← Chapters

အပိုင်း (၁၅၄)

Vol. 11 Ch. 154

အပိုင်း (၁၅၄)

Vol. 11 Ch. 154

ရှစ်ဖုန့်နှင့် ဇီယာတို့တစ်နာရီခန့် လမ်းလျှောက်ပြီးသည့် အချိန်တွင် လူသားအရိုးစုတစ်ခုကို ရှာတွေ့ ခဲ့သည်။ ထို့နောက်တွင် အနီးအနား၌ အနက်ရောင်သတ္ထုချပ်ဝတ်တစ်စုံ ကိုတွေ့ရပြီး ကြုံသလို လွှတ်ပစ်ခံထားရသကဲ့သို့ဖစ်နေသော အရိုးအပိုင်းအစများကိုလည်း သူတို့တွေ့လိုက်ရသည်။

“ဘာတွေဖြစ်သွားတာလဲ”

ဇီယာက မေးလိုက်သည်။

“ဒီလူရဲ့ ချပ်ဝတ်က  အချွတ်ခံလိုက်ရပြီးတော့ သူ့ရဲ့အလောင်းက အပိုင်းပိုင်းအလုပ်ခံလိုက်ရတယ်ဆိုတာ အသိအသာကြီးလေ”

ရှစ်ဖုန့်က ပြောလိုက်သည်။

သူသည် အနက်ရောင်ချပ်ဝတ်နှင့် တော်တော်လေးကို ရင်းနီးမှုရှိသူဖြစ်သည်။ ၎င်းမှာ အနောက်မြေရိုင်းမြို့၏ စစ်သားများ ဝတ်ဆင်ကြသော ချပ်ဝတ်တန်ဆာပင်ဖြစ်၏။

ဤပုဂ္ဂိုလ်မှာ ထိုညက အနက်ရောင်ချပ်ဝတ်မြင်းသည်တော် နှစ်ယောက်ပြောခဲ့သော ရုတ်တရက်ပျောက်ကွယ်သွားသည့် သူများထဲမှ တစ်ယောက်ဖြစ််နိုင်မည်လော။

“ဒီတော့ ဒီမှာတကယ်တမ်းဘာတွေဖြစ်ပွားခဲ့တာလဲ…သူဘာကို မမျှော်လင့်ပဲနဲ့ ကြုံတွေ့ခဲ့တာလဲ”

“ဟိုမှာအများကြီး ရှိသေးတယ်”

ရုတ်တရက် ဇီယာက သိပ်မဝေးလှသော နေရာကို ညွှန်ပြ၍ ရှစ်ဖုန့်ကိုအော်ပြောလိုက်သည်။

ရှစ်ဖုန့်က ထိုနေရာသို့သွားလိုက်သည်။ ထိုနေရာတွင်လည်း အရိုးစုအပိုင်းအစများ အပုံလိုက်ဖြစ်နေသည်။

ထို့နောက်တွင် ရှစ်ဖုန့်နှင့် ဇီယာတို့က ရှေိ့သို့ဆက်သွားလိုက်ကြသည်။ ရုတ်တရက်ကြီး အဖြူရောင်မြေကွက်ကြီးတစ်ခုက သူတို့ရှေ့ အကွာအဝေးတစ်ခုတွင် ပေါ်လာ၏။

“ဟို…ဟိုမှာ ဧရာမ အရိုးစုပုံကြီး”

အကွာအဝေးတစ်ခုတွင် ရှိနေသော အနက်ရောင်မြေပြင်ပေါ်ရှိ ဧရာမအရိုးစုပုံကြီးက လူတစ်ယောက်ကိုပင် သွေးများအေးစိမ့်ခဲသွားစေနိုင်လောက်သည်။  အရိုးများတစ်ခုတစ်လေမျှ အပြည့်အစုံ အကောင်းအတိုင်းရှိမနေချေ။အားလုံးမှာအပိုင်းပိုင်းဆုတ်ဖြဲခံထားရခြင်းဖြစ်သည်။

“အဲ့အရိုးစုတွေက ဖွတ်လူသားမျိုးနွယ်တွေနဲ့ ဆက်နွယ်နေတဲ့ပုံပဲ”

ရှစ်ဖုန့်က ဇီယာ၏ လက်ညှိုးညွှန်ရာသို့လိုက်ပါကြည့်လိုက်သော အခါတွင် များပြားလွန်းလှသော အရိုးစုပုံကြီးကြားထဲတွင် ဖွတ်လူသားကဲ့သို့သော အရိုးစု ဒါဇင်ပေါင်းများစွာကို တွေ့လိုက်ရသည်။

“အား..အဲ့မြွေအရေခွံတွေက ကျွန်မတို့ မြွေလူသားမျိုးနွယ်စုက ဟာတွေပဲ…ဒါကဘယ်လိုဖြစ်နိုင်ရတာလဲ…ဒီလိုဆိုရင်….ဒီနေရာက အရိုးစုတွေကြားထဲမှာ ကျွန်မတို့ရဲ့ မြွေလူသားမျိုးနွယ်တွေလည်း ရှိနေတာပေါ့”

ဇီယာက တုန်ယင်နေသော အသံဖြင့် အလန့်တကြားအော်ပြောလိုက်သည်။ အရိုးစုပုံကြီးနှင့် မဝေးလှသော နေရာတွင် အရောင်အသွေးစုံလင်လှသော မြွေအရေခွံဒါဇင်ပေါင်းများစွာ ရှိနေသည်။

“သူတို့အတွက် ဒီလိုမျိုး သေဆုံးသွားခဲ့ရတာက ဘယ်လောက်တောင်နာကျင်ခဲ့စား ခဲ့ရလိမ့်မလဲ…ဘယ်သူကများ  အရမ်းကို ရက်ရက်စက်စက်နဲ့ အကြင်နာမဲ့နိုင်ခဲ့တာလဲ”

“မကောင်းတော့ဘူး …ပြေးတာ့”

ရုတ်တက်ရက်ရှစ်ဖုန့်မှာ စွမ်းအားကြီး‌အေးစက်သ‌သော ရောင်ဝါတစ်ခု ရှေ့မျက်နှာစာမှ တစ်ဟုန်ထိုး ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည်။ သူကကြက်သေသေနေသော  ဇီယာကို အဆောတလျှင် ပွေ့ဖက်လိုက်ပြီး သူ၏ ရွေ့လျားမှု ပညာရပ်ကို အသုံးပြု၍ အလျှင်အမြန် ထွက်ပြေးလိုက်သည်။ သူ၏တစ်ကိုယ်လုံး သိပ်သည်းသော  အဖြူရောင်အလင်းအဖြစ်ပြောင်းသွားကာ သူတို့လာခဲ့သော မူလနေရာသို့ ပစ်လွှတ်သလို ပြေးထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရောင်ဝါကို ရုတ်သိမ်းလိုက်ပြီး ဇီယာ၏ ရောင်ဝါအားရုတ်သိမ်းပေးနိုင်သော ဆီးလ်တစ်ခုကိုလည်း ဖော်လိုက်သည်။

စွမ်းအားကြီး အေးစက်သောရောင်ဝါက  သူနှင့်တော်တော်လေး ဝေးကွာသွားသော အချိန်မှသာလျှင် ရှစ်ဖုန့်ရပ်တန့်လိုက်သည်။ သူက ဇီယာကို မြေပြင်ပေါ်သို့ ပြန်လည်ချပေးလိုက်၏။ အေးစက်လှသော ရောင်ဝါမှာ အနည်းဆုံး ဘိုးဘေးနယ်ပယ် အဆင့်ရှိသည်ကို ရှစ်ဖုန့် အာရုံခံနိုင်သည်။ ထိုသို့ဆိုလျှင် အရိုးများမှာလည်း ဘိုးဘေးနယ်ပယ် တည်ရှိမှုနှင့် ဆက်နွယ်နေခြင်းပဲ ဖြစ်ရမည်ဖြစ်သည်။

“ဘာဖြစ်လို့လဲ”

ဇီယာက မြေပြင်ပေါ်တွင်ရပ်၍ ရှစ်ဖုန့်ကို စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။

“ငါတို့ အဲ့ကိုသွားလို့မရဘူး”

ရှစ်ဖုန့်က ပြောလိုက်သည်။

“အဲ့မှာရှိနေတဲ့ တည်ရှိမှုက ငါတို့ရင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဖူး ….မင်းလူတွေနဲ့ အဲ့ကလူတွေ သေဆုံးခဲ့ရတာဟာ အဲ့နေရာနဲ့တစ်ခုခုဆက်စပ်နေမယ်ဆိုတာ ငါသေချာတယ်”

“ဟင့်အင်း ကျွန်မသူ့ကို သွားသတ်မယ်……သူကကျွန်မတို့ မြွေလူသားမျိုးနွယ်တွေကို သတ်ခဲ့ပြီး အရိုးတွေကို အပိုင်းပိုင်းလုပ်ခဲ့တဲ့အပြင်  အရေခွံတွေကိုလဲ နွှာခဲ့တယ် ….အဲ့တာက ဘယ်လောက်တောင် နာကျင်ရလဲဆိုတာကိုရှင်သိလား”

ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် အပြစ်ကင်းစင်ပြီး ဘာမှနားမလည်သော မိန်းမငယ်လေး၏ မျက်နှာ၌ စိတ်လှုပ်ရှားခံပြင်းမှုတို့ဖြင့်ပြည့်နှက်နေသည်။

“မင်းအခုနေအဲ့ကိုသွားရင်  မင်းအသက်ကိုမင်းသွားလွှတ်ပစ်လိုက်သလိုပဲ ရှိမှာ”

ရှစ်ဖုန့်က ပြောလိုက်သည်။

“မင်းရဲ့ဆီးလ်ကို ဖြည်လိုက်ပြီးတော့ ခရမ်းရောင်မြွေကြီး အဖြစ်ပြောင်းသွားရင်တောင် မင်းသေအုံးမှာပဲ”

“ဒါပေမဲ့ သူက ကျွန်မရဲ့ လူတွေကိုသတ်ခဲ့တယ်…သတ်တာမှ အကြင်နာမဲ့ ရက်ရက်စက်စက်ကို သတ်ခဲ့တာ”

အရိုးများနှင့် မြွေအရေခွံများ အကြောင်းကို တွေးမိသောအခါတွင် ဇီယာ၏ မျက်နှာထက်၌ ပူဆွေး ဝမ်းနည်းမှုတို့ဖြင့်ပြည့်နှက်နေသည်။

မြွေလူသား  မျိုးနွယ်ဝင်များ၏ သူတို့မျိုးနွယ်စုအပေါ်တွင် ထားရှိသောခံစားချက်က လူသားမျိုးနွယ်များ၏ ကိုယ့်မျိုးနွယ်အပေါ်ထားရှိသောခံစားချက်ထက် ပိုမို၍ နက်ရှိုင်းသည်ဟု ရှစ်ဖုန့်ခံစားရသည်။ အနည်းဆုံး လူသားမျိုးနွယ် အရိုးစုများအား သူမြင်လိုက်ရသည့်အချိန်တွင်ပင် သူ့အနေဖြင့် ဘာမှ ပြောင်းလဲခံစားမှုတို့မဖြစ်ခဲ့ပေ။ လူသားမျိုးနွယ်များမှား အခြားတစ်ဖက်တွင်  အချင်းချင်း သတ်ဖြတ်နေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။ သူတို့၏ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ ရရှိနိုင်ရန်အတွက်ဆိုလျှင် ဘာမဆိုပြုလုပ်ကြမည့်သူများပင်ဖြစ်၏။ အများစုမှာ တစ်ခြားသူများအရိုးစုများအပေါ်တွင် နင်းဖြတ်လျှောက်လှမ်း၍ အမြင့်သို့ တက်လှမ်းလာကြသော သူများဖြစ်ကြသည်။

“မင်းသူ့ကို လက်စားချေချင်တယ်ဆိုရင် မင်းကသူ့ထက်ပိုပြီးတော့ စွမ်းအားကြီးနေမှရမယ်…မျက်ကန်းတစ္ဆေလုပ်ပြီးတော့ မင်းအသက်ကို အလကားဖြုန်းတီးလို့မရဘူး  ..အခုမင်းက ဒီနေရာကို ရောက်ခဲ့ဖူးတဲ့ တစ်ဦးတည်းသော မြွေလူသားမျိုးနွယ်ဝင်ပဲ…မင်းရဲ့ပခုံးပေါ်မှာ လက်စားချေဖို့အတွင် တာဝန်ကြီးတစ်ခုရှိတယ်..မင်းကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်ပြီးတော့ …ကြိုးကြိုးစားစားနဲ့ ကျင့်ကြံသင့်တယ် ..တစ်နေ့ မင်းလုံလောက်အောင်စွမ်းအားကြီးလာတဲ့ အချိန်ကြရင် မင်းသူ့ကိုလက်စားချေနိုင်လိမ့်မယ်..မင်းအခုနေသာသွားရင် တော့ မင်းသေမှာပဲ..မင်းသေသွားပီဆိုရင်  မင်းရဲ့သေသွားတဲ့သူတွေရဲ့ အမုန်းတရားတွေိကို ဘာလုပ်လို့ရတော့မှာလဲ”

ရှစ်ဖုန့်က ဇီယာကို ပြောလိုက်သည်။

“ကျွန်…ကျွန်မနားလည်ပါပြီ…ကျွန်မ အရမ်းကိုစွမ်းအားကြီးလာရမယ်..ပြီးရင် သေသွားကြတဲ့ ကျွန်မလူတွေ အတွက်လက်စားချေမယ်”

ဇီယာမှာ ရှစ်ဖုန့်၏ စကားတို့အား ကြားပြီးသည့်နောက်တွင် လေးနက်စွာပြောလိုက်သည်။

“ကံကောင်းလို့ သူအရမ်းခေါင်းမမာတာ …ငါသူ့ကို အများကြီး အားထုတ်ပြီးတော့ မဖျောင်းဖျလိုက်ရဘူး..ဟူး…”

ရှစ်ဖုန့်က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

“ငါ့ကိုယ်ရံတော် ပြန်လာတာကိုစောင့်ရအောင်….သူဟိုဘက်မှ တစ်ခုခုတွေ့လာမလား ကြည့်ကြတာပေါ့”

ရှစ်ဖုန့်မှာ အခြားတစ်ဖက်မှလာသော အေးစက်ပြီး စွမ်းအားကြီးသည့် ရောင်ဝါအကြောင်းကို တွေးမိလိုက်ချိန်တွင် ယင်မိစ္ဆာကို စိတ်ပူသွားမိသည်။ ထို့ကြောင့် ယင်မိစ္ဆာအား ပြန်လာရန်အတွက်ကို အစောပိုင်းတဲ့က သတင်းစကားပို့ခဲ့ပြီးဖြစ်သည်။

ယင်မိစ္ဆာပြန်လည် ချဉ်းကပ်လားမှုကို အာရုံခံမိမှသာ ရှစ်ဖုန့်သက်သာရာရစွာဖြင့် သက်ပြင်းချမိသည်။ မကြာခင်ယင်မိစ္ဆာမှာ ရှစ်ဖုန့်၏ ရှေ့၌ ထပ်မံ၍ ပေါ်လာ၏။ သို့သော် ယခင်တစ်ခေါက်က အတွေ့အကြုံကြောင့် ဇီယာမှာ အများကြီးတည်ညိမ့်သွားခဲ့ပြီဖြစ်သည်။

“သ…သ..ခင်”

ယင်မိစ္ဆာက ပြောလိုက်သည်။

“မင်းဟိုဘက်မှာ တစ်ခုခုကိုမြင်ခဲ့သေးလို့လား”

ရှစ်ဖုန့်က မေးလိုက်သည်။

“အဲ့…..တာက…မြို့သေး…လေး..တစ်ခု..နဲ့..တူတယ်”

ယင်မိစ္ဆာက ပြန်ဖြေလိုက်သည်။

“မြို့သေးလေးတစ်ခုလား”

ယင်မိစ္ဆာ၏ စကားတို့အားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်ပြန်လည်၍ သတိရမိသွားသည်။  ထိုညက စစ်သားနှစ်ယောက်ကထိုနယ်မြေဝန်းကျင်တွင်  မြို့သေးလေးတစ်ခု ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ပြောခဲ့ဖူးသည်။ ထို့နောက်ပိုင်းတွင် ထိုနေရာအား မိစ္ဆာပျောက်ကွယ် ကုန်းမြေဟုခေါ်ခဲ့သည်ဟုဆို၏။

“အဲ့မှာ အသက်ရှင်နေတဲ့သူတွေ ရှိလား”

ရှစ်ဖုန့်က မေးလိုက်သည်။

“တစ်..တစ်ယောက်မှ…မ ..ရှိဘူး”

ယင်မိစ္ဆာကပြောလိုက်သည်။

“အဲ့မှာ..သရဲ..တွေ..ပဲ…ရှိတယ်”

“သရဲတွေလား”

ရှစ်ဖုန့်အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ထို့နောက်သူ ပြန်ဖြေလျော့လိုက်သည်။ ပုံမှန်အားဖြင့် လူတစ်ယောက်၏ ဝိညာဉ်မှာ သေဆုံးပြီးနောက်တွင် လျှင်မြန်စွာဖြင့် ပျောက်ကွယ်သွားသည်ဖြစ်သည်။ သို့သော် ဤနေရာ၏ ယင်ချီမှာ သာမန်လူတစ်ယောက်၏ ဝိညာဉ်ကိုပင် သေဆုံးပြီးသည့်နောက်၌ ရှင်သန်စေနိုင်စွမ်းရှိသည်အထိ အရမ်းကိုသိပ်သည်းလှသည်ဖြစ်သည်။

ရှစ်ဖုန့်က ဇီယာကိုကြည့်၍ ရှေ့သို့ လက်ညိုးညွန်ပြလိုက်သည်။

“ဟိုဘက်မှာ သရဲတွေရှိတယ်တဲ့ မင်းအဲ့ကိုသွားပြီးတော့ ကြည့်ချင်လား”

“ကျွန်မ အဲ့တာကို မယုံဘူး”

ဇီယာက‌ပြောလိုက်သည်။

“ရှင် က အမကြီးနဲ့ ဒုတိယအမတို့လိုပဲ ကျွန်မိကို ကြောက်လန့်စေချင်တာမလး”

ထို့နောက် သူမက ယင်မိစ္ဆာကို ညွှန်ပြ၍ ပြောလိုက်သည်။

“အဲ့မှာသာ တကယ်သရဲတွေ ရှိနေတာဆိုရင် ..သူကရောဘာလို့ မကြောက်ရတာလဲ”

“သူက သေပြီးသားလူကနေဖြစ်လာတဲ့ ယင်အလောင်းကောင်ဟ သူကဘာလို့ကြောက်ရမှာတုံး”

“ဒီကောင်မလေး…ငါသူ့ကိုအဲ့မှာ သရဲတွေရှိပါတယ်ပြောတာကို သူကငါ့မယုံဘူး..”

ရှစ်ဖုန့်ကသူ့ဟာသူတွေးလိုက်သည်။ ထို့နောက်သူက ဇီယာကို ပြောလိုက်၏။

“မင်း မကြောက်ဖူးဆိုရင်လဲ သွားကြည့်ကြတာပေါ့ ..ဒါပေမဲ့ ဘာမှတော့ ကြောက်စရာမရှိပါဘူး”

သရဲတစ္ဆေများအကြောင်းပြောရမည်ဆိုလျှင် ငရဲဘုံကိုးခု ဧကရာဇ်မှာ သရဲတစ္ဆေအားလုံး၏ ခေါင်းဆောင်ပင်ဖြစ်သည်။

“ကောင်းပြီလေ ….အဲ့မှာတကယ်သရဲတွေရှိနေခဲ့တယ်ဆိုရင် ရှင်ကျွန်မကို ကာကွယ်ပေးမှာပဲ ဟုတ်တယ်မလး”

ဇီယာက မလုံမလဲဖြင့်ပြောလိုက်သည်။

“ဒါပေါ့”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒါပေမဲ့ …..နောက်ကျရင် မင်းငါ့ကို မြွေတစ်ကောင်အသွင်ပြောင်းပြီးတော့ တိုက်ခိုက်လို့ မရဘူးနော်”

“ဒါက….ဆီးလ်ကျိုးပြတ်သွားပြီးတဲ့နောက်မှာ ..ကျွန်မကိုယ်ကျွန်မ ထပ်ပြီးတော့ မထိန်းချုပ်နိုင်တော့ဘူး….အရင်တုံးကဆိုရင်  ကျွန်မမျိုးနွယ်ဝင်တွေကိုတောင်မှ သတ်မိလုနီးပါးပဲ..ကံကောင်းတာက နတ်ဆရာအလျှင်အမြန်ရောက်လာပြီးတော့ ကျွန်မကိုဖိနှိပ်ထိန်းချုပ်လိုက်လို့…သို့ပေမဲ့လည်းနတ်ဆရာက ကျွန်မကိုပြောခဲ့တယ် ကျွန်မအနေနဲ့ ဆီးလ်ကို အလွယ်တကူ ချိုးဖြတ်လို့ မရဘူးတဲ့ ….အဲ့နေတုံးက အမကြီးနဲ့ တစ်ခြားသူတွေ အနိုင်ကျင့်ခံရတာကို မမြင်ခဲ့ရဘူးဆိုရင် ကျွန်မလည်း နတ်ဆရာရဲ့စကားကို မလိုက်နာဘဲနေခဲ့မှာ မဟုတ်ဖူး”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters