← Chapters

အပိုင်း (၁၅၅)

Vol. 11 Ch. 155

အပိုင်း (၁၅၅)

Vol. 11 Ch. 155

ယင်မိစ္ဆာ၏ ရှေ့ဆုံးမှနေ၍ ဦးဆောင်မှုနှင့်အတူ ရှစ်ဖုန့်နှင့်ဇီယာတို့မှာ ၎င်း၏နောက်မှနေ၍ လိုက်လာခဲ့သည်။ ဖြည်းဖြည်းချင်း အဝါရောင် မြေဆီလွှာတို့ဖြင့်ဆောက်လုပ်ထားသော အဆောက်အဦးတစ်ခုက သူတို့၏ မျက်လုံးရှေ့တွင်ပေါ်လာသည်။

ကောက်ကြောင်းအကြမ်းဖျင်းဖော်ပြချက်အရ အလယ်ဗဟိုတွင် ဘဲဥပုံသဏ္ဍန် ဝင်ပေါက်တစ်ခုရှိသော အဝါရောင်နံရတံတိုင်းတစ်ခုဖြစ်လေသည်။ အနောက်မြောက်ဖက်သို့လာခဲ့ပြီးသည့်နောက်တွင် ရှစ်ဖုန့်မှာ ထိုကဲ့သို့တူညိသော အဆောက်အဦးများစွာကို တွေ့ခဲ့ဖူးသည်ဖြစ်သည်။ အများအားဖြင့် ၎င်းတို့မှာ ခေတ်နောက်ကျန်နေသော ရွာအချို့သို့မဟုတ် မြို့သေးလေးများပင်ဖြစ်လေသည်။ သို့သော်  အဝါရောင်နံရံတံတိုင်းကြီး၏ အတိုင်းအတာကို အကဲဖြတ်ရသလောက် ၎င်းမှာ မြို့သေးလေးတစ်ခုဖြစ်သင့်၏။

“အထဲမှာ အိမ်တွေရှိနေတယ် …အဲ့မှာလူတွေများနေထိုင်ကသလားဆိုတာကို ကျွန်မသိချင်မိတယ်”

ဇီယာက ရှေ့ကိုမျှော်ကြည့်၍ ပြောလိုက်သည်။ အဝါရောင်တံတိုင်းနှင့် ဘဲဥပုံ ဝင်ပေါက်တို့ကိုဖြတ်ကျော်ကာ အဝါရောင်တံတိုင်းအနီးနားရှိ ရွှံ့စေးဝါများဖြင့်ပြုလုပ်ထားသော အိမ်များကို သူတို့လှမ်း၍မြင်နိုင်သည်ဖြစ်သည်။

ထိုအထဲတွင် သရဲများလည်းရှိသည်။

သို့သော် ဇီယာ၏ ဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင်  သရဲများရှိနေခဲ့လျှင်တောင် သူမအနေဖြင့် ၎င်းတို့အာ မမြင်တွေ့နိုင်သင့်ပေ။

သူတို့သုံးယောက်က ဖြည်းဖြည်းချင်းချဉ်းကပ်လာလိုက်သည်။ မှုန်မှိုင်းနေသောလေထုမှာလည်း ပို၍ပင် အေးစက်လာခဲ့ပြီဖြစ်၏။ အေးစက်လှသော လေပြင်းက သူတို့ရှေ့ရှိ  အဝါရောင်တံတိုင်းထံမှ တိုက်ခတ်လာသည်။

“ဘာလို့ကျွန်မ ရုတ်တရက် အေးလာတယ်လို့ ခံစားရတာလဲ”

ဇီယာကပြောလိုက်သည်။ ထို့နောက်သူမက ရှစ်ဖုန့်ကို မေးလိုက်၏။

“ရှင်ရော အေးတယ်လို့ ခံစားရလား”

“ဟင့်အင်း…အဲ့တာက မင်းစိတ်ထင်နေတာသက်သက်ပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အိုး…အဲ့သလိုလား”

ဇီယာက သူမ၏ မသိနားမလည်သောမျက်လုံးရွဲကြီးတို့အား ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပြောလိုက်သည်။

ထို့နောက်တွင် အေးစိမ့်သော လေးများသာ တိုက်ခတ်လာသည်မကဘဲ ငိုယိုနေသောအသံခပ်သဲ့သဲ့ကိုပင် ကြားလာရသည်။

“နားထောင်……တစ်ယောက်ယောက်ငိုနေတယ်”

ဇီယာက ရုတ်တရက်ပြောလိုက်သည်။

ဤမိန်းကလေး၏ ဝိညာဉ်က အရမ်းကို တုန့်ပြန်နိုင်မှုရှိလိမ့်မည်ဟု ရှစ်ဖုန့် မမျှော်လင့်ထားခဲ့မိချေ။

ရုတ်တရက် ငိုသံမှာမပြေမပြစ်ဖြင့်ရပ်တန့်သွားခဲ့သည်။

ရှစ်ဖုန့်ကပြောလိုက်သည်။

“မင်းကြောက်လန့်နေတာကြောင့် စိတ်အာရုံချောက်ခြားတာဖြစ်တာပါ”

“အဲ့သလိုလား”

ဇီယာက မျက်မှောင်ကြုံ့၍တွေးလိုက်သည်။

“မင်းကြောက်တယ်ဆိုရင်လည်း..ဒီမှာပဲ နေခဲ့လေ”

ရှစ်ဖုန့်ကထပ်၍ပြောလိုက်သည်။

“ဒီမှာနေခဲ့ရမှာလား”

ရှစ်ဖုန့်၏စကားတို့အား ကြားလိုက်ရသောအခါတွင် ဇီယာက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ၎င်းမှာမှုန်မှိုင်းအုံ့ဆိုင်းပြီး တိတ်ဆိတ်နေ၏။ သူမက အလျှင်အမြန်ပြောလိုက်သည်။

“ ကျွန်မ ရှင်..ရှင်နဲ့အတူလိုက်တာက ပိုကောင်းလိမ့်မယ်..ကျွန်မတစ်ယောက်တည်းဆို ကြောက်နေမိမှာ”

“ကောင်းပြီလေ”

ရှစ်ဖုန့်က ပြောလိုက်သည်။ ထို့နောက်သူတို့က ဆက်လက်၍  မြေဝါအဆောက်အဦးထံသို့ လျှောက်သွားလိုက်ကြသည်။

သူတို့လျှောက်လှမ်းနေရင်း ဇီယာမှာ သူမ၏ နောက်ကျောဘက်မှ တစ်ခုခု ရုတ်တရပေါ်လာမည်ဆိုးသောကြောင့် နောက်ပြန်ခဏခဏကြည့်နေသည်။ ရှစ်ဖုန့်မှာ တိတ်တဆိတ် သူ၏ ခေါင်းကိုခါယမ်းမိသည်။

“ဒီကောင်မလေး သူရှေ့ကိုပဲအာရုံစိုက်ထားသင့်တာ…တစ်ခုခုက ရှေ့ကနေပဲ ရုတ်တရက်ပေါ်လာနိုင်တဲ့ဟာ”

“ ကျွန်မတို့နောက်ကို တစ်ခုခုက လိုက်လာနေတယ်လို့ ခံစားရတယ်”

ဇီယာက ပြောလိုက်သည်။ ထို့နောက်သူမက အသံနိမ့်ဖြင့်ပြောလိုက်၏။

“အဲ့တာက….သရဲတစ်ကောင်လို့ ရှင်ထင်လား”

“ဖြစ်နိုင်လောက်တယ်”

ရှစ်ဖုန့်က ပြုံးလိုက်သည်။

“ဒါဆိုရင် ရှင်ကဘာလို့ပြုံးနေရတာလဲ…ရှင်မကြောက်ဖူးလား”

ဇီယာက ပြောလိုက်သည်။

“ဒါပေါ့”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ကြောက်တာနဲ့ ပြုံးတာနဲ့ကြားမှာ ဘာကွာခြားမှုမှ မရှိတဲ့ဟာ”

“အဲ့သလိုလား”

ဇီယာက ရှစ်ဖုန့်ပြောသည်အား စဉ်းစားနေသကဲ့သို့မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

အဝါရောင်အဆောက်အဦးနားသို့ သူတို့သုံးယောက်သား အတူတကွ တိတ်တဆိတ် ချည်းကပ်လာခဲ့ကြသည်။ ထိုအချိန်တွင် ငိုယိုသံများကတစ်ခုပြီးတစ်ခု ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

“သေချာတယ်…ဒီတစ်ခါတော့ ကျွန်မနားကြားမမှားဘူ….ဒါက သေချာပေါက်ကို စိတ်အာရုံခြောက်ခြားပြီးကြားတာမဟုတ်ဖူး..

တစ်ယောက်ယောက်ငိုနေတာပဲ ဖြစ်ရမယ်”

ဇီယာကလေးနက်စွာပြောလိုက်သည်။ ထို့နောက်သူမက သူမစိတ်အာရုံခြောက်ခြားစွားကြားခြင်းမဟုတ်ကြောင်းကို ရှစ်ဖုန့်အားသက်သေပြရန်  ဘဲဥပုံဝင်ပေါက်ဆီသို့ အလျှင်အမြန်သွားလိုက်သည်။

ထို့နောက်တွင် ဇီယာမှာ ကြက်သေသေနေပြီး သူမ၏ တစ်ကိုယ်လုံးတုန်ယင်နေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

“ဘာဖြစ်သွားတာလဲ…သူမတကယ်ပဲ သရဲတွေကိုမြင်နိုင်တာများ ဖြစ်နိုင်မလား………..ဒါပေမဲ့ သူမရဲ့ ဝိညာဉ်စွမ်းအားနဲ့ဆိုရင် သရဲတွေကို မမြင်တွေ့သင့်ဘူး”

ရှစ်ဖုန့်က ဇီယာ၏  နောက်ကျောကိုကြည့်၍ ပြောလိုက်သည်။ ထို့နောက်သူက အပြေးသွားကာ ဇီယာ၏ဘေးတွင်ရပ်လိုက်၏။

သူ၏ရှေ့တွင် လမ်းတစ်ခုရှိနေပြီး လမ်း၏ တစ်ဖက်တစ်ချက်စီတွင် မြေဝါတို့ဖြင့်ပြုလုပ်ထားသော အိမ်များရှိကြသည်။ လမ်းမပေါ်တွင် အလင်းရောင်ထိုးဖောက်နိုင်သော  ပုံရိပ်များကလွင့်မျောနေသည်။ ၎င်းတို့၏ မျက်နှာများမှာ  ဖြူဖျော့နေပြီး အများစုမှာ အသက်မပါကြချေ။ သို့သော် မြေပြင်ပေါ်တွင်ထိုင်ကာ ပရိဒေဝမီးတို့ဖြင့် ငိုကြွေးနေကြသောသရဲအချို့လည်းရှိနေသည်။

“သူ…သူတို့က တကယ့်ကိုသရဲတွေပဲ…သရဲတွေကိုမှ အများကြီးပဲ”

ဇီယာကရုတ်တရက် အလန့်တကြားအော်လိုက်ပြီး  ရှစ်ဖုန့်အားပွေ့ဖက်ထားလိုက်သည်။ သူ့အားတင်းကျပ်စွာဖတ်ထားသော နူးညံ့သည့်ကိုယ်လေးက အပြင်းအထန်တုန်ယင်နေသည်ကိုပင် ရှစ်ဖုန့်ခံစားမိနိုင်သည်။

ဇီယာ၏လန့်အော်သံက လမ်းမထက်ရှိ သရဲအားလုံး၏ အာရုံကိုဆွဲဆောင်လိုက်သည်။ ၎င်းတို့အားလုံး၏ ဖြူဖျော့သောမျက်နှာဖြင့် လှမ်းကြည့်လိုက်ကြ၏၊။

“အေးဆေးပါ..သူတို့က အဆင့်နိမ့်သရဲလေးတွေ…ဘာမှကြောက်နေ

စရာ မလိုပါဘူး”

ရှစ်ဖုန့်က ဇီယာ၏ ကျောပြင်လေးကိုခပ်ဖွဖွပုတ်၍ ညင်သာစွာနှစ်သိမ့်လိုက်သည်။

“ဝါး..ဝါး..ဝါး…သရဲတွေ..သရဲတွေ..သရဲတွေမှ အများကြီးပဲ ..သူတို့ကအများကြီးပဲ”

ဇီယာက ရှစ်ဖုန့်၏ လက်မောင်းထဲတွင် ငိုကြွေးနေသည်။

“ဒီသရဲတွေက သာမန်လူတွေလိုပါပဲ..အကယ်၍ သူတို့သာအသက်ရှင်နေတုံးက မကောင်းတဲ့သူတွေဆိုရင် သူတို့သေပြီးတဲ့နောက်မှာ သူတို့လည်း ဆိုးဝါးတဲ့သရဲတွေ ဖြစ်လာလိမ့်မယ်…မင်းမြင်ရတဲ့သရဲတွေက တကယ်တော့သူတို့သေတုံးက သာမန်လူတွေဖြစ်ခဲ့တာ”

ရှစ်ဖုန့်ကသူမကို ဆက်လက်၍ နှစ်သိမ့်လိုက်သည်။

“အဲ့သလိုလား”

ဇီယာက ခေါင်းလေးကို မော့ကာ ရှစ်ဖုန့်ကို ကြည့်လိုက်သည်။  ထို့နောက်ရှစ်ဖုန့်က ရှေ့ကိုကြည့်၍ ပြောလိုက်သည်။

“သူတို့ကိုကြည့်လိုက် ….သူတို့က မင်းထင်သလိုမျိုး ကြောက်ဖို့မကောင်းပါဘူး …သူတို့မျက်နှာတွေက နည်းနည်းပိုပြီးတော့ ဖြူဖျော့တယ်ဆိုရုံပါ သူတို့က နောက်ထပ်ပုံစံ တစ်မျိုးနဲ့ နေထိုင်ကြတဲ့ သူတွေပါပဲ”

ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ဇီယာကလည်း ရှေ့သို့ကြည့်၍ ပြောလိုက်သည်။

“အဲ့တာက ရှင်ပြောသိလိုမျိုးပါပဲ…ဒါပေမဲ့ ကျွန်မတို့ မျိုးနွယ်က လူတွေပြောတာက သရဲတွေဟာ လူတွေနဲ့ ရောစပ်နိုင်တယ်တဲ့လေ..အရင်ဆုံးသူတို့က သာမန်လူပုံစံပေါက်နေပေမဲ့ နောက်ကြ သူတို့ပြောင်းလဲသွားကြလိမ့်မယ်တဲ့…

သူတို့မျက်နှာတွေမှာ သွေးတွေဖုံးနေကြပြီးတော့ ညဘက်ကြရင် ခြောက်လှန့်ကြလိမ့်မယ်တဲ့”

“အခုညဘက်ဖြစ်နေတာတောင်နေ့ဘက်လိုဖြစ်နေသေးတယ်လေ”

ရှစ်ဖုန့်က ပြောလိုက်သည်။

“ငါ အရင်ဆုံးသွားပါရစေအုံး …သရဲတွေအများကြီးက ကြည့်နေကြတာ မင်းကသိကအောင့်ဖြစ်တယ်လို့ မခံစားရဘူးလား”

“ကျွန်မရှင့်ကို နည်းနည်းလောက် ကြာကြာလေးဖက်ထားပါရစေအုံး..ကျွန်မကြောက်လို့ပါ….ရှင့်ကိုဖက်ထားရတာကနည်းနည်း

ပိုပြီးကောင်းတယ်လို့ ကျွန်မခံစားရတယ်”

ဇီယာက ပြောလိုက်သည်။

“ဒါဆိုလည်း မင်းငါ့ကို နည်းနည်းကြာကြာလေးသာ ဖတ်ထားကွာ”

ရှစ်ဖုန့်က သူ၏ ခေါင်းကိုခါယမ်း၍ ပြုံးလိုက်သည်။ ထို့နောက်တွင် အဖြူရောင် အမှတ်အသား တစ်ခုက သူ၏ ဘယ်ဘက် လက်ဝါးတွင်ပေါ်လာ၏။  သူက သူ၏ ဘယ်လက်ဖဝါးကို မြှောက်လိုက်သည်။

ထို့နောက်မကြာခင် အလင်းရောင်ဖောက်နိုင်သော သရဲများ၏ မျက်နှာ အမူအယာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။  သူတို့၏ ခန္ဓာကိုယ်များက သူတို့၏ ထိန်းချုပ်နိုင်မှုမှ လွတ်သွားပုံရကာ ရှစ်ဖုန့်ထံသို့ လွင့်မျောလာကြသည်။

“အား..သူတို့လာနေကြပြီ…သူတို့တွေအားလုံးလာနေကြပြီ…သူတို့ကျွန်မကိုခြောက်လှန့်ဖို့ ကြိုးစားနေတာလား…သူတို့ကျွန်မကိုစား

ချင်နေတာပဲဖြစ်ရမယ်..ကျွန်မရဲ့ ဒုတိယအမက ကျွန်မကို ပြောနေကျ  သရဲတွေက ကျွန်မလိုမျိုး လှပပြီးတော့ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကိုစားဖို့အတွက် အကြိုက်နှစ်သက်ဆုံးပဲတဲ့ ..”

ဇီယာက ရုတ်တရက် အလန့်တကြားအော်ပြောလိုက်သည်။ ဇီယာ၏ လက်တို့က သူ့အား အနည်းငယ်တင်းကျပ်စွာ ဖက်ထားသည်ကို ရှစ်ဖုန့်ခံစားရသည်။

ရှစ်ဖုန့် ဆွံ့အသွားခဲ့သည်။ သူမ တကယ်ကြောက်နေခြင်း သို့မဟုတ် အခွင့်အရေးရတုံး  ကိုယ်ရည်သွေးနေခြင်းလား မသိတော့ပေ။  သို့သော် မြွေလူသားမျိုးနွယ်စုမှ အပြစ်ကင်းစင်သော မိန်းကလေးကို အကဲဖြတ်ရသလောက်တော့ အရင်တိုင်းပင်ရှိဆဲဖြစ်သည်။

ထို့နောက်ဖောက်မြင်နိုင်သော အကြည်ရောင် သရဲများ ရုတ်တရက် မြေပေါ်သို့ဆင်းလိုက်ပြီး ရှစ်ဖုန့်ထံသို့ချည်းကပ်လာကြသည်။ထို့နော က်သူတို့က ရှစ်ဖုန့်၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။  ဘာတွေဖြစ်သွားမှန်းကို၎င်းတို့ကိုယ်တိုင်ပင် မသိကြချေ။ သို့သော် ရှစ်ဖုန့်၏ လက်ပေါ်မှ အမှတ်အသားအားမြင်တွေ့လိုက်ရသော အချိန်တွင် မည်သို့မျှ မတတ်နိုင်ပဲ ဒူးထောက်လိုက်ကြရသည်။

“ဘာလို့….သူတို့က ကျွန်မတို့ ရှေ့မှာ ဒူးထောက်နေကြတာလဲ”

ဇီယာက ရှေိ့သို့ကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်ကို ကြည့်လိုက်သည်။ သူမ နားမလည်နိုင်ဖြစ်နေသည်။

ထို့နောက် ခြောက်ကပ်ပြီစူးရှရှ သရဲတို့၏ အော်သံက အစီအရီ ထွက်ပေါ်လာသည်။

“အရှင့်ကို နှုတ်ခွန်းဆက်သပါတယ်”

ရှစ်ဖုန့်၏ လက်ပေါ်တွင် ရှိနေသော အမှတ်အသားမှာ ငရဲဘုံကိုးခု တစ္ဆေတစ်သိန်း  သင်္ကေတပင်ဖြစ်သည်။ ၎င်းအားမြင်တွေ့ရသောသူမှန်သမျှ ဂါရဝပြုကြရသည်ဖြစ်၏။ ငရဲဘုံကိုးခု ဧကရာဇ်မှာ တစ္ဆေတစ်သိန်းတို့၏ အရှင်သခင်ပင်ဖြစ်သည်။ သို့သော် လက်ရှိရှစ်ဖုန့်၏ ခွန်အားအရ သရဲတစ္ဆေတို့၏ခွန်အားက အဆင့်သုံးထက်ကျော်လွန်နေလျှင်  ၎င်းတို့အား အညံ့ခံစေရန်မှာ သူ့အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters