အပိုင်း (၁၅၂)
Vol. 11 Ch. 152
“သေစမ်း …ဘာလို့ငါ သတိလစ်သွား ရတာလဲ…ငါဘယ်နေရာကို ရောက်နေတာလဲ “
ရှစ်ဖုန့်အနေဖြင့် သူမည်မျှကြာအောင်သတိမေ့သွားမှန်းကို
မသိချေ။ မူးဝေနောက်ကျိစွာဖြင့် သူ၏ မျက်လုံးတို့အား ဖွင့်လိုက်သည့် အချိန်တွင် မှုန်မှိုင်းနေသော မီးခိုးရောင် ကောင်းကင်ပြင်ကြီးကို တွေ့လိုက်ရသည်။
“အမ်း…ဒါကဘာကြီးလဲဟ”
ထိုအချိန်တွင် တစ်ခုခုက သူ၏ အပေါ်မှ သူ့အား ဖိထားသည်ကို သတိထားမိလိုက်သည်။ သူ့အနေဖြင့် နူးညံ့သောအရာတစ်ခုကို ခံစားလိုက်ရသည်။ ထို့ကြောင့် ကောင်းကင်ပြင်မှသူ၏ အကြည့်တို့အား ပြန်ရုတ်သိမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ပြောင်းလဲကြည့်လိုက်သည်။
ထို့နောက်တွင် ရမ္မက်နှိုးကြွစေသော မြင်ကွင်းတစ်ခုကို သူမြင်တွေ့လိုက်ရ၏။ နူးညံ့ချောမွေ့လှသော အသားအရည်နှင့် လှပသော အဝတ်ဗလာ ခန္ဓာကိုယ်တစ်ခုက သူ၏ ကိုယ်ပေါ်၌ လဲလျောင်းနေခြင်းဖြစ်သည်။နူးညံ့သော တောင်တန်းသဖွယ် အမို့အမောက်နှစ်ခုက သူ၏ ရင်ဘက်အား တင်းကျပ်စွာဖြင့်ဖိထားသည်။ အနည်းငယ် နုနယ်ငယ်ရွယ်သော်လည်း တော်တော်လေးကို လှပသော မျက်နှာလေးက သူ၏ ပခုံးပေါ်၌ လဲလျောင်းနေပြီး ညင်သာစွာ အိပ်စက်နေသော အသံလေးပင်ထွက်ပေါ်နေသည်။
“ဒါက….ကလေးလိုမျိုး အသွင်အပြင်လေးနဲ့ …လုံးဝခြောက်ပြစ်ကင်းသဲလဲစင်ရုပ်ရည်လေးနဲ့ ပုံပန်းသဏ္ဍန်…..သူကတကယ့်ကိုမှ အလှပဂေးလေးတစ်ယောက်ပဲ”
ရှစ်ဖုန့်က သူ၏ခေါင်းကို အနည်းငယ်မော့လိုက်ပြီး သူ၏ညာဘက်ခြေထောက်အားရစ်ပတ်ထား
သော ခရမ်းရောင်မြွေမြီးကြီးအား တွေ့လိုက်ရသောအခါတွင် ညင်သာစွာ သက်ပြင်းချလိုက်မိသည်။
“သူ့ရဲ့ အောက်ပိုင်းကိုယ်လေးက မြွေခန္ဓာဖြစ်နေတာ စိတ်မကောင်းစရာပဲ”
“အင်း…..”
ထို့နောက်ချက်ခြင်း ညင်သာသော ညည်းတွားသံ တစ်ခုကိုချက်ခြင်း ကြားလိုက်ရသည်။ ဤကဲ့သို့ စိတ်ကို ကြွစေသော အသံနှင့်ယှဉ်တွဲ၍ သူ့အား ဖိထားသော ပျော့ပျောင်းနွဲ့ယဉ်သည့် ခန္ဓာကိုယ်လေးတို့က မြွေမြီးအား မြင်လိုက်ရသောအချိန်တွင် သူမကမြွေလူသားမျိုးမနွယ်မှာဟုတွေးမိပြီး တည်ငြိမ်သွားသောသူ၏နှစ်လုံးသားအား လှိုင်းထန်သွားစေသည်။
ထို့နောက်တွင် လှပသောမျက်နှာလေးက ဖြည်းဖြည်းချင်း မျက်လုံးတို့စတင်ပွင့်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
“ဟမ်….နေဝင်သွားပြီလား”
အခုမှနိုးလာသော ကလေးမလေးတစ်ယောက်ကဲ့သို့ မြွေလူသားမလေးက သူမ၏ မျက်လုံးတို့အား သူမ၏ ညာလက်ဖြင့် ဖြည်းဖြည်းချင်း ပွတ်လိုက်သည်။
မျက်လုံးများကိုပွတ်သပ်ကာ ဖြည်းဖြည်းချင်းနိုးထလာပြီးသည့်နောက်တွင် မြွေလူသားမလေးမှ တစ်စုံတစ်ခုက ရှာတွေ့သွားသကဲ့သို့ဖြစ်သွားသည်။ သူမက ခေါင်းအနည်းငယ်မော့လိုက်ပြီး မျက်နှာတစ်ခုက သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ရုတ်တရက် သူမ အလန့်တကြားအော်ဟစ်လိုက်သည်။
“အား…”
ရှစ်ဖုန့်ဆွံ့အသွားသည်။သူသည် ချောမောသောသူတစ်ယောက်ဟုသတ်မှတ်၍ရနိုင်သည်ဖြစ်သည်။ သူ့အနေဖြင့် ဤမျှလောက် ကြောက်လန့်နေစရာမကောင်းသင့်သည်မဟုတ်လော။
ထို့နောက်တွင် ပျော့ပျောင်းနူးညံ့သော သူမကိုယ်လေးက သူ့ကိုယ်ပေါ်မှ ရုတ်တရက် ခွာလိုက်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ထို့နောက်တွင် မြွေလူသားမလေးက ထိန့်လန့်နေသော သမင်မလေးကဲ့သို့ မပြေမပြစ် ထထိုင်လိုက်သည်။ သူမက သူမ၏လက်တို့ဖြင့် ရင်သားတို့ကို ဖုံးကွယ်ထားပြီး ရှစ်ဖုန့်အား မကျေမနပ်ဖြစ်စွာကြည့်လိုက်သည်။
“ရှင်…ရှင်ကျွန်မကို ဘာလုပ်ခဲ့တာလဲ”
မြွေလူသားမလေး၏ စကားတို့အား ကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်မှာ ဆွံ့အသွားရသည်။
“မင်းက မြွေလူသား မျိုးနွယ်ကဖြစ်ပြီး အောက်ပိုင်းကလည်း မြွေမြီးတစ်ခုနဲ့လေ…ငါမင်းကိုတစ်ခုခုလုပ်ချင်တယ်ဆိုရင်တောင် ငါဘာလုပ်လို့ရနိုင်မှာမို့တုန်းဟ”
ရှစ်ဖုန့်က ပြောလိုက်သည်။
“အလှလေး..ငါကမှ မင်းကို အဲ့မေးခွန်းပြန်မေးရမှာ ငါကမင်းအောက်က မင်းကအပေါ်ကလေ…မင်းငါ့ကိုဘာလုပ်ခဲ့တာလဲ”
“အာ…”
မြွေလူသားမလေးက ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် သူမ၏ပါးစပ်ပင် ပွင့်ဟသွားရသည်။ ထို့နောက်သူမက ခေါင်းငုံ့၍ သူမကိုယ်သူမ ပြန်ကြည့်လိုက်ပြီး နောက် ရှစ်ဖုန့်ကို ထပ်မံ၍ကြည့်လိုက်သည်။သူမက အတွေးနက်နေသကဲ့သို့ မျက်မှောင်အနည်းငယ်ကြုံ့လိုက်သည်။ ထို့နောက်က မျက်မှောင်ကြုံ့ထားဆဲဖြစ်သော သူမ၏ လှပသော မျက်နှာလေးဖြင့် ရှစ်ဖုန့်ကို ကြည့်၍ပြောလိုက်သည်။
“ရှင်ပြောတာလည်း အဓိပ္ပါယ်ရှိသားပဲ…ဒါပေမဲ့ ကျွန်မရှင့်ကို ဘာမှမလုပ်ခဲ့ဘူး”
ဘယ်လိုတောင်မှ အပြစ်ကင်းစင်ပြီး မသိနားလည်သော အလှပဂေးလေးဖြစ်သနည်း။
ထို့နောက်တွင် မြွေလူသားမလေးက တစ်ခုခုကို ရုတ်တရက် တွေးမိသွားပုံရကာ ပြောလိုက်သည်။
“အမကြီးက ပြောတယ် ရှင်တို့လူသားတွေက ရက်စက်ယုတ်မာဆုံးနဲ့ အကောက်ကျစ်ဆုံးသူတွေတဲ့….ကျွန်မရှင့်
စကားတွေကို မယုံဘူး ..ရှင်ပဲဖြစ်ရမယ် ကျွန်မအိပ်ပျော်နေတုံးမှာ ရှင်တစ်ခုခုလုပ်ခဲ့တယ် …ရှင်က ကျွန်မရဲ့ အောက်ကိုတောင်တိုးဝင်လိုက်သေးတယ်”
ရှစ်ဖုန့် ထပ်မံ၍ ဆွံ့အသွားပြန်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူကခါးသက်စွာပြုံး၍ ပြောလိုက်သည်။
“အလှလေး မင်းက မြွေလူသားမျိုးနွယ်ကလေ….ဘယ်လိုလုပ်ပြီး ငါကမင်းကို တစ်ခုခုလုပ်လို့ရမှာလဲ”
“ရှင်လုပ်နိုင်တယ်”
မြွေလူသားမလေးက စိတ်ပိုင်းဖြတ်ထားသော အမူအယာဖြင့်ပြောလိုက်သည်။
“ကျွန်မတို့ညီအမတွေ ရေချိုးနေတုံးချောင်းကြည့်တဲ့ အပြာရောင်နဲ့ လူသားကပြောတယ် …သူကရှင့်ကို ကျွန်မတို့ညီအမလေးယောက်ကိုဖမ်းခိုင်းပြီး တစ်ခုခုလုပ်ချင်နေတာ”
“ငါက သူနဲ့မှမတူတာ….ငါတို့လူသားတွေကလည်း မင်းတိုမြွေလူသားတွေလိုပဲ…ကောင်း
တဲ့သူလည်းရှိသလို ဆိုးတဲ့သူလည်းရှိတယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။ထိုသို့ပြောပြီးသည့်
နောက်တွင် ရှစ်ဖုန့်မှာ သူ့အနေဖြင့် ကလေးတစ်ယောက်အား အပျော့ဆွဲဆွဲ၍ ချော့ယူနေရသည်ဟုပင် ခံစားရသည်။
“အဲ့တာအမှန်ပဲလား…ရှင်ကလူကောင်းလား”
မြွေလူသားမလေးက ပြောလိုက်သည်။
“ဒါပေါ့ ငါက လူကောင်းတစ်ယောက်ပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ငါက မင်းအတွက် လူဆိုးတစ်ယောက်နဲ့ တူနေလို့လား”
“ရှင်က တော်တော်လေးသဘောကောင်းပြီး ချောတဲ့သူပါပဲ ..ဒါပေမဲ့ အမကြီးက ပြောတယ် တစ်စုံတစ်ယောက်ကို အပေါ်ယံကိုပဲကြည့်ပြီးတော့ အကဲဖြတ်လို့မရဘူးတဲ့ ပိုပြီးတော့ချောလေ ပိုပြီးတော့ကိုသူတို့ကို မယုံရလေပဲတဲ့”
မြွေလူသားမလေးက လေးနက်စွာပြောလိုက်သည်။ ထို့နောက်တွင် သူမက တစ်စုံတစ်ခုအားတွေးမိသွားပုံပေါ်သည်။ သူမက ရှစ်ဖုန့်၏ ဘောင်းဘီကိုကြည့်၍ ပြောလိုက်သည်။
“ကျွန်မနိုးလာတော့ ရှင့်ဘောင်းဘီထဲမှာ ဓားမြှောင်တစ်ချောင်း ဖွက်ထားတာကိုတွေ့လိုက်တယ်..ရှင်ကျွန်မကို သတ်ချင်ခဲ့တာလား”
“အဲ့တာဓားမြှောင်မဟုတ်ဖူး”
ရှစ်ဖုန့်မှာပို၍ ဆွံ့အသွားရသည်။
“ဒါဆိုရင် အဲ့တာကဘာလဲ “
မြွေလူသားမလေးက စကားပြောရင်းသူ့ဘောင်းဘီကိုဆုပ်ဆုပ်
ကိုင်ရန် လက်လှမ်းလိုက်သည်။
“လခွမ်း ..”
ဤမြွေလူသားမလေးမှာ တော်တေ်ာလေးကို ရိုးစင်းလှသောသူဖြစ်သည်။ ရှစ်ဖုန့်က အလျှင်အမြန်လက်ကိုဆန့်ထုတ်၍ သူမ၏ လွဲမှားနေသောလက်ကို ဖမ်းဆွဲလိုက်ရသည်။
“မင်းအမကြီးက ယောက်ျားတွေရဲ့အောက်ပိုင်းကို ကြုံသလိုလှမ်းမဆွဲဖို့ မပြောထားခဲ့ဖူးလား”
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် မြွေလူသားမလေးက သူမ၏ မှတ်ဉာဏ်များကို ပြန်လည်၍ ဖော်ထုတ်နေပုံရသည်။ ခေတ္တခဏမျှ ကြာပြီးသည့်နောက်တွင် သူမက ရှစ်ဖုန့်ကို ပြောလိုက်သည်။
“အမကြီးက အဲ့လိုတစ်ခါမှ မပြောခဲ့ဖူးဘူး”
“အာ….”
မြွေလူသားမျိုးနွယ်မှ အထီးများတွင် ထိုရာရှိမနေပုံရသည်။
“ရှင်ကျွန်မကို အဲ့အရာကိုထိခွင့်မပေးဘူးဆိုရင် ရှင့်ရဲ့ ဘောင်းဘီအောက်ထဲမှာ ဓားကိုဖွက်ထားတာပဲဖြစ်ရမယ် …ရှင်ကျွန်မကို သတ်ချင်နေတာပဲ”
မြွေလူသားမလေးက သေချာစွာဖြင့်ပြောလိုက်သည်။
ရှစ်ဖုန့်အနေဖြင့် ဤမြွေလူသားမလေးအား မည်ကဲ့သို့ ရှင်းပြရမည်မှန်းမသိချေ။ ၎င်းအားရှင်းပြရန်နည်းလမ်းရှိမနေခြင်းပင်ဖြစ်သည်။
ဤအချိန်တွင် ဤမိန်းကလေး၏ ရိုးစင်းလှသောအသွင်အပြင်က သဲကန္တာရထဲရှိ ကြမ်းကြုတ်လှသောမြွေကြီးနှင့် လားလားမှသက်ဆိုင်နေခြင်းမရှိဟုပင်
ထင်ရသည်။
ရှစ်ဖုန့်က ကောင်းကင်ကို မော့ကြည့်၍ ပြောလိုက်သည်။
“အဲ့ဒါကိုတွေးပြီးတော့စိတ်ပူနေမဲ့အစား ငါတို့တွေ ဘယ်နေရာကိုရောက်နေလဲ ဆိုတာကို အရင်စဉ်းစားရအောင်”
ကောင်ကင်းပြင်က မှုန်မှိုင်းနေပြီး မီးခိုးရောင်ဖြစ်ကာ အေးစက်နေသည်။ ဤကောင်းကင်ပြင်၏အောက်တွင် ရှစ်ဖုန့်မှာ ပြင်းထန်သော ယင်ချီကိုခံစားရသည်။ ဤနေရာက သူတို့ရောက်ရှိခဲ့သော သဲကန္တာရ မဟုတ်သည်မှာ သိသာသည်။မြေပြင်မှာလည်း လုံးဝကို သဲကန္တာရ မဟုတ်တော့ပေ။ မြေပြင်က မည်းနက်ကာ ခြောက်သွေ့နေပြီး မှုန်မှိုင်းပြီး အေးစက်လှသော ရောင်ဝါတို့ကို ထုတ်လွှတ်နေသည်။
မြွေလူသားမလေး၏ ခရမ်းရောင်မြွေခန္ဓာကိုယ် ဝန်းရံခံရချိန်တွင် သဲကန္တာရထဲတွင် ပြင်းထန်သောစုပ်အားကြီးတစ်ခုပေါ်လာခဲ့ပြီး သူ့အား စုပ်ယူသွားသည်ကို ရှစ်ဖုန့် သတိရလိုက်သည်။ ထို့နောက်တွင် နောက်ထပ်ဘာတွေဖြစ်ပျက်ခဲ့သည်ဆို
သည်အား သူမသိတော့ပေ။ သူနိုးလာသောအချိန်တွင် ဤနေရာသို့ရောက်ရှိနေပြီဖြစ်သည်။
“အာ ဒါကဘယ်နေရာလဲ …ရှင်ဘာလို့ကျွန်မကို ဒီနေရာကိုခေါ်လာခဲ့တာလဲ ..အမကြီး ဒုတိယအမ တတိယအမ တို့ရော သူတို့က ဘယ်မှာလဲ “
မြွေလူသားမလေးက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး သူမ၏မျက်နှာက သိသိသာသာကို ပြောင်းလဲသွားသည်။
“ရှင်ကျွန်မကို ဒီကိုခေါ်လာခဲ့တာ ကျွန်မကို ရောင်းစားမလို့လား”
ရှစ်ဖုန့်၏ နဖူးထက်တွင် အတွန့်အကြောင်းများပေါ်လာသည်။သူကပြောလိုက်သည်။
“အလှလေး …ငါသာမင်းကိုရောင်းစားချင်တယ်ဆိုရင် ဘယ်သူမှ မရှိတဲ့ဒီသောက်နေရာကိုခေါ်မလာဘူး..ပြီးတော့ မင်းကိုရည်ရွယ်ချက်ရှိရှိ ရက်စက်ချင်တယ်ဆိုရင်လည်း ငါဒီသောက်နေရာကြီးကိုလာမှ မဟုတ်ဖူး”
“ကျွန်မရှင့်နောက်ကိုလိုက်လာခဲ့တာလား”
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသော အခါတွင် မြွေလူသားမလေးက ရုတ်တရက် တစ်စုံတစ်ခုအားသတိရသွားပုံရသည်။ သူမကပြောလိုက်သည်။
“အိုး..ကျွန်မ ဆီးလ်ကို ချိုးဖြတ်မိခဲ့တဲ့ပုံပဲ…အားလုံးက ရှင့်အမှားကြောင့်ပဲ …ဘယ်သူက အမကြီး ဒုတိယအမနဲ့တတိယ အမတို့ကို အနိုင်ကျင့်ဖို့ရှင့်ကိုပြောခဲ့ လို့လဲ..ရှင့်ကကျွန်မတို့ကို အဲ့လိုလုပ်ချင်ခဲ့တာ”
“ငါအဲ့တာကိုလုပ်ချင်တယ်လို့ မင်းတို့ကို မပြောခဲ့ပါဘူး အဲ့တာ…အပြာရောင်ဝတ်ဆုံနဲ့လူပြောတာ…..
မင်းက သူ့နောက်ကိုလိုက်သွားသင့်တဲ့အစား ငါ့နောက်ကိုပဲ လိုက်ဖမ်းတာလေ မင်းငါ့ကို သတ်မိတော့လုနီးပါးပဲ”
ရှစ်ဖုန့်က သဲကန္တာရ အတွင်းတွင် ခရမ်းရောင်မြွေကြီး၏ လိုက်ဖမ်းခံရမှုအား တွေးမိလိုက်သောအခါတွင် ဒေါသထွက်သွားခဲ့သည်။
ရှစ်ဖုန့် အနည်းငယ် ဒေါသထွက်သွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် မြွေလူသားမလေးက တစ်စုံတစ်ခုအားအမှားအယွင်းလုပ်မိခဲ့သော ကလေးမလေးတစ်ယောက်ကဲ့သို့ဖြစ်သွားသည်။ သူမက အားနည်းစွာပြောလိုက်၏။
“ကျွန်..ကျွန်မက ဘယ်လိုလုပ်သိမှာလဲ …ဆီးလ်ကျိုးပျက်သွားခဲ့တဲ့အချိန်မှာ ကျွန်မဘာမှ မသိတော့ဘူး …ပြီးတော့..ပြီးတော့ ရှင်သာ ကျွန်မတို့ကို အနိုင်ကျင့်တဲ့ အဲ့အပြာရောင်နဲ့လူကို ဝင်မကူညီခဲ့ရင် ကျွန်မတို့သူ့ကို ဖမ်းမိခဲ့တာကြာနေပြီ ……….ကျွန်မလည်း ဆီးလ်ကို ချိုးဖြတ်မိမှာ မဟုတ်ဖူး”
ဆက်ရန်….
ဘာသာပြန်သူ-ARISE