အပိုင်း (၁၅၃)
Vol. 11 Ch. 153
ရှင်သာ ကျွန်မတို့ကို အနိုင်ကျင့်တဲ့ အဲ့အပြာရောင်နဲ့လူကို ဝင်မကူညီခဲ့ရင် ကျွန်မတို့သူ့ကို ဖမ်းမိခဲ့တာ
ကြာနေပြီ ……….ကျွန်မလည်း ဆီးလ်ကို ချိုးဖြတ်မိမှာ မဟုတ်ဖူး”
မြွေလူသားမလေး၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မှာ သူမပြောသည်က အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။ ဤအရာများအားလုံးမှာ လီလျိုရှင်း၏ ပါးစပ်ဖွာမှုကြောင့်ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ သူ့အနေဖြင့် ဤမြွေလူသားမလေးများအား သွားခွင့်ပေးခဲ့သင့်သည်။ သူအနေဖြင့် ထိုသောက်ခွေးသူတောင်းစားအား မကူညီခဲ့သင့်ပေ။ ထိုအတွက်ကြောင့် သူ့အသက်ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့ရသည်။
“ကောင်းပြီ အလှလေး အဲ့တာတွေကို နောက်မှ ပြောကြစို့ ..ငါတို့ဘယ်နေရာကိုရောက်နေလဲဆိုတာကို အရင်ကြည့်ရအောင် မင်းလည်းငါ့ပေါ်ကနေ ဆင်းသင့်ပြီ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အား ….”
ရှစ်ဖုန့်၏ စကးအားကြားလိုက်ရသောအခါတွင် မြွေလူသားမလေးက အလန့်တကြားအော်လိုက်သည်။ ထို့နောက်တွင် သူမအနေဖြင့် ရှစ်ဖုန့်၏ ပေါင်ပေါ်၌ ထိုင်နေမိသေးဆဲဖြစ်ကြောင်းကို သဘောပေါက်လိုက်သည်။ အထူးသဖြင့် သူမ၏ခရမ်းရောင်မြွေမြီးများပင်ဖြစ်သည်။ ၎င်းမှာ ရှစ်ဖုန့်၏ ညာခြေထောက်အား ရစ်ပတ်ထားဆဲဖြစ်၏။ သူမက လျှင်မြန်စွာခွာထုတ်လိုက်သည်။ ခရမ်းရောင်မြွေမြှီးက ရှစ်ဖုန့်၏ ခြေထောက်များပေါ်မှ လျှောတိုက်၍ မြေပြင်ထဲသို့ဆင်းလိုက်သည်။
ရှစ်ဖုန့်ကလည်း လှည့်၍ ထရပ်လိုက်သည်။ သူ၏ မျက်လုံးများက လူသူကင်းမဲ့သော အနက်ရောင်ကုန်းမြေ၏ ဦးတည်ချက်အနှံ့ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ၎င်းမှာ အဆုံးဟူ၍မရှိပဲ အသက်ရှိသော ပုံစံလည်းအနည်းငယ်ပင်ရှိမနေချေ။
ဤအနက်ရောင်ကုန်းမြေပေါ်ရှိ စိုထိုင်းမှုများမှာ နှစ်ပေါင်းများစွာအကြာကတည်းက ဆုံးရှုံးသွားခဲ့ပုံပေါ်သည်။ ၎င်းမှခြောက်သွေ့နေပြီး အက်ကွဲနေကာ များပြားလှသော ပက်ကြားအက်များကိုဖြစ်ပေါ်စေသည်။ မြေဆီလွှာမှလည်း သိပ်သည်းသော အပိုင်းအစများအဖြစ် ကွဲထွက်သွားခဲ့ပုံရ၏။ ကုန်းမြေတစ်ခုလုံးမှာ ရိုက်နှက်ခံရမှုကောင့်အက်ကွဲသွားခဲ့သော ဧရာမ အနက်ရောင်ကြွေထည်ကြီးတစ်ခုကဲ့သို့ဖြစ်နေသည်။
ရှစ်ဖုန့်က မှုန်မှိုင်းပြီး မီးခိုးရောင်ဖြစ်နေသော ကောင်းကင်ကို ထပ်မံ၍ကြည့်လိုက်သည်။ ဤနေရာ၏ယင်ချီမှာ ပေါကြွယ်လှပြီး ၎င်းက သူ့အတွက် ကျင့်ကြံရန်သင့်တော်၏။ သို့သော် သူ့အနေဖြင့် ဤသောက်နေရာကြီးတွင် သူဘဝတစ်ခုလုံးအား မဲဇာတောင်ခြေအပို့ခံရသကဲ့သို့ မနေထိုင်လိုပေ။
ထိုအချိန်တွင် မြွေလူသားမလေးက ခရမ်းရောင်မြွေမြီးကိုမြေပြင်တွင်လျှောတိုက်၍ ရှစ်ဖုန့်ထံသို့လာပြီး မေးလိုက်သည်။
“ဒီနေရာက ဘယ်နေရာလဲဆိုတာကို ရှင်သိလား”
“ငါသာမမှားဘူးဆိုရင် ဒီနေရာက တစ်စုံတစ်ယောက်ဖန်တီးထားခဲ့တဲ့ ကမ္ဘာငယ်လေးတစ်ခုပဲ…”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ဒီကမ္ဘာထဲက အက်ကွဲကြောင်းတစ်ခုက ပေါ်လာပြီးတော့ငါတို့ကို အထဲကိုစုပ်ယူခဲ့တာ”
“ဒါက..ကျွန်မဘာတွေပြောနေလဲဆိုတာကို နားမလည်ဘူး “
မြွေလူသားမလေးက အားမပါပဲပြောလိုက်သည်။
“မင်းနားမလည်ဘူးဆိုရင်လည်း ….ထားလိုက်ပါ..ငါမင်းနားလည်ဖို့ မမျှော်လင့်ထားဘူး ..ဒါပေမဲ့ အရင်ဆုံး မင်းအဝတ်တွေဝတ်သင့်တယ်”
ရှစ်ဖုန့်က သူ၏သိုလှောင် လက်စွပ် အတွင်းမှ ခရမ်းရောင် ဝတ်ရုံကို ထုတ်၍ သူမကိုပေးလိုက်သည်။ သူ့တွင် ယောက်ျားလေးအဝတ်အစားများသာ ရှိသော်လည်း မဝတ်ထားသည်ထက်စာလျှင် ဝတ်ဆင်ထားသည်က ပို၍ကောင်းသည်။ သူ့အနေဖြင့် သူမ၏ ရင်နှစ်မွှာအားလက်ဖြင့်ဆက်မကားထားစေလိုချေ။ သူမက ကာထားသော်လည်း သူမ၏ဖြူဖွေးသော နူးညံ့သည့် အသားစိုင်တစ်ဝက်ခန့်က လျှံထွက်နေဆဲဖြစ်ကာ သူ့အား ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ရန်ဆွဲဆောင်နေသည်။
“ကျေးဇူးတင်ပါတယ်”
မြွေလူသားမလေးက သူမ၏လက်ကိုဆန့်ထုတ်၍ ရှစ်ဖုန့်၏ လက်ထဲမှ ခရမ်းရောင်ဝတ်ရုံကိုယူလိုက်သည်။ သို့သော်သူမလက်ဆန့်ထုတ်လိုက်သောအချိန်တွင် ရင်နှစ်မွှာမှ ပန်းချယ်ရီရောင်ထပ်မံပေါင်းစပ်ထားသည့် ညာဘက်ရင်မွှာမှာ ရှစ်ဖုန့်၏မြင်ကွင်းတည့်တည့်တွင် လှစ်ဟာထွက်ပေါ်လာသည်။ ရှစ်ဖုန့်မှာ ပါးစပ်အတွင်းမှ သွေးတစ်ပွက်အန်ထုပ်မိလုနီးပါးပင်ဖြစ်သွားရသည်။
သို့သော် အပြစ်ကင်းစင်သော မြွေလူသားမလေးမှာ ရှစ်ဖုန့်၏မျက်လုံးများအတွင်းမှ ထူးဆန်းသော အကြည့်တို့အား သတိပြုမိပုံမရပေ။ရှစ်ဖုန့်အားကျောပေး၍ ဝတ်ရုံကို ဆင်မြန်းလိုက်ပြီးနောက် သူမကလှည့်၍ ရှစ်ဖုန့်ကို ပြောလိုက်သည်။
“ရှင်က အပြာရောင်ဝတ်ရုံလူနဲ့ မတူတဲ့ပုံပဲ ..သူ့လောက်လည်း မဆိုးပါဘူး”
ခရမ်းရောင်အမျိုးသာဝတ်စုံကို ဝတ်ဆင်ပြီးသည့် နောက်တွင် ၎င်းက မြွေလူသားမလေး၏ အကန့်သတ်မဲ့ သဘာဝ အလှတရားတို့ကို ဖုံးကွယ်ပေးလိုက်သည့်အပြင် သူမ၏ အမြီးသည်လည်းဖုံးကွယ်သွားသည်။ သူမ၏ကိုယ်ပေါ်၌ လျော့တိလျော့ရဲချောင်နေသော ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူမ၏ ရှည်လျားလှသော အနက်ရောင်ဆံနွယ်တို့က အနည်းငယ်ရှုပ်ပွနေသည်။ သူမ၏ နူးညံ့ပြီး လှပသောမျက်နှာလေးနှင့်အတူ ယှဉ်တွဲ၍ သူမအား ပျိုရွယ်သန့်စင်သော အလှတရားကို ပိုင်ဆိုင်သူတစ်ယောက်အဖြစ်ပုံပေါ်စေ၏။
ရှစ်ဖုန့်တွေ့ခဲ့ရသော ဤမျိုးနွယ်စုရှိ အမျိုးသမီးတိုင်းမှာ ပြဿနာများ ဖြစ်ပေါ်အောင်စွမ်းဆောင်စေနိုင်လောက်သိအထိပြင်းထန်သော နတ်ဆိုးအဆင့် ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားကြသူများဖြစ်ကြသည်။
“ကျွန်မနမည်က ဇီယာလို့ခေါ်တယ် …..ရှင်ကရော “
မြွေလူသား မိန်းကလေးက ပြောလိုက်သည်။
“ရှစ်ဖုန့်”
ရှစ်ဖုန့်ကပြန်ဖြေလိုက်ပြီးနောက် မေးလိုက်သည်။
“မင်းရဲ့ ဆီးလ်ကို ချိုးဖြတ်မိတယ်ဆိုတာက ဘာဖြစ်တဲ့ကိစ္စလဲ”
“ဒါ….ဒါက ကျွန်မတို့မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်ပဲ …..နတ်ဆရာကပြောတယ် ကျွန်မဘယ်သူ့ကိုမှ ပြောပြလို့ မရဘူးတဲ့….ဒီတော့ကျွန်မ ရှင့်ကို မပြောနိုင်ဘူး”
ဇီယာက ပြောလိုက်သည်။
“ကောင်းပြီ”
ရှစ်ဖုန့်က ပြောလိုက်သည်။ သူက သိချင်မိရုံသာဖြစ်၏။ သူမက သူ့အား မပြောပြနိုင်ဘူးဆိုလျှင် ထားထားလိုက်ရုံသာဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။
“ယင်မိစ္ဆာ”
ရှစ်ဖုန့်နိုးလာခဲ့သော အချိန်တွင် ယင်မိစ္ဆာသည်လည်း ဤနေရာသို့ သူနှင့်အတူ စုပ်ယူခံခဲ့ရကြောင်းကို ခံစားမိလိုက်သည်။
ရုတ်တရက် ဖြူဖျော့သောမျက်နှာဖြင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆိုးယုတ်သော အသွင်အပြင် ရှိသည့် ယင်မိစ္ဆာက ရှစ်ဖုန့်၏ ရှေ့မှောက်သို့မြေကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။
ဤမှုန်မှိုင်းနေသော ကမ္ဘာထဲတွင် ဖြူဖျော့နေသောမျက်နှာနှင့် လူတစ်ယောက်က ရုတ်တရက်သူ့ရှေ့၌ ပေါ်လာသောအခါတွင် ဇီယာတစ်ယောက် အရမ်းကြောက်ရွံ့စွာဖြင့် သူမ၏နုနယ်သော ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားရပြီး အလန့်တကြား အော်ဟစ်မိလိုက်သည်။
“အား…သရဲ…သရဲ…”
သူမကချက်ခြင်း ရှစ်ဖုန့်၏ လက်မောင်းတို့ကိုဆုပ်ကိုင်လိုက်ပြီး ရှစ်ဖုန့်၏ နောက်၌ ပုန်းလိုက်သည်။ သူမ၏ မျက်နှာတစ်ခုလုံးအား ရှစ်ဖုန့်၏ နောက်ကျောဘက်တွင် မြုပ်နှံထား၏။
“ဒါက….ဒီမြွေလူသားမလေးကလည်း သရဲကိုကြောက်တာပဲဟ”
မြွေလူသားမလေး၏ ဤကဲ့သို့ဖြစ်ပျက်နေပုံအား မြင်တွေ့လိုက်ရသောအခါတွင် သရဲတွေကိုကြောက်တတ်သည့် အင်ပါယာမြို့တော်မှ ချစ်စရာကောင်းသောကလေးမလေးကို ပြန်သတိရမိသွားသည်။
“ဟုတ်ပါပြီ…သူကတကယ်တော့ ငါ့ရဲ့ ကိုယ်ရံတော်ပါ …သူ့မျက်နှာက နည်းနည်းလေး ဖြူဖက်ဖူရော်ဖြစ်နေတာပဲရှိတာ”
ရှစ်ဖုန့်က ဇီယာကို နှစ်သိမ့်လိုက်သည်။ သူသည် ၎င်းအား ယင်အလောင်းကောင်ဟူ၍ မပြောခဲ့ပေ။ အချို့သောအတိုင်းအတာများအရ ယင်မိစ္ဆာမှာ အလောင်းကောင်များမှ ပြောင်းလဲလာခဲ့ပြီး သရဲများနှင့်ဆင်တူမှုရှိလေသည်။
သို့သော် ဇီယာသာ အကယ်၍ သေမျိုးကမ္ဘာပေါ်လာခဲ့ပြီး ခရမ်းရောင်မြွေမြီးအား မြင်တွေ့ခဲ့ရလျှင် သူမအနေဖြင့် ယခုကဲ့သို့တူညီသောအခြေအနေမျိုးဖြင့် မိန်းကလေးများအားကြောက်လန့်စေလိမ့်မည်ဖြစ်ပြီး ချောက်ချောက်ခြားခြားပင်ဖြစ်အောင် ပြုလုပ်စေမိလိမ့်မည်ဖြစ်သည်ဟု ရှစ်ဖုန့်တွေးမိသည်။
“ရှင့်ရဲ့ ကိုယ်ရံတော်လား”
ဇီယာက ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ကြောင်ပေါက်လေးကဲ့သို့ ရှစ်ဖုန့်၏ နောက်ကျောဘက်မှ သူမ၏ မျက်နှာလေးကို ဖြည်းဖြည်းချင်းရွှေ့လျားလိုက်သည်။ သူမက ယင်မိစ္ဆာကို ကြည့်၍ ပြောလိုက်သည်။
“သူကတကယ်ပဲ သရဲတစ်ကောင်မဟုတ်ဖူးလား”
“မဟုတ်ဖူး ..သရဲတွေကဒီလောက်ကြည့်ကောင်းတဲ့ပုံစံရှိတယ်လို့ မင်းကြားဖူးလို့လား”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ဒါပေမဲ့ သူက အရမ်းကို ဖြူဖျော့လွန်းတယ်”
ဇီယာက ပြောလိုက်သည်။
“သူကနည်းနည်းလေး ဖြူဖျော့တာပါ …လူသား မျိုးနွယ်ထဲမှာ သူ့ထက်ပိုပြီးတော့ ဖြူတဲ့သူတွေမှ တစ်ပုံကြီးပဲ”
ရှစ်ဖုန့်က ပြောလိုက်သည်။
“တကယ်လား…ကျွန်မသိပြီ”
ဇီယာက လေးနက်စွာခေါင်းညိမ့်လိုက်သည်။ ထို့နော်ကသူမက ယင်မိစ္ဆာအား ရှက်ကိုးရှက်ကန်း အမူအယာဖြင့် ပြောလိုက်သည်။
“ကျွန်မတောင်းပန်ပါတယ် ..ရှင့်ကိုသရဲတစ်ယောက်လို့ထင်သွားခဲ့လို့ပါ”
ယင်မိစ္ဆာက ဇီယာသူ့အား သရဲဟုတ်မဟုတ်တွေးနေသည်အား ဂရုမစိုက်ပေ။ သူက ရှစ်ဖုန့်ကို ကြည့်၍ ပြောလိုက်သည်။
“သ…ခင်…”
“မင်းတစ်ခုခု တွေ့ခဲ့လို့လား”
ရှစ်ဖုန့်က မေးလိုက်သည်။ ရှစ်ဖုန့်နိုးလာသောအချိန်တွင် ဤကမ္ဘာအတွင်း၌ ယင်မိစ္ဆာ၏ တည်ရှိနေမှုကို အာရုံခံမိခဲ့သည်။ ထို့ကြောင့်သူက ယင်မိစ္ဆာအား ပတ်ဝန်းကျင်ကို စူးဆန်းရှာဖွေရန် အမိန့်ပေးခဲ့သည်။
“သ…သခင်..”
ယင်မိစ္ဆာက သူ့နောက်ဘက်ကိုညွှန်ပြ၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ဟိုဘက်မှာ….အရိုးစု….တွေ..အများ…ကြီ….ရှိ….တယ်…”
“အရိုးစုတွေလား…သွားပြီးကြည့်ကြစို့”
ရှစ်ဖုန့်က ပြောလိုက်သည်။ ထို့နောက်သူက ဇီယာကို မေးလိုက်သည်။
“မင်း အရိုးစုတွေကို ကြောက်လား”
ဇီယာ ခေါင်းခါပြီး ပြောလိုက်သည်။
“သူတို့က သရဲတွေမဟုတ်သ၍ ကျွန်မဘာကိုမှ မကြောက်ဖူး”
ရှစ်ဖုန့်က ပြုံး၍ ပြောလိုက်သည်။
“တကယ်တော့မင်းကြောက်စရာမလိုပါဘူး …မင်းကကြယ်လေးပွင့် ဘုရင်နယ်ပယ်တစ်ယောက်ပဲဟာ မင်းနားကို သရဲတွေအများကြီးက ကပ်ရဲမှာတောင်မဟုတ်ဖူး …တစ်ခါတစ်လေမှာ လူသားတွေက အဲ့သရဲတွေထက်ကို ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်”
“ဒါပေမဲ့ သရဲတွေရဲ့ ပုံစံက ကြောက်ဖို့ကောင်းတယ်”
ဇီယာက ပြောလိုက်သည်။
“မင်းရင်က သရဲကိုမြင်ဖူးလို့လား”
ရှစ်ဖုန့်က မေးလိုက်သည်။
ဇီယာက ခေါင်းခါပြသည်။
“မင်းအရင်က တစ်ခါမှ မမြင်ဖူးပဲနဲ့များ သူတို့က ကြောက်ဖို့ကောင်းတယ်ဆိုတာကို မင်းဘယ်လိုသိတာလဲ”
ရှစ်ဖုန့်က ထပ်မံမေးလိုက်သည်။
“အားလုံးက ကြောက်ဖို့ကောင်းတယ်လို့ ပြောကြတာပြလေ”
ရှစ်ဖုန့်က ပြုံးလိုက်သည်။ သူ့နေဖြင့် ထိုခေါင်းစဉ်အောက်တွင် သူမနှင့် အငြင်းအခုန်မပြုလုပ်ချင်ပါ။ ထို့နောက်သူက ယင်မိစ္ဆာကိုပြောလိုက်သည်။
“မင်းက တစ်ခြားနေရာတွေကိုသွားပြီးတော့ကြည့်လိုက်…ငါကဟိုဘက်ကိုသွားလိုက်မယ်”
“ဟုတ်…ကဲ့..သခင်”
ယင်မိစ္ဆာက စကားပြောပြီးသောအခါတွင် သူ၏ကိုယ်မှာခြောက်သွေ့သော အနက်ရောင်မြေကြီးအတွင်းသို့ နစ်ဝင်သွားသည်။
ရှစ်ဖုန့်က ဇီယာကို လှည့်၍ပြောလိုက်သည်။
“ဟိုဘက်ကိုသွားပြီးတော့ တစ်ချက်ကြည့်ရအောင်”
“အင်း”
ဇီယာက နာခံမှုရှိစွာဖြင့် ရှစ်ဖုန့်ကို ခေါင်းညိမ့်ပြလိုက်သည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE