← Chapters

များပြားသော ဆုလာဘ်

Vol. 47 Ch. 651

များပြားသော ဆုလာဘ်

Vol. 47 Ch. 651

ညအမှောင်ကြားတွင် အေးစက်သောလေသည် တရွှီးရွှီး တိုက်ခတ်လျက် ရှိသည်။

မိုအားဝူသည် ချန်းချိန်၏ဝန်ခံချက်အရ အိမ်တော်ဝန်ဥယျာဉ်အိမ်ရာရှိ ချန်ရှင်းဝမ် ရှိနေသော နေရာသို့ ထာဝရခန်းမ၏ကျွမ်းကျင်သူလေးဦးကို ဦးဆောင်ကာ တိတ်တဆိတ်ချဉ်းကပ်လာသည်။ သူတို့ငါးဦးသည် ပင်မဝင်ပေါက်မှ မဝင်ဘဲ တိုက်ခန်းတွဲအဆောက်အဦး၏အနောက်ဘက်မှ လှည့်ပတ်ကာ လှေကားထစ်ပြတင်းပေါက်မှ လွယ်ကူစွာပင် ခိုးဝင်လာကြသည်။

“အားဝူ … ဒီအိမ်ဝန်းကျင်တစ်ဝိုက်မှာ သံသယဖြစ်စရာ ပစ်မှတ်လေးခုရှိနေတယ်။ ငါတို့ အဲ့ဒီကောင်တွေကို အရင် ရှင်းထုတ်ရမလား ဒါမှမဟုတ် ဟိုလူတွေကို ဖမ်းဖို့ အပေါ်ကို တန်းသွားမလား။"

ထာဝရခန်းမ၏ကျွမ်းကျင်သူတစ်ဦးက အားဝူကို မေးလာသည်။

သည်လှုပ်ရှားမှုကို ဦးဆောင်သူတစ်ယောက်အနေဖြင့် မိုအားဝူ၏အမိန့်အား တခြားလေးယောက်က နားထောင်မည်ဖြစ်သောကြောင့် မိုအားဝူသည် ခဏလောက် စဉ်းစားပြီး

“ချန်မျိုးရိုးကောင်ကို အရင်ဆုံး သွားဖမ်းကြမယ်။ သူ့ကို ဖမ်းမိထားတာနဲ့ ဒီမစ်ရှင်က ပြီးမြောက်တယ်။ ဒါကြောင့် ကျန်တာတွေကို ကိုင်တွယ်ရတာ အန္တရာယ် မရှိတော့ဘူး။”

များမကြာမီ မိုအားဝူတို့ငါးယောက်အုပ်စုသည် ချန်ရှင်းဝမ် တည်းခိုရာ အထပ်သို့ သွားသော လှေကားဆီသို့ ရောက်လာသည်။ ထို့နောက် တိုက်ခန်းနံပါတ်ကို သေချာကြည့်ပြီးနောက် မိုအားဝူသည် ပိန်ပိန်ပါးပါး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို အချက်ပြလိုက်ရာ ထိုလူက သော့တူကွေးနှစ်ချောင်းကို ထုတ်ကာ သော့ကို အလွယ်တကူ ဖွင့်လိုက်သည်။

"ဒီမှာ ဘယ်သူမှ မရှိပါလား။" မိုအားဝူတို့ငါးယောက်က အခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်သော်လည်း လူတစ်ဦးတစ်ယောက်၏အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ကြပေ။

“ခွက်ထဲက လက်ဖက်ရည်က ပူနေသေးတယ်။ လက်ဘက်ရည်ရနံ့ကလည်း မပျောက်သေးဘူးဆိုတော့ သူတို့ ခုလေးတင် ထွက်သွားတာပဲ ဖြစ်ရမယ်။ အစ်ကိုဟေး … မင်းက ခြေရာခံကျွမ်းကျင်သူပီပီ ရန်သူကို ခြေရာခံဖို့ နည်းလမ်းတွေ ရှိလား။"

မိုအားဝူက လေးနက်စွာ မေးလိုက်သည်။

ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားက တခဏလောက် စဉ်းစားပြီး တွေးတွေးဆဆ ပြောလာသည်။

“သူတို့ ထွက်သွားတယ်ဆိုပေမယ့် အဲ့ဒီသံသယဖြစ်ဖွယ် လူလေးယောက်က အောက်ထပ်တစ်ဝိုက်မှာ ရှိနေတုန်းပဲ။ ငါတို့ ပစ်မှတ်က ဒီအဆောက်အဦးမှာ ရှိနေတုန်းပဲလို့ ငါ သံသယရှိတယ်။ ငါ့ကို ၂မိနစ်လောက် အချိန်ပေး။ ငါ သူတို့ကို ရှာကြည့်မယ်။"

ထိုသို့ပြောပြီးနောက် သူသည် သူ၏အိတ်ကပ်အတွင်းမှ အဝါရောင်အမှုန့်များပါသည့် ပလပ်စတစ်အိတ်ကို ယူလိုက်သည်။ သူသည် တံခါးဆီသို့ လျှောက်လာကာ ကြမ်းပြင်ပေါ်တွင် ထိုအဝါရောင်အမှုန့်များကို ဖြူးပြီးနောက် စပရေးတစ်ပုလင်းကို ထုတ်ပြီး အမှုန့်ပေါ်သို့ ဖြန်းလိုက်သည်။ သိပ်မကြာခင်မှာပင် အမှုန့်၏ထိပ်တွင် ခြေရာများ ပေါ်လာလေတော့သည်။

"ဘေးအခန်းလား…" ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားသည် တွေးရခက်သွားသော်လည်း ချက်ချင်း ရပ်လိုက်ပြီး မိုအားဝူအား အချက်ပြလိုက်သည်။

“တံခါးဖွင့်ပါ။” မိုအားဝူက လျင်မြန်စွာ အမိန့်ပေးလိုက်သည်။

ပိန်ပိန်ပါးပါး သက်လတ်ပိုင်းအမျိုးသားသည် သူ၏သော့တူကွေးနှစ်ချောင်းဖြင့် ဘေးအခန်းသော့ကို ဖွင့်လိုက်သည်နှင့် မိုအားဝူသည် တံခါးကို ချက်ချင်းဖွင့်လိုက်ပြီး အခန်းတွင်းသို့ လျှပ်စီးတန်းအလား ဝင်ရောက်သွားတော့သည်။

"မင်း ဘယ်သူလဲ။"

အမြဲသတိထားနေသော ချန်ရှင်းဝမ်သည် တံခါးသော့ အဖွင့်ခံလိုက်ရသောအခါ လျင်မြန်စွာ အော်လိုက်သည်။ သို့သော် မိုအားဝူတို့ ငါးယောက်အုပ်စုသည် လျင်မြန်လွန်းစွာ လှုပ်ရှားခဲ့ရာ သူ၏ပစ္စေတိုအား ဆွဲထုတ်ရန် အချိန်မရလိုက်ဘဲ ထက်မြိသော ဓားမြှောင်တစ်ချောင်းသာ သူ၏လည်ပင်းတွင် အတင်ခံလိုက်ရသည်။

…ဘန်း...ဘန်း…

အခန်းတွင်းရှိ အခြားလူနှစ်ဦးလည်း လှဲသိပ်ခံလိုက်ရပြီး ထိန်းချုပ်ခံလိုက်ရသည်။

မိုအားဝူသည် ချန်ရှင်းဝမ်၏လည်ပင်းကို ဆွဲကိုင်လိုက်ပြီး မထီတထီ မေးလိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ။"

"မင်းတို့က ဘယ်သူတွေလဲ။" ချန်ရှင်းဝမ်က မဖြေဘဲ ပြန်မေးသည်။

"ငါတို့ ဘယ်သူလဲဆိုတာ မင်း သိဖို့မလိုဘူး။ မင်းနာမည်ကို ပြောရုံပဲ။” မိုအားဝူက သရော်သံဖြင့် "နို့မဟုတ်ရင် မင်းကို သွေးထွက်အောင် လုပ်ဖို့ ငါ ဝန်မလေးဘူး။"

"ငါ့နာမည်က ချန်ပါ။"

ချန်ရှင်းဝမ်၏စိတ်နှလုံးသားသည် ရေခဲတွင်းထဲ ကျသွားသည့်အလား အေးစိမ့်သွားရပြီး သွေးရောင် မရှိသော မျက်နှာဖြင့် ပြန်ဖြေသည်။ ချန်းချိန်က သူ့ကို ရောင်းစားလိုက်ပြီဟု ယခုအချိန်တွင် သူ ပြောနိုင်သည်။ အစောပိုင်းက သူ ဖုန်းဆက်ချိန်တွင် ၎င်းပြောသော အစီရင်ခံစာသည် ပြီးပြည့်စုံသော လိမ်ညာမှုဖြစ်သည်။ သူအယုံကြည်ရဆုံး အမျိုးသမီးသည် ရန်သူ၏သတ်ခြင်းကို ခံခဲ့ရပြီး ချန်းချိန်သည် ရန်သူက ဤနေရာသို့ အပြေးလာကာ သူ့ကို ဖမ်းရန်အတွက် အချိန်ဆွဲပေးခြင်းဖြင့် ရန်သူကို ကူညီခဲ့သည်။

မိုအားဝူ၏မျက်ခုံးများ တွန့်ချိုးသွားကာ ချန်ရှင်းဝမ်အား မေ့မျောသွားအောင် ထိုးကြိတ်လိုက်သည်။ ထို့နောက် ထိုသူ၏အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို ယူစစ်လိုက်ရာ အိုင်ဒီကတ်ကို တွေ့ရသဖြင့် ထိုသူသည် ချန်ရှင်းဝမ်မှန်း သိပြီးနောက် ထန်ရှုဆီ တန်းဖုန်းဆက်လိုက်တော့သည်။

ကြယ်တာရာ လုံစားသောက်ခန်းမ…

မိုအားဝူထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ထန်ရှု၏ချောမောသောမျက်နှာပေါ်တွင် ကျေနပ်ပြုံး တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် နောက်ဆုံးတွင် ချန်ရှင်းဝမ်ကို ဖမ်းရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသောကြောင့် သည်လူကို ကောင်းကောင်း ဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။ ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစု၏ ထုတ်ကုန်ဖော်မြူလာများကို လုယူလိုသူ မည်သူမည်ဝါပင် ဖြစ်ပါစေ ထိုကဲ့သို့သော အကြံဉာဏ်ကို တွေးမိသည့်အတွက်၊ တွေးရဲသည့်အတွက် နောင်တရသွားစေရန် သူ ကောင်းကောင်း ဆက်ဆံပေးရမည်ဖြစ်သည်။

"သူ့ကို ဖမ်းမိပြီလား။" ထန်ရှု၏အမူအရာကို မြင်ပြီးနောက် ခန်းရှ၏မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။

ထန်ရှုက ပြုံးကာ ခေါင်းညိတ်ပြပြီး

"ဟုတ်တယ်။ ကိုယ်တို့ သူ့ကို ဖမ်းမိခဲ့ပြီ။ မိုအားဝူက သူ့ကို မကြာခင် ပြန်ခေါ်လာလိမ့်မယ်။ ခန်းရှ … အမာရွတ်ဖျောက်ခရင်မ်ထုတ်ကုန်ကို ကြီးကြပ်ရတဲ့ မန်နေဂျာဟဲကို ဖုန်းဆက်ပါ။ ဒီတစ်ခေါက် သူလုပ်လိုက်တဲ့ ကောင်းကျိုးက အကြီးမားဆုံးပဲ။”

ခန်းရှက ပြုံးပြီး ခေါင်းညိတ်သည်။

လက်ရှိတွင် မန်နေဂျာဟဲသည် အိမ်တွင် စိုးရိမ်စိတ်နှင့် ဂနာမငြိမ်ဖြစ်ကာ စောင့်ဆိုင်းနေသည်။ အမာရွတ်ဖျောက်ခရင်မ်ထုတ်ကုန်ကို ကြီးကြပ်သည့် မန်နေဂျာတစ်ဦးအနေဖြင့် သူ့တွင် အခွင့်အာဏာများစွာ ရှိပြီး ကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင် အရာရှိတစ်ဦးအဖြစ် သတ်မှတ်လို့ပင် ရနိုင်သည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုတွင် အလုပ်လုပ်နိုင်ခြင်းကြောင့် ကြီးမားသော ကံကြမ္မာကို သူ ရရှိခဲ့သည်ဟု ယုံကြည်ခဲ့သည်။ လစာပဲဖြစ်စေ၊ အနာဂတ်တွင် သူ၏တိုးတက်ဖွံ့ဖြိုးမှုနှင့် ပတ်သက်သည့် လမ်းကြောင်းသစ်ပဲဖြစ်စေ သည်ကုမ္ပဏီအား သူ တကယ် ကျေနပ်သဘောကျသည်။ ဤကုမ္ပဏီတွင် သူ၏အလုပ်အပေါ် သစ္စာရှိပြီး ကောင်းမွန်စွာ ထမ်းဆောင်နေသရွေ့ အနာဂတ်တွင် သူ၏အောင်မြင်မှုအား မြောက်မြားစွာသောလူများသည် မနာလိုအားကျနေရလိမ့်မည်ဟုပင် သူ ခန့်မှန်းထားသည်။

သစ္စာရှိမှု…။ ဤသည်မှာ ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစု၏သူဌေးကြီးအပေါ်ထားရှိသော မန်နေဂျာ၏သဘောထားပင် ဖြစ်ပေတော့သည်။ လုံစားသောက်ခန်းမတွင် ကျင်းပခဲ့သော ကုမ္ပဏီပွဲ၌ ဖြစ်ပွားခဲ့သော နောက်ဆုံးအဖြစ်အပျက်ပြီးနောက် သူဌေးကြီး၏ မည်ကဲ့သို့ ကြမ်းပြခဲ့သည်၊ ရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် ကုမ္ပဏီအတွင်း စည်းလုံးညီညွတ်မှုကို မည်ကဲ့သို့ အရေးကြီးသည်ကို သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည်။ သူဌေးကြီး၏ အလေးအမြတ်ထားဆုံးသော စရိုက်လက္ခဏာများသည် ထိပ်တန်းအမှုဆောင်အရာရှိများ၏အရည်အချင်းနှင့် စွမ်းရည်ထက်မြက်မှုတို့သာမက ထိုသူတို့၏ သစ္စာစောင့်သိမှုနှင့် သစ္စာရှိမှုတို့ပါ ဖြစ်သည်ကို သူ နားလည်ခဲ့ရသည်။

ဖုန်းမြည်သံ…

သူ့ဖုန်းမြည်လာသောအခါတွင် အဖြေခလုတ်ကို ချက်ခြင်းနှိပ်လိုက်ပြီး လေးလေးစားစား ဖြေလိုက်သည်။

"အကြီးအကဲ ခန်း…"

"သူဌေးက နင့်ကို တွေ့ချင်နေတယ်။ လုံစားသောက်ခန်းမကို အမြန်လာခဲ့ပါ...” ခန်းရှက ပြောလာသည်။

ဖုန်းခေါ်ဆိုမှု ပြီးဆုံးပြီးနောက် မန်နေဂျာဟဲတစ်ယောက် စိတ်အတွင်းထဲတွင် လှုပ်ရှားစွာဖြင့် လုံစားသောက်ခန်းမသို့ အမြန်သွားခဲ့သည်။ ရလဒ်က မည်သို့ ဖြစ်မည်ဆိုတာကို မသိသော်လည်း ကုမ္ပဏီနှင့် ထန်ရှုကို သစ္စာခံဖို့ ရွေးချယ်ခဲ့သည့်အတွက် သူဌေးကြီးက သူ့အား တွေ့ချင်သည်ဆိုခြင်းမှာ အခက်အခဲများ ပြုလုပ်ရန်မဟုတ် ဆိုသည်ကတော့ သေချာပေသည်။

နာရီဝက်အကြာတွင် သူသည် လုံစားသောက်ခန်းမသို့ ရောက်ရှိလာပြီး ထန်ရှု ရှိသည့်အခန်းသို့ ခန်းရှ၏ ဦးဆောင်မှုဖြင့် ရောက်လာခဲ့သည်။ ထို့နောက် ပြတင်းပေါက်နားတွင် အပြင်ဘက်သို့ မျက်နှာမူကာ ရပ်နေသော ထန်ရှုကို ကြည့်ပြီး သတိကြီးစွာ ပြောလိုက်သည်။

"သူဌေး … ငါ့ကို ရှာနေတယ်ဆိုလို့။"

ထန်ရှုက လှည့်လာပြီး လေးနက်သော အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။ ထိုအမူအရာကြောင့် မန်နေဂျာဟဲခမျာ အတန်ငယ် ဆောက်တည်ရာမရ ဖြစ်နေရသော်လည်း ထန်ရှု၏မျက်နှာပေါ်ရှိ လေးနက်မှုမှာ ကြည်လင်တောက်ပသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး

"မန်နေဂျာဟဲ … ညဉ့်နက်နေတာတောင် မင်းကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါဦး။ ခန်းရှ … ကျေးဇူးပြုပြီး လက်ဖက်ရည်တစ်အိုးလောက် လုပ်ပေးပါဗျာ။"

“ကောင်းပြီ။” ခန်းရှက ပြုံးပြီး လှည့်ထွက်သွားသည်။

ထန်ရှု၏သဘောထား ပြောင်းလဲသွားသည်ကို ကြည့်ပြီး မန်နေဂျာဟဲသည် သူ့အား မြှောက်စားလိုက်သကဲ့သို့ ခံစားမိသည်။ သူဌေးကြီးက သူ့ကို ထိုင်စေချင်နေပြီး ခန်းရှကိုယ်တိုင် လက်ဖက်ရည်နှပ်ပေးရန် တောင်းဆိုခဲ့သည်မှာလည်း ရှားပါးလှသောကြောင့် သူ မမျှော်လင့်ထားခဲ့သော အရာများဖြစ်ပေသည်။

အသီးသီး နေရာယူလိုက်ကြပြီးနောက် ထန်ရှုက ကျေနပ်စွာဖြင့်

"မန်နေဂျာဟဲ … မင်းက ငါတို့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ သူရဲကောင်းဖြစ်လာတာကိုတော့ ငါ မင်းကို အမှန်အတိုင်း ပြောရမှာပဲ။ မင်းရဲ့သစ္စာရှိမှုကိုလည်း ငါ တွေ့ရတယ်။ ငါတို့ကုမ္ပဏီကို ကြံစည်ဖို့ ကြိုးစားနေတဲ့ အုပ်စုတစ်စုကို ဖမ်းမိခဲ့တာလည်း မင်းရဲ့သတင်းပို့မှုကြောင့်ပါပဲ။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ပိုင်ရှင်အနေနဲ့ မင်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ် မန်နေဂျာ။”

သူသည် အတွင်းစိတ်တွင် အရိုင်းဆန်စွာ ပျော်ရွှင်နေသော်လည်း သူ၏အမူအရာမှာ ဂနာမငြိမ်ဖြစ်ကာ ကြောက်လန့်စွာဖြင့်

"သူ…သူဌေးက ယဉ်ကျေးလွန်းနေပါပြီ။ ငါက ငါတို့ ခမ်းနားသောထန် လုပ်ငန်းစုရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ ဒါက ငါလုပ်သင့်တဲ့အရာပါ။”

"ငါတို့ကုမ္ပဏီလို့ မန်နေဂျာဟဲ ပြောလိုက်တာကို ငါ ကျေနပ်တယ်။" ထန်ရှုက ကျေနပ်စွာဖြင့် ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းရဲ့နှစ်စဉ်လစာကို ၅၀% တိုးပေးဖို့ ခန်းရှကို ညွှန်ကြားထားသလို ကြယ်တာရာရဲ့မြို့သစ် စီမံကိန်း ဖွင့်ပြီးသွားရင်လည်း ၁၅၀စတုရန်းမီတာ ရှိတဲ့ နေအိမ်ကိုလည်း ဆုပေးဦးမှာပါ။"

မန်နေဂျာဟဲ၏မျက်လုံးများ ပြူးသွားပြီး မယုံကြည်နိုင်ဟန်များပင် ဖြစ်ပေါ်လာသည်။ သူ၏နှစ်စဉ်လစာသည် ယွမ် ၁ သန်းကျော်နေပြီဖြစ်ရာ ၅၀% တိုးလိုက်ခြင်းသည် ကြီးမားသော ကိန်းဂဏန်းတစ်ခု ဖြစ်သည်။ နောက်ထပ် သူ့အား ပိုမိုတုန်လှုပ်စေသည့်အရာမှာ ကြယ်တာရာ၏ မြို့သစ်စီမံကိန်းကြောင့်ပင်။ ထိုစီမံကိန်းအကြောင်းအား သူ ကောင်းစွာ သိနေခြင်းကြောင့် စီမံကိန်း ပြီးစီးသွားပါက အိမ်ရာဈေးနှုန်းများသည် အလွန် ကြီးမြင့်လာမည်ဖြစ်ပြီး ဈေးကွက်အား တုန်လှုပ်သွားစေနိုင်လိမ့်မည်။ ထိုနေရာတွင် ၁၅၀ စတုရန်းမီတာကျယ်သော အိမ်တစ်လုံးကို ဝယ်ရန် ယွမ်နှစ်သန်း - သုံးသန်းလောက်နှင့်ပင် လုံလောက်မည် မဟုတ်ပေ။

ဒီ … ဒီဆုက…

မန်နေဂျာဟဲ၏စိတ်နှလုံးအတွင်း၌ ရုတ်ခြည်းပင် နွေးထွေးလာသည်။ သူက ထန်ရှုအား လေးလေးနက်နက် စိုက်ကြည့်ပြီး

"သူဌေး … ဒီနေ့ကစပြီး ခမ်းနားသော ထန်လုပ်ငန်းစုက ဒီဟဲရဲ့ ရင်းမြစ်ဖြစ်ရမယ်။ ကုမ္ပဏီက ငါ့ကို မစွန့်လွှတ်သရွေ့ ကုမ္ပဏီအတွက် ငါ့ရဲ့ကျန်ရှိတဲ့ ဘဝသက်တမ်းတလျှောက် ပေးအပ်လုပ်ကိုင်သွားဖို့ ငါ ဆန္ဒရှိပါတယ်။”

ထန်ရှုက လက်ခုပ်လက်ဝါးတီးပြီး

“ဒါကြောင့် ငါ မင်းကို ဒီလို ပြောခဲ့တာပဲ မန်နေဂျာဟဲ။ ငါတို့ကုမ္ပဏီရဲ့ဖွံ့ဖြိုးတိုးတက်မှုကို မင်း မြင်ပြီးပြီ ထင်ပါတယ်။ ကုမ္ပဏီက အနာဂတ်မှာ ပိုမိုကြီးမားလာမှာဖြစ်ပြီး ငါတို့တွေ စီမံခန့်ခွဲဖို့ လိုအပ်တဲ့ လုပ်ငန်းစီမံကိန်းတွေကလည်း ပိုပြီးများပြားလာမှာပဲ။ မင်းက ကုမ္ပဏီရဲ့ အကြီးတန်း ထိပ်တန်းအမှုဆောင် ဖြစ်လာမယ့်နေ့၊ ငါတို့ရဲ့လက်အောက်ခံ ကုမ္ပဏီတစ်ခုရဲ့အထွေထွေမန်နေဂျာ ဖြစ်လာမယ့်နေ့ ဒါမှမဟုတ် ငါတို့ကုမ္ပဏီလက်အောက်ခံ ကုမ္ပဏီများစွာရဲ့ အထွေထွေမန်နေဂျာ ဖြစ်လာမယ့်နေ့ အဲ့ဒီနေ့တွေကို ငါ စောင့်မျှော်နေပါမယ်။"

မန်နေဂျာဟဲ နေမထိထိုင်မသာ ဖြစ်နေသည်။ ထန်ရှု၏စကားများနောက်ကွယ်မှ နက်နဲသော အဓိပ္ပါယ်ကို သူ နားလည်နိုင်သည်။ ဆိုလိုသည်မှာ သူသည် ခမ်းနားသောထန် လုပ်ငန်းစုကို သစ္စာစောင့်သိကာ လုပ်ကိုင်နိုင်စွမ်း ပြနေသရွေ့ ကြီးမားသောအာဏာနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံမှုမျိုးကို အနာဂတ်တွင် ရရှိနိုင်မည်ဖြစ်သည်။ သည်ဟာသည် သူ့အား သူဌေးကြီး ကိုယ်တိုင်ပေးခဲ့သော ... ကတိပင် ဖြစ်ပေတော့သည်။

"ကျေးဇူးတင်ပါတယ် သူဌေး…" မန်နေဂျာဟဲက မတ်တတ်ရပ်ပြီး လေးနက်သော အမူအရာဖြင့် ဦးညွှတ်လိုက်သည်။

****

မနက်သုံးနာရီ…

မိုအားဝူတို့ငါးယောက်သည် ချန်ရှင်းဝမ်တို့ ခုနစ်ယောက်အဖွဲ့အား ကြယ်တာရာသို့ စောင့်ကြပ်ကာ ခေါ်လာခဲ့သည်။ ထန်ရှုသည် ထိုသူကို တွေ့သောအချိန်တွင် ချန်ရှင်းဝမ်တစ်ယောက် မေ့မျောနေဆဲဖြစ်သည်။

"သူ့ကို နှိုးလိုက်။"

ထန်ရှုသည် ဆိုဖာပေါ်တွင် အိပ်ပျော်နေသော ခန်းရှကို တစ်ချက်ကြည့်ကာ သူမကို ကောက်ချီလိုက်ပြီး ဘေးအခန်းထဲသို့ သယ်သွားလိုက်သည်။ သူမသည် အချိန်အတော်ကြာ အလုပ်များနေခဲ့ပြီး သူ့နောက်သို့ ကိုယ်တိုင်လိုက်လာရန်သည် သူမအတွက် လွန်စွာ ခက်ခဲပင်ပန်းပေမည်။

ဧည့်ခန်းသို့ ပြန်ရောက်သောအခါ ချန်ရှင်းဝမ် နိုးနေသည်ကို တွေ့လိုက်ရသဖြင့် သရော်တော်တော် ပြောလိုက်သည်။

“မင်းကို တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ဒါ ငါတို့ ပထမဆုံးအကြိမ် တွေ့ဆုံတာ မဟုတ်လား။”

ချန်ရှင်းဝမ်သည် ထန်ရှု၏မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်ရင်း ခနဲ့လိုက်သည်။

"ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးကြီး ထန်ရှုက သာမန်လူတော့ မဟုတ်ဘူးပဲ။"

"ဒါဆို ငါ့နည်းလမ်းတွေကို မင်း သိပြီးသားပဲ မဟုတ်လား။" ထန်ရှုက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည် ။

“မင်းက အီလက်ထရောနစ်ထုတ်ကုန်လုပ်ငန်းကို လုပ်ကိုင်နေတဲ့ စီးပွားရေးသမားပါ။ ငါ့ရဲ့ကုမ္ပဏီကို မျက်စိကျရဲဖို့အထိ မင်းမှာ အဲ့ဒီလောက် သတ္တိရှိလိမ့်မယ်လို့ ငါ မထင်ဘူး။ ပြောစမ်းပါဦး … မင်းလို နိုင်ငံရပ်ခြားက တရုတ်ကို ညွှန်ကြားနေတဲ့သူက ဘယ်သူလဲ။"

"မမေးနဲ့။" ချန်ရှင်းဝမ် ခေါင်းယမ်းလိုက်သည်။ "မင်း ငါ့ကို သတ်မယ်ဆိုရင်တောင် ငါ မင်းကို မပြောရဲဘူး။"

"ချန်းချိန်လည်း ဒီလိုပဲ ပြောခဲ့တာပဲ။" ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။

“ဒါပေမယ့် သေတာက အသက်ရှင်တာထက် ပိုကောင်းတယ်လို့ ထင်ရလောက်အောင် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်တော့ သူ  သည်းမခံနိုင်တော့တဲ့အတွက် သူ သိသမျှကို ပြောပြပြီး မင်းကို လှည့်စားဖို့တောင် လိုက်နာခဲ့တယ်။ တကယ်တော့ သေခြင်းတရားက ကြောက်စရာ မဟုတ်ပါဘူး။ ကြောက်စရာကောင်းတာက လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုပါ။ အဲ့ဒါက မင်း သေလည်း သေချင်သလို ရှင်လည်း ရှင်သန်ချင်ပေမယ့် နှစ်ခုစလုံးကို မရနိုင်တဲ့ ခံစားချက်တစ်မျိုးပဲ။ ဒါကြောင့် ချန်းချိန်ကို အစောပိုင်းက ငါ ပြောခဲ့တဲ့ စကားတွေကို ပြန်ပြောရမယ်ဆိုရင် - နတ်ဆေးသမားတော်တစ်ယောက်အနေနဲ့ သေမင်းတံခါးကနေ လူတွေကို ငါ ပြန်ယူနိုင်သလို သေမင်းတံတားပေါ်မှာလည်း လူတွေကို  ချိတ်ဆွဲထားနိုင်တယ်။ မင်းက အင်မော်တယ်တစ်ယောက် ဖြစ်ရင်တောင်မှ တစ်နေ့ပြီးတစ်နေ့ တစ်နှစ်ပြီးတစ်နှစ် ခံစားနေရတဲ့ အဲ့ဒီနာကျင်မှုဒုက္ခရဲ့အရသာက မင်း ခံနိုင်ရည်ရှိတဲ့ အရာ မဟုတ်ဘူး။"

***

All Chapters