← Chapters

ငွေကို စုဆောင်းခြင်း

Vol. 46 Ch. 636

ငွေကို စုဆောင်းခြင်း

Vol. 46 Ch. 636

ချစ်လှစွာသောမိခင်၏လက်ထဲတွင် အပ်နှင့်အပ်ချည်သည် မကြာမီ လှည့်လည်သွားလာသော သားဖြစ်သူ၏ အဝတ်အစားအပေါက်အပြဲများကို ပြုပြင်ပေးနေသည်။ ရက်နီးလာသည်နှင့်အမျှ သူမ၏ချုပ်လုပ်မှု အရှိန်အဟုန်ကို တိုးမြင့်လာကာ နောက်ကျမှ ပြန်လာမည်ကို စိုးရိမ်နေသော သောကများသည် သူမ၏နှလုံးသားထဲတွင် ပဲ့တင်ထပ်နေသည်။ ဒါသည် မိခင်မေတ္တာ၊ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော ချစ်ခြင်းမေတ္တာတရား - တောင်တကာ့တောင်ထိပ်၏ အမြင့်ဆုံးတောင်ထွတ်နှင့်တူသော ချစ်ခြင်းမေတ္တာတစ်ခုပင်။

သားဖြစ်သူသည် အမှားတစ်ခုခု ကျူးလွန်မိပြီး ထောင်ကျခဲ့ရသည်။ ကျန်းရှီသည် သူမ၏ခံစားချက်များကို ထုတ်မပြောသည့်တိုင် သူမ၏ရင်ထဲတွင် သားဖြစ်သူအပေါ် စိတ်သောကများနှင့် စိုးရိမ်ပူပန်မှုများက ရှိနေခဲ့သည်။ သူမ၏သားလေး မကြာမီ ထောင်က ပြန်လွတ်လာသည်ဟု တောင့်တပြီး မျက်စိရှေ့တွင် ပေါ်လာသည်ကို မျှော်လင့်မိပေသည်။ မရေမတွက်နိုင်သော စိတ်ကူးယဉ်မှုများနှင့် မရေမတွက်နိုင်သော ဆုတောင်းမှုများဖြင့် ဖြတ်သန်းခဲ့ရသည့် နှစ်တစ်ဝက်ကြာ အိပ်မက်ရှည်ကြီးတည်း။ ထိုအိပ်မက်သည် နောက်ဆုံးတွင် အမှန်တကယ် ဖြစ်လာသောအခါတွင် သူမတစ်ကိုယ်လုံး တုန်ရီခြောက်ခြားကာ စိတ်လှုပ်ရှားကြောက်ရွံ့မှုတို့ ခံစားရလေသည်။

သူမ အိပ်မက်မက်နေသည်ဟုဖြစ်မှာကို ကြောက်ရွံ့ပြီး မျက်ရည်စီးကြောင်း နှစ်သွယ်သည် ပါးပြင်ထက် ကျဆင်းလာသည်။

စုရှန်ဖေးသည် မြေကြီးပေါ် ဒူးထောက်ထောင်ချလိုက်ပြီး ခေါင်းကို မြေပြင်ပေါ် အကြိမ်ကြိမ် တိုက်လိုက်ကာ ခါးသီးသောအမူအရာဖြင့်

"ကျွန်တော် ပြန်လာပြီ အမေ…"

နောက်ဆုံးမှာတော့ ကျန်းရှီသည် သူမ အိပ်မက် မက်နေခြင်း မဟုတ်သည်ကို သေချာသွားခဲ့ပြီဖြစ်ပြီး အိပ်မက်သည် သည်ကဲ့သို့ အစစ်အမှန် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ကျန်းရှီ နှုတ်ခမ်းကို ကိုက်လိုက်ကာ စုရှန်းဝမ်ရှေ့သို့ သွားလိုက်သည်။

ဖြန်း…

သူမသည် စုရှန်းဝမ်အား ပါးရိုက်လိုက်သည်။

မိခင်တစ်ယောက်၏ချစ်ခင်ပူပင်သော အမူအရာဖြင့် ကျန်းရှီက စိတ်ဆိုးမာန်ဆိုး မေးလိုက်သည်။ "နင့်အမှားတွေကို နင် နားလည်ပြီလား။"

စုရှန်းဝမ်က ဆက်လက်ဒူးထောက်ထားရင်း သူက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီး

“ကျွန်တော့်အမှားတွေကို နားလည်သဘောပေါက်ပြီး ဝန်ခံပြီးသားပါ အမေ။”

ကျန်းရှီသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည့်တိုင် သူမ၏မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာသည်။ သူမသည် တစ်ဖန် မျက်လုံးဖွင့်ကြည့်လိုက်ပြီး သက်ပြင်းချကာ

“ထတော့…။ နင့်မိသားစု ဒီမှာရှိနေတယ်ဆိုတဲ့ အသိစိတ် ရှိနေသေးတာ ကောင်းပါတယ်။”

"အမေ … ကျွန်မလည်း တောင်းပန်ပါတယ်။"

ကျန်းမေ့ယွမ်လည်း ကမန်းကတန်း ရောက်လာပြီး နောင်တအပြည့်ဖြင့် ပြောလိုက်သည်။

ကျန်းရှီက စကားမပြောဘဲ ထိုအစား စုလင်းယွမ်ကို ကြည့်နေသည်။

စုလင်းယွမ်သည် ထန်ရှုအား လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီး စုရှန်းဝမ်အား မြေပြင်မှ ဆွဲထူပေးလိုက်ကာ

"အစ်ကို … နင် ပြန်လာတာ အရမ်းကောင်းပါတယ်။ ရှုအာက နင့်ကို တမင်လုပ်တာ မဟုတ်ပါဘူး။ သူ့ကို စိတ်မဆိုးပါနဲ့။"

"ငါက သူ့ကို ဘယ်လို ဒေါသထွက်နိုင်မှာလဲ။" စု ရှန်းဝမ်က ခေါင်းယမ်းလိုက်သည်။ "ဆန့်ကျင်ဘက်အနေနဲ့ ထန်ရှုကိုတောင် ကျေးဇူးတင်ရမယ်။ သူ့ကြောင့်သာ မဟုတ်ရင် ငါ နောင်တရမှာမဟုတ်ဘူး။ အမေ … စိတ်မပူပါနဲ့။ ကျွန်တော်တို့ ပြောင်းလဲပြီး စိတ်သစ်လူသစ်နဲ့ ဘဝတစ်ခုကို စတင်ပြီး ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေကို မိသားစုဝင်တွေအဖြစ် မှတ်ယူပါမယ်။ ဒီအတိုင်း ဖြစ်သင့်တာပါ။”

အိပ်မက်ထဲမှာတောင် ကျန်းရှီက သူ့သားလေး သည်လိုစကားမျိုး ပြောသည်ကို ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါပေ။ မျက်ဝန်းမှ စီးကျလာသော မျက်ရည်များကို မသုတ်နိုင်အားဘဲ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်သည်။

“ကောင်းတယ် … သိပ်ကောင်းတယ်။ ပြောင်းလဲနိုင်တာ အရမ်းကောင်းတယ်။”

စုမိသားစု၏ ပတ်ဝန်းကျင်လေထုသည် စုရှန်းဝမ် ပြန်ရောက်လာသည်နှင့်အတူ အနည်းငယ် ကွဲပြားသွားသည်။ ထန်ယွင်သဲ့၏ သဘောထားသည် စုရှန်းဝမ်အား ခွင့်လွှတ်ခြင်း သို့မဟုတ် သူ့တာဝန်ကို လုပ်စေလိုခြင်းစသော မည်သည့်သဘောထားကိုမျှ ပြသခြင်း မရှိခဲ့ပေ။

ညနေပိုင်းတွင် မုချင်းဖျင်နှင့်ဂူရင်တို့သားအမိသည် စုချွမ် မောင်းနှင်သောကားဖြင့် ကြယ်တာရာသို့ ပြန်လည် ရောက်ရှိကြပြီး ထန်ရှုသည် ထန်ယွင်သဲ့၊ စုလင်းယွမ်တို့နှင့်အတူ ပေကျင်းသို့ ပြန်လည် ထွက်ခွာခဲ့သည်။ မြို့တော်သို့ သူတို့မိသားစု၃ယောက် ရောက်ရှိလာချိန်သည် မနက်၂နာရီ ဖြစ်သည်။ သို့သော် ၎င်းတို့သည် ထန်မိသားစု နေထိုင်ရာသို့ တိုက်ရိုက်မသွားဘဲ ထန်ယွင်သဲ့ မကြာသေးမီက ဝယ်ယူခဲ့သော ပေကျင်းရှိ အိမ်သို့ သွားခဲ့သည်။

မြစ်များနှင့်တောင်တန်းပန်းဥယျာဉ်...

၎င်းသည် တတိယပတ်လမ်းရှိ အတော်လေး အဆင့်မြင့်သော လူနေအိမ်ရာတစ်ခု ဖြစ်သည်။ အထင်ရှားဆုံးမှာ ၎င်းသည် အဆင့်မြင့်ကောင်းမွန်စွာ အလှဆင်ထားသည့် နှစ်ထပ်အခန်းကြီးဖြစ်သည်။ ထန်ရှုသည် မြို့တော်ကို အကြိမ်ကြိမ် ရောက်ဖူးသော်လည်း ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပေတော့သည်။

" ရှုအာ … အမေနဲ့ အဖေက အောက်ထပ်မှာ နေဖြစ်မယ်။ ရှုအာက အောက်ထပ်မှာ နေမလား အပေါ်ထပ်နေမလား ကြိုက်တာရွေးလို့ရတယ်။"

ထန်ယွင်သဲ့သည် ခရီးဆောင်အိတ်ကို ချလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိရင်း အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်တော် အပေါ်ထပ်ကို ယူလိုက်မယ်။" ထန်ရှု ပြုံးရင်း ဖြေလိုက်သည်။

“ဒီအိမ်က အတော်ကြီးတာပဲ။ အကျယ်အဝန်းက ၂၀၀စတုရန်းမီတာလောက် ရှိတယ် မဟုတ်လား။"

"အတိအကျပြောရမယ်ဆိုရင် ဒါက ၂၆၀စတုရန်းမီတာ ရှိတယ်။ မူလက လုံးချင်းအိမ်တစ်လုံး ဝယ်ဖို့ပဲ။ ဒါပေမယ့် မင်းအမေက ကျယ်ဝန်းတဲ့ အိမ်ကြီးတွေကို မကြိုက်တာရော အဖေတို့က မြို့တော်မှာ နေတာက နည်းတာရောဆိုတော့ ကြီးကြီးကျယ်ကျယ် အိမ်တစ်လုံး ဝယ်တာက အလကားဖြုန်းသလို ဖြစ်မှာမို့ ဒီအိမ်ခန်းကိုပဲ ရွေးလိုက်တယ်။ သားအတွက် အပေါ်ထပ် မာစတာအိပ်ခန်းကို ထားပေးထားတယ်။ အိမ်သော့တွေက ကုတင်ဘေး စားပွဲပေါ်မှာ ရှိတယ်။ သားနဲ့အတူ ယူသွားဖို့ မမေ့နဲ့။"

"နားလည်ပြီအဖေ။"

ထန်ရှုသည် ခရီးဆောင်အိတ်ကို ဒုတိယထပ်သို့ သယ်လာရင်း အခန်းအား အကဲခတ်ကြည့်နေခဲ့သည်။ သူ့တွင် သိုလှောင်လက်စွပ်တစ်ကွင်းရှိသော်ငြား သူ့မိဘများကို လောလောဆယ် သည်လျှို့ဝှက်ချက်အား မသိစေချင်သေးပေ။ သို့ဖြင့် သူ့အမေ စုလင်းယွမ် ပြင်ဆင်ပေးထားသည့် ခရီးဆောင်အိတ်ထဲသို့ အဝတ်အစားများသည် ခေတ္တခဏ နေရာပြောင်းသွားရတော့သည်။

မာစတာအိပ်ခန်းသည် ၃၀စတုရန်းမီတာ အကျယ် ရှိသည်။ အဆင်မြင့် ပြင်ဆင်ထားပြီး ကောင်းစွာ ကျယ်ဝန်းပေသည်။ ထန်ရှုသည် ခရီးဆောင်အိတ်ကို ဗီရိုပေါ်တင်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ အဆောက်အဦးသည် အထပ် ၂၀ ရှိပြီး ၎င်းတို့၏တိုက်ခန်းသည် အဆောက်အဦး၏ အလယ်ဖြစ်သော ၁၁ လွှာနှင့် ၁၂ လွှာအား ဝယ်ယူထားခြင်းဖြစ်သည်။ ထို့ကြောင့် ပြတင်းပေါက်တွင် ရပ်နေခြင်းဖြင့် လူနေအိမ်ရာအပြင်ဘက်ရှိ ရောင်းဝယ်ဖောက်ကားရာလမ်းကို မြင်နိုင်သည်။

"ကြည့်ရတာ နှင်းပြန်ကျဦးမယ် ထင်တယ်။" ထန်ရှုသည် စိတ်အခြေအနေကောင်းစွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သူ့အတွက် အိမ်ဆိုသော အဓိပ္ပါယ်မှာ အလွန် ရိုးရှင်းပေသည်။ သူ့အမေ လက်ရှိ ရှိနေသော နေရာတိုင်းသည် အိမ်ဖြစ်သည် - ယခုအချိန်တွင် သူ့အဖေကို ပြန်တွေ့ပြီး သူတို့နှင့်အတူ ရှိနေသည့်အတွက် ကျေနပ်သည်ထက်ပင် ပိုနေပေသည်။

နောက်တစ်နေ့မနက်ခင်းသည် နှစ်သစ်ကူးနေ့ဖြစ်သည်။ ထန်ရှု စောစောထပြီး သူ့မိဘများနှင့် ထန်မိသားစု၏ ဘိုးဘွားစံအိမ်သို့ လိုက်သွားခဲ့သည်။ သူ၏ဒေါ်လေး ထန်မင်းအပါအဝင် မိသားစု၏ အဓိကအဖွဲ့ဝင်များ အားလုံးနီးပါး ရောက်ရှိလာသောကြောင့် သိုးဘွားစံအိမ်သည် ယခုအခါ လွန်စွာ အသက်ဝင်နေလျက် ရှိသည်။

မိသားစု ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အရိုအသေပေး ကန်တော့ကြသည်။

ထန်ရှု အံ့သြသွားသည်မှာ သူ့အဘိုးအဘွားများက သူ့အား ထူထဲသော အနီရောင်စာအိတ်(အန်ပေါင်း) လက်ဆောင် ပေးခဲ့ခြင်းပင်။

ဘိုးဘွားစံအိမ်၏အနောက်ဘက် ခြံဝင်းထဲတွင် ထန်ထန်က ထန်ရှုအား သီးခြားတစ်နေရာသို့ ဆွဲခေါ်သွားပြီးနောက် သူမ၏လက်ကိုင်ဖုန်းကို လှုပ်ယမ်းပြရင်း အပြုံးဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“အစ်ကို … ညီမလေးကို အန်ပေါင်းပေး။”

(ထန်ထန်သည် ယောင်ရှင်းဟွာ ဖမ်းထားသဖြင့် ထန်ရှု သွားကယ်ခဲ့သော ထန်မိသားစုဝင်တစ်ဦးဖြစ်သည်။)

ထန်ရှုက သူ့လက်ကို အိတ်ကပ်ထဲ ထည့်ကာ စမ်းကြည့်လိုက်ပြီး အားတင်းပြုံးပြလိုက်ရင်း

"ငါ အဲ့ဒါကို မပြင်ဆင်လာမိဘူး။ အဘွားပေးခဲ့တဲ့ အန်ပေါင်း ပေးရင်ရော ဘယ်လိုလဲ … အဆင်ပြေလား။"

“အဲ့ဒီလို ဒုက္ခခံစရာ မလိုဘူး။” ထန်ထန်က ရယ်လိုက်ရင်း "အစ်ကို့ဝီချက် (WeChat)ကတစ်ဆင့် အန်ပေါင်းပို့ရင် ပိုအဆင်ပြေတယ်။"

ဝီချက်(WeChat)ကတစ်ဆင့် အန်ပေါင်း ပို့လို့ရတာလား။

"အဲ့ဒါက ဘယ်လိုမျိုးလဲ။" ထန်ရှုက ဇဝဇေဝါဖြင့် မေးလိုက်သည်။

ထန်ထန် ငြိမ်ကျသွားပြီး

"ဒါက အမှန်မဖြစ်နိုင်ဘူး ဟုတ်လား။" သူမမျက်လုံးထဲတွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်လာပြီး မေးလိုက်သည်။

"အစ်ကို နင် ... ဝီချက်(WeChat) အန်ပေါင်းဆိုတာ ဘာလဲ မသိဘူးလား။"

"ဝီချက်(WeChat)ကို စာတိုပေးပို့တာနဲ့ စကားပြောဖို့သုံးတဲ့ အက်ပလီကေးရှင်းတစ်ခုလို့ပဲ ငါသိထားတာ။ ဒါပေမယ့် ဝီချက်အန်ပေါင်းက ဘယ်လိုပေးရလဲဆိုတာ ငါ မသိဘူး။" ထန်ရှု ခေါင်းယမ်းလိုက်ရင်း

“ဟုတ်သားပဲ … ငါ့မှာ ဝီချက်(WeChat)အကောင့်လည်း မရှိဘူး။”

ထန်ထန်က ထန်ရှုအား ကြည့်နေပုံမှာ ဂြိုဟ်သားကမ္ဘာက မွန်းစတားတစ်ကောင်ကို ကြည့်နေသည့်အလားပင်။ သူမ၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန်များ ထင်ဟပ်လျက်

“ဘုရားသခင် … အစ်ကို့မှာ ဝီချက်(WeChat) အကောင့် မရှိဘူးဆိုတာ မယုံနိုင်စရာပဲ။ အခုခေတ်မှာ ဝီချက်(WeChat)ကို အသုံးမပြုတဲ့သူ ဘယ်သူရှိလို့လဲ။ ဝီချက်(WeChat)အန်ပေါင်းကို မသိတဲ့သူ ဘယ်သူရှိလို့လဲ။ အစ်ကို နင်…”

ထန်ရှု စိတ်ထဲက ပြုံးရုံသာ ပြုံးနိုင်ခဲ့သည်။ သူသည် အင်မော်တယ်ကမ္ဘာမှ ပြန်ရောက်လာခဲ့သည်မှာ နှစ်ဝက်ကျော်ကျော်သာ ရှိသေးပြီး အမျိုးမျိုးသော ကိစ္စရပ်များကို လုပ်ဆောင်ခဲ့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သည်အရာများကို ဂရုစိုက်ရန် သူ မည်ကဲ့သို့ အချိန်ရနိုင်ပါမည်နည်း။ ဝီချက်(WeChat) အက်ပလီကေးရှင်းအား ယွဲ့ခိုင်တို့အဖွဲ့ သုံးသည်ကို သူသိသော်လည်း အန်ပေါင်းများ ပေးပို့ရာတွင်လည်း အသုံးပြုနိုင်ကြောင်းကိုတော့ သူ မသိပေ။

ထန်ထန်က ခေါင်းလေးယမ်းကာ ထန်ရှုအား လက်မြှောက်အရှုံးပေးလိုက်ဟန်ပြသည်။ သူမ၏ လက်သေးသေးလေးကို ဖြန့်လိုက်ပြီး

"အစ်ကို့ရဲ့လက်ကိုင်ဖုန်းကို ပေးပါ။ ဝီချက်(WeChat) အက်ပလီကေးရှင်းကို ဒေါင်းလုဒ်လုပ်ရအောင် ကူညီပေးမယ်။ ပြီးရင် အစ်ကို့ဘဏ်ကတ်ကို ဝီချက်အကောင့်ကို လင့်ခ်ချိတ်ဖို့ သင်ပေးမယ်။ အဲ့ဒါပြီးသွားရင်တော့ အစ်ကို့ရဲ့ ဝီချက် သူငယ်ချင်းအသိုင်းအဝိုင်းဆီ အန်ပေါင်းတွေ ပို့လို့ရပြီ။"

ဆယ်မိနစ်အကြာတွင် ထန်ထန်သည် ဝီချက်အက်ပလီကေးရှင်းကို ဒေါင်းလုဒ်လုပ်ကာ ထန်ရှု၏အချက်အလက်များအကြောင်းကို ထန်ရှုအား မေးမြန်းပြီးနောက် သူ၏ဘဏ်ကတ်ကိုပါ အကောင့်နှင့်ချိတ်ဆက်ပေးခဲ့သည်။ ထို့နောက် သူမက ပြုံးပြီး ပြောလိုက်သည်။

“အခု အန်ပေါင်းတွေ ပို့လို့ရပြီ အစ်ကို။ ကျွန်မကို အန်ပေါင်းထူထူတစ်အိတ် ပို့ပေးရမယ်နော်။ ဟုတ်သားပဲ။ အစ်ကို့ပိုက်ဆံတွေကို အန်ပေါင်းအက်ပလီကေးရှင်းကိုလည်း တိုက်ရိုက် လွှဲပေးနိုင်တယ်။ နို့မဟုတ်ရင် အစ်ကိုက ကပ်စေးနည်းတဲ့သူတစ်ယောက် ဖြစ်နေလိမ့်မယ်။”

ထန်ရှုက စကားတစ်လုံးမှ မဆိုနိုင်ဘဲ ရယ်မောလိုက်ရင်း "ကောင်းပါပြီဗျာ။ စကားမစပ် ဝီချက်အကောင့်ကနေ တစ်ဆင့် ပိုက်ဆံလွှဲရင် အများဆုံးပမာဏက ဘယ်လောက်လဲ။ မင်းက ငါ့ကို ဒီဟာကို သင်ပေးခဲ့တဲ့အပြင် ငါ့ဝီချက်မှာ ပထမဆုံး သူငယ်ချင်း ဖြစ်လာမှာမို့ မင်းကို အန်ပေါင်းအိတ်ထူထူ လက်ဆောင်ပေးမယ်။"

ထန်ထန်၏မျက်လုံးများ တောက်ပလာကာ လက်ချောင်းလေးများ ထောင်ပြရင်း ရယ်ရယ်မောမောဖြင့်

"ယွမ် ၅၀,၀၀၀။"

"ကောင်းပြီ။ ဒါဆို မင်းကို ယွမ် ၅၀,၀၀၀ ငါ ပေးမယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ခဏအကြာတွင် ထန်ရှုသည် ဝီချက်မှတစ်ဆင့် ထန်ထန်အား ၅၀,၀၀၀ကို လွှဲပြောင်းပေးခဲ့သည်။ ထန်ထန်က ရွှင်မြူးသောမျက်နှာဖြင့် ထွက်သွားပြီးနောက် ထန်ရှုသည် သူ့ဖုန်းတွင် စာရင်းသွင်းထားသော လူအားလုံးကို ပြန်သတိရပြီး သူ၏ဝီချက်အကောင့်နံပါတ်ပါသည့် စာတိုတစ်စောင်ကို ပေးပို့ခဲ့သည်။

ယနေ့ခေတ်အချိန်သည် ခေတ်သစ်တစ်ခု ဖြစ်ပြီး လူတစ်ယောက်သည် ခေတ်ရေစီးကြောင်းနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် နေရမည်ဖြစ်သည်။

ယခုခေတ် သူ ကမ္ဘာမြေသို့ ပြန်ရောက်လာချိန်တွင် ထန်ရှုသည် သူ့ကိုယ်သူ လူ့အဖွဲ့အစည်းနှင့် ကင်းကွာမနေရဟု လုံးဝနားလည်လာခဲ့သည်။ ယခုအချိန်တွင် ဝီချက်(WeChat)ကို အသုံးပြုနေသူ အများအပြားရှိနေပြီ ဖြစ်သောကြောင့် သူတစ်ယောက်တည်း အပြင်မှာ အထီးကျန် မနေတော့ပါချေ။

ဘိ…ဘိ…ဘိ…

ဘိ…ဘိ…ဘိ…

“…”

ထန်ရှု၏ဖုန်းမှ သတ်မှတ်ထားသည့် အကြောင်းကြားချက်အသံများ ဆက်တိုက် မြည်လာသည်။ ထန်ရှု၏ဖုန်းတွင် သိမ်းဆည်းထားသော ဖုန်းနံပါတ်များသည် ၁၀၀မကျော်သဖြင့် များသည်ဟု မဆိုနိုင်သော်လည်း သူ စာတိုပို့ပြီးနောက် သူ၏ဝီချက်သူငယ်ချင်းများအဖြစ် ထည့်သွင်းရန် မိနစ်အနည်းငယ်ကြာခဲ့သည်။

"ဟားဟားဟား … ရှားရှားပါးပါးကိစ္စပဲဟေ့။ သူဌေးထန်က ဝီချက်ထဲ မထင်မှတ်ဘဲ ဝင်ရောက်လာတယ်ကွ။"

"ထန်ရှု … ငါ လုံဟန်ဝမ်ပါ။"

"နတ်ဆေးသမားတော်လေး ထန် … ငါက လီဟွန်ဂျီ။"

“သူဌေး … နောက်ဆုံးတော့ ဝီချက်အကောင့်တစ်ခု ရှိသွားပြီပေါ့။”

“အစ်ကိုထန်ရှု …”

“…”

ထန်ရှုသည် ဝီချက်၏အကြောင်းကြားချက်များကို ဆက်လက်လက်ခံရရှိခဲ့သည်။ အချို့က စာသားမက်ဆေ့ခ်ျများ ဖြစ်ပြီး အချို့က အသံမက်ဆေ့ချ်များ ဖြစ်သည်။ သို့သော် ပို့ထားသော မက်ဆေ့ချ်များစွာ ရှိနေသောကြောင့် ၎င်းတို့တစ်ဦးစီကို စာပြန်နေရလျှင် သူ ပင်ပန်းသွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ရိုးရှင်းစွာပင် တစ်ဦးလျှင် ယွမ်၂၀၀စီ အန်ပေါင်းစာအိတ်အား တိုက်ရိုက် ပေးလိုက်သည်။

"ချီး … ဝီချက်သုံးရတာက အတော်ကုန်ကျသွားတာပဲ။"

ထန်ရှုသည် သူဌေးကြီးတစ်ဦး ဖြစ်နေသော်လည်း အန်ပေါင်းစာအိတ်များစွာကို ရုတ်တရက် ပေးပို့ပြီးနောက် အနည်းငယ် ညည်းညူမိသည်။ သို့သော် နောက်ပိုင်းတွင် သူ မမျှော်လင့်ထားသည့်အရာမှာ သူ၏ဝီချက်အကောင့်တွင်လည်း အန်ပေါင်းများ လက်ခံရရှိကြောင်း အကြောင်းကြားစာများ ဝင်လာခဲ့ရာ သူ အံ့အားသင့်သွားတော့သည်။

၂၀၀…

၂၀,၀၀၀…

သူ ရရှိသည့် ပမာဏအများစုမှာ ၆၆၆၆ နှင့် ၈၈၈၈ ယွမ် စသည်တို့ ဖြစ်သည်။ နာရီဝက်ကျော်ကြာပြီးနောက် လူတိုင်းထံမှ သူ ရရှိသော အန်ပေါင်းအားလုံး စုစုပေါင်းသည် ယွမ် ၈၀၀,၀၀၀ ကျော်ရှိကြောင်း တွေ့ရှိခဲ့သည်။ လုံဟန်ဝမ်၊ ချန်းကျီကျုံး ၊ ကျင်းရှင်းကွေ့၊ မြောင်ဝမ်တန်နှင့် ကျန်သူဌေးများ သည် ၎င်းတို့အကြားတွင် ကြိုတင်သဘောတူညီထားသည့်အတိုင်း အမြင့်ဆုံးပမာဏဖြစ်သည့် ယွမ် ၅၀,၀၀၀စီ ပေးလာကြသည်။

"ဒါ... လူတစ်ယောက်က ချမ်းသာဖို့ ဒါကိုလည်း သုံးလို့ရတယ် မဟုတ်ဘူးလား။"

ဝီချက်ပိုက်ဆံအိတ်နေရာတွင် ပြသထားသည့် စုစုပေါင်းငွေပမာဏကို ကြည့်ရှုနေရင်း သူသည် ရယ်ရမလို ငိုရမလိုဖြစ်ကာ ခေါင်းယမ်းလိုက်မိသည်။

ဝီချက်အက်ပလီကေးရှင်းကို ပိတ်ရန် ပြင်နေချိန်တွင် ခန်းရှက သူ့ဆီ ဖုန်းဆက်လာခဲ့သည်။ ပျော်ရွှင်ဖွယ်စကားပြောဆိုမှုအပြီးတွင် သူ့အား ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစု၏ ထိပ်တန်းအမှုဆောင်အရာရှိများအဖွဲ့ ဝီချက်အုပ်စုသို့ တန်းထည့်သွင်းခြင်းခံလိုက်ရတော့သည်။

"ဘုရားရေ … ငါမြင်လိုက်တဲ့ နာမည်က မှန်ရဲ့လား။ သူ... သူဌေးလား။ ကျွန်တော်တို့ရဲ့ သူဌေးကြီးကို အဖွဲ့ထဲ ထည့်လိုက်ပြီလား။"

"ဝိုး … သူဌေးကြီးကို ထပ်ထည့်လိုက်တာလား။ သူက ငါတို့ကို နှစ်သစ်ကူး ဘောနပ်စ် ဒါမှမဟုတ် တစ်ခုခု ပေးမလို့များလား။”

"ဟူးရေး … သူဌေး သက်တော်ရာကျော်ရှည်ပါစေ။"

"နှစ်သစ်မှာ ပျော်ရွှင်ပါစေ သူဌေး…"

“…”

ထန်ရှုသည် ကုမ္ပဏီ၏အကြီးတန်းစီမံခန့်ခွဲမှု ဝီချက်အဖွဲ့တွင် ထည့်သွင်းလိုက်သော ခန်းရှ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုသူများကို သူမက အန်ပေါင်း ပေးစေချင်ဟန် ရှိသည်။ ထိုသို့ တွေးကြည့်ပြီးနောက် ထန်ရှုသည် ထိုအဖွဲ့ကို စစ်ဆေးကြည့်ရာ စုစုပေါင်းအဖွဲ့ဝင် ၄၀ ကျော်ရှိသည်ကို တွေ့ရှိခဲ့သည်။ ယွမ် ၂၀၀ ပါသည့် စာအိတ် ၄၀ ကျော်ကို ချက်ချင်း ပေးပို့ခဲ့ပြီး အားလုံး ဖမ်းယူစေသည်။

ရလဒ်အနေဖြင့် အန်ပေါင်းအိတ်များကို ဝီချက်အဖွဲ့တွင် ပျော်မြူးစွာ ကြိုဆိုခဲ့သည်။ မရေမတွက်နိုင်သော မြှောက်ပင့်စကားများနှင့် ချီးကျူးစကားများကြားတွင် ထန်ရှုသည် လူတိုင်းအား ကောင်းချီးစကားများပို့ကာ နှုတ်ဆက်ခဲ့ပြီး အက်ပလီကေးရှင်းအား ပိတ်လိုက်သည်။

“ဘာတွေ သဘောတကျ ပြုံးနေတာလဲ ဆန်နီ…။"

စုလင်းယွမ်သည် အခန်းထဲက ထွက်လာကာ အပြင်တွင် ကျဆင်းနေသော နှင်းများကို မော့ကြည့်သည်။ နောက်ဆုံးတွင် သူမ၏အကြည့်များသည် ထန်ရှုထံ ရောက်လာကာ ရွှင်မြူးသောအမူအရာဖြင့် မေးလိုက်သည်။

“ကျွန်တော် အန်ပေါင်းတွေ ရခဲ့တယ် အမေ။ အများကြီးရခဲ့လို့ တော်တော်ဖူလုံသွားပြီ။” ထန်ရှုက ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေသည်။

"အမေ ပို့ထားတဲ့ အန်ပေါင်းရော သား တွေ့ရဲ့လား။" စုလင်းယွမ်က သဘောတကျ ရယ်မောကာ မေးလိုက်သည်။

“အမေ ဝီချက်ကနေ ယွမ် ၅၀,၀၀၀ ပို့လိုက်တယ်။ အဲ့ဒါက ဝမ်… အမ်… တစ်စုံတစ်ယောက်က အမေ့ကို သုံးတတ်အောင် သင်ပေးထားတာ။ အမေတို့ အရင်တုန်းက အရမ်းဆင်းရဲတော့ ဒီလိုခေတ်မီတဲ့ မိုဘိုင်းဆော့ဖ်ဝဲလ်တွေကို ဘယ်လိုသုံးရမလဲဆိုတာ နားမလည်တဲ့အတွက် အမေက သားကို နှစ်တိုင်း မုန့်ဖိုးနည်းနည်းပဲ ပေးဖြစ်တယ်။ ဒါပေမယ့် အခု အမေတို့မိသားစုမှာ ပိုက်ဆံရှိလာပြီဆိုတော့ အမေက သားကို ဖြည့်ဆည်းပေးချင်ပြီး သည်အချိန် အားလုံးကို လက်ဆောင်ပေးချင်တယ်။"

***

All Chapters