← Chapters

မြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း

Vol. 46 Ch. 638

မြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း

Vol. 46 Ch. 638

ဖုန်းခေါ်ဆိုမှုအပြီးတွင် ထန်ရှုသည် အတန်ငယ် စိတ်လေးလံသွားကာ တုန်လှုပ်သွားခဲ့သည်။ ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု၏ ဖွံ့ဖြိုးတိုးတက်မှုကို သူ သိရှိသည်။ အလွန်လျင်မြန်သော ဒုံးပျံကဲ့သို့ဖြစ်ပြီး စွမ်းရည်များစွာမရှိသူများပင်လျှင် ၎င်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ သူ၏ဂုဏ်ပုဒ်ကို အခုအချိန်တွင် လူတော်တော်များများ သိနေကြပြီဖြစ်သည်။ သူ့ကုမ္ပဏီသည် ယခုအချိန်အထိ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာရခြင်း၏ အကြောင်းရင်းမှာ ကုမ္ပဏီ၏ အဓိကထုတ်ကုန်များ၏ အချက်အလက်များကို လိုချင်တောင့်တနေသော ကြယ်တာရာရှိ အင်အားစုများအားလုံးကို ရှေးယခင်ကတည်းက ဖယ်ရှားခဲ့ခြင်းကြောင့် ဖြစ်ပြီး အခြားတစ်ဖက်တွင် သူ၏အခြားဂုဏ်ပုဒ်နှင့် ဆက်စပ်နေနိုင်သည်။

ထိုအခြားအကြောင်းပြချက်မှာ ထန်မိသားစုဖြစ်သည်။ ထန်မိသားစုသည် သူ့ကို အကာအကွယ်ပေးထားသည့် ထီးသဖွယ်ဖြစ်သည်။ ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုကို ကိုင်တွယ်လိုပါက တန်မိသားစုနှင့် ရင်ဆိုင်ရမည်ဟု လူအများက ၎င်းတို့၏ စိတ်နှလုံးသားထဲတွင် ကြည်လင်ပြတ်သားစွာ သိရှိနေကြသည်။

ထန်ရှုကမူ ထန်နှင့်ယောင်မိသားစုများကြား ယခင်တိုက်ပွဲတွင် နောက်ဆုံးအနိုင်ရသည့် ရလဒ်ထွက်အောင် လုပ်ပေးကာ အကျိုးအမြတ်အများဆုံရအောင် လုပ်ပေးခဲ့သူအဖြစ် ထင်းလင်းသည်။ မိသားစုနှစ်စုကြား ငြင်းခုံခြင်း၏ရလဒ်သည် ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုအတွက် ထူးဆန်းသော အခြေအနေများ ပေါင်းစပ်မှုမှ မရည်ရွယ်ဘဲ ဖြစ်ပေါ်လာသော နောက်ဆက်တွဲတစ်ရပ် မဖြစ်လာစေရန် နောက်ထပ် အတားအဆီးများနှင့် အကာအကွယ်အလွှာများ ပြုလုပ်ထားခဲ့ရသည်။

…ငှက်များသည် အစာကို လိုက်ရှာစားရင်း သေဆုံးကြပြီး လူတို့သည် စည်းစိမ်ဥစ္စာကို ရှာဖွေရယူရန် ကြိုးစားရင်း သေဆုံးကြလိမ့်မည်။ သစ်ပင်မြင့်လေ … လေတိုက်ခံရလေ ဖြစ်ရာ လောဘစိတ်များစွာဖြင့် မက်မောခြင်းကို ရှောင်လွှဲ၍မရပေ။

...ငါက အမြဲတမ်း သိုသိုသိပ်သိပ်နေပြီး လျှို့လျှို့ ဝှက်ဝှက် စီးပွားရှာချင်ပေမယ့် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အနာဂတ်မှာ ရရှိနိုင်တဲ့ အလားအလာတွေက တခြားသူတွေကို မနာလိုဖြစ်စေတယ်။ ငါ လုပ်နေကျ သိုသိုသိပ်သိပ် နေတယ်ဆိုတဲ့ဟာက လူတော်တော်များများရဲ့ မျက်လုံးတွေထဲမှာ ရယ်မောစရာ ဟာသတစ်ခုလို့ မြင်နေတာကလွဲလို့ ဘာမှမဟုတ်ပုံပဲ။ ဒါပေမယ့် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုတစ်ခုလုံးအပေါ် အာဏာချုပ်ကိုင်ထားတဲ့သူကလည်း ငါပဲ ရှိတယ်။…

ထန်ရှုသည် စီးကရက်တစ်လိပ်ကို မီးညှိကာ တစ်ချက်နှစ်ချက်ဖွာရှိုက်လိုက်ရင်း စင်္ကြန်လမ်းတွင် ရပ်နေစဉ် ပြင်းထန်ပြီး နှိပ်ကွပ်လိုသော အော်ရာတစ်ခုသည် သူ့ထံမှ ထွက်ပေါ်လာသည်။

…သိုသိုသိပ်သိပ် နေလို့မရတော့ဘူးဆိုမှတော့ ငါက ခပ်မြင့်မြင့် နေပြရတော့မှာပေါ့။ ထန်မိသားစုက အလင်းထဲမှာ တည်ရှိနေသလို ထာဝရခန်းမက အမှောင်ထဲတွင် ရှိနေတယ်။ ငါ့အနေနဲ့ နှစ်မျိုးလုံး သုံးလို့ရတယ်ဆိုတော့ ဘာကို ကြောက်နေရဦးမှာလဲ။ ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုကို လောဘတက်နေတဲ့ ဘယ်သူနဲ့မဆို ငါက ပျော်ပျော်ကြီး ကစားပေးလိုက်မယ်။ အဆိုးတကာ့အဆိုးဆုံးဖြစ်လာရင် သူတို့ကို ငါ့လူတွေနဲ့ သွားတွေ့ပြီး သုတ်သင်ပစ်မယ်။ အဟက် … ဒါပဲလေ…

ထန်ရှုက သည်အချင်းအရာကို စဉ်းစားပြီးနောက် စီးကရက်ကို မီးငြိမ်းသတ်လိုက်ပြီး ဂူရှောင်ရွှဲ့ဆီ ဖုန်းဆက်လိုက်သည်။ မိုအားဝူကို နဂါးကိုးကောင်ကျွန်းကနေ ပြန်ရွှေ့ခိုင်းပြီး သည်နေရာသို့ ကျွမ်းကျင်သော အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လာရင်း သူ့အမိန့်အတိုင်း ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေရန် ညွှန်ကြားလိုက်လေသည်။

****

အပြာရောင်မြို့တော်…

မိုးသောက်ကြယ်ဟိုတယ်၏ပုံမှန်အခန်းတစ်ခုအတွင်း ချန်ရှင်းဝမ်သည် ပြတင်းပေါက်ရှေ့တွင် နိုးနိုးကြားကြားဖြင့် ရပ်နေခဲ့သည်။ သူသည် ကန့်လန့်ကာနောက်ကွယ်မှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူသည် နိုင်ငံရပ်ခြားတွင် နေထိုင်သည့် ရည်မှန်းချက်ကြီးသော တရုတ်လူမျိုးတစ်ဦး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် မဟူရာကလပ်အဖွဲ့ဝင် ဖြစ်သည့် ဗာရိုမိသားစုတွင် သြဇာကြီးသော ပုဂ္ဂိုလ်တစ်ဦး၏ ဘဏ္ဍာရေးရာများကို စီမံခန့်ခွဲပေးရသော လူယုံလက်ထောက်တစ်ဦးလည်း ဖြစ်သည်။

"ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ဖော်မြူလာတွေကို ရယူဖို့ တရုတ်နိုင်ငံက ဗာရိုမိသားစုရဲ့ အီလက်ထရွန်နစ်ပစ္စည်းလုပ်ငန်းသူဌေးအဖြစ် ငါ့ရာထူးကို စွန့်လွှတ်လိုက်ရတာ ဆုံးရှုံးမှုကြီးတစ်ခုပဲ။ ဒါပေမယ့် ဖော်မြူလာကို ရနိုင်ရင် အမြတ်များများနဲ့ အကျိုးကျေးဇူးများများ ရနိုင်မယ်။ ဒီတာဝန်ကို ပြီးမြောက်ခဲ့မယ်ဆိုရင် အနာဂတ်မှာ ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရာမှာ သူဌေးကြီးက ကူညီပေးမယ်လို့ ပြောတာပဲ…။”

ချန်ရှင်းဝမ်က သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများထဲတွင် လိုချင်တောင့်တနေသည့် အကြည့်များ ရှိနေသည်။ သူသည် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ အာဏာအတန်အသင့်ရှိသော ဝိုင်စက်ရုံ ဒုဒါရိုက်တာတစ်ဦးကို သိမ်းသွင်းနိုင်ခဲ့သည်။ ထိုက်ချန် သေသွားပါက ထိုဒုဒါရိုက်တာသည် ဝိုင်စက်ရုံ၏ ဒါရိုက်တာအသစ် ဖြစ်လာရန် အလားအလာ အလွန်ကောင်းသည်။ ထို့နောက် နတ်ဘုရားဝတ်ရည်ဝိုင် ဖော်မြူလာ ရရှိရန် သူ့အတွက် အလွန် လွယ်ကူသွားပေမည်။

ဒေါက်…ဒေါက်…

သူ့အခန်းတံခါးကို ခေါက်သံကြားလိုက်သဖြင့် ချန်ရှင်းဝမ်၏ရင်ထဲတွင် တင်းကျပ်သွားသည်။ သူသည် ကုတင်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူလေးယောက်ဆီသို့ အမြန်လှည့်ကာ လက်ဟန်ပြလိုက်သည်။

ချက်ချင်းပင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ချန်ရှင်းဝမ်၏ရည်ရွယ်ချက်ကို နားလည်ပြီး ပစ္စေတိုကို ခါးမှ အမြန်ဆွဲထုတ်သည်။ ထို့နောက် တံခါးဘေးသို့ လျှောက်ပြီး အော်မေးလိုက်သည်။

“ဘယ်သူလဲ။”

"ကျွန်မပါ…။" တံခါးအပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချန်ရှင်းဝမ်ကို အလျင်အမြန် တစ်ချက်ကြည့်လိုက်သည်။ သူခေါင်းညိတ်ပြသည်ကို မြင်သည့်အခါ တံခါးကို ချက်ချင်းဖွင့်ပေးပြီး လှပသောဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမချောလေးတစ်ယောက်အား အခန်းထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

ချန်ရှင်းဝမ်က ရှေ့ကို လှမ်းလာကာ မေးလိုက်သည်။ "အခြေအနေ ဘယ်လိုလဲ။"

“ပစ်မှတ်ကို ကိုင်တွယ်ပြီးပြီ။ သူဌေးရဲ့ ညွှန်ကြားချက်အတိုင်း ကြိုတင်ပြင်ဆင်ထားတဲ့ ကားမတော်တဆမှု ဖြစ်အောင် လုပ်ခဲ့တယ်။ ဒါပေမယ့် ပြသနာတစ်ခုတော့ ကိုင်တွယ်ဖြေရှင်းဖို့ လိုလိမ့်မယ်။ သူ့သက်တော်စောင့်နှစ်ယောက်လေ။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက အဲ့ဒါကို စုံစမ်းမယ်ဆိုရင် သက်တော်စောင့်နှစ်ဦးသေဆုံးသွားတာကို တွေ့ဖို့ အရမ်းလွယ်နေလိမ့်မယ်။”

"ထိုက်ချန် သေတာထက် ကျန်တာတွေအားလုံးက အရေးမကြီးဘူး။" ချန်ရှင်းဝမ်က ကျေနပ်စွာ မှတ်ချက်ပေးသည်။

"ဒါနဲ့ သူဌေးက ကျွန်မတို့ကို ဘာကြောင့် ကြိုတင်ပြင်ဆင်ထားတဲ့ ကားမတော်တဆမှု ဖြစ်စေချင်တာလဲ။" အမျိုးသမီးက မေးသည်။

“ငါက ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက လူတွေ သိအောင် လုပ်ချင်ရုံပါ။ ဒါဟာ ယာဉ်မတော်တဆမှု သက်သက်မဟုတ်ပဲ တမင်ကြံစည်ထားတဲ့အရာဖြစ်ပြီးတော့ လူတချို့က သူတို့ကုမ္ပဏီကို မျက်စိကျနေတယ် … အထူးသဖြင့် ဝိုင်စက်ရုံကိုဆိုပြီး သိအောင် တမင်ခြောက်လိုက်တာ။ သူတို့တွေ တအား တုန်လှုပ်ချောက်ချားနေကြရင် အဲ့ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ။" ချန်ရှင်းဝမ်က ရယ်မောရင်း ပြောပြသည်။

“ကျွန်မ နားမလည်ဘူး။” ထိုအမျိုးသမီးက ရှုပ်ထွေးသွားသော အမူအရာဖြင့် ပြောသည်။

“ဒါက သူတို့ကို လမ်းကြောင်းလွှဲဖို့ အရှေ့ဘက်ကို အယောင်ပြတဲ့ လမ်းကြောင်းပြောင်းတဲ့ နည်းပါ။ ဒါပေမယ့် တကယ့်တိုက်ခိုက်မှုက အနောက်ဘက်က လာလိမ့်မယ်။ ငါတို့ရဲ့ အဓိကပစ်မှတ်က နတ်ဘုရားဝတ်ရည်ဝိုင်ဖော်မြူလာတင်မကဘူး ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်နဲ့ အလှကုန်ထုတ်ကုန်တွေရဲ့ ဖော်မြူလာတွေပါ ပါတယ်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဝိုင်စက်ရုံမှာ တာဝန်ချထားတုန်း ငါတို့တွေက ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်နဲ့ အလှကုန်ထုတ်ကုန်တွေရဲ့ ဖော်မြူလာတွေကို ဆတ်ကနဲ ဝင်ယူလို့ရပြီ။”ချန်ရှင်းဝမ်မှ ကျေနပ်နေသော အမူအရာဖြင့် ပြောလိုက်သည်။

“သူဌေးက အံ့သြဖို့ကောင်းတာပဲ။” ထိုအမျိုးသမီးက သူ့အား ချီးကျူးစကားဆိုလာသည်။

ချန်ရှင်းဝမ်က တောက်ပစွာ ပြုံးလိုက်ရင်း

"ငါတို့ပစ္စည်းတွေ မြန်မြန် ထုပ်ပိုးလိုက်တော့။ ငါတို့ ဒီနေရာက မြန်မြန်ရွှေ့ရမယ်။ ပေကျင်းမြို့ရဲ့ ထန်မိသားစုက ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ နောက်ကွယ်မှ ကျောထောက်နောက်ခံပဲ။ တကယ်လို့ ငါတို့တွေ မလျင်မြန်ဘူးဆိုရင် ငါတို့ကို ဒီနေရာမှာ ရှာတွေ့ဖို့ သူတို့ အချိန်အကြာကြီး ယူရမှာမဟုတ်ဘူး။ အားစန်း … မင်း နေရာသစ် ရှာပြီးပြီလား။"

“ကျွန်တော် လုပ်ထားပြီးသားပါ။ အချိန်မရွေး အဲ့ဒီကို သွားလို့ရတယ်။”

တံခါးဖွင့်ပေးသည့် လူလတ်ပိုင်းအရွယ်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

"ငါတို့တွေ နောက်ထပ်နှောင့်နှေးလို့မရဘူး။ ချက်ခြင်းရွှေ့ကြစို့။"

ချန်ရှင်းဝမ်က လေးနက်သော အမူအရာဖြင့်ပြောသည်။

****

နာရီဝက်ကျော်ကြာပြီးနောက် ရှောင်မင်ကျန်းသည် လူရှစ်ဦးနှင့်အတူ မိုးသောက်ကြယ်ဟိုတယ်သို့ အလျင်အမြန် ရောက်ရှိလာသည်။ ထန်ရှုပေးထားသည့် လိပ်စာအတိုင်း ချန်ရှင်းဝမ် တည်းခိုနေသော အခန်းတံခါးကို ဖွင့်လိုက်သောအခါ အတွင်းတွင် လူများမရှိတော့သည်ကို တွေ့လိုက်ရတော့သည်။

"ထန်ရှု … ဒီမှာ ဘယ်သူမှ မတွေ့ဘူး။ သူတို့အခန်းထဲမှာ ကျန်ခဲ့တဲ့ခြေရာလက်ရာတွေအရဆိုရင် သူတို့ ထွက်သွားကြပြီ။” ရှောင်မင်ကျန်းက ထန်ရှုဆီ ဖုန်းဆက်ကာ အခြေအနေကို ပြောပြလိုက်သည်။

ဖုန်းကို ကိုင်ထားရင်း ထန်ရှု အနည်းငယ် မျက်မှောင်ကြုတ်သွားကာ

“နားလည်ပါပြီ အစ်ကိုရှောင်။ သူတို့ လွတ်မြောက်သွားပြီမို့ ဒီကိစ္စကို ဘေးဖယ်ထားလိုက်မယ်။ အချိန်မတော် ဒုက္ခပေးမိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။”

“ဒီလိုယဉ်ကျေးတာတွေက ငါတို့ကြား မလိုပါဘူးကွာ။ ဘာပဲဖြစ်ဖြစ် သူတို့ကို ရှာဖွေဖို့ ငါ လူတချို့ကို လွှတ်စေချင်သလား။ သူတို့ အပြာရောင်မြို့တော်မှာ ရှိနေသရွေ့ ရှာရတာ လွယ်ပါတယ်။” ရှောင်မင်ကျန်းက ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ဒီလူတွေက သူတို့ရဲ့ စီစဉ်ထားတဲ့ လုပ်ဆောင်မှုတွေကနေ ရှင်းလင်းတဲ့ ပစ်မှတ်တစ်ခု ရှိနေတယ်ဆိုတာ ထင်ရှားတယ်။ ဒါကြောင့် သူတို့ ပထမဆုံး လုပ်မှာက ခြေရာဖျောက်ဖို့ဖြစ်တာမို့ အဲ့ဒါတွေကို ရှာတွေ့ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။”

"ဒါဆိုလည်း …။ မင်း တခြားလိုအပ်တာရှိရင် ငါ အချိန်တစ်ခုအထိ အပြာရောင်မြို့မှာ ရှိနေမှာမို့ အချိန်မရွေး ဖုန်းဆက်လိုက်ပါ။"

“ကောင်းပါပြီ။”

ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံတွင် ထန်ရှုသည် ရှောင်မင်ကျန်းနှင့်ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ခဲ့ပြီး သူ၏ဒေါ်လေး ထန်မင်းကို ထပ်မံဆက်သွယ်ခဲ့သည်။ သူတို့ စုံစမ်းနေသော ထိုလူများသည် တကယ်ပဲ ထွက်ခွာသွားပြီဖြစ်ပြီး သူတို့၏လှုပ်ရှားမှုများသည် ထူးဆန်းနေသောကြောင့် ထောက်လှမ်းရေး ဝန်ထမ်းများက ထိုသူတို့အား ရှာမတွေ့နိုင်သေးပါဟုသာ သူမဆီကနေ သူ သိရှိခဲ့ရသည်။ ထိုသူများသည် မည်သည့်သဲလွန်စမှ မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တော့သည်။

ညဉ့်နက်နေပြီဖြစ်သောကြောင့် ထန်ရှုသည် ထိုက်ချန်ကို ကာကွယ်ရမည့်တာဝန်အား ရောက်ရှိလာသော ထာဝရခန်းမ၏ကျွမ်းကျင်သူများစွာထံ လွှဲအပ်ပြီး ခန်းရှ၏အိမ်သို့ ကားမောင်းသွားခဲ့သည်။ မနက်အစောကြီး ဖြစ်နေပြီဖြစ်သော်လည်း ထန်ရှု ဖုန်းဆက်လိုက်ချိန်တွင် ခန်းရှ မအိပ်ပျော်သေးပါချေ။

လုံးချင်းအိမ်၏ဒုတိယထပ်ရှိ ခန်းရှ၏အိပ်ခန်းတွင်…

ထန်ရှု ရောက်လာပြီးနောက် သူ၏ကုတ်အကျီကို ချွတ်ကာ မိန်းမလှလေး၏ကုတင်ဆီသို့ လျှောက်သွားသည်။ သူသည် ပြတင်းပေါက်တစ်ဝက်ကို ဖွင့်ကာ ဆေးလိပ်မီးညှိရန် ထိုင်နေလေသည်။

"စုံစမ်းမှုရလဒ်က ဘာတဲ့လဲ။" ခန်းရှက စိုးရိမ်မှုအပြည့်ဖြင့် မေးလိုက်သည်။

ထန်ရှုက ခေါင်းယမ်းလိုက်ပြီး

“တစ်ဖက်လူကို စုံစမ်းပြီး သူ့ဂုဏ်ပုဒ်ကိုလည်း တကယ်ကို ဖော်ထုတ်ခဲ့ပြီးပြီ။ သူတို့တွေ အရင်တုန်းက အပြာရောင်မြို့မှာ ရှိခဲ့ပေမယ့် သူတို့ကို ဖမ်းဖို့ ကိုယ် အကူအညီတောင်းထားတဲ့လူ အဲ့ဒီကို ရောက်သွားတော့ အခန်းထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ သူတို့ အစောကတည်းက ထွက်သွားကြပြီ။”

"ဒါဆို တစ်ဖက်လူရဲ့လှုပ်ရှားမှုတွေက စီစဉ်ထားပြီးသားတွေပေါ့။" ခန်းရှက လေးနက်သော အမူအရာဖြင့် မှတ်ချက်ပေးသည်။

"သူတို့ရဲ့ တကယ့်ပစ်မှတ်က နတ်ဘုရားဝတ်ရည်ဝိုင် ဖြစ်နိုင်ပါ့မလား။"

"နတ်ဘုရားဝတ်ရည်ဝိုင်က တစ်ခုအပါအဝင်ပဲ။" ထန်ရှုက သရော်ရယ် ရယ်လိုက်ရင်း

“သူတို့က ကိုယ်တို့ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ဒါမှမဟုတ် ဖော်မြူလာတွေကို လိုချင်တောင့်တတဲ့အတွက် နတ်ဘုရားဝတ်ရည်ဝိုင်တစ်ခုတည်းကိုပဲ ဦးတည်မယ်လို့ မထင်ဘူး။ ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေနဲ့ အလှကုန်ထုတ်ကုန်တွေရဲ့ ဖော်မြူလာတွေပါ ပါလိမ့်မယ်။”

"အဲ့ဒီလူက အတိအကျ ဘယ်သူတဲ့လဲ။" ခန်းရှက မေးသည်။

“သူက နိုင်ငံခြားမှာနေထိုင်တဲ့ တရုတ်လူမျိုး ချန်ရှင်းဝမ်။ ကွမ်းယန်ပြည်နယ်မှာရှိတဲ့ အီလက်ထရွန်းနစ်လုပ်ငန်းပိုင်ရှင်ပါ။ ဒါပေမယ့် ဒီဟာက သူ့ရဲ့ကိုယ်ရေးကိုယ်တာအမှန်ကို ဖုံးကွယ်ဖို့ လုပ်ထားတဲ့ ဖုံးကွယ်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ကိုယ် သံသယရှိတယ်။ သူက အရူးတစ်ယောက် မဟုတ်ရင် သူ့မှာ အခြားဂုဏ်ပုဒ်တစ်ခု ရှိဖို့ အလားအလာ များတယ်။ နို့မဟုတ်ရင် ကိုယ်တို့ရဲ့ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို မျက်စိကျဖို့ ဘယ်တော့မှ စိတ်ကူးရှိမှာ မဟုတ်ဘူး။”

“အခုဆိုရင် ရန်သူက အမှောင်ထဲမှာ ရှိနေပြီး ငါတို့တွေက အလင်းထဲမှာ ဖြစ်နေတယ်။ ဂရုတစိုက်နဲ့ သတိရှိတာက အကောင်းဆုံးပဲ။” ခန်းရှက မှတ်ချက် ချသည်။

ထန်ရှုက ခေါင်းညိတ်ပြပြီး

"ဒီပြသနာကို ကိုယ်မရှင်းဘဲ ကြယ်တာရာက ထွက်မသွားဘူး။ နောက်ပြီး ဒီကို ကျင်းမန်ကျွန်းက အဖွဲ့တစ်ဖွဲ့ကို ခေါ်ထားတယ်။ ရက်အနည်းငယ်ကြာရင် သူတို့ ရောက်လာလိမ့်မယ်။ ဒီလူတွေက သူတို့ကိစ္စ မပြီးသေးတာမို့ တစ်ဝက်တစ်ပျက်နဲ့ ထွက်သွားကြမှာ မဟုတ်ဘူး။ ကြယ်တာရာမှာ သူတို့ကို ထောင်ဖမ်းဖို့ ပိုက်ကွန်တစ်ခု လုပ်ရသေးတာပေါ့။ သူတို့ထပ်ပြီးလှုပ်ရှားရဲရင် သူတို့ ပိတ်မိနေလိမ့်မယ်။”

“နင့်ရဲ့ကျောင်းပညာရေးကရော…” ခန်းရှက ပြန်ပြောသည်။

"ကျောင်းကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် ဘေးဖယ်ထားရမှာပဲ။" ထန်ရှု ခေါင်းခါလိုက်သည်။ "ခမ်းနားသော ထန်ရဲ့ကုန်ပစ္စည်းဖော်မြူလာတွေကို ဘယ်တော့မှ ခိုးယူလို့ မရစေရဘူး။ နို့မဟုတ်ရင် ကိုယ်တို့ အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။"

ခန်းရှက ခေါင်းညိတ်လိုက်ရင်း

"ဒါနဲ့ ငါ ရဲကို စကားပြောဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားတယ်။ ရဲတွေကလည်း လောလောဆယ် ဒီလူတွေကို စုံစမ်းနေတယ်ဆိုတော့ ငါတို့လည်း ငါတို့ဘာသာ ပြင်ဆင်ကြတာပေါ့။”

“အခုခေတ် ရဲတွေကို အားကိုးရတာက လုံးဝကို ဟာသပဲ။ ကိုယ် အကူအညီတောင်းတဲ့လူတွေကျတော့ နိုင်ငံတော်ထောက်လှမ်းရေးအေဂျင်စီက ဆိုတော့ ရဲတွေထက် ပိုကျွမ်းကျင်ပြီး ကျွမ်းကျင်တယ်။ ဒါတောင် သူတို့ စုံစမ်းလို့မရသေးဘူး။ ရဲတွေက တိုင်းပြည်ရဲ့ အစွမ်းထက်တဲ့ ထောက်လှမ်းရေးကွန်ရက်နဲ့ နှိုင်းယှဉ်နိုင်မယ်လို့ ထင်လား။”ထန်ရှုက မချိပြုံး ပြုံးလိုက်သည်။

ခန်းရှက တခဏလောက် တွေဝစွော စိုက်ကြည့်ရင်း ချက်ချင်းပင် ပြောလိုက်သည်။

"ဒါဆို စုံစမ်းမှုတွေ ဆိုင်းငံ့ထားဖို့ မနက်ဖြန် ရဲနဲ့ စကားပြောလိုက်မယ်။"

"မလုပ်နဲ့ … မလိုပါဘူး။" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“သူတို့ရဲ့အစီအစဉ်ကို မသိရဘဲ သူတို့ရဲ့လှုပ်ရှားမှသာ တုံ့ပြန်နေရတာမျိုး မဖြစ်အောင် စုံစမ်းမှုတွေ ဆက်လုပ်မယ်။ ကိုယ်တို့ ထုံးစံအတိုင်း ကိုယ်တို့ လှုပ်ရှားကြမယ်။ သူတို့ ဖြည်းဖြည်းချင်း ရပ်တန့်အောင် အရှိန်သတ်တဲ့ခလုပ်ကို အသုံးပြုပြီးတော့ ငါးမျှားချိတ်ကို လာကိုက်တဲ့ထိ ပြန်ထိုင်စောင့်နေမယ်။”

ဤညတွင် ထန်ရှုသည် ခန်းရှ၏နေရာတွင် နောက်နေ့နံနက်အထိ အိပ်ခဲ့ပြီးနောက် သူသည် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ မနေ့ညက အပြင်ထွက်ပြီး တစ်ညလုံး ပြန်မလာသည့်အတွက် သူ့အမေ စိတ်ပူသွားမည်ကိုစိုးထိတ်နေမိသည်။ တောင်တံခါးအိမ်ရာကို ပြန်ရောက်သည့်အခါ မိဘများ အိပ်ပျော်နေသေးသည်ကို တွေ့ရသဖြင့် သူ့အိပ်ခန်းကိုသွားပြီး အဝတ်အစားလဲကာ တစ်နာရီကျော်လောက် ကျင့်ကြံလိုက်သည်။

"ဒီမနက် လုပ်စရာရှိသေးလား ရှုအာ…" မနက်စာစားပွဲတွင် စုလင်းယွမ်က မေးလိုက်သည်။

"ဟုတ်ကဲ့ … ကျွန်တော် လုပ်ဆောင်ရမယ့် ကိစ္စလေးတစ်ခုတော့ ရှိတယ်။ ကျွန်တော် မွေးစားထားတဲ့ ကလေးကို သွားခေါ်ဖို့ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတယ်။” ထန်ရှုက ဖြေသည်။

စုလင်းယွမ်က တူတစ်စုံကို ချလိုက်ပြီး စူးစမ်းလိုသည့် အမူအရာဖြင့် ပြောလိုက်သည်။

"ရှုအာ … သား ကလေးတစ်ယောက် မွေးစားပြီး တပည့်အဖြစ် ခေါ်ချင်တယ်လို့ ပြောထားတာ အမေ သိပါတယ်။ သူနဲ့ပတ်သက်တဲ့ ထူးခြားချက်တစ်ခုခု ရှိသလား။”

ထန်ရှု ခဏလောက် နှုတ်ဆိတ်သွားပြီး ပြန်ဖြေသည်။

“သူက မျက်စိမမြင်ပါဘူး။”

စုလင်းယွမ်၏လက်များ တုန်ရီသွားပြီး အလျင်အမြန် မေးလိုက်သည်။

“သား … မျက်မမြင်ကလေးတစ်ယောက်ကို မွေးစားချင်တာ ဟုတ်လား။ ရှုအာ သေသေချာချာရော စဉ်းစားပြီးပြီလား။ အမေတို့မိသားစုက ကလေးတစ်ယောက်ကို မွေးစားဖို့ ပိုက်ဆံ မပြတ်ဘူးဆိုပေမယ့်…”

***

All Chapters