အပိုင်း (၁၅၆)
Vol. 11 Ch. 156
သူတို့၏ ရှေ့တွင် မရေတွက်နိုင်သော ထွင်းဖောက်မြင်နိုင်သည့် သရဲအုပ်ကြီးက ဒူးထောက်နေသည်။ ဤ နေရာတွင်ရှိနေကြသော သရဲများမှာ ငါးရာခြောက်ရာခန့် ရှိမည်ဖြစ်ပြီး သူတို့ထဲက အများစုမှာ အဝါရောင် အိမ်များအတွင်းမှာ လွင့်မျောထွက်ပေါ်လာကြကာ နောက်တွင်ဒူးထောက်လိုက်ကြသည်။
ဇီယာက ဤတစ်ကြိမ်တွင်တော့ ပြဿနာ၏ အရင်းအမြစ်အား သဘောပေါက်သွားသည်။ သူမက ရှစ်ဖုန့်အား ယုံရခက်သော အမူအယာ မယုံကြည်နိုင်သော လေသံဖြင့် ပြောလိုက်သည်။
“သူတို့က ရှင့်ကို ဒူးထောက်နေကြတာလား”
“ဒါပေါ့”
ရှစ်ဖုန့်က ပြောလိုက်သည်။ ထို့နောက်သူက သူ့ရှေ့ရှိ သရဲအိုကြီးကို ကြည့်၍မေးလိုက်သည်။
“ဒီနေရာက ဘယ်လိုနေရာမျိုးလဲ ဆိုတာကို ခင်ဗျားသိလား...ခင်ဗျားတို့အားလုံး.....ဘယ်လိုမျိုးသေသွားခဲ့ကြတာလဲ”
“ဆရာ...”
လူအိုကြီးက အက်ကွဲကွဲ အားနည်းသော အသံဖြင့်ပြောလိုက်သည်။
“ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာကို ကျွန်ုပ်လဲ မသိပါဘူး ...အဲ့ဒီ့ညတုံးက ကျွန်ုပ်တို့မြို့အား တစ်နည်းနည်းနဲ့ ဒီနေရာကို ရောက်လာခဲ့ပါတယ်...အဲ့ဦး တည်ချက်အခြမ်းမှာ မကောင်းဆိုးဝါး တစ်ကောင်နေထိုင်တဲ့ တစ္ဆေဘုရင် တောင်ကုန်းဆိုတာရှိပါတယ်..ကျွန်ုပ်တို့အားလုံးက သူ့ကို တစ္ဆေဘုရင်ကြီးလို့ ခေါ်ပါတယ်..”
အဘိုးအိုက အရိုးပုံကြီးရှိရာ ဦးတည်ချက်ကို ညွှန်ပြ၍ ပြောလိုက်သည်။
“ကျွန်ုပ်တို့တွေ ဒီနေရာကို ရောက်ရှိနေတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲဆိုတာ မသိကြပါဘူး..ဒီနေရာမှာ နေ့ညဆိုတာ မရှိတာပါ..တစ္ဆေဘုရင်ကြီးက သူ့ရဲ့ လက်အောက်ခံ သရဲတစ္ဆေစစ်သားတွေကို ဦးဆောင်ပြီးတော့ ကျွန်ုပ်တို့ကို အဲ့နေရာကို ဖမ်းခေါ်သွားပါတယ်..သူတို့က ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်တွေကို အပိုင်းပိုင်းဆုတ်ဖြဲပြီးတော့ ကျွန်ုပ်တို့ရဲ့ အသွေးအသားတွေကို ဝါးမျိုစားသောက်ပါတယ်..သေဆုံးသွားပြီးတဲ့ နောက်မှာတောင် ကျွန်ုပ်တို့ဟာ တစ္ဆေဘုရင်ကြီးရဲ့ ပျိုးထောင်မြှင့်တင်ခြင်းကိုခံရပါတယ်..မကြာခင် ဒါမှမဟုတ်ကြ နောက်ပိုင်းကြ ကျွန်ုပ်တို့အားလုံးဟာ သူ့ရဲ့ ဝါးမျိုမှုကို ခံရပါလိမ့်မယ်”
“တစ္ဆေဘုရင်လား”
ရှစ်ဖုန့်က ထိုဦးတည်ချက်ဘက်ကို အေးစက်သော အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က သူ၏ ချီးမြှင့် ပေးအပ်မှု မရှိဘဲ သူ့ကိုယ်သူ တစ္ဆေဘုရင်ဟု ခေါ်ရဲနေသည်။ ငရဲဘုံကိုးခု ဧကရာဇ် သေဆုံးပြီးသည့်နောက်တွင် ဤ သရဲတစ္ဆေလေးများအနေဖြင့် သူတို့စိတ်ကြိုက် လုပ်ချင်တာ လုပ်လို့ရမည်ဟုများ တကယ်ထင်နေကြသည်လော။
ဤသရဲတစ္ဆေများကိုကြည့်လိုက်ပြီး သူ့အနေ့ဖြင့် ဘာသတင်းအချက်အလက်မျှ ထပ်မံ၍ ရနိုင်မည် မဟုတ်တော့ကြောင်းကို ရှစ်ဖုန့်သိလိုက်သည်။
“မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်က အသွေးအသားတွေ ဝိညာဉ်တွေကို ဝါးမျို ပြီးတော့ သူ့ရဲ့ တစ္ဆေစွမ်းအားက ဘိုးဘေးနယ်ပယ်ကို ရောက်ရှိခဲ့တာပဲ”
ရှစ်ဖုန့်က သူ၏ ဘယ်လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လိုကြပြီး ငရဲဘုံကိုးခု တစ္ဆေတစ်သိန်း သင်္ကေတကို ရုတ်သိမ်းလိုက်သည်။ ထို့နောက်သူက သရဲများအား အမိန့်ပေးလိုက်၏။
“ မင်းတို့အားလုံး ကိုယ့်နေရာကိုယ်ပြန်သွားလို့ရပြီ”
ငရဲဘုံကိုးခု တစ္ဆေတစ်သိန်း သင်္ကေတအား ရုတ်သိမ်းလိုက်သောအခါတွင် သရဲများမှာ ၎င်းတို့၏ခန္ဓာကိုယ်များက ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး အုပ်စုခွဲသွားကြသည်။ ထိုအချိန်တွင် ခုဏက စကားပြောဆိုခဲ့သော သရဲအိုကြီးနှင့် သူ့နောက်ရှိ သရဲတစ်ဒါဇင်ကျော်ခန့်မှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြဆဲဖြစ်သည်ကို ရှစ်ဖုန့် တွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ အချို့မှာ အမျိုးသမီး သရဲတစ္ဆေများဖြစ်ကြသည်။ ဤအမျိုးသမီးသရဲများမှာ ရှစ်ဖုန့် မြင်တွေ့ခဲ့ရသည့် ငိုကြွေးနေခဲ့ကြသော သူများပင်ဖြစ်ကြသည်။ ရှစ်ဖုန့်က မေးလိုက်သည်။
“တစ်ခြားတစ်ခုခု ရှိသေးလို့လား”
“ဆရာ သင်က သာမန်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဖူးဆိုတာကို ကျွန်ုပ်သိပါတယ်….ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ကယ်တင်ပေးပါ …..သိပ်မကြာခင်မှာ တစ္ဆေဘုရင်ကြီးရဲ့ လက်အောက်က သရဲတစ္ဆေစစ်သားတွေ ရောက်လာကြပါလိမ့်မယ်………ကျွန်ုပ်တို့ရဲ့ ဝိညာဉ်တွေဟာ သန်မာမှုအဆင့်ကို ရောက်နေကြပါပြီ ဒါကြောင့် ကျွန်ုပ်တို့တွေဟာ တစ္ဆေဘုရင်ကြီးရဲ့ ပထမဆုံးဝါးမျိုမှုကို ခံကြရပါလိမ့်မယ် ”
လူအိုကြီးက အက်ကွဲကွဲ အားနည်းသော အသံဖြင့် ပြောလိုက်သည်။
“ဟုတ်ပါတယ် အရှင် ကျွန်ုပ်တို့ကို ကျေးဇူးပြုပြီး ကယ်တင်ပေးပါ “
သက်လတ်ပိုင်းအရွယ် သရဲတစ်ယောက်က ဝမ်းနည်းကြေကွဲ ပူဆွေးသော အသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ကယ်တင်ပေးပါ အရှင် ”
တစ်ဒါဇင်ကျော်သော သရဲများစွာကာ ရှစ်ဖုန့်အား တောင်းပန်ပြောဆိုလိုက်ကြသည်။
“မင်းတို့အားလုံးထကြပါ…ငါ့မှာ ငါ့ကိုယ်ပိုင်အစီအစဉ်နဲ့ငါရှိတယ်”
ရှစ်ဖုန့်က တစ်ဒါဇင်ကျော်သော သရဲများကို ပြောလိုက်သည်။
“ဟုတ်ကဲ့ ဆရာ”
ရှစ်ဖုန့်က အမိန့်ပေးလိုက်ပြီးနောက် သရဲများမှာ တစ်ပြိုင်တည်းဆုတ်ခွာလိုက်ကြသည်။
သရဲများထွက်ခွာသွားပြီးသည့်နောက်တွင် ဇီယာက ရှစ်ဖုန့်ကို မေးလိုက်သည်။
“ရှင်သူတို့ကို ကူညီမှာလား”
“ဘာလဲ ..မင်းသရဲတွေကို မကြောက်တော့ဘူးလား”
ရှစ်ဖုန့်က သူမအား ပြုံး၍ မေးလိုက်သည်။
“ကျွန်မထပ်ပြီးတော့ မကြောက်တော့ဘူး”
ဇီယာက ခေါင်းညိမ့်ပြီး ညင်သာစွာပြောလိုက်သည်။
“ရုတ်တရက် သူတို့က အမကြီး ဒုတိယအမနဲ့ တစ်ခြားမျိုးနွယ်ဝင်တွေ ပြောကြသလိုမျိုး ကြောက်စရာ မကောင်းဘူးလို့ ကျွန်မခံစားရတယ်….ပြောရရင် သူတို့က အရမ်းကိုသနားဖို့ကောင်းတယ်…ကျွန်မခုဏက စစ်ဆေးကြည့်ခဲ့တယ် …ဒီနေရာမှာသရဲတွေအများကြီးရှိနေပေမဲ့…ကျွန်မမျိုးနွယ်က လူတွေကို တစ်ယောက်မှ မမြင်တွေ့ခဲ့ရဘူး…ကျွန်မမျိုးနွယ်ကသူတွေဟာ သေဆုံးသွားပြီးတဲ့နောက် သူတို့…သူတို့တွေ….”
ဇီယာမှာ ဝမ်းနည်းနေပုံပေါက်ပြီး ဆက်လက်၍ စကားမပြောတော့ပေ။ သူမ၏ မျိုးနွယ်မှ သေဆုံးသွားခဲ့သောသူများ၏ ဝိညာဉ်များမှာ တစ္ဆေဘုရင်၏ ဝါးမျိုမှုအားခံခဲ့ရပြီး ဖြစ်နိုင်လောက်သည်ကို ရှစ်ဖုန့် အစကတည်းက နားလည်ထားပြီးဖြစ်သည်။
ရှစ်ဖုန့်မှာ သူမအား ဆက်လက်၍ မနှစ်သိမ့်တော့ပေ။ ကိစ္စများအား သူမဟာသူမ တွေးခေါ်နိုင်နေပြီဖြစ်လေသည်။
“သရဲတစ္ဆေစစ်သားတွေ..
တစ္ဆေဘုရင်အနေဖြင့် မည်သည့်နယ်ပယ်အဆင့်သို့ ရောက်ရှိနေသည်ကို သူမသိသော်လည်း ၎င်းကိုယ်၎င်း တစ္ဆေဘုရင်ဟု ခေါ်ရဲသည့် သူနှင့် ပက်သက်သည့် ကိစ္စအား သူကိုင်တွယ်ရမည်ဖြစ်လေသည်။ ဘိုးဘေးနယ်ပယ်သို့ရောက်ရှိနေသည့် တစ်ခြားသော အရာများအား ချိုးနှိမ်ထိန်းချုပ်ရန်ခက်ခဲချင် ခက်ခဲမည်ဖြစ်နိုင်သော်လည်း သရဲတစ္ဆေများနှင့်ပက်သက်လျှင်ကား….။
“ငါ ငရဲဘုံကိုးခု ဧကရာဇ်က ဘိုးဘေးနယ်ပယ် တစ္ဆေတစ်ကောင်ကိုထောင် မချိုးနှိမ်နိုင်ဘူးဆိုရင် ….လူတွေသာ အဲ့အကြောင်းကို သိသွားကြတာနဲ့ အဲ့အကြောင်းကို ဟာသကြီးတစ်ခုအနေနဲ့ ပျက်ရယ်ပြုကြလိမ့်မယ် “
ရှစ်ဖုန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ကောင်လေး ဒီနေရာမှာ ဝိညာဉ်တွေ အများကြီးရှိနေတယ် ..သူတို့က ကောင်းကင်နဲ့ မြေကြီးရဲ့ အားဖြည့်မှုကို ခံထားရပြီးတော့ သူတို့ရဲ့ ဝိညာဉ်တွေဟာ အရမ်းကို သန့်စင်တယ်……မင်းမလုပ်နိုင်ဘူးဆိုရင်…သူတို့ကို ငါဝါးမျိုမှာကို ခွင့်ပြုပေးလိုက် “
ထိုအချိန်တွင် ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိ ကောင်းကင်မီးတောက်က ပါးစပ်ဖွင့်လာသည်။
သွေးများအား စုပ်ယူဝါးမျိုခြင်းအပြင် ကောင်းကင်မီးတောက်က ဝိညာဉ်များကိုလည်းဝါးမျိုသည်ဖြစ်သည်။ အရင်တုံးက ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားမှာ ပထမအဆင့်သို့ပင် ရောက်ရှိမနေခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် ဝိညာဉ်များအား သူ၏ ဝိညဉ်စွမ်းအား သက်သက်ဖြင့် မဖမ်းဆီးနိုင်ခဲ့ချေ။ ထို့အတွက် သူက ကောင်းကင်မီးတောက်၏ အပေါ်တွင် မှီခိုအားထားခဲ့ရသည်။
“ခင်ဗျားမျက်နှာခင်ဗျားအိုးမဲ မသုတ်စမ်းပါနဲ့”
ဒီသေသွားတဲ့သူတွေ အားလုံးက ဘာမှမသိတဲ့ အပြစ်ကင်းစင်တဲ့သူတွေ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီဝိညာဉ်တွေကို ဝါးမျိုလိုက်တာက သာမန်လူတွေကြီးနေတိုင်တဲ့ မြို့လေးတစ်မြို့ကို ရှာပြီးတော့ အစုလိုက်အပြုံလိုက်သတ်လိုက်သလိုပဲ ဘာမှ မကွာခြားဘူး”
“အဲ့တာဆိုလဲ ကောင်းပြီလေ…..မင်းက နှလုံသားနူးညံ့တဲ့ သူဆိုတာကို ဒီအရှင် မှန်းဆထားပြီးသားပါ”
ကောင်းကင်မီးတောက်က ပြောလိုက်သည်။
“ ကျွန်မတို့နောက်ထပ် ဘယ်ကိုသွားကြမလဲ”
ဇီယာက ရှစ်ဖုန့်ကို မေးလိုက်သည်။
“ဒီသရဲတွေက သနားစရာကောင်းတယ်လို့ မင်းမခံစားရဘူးလား..အဲ့တာဆို ငါတို့တွေအဲ့ သရဲတစ္ဆေစစ်သားတွေလာတဲ့အထိ စောင့်ကြတာပေါ့”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အဲ့ထက်ပိုတာက ..အဲ့သရဲစစ်သားတွေဟာ ဒီကမ္ဘာထဲမှာ နေတာကြာပြီဖြစ်တာကြောင့် ဘယ်လိုပြန်ထွက်ရမလဲဆိုတာကို သိလိမ့်မယ်”
“ကောင်းပြီ…ကျွန်မရှင်ပြောတာကိုနား
ထောင်မယ်”
ဇီယာကပြောလိုက်သည်။
“ဒီတော့ ရှင်က လူကောင်းတစ်ယောက် ပဲ….အဲ့ညတုံးက မြွေကြီးအဖြစ်ပြောင်းပြီးတော့ ရှင့်ကို နာကျင်အောင် ကျွန်မမလုပ်ခဲ့သင့်ဘူး”
“မင်းအခုမှ နားလည်တာနောက်ကျသွားပြီ…ငါတို့တွေ ဒီနေရာထဲမှာ ဆွဲခေါ်ခံရပြီးနေပြီ”
ရှစ်ဖုန့်က ပြောလိုက်သည်။ျ
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသော အခါတွင် ဇီယာက အပြစ်ရှိသောပုံစံဖြင့် ခေါင်းငုံ့လိုက်သည်။
“ကျွန်မတောင်းပန်ပါတယ်…အားလုံးက ကျွန်မ အမှားပါ”
“ဟုတ်ပါပြီ..မင်းဒီလိုပုံစံမျိုးဖြစ်နေစရာမလို
ပါဘူး ..ဒီကောင်းကင်နဲ့မြေကြီးက ငါ့အတွင် အခွင့်အရေးတစ်ခုဖြစ်လိမ့်မယ်…”
ဤကောင်းကင်နှင့်မြေကြီးတွင် သိပ်သည်းလှသောယင်စွမ်းအင်များနှင့် ဝိညာဉ်များပြည့်နှက်နေသည်။ အထူးသဖြင့် တစ္ဆေဘုရင်နှင့် ၎င်း၏ သရဲတစ္ဆေစစ်သားများပင်ဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ အဆင့်လေးအား ချိုးဖြတ်တော့မည်ဖြစ်သည်။ အဆင့်လေးသို့ရောက်ပြီးသည့်နောက်တွင် အဆင့်ငါးသို့ရောက်ရန်မှာသူ့အတွက်ပို၍ပို၍ ခက်ခဲလာလေဖြစ်သည်။ ရတနာများမပါရှိပါဘဲ သူ့အနေဖြင့် ဝိညာဉ်မည်မျှအား ဝါးမျိုရလိမ့်မည်ကိုသူမသိချေ။
အစောပိုင်းက ကောင်းကင်မီးတောက်ပြောခဲ့သလိုပင် ဤနေရာရှိ သရဲများအား ကောင်းကင်နှင့်မြေကြီး၏ အားဖြည့်မှုကိုခံထားရခြင်းပင်ဖြစ်သည်။ ၎င်းတို့၏ ဝိညာဉ်စွမ်းအားက သန့်စင်၏။ထိုသရဲတစ္ဆေစစ်သားများနှင့် တစ္ဆေဘုရင်တို့မှာ သူ၏ ဝိညာဉ်စွမ်းအား အဆင့်တက်လှမ်းအတွက် အကောင်းဆုံးသော အားဖြည့်တင်းစရာများပင်ဖြစ်လေသည်။
“သွားစို့ …ပတ်ဝန်းကျင်ကို အေးအေးလူလူလမ်းလျှောက်ပြီးတော့ အဲ့သရဲတစ္ဆေစစ်သားတွေ အလာကို စောင့်ကြတာပေါ့ ထျန်းဟန်တိုက်ကြီးထဲမှာ ဒီလိုမျိုး သရဲတစ္ဆေတွေအများကြီး ရှိတဲ့နေရာတစ်ခုကိုတွေ့ရဖို့ဆိုတာမျိုးက အရမ်းရှားတယ်…”
ရှစ်ဖုန့်က ဇီယာကိုပြောလိုက်သည်။ သူတို့အနေဖြင့် မြို့လေး၏ ဝန်းကျင်ကို တကယ်ကြီး အေးအေးလူလူ လမ်းလျှောက်၍ သရဲများအား မြင်တွေ့လိုကြခြင်းဖြစ်သည်။
“ကောင်းပြီ”
ဇီယာက ခေါင်းညိမ့်လိုက်သည်။ ယခုအချိန်၌ ဤသရဲများတွင် ဖြစ်ပျက်ခဲ့သည်များအား သူမသိရှိခဲ့ပြီဖြစ်ပြီး သူမအရင်က ကြားခဲ့ဖူးသလိုမျိုး ၎င်းတို့မှာ ထိန့်လန့်စရာမကောင်းသောကြောင့် သူမအနေဖြင့် ထပ်မံပြီး ကြောက်ရွံ့မနေတော့ပေ။ သူမအနေဖြင့် သူမပဲရှင်းလင်စွာ မမြင်တွေ့ခဲ့ခြင်းလား သို့မဟုတ် အကယ်၍များ သူမမျိုးနွယ်စုမှလူများ၏ ဝိညာဉ်တို့က မပေါ်လာခဲ့ခြင်းလားဆိုသည်အား သိချင်သောကြောင့် မြို့အား ဂရုတစိုက်ဖြင့် ရှာဖွေလိုသည်။
ဤသို့ဖြင့် ရှစ်ဖုန့်နှင့် ဇီယာတို့မှာ မြို့လေးအနှံ့သို့လှည့်လည်သွားလာ၍ ကြည့်ကြသည်။ ယင်မိစ္ဆာမှာမူ လျှင်မြန်စွာဖြင့် မြေကြီးအတွင်းသို့ နစ်ဝင်သွားသည်။ ဤကမ္ဘာအတွင်း၌ တစ်ခြားသော စွမ်းအားကြီး တည်ရှိမှုများ ရှိနေကြမည်ကို ကြောက်မိသောကြောင့် ယင်မိစ္ဆာအား ဆက်လက်၍ခွဲပြီးမသွားရန် ရှစ်ဖုန့်တားလိုက်သည်။
မြို့လေးအတွင်းတွင် သရဲများမှာ လွင့်မျောနေကြပြီး ငိုယိုနေကြသူများလည်းရှိသည်။ အချိန်စည်းမျဉ်းစည်းကမ်းအရ တစ္ဆေဘုရင်ကြီး၏ အစာအတွက်ရွေးချယ်ရန် သရဲတစ္ဆေစစ်သားများ မကြာခင် လာရောက်ကြမည်ကို တစ်ယောက်ချင်းစီတိုင်းသိကြသည်ဖြစ်သည်။
ထိုထက်ပိုသည်က ၎င်းတို့အားလုံးတွင် တစ္ဆေဘုရင် ၏ အမှတ်အသားတို့ခန္ဓာကိုယ်ပေါ်၌ ရှိနေပြီး တစ္ဆေဘုရင်ကြီးမွေးမြူထားသော တိရစ္ဆာန်မွေးမြူရေးခြံတစ်ခုကဲ့သို့ပင်ဖြစ်သည်။ ဤကမ္ဘာအတွင်းတွက် တစ္ဆေဘုရင်၏ထိန်းချုပ်မှု အောက်မှလွတ်မြောက်နိုင်သော ဘာနည်းလမ်းမျှ ရှိမနေချေ။ ဤရက်များအတွင်း သူတို့စောင့်ဆိုင်းနေခဲ့ကြသည်မှာ မည်သည့်အချိန်၌ တစ္ဆေဘုရင်ကြီး၏ ဝါးမျိုမှုကိုခံရမလဲဟူ၍ပင်ဖြစ်သည်။ နောက်ကျမှသာ သူတို့၏ အလှည့်သို့ရောက်ရန်တစ်ခုကိုသာ သူတို့အနေဖြင့် မျှော်လင့်နိုင်ကြသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE