← Chapters

အခန်း ၆၄၆

Vol. 47 Ch. 646

အခန်း ၆၄၆

Vol. 47 Ch. 646

လူတော်တော်များများက သူတို့ကိုယ်သူတို့ ပိုကောင်းအောင်လုပ်ဖို့ ဒါမှမဟုတ် ချမ်းသာအောင်လုပ်ဖို့ ကြိုးစားကြပေမယ့် သူတို့မှာ ရှိပြီးသားအရာတွေကို ဆုံးရှုံးလိုက်ခြင်းဖြင့် အဆုံးသတ်သွားကြပါတယ်။

ရွှယ်ယု၏မယုံကြည်နိုင်ဟန်တုန်လှုပ်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ချူယွမ်၏အမူအရာသည်လည်း အတန်ငယ် ပုံမှန်ဖြစ်မနေပေ။ မူလက အောင်ပွဲသည် သူ့လက်ထဲ ရောက်နေပြီဟု ထင်ထားခဲ့သည်။ သူသည် အချက်နှစ်ချက်ကို မျှော်မှန်းပြီး အလောင်းအစား လုပ်ခဲ့ခြင်းဖြစ်သည်။ ပထမအချက်မှာ သူသည် ထန်ရှုကို ဖိနှိပ်နိုင်စွမ်းရှိကြောင်း သက်သေပြရန်အတွက် ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူသည် ရွှယ်ယုနှင့် ညစာအတူစားရန်ဟူသည့် မျှော်လင့်ချက်လေးအား အကောင်အထည်ဖော်ရန် ဖြစ်သည်။ သူသည် သူမအား လုံစားသောက်ခန်းမ၏ အထူးအဆင့်မြင့်အခန်းသို့ ခေါ်ပြီး ညစာစားရန် စိတ်ကူးထားခဲ့သေးသည်။

သို့သော် ဤအခိုက်အတန့်တွင် သူ၏သားနားသော အတွေးလေးသည် ဘာမှဖြစ်မလာခဲ့ပေ။ ကြက်မကြီးက ပျံထွက်သွားပြီး အသိုက်ထဲက ဥများ အကုန်ကွဲသွားသကဲ့သို့ အရာအားလုံး ဆုံးရှုံးသွားပြီး ရွှယ်ယုကို ညစာစားဖို့ ဖိတ်ခေါ်ရန် အခွင့်အရေးပါ ဆုံးရှုံးသွားခဲ့ရသည်။ သည်အရာအားလုံးက သူ့အား စိတ်ဆိုးဒေါသထွက်စေခဲ့သည်။

သူနှင့် နှိုင်းစာပါက ဆရာဟွမ်သည် အတော်ပင် စိတ်လှုပ်ရှားနေသည်။ သူ့ကဲ့သို့ ကျောက်ဖြတ်ပညာရှင်တစ်ဦး၏ စွမ်းရည်ဖြင့် ဤသွေးကျောက်စိမ်းကဲ့သို့သော အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းကို ထုတ်ယူနိုင်ခဲ့သည်မှာ သေချာပေါက် ဂုဏ်ယူစရာ တစ်ခုပင်။ မည်သို့ပင်ဆိုစေကာမူ ချူယွမ်နှင့် ထန်ရှု တို့အကြား အလောင်းအစားတွင် ချူယွမ် ရှုံးသွားသည်ကိုလည်း သူ ကောင်းစွာ သိသည်။

သို့သော် သူသည် ဧကရာဇ်ဥယျာဉ်မှ တစ်စုံတစ်ဦးပင် ဖြစ်သော်ငြားလည်း သူ့တွင် သူ့ကိုယ်ပိုင်စည်းမျဉ်း ရှိပါသေးသည်။ သွေးကျောက်စိမ်းကို ထုတ်ယူပြီးနောက် ၎င်းကို ဗန်းပေါ် တင်လိုက်ကာ တတိယမြောက် ကျောက်တုံးကို ထပ်မံကောက်ယူလိုက်သည်။

“အဲ့ဒါကို ဖြတ်စရာ မလိုတော့ဘူး အကြီးအကဲဟွမ်။ ငါ ရှုံးနေပြီးသားပါ။"

ချူယွမ်သည် စိတ်တိုနေသော်လည်း ရိုးသားဖြောင့်မတ်သော သဘောထားကို ပြသနေဆဲဖြစ်သည်။ သူက ထန်ရှုကို ခေါင်းညိတ်ပြပြီး ဆရာဟွမ်အား ပြောလိုက်သည်။

"အလျင်မလိုပါဘူး မစ္စတာချူ။" ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

“ငါတို့ အလောင်းအစား ပြီးသွားတယ်ဆိုပေမယ့် ဒီကျောက်တုံးကို ဖြတ်ရမယ်။ ဆက်ဖြတ်ပါ ဆရာဟွမ်။”

တခဏမျှ တုံ့ဆိုင်းသွားသော ဆရာဟွမ်သည် ထန်ရှု၏စကားကို လိုက်နာလိုက်သည်။ တတိယကျောက်တုံးအား ကျောက်တုံးဖြတ်စက်ဖြင့် နှစ်မိနစ်ကြာအောင် ဖြတ်တောက်ခဲ့ပြီးနောက် အစိမ်းရောင်အသွေးအဆင် ထွက်ပေါ်လာသည်။

"ဒီ... ဒီကျောက်တုံးထဲမှာလည်း ကျောက်စိမ်းရှိတယ်။"

ဆရာဟွမ်က အံ့သြထိတ်လန့်သွားသကဲ့သို့ သူ့အနီးက လူတွေအားလုံးသည်လည်း အံ့သြသွားကြသည်။ ထန်ရှု၏အလောင်းအစားကျောက်တုံး ၃တုံးများသည် ဆရာဟွမ်မှ ကြုံရာကျပန်း ထုတ်ယူသွားကြောင်း သူတို့ သိကြသည်။ ကျောက်အရိုင်းတုံးတစ်စုံစီတိုင်းတွင် ကျောက်စိမ်းများ မည်ကဲ့သို့ ပါလာပါသနည်း။

…ထန်ရှု ကံကောင်းသွားတာလား။ ဒါမှမဟုတ် ဒီကျောက်အရိုင်းတုံးတွေထဲမှာ ကျောက်စိမ်းတွေ ပါနေတာ သူ တကယ် သေချာသိတာလား။…

တတိယကျောက်တုံးတွင်ပါရှိသော ကျောက်စိမ်းသည် ပထမနှင့်ဒုတိယကျောက်တုံးတို့ကဲ့သို့ မကောင်းသည့်တိုင် ရောင်းလျှင် ယွမ်မီလီယံများစွာ တန်ဖိုးရှိပါသေးသည်။

"ငါ ပေါ့ဆခဲ့တာပဲ။"

ချူယွမ်သည် သူ၏သတိကြီးစွာထားတတ်သော စရိုက်ကြောင့် ဆုံးရှုံးခြင်း နည်းပါးသည်။ သူ တစ်ခုခု လုပ်တော့မည်ဆိုတိုင်း သူနှင့်သူ၏ပြိုင်ဘက်သည် မည်သို့ စွမ်းဆောင်နိုင်သည်ကို အများအားဖြင့် သိရှိထားသောကြောင့် အောင်ပွဲက သူ့လက်ထဲတွင် ရှိလိမ့်မယ်ဟု ယုံကြည်ချက်ရှိသည်။ သည်လောင်းကစား၏ရလဒ်က သူ့အား စိတ်အနှောက်အယှက် ဖြစ်သွားစေသည်။ ကျောက်စိမ်းအလှမယ်သာ မရှိပါက ထန်ရှုနှင့် အလောင်းအစား လုပ်ရန် ကမန်းကတန်း အဆိုပြုလိမ့်မည်မဟုတ်ကြောင်း သူ သိသည်။

ချူယွမ်သည် အသက်ပြင်းပြင်းရှူပြီးနောက် အနည်းငယ် ပြုံးပြီး

“မစ္စတာထန်က ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုရဲ့ သူဌေးကြီးအဖြစ်ရော ထန်မိသားစုရဲ့ အထူးချွန်ဆုံးအဖွဲ့ဝင်အဖြစ်ရော ထိုက်တန်ပါပေတယ်။ ကျောက်လောင်းကစားတဲ့နေရာမှာ မင်းရဲ့စွမ်းရည်က အမှန်တကယ်ကို နက်ရှိုင်းပြီး ထူးချွန်ထက်မြက်တဲ့ အဆင့်ကို ရောက်နေပြီလို့ ငါ တကယ် ယုံတယ်။ ဒီချူယွမ်က သူ့အရှုံးကို ဝန်ခံပါတယ်။”

ထန်ရှုက မင်သက်သွားသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ခင်ဗျားမှာလည်း နည်းလမ်းကောင်းအချို့ ရှိတာပဲ မစ္စတာချူ။ ဒီလို နည်းနည်း အားစိုက်လိုက်ရုံလေးနဲ့ ခင်ဗျားက ကျွန်တော်ရဲ့ဂုဏ်ပုဒ်ကို ရှင်းရှင်းလင်းလင်း ရှာတွေ့သွားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။”

“တကယ်တော့ မစ္စတာထန်အကြောင်း ငါ အရင်ကတည်းက သိထားပြီးသားပါ။ ငါတို့ အခုမှ တွေ့တာဆိုတော့ မင်းအကြောင်းကို ရုတ်တရက် မမှတ်မိဖြစ်သွားတာ။ ငါက မာနကြီးတာ ဒါမှမဟုတ် ဘဝင်မြင့်တာမျိုးတော့ မဟုတ်ပေမယ့် အခုခေတ် ဒီမိုးကောင်းကင်အောက်မှာ ငါ့ကို အနိုင်ယူနိုင်တဲ့ လူအများကြီး မရှိတော့ဘူး။ ဒါကြောင့် မင်းက အရည်အချင်း ရှိသားပဲ မစ္စတာထန်။"

ထန်ရှုသည် မျက်ခုံးပင့်ကာ ထိုကဲ့သို့ အရည်မရအဖတ်မရ စကားများကို ချူယွမ်နှင့် ဆက်မပြောချင်တော့ပေ။ သူ ဝယ်ထားခဲ့သည့် ကျောက်တုံးအားလုံးကို ယခုဖြတ်တောက်ရန် လိုအပ်နေပေသည်။ တစ်ဖက်လူက သူ့အကြောင်းကို သိထားပြီးသားဆိုမှတော့ သူက မဖုံးကွယ်ထားချင်ပေ။ ယခုလည်း ထန်ရှုသည် အနိုင်ရခဲ့ပြီး သူသည် ရန်စလွယ်သူ တစ်ဦးမဟုတ်ကြောင်း ဤဧကရာဇ်ဥယျာဉ်၏ အမွေဆက်ခံသူအား ရှင်းလင်းသော သတင်းစကား ပေးရန်အတွက် နောက်ထပ်ထူးခြားသောအရာအချို့ကို ထပ်ဖြည့်နိုင်ပေသည်။

"ကျေးဇူးပြုပြီး ကျောက်တုံးတွေကို ဆက်ဖြတ်ပါ စီနီယာဟွမ်…"

ဆရာဟွမ်၏မျက်လုံးများသည် ထူးဆန်းသော အမူအရာအပြည့်ဖြင့် ထန်ရှုကို ကြည့်နေသည်။ သို့သော် သူသည် တရုတ်ရိုးရာဝတ်စုံဝတ်ထားသော အဘိုးအို၏ အကူအညီဖြင့် စတုတ္ထကျောက်တုံးကို စတင်ဖြတ်တောက်ခဲ့သည်။

"အဲ့ဒီထဲမှာ ကျောက်စိမ်းရှိတယ်။"

"ဒါလည်းပဲ။"

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။"

“ငါ…”

ဆရာဟွမ်သည် ကျောက်တုံးများကို ဆက်လက်ဖြတ်တောက်ပြီး ကျောက်စိမ်းတုံးအပိုင်းများကို ထုတ်ယူလိုက်သည်။ နှစ်နာရီကြာပြီးနောက် နက်ဖရိုက်ကျောက်စိမ်းနှင့် ဂျေဒိုက်ကျောက်စိမ်းအမြောက်အများကို တစ်ဒါဇင်ကျော်သော ကျောက်အရိုင်းတုံးများထဲမှ ထုတ်ယူခဲ့သည်။

သည်အချိန်တွင်တော့ ချူယွမ်သည် သူ၏မျက်လုံးများကိုပင် မယုံနိုင်လောက်အောင် ထိတ်လန့်သွားရတော့သည်။ ထန်ရှု ဝယ်ယူလာသော ကျောက်အရိုင်းတုံးတိုင်းတွင် နက်ဖရိုက်ကျောက်စိမ်း သို့မဟုတ် ဂျေဒိုက်ကျောက်စိမ်းများ ပါနေသောကြောင့်ပင်တည်း။ ဤအချက်သည် ကျောက်အရိုင်းတုံးလောင်းကစားနှင့် ပတ်သက်သည့် သူ၏ဉာဏ်ပညာနှင့် ဗဟုသုတများကို ပြိုကွဲသွားစေသည်။ သူသာမက သူ့နောက်ကွယ်မှ လူရွယ်နှင့် အမျိုးသမီးသည်လည်း ယခုအချိန်တွင် ထပ်မံအံ့သြဖို့ ခဲယဉ်းသွားသည်အထိ တုန်လှုပ်နေခဲ့ကြသည်။ သည်လို နတ်ဆိုးဆန်သည့် အံ့သြထိတ်လန့်စရာကောင်းသော မြင်ကွင်းမျိုးကို သူတို့ တစ်ခါမှ မကြုံဖူးခဲ့ပါချေ။

ရွှယ်ယု၏အကြည့်များသည် ကျောက်အရိုင်းတုံးများ၊ နက်ဖရိုက်ကျောက်စိမ်းများ၊ ဂျေဒိုက်ကျောက်စိမ်းများနှင့် ထန်ရှုတို့အပေါ် လူးလာခေါက်တုံ့ဖြစ်နေစဉ် သူမ၏လှပသော မျက်လုံးများထဲတွင် တောက်ပသော အလင်းရိပ်တစ်ခု လင်းလက်သွားသည်။ ထန်ရှုသည် ဤကျောက်တုံးများကို ဝယ်ယူသောအချိန်တွင် တန်းရွေးခြင်းဖြစ်ပြီး ထိုတဲများရှိ ပိုင်ရှင်၊ ဝန်ထမ်းများနှင့် သဘောတူညီချက်များအား ချုပ်ဆိုနေစဉ်က ထိုနေရာတွင် သူမ မြင်တွေ့ခဲ့၊ ရှိနေခဲ့သည်။

ဒါက သောက်ရမ်းမိုက်ပြီး ထူးဆန်းလွန်းအားကြီးတယ်။

ထန်ရှုအား လုံးဝ ထွင်းဖောက်မမြင်နိုင်သည်ကို ရွှယ်ယု သိသည်။ အခြားရှုထောင့်များကို အသာထားဘိ သူ ပြသခဲ့သည့် ကျောက်တုံးလောင်းကစားရုံမျှဖြင့်ပင် အလွန်ကြောက်စရာကောင်းပြီး သဘာဝလွန် ဖြစ်နေချေခဲ့ပြီ။

နောက်ဆုံး ဆရာဟွမ် ကျောက်တုံးနှစ်ဆယ်ကို ဖြတ်တောက်ပြီးသွားချိန်တွင် ရွှယ်ယုသည် ထန်ရှုကို စိုက်ကြည့်ရုံမျှဖြင့် အားမရတော့ဘဲ မေးလိုက်မိတော့သည်။

" ရှင် အဲ့ဒါကို ဘယ်လို လုပ်တာလဲ မစ္စတာထန်။"

"ဟင်။" ထန်ရှုက သူမ ဘာကြောင့် မေးသည်ကို သိသော်လည်း

"မင်း ဘာကို ဆိုလိုတာလဲဆိုတာ ငါ နားမလည်ဘူး။"

" ရှင် ကံကောင်းတယ်ဆိုရင်တောင် ဒီလိုမျိုး ၁၀၀% တိကျမှုနဲ့ အလောင်းအစားလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။" ရွှယ်ယုမှ ပြန်ပြောသည်။ “ကျောက်စိမ်းတွေက ကျောက်အရိုင်းတုံးတွေထဲမှာ ဖုံးအုပ်ပါရှိပြီး သာမန်လူတစ်ယောက်ရဲ့ အသိပညာနဲ့ ထိုးထွင်းသိမြင်မှုဟာ နက်နဲတယ်ဆိုရင်တောင် ရှင့်လို ၁၀၀% တိတိကျကျ လောင်းကစားနိုင်မယ့် နည်းလမ်းတော့ မရှိဘူး။ ဘယ်ကျောက်တုံးတွေထဲမှာ ကျောက်စိမ်းတွေ ပါနေတယ်ဆိုတာ ထောက်လှမ်းဖို့ ရှင့်မှာ နည်းလမ်းရှိတယ်လို့ ကျွန်မ ထင်တယ်။”

ရွှယ်ယု စကားပြောနေစဉ်တွင် လူတိုင်း၏မျက်လုံးများက သူ့အား အာရုံစိုက်နေကြသည်ကို ထန်ရှု သတိပြုမိသည်။ သူက ချက်ချင်း ပြုံးလိုက်ပြီး

"ငါ့မျက်လုံးက အရာရာကို ထွင်းဖောက်မြင်နိုင်တဲ့ စွမ်းရည်ပါတယ်ဆိုရင် မင်း ယုံမှာလား။"

အရာဝတ္ထုတွေကို ထွင်းဖောက်မြင်နိုင်တာလား။

"ဘယ်လို ဖြစ်နိုင်မှာလဲ။" ရွှယ်ယုက ခေါင်းခါလိုက်သည်။

"အဲ့ဒါက မဖြစ်နိုင်ဘူးဆိုရင် ဘာလို့ အရင်မေးတာလဲ။" ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်သည်။

“လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ကိုယ်စီရှိကြသလို မင်းနဲ့ မစ္စတာချူလည်း ထို့အတူပါပဲ။ ငါက ကျောက်လောင်းကစားမှာ အရည်အချင်း နည်းနည်းရှိတယ်။ အဲ့ဒီသဘောမှာ ဘာများ ထူးခြားတာ ရှိလို့လဲ။"

ရွှယ်ယုသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် မေးလိုက်သည်။

“အရာဝတ္ထုတွေကို ရှင် တကယ် ထွင်းဖောက်မြင်နိုင်တာလား။”

ထန်ရှုက ခပ်အေးအေး ပြန်ဖြေသည်။

“ဒါမျိုး လုပ်နိုင်ပါ့မလား ဆိုတာတော့ ငါကိုယ်တိုင်လည်း မသိဘူး။ ဒါပေမယ့် မင်း အရမ်းလှတာကိုတော့ ငါ မြင်ရတယ်။ မင်းက ရွေးချယ်ရခက်တဲ့ အလှတရားတစ်ခုဆိုတာ သေချာပါတယ်။ ဒါပေမယ့် ပြုံးလိုက်ရင် ပိုပြီးဆွဲဆောင်မှုရှိလိမ့်မယ်။”

“ဘာ…"

အံ့အားသင့်သွားရသဖြင့် ရွှယ်ယု၏သိမ်မွေ့သော ခန္ဓာကိုယ်သည် တုန်ရီသွားသည်။ ထန်ရှု ပြောလိုက်သောစကားသည် သူမ၏နှလုံးသားတစ်ခုလုံးကို ပေါက်ကွဲထွက်စေလောက်အောင် ကြားလိုက်ရသော မိုးခြိမ်းသံတစ်ခုအလားပင်။

သူမ၏မိဘများမှလွဲ၍ သူမ၏အသွင်အပြင်ကို ယခင်က မမြင်ဖူးသည့် တစ်စုံတစ်ယောက်မျှ မရှိခဲ့ဘဲ မှတ်မိသလောက် အချိန်တိုင်း သူမ၏မျက်နှာအား ဖုံးအုပ်ထားခဲ့သည်။ သူမတို့မိသားစု၏ အနာဂတ်ဟောချက်များအရ မိသားစုရှိ အမျိုးသမီးတိုင်းသည် သူမတို့၏မျက်နှာကို မြင်တွေ့လိုက်သော ယောကျ်ားဖြစ်သူအား အသည်းနှလုံး အပ်နှင်းရမည်ဖြစ်ပြီး ထိုသူနှင့်အတူ ဘဝလမ်းကြောင်းကို ဖြတ်သန်းရန် နောက်ဆုံးတွင် ထိုယောက်ျား၏မိန်းမ ဖြစ်လာလိမ့်မည်။

ဤစိတ်ကူးအတွေးအခေါ်သည် သူမ၏နှလုံးသားအတွင်းတွင် စွဲမြဲနေပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဖြစ်သောကြောင့် မြောင်ဒေသ၏တောင်တန်းများအပြင်ဘက်သို့ ထွက်လာသော ရွှယ်ယုအား ထန်ရှု၏စကားသည် ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဤအခိုက်အတန့်တွင် အံ့သြထိတ်လန့်သွားသော ရွှယ်ယုသာမက ရွှယ်ယုအား ချစ်ခင်စုံမက်နေသော ချူယွမ်သည်လည်း ထိတ်လန့်သွားသည်။ ရွှယ်ယုမိသားစု၏ ဘိုးဘေးများသည် မည်သူ ဖြစ်သည်ကို သူသိသည်။ သူသည် သူမ၏ မျက်နှာဖုံးကို လှစ်ဟနိုင်သည့် တစ်ဦးတည်းသော လူသား ဖြစ်လာစေရမည်ဟု ကြိမ်ဖန်များစွာ တွေးခဲ့ဖူးသည်။

သို့သော်... ထန်ရှုက ရွှယ်ယု၏အသွင်အပြင်အား တကယ် မြင်ခဲ့တယ်ဆိုပါလျှင် ... ကောင်းကင်ဘုံကို လှန်မှောက်နိုင်စွမ်းရှိရင်တောင် သူ မည်သည့်အခါမှ သူမကို မရနိုင်တော့ဟု ဆိုလိုသည့်အဓိပ္ပာယ်ပင်။

"ကျေးဇူးပြုပြီး အဲ့ဒီအကြောင်းကို ဟာသ မလုပ်ပါနဲ့ မစ္စတာထန်။"

ချူယွမ်၏အမူအရာသည် အလွန်လေးနက်လာကာ ပြောသမျှစကားတိုင်းအား အလေးအနက် ထားနေဟန် ရှိပြီး သူ၏မျက်လုံးများထဲတွင် ရန်လိုမှု အရိပ်အယောင်ပင် စွန်းထင်နေခဲ့သည်။

ထန်ရှုသည် ထိတ်လန့်တုန်လှုပ်နေသော ရွှယ်ယုနှင့် ချူယွမ်၏ ပြင်းထန်ပြီး ရန်လိုနေသည့် အမူအရာကို မြင်ရသောအခါ အံ့အားသင့်သွားသည်။ ငိုရခက် ရယ်ရခက် ဖြစ်နေရင်း ရယ်စရာကောင်းသော အတွေးတစ်ခုသည် သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာကာ

"မင်းတို့မိသားစုမှာ ထူးဆန်းတဲ့ ဓလေ့တစ်ခုတော့ မရှိနိုင်ဘူး မဟုတ်လား မစ္စရွှယ်။ မင်းရဲ့မျက်နှာကို ပထမဆုံးမြင်ရတဲ့ ယောက်ျားက မင်းကို သူ့ဇနီးအဖြစ်နဲ့ လက်ထပ်ယူရလိမ့်မယ်ဆိုတာမျိုးပေါ့။"

“ဟုတ်တယ်။” ရွှယ်ယု၏စိတ်တွေ ကမောက်ကမ ဖြစ်နေသကဲ့သို့ သူမ၏အသံသည်လည်း အနည်းငယ် တုန်ရီနေသည်။

ထန်ရှုက မျက်ဆန်လှန်လိုက်ကာ ဆတ်ကနဲ ပြန်ပြောလိုက်သည်။

“ငါတို့တွေ အခု ဘယ်ခေတ်ကို ရောက်နေပြီလဲ။ သည်လိုမျိုး ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ ဓလေ့ကို မင်း ဆက်ပြီး ထိန်းသိမ်းနေတုန်းပဲလား။ အဲ့ဒါကို မေ့လိုက်ပါ။ ငါက စကားကို ဒီတိုင်းလေးပဲ ပြောလိုက်တာ။ အလေးအနက် မထားပါနဲ့။ နောက်ပြီး ယောက်ျားနဲ့မိန်းမကြားက ခံစားချက်တွေက ကလေးကစားစရာ မဟုတ်သလို အိမ်ထောင်ရေးကိုလည်း ဟာသလို ဘယ်တော့မှ သဘောမထားဖို့ ငါ အကြံပေးချင်တယ်။ မင်းတို့လူတွေ … အရင်တုန်းက ရှိခဲ့တဲ့ ကျိုးကြောင်းမဆီလျော်တဲ့ ယုတ္တိမဲ့တဲ့ ဓလေ့ကို ဖျက်လိုက်တာ ပိုကောင်းတယ်။”

ထိုသို့ပြောပြီးနောက် သူသည် ရွှယ်ယုနှင့် ချူယွမ်အား ဆက်ပြီး ဂရုမစိုက်တော့ဘဲ ဆရာဟွမ်ဘက် လှည့်ပြီး “ကျေးဇူးပြုပြီး မြန်မြန် ကျောက်တုံးတွေကို ဖြတ်ပေးပါ ဆရာဟွမ်။ ကျွန်တော့်မှာ အချိန်သိပ်မရှိတော့လို့ပါ။ ကျောက်အရိုင်းတုံးထဲက ကျောက်စိမ်းတွေကို မြန်မြန် ထုတ်နိုင်လေ အိမ်စောစော ပြန်နိုင်လေပဲ။”

ရွှယ်ယုသည် ထန်ရှုကို စိုက်ကြည့်နေရင်း မိနစ်အနည်းငယ် ငြိမ်သက်နေပြီးနောက်

“မစ္စတာထန် … ရှင်နဲ့ချူယွမ်ရဲ့အလောင်းအစားမှာ ရှင်က အနိုင်ရသွားတော့ အလောင်းအစားအရ ဒီည ရှင် ကျွန်မနဲ့ ညစာစားရမှာပေါ့။"

ထန်ရှုက သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး "တကယ်တော့ ဒီလောင်းကြေးက မင်းအတွက် မစ္စတာချူက လုပ်ထားတာလို့ ငါ ပြောနိုင်တယ်။ ငါတို့ ညစာအတူတူစားရင်တောင် ငါ့ကလေးတွေကို ပြုစုဖို့ အိမ်စောစောပြန်ရမှာဆိုတော့ အဲ့ဒါအတွက် ငါ့မှာ အချိန်မရှိပါဘူး။"

…အိမ်က ကလေးတွေ…

ရွှယ်ယုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မစ္စတာထန်က လက်ထပ်ပြီး ကလေးရှိပြီးသားပေါ့။"

“မဟုတ်ဘူး။” ထန်ရှု ခေါင်းယမ်းလိုက်သည်။

"ဒါဆို ရှင့်အိမ်မှာ ကလေး ရှိနေတယ်လို့ပြောတာ ဘာကို ဆိုလိုတာလဲ။" ရွှယ်ယုက ထပ်မေးလိုက်သည်။

“ငါ့တပည့်လေးတွေပါ။ သူတို့က ငယ်သေးတာမို့။” ထန်ရှုက ရှင်းပြသည်။

ရွှယ်ယု၏မျက်လုံးများထဲတွင် ခက်ခက်ခဲခဲဖြစ်နေသော အမူအရာကို မြင်နိုင်သည်။ အချိန်အတန်ကြာပြီးနောက် သူမက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒီနေ့တော့ ကျွန်မ ဘာမှ လုပ်စရာမရှိပါဘူး။ မစ္စတာထန်က အိမ်မှာ ကလေးတွေ ရှိနေတော့ ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်။ ဒါပေမယ့် မစ္စတာထန်က ကျွန်မကို ခေါ်သွားပြီး ရှင့်ရဲ့နေရာမှာ ပေါ့ပေါ့ပါးပါး အစားအသောက်စားဖို့ ဆန္ဒရှိမလားတော့ ကျွန်မ မသိဘူး။”

"ကျောက်စိမ်းအလှမယ်…။" ချူယွမ်၏ မျက်နှာမှာ အရုပ်ဆိုးသွားပြီး ခပ်ဆတ်ဆတ် အော်လိုက်သည်။

ရွှယ်ယုက သူ့ကို လှည့်ကြည့်လိုက်ပြီး "ဧကရာဇ်ဥယျာဉ်သခင်လေး … နင်နဲ့မစ္စတာထန်ကြားက လောင်းကစားက နင်လုပ်ထားတဲ့ ဟာသတစ်ခုကလွဲပြီး ဘာမှ မဟုတ်ဘူးလို့ ငါ့ကို မပြောနဲ့နော်။"

“ဒါ…”

ချူယွမ်သည် တစ်စုံတစ်ခုအား သည်ကဲ့သို့ နောင်တကြီးစွာ မရခဲ့ဖူးပါချေ။ သူ့စကားများကို ပြန်မပြင်ချင်သကဲ့သို့ သူ သဘောကျနေသည့် မိန်းကလေးအား တခြားယောက်ျား၏အိမ်တွင် သွားပြီး ထမင်းစားရန်အတွက်လည်း မလိုလားပေ။

“သူဌေး … ဒါက ထမင်းစားရုံပါပဲ။ ဘာမှ မဟုတ်ပါဘူး။” သူ့အနောက်မှ အမျိုးသမီးလေးက တီးတိုးလေသံဖြင့် ရုတ်တရက် ပြောလိုက်သည်။

ချူယွမ်၏တစ်ကိုယ်လုံး တုန်ရီနေပြီး အေးစက်သော ချွေးများက သူ့နောက်ကျောမှ ချက်ချင်း ထွက်လာသည်။ ယောက်ျားနှင့်မိန်းမကြားက သူ့ခံစားချက်များ၏အကျိုးသက်ရောက်မှုကို ခံခဲ့ရသည်ကို သူ သဘောပေါက်သွားသည်။ သူ၏ စိတ်အတွင်း၌ ထန်ရှုအပေါ် မကောင်းသော ရည်ရွယ်ချက်အနည်းငယ်ကိုပင် ပေါက်ဖွားခဲ့သည်။

နှလုံးသားမီးတောက် သန့်စင်ခြင်းမန္တန်…

ချူယွမ်က သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ကျင့်ကြံလိုက်ပြီး စကားမပြောတော့ချေ။ သူသည် ရွှယ်ယုနှင့် ထန်ရှုကို ထပ်မံကြည့်ရှုရန်ပင် ငြင်းဆန်ခဲ့သည်။ သူ၏ဂုဏ်ပုဒ်နှင့် အရည်အချင်းကြောင့် သူ အကြောက်ဆုံးအရာသည် ယောက်ျားနှင့် မိန်းမကြားက အချစ်ရေးဖြစ်သည်။ အကယ်၍ သူကိုယ်တိုင် နစ်မြုပ်သွားခဲ့ပါက ခက်ခက်ခဲခဲဖွင့်ထားသော နှလုံးသားတံခါးသည် ချက်ချင်းပိတ်သွားပေလိမ့်မည်ဖြစ်ပြီး သူ၏ အနှစ်နှစ်ဆယ်ကြိုးစားအားထုတ်မှုမှာ အလဟသဖြစ်ကာ သူသည်လည်း သာမန်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

***

All Chapters