← Chapters

အပိုင်း (၁၅၁)

Vol. 11 Ch. 151

အပိုင်း (၁၅၁)

Vol. 11 Ch. 151

ထို့နောက်မကြာခင်တွင် ခရမ်းရောင်မြွေဦးခေါင်းကြီးက ညကောင်းကင်ယံတွင် ပျံသန်းလာပြီး သူ့ဆီသို့နောက်တစ်ကြိမ် ထပ်မံ၍ ထိုးဆင်းလာသည်ကို ရှစ်ဖုန့် တွေ့လိုက်ရသည်။

“သေစမ်း ငါလုံးဝမေ့လုနီးပါးဖြစ်သွားခဲ့တယ် သူ့ရဲ့ခွန်အားက ကြယ်ခြောက်ပွင့် အင်ပါယာနယ်ဖြစ်နေတာကြောင့် ခွန်အားသက်သက်နဲ့ နေရာလပ်တွေကိုချိုးဖြတ််သွားလာ နိုင်တယ်ဆိုတာကို…..ဒါကမှ တကယ့်ကို သောက်ပြဿနာတက်တာ”

ရှစ်ဖုန်က ပြောရင်း ငရဲဘုံကိုးခုပညာရပ်ကို ထပ်မံအသုံးပြုကာ နောက်သို့ ထပ်တလဲလဲပြန်ဆုတ်လိုက်သည်။  သို့သော်ခရမ်းရောင်မြွေကြီးမှာသူ့အား  သဘောကျနေပုံရ၏။ သူဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောအခါတွင်  ၎င်းကလည်းသူ့ထံသို့ တစ်ဟုန်ထိုးပျံသန်းလာပြီးထိုးဆင်းလိုက်

ပြန်သည်။

“သောက်ချီးပဲ လီလျိုရှင်း …ဒါတွေအားလုံးက သူ့ပါးစပ်ဖွာလို့ဖြစ်ရတာ “

လီလျိုရှင်း၏ “ငါတို့နှစ်ယောက် တစ်ယောက်ချင်းစီပျော်ပါးလိုက်ကြစို့” ဟူသော စကားများကြောင့်သာမဟုတ်ခဲလျှင် ဤမလည်မဝယ် မြွေလူသားမလေးမှာ အရမ်းစိတ်လှုပ်ရှားခြင်းဖြစ်သွားပြီး လှပသော မြွေလူသားမလေး အဖြစ်မှ အစစ်အမှန်မြွေကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

ရှစ်ဖုန့်၏ လက်ထဲတွင် ခရမ်းရောင်လျှပ်စီးဓားကပေါ်လာသည်။ ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု  ခုတ်ပိုင်းချက်”

ကြီးမားသော အဖြူရောင်ဓားရောင်ဝါကြီးက ဟင်းလင်းပြင်ထဲတွင်ပေါ်လာသည်။  အဖြူရောင်လျှပ်ပန်းလျှပ်နွယ်များက စီးဆင်းနေပြီး အပေါ်မှာထိုးဆင်းလာနေသော ခရမ်းရောင်မြွေကြီးထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း”

ဓားချီက ဧရာမ မြွေဦးခေါင်းကြီးပေါ်သို့ ပြင်းထန်စွာကျရောက်သွားပြီး ဧရာမ အဖြူရောင်ဓားချီမှာလည်း လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဧရာမမြွေဦးခေါင်းကြီး၏ အပေါ်တွင် အရမ်းကို အပေါ့စားဆန်သည့်ဒဏ်ရာလေး တစ်ခုသာ ဖြစ်ပေါ်သွားခဲ့သည်။ သူမ၏ ကိုယ်လုံးနှင့်နှိုင်းယှဉ် လိုက်မည်ဆိုလျှင် ထိုအရာက လုံးဝကို မပြောပလောက်စရာဒဏ်ရာတစ်ခုပင် ဖြစ်လေသည်။ သူမက ရှစ်ဖုန့်ဆီသို့ ဆက်လက်၍  ထိုးဆင်းလာ၏။

“လခွီး  ဒီအရေပြားက တကယ့်ကိုမှ သောက်ရမ်းထူတာပဲဟ “‌

မြွေ၏ ဦးခေါင်းပေါ်တွင် ပျက်ရှရာ တိမ်တိမ်လေးသာ ဖြစ်သွားသည်ကို မြင်လိုက်ရ‌သော အခါတွင် ရှစ်ဖုန့် မတက်နိုင်ပဲ ဆဲဆိုလိုက်မိသည်။ ဤမြွေကြီးတွင် ထူထဲသော အရေပြားသာ ရှိနေရုံမက ကြယ်ခြောက်ပွင့် အင်ပါယာတစ်ယောက်၏ ခွန်အားမျိုးလည်းရှိနေသည်။

“ငရဲဘုံ ကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ် …တုန်လှုပ်ခြင်း”

ရှစ်ဖုန့်က ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကို အသုံးပြု၍ မြွေကြီးအား ဝိညာဉ်တိုက်ခိုက်မှုကို လုပ်ဆောင်လိုက်သည်။

“ဝေါင်း “

ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်၏ ရိုက်ခတ်မှုအား ခံလိုက်ရသော အခါတွင် ခရမ်းရောင်မြွေကြီးက သားရဲတစ်ကောင်ကဲ့သို့ ဟစ်အော်လိုက်သည်။ ရုတ်တရက် ၎င်းမှာ သွေးရူးသွေးတမ်း အခြေအနေတစ်ခုသို့ ကျရောက်သွားသည့်ပုံပေါ်၏။ ၎င်း၏ အမြီးအား သွေးရူးသွေးတမ်းဖြင့် လှုပ်ခါယမ်းနေသည်။

“ဝုန်း..ဝုန်း..ဝုန်း ဝုန်း”

မြွေမြီးကြီးက အောက်သို့လွှဲရိုက်လိုက်သည့် အကြိမ်တိုင်းတွင် ဖုန်လုံးကြီးများကို တလိမ့်လိမ့်ထသွားစေသည်။ ရှစ်ဖုန့်မှာလည်း မြွေမြီးနှင့် ရိုက်ခတ်မိလုနီးပါးဖြစ်သည့် အကြိမ်ရေများစွာရှိခဲ့သည်။ သူက ဆက်လက်၍ ရှောင်တိမ်းနေသည်။

“သောက်ချီးပဲ ..အဲ့တာကြီးက ငါပိုပြီးတော့ တိုက်ခိုက်လေ ပိုပိုပြီး သွေးရူးသွေးတန်းဖြစ်လာလေပဲ…ငါက ဘယ်လိုလုပ်ပြီးတော့ အဲ့တာကြီးကို တိုက်ရမှာလဲဟ”

“ဝေါင်း”

ခရမ်းရောင်မြွေကြီးမှာ တကယ့်ကိုပင်ရှစ်ဖုန့်အား  ပစ်မှတ်အဖြစ် ဦးတည်သတ်မှတ်ထားပုံရလေသည်။ ၎င်း၏ ဧရာမ ဦးခေါင်းကြီးက ရှစ်ဖုန့်၏အပေါ်သို့ထပ်မံ၍ ဖိချလာပြန်၏။ ဤတစ်ကြိမ်တွင် ၎င်းက ၎င်း၏ အမြီးကိုပါ ရှစ်ဖုန့်ထံသို့ လွှဲယမ်းရန်အသုံးပြုလိုက်သည်။

“ဝုန်း”

ထုထည်ကြီးမားလေးလံသော ဦး‌ခေါင်းကြီးက ၎င်း၏ ရှိသမျှအားကုန်ထည့်၍  ရိုက်နှက်ချလိုက်သည်။ ထိုရိုက်ချက်ကြောင့် လေထုထဲတွင် သဲနှင့်ဖုန်မှုန့်များက နောက်တစ်ကြိမ်ထပ်မံ၍ ပြည့်နှက်သွားရသည်။ ကံကောင်းစွာဖြင့်ပင် ရှစ်ဖုန့်မှာ ၎င်းအား ဆံချည်တစ်မျှင်စာမျှ ကပ်သီလေး ရှောင်တိမ်းနိုင်လိုက်၏။ သို့သော် သူထိုကဲ့သို့လုပ်နိုင်လိုက်ရုံသာရှိသေးသည် ရုတ်တရက် သူ၏နောက်ဘက်မှ စွမ်းအားကြီး ရောင်ဝါတစ်ခုက လာနေသည်ကို အာရုံခံမိလိုက်သည်။ အချိန်ခဏလေးအတွင်း ခရမ်းရောင်မြွေမြီးကြီးက သူ့နောက်မှပေါ်လာခဲ့သည်။

ရှစ်ဖုန့်က ထပ်မံ၍ ရှောင်တိမ်းလိုက်သော်လည်း ပြင်းထန်သော စွမ်းအား၏ ပွတ်ကာသီကာထိခိုက်မှုကို ခံလိုက်ရဆဲဖြစ်သည်။ သူ၏ နောက်ကျောဘက်ဆီမှ စူးရှသော နာကျင်မှုကိုခံစားလိုက်ရပြီး ပြင်းထန်လှသော ရိုက်ခတ်အား၏အောက်တွင် သူ၏ကိုယ်က မြင့်မားလှသော အမြန်နှုန်းဖြင့် ရှေ့သို့ လွင့်ပျံထွက်သွားခဲ့သည်။  လွင့်ပျံထွက်နေရင်း ပါးစပ်အပြည့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။ သူ့အနေဖြင့် ကာယခန္ဓာ ကျင့်ကြံမှုကို ပြုလုပ်ထားခဲ့သည်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်သည်။ ထို့ကြောင့် သူကိုယ်မှာ အကြမ်းပတမ်းကို ခံနိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက လာရောက်ဆောင့်တိုက်သော စွမ်းအားက သာမန်သိုင်းသမားတစ်ယောက်အား သေဆုံးသွားစေနိုင်သည်အထိကို ပြင်းထန်လွန်းလှသည်ဖြစ်သည်။

သူ၏ရှေ့တွင် ဧရာမ ခရမ်းရောင်ဦးခေါင်းကြီးက ၎င်း၏ ပါးစပ်ကိုဖွင့်၍ ရှစ်ဖုန့်ကို စောင့်ကြိုနေသည်။ ၎င်း၏ အတွင်းပိုင်း မှာပိန်းပေါက်အောင်မှောင်မိုက်နေပြီး  ဧရာမမှောင်မိုက်နေသော ဂူကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။

“ရပ်စမ်း”

ရှစ်ဖုန့်က အော်လိုက်ကာ သူ့ကိုယ်အား အတင်းအကျပ် ဟန်ချက်ထိန်းညှိလိုက်သည်။ သူက သူခန္ဓာ ကိုယ်အား ကျွမ်းပစ်လိုက်ကာ မြေပြင်ပေါ်သို့ထပ်မံ၍ ဆင်းသက်လိုက်သည်။ သို့သော်  ထိုအချိန်တွင် ခရမ်းရောင်မြွေမြီးကြီးက သူ့အား မခွဲနိုင်မခွာနိုင်သကဲ့သို့ ထပ်မံ၍ လွှဲယမ်း ရောက်ရှိလာပြန်သည်။

“သောက်လခွီးပဲ”

ရှစ်ဖုန့်က အလျှင်အမြန်လွတ်မြောက်ရန်ကြိုးစားလိုက်သည်။ သူက ယင်မိစ္ဆာ၏ မြေစွမ်းရည်ကို အသုံးပြ၍ မြေနံရံတစ်ခုဖြစ်ပေါ်စေကာ တိုက်ခိုက်မှုကိုတားဆီး လိုက်သည်။ သို့သော် ထူထဲလှသော မြေနံရံမှာ စက္ကသူဖြင့်ပြုလုပ်ထားသလားဟုထင်ရ၏။ ခရမ်းရောင်မြွေမြီးကြီး၏ လွှဲယမ်း ရိုက်ခတ်မှုအောက်တွင်  ၎င်းတို့မှာ လျှင်မြန်စွာ ပြိုကွဲပျောက်ကွယ်သွားသည်။ ကြယ်ခြောက်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ စွမ်းအားက အဆင့်လေးယင်မိစ္ဆာ၏ မြေစွမ်းအင်ဖြင့် ခုခံနိုင်သော အရာမဟုတ်ပေ။

ထို့နောက်တွင် ရှစ်ဖုန့်အား အလယ်ဗဟိုပြု၍ ခရမ်းရောင်မြွေမြီးကြီးက စက်ဝိုင်းသဏ္ဍန် လှည့်ပတ်ဖြစ်ပေါ်လာသည်။

ကြီးမားသော မြွေကြီး၏ ဧရာမ ကိုယ်ကြီးက တစ်ဟုန်ထိုးရစ်ခွေလာပြီး ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာ ဖြင့်ကျုံ့ဝင်လာ၏။ဧရာမမြွေဦးခေါင်းကြီးက ကောင်းကင်ထက်မှကျဆင်းလာပြီး ရှစ်ဖုန့်၏ အပေါ်သို့ဖိချလိုက်ကာ ထွက်ပြေးနိုင်သောလမ်းကြောင်းကို လုံးဝပိတ်ဆို့ထားလိုက်သည်။

ရှစ်ဖုန့်က ယင်မိစ္ဆာကို သူနှင့်အတူခေါ်ဆောင်လာခဲ့သော်လည်း ယင်မိစ္ဆာမှာ သဲကန္တာ၇၏ အောက်ဘက်တွင်ပုန်းအောင်းနေ၏။ အကယ်၍ သူသာ လွတ်မြောက်ရန်အတွက် ယင်မိစ္ဆာ၏ မြေစွမ်းရည်ကိုအသုံးပြုခဲ့လျင်  ကြယ်ခြောက်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်နေဖြင့်  စွမ်းအားပြည့် တိုက်ခိုက်မှုဖြင့် ယင်မိစ္ဆာအား သတ်ဖြတ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့်လည်း  ရှစ်ဖုန့်အနေဖြင့် သဲထဲမှနေ၍ ယခင်ကတည်းက လွတ်မြောက်အောင်မလုပ်ခဲ့ခြင်းဖြစ်လေသည်။

“တိုက်”

ရှစ်ဖုန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ဆီးလ်ပုံစံ လက်သင်္ကေတများကို ပုံဖော်လိုက်၏။ သူ၏ လက်သင်္ကေတများက အဆက်မပြတ်ပြောင်းလဲနေပြီး အဖြူရောင် အရိပ်များက တစ်ခုပြီးတစ်ခုပေါ်လာသည်။ သို့သော် ထိုအချိန်တွင် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ မြေပြင်မှာ ပြင်းထန်စွာတုန်ခါလာ၏။

“ဘာတွေဖြစ်နေတာလဲ”

ရုတ်တရက် သူ၏ ခန္ဓာကိုယ်အောက်မှ ပြင်းထန်သော စုပ်အားတစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက်ချက်ခြင်းသူ၏ ကိုယ်က သဲထဲသို့လျှင်မြန်စွာနစ်ဝင်သွားသည်ကို တွေ့လိုက်ရ၏။

“ဘာတွေဖြစ်နေတာလဲ..ယင်မိစ္ဆာ “

ရှစ်ဖုန့်က အလျှင်အမြန် ယင်မိစ္ဆာဖြင့် ဆက်သွယ်မှုပြုလိုက်သည်။ သူကယင်မိစ္ဆာ၏ မြေစွမ်းအင်ကိုအသုံးပြု၍ မြေပြင်ကို ထိန်းညှိချင်ခဲ့သည်။ သို့သော် အစောပိုင်းက သိပ်သည်းမှုရှိသော သဲတို့က စုပ်ယူအားကြောင်းလျှင်မြန်စွာဖြင့် ပျော့ပြောင်းပြိုကွဲလာသည်။ မကြာခင် ရှစ်ဖုန့်၏ ကိုယ်မှာသဲအတွင်းသို့ လျှင်မြန်စွာ စုပ်ယူခံလိုက်ရတော့သည်။

“ဝုန်း”

ထိုအချိန်တွင် ခရမ်းရောင်မြွေကြီး၏ တိုက်ခိုက်မှုက ဆိုက်ရောက်လာသည်။ ၎င်း၏ ကြီးမားသော ခေါင်းကြီးက ရှစ်ဖုန့်အစောပိုင်းကရှိနေခဲ့သောနေရာသို့ရိုက်နှက်ချလိုက်သည်။ သို့သော် ရှစ်ဖုန်ကဲ့သို့ပင် သဲပြင်ဆီမှပြင်းထန်သောစုပ်အား၏ သက်ရောက်မှုကို ခရမ်းရောင်မြွေကြီးသည်လည်း ခံလိုက်ရသည်။ ကြီးမားသော ဦးခေါင်းကြီးသည်လည်း ခုခံနိုင်ခြင်းမရှိပဲ လျှင်မြန်စွာဖြင့် သဲအတွင်းသို့စုပ်ယူခံလိုက်ရသည်။ ထို့နောက်မကြာခင် ကြီးမားသော မြွေကိုယ်ကြီးကလည်း အထဲသို့ဆွဲယူခံလိုက်ရပြီး သဲကန္တာရပြင်ပေါ်မှ လျှင်မြန်စွာဖြင့် ပျောက်ကွယ်သွားသည်။

“စတုတ္ထညီမလေး…”

ထိုအချိန်တွင် တိုက်ပွဲအား သိပ်မဝေးလှ‌သော နေရာမှ စောင့်ကြည့်နေကြသည့် မြွေလူသားအမျိုးသမီးလေးယောက်မှာ  ကြီးမားသောခရမ်းရောင်မြွေကြီးက သဲကန္တာရထဲမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။  သူတို့က အလျင်အမြန်ပင် အလန့်တကြားအော်လိုက်ကြပြီး သူတို့၏ လှုပ်ရှားမှုပညာရပ်ကို အသုံးပြုကာ ရှေ့သို့အပြင်းချီတက်လိုက်ကြသည်။

“ဘာတွေဖြစ်သွားတာလဲ..ဘာလို့ စတုတ္ထညီမလေးက မြေကြီးထဲကိုမြုပ်သွားရတာလဲ “

မြွေလူသားမျိုးနွယ်မှ အလှလေးက ပြောလိုက်သည်။ သူတို့၏ မြင်ကွင်းထဲ၌ ခရမ်းရောင်မြွေဦးခေါင်းက သဲအတွင်းသို့နစ်မြုပ်မသွားခင် သဲပြင်ပေါ်သို့ တကယ်ကြီးရိုက်နှက်ခဲ့ခြင်းပင်ဖြစ်သည်။

သို့သော် မကြာခင်တစ်ခုခုမှားယွင်းနေသည်ကို သူတို့ချက်ခြင်းသဘောပေါက်လိုက်မိသည်။ အကယ်၍ ၎င်း၏ ကြီးမားလှသော ကိုယ်ကြီးဖြင့်   သဲစွတ်ကြောင်း ကြီးကိုသာဖြစ်ပွားစေခဲ့သည်ဆိုလျှင် သဲများကလွင်ပျံတက်လာပြီး အလိုအလျောက် ပြည့်လျှံလာရမည်ဖြစ်သည်။  ၎င်းအနေဖြင့် အချိန်တိုအတွင်း  အပေါက်တစ်ခုကိုလည်းချန်ရစ်ထားခဲ့ရမည်ဖြစ်၏။ သို့သော် ယခုက ဘာသဲလွန်စခြေရာလက်ရာမှ ကျန်ရစ်နေခဲ့ခြင်းမရှိပေ။

“ဘာတွေပြဖြစ်နေပါစေ တူးကြစို့  ငါတို့တွေ  စတုတ္ထညီမလေးကို တူးထုတ်ကြမှရမယ်”

အကြီးဆုံးမြွေလူသား အမျိုးသမီးဖြစ်သူကပြောသည်။

“အင်း”

အခြားနှစ်ယောက်ကလည်း ခိုင်ခိုင်မာမာ ခေါင်းညိမ့်လိုက်ကြသည်။ သူတို့၏ နှလုံးသားထဲတွင် သူတို့၏ စတုတ္ထညီမလေးသာရှိပြီး လီလျိုရှင်း၏ အကြောင်းကိုလည်းမေ့သွားခဲ့သည်။

လီလျိုရှင်းကိုလည်း ဘယ်နေရာမှာ ရှာရမှန်းပင်မသိချေ။ အနက်ရောင်ချပ်ဝတ်မြင်းသည်တော်တစ်ရာကျော်သာလျှင် ကျန်ရစ်နေခဲ့သည်။ ရှစ်ဖုန့်နှင့်ခရမ်းရောင်မြွေကြီးတို့ အတူတကွ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ကြရသော အခါတွင် တစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြပြီး ဘာလုပ်ကြရမှန်းမသိတော့ချေ။

“တစ်ရက်လောက်စောင့်ကြတာပေါ့”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“သတ်ဖြတ်ခြင်းနတ်ဘုရားသာမသေသေးပဲနဲ့ ငါတို့ဒီအတိုင်းထားခဲ့လိုက်ရင် အနာဂတ်မှာ သူ့ရဲ့ရှာဖွေမှုကနေ ငါတို့တွေ လွတ်မြောက်ဖို့ခဲယင်းလိမ့်မယ် ..ငါတို့အားလုံးရဲ့ကိုယ်ပေါ်မှာ သူ့ရဲ့ အမှတ်အသား ရှိနေတယ်ဆိုတာကို မမေ့ကြနဲ့”

“ဟုတ်တယ်”

တစ်စုံတစ်ယောက်ကလည်း ခေါင်းညိမ့်ထောက်ခံ၍ ပြောလိုက်သည်။

“သူသေသွားရင် အကောင်းဆုံးပဲ ..အဲဒါဆိုငါတို့တွေအားလုံး သူ့ရဲ့ထိန်းချုပ်မှုကနေပြီးတော့ လွတ်မြောက်နိုင်လိမ့်မယ်..ဒီသတ်ဖြတ်ခြင်းနတ်ဘုရားက ငါ့ကို အချိန်မရွေးသတ်ပစ်နိုင်တယ်လို့ ငါအမြဲခံစားနေရတာ”

“ဒီတစ်ကြိမ် သူဒီသဲကန္တာရထဲကို ဝင်ရောက်ကလာတာက ရည်ရွယ်ချက်အချို့ရှိပုံရတယ် ..သူကငါတို့ကို အသေခံတပ်သားတွေ အဖြစ်နဲ့သေစေချင်တာလားဆိုတာကို ဘယ်သူသိနိုင်မှာလဲ ….ဒီသတ်ဖြတ်ခြင်းနတ်ဘုရား သေသွားတာ ပိုကောင်းတယ် ….ငါ့မှာ မိန်းမနဲ့ကလေးတွေ အိမ်မှာ ရှိနေသေးတယ် ပြီးတော့ငါအိမ်ကိုပြန်ပြီး သူတို့ကို စောင့်ရှောက်ပေးဖို့လိုသေးတယ် “

တစ်စုံတစ်ယောက်ကသူ၏အသံကိုနှိမ့်၍ ပြောလိုက်သည်။

“ဒီနေရာက မိစ္ဆာပျောက်ကွယ်ကုန်းမြေလို့ ငါကြားဖူးတယ် မင်းတိုထင်ကြလား အဲ့သတ်ဖြတ်ခြင်းနတ်ဘုရားကလည်း…”

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters