အသီးအနှံများ ရိတ်သိမ်းခြင်း
Vol. 47 Ch. 647
ဘေးတွင် ရပ်နေသော ထန်ရှုသည် ချူယွမ်၏လူများထံမှ သတိပေးစကားကို ကောင်းစွာ ကြားလိုက်ရသည်။ ချူယွမ်ကို အကဲခတ် ကြည့်လိုက်သောအခါ ထိုသူ၏ခန္ဓာကိုယ်အတွင်းက စွမ်းအင်အတက်အကျအား သိသိသာသာ ခံစားရနိုင်သည်။ ခန္ဓာကိုယ်ထဲသို့ ဝင်လာသော စိတ်ဝိညာဉ်ချီ မရှိသောကြောင့် ၎င်းသည် စိတ်ဝိညာဉ်စွမ်းအား မဟုတ်ဘဲ ထိုအစား ဗုဒ္ဓဘာသာကျောင်း၏ ကျင့်ကြံမှု ဖြစ်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တရားအားထုတ်မှုနှင့် အလားသဏ္ဌာန် ဆင်တူပေသည်။
ထိုက်ရိ(အန္တိမ စည်းလုံးညီညွတ်မှုမျိုးရိုး)မှလူများသည် ချီမန်(ထူးဆန်းသောတံခါးပေါက်)မျိုးရိုးမှ လူများထက် အမှန်တကယ်ကို သာလွန်တာပဲ။
ထန်ရှု စိတ်ထဲမှ ညည်းညူမိလိုက်သည်။ထို့နောက် သူသည် ခေါင်းကို လှည့်လိုက်ရာ ရွှယ်ယုသည် မျက်တောင်မခတ်ဘဲ သူ့ကို ကြည့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ရုတ်တရက် ခေါင်းကိုက်သွားကာ တကယ်ပင် နောင်တရသွားသည်။ မိန်းကလေးတစ်ယောက် အထူးသဖြင့် အပြစ်ကင်းစင်သော မိန်းကလေးတစ်ယောက်ကို ပြစ်မှားလိုသည့် ရည်ရွယ်ချက်သည် သူ့တွင် ဘယ်တုန်းကမှ မရှိခဲ့ပါချေ။
သူ၏အမြင်တွင် ရွှယ်ယု၏မိသားစုသည် တစ်ပါးသူအပေါ် ယုံမှားသံသယလွန်ကဲသူများ ဖြစ်ကြသည်။ ထိုသူတို့သည် ခေတ်မမီသော အတွေးအခေါ်များကို တင်းတင်းကျပ်ကျပ် လိုက်နာကြပြီး ၎င်းတို့၏ဘိုးဘေးဘီဘင်များ၏ ခေတ်မမီသော ဓလေ့ထုံးတမ်းများကို ခုခံကာကွယ်ကာ ၎င်းတို့၏အနာဂတ်မျိုးဆက်များ၏ ကောင်းကျိုးချမ်းသာကို လှောင်ပြောင်နေကြသည့်အလားပင် ဖြစ်တော့သည်။
"တောင်းပန်ပါတယ်။ အဲ့ဒါက အဆင်မပြေလောက်ဘူး။"
ထန်ရှု၏အတွေးများ ပိုမိုမြန်ဆန်လာပြီး နောက်ဆုံးတွင် သူမကို ပြတ်ပြတ်သားသားငြင်းဆန်ရန် သူ့စိတ်ကို တင်းထားခဲ့တော့သည်။
ရွှယ်ယုသည် ထန်ရှုကို လေးလေးနက်နက် စူးစိုက်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြီး
"ရှင် အဆင်မပြေဘူးဆိုရင်လည်း မေ့ထားလိုက်ပါ။ မစ္စတာထန် လောင်းကြေးကို နားလည်ဖို့ အချိန်ရတဲ့အထိ ကြယ်တာရာမှာ ကျွန်မ နေမယ်။"
"မင်းက ခွေးအရေခွံပလာစတာလို အရမ်းကပ်တဲ့ဟာမျိုးလား ဒါမှမဟုတ် ဘာလားကွာ။" ထန်ရှုက မေးသည်။
"ကျွန်မ အဲ့လိုမျိုး မဟုတ်ပါဘူး။" ရွှယ်ယုက ခေါင်းယမ်းရင်း
"ဒါပေမယ့် ကျွန်မက ကတိတွေကို အလေးထားတဲ့သူပါ၊ ကျွန်မက ကတိအတိုင်း အမြဲလုပ်တတ်တယ် … အမြဲလည်း လုပ်လိမ့်မယ်။ မစ္စတာထန်က ဒီနေ့ ကျွန်မနဲ့ ညစာစားဖို့ အချိန်မရှိဘူး။ ဒါကြောင့် ရှင် တစ်နေ့ ကျွန်မနဲ့ ညစာစားဖို့ကို စောင့်နေမယ်။ ရှင် ကျွန်မနဲ့ ညစာစားဖို့ အချိန်ရတဲ့အထိ ကျွန်မတစ်သက်လုံး စောင့်ဆိုလည်း စောင့်နေမယ်။"
အာ ... ထန်ရှုက ရွှယ်ယု၏စကားကို နားထောင်မိလေလေ ကြားရတာ အဆင်မပြေဘူးဟု သူ ခံစားလာရလေလေ ဖြစ်သည်။ သည်အဖြစ်အပျက်တစ်ခုလုံးကို မသိသူတစ်ယောက်ယောက်သာ ကြားခဲ့ပါက ရွှယ်ယု၏စကားကြောင့် အလွယ်တကူ နားလည်မှုလွဲမှာ မဟုတ်ပေဘူးလား။
ထန်ရှုက မျက်လုံးများ မှိတ်ထားသော ချူယွမ်ကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။
"မစ္စတာချူ … မနက်ဖြန်ည အချိန်နည်းနည်းလောက် ရမလား။ လုံစားသောက်ခန်းမရဲ့ အထူးအဆင့်မြင့်အခန်းမှာ သောက်ဖို့ ကျွန်တော်က ခင်ဗျားကို ဖိတ်ရင်ရော ဘယ်လိုလဲ။”
ချူယွမ်က မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူ၏အစောပိုင်းက ဖရိုဖရဲဖြစ်နေသော စိတ်ဓာတ်များ ငြိမ်သက်သွားခဲ့သည်။ ထန်ရှု၏စကားကြားပြီးနောက် ထန်ရှု၏ရည်ရွယ်ချက်အား ချူယွမ် သဘောပေါက်သွားဟန်ရပြီး လွန်ခဲ့သည့် အစောပိုင်းက သူသည် စိတ်သဘောထား ကျဉ်းမြောင်းသွားခဲ့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ထန်ရှု၏အဓိပ္ပါယ်မှာ အလွန်ထင်ရှားပေသည်။ ကျောက်စိမ်းအလှမယ်ကို ထန်ရှု လုံးဝ မစိတ်ဝင်စားချေ။
"ငါ့မှာ အချိန်အချို့အားပါတယ်။" ချူယွန်က သူ့အတွင်းမှ မမြင်နိုင်သော သာလွန်သည့်ရောင်ဝါကို ထိန်းထားရင်း ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
"ကောင်းပြီ။ ဒါဆို ညစာစားဖို့ ပြသနာ မရှိတော့ဘူးနော် မစ္စရွှယ်။ ဒါပေမယ့် တခြားလူတွေကို ထမင်းအတူတူ စားဖို့ မဖိတ်နိုင်ဘူးလို့ ငါတို့တွေ မပြောထားကြဘူး မဟုတ်လား။ ဒါဆို မနက်ဖြန်ည လုံစားသောက်ခန်းမရဲ့ ဧည့်ကြိုခန်းမှာ မင်းကို စောင့်နေပါ့မယ်။"
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီဖြစ်သည်။ ဆရာဟွမ်သည် အလွန်အားစိုက်ပြီး အာရုံစူးစိုက်ကာ ဖြတ်တောက်ပြီးနောက်တွင် သူသည် ကျောက်အရိုင်းတုံးအားလုံးကို ဖြတ်တောက်ပြီး အတွင်းမှ ကျောက်စိမ်းများကို ထုတ်ယူခဲ့သည်။ မီးရောင်အောက်တွင် ပုတီးစေ့ခန့် ရှိသောချွေးများကို သုတ်ရင်း သူ၏မျက်နှာသည် ဖြူဖျော့နေသည်။ သူသည် ထန်ရှုကို ကြည့်ရင်း
"ကံကောင်းစွာနဲ့ အလုပ်ကတော့ ပြီးသွားပြီ မစ္စတာထန်ရေ။ ကျောက်အရိုင်းတုံးတွေအားလုံးကို ဖြတ်ပြီးလို့ နက်ဖရိုက်ကျောက်စိမ်းနဲ့ ဂျေဒိုက်ကျောက်စိမ်းတွေအားလုံး ဒီမှာပါဗျာ။"
"ကောင်းပါပြီ။ ကျွန်တော် ဒီပစ္စည်းတွေကို အိမ်ပြန်ပို့လိုက်ဦးမယ်။ ခင်ဗျားနေတဲ့လိပ်စာကို ပေးခဲ့ပါ။ ကျွန်တော် လိုအပ်တဲ့အရာတွေကို လိုက်ရှာပြီးမှ ခင်ဗျားကို လာရှာလိုက်မယ်။ စိတ်မပူပါနဲ့ ဒီထန်ရှုက ကတိတည်တဲ့လူပါ။ ခင်ဗျားရဲ့ခြေထောက်ကို ကုပေးမယ်လို့ ကျွန်တော် ပြောခဲ့ပြီးမှတော့ ကျွန်တော် သေချာပေါက် ကုသပေးမှာပါဗျာ။"
ဆရာဟွမ်က ကျေးဇူးတင်သော အမူအရာဖြင့် "ကျေးဇူးတင်ပါတယ် နတ်ဆေးသမားတော်ထန်..."
ထန်ရှုသည် ဆရာဟွမ် မည်သည့်ဟိုတယ်တွင် တည်းခိုသည်ကို မှတ်သားလိုက်ပြီးနောက် သူသည် ကျောက်အရိုင်းတုံးများမှ ထုတ်ထားသော သွေးကျောက်စိမ်း၊ ကျောက်စိမ်းဖြူများ၊ နက်ဖရိုက်ကျောက်စိမ်းများနှင့် ဂျေဒိုက်ကျောက်စိမ်းများအားလုံးကို ယူပြီးနောက် ချူယွမ်နှင့် ရွှယ်ယုအား နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
တဲအတွင်းပိုင်းတွင်…
ထွက်ခွာသွားသော ထန်ရှု၏နောက်ကျောကို ကြည့်ပြီးနောက် ချူယွမ်၏အကြည့်များသည် ရွှယ်ယုပေါ်သို့ ကျရောက်လာပြီး တည်ငြိမ်စွာဖြင့်
"မင်းမျက်နှာကို သူ မြင်ဖူးတယ်ဆိုတာ ယုံလား။"
“ဟင့်အင်း … ငါ မယုံပါဘူး။” ရွှယ်ယုက ခေါင်းခါပြကာ ခဏတုံ့ဆိုင်းသွားပြီးနောက်
“ဒါပေမယ့် ယုံတာ မယုံတာအပထား ငါက ရွှယ်မိသားစုရဲ့ ဓလေ့ထုံးတမ်းတွေကို ဖောက်ဖျက်လို့မရဘူး … တကယ်လို့ သူသာ ငါ့မျက်နှာကို တကယ်မြင်ခဲ့တယ်ဆိုရင်ပေါ့။"
ချူယွမ်က လျှို့ဝှက်စွာ ပြုံးပြီး
"ထန်ရှုရဲ့ အထောက်အထားက အရမ်းသံသယဖြစ်စရာ ကောင်းတာကို ငါ တွေ့ရတယ်။ သူ့အကြောင်း ငါ ဖတ်ဖူးသလောက်တော့ သူက ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုရဲ့ နောက်ကွယ်က လျှို့ဝှက်သူဌေးကြီးဖြစ်ပြီး ပေကျင်းထန်မိသားစု အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တယ်။ သူ့မှာ တခြားဂုဏ်ပုဒ်တစ်ခု ရှိလိမ့်ဦးမယ်လို့ ငါ အမြဲခံစားနေရတယ်။”
“နင် ဆိုလိုတာက သူက ငါတို့နဲ့တူတဲ့ လူစားမျိုးလား။” ရွှယ်ယုက သံသယဖြစ်စွာ မေးလိုက်သည်။
"ဟုတ်တယ်" ချူယွမ်က ခေါင်းညိတ်ပြသည်။
"ဒီနေ့ ကျောက်လောင်းကစားကရတဲ့ အမြတ်အစွန်းတွေကို ဘယ်လို ရှင်းပြရမလဲ။ ကျောက်တုံးတိုင်းမှာ အရည်အသွေးကောင်းလွန်းတဲ့ ကျောက်စိမ်းတွေ ပါနေတယ်။ ငါ ဒီနေ့ရတဲ့ သူ့ဝင်ငွေကို ခန့်မှန်းပြီးပြီ။ အဲ့ဒီကျောက်စိမ်းတွေကို ရောင်းရရင် ယွမ်ဘီလီယံပေါင်းများစွာ ရနိုင်တယ်။”
"အဲဒီလောက်တောင် များလား။" ရွှယ်ယု အံ့အားသင့်သွားသည်။
ဘေးတစ်ဖက်မှ ဆရာဟွမ်ကလည်း တက်ကြွစွာ ဝင်ပြောလိုက်သည်။
“ဒီလောက်များတယ်ဆိုတာ ငါ သေချာသိတာပေါ့။ သွေးကျောက်စိမ်းဆိုရင် ကောင်းကင်လောက် မြင့်တဲ့ဈေးနဲ့ ရောင်းလို့ရတယ်။ ငါ့မှာ ဥစ္စာဓန များများစားစား မရှိဘူးပေမယ့် အဲ့ဒါကို ၁ဘီလီယံနဲ့ သူ ရောင်းချင်စိတ်ရှိရင် ငါ မဆိုင်းမတွဘဲ ဝယ်လိုက်မယ်။"
“ယွမ် ၁ ဘီလီယံ မပြောနဲ့ ဈေးအဆပေါင်းများစွာ မြင့်တက်နေရင်တောင်မှ ဝယ်ဖို့ ဆန္ဒရှိနေတုန်းပဲ။ ဧကရာဇ်ဥယျာဉ်က နှစ်ရာနဲ့ချီ တည်ရှိနေခဲ့ပေမယ့်၊ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက် သွေးကျောက်စိမ်းတွေ စုဆောင်းထားပေမယ့် ဒီနှစ်တွေအကုန်လုံးမှာ ရထားတာတွေက နည်းနေသေးတယ်။”
ရွှယ်ယုသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထန်ရှုနှင့် ပထမဆုံး ဆုံတွေ့ခဲ့သည့်အချိန်ကို သူမ မှတ်မိနေသေးသည်။ ထောက်လှမ်းခံနေရသည့် ခံစားချက်က သူမ၏ နှလုံးသားထဲမှတဆင့် သူမတစ်ကိုယ်လုံး တုန်ရီခြောက်ခြားသွားစေပြီး အေးစက်သွားစေသည်။
ရုတ်တရက် ဆရာဟွမ်က မေးလိုက်သည်။
"သူ့ကို လျှို့ ဝှက်ဂိုဏ်းက တစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ မင်းတို့အားလုံး ထင်နေကြတာလား။"
"လျှို့ ဝှက်ဂိုဏ်းမှာ ထန်မျိုးရိုးနဲ့ လူတွေ ရှိလား။" ချူယွမ်က ပြန်မေးသည်။
"မရှိဘူး။" ဆရာဟွမ်က ခေါင်းခါလိုက်သည်။
"ဒါပေမယ့် လူတစ်ယောက်က လျှို့ ဝှက်ဂိုဏ်းမှာ တပည့်ဖြစ်ဖို့အတွက်ဆိုရင် အကြီးအကဲတွေဆီကနေ လျှို့ ဝှက်ဂိုဏ်းရဲ့ နည်းစနစ်တွေကို လေ့လာရုံပဲ လိုတာဆိုတော့ အဲ့ဒီလူကို လျှို့ ဝှက်ဂိုဏ်းရဲ့လူအဖြစ် သတ်မှတ်လို့ရတယ် မဟုတ်ဘူးလား။"
ချူယွမ်သည် မျက်နှာကို စောင်းငဲ့ကြည့်ကာ သူ့အနားရှိ လူငယ်အား ပြောလိုက်သည်။
"သူ့အကြောင်း စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ။ သူဘယ်သူဘယ်ဝါဆိုတာ ဘာပဲဖြစ်ဖြစ် ငါ အဖြေရှာရမယ်။"
“ချူယွမ် နင် ဒီလို မလုပ်ဖို့ ငါ အကြံပေးချင်တယ်။” ရုတ်တရက် ရွှယ်ယုက ကြားဖြတ်ပြောလိုက်သည်။
“သူ … သူနဲ့ပတ်သက်တဲ့ တစ်ခုခုတော့ ရှိနေတယ်။ ဒီကမ္ဘာပေါ်မှာ လူအနည်းငယ်ကသာ ငါ့ကို စိုးရိမ်ထိတ်လန့်စေနိုင်ပေမယ့် သူကတော့ ငါ့ကို ကြောက်ရွံ့ထိတ်လန့်တဲ့ ခံစားချက် တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ သူ့အကြောင်း နင် မသိသေးတာ တစ်ခုခု ရှိနိုင်လိမ့်မယ်။ သူ့ကံကြမ္မာကို ငါ မခန့်မှန်းနိုင်သလို သူ့စိတ်ဝိညာဉ်ကိုလည်း မမြင်နိုင်ဘူး။"
"မင်း ဘာပြောလိုက်တာ။" ချူယွမ် ရုတ်တရက် အော်လိုက်မိပြီး ပင့်သက်ရှိုက်လိုက်မိသည်။ ရွှယ်ယု၏ထူးခြားသော စွမ်းရည်ကို သူ သိထားသည်။ သူမသည် ထိုက်ရိ၊ ချီမန်၊ လျှိုရမ် မျိုးရိုးအဆက်အနွယ်(၃)ခုမှ မဟုတ်သော သာမာန်လူများ၏ဘဝနှင့်စိတ်ဝိညာဉ်ကို မြင်နိုင်ခန့်မှန်းနိုင်ပေသည်။
သည်ထန်ရှုက ...
"ကျွန်တော် သူ့ကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်ဖို့ လိုသေးလား သူဌေး…" လူငယ်လေးက တီးတိုး မေးလိုက်သည်။
ချူယွမ်က တခဏ တိတ်ဆိတ်နေပြီးမှ အားတင်းပြုံးပြလိုက်ကာ
"ကျောက်စိမ်းအလှမယ်က ဒီလိုပြောလာမှတော့ သူ့ကို စုံစမ်းမနေနဲ့တော့။ ငါတို့ ခုထိ သူ့အကြောင်းကို အသေးစိတ် မသိရသေးတဲ့အတွက် စုံစမ်းနေရင် အန္တရာယ်ဖြစ်လိမ့်မယ်။ လောလောဆယ်တော့ ငါတို့က သူနဲ့ ပတ်သက်စရာ အကြောင်းမရှိသေးဘူး။”
****
ပြပွဲစင်တာမှ ထွက်ခွာပြီးနောက် ထန်ရှုသည် ဆိတ်ငြိမ်ရာတွင် ကျောက်စိမ်းများနှင့် ဂျေဒိုက်ကျောက်စိမ်းများအားလုံးကို သူ၏လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။ သူ အိမ်ပြန်ရောက်သည့်အခါတွင် ည ၈နာရီ ထိုးနေပြီ ဖြစ်သည်။ သူ၏မိဘများနှင့်အတူ ထန်ရှောင်ဟန်၊ ဂူရင်တို့ စကားစမြည်ပြောနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးကို နှုတ်ဆက်ပြီးသည်နှင့် ဒုတိယထပ်သို့ သူ အမြန်တက်သွားသည်။
ယနေ့တွင် သူသည် ကျောက်စိမ်းများ အများအပြား ရရှိခဲ့ပြီး အရေးတကြီး လုပ်စရာများ မရှိပါက ကျောက်စိမ်းပုလင်းများနှင့် ကျောက်စိမ်းသေတ္တာများကို စတင်ဖန်တီးနိုင်မည်ဖြစ်သည်။ ဖုန်းရွှယ်အစီအရင်တစ်ခုအား ခင်းကျင်းရန် အစီအရင်ပြားများကိုလည်း သူ ထွင်းထုရပေဦးမည်။
နဂါးကိုးကောင်ကျွန်း ပြန်လည်တည်ဆောက်ရေးသည် လာမည့်နှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းရသည်။ ထိုအချိန်ရောက်ပါက ထိုကျွန်းတစ်ခုလုံးတွင် ကြီးမားသော အစီအရင်ခင်းကျင်းမှုတစ်ခုကို စီစဉ်ခင်းကျင်းရမည်ဖြစ်သောကြောင့် သည်ကနေ့ ရလာခဲ့သော ကျောက်စိမ်းများစွာသည် ခင်းကျင်းရန်အတွက် မလုံလောက်သေးပေ။
ရေမိုးချိုးအဝတ်အစားလဲပြီး အောက်ထပ်ကို သူ ပြန်ဆင်းလာခဲ့သည်။ မီးဖိုခန်းထဲက ထွက်လာသော စုလင်းယွမ်သည် ထန်ရှုကို တွေ့သည့်အခါ အပြုံးလေးဖြင့်
"သားလေး ထမင်းဟင်းတွေ ပြန်နွှေးပြီးပြီ။ အမေတို့ အရင်စားလိုက်ရအောင်။"
"ဟုတ်ကဲ့ အမေ။" ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးပြီး စုလင်းယွမ်နှင့်အတူ ထမင်းစားခန်းသို့ လိုက်သွားသည်။
"ဒီနေ့နေ့လည်က သား ဘယ်ကို သွားတာလဲ။" စုလင်းယွမ်က စူးစမ်းလာသည်။
"ချန်းကျီကျုံး … ဒီနေ့ အမေတို့အိမ်ကို လာခဲ့ပြီး သား ဒီမှာ မရှိလို့ သူယူလာတဲ့ ပစ္စည်းတစ်ခုကို ထားပြီး ပြန်သွားတယ်။"
ထန်ရှုက တွေဝစွော ငေးကြည့်နေသည်။ ချန်းကျီကျုံးက သူ့ကို မည်သည့်အကြောင်းကြောင့် လာရှာသည်ကို မသိပေ။ ကိစ္စတစ်ခုခုရှိလို့ သူ့ကိုတွေ့ဖို့ လိုအပ်ရင် တိုက်ရိုက်ဖုန်းဆက်လို့ ရတယ်မဟုတ်ဘူးလား။ သူ စဉ်းစားမိသည်နှင့် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ချန်းကျီကျုံး၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
"ဆရာသခင်…" ချန်းကျီကျုံး၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"နေ့လည်က ခင်ဗျား ကျွန်တော့်အိမ်ကို လာတယ်လို့ ကြားတယ်။ ပြောစရာတစ်ခုခု ရှိနေတာလား။" ထန်ရှုက မေးလိုက်သည်။
"ဒီမနက် နှစ်တစ်ထောင်ဂျင်စင်းရိုင်းကို ရခဲ့လို့ပါ ဆရာသခင်။ ကိုယ်တိုင်လာပို့ဖို့ ရည်ရွယ်ထားပေမယ့် ဆရာသခင်က အိမ်မှာ မရှိခဲ့ဘူး။ နောက်ပြီး ပြောစရာတစ်ခုလည်း ရှိတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။ မြို့တော်မှာ ဆရာသခင် လုပ်ပေးခဲ့တာတွေအတွက်…”
"ခင်ဗျား ဘာကို ဆိုလိုတယ်ဆိုတာ ကျွန်တော် သိတယ်။" ထန်ရှုက သူ့စကားကို ကြားဖြတ်ပြောလိုက်ပြီး
"ခင်ဗျားရဲ့သားက ကျွန်တော့်ရဲ့မြေးတပည့်ဖြစ်တော့ သူ့ကိစ္စကို လုပ်ပေးလိုက်တာ သဘာဝပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုအပေါ်ယံအရာတွေကို အနာဂတ်မှာ မလုပ်ပါနဲ့ နားလည်တယ်နော်။ ဒါနဲ့ ခင်ဗျားကို တစ်ခုလောက် မေးချင်လို့။ ခင်ဗျား ကျောက်စိမ်းအကြောင်း ဘယ်လောက်သိလဲ။"
ချန်းကျီကျုံးက ခြောက်ခြောက်ကပ်ကပ် ရယ်လိုက်ပြီး "ဒီအကြောင်းကို နည်းနည်းပါးပါးတော့ သိပါတယ်။ ဆရာသခင် သိတဲ့အတိုင်း ငါ့လို ပိုက်ဆံအတန်ငယ် ရှိတဲ့ လူတွေက အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းကို ကြိုက်ကြတယ်ဆိုတာလည်း သိတယ်။ ဒါကြောင့် အရင်က ကျွမ်းကျင်သူတစ်ယောက်ဆီကနေ ကျောက်စိမ်းတွေနဲ့ အဖိုးတန်ကျောက်တွေအကြောင်းကို တစ်ခါ လေ့လာဖူးသေးတယ်။ ဟုတ်သားပဲ … ဆရာသခင်က ကျောက်စိမ်းတွေ လိုအပ်နေလို့လား ငါ့အိမ်မှာ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းဖြူနဲ့ နက်ဖရိုက်ကျောက်စိမ်း အနည်းငယ်တော့ ရှိတယ်။"
“အဲ့ဒီပစ္စည်းလေးတွေကို အရင်သိမ်းထားလိုက်ပါ။ နောင်အနာဂတ်မှာ ခင်ဗျားအတွက် အသုံးဝင်လာလိမ့်မယ်။ ခင်ဗျားကို တကယ်မေးချင်တာက ကျောက်စိမ်းလုပ်ငန်းကို လုပ်ဖို့ စိတ်ဝင်စားလား။”
“ကျောက်စိမ်းလုပ်ငန်းတစ်ခု လုပ်ဖို့လား။ ဘာအစီအစဉ်ရှိလို့လဲ ဆရာသခင်။” ချန်းကျီကျုံးက အံ့အားသင့်သောလေသံဖြင့် မေးလိုက်သည်။
“ကျောက်စိမ်းတွေ အများကြီး လိုတယ်။ ကျောက်စိမ်း အရည်အသွေး ပိုမြင့်လေ ကျွန်တော် ပိုလိုအပ်လေပဲ။ ခင်ဗျား ကျောက်စိမ်းလုပ်ငန်းကို စီမံခန့်ခွဲဖို့ ဆန္ဒရှိတယ်ဆိုရင် အရင်းအနှီးအတွက် စိတ်ပူစရာ မလိုဘူး။ ခင်ဗျား လိုအပ်တဲ့ငွေတွေကို ကျွန်တော် မြှုပ်နှံပေးနိုင်တယ်။ ဒီလိုဆိုရင် နောက်ပိုင်းမှာ ကျောက်စိမ်းတွေရဖို့က ပိုလွယ်လိမ့်မယ်။”
"ငါ လုပ်ချင်တာထက်ကို ပိုလုပ်ချင်ပေမယ့် အဲ့ဒါကို အကောင်အထည်ဖော်ဖို့ အရင်းအနှီး မရှိတော့ဘူး။ နောက်ပြီး လက်ရှိ ငါ့ရဲ့အရင်းအနှီးအများစုကို အဆုံးမဲ့ ဂုဏ်ရည် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကို ထိန်းသိမ်းထားဖို့ သုံးနေပြီး ကျန်တာတွေက မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြုပ်နှံထားတာမို့…”
ချန်းကျီကျုံး မချိပြုံးဖြင့် ရှင်းပြလာသည်။
“စတင်အရင်းအနှီးအတွက် ခင်ဗျားကို ယွမ် ၅ဘီလီယံ ပေးနိုင်တယ်။”ထန်ရှုက ဆိုသည်။
ချန်းကျီကျုံးသည် စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်နေရင်း အလေးအနက်ထားသောလေသံဖြင့်
"ဒါဆို ငါ စမ်းကြည့်ချင်ပါတယ် ဆရာသခင်။"
"ခင်ဗျား ကြိုးစားချင်စိတ်ရှိတယ်ဆိုတော့ မနက်ဖြန် ဘဏ်အကောင့်ကို ငွေလွှဲပေးလိုက်မယ်။ အဖိုးတန်ကျောက်စိမ်းတွေ အများကြီး ရနိုင်သရွေ့ ပိုက်ဆံ ဘယ်လောက် ဝင်ရမယ်ဆိုတာ မေးမှာ မဟုတ်ဘူး။ နောက်ထပ် ပြောစရာတစ်ခု ရှိသေးတယ်။ အပြာရောင်မြို့က အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းရဲ့ တာဝန်ရှိသူတစ်ဦးမှာ ပြဿနာတစ်ခု ရှိတယ်။ ဒါကြောင့် အခြားမြို့တွေမှာလည်း အလားတူပြဿနာတွေ ရှိကောင်းရှိနိုင်တာကို ခင်ဗျားကိုယ်တိုင် စစ်ဆေးသင့်တယ်။"
"ဘာများတွေ့လို့လဲ ဆရာသခင်။" ချန်းကျီကျုံး တိတ်တဆိတ် လန့်သွားသည်။
“တချို့လူတွေက အဖိုးတန်ဆေးပင်တွေကို ခင်ဗျားနောက်ကွယ်မှာ ရောင်းနေကြတယ်။” ထန်ရှုက ရှင်းပြသည်။
ချန်းကျီကျုံး၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး လေးနက်သောလေသံဖြင့် "ငါသိပြီ။ ဒါကို ချက်ချင်းစုံစမ်းပြီး ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ် ဆရာသခင်။"
“ကောင်းပြီ။” ထန်ရှုက ပြန်ဖြေပြီးနောက် တန်းဖုန်းချလိုက်သည်။
***