← Chapters

အပိုင်း (၁၅၇)

Vol. 11 Ch. 157

အပိုင်း (၁၅၇)

Vol. 11 Ch. 157

“မမ”

ရှစ်ဖုန့်နှင့် ဇီယာတို့ သရဲမြို့လေးအတွင်း လျှောက်သွားနေကြစဉ် အက်ကွဲကွဲ အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။ ဇီယာက ခေါင်းငုံ့ကြည့်လိုက်သော အခါတွင် အသက်ခြောက်နှစ် ခုနှစ်နှစ်အရွယ်ရှိပြီး ဝဝဖိုင့်ဖိုင့်မျက်နှာလေးနှင့် ချစ်ဖို့ကောင်းသော ကောင်မလေးတစ်ယောက်က သူ၏ ဘေးတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်မလေးက သူမ၏ ဖောက်ထွင်းမြင်နိုင်သော လက်လေးကိုလှမ်းလိုက်ပြီး ဇီယာ၏လက်ကိုဆုပ်ကိုင်ဖို့လုပ်လိုက်

သော်လည်း ၎င်းမှာဇီယာ၏လက်ကို ကျော်လွန်ဖြတ်သန်းသွားခဲ့သည်။

ထို့နောက်တွင် ကောင်မလေးမှာ အကြိမ်ရေများစွာကြိုးစားခဲ့သော်လည်း သူမ၏ ဝိညာဉ်စွမ်းအားမှာ အားနည်းလှသောကြောင့် ဇီယာ၏လက်အား မထိနိုင်ဖြစ်နေသည်။ ထို့နောက် ကောင်မလေးက ဝမ်းနည်းစွာဖြင့် သူမ၏ ခေါင်းကိုငုံ့၍ ပြောလိုက်သည်။

“သမီးမေ့သွားတယ်..သမီးကသေသွားပြီးဆိုတာ”

သူမ၏ အသံက အက်ကွဲကွဲဖြစ်နေကာ အားနည်းဖျော့တော့လှပြီး ယင်းမှာ ပုံမှန် ကလေးမလေးတစ်ယောက်တွင် မရှိသော အသံမျိုးဖြစ်သည်။

“ဒါက…”

ဇီယာမှာ မိန်းကလေး၏ ခံစားချက်တို့ သက်ရောက်မှုကိုခံလိုက်ရပြီး  ရှစ်ဖုန့်အား  အသနားခံသော အမူအယာဖြင့်ကြည့်လိုက်သည်။

“ကောင်းပြီ..ငါနားလည်တယ်”

ရှစ်ဖုန့်က ပြောလိုက်သည်။ ထို့နောက်တွင်သိပ်သည်းသော အဖြူရောင်အမှတ်အသားက ပစ်လွှတ်သလိုထွက်လာပြီး ကောင်မလေး၏ကိုယ်ပေါ်သို့ သက်ဆင်းသွားသည်။ ထို့နောက်တွင်  မူလက ဖောက်ထွင်းမြင်နိုင်သော ကောင်မလေး၏ ခန္ဓာကိုယ်မှာ စတင်ကျစ်လျစ်လာသည်။ ဇီယာက သူမ၏လက်ကိုဆန့်ထုတ်၍ ကောင်မလေး၏ ခေါင်းကိုထိလိုက်သည်။  ဤအချိန်တွင် သူမက တကယ့်ကို ကလေးမလေးတစ်ယောက်၏ ဦးခေါင်းအား ထိနေသကဲ့သို့ဖြစ်သည်။ သို့သော် သူမထိတွေ့သော အခါတွင်‌ အေးစက်မှု တစ်ခုတည်းကိုသာ ခံစားရသည်။

ဤကဲ့သို့ငယ်ရွယ်သော ကလေးတစ်ယောက်က ဤကဲ့သို့နာကျင်မှုမျိုးဖြင့် ယခုလိုသေဆုံးခဲ့ရသည်။

ဇီယာမှာမရေတွက်နိုင်သော အဖြူရောင်အရိုးများနှင့် သူမမြင်တွေ့ခဲ့ရသော ကျိုးကြေနေသည့် အရိုးများအကြောင်းကို ပြန်လည်တွေးမိလိုက်သည်။ ဤကဲ့သို့ ဝမ်းနည်းဖွယ်ရာ ကံတရားက ဤကဲ့သို့သော ကလေးတစ်ယောက်၏ အပေါ်တွင် တကယ်ဖြစ်ပျက်ခဲ့သည်။

“မမ..မမရဲ့လက်က….”

ကလေးမလေးကဇီယာကိုကြည့်၍ ပြောလိုက်သည်။

“သူတို့က အရမ်းနွေးတာပဲ..ခံစားရတာ အရမ်းကောင်းလိုက်တာ ..သမီး ဒီလိုမျိုးနွေးထွေးမှုမျိုးကိုမခံစားခဲ့ရတာ တော်တော်ကြာနေခဲ့ပြီ”

ဇီယာမှာ အဖြူရောင်မျက်နှာလေးပေါ်ရှိမျက်လုံးတို့က ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ မှေးမှေးလေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာထက်တွင်ပေါ်လာသော နှစ်သက်ပျော်ရွှင်နေသည့် အပြုံးက  ဇီယာ၏ နှလုံးသားအားထိချက်တစ်ခုဖြစ်သွားစေသည်။

ဤအပြုံးအားမြင်တွေ့လိုက်ရသော အခါတွင် ဇီယာမှာပို၍ စိတ်မကောင်းဖြစ်သွားရသည်။

“မကြီးနဲ့ အကိုကြီး …ကိုကြီးတို့ ဒီကို သမီးတို့ကို ကယ်ဖို့ရောက်လာတာမလား”

ကလေးမလေးက ဇီယာကိုမပြေမပြစ်ပုံစံဖြင့်ပြောလိုက်ပြီးနောက် ရှစ်ဖုန့်ကိုလည်းပြောလိုက်သည်။

“အသက်ကြီးတဲ့သူတွေ ပြောတာကိုသမီးကြားခဲ့တယ် လူဆိုးကြီးက တစ်နေ့ကြရင် သမီးတို့ကိုစားပစ်မှာတဲ့ …မကြီးနဲ့ကိုကြီး…သမီးတို့ကိုကယ်ဖို့အတွက် ဒီနေရာကိုရောလာကြတာမလားဟင်”

ကလေးမလးက ထပ်မံ၍ မေးလိုက်သည်။

“ဟုတ်တယ် မမတို့က သမီးတို့ကိုကယ်ဖို့အတွက် ဒီကိုရောက်လာတာ”

ဇီယာက ကလေးမလေးအား ညင်သာစွာပြုံးပြ၍ ပြောလိုက်သည်။

“မမတို့ရှိနေရာင် လူဆိုးကြီးက သမီးကိုထပ်ပြီးတော့အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဖူး”

“အင်း”

ကလေးမလေးက ချိုသာသော အပြုံးကို ပြုံးပြပြီး ခေါင်းညိမ့်ပြလိုက်သည်။

“မကြီး…သမီးကိုလုံးဝ လှည့်စားလို့ မရဘူးနော်”

“မမ မလုပ်ပါဘူး  မစိုးရိမ်ပါနဲ့….မမနဲ့ကိုကြီးက သမီးတို့အတွက် လူဆိုးတွေကို ရိုက်နှက်ပေးဖို့ သေချာပေါက်ကူညီမှာ”

ဇီယာက ကတိပေးလိုက်သည်။

“အင်း သမီး မကြီးကို ယုံတယ်…”

ကလေးမလေးက စကားပြောပြီးသောအခါတွင်  သူမမျက်နှာထက်၌ ပျော်ရွှင်သော  အပြုံးတစ်ခုပေါ်လာပြီး ထိုအပြုံးဖြင့် ပြေးထွက်သွားသည်။

“ကလေးမဆိုးလေး”

ရှစ်ဖုန့်က ပြေးထွက်သွားသော ကလေးမလေးကိုကြည့်၍ ပြောလိုက်သည်။

“ရှင်ဘာလို့ဒီလိုဖြစ်နေတာလဲ….ဘာလို့ သူ့ကို ငဆိုးလေးလို့ခေါ်လိုက်တာလဲ “

ဇီယာက ရှစ််ဖုန့်ကို မကျေနပ်မှု အချို့ဖြင့်ပြောလိုက်သည်။

“သူက တကယ်ပဲ ဘာမှ မသိတဲ့ ကလေးမလေးတစ်ယောက်လို့ မင်းထင်လို့လား…သူမ မင်းထက်တောင် အသက်ကြီးသေးတယ်…ဒါပေမဲ့ သူ့ဝိညာဉ်က သူသေဆုံးခဲ့ရတုံးက ပုံစံအတိုင်းပဲ မပြောင်းလဲပဲရှိနေတာ”

ရှစ်ဖုန့်က ခပ်တည်တည်ဖြင့်ပြောလိုက်သည်။

“ဒါဆိုလည်း သူကကလေးလေးပဲရှိသေးတာလေ”

ဇီယာကပြောလိုက်သည်။

“သူ့စိတ်က ရင့်ကျက်တဲ့သူဖြစ်နေပြီ..သူဒီလိုမျိုးပြုမူနေရ

သေးတဲ့ အကြောင်းပြချက်က မင်းရဲ့ သနားကြင်နာတတ်မှုကို ရဖို့ပဲ…အဲ့တာကဘာလို့ဆိုရင်  သူတို့က ငါဟာ သာမန်လူတစ်ယောက်မဟုတ်ဖူးဆိုတာကို မြင်တွေ့ခဲ့ကြပြီး..ငါကသူတို့ကို ကူညီပေးပါ့မယ်ဆိုတာကို သဘော မတူခဲ့လို့ပဲ..ဒီတော့သူတို့က အဲ့  ငဆိုးမလေးကို ရွေးလိုက်တာ”

ရှစ်ဖုန့်က ပြောလိုက်သည်။

“ရှင်အဲ့လိုပြောရလောက်အောင်အထိ သူတို့က မဆိုးကြပါဘူး”

ရှစ်ဖုန့်၏ စကားတို့အုားကြားလိုက်ရသောအခါတွင် ဇီယာက မကျေမနပ်ဖြင့်ပြောလိုက်သည်။

ရှစ်ဖုန့်က ပြုံးလိုက်ပြီး ဘာမှပြောကြားခြင်းမရှိပေ။ဤရိုးစင်းသော မိန်းကလေး၏ နှလုံးသားထဲတွင် အားလုံးက သူမကဲ့သို့ရိုးစင်းသောသူများဖြစ်နေသည်ဟုထင်နေပုံရသည်။

“သရဲ စစ်သားတွေလာနေပြီ…”

“သရဲ စစ်သားတွေလာနေပြီ…”

ရုတ်တရက်  ဝမ်းနည်းဖွယ်ရာ ငိုကြွေးသံများက အစီအရီ ထွက်ပေါ်လာသည်။ မူလက   အသက်မပါသော သရဲများ၏ မျက်နှာမှာ စတင်၍ ပြောင်းလဲလာကြသည်။ ထို့နောက်တွင် သူတို့၏ ဖောက်ထွင်းမြင်းနိုင်သော ခန္ဓာကိုယ်များအား မထိန်းချုပ်နိုင်သကဲ့သို့ မြို့ဝင်ပေါက်ဆီသို့ တရွတ်တိုက်ဆွဲခေါ်ခံသွားကြရသည်။

“သွားစို့”

ရှစ်ဖုန့်က ဇီယာကိုပြောလိုက်သည်။

“အင်း”

ဇီယာက ပြတ်ပြတ်သားသား ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

“ဒီဆိုးဝါးတဲ့ ကောင်တွေကို ကိုကျွန်မတို့ ဖမ်းဆီးရမယ်…မဟုတ်သေးဘူး သူတို့က သရဲဆိုးတွေ”

မြို့ဝင်ပေါက်တွင်  အနက်ရောင်ချပ်ဝတ်များကိုဝတ်ဆင်ထားသော သရဲစစ်သားဆယ့်တစ်ယောက်က  ရှေ့၌ တန်းစီနေကြသည်။  သရဲများက သူတို့၏ရှေ့သို့ လွင့်မျောလာကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းများကို ငုံ့ထားကြသည်။ သရဲများက ပို၍ပို၍ လွင့်မျောလာကြပြီး မကြာခင်တွင်  လမ်းမများပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော ခန္ဓာကိုယ်များဖြင့် ပြည့်နှက်သွားသည်။

သရဲစစ်သား ဆယ့်တစ်ယောက်က သူတို့၏ ရှေ့တွင်ဒူးထောက်နေကြသော သရဲများကို သူတို့၏ ခံစားချက်ခဲ့မဲ့ပြီး အေးစက်သော အဖြူရောင်မျက်နှာတို့ဖြင့် ကြည့်လိုက်သည်။

“ရှူး…ရှူး”

ရုတ်တရက် အလယ်တွင်ရပ်နေသော သရဲစစ်သားက နှာမှုတ်သံနှစ်ချက်ပြုလိုက်သည်။ ထို့နောက်တွင် သူ၏လက်ထဲရှိ ရှည်လျားသော အနက်ရောင်ကျာပွတ်ကိုလွှဲယမ်း၍ သူ့ရှေိ့ရှိ သရဲတစ်ကောင်ကို ရိုက်လိုက်သည်။

“ဖြန်း”

“အား”

ကျာပွတ်ဖြင့်အရိုက်ခံလိုက်ရသော သရဲထံမှာ ချက်ခြင်း စူးစူး ဝါးဝါး အော်ဟစ်ငိုကြွေးသံ ထွက်ပေါ်လာသည်။  ထိုအသံမှာ မီးလောင်ခံရသောကြောင့် အော်ဟစ်နေသော ကြွက်တစ်ကောင်ကဲ့သို့ဖြစ်သည်။

သရဲစစ်သားဆယ့်တစ်ယောက်မှာစူးစူးဝါးဝါး အော်ဟစ်ငိုကြွေးသံကို ကြားရသော်လည်း ၎င်းတို့၏ မျက်နှာများက မပြောင်းလဲမြဲ အေးစက်ဆဲပင်ဖြစ်သည်။  ယင်းမှာ သူတို့အတွက် မွေးမြူရေးခြံထဲမှာ ခွေးသို့မဟုတ် ဝက်တို့အား ရိုက်နှက်နေသကဲ့သို့သာဖြစ်သည်။

ထို့နောက်တွင် သရဲစစ်သား၏ အက်ကွဲကွဲ နားကိုစူးစေသော အသံက ထွက်ပေါ်လာသည်။

“ပြောစမ်း…ဒီမှာ လူစိမ်းတွေရှိလား”

ထို့နောက်တွင် နောက်ထပ်ကျာပွတ်ရိုက်နှက်ချက်တစ်ခုက အကြင်နာမဲ့ထွက်ပေါ်လာသည်။

“ဖြန်း”

“အား”

အရိုက်ခံရသော သရဲမှာ ထပ်မံ၍ စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးပြန်သည်။ အခြားသောသူရဲများမှာ ထိုအသံအားကြားလိုက်ရချိန်တွင် သူတို့၏ ခန္ဓာကိုယ်တစ်လျှောက်၌ အေးစိမ့်မှုနှင့် ကြက်သီးထမှုများကိုခံစားလိုက်ရသည်။ျ

“အား….ဆရာ..ကျွန်တော့ကို ထပ်မရိုက်ပါနဲ့တော့ …ကျွန်တော်ပြောပါ့မယ်..ပြောပါ့မယ်”

ကျာပွတ်ရိုက်ချက်နှစ်ခုကို ခံရပြီးသည့်နောက်တွင် အော်ဟစ်မြည်းတမ်းနေရသော သရဲက ပြောလိုက်သည်။

“သူတို့က တကယ်တော့ သက်ရှိလူသားနှစ်ယောက်ပါ..ယောက်ျား

တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ဖြစ်ပါတယ်”

“သူတို့ အခုဘယ်မှာလဲ”

သရဲစစ်သားက မေးလိုက်သည်။

နောက်ထပ်ထပ်မံ၍ ကျာပွတ်ရိုက်ချက်မခံရရန်အတွက် သရဲ အလျှင်အမြန်ပြောလိုက်သည်။

“သူတို့ ဒီမှာ ရှိနေပါတယ်….သူတို့တွေခုဏက ကျွန်တော်တို့နောက်မှာ ယောင်ပေယောင်ပေလုပ်နေတာကို တွေ့ခဲ့ပါတယ်”

“ကောင်းပြီ…ငါသိပြီ”

ထို့နောက်သရဲစစ်သားက ကျာပွတ်ဖြင့် သရဲကို ထပ်မံ၍ ရိုက်လိုက်သည်။  ကျာပွတ်နှင့်ရိုက်နှက် အပြစ်ပေးခြင်းက သူ၏ စိတ်ပေါ်တွင် မူတည်နေပုံရသည်။ ၎င်းတို့က မွေးမြူရေးခြံထဲမှ တိရစ္ဆာန်များနှင့် မခြားနားကြပေ။ သူအလိုရှိသည့် အချိန်တိုင်းတွင်ရိုက်နှက်နိုင်သည်ဖြစ်သည်။

“အား”

ထို့နောက်တွင် သရဲစစ်သားက အခြားသော သရဲစစ်သားများကို ပြောလိုက်သည်။

“ဆရာ တစ္ဆေဘုရင်က လူစိမ်းတွေရဲ့ အသွေးအသားကိုဝါးမျိုရတာကိုကြိုက်တယ်..အဲ့လူစိမ်းနှစ်ယောက်ကိုသွားဖမ်းပြီးတော့ သူတို့ကို ဆရာ တစ္ဆေဘုရင်ဆီကိုခေါ်လာခဲ့….မှတ်ထားပါ သူတို့တွေ အသက်ရှင်နေမှရမယ် မဟုတ်ရင် အသားတွေက မလတ်ဆတ်တော့တဲ့အတွက် ဆရာ တစ္ဆေဘုရင်က ငါတို့ကို အပြစ်တင်လိမ့်မယ်”

“ဟုတ်ကဲ့”

သရဲစစ်သားများက ပြိုင်တူဖြေလိုက်ကြသည်။

ထိုအချိန်တွင် လမ်းမ၏ သိပ်မဝေးလှသော နေရာမှ သာယာဖွယ် အသံတစ်ခုထွက်ပေါ်လာသည်။

“နင်တို့တွေ သွားပြီးတော့ ဒုက္ခခံဖို့မလိုဘူး,..ငါတို့ကိုယ်တိုင် ဒီကိုလာနေပြီ”

ထို့နောက်လူတိုင်းက နောက်ကိုကြည့်လိုက်ကြသောအခါတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ ပုံရိပ်ကိုတွေ့လိုက်ကြရသည်။ ယခင်အတိုင်းပင် သူတို့က ၎င်းတို့ဆီသို့ အေးအေးလူလူ လျှောက်လှမ်းလာကြသည်။

“ဒီဆရာ..ဒီဆရာတကယ်ကြီး ဒီကိုရောက်လာပြီ …သူငါတို့ကိုကယ်ဖို့ရည်ရွယ်ထားတာကွ”

ဒူးထောက်နေသော သရဲတစ်ကောင်က သူ့ဘေးရှိသရဲကို တီးတိုးပြောလိုက်သည်။

“ဟုတ်တယ်…ဒီအရှင်က ငါတို့ရဲ့ မျှော်လင့်ချက်ပဲ …ဒီဆရာက သာမန်ထက်ကိုထူးခြားတဲ့သူ ….ငါတို့သူ့ကိုတွေ့တဲ့အချိန်တုံးက ဘာမှမတက်နိုင်ဘဲနဲ့သူ့ကိုတို့တေွ ဒူးထောက်လိုက်ကြရတယ်”

“ဒါပေမဲ့ သူကတစ္ဆေဘုရင်ရဲ့ သရဲစစ်သားတွေကို ရင်ဆိုင်နိုင်တယ်ဆိုရင်တောင် တစ္ဆေဘုရင်ကြီးကိုကြ ဘယ်လိုလုပ်မလဲ …တစ္ဆေဘုရင် အဖျက်ဆီးမခံရသေးသ၍ ငါတို့တွေ အဲ့အိမ်မက်ဆိုးကြီးကနေ လွတ်မြောက်နိုင်မှာမဟုတ်ဖူး အား..”

နောက်ထပ်သရဲတစ်ကောင်ကပြောလိုက်သည်။ ထိုအသံအားကြားလိုက်ရသော အခါတွင် သရဲများ၏ မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးနေသော အမူအယာများထွက်ပေါ်လာသည်။

ဆက်ရန်…..

ဘာသာပြန်သူ- ARISE

All Chapters