မမေးခဲ့ပေ။ သူမက လက်ခံလိုက်သည်။

တခြားသူများကလည်း သူတို့၏ အိတ်ကပ်ထဲမှ ၁၀ယွမ် ယွမ်၂၀ ကို ထုတ်ပေးလာကြသည်။

သိသာစွာဖြင့်ပင် သူတို့က ယူလာသည်ကို ဖော်ပြနေသည်။ လင်းချင်းဟယ်က အပြုံးလေးနှင့် ငြင်းပယ်လိုက်သည်။ “ဒီငွေတွေကို ကျွန်မက မလိုပါဘူး။ ကျွန်မရဲ့လစာက တစ်လကို ယွမ်၆၀ပါ။ ချင်းပိုင်က အိမ်မှာနေပြီးတော့ ကလေးတွေနဲ့ သူ့ကိုယ်သူ စောင့်ရှောက်နိုင်ပါတယ်။ အားလုံး မင်းတို့ငွေတွေ ပြန်သိမ်းလိုက်ကြပါ။ ကောင်းပြီ။ အခုက နောက်ကျနေပြီ။ ကျွန်မတို့ မိသားစုက စီးရမယ့်ကားပေါ် တက်ရတော့မယ်။ နောင်မှာ ရှင်တို့ မြို့တော်ကို လာလည်ချင်ရင် ကျွန်မကို ဖုန်းဆက်လိုက်ပါ။ အမေ့ဆီမှာ ကျွန်မရုံးဖုန်းနံပါတ် ရှိတယ်”

ပြီးနောက် မိသားစုတစ်ခုလုံးက ဘတ်စ်ကားပေါ်သို့ တက်သွားကြသည်။

လောင်အာ့နှင့် လောင်စန်းတို့က အလွန်ပျော်ရွှင်နေကြသည်။ ညီအစ်ကိုနှစ်ယောက်က စိတ်လှုပ်ရှားနေပြီး တစ်ညလုံး မအိပ်ကြချေ။

သူတို့က မြို့တော်ကို သွားနေပြီ။

အထူးသဖြင့် မိဘတွေနောက်ကို လိုက်လာတဲ့ကလေးတွေမှာ မြို့ကြီးပြကြီးတွေကို မတောင့်တဲ့ကလေးများက မရှိပေ။

ကျိုးချင်းပိုင် သယ်ဆောင်လာသော အထုတ်နှစ်ထုတ်နှင့် အခြားပစ္စည်းအသေးလေးများသာ ရှိသည်။ တခြားဘာမှ မယူလာခဲ့ပေ။

သူမနှင့် လောင်တာ့က အားလုံးကို ပြင်ဆင်ထားပြီး ဖြစ်သည်။ လွဲချော်မှုမရှိပေ။

ရထားပေါ်သို့ ရောက်သောအခါ မိသားစုတစ်ခုလုံးက မြို့တော်သို့ ဦးတည်လိုက်သည်။

လောင်အာ့နှင့် လောင်စန်းက ခွန်အားအပြည့်ဖြစ်နေပြီး မမောပန်းကြပေ။ သူတို့က ရထားပေါ်တွင် တခြားသူများကိုပင် ကူညီလိုက်ကြသေးသည်။

လင်းချင်းဟယ်က ရထားစီးရသည်ကို အနည်းငယ် ကြောက်လန့်နေပြီး သူတို့က ရထားလက်မှတ် အိပ်ခန်းတွဲကို ဝယ်ထားသည်။ သဘာဝကျကျပင် အိပ်စက်ခြင်းက ဘဝဖြစ်သည်။ ပြီးနောက် သူမက စာအုပ်ဖတ်ရင်း ကျိုးချင်းပိုင်ကို မှီလိုက်တော့သည်။

မြို့တော်ကို ရောက်ပြီး ရထားဆိုက်ပြီးနောက် လင်းချင်းဟယ်က စိတ်သာရာရသွားသည်။ သူမက နောက်ဆုံးတော့ အသက်ရှုနိုင်ပြီ။

လောင်အာ့နှင့် လောင်စန်း ညီအစ်ကိုနှစ်ယောက်က စိတ်အားထက်သန်နေကြဆဲ ဖြစ်သည်။ သူတို့က ရေလုံးဝ မချိုးခဲ့ကြရပေ။

“အစ်ကိုကြီး” လောင်စန်း၏ မျက်လုံးများက တောက်ပလာသည်။ သူက သူ့အစ်ကိုကြီး သူတို့ကို လာကြိုသည်ကို တွေ့ပြီးနောက် သူက ချက်ချင်းပင် ပျော်ရွှင်သွားတော့သည်။

ကျိုးခိုင်က အရပ်ရှည်ပြီး ကြည့်ကောင်းသည်။ ရှာတွေ့ရန် အလွန်လွယ်ကူသည်။

လူအုပ်က များပြားလွန်းသည်။ သူက သူ့အဖေ၏တာဝန်ကို ယူ၍ တိုးဝှေ့ပြီးနောက် ပြောသည်။

“အရင်သွားစားရအောင်၊ ကျွန်တော် မှာထားပြီးသား”

ကျိုးချင်းပိုင်က သူ့ဇနီးကို လမ်းပြနေပြီး သူ့သားနှစ်ယောက်က သူ့အစ်ကိုကြီးနောက်သို့ လိုက်သွားကြသည်။

သူတို့က ဘဲကင်ဆိုင်သို့ သွားကာ ဗိုက်ပြည့်အောင် စားလိုက်ကြသည်။ ပြီးနောက် မိသားစုက အိမ်သို့ ခပ်ဖြည်းဖြည်း လမ်းလျှောက်ပြန်လာကြသည်။

ပထမဆုံး ပစ္စည်းများကို အဝေးမှာချထားလိုက်သည်။

ဒေါ်လေးမာက လာရောက်နှုတ်ဆက်သည်။

“အိုး၊ ဆရာမလင်း၊ ဒါက မင်းရဲ့အမျိုးသားနဲ့ သားငယ်နှစ်ယောက်လား။ တကယ် သဘောကျစရာကောင်းတာပဲ”

ကျိုးချင်းပိုင်၊ လောင်အာ့၊ လောင်စန်းတို့ကို မြင်ပြီး အမျိုးသမီးက နှစ်သက်သွားသည်။

“ဒါက ဒေါ်လေးမာလေ၊ သူမက အိမ်ဘေးက” လင်းချင်းဟယ်က အပြုံးတစ်ပွင့်ဖြင့် မိတ်ဆက်ပေးလိုက်သည်။

အချင်းချင်း မိတ်ဆက်ကြပြီးနောက် လင်းချင်းဟယ်က ပြောသည်။ “အဒေါ်.. ကျွန်မတို့ ညနေမှ ပြန်လာပြီးတော့ အဒေါ့်ဆီ ပြန်လာခဲ့မယ်လေ။ ကျွန်မတို့ ရေချိုးရုံမှာ အရင်ဆုံး ရေသွားချိုးမလို့..”

“သွားလေ... သွား...” ဒေါ်လေးမာက စိတ်ထဲမထားပေ။ သူတို့က ယခုမှ ရောက်လာပြီး ရထားစီးခဲ့ရ၍ အလွန်ပင်ပန်းနေပြီဖြစ်သည်။ ရေချိုးခြင်းက သူတို့ သေချာပေါက် လိုအပ်ပေမည်။

ထို့ကြောင့် မိသားစုက ရေချိုးရုံသို့ လာကြသည်။

လင်းချင်းဟယ်က တစ်ဖက်ရေချိုးရုံသို့ ရေချိုးရန် သွားလိုက်သည်။ ကျိုးချင်းပိုင်က သူ့သားသုံးယောက်ကို အမျိုးသားရေချိုးရုံသို့ ခေါ်သွားသည်။

လင်းချင်းဟယ်က ရှိုးတိုးရှန့်တန့် ခံစားနေရဆဲ ဖြစ်သည်။ ကျိုးချင်းပိုင်နှင့် ကောင်လေးသုံးယောက်ကတော့ ပုံမှန်သာဖြစ်သည်။

ကျိုးချင်းပိုင်က စစ်တပ်ထဲတွင် ရှိစဉ်က အတွေ့အကြုံရှိဖူးပြီးဖြစ်သည်။ ညီအစ်ကိုများက ကျေးလက်တွင် နွေရာသီ၌ မြစ်ထဲသို့ ခုန်ဆင်းရန် အခြေခံအားဖြင့် အဝတ်ချွတ်ရလေသည်။

မိသားစုက ရေချိုးပြီးနောက် လန်းဆန်းသွားတော့သည်။ ကျိုးချင်းပိုင်ပင်လျှင် အလွန်ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။

သူတို့က အချိန်ကြာကြာ ယူလိုက်ကြသည်။ လင်းချင်းဟယ်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ သူတို့ ထွက်လာပြီးနောက် မိသားစုတစ်ခုလုံးသည် သူတို့မျက်နှာပေါ်တွင် ပေါ့ပါးသော အထိအတွေ့ကို ရရှိလိုက်ကြသည်။

“လောင်တာ့ မင်းရဲ့ညီနှစ်ယောက်ကို မင်းလက်ထဲ အပ်လိုက်ပြီ” လင်းချင်းဟယ်က ပြောလိုက်သည်။

“ကောင်းပြီ” ကျိုးခိုင်က ခေါင်းညိတ်လိုက်ပြီး အဝတ်ပေများကို သူ့အမေဆီသို့ လွှဲပေးလိုက်သည်။ ပြီးနောက် သူက သူ့ညီနှစ်ယောက်ကို အနီးတစ်ဝိုက်လှည့်ပတ်ကြည့်ရန် ခေါ်သွားလိုက်သည်။

လင်းချင်းဟယ်ကမူ ကျိုးချင်းပိုင်နှင့် အိမ်သို့ သွားသည်။

ကျေးလက်သို့ သွားပြီးနောက် ကွာရှင်းပြီး ပြန်လာသော အိမ်နီးချင်းအမျိုးသမီးကျန်း၏သမီးကြီးနှင့် ဆုံတွေ့ခဲ့ကြသည်။

“ဆရာမလင်း ဒါက မင်းရဲ့ယောက်ျားလား” ကျန်းမေ့ဟယ်က လင်းချင်းဟယ်ကို စကားပြောလိုက်သည်။ သို့သော်ငြား သူမမျက်လုံးများက ရေချိုးပြီးနောက် လန်းဆန်းနေသည့် ယောက်ျားဆန်ဆန် တောင့်တောင့်ဖြောင့်ဖြောင့် ကျိုးချင်းပိုင်အပေါ်တွင်သာ ရှိနေသည်။

ကျိုးချင်းပိုင်က ဤနှစ်တွင် အသက်သုံးဆယ်ထဲ ဝင်လာပြီဖြစ်သော်လည်း လင်းချင်းဟယ်၏ ဂရုစိုက်မှုကြောင့် သူက ဆင်းရဲဒုက္ခကို မခံစားဖူးပေ။

ဤအမျိုးသားက ထင်းရှုးပင်ကဲ့သို့ မြင့်မားကာ သူ့ဆွဲဆောင်မှုက ရင်ခုန်ဖွယ်ကောင်းသည်။

ထို့ကြောင့် လင်းချင်းဟယ်က ကျန်းမေ့ဟော်ကို ကြည့်လိုက်သောအခါ သူမမျက်လုံးများက သူမချင်းပိုင်ထံတွင် ကပ်တွယ်လုနီးပါးပင်။

လင်းချင်းဟယ်က သဘောကောင်းသူတစ်ယောက် မဟုတ်ပေ။ သူမက ထိုသို့သောလူစားမျိုးဖြင့် မနှုတ်ဆက်ချင်ပေ။ ရိုးရှင်းစွာဖြင့်ပင် အောက်ဆုံးစည်းဆိုတာ မရှိချေ။

သူမက တခြားသူရဲ့အမျိုးသားကို ပွင့်ပွင့်လင်းလင်း ကြည့်ရဲတာ သူတို့နောက်ကွယ်တွင် သူမ မည်သို့ လုပ်မည်နည်း။

ထို့ကြောင့် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ဒေါ်လေးမာ၏နေရာကို တိုက်ရိုက်ခေါ်သွားလိုက်သည်။ မည်သည့် စကားတစ်ခွန်းမျှပင် အာရုံစိုက်မှုမပေးပေ။

ဒေါ်လေးမာက ပြုံးလျက် သူတို့ကို ကြိုဆိုသည်။

“ကျွန်မလောင်တာ့နဲ့ ဒီကို ရောက်လာကတည်းက ကျွန်မတို့က ဒေါ်လေးမာရဲ့အကူအညီကို မလိုခဲ့ဘူးဆိုတာ မရှိဘူး” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောပြသည်။

ကျိုးချင်းပိုင်က ဒေါ်လေးမာကို အလွန်အလေးအနက်ဖြင့် ကျေးဇူးတင်လိုက်သည်။ ဒေါ်လေးမာက ပျော်ရွှင်စွာ ပြောသည်။ “ဒါက ဘာမှမဟုတ်ပါဘူး။ အိမ်နီးချင်းတွေက ဒီလိုပါပဲ။ ဒါနဲ့ ကျိုးခိုင်ရဲ့အဖေ.. ဆရာမလင်းက ဘေးအိမ်က ကျန်းမိသားစုအကြောင်း ပြောတာကို လိုက်နာဖို့ လိုတယ်။ မင်း ဆရာမလင်းကို အမှားလုပ်လို့ မဖြစ်ဘူးနော်။ နားလည်လား”

ဒေါ်လေးမာသည် ကျန်းမိသားစု၏သမီးက ထိုမျှအရှက်မဲ့မည်ဟု မမျှော်လင့်ခဲ့ပေ။

All Chapters