အပိုင်း (၁၅၈)
Vol. 11 Ch. 158
တစ္ဆေဘုရင်ဟူသော နမည်အားကြားလိုက်ရသောအခါတွင် သူတိုအားဖမ်းဆီးပြီး ခန္ဓာကိုယ်များကို အပိုင်းပိုင်းဆုတ်ဖြဲကာ သူတို့၏ အသွေးအသားတို့အား ဝါးစားခဲ့သော ကြမ်းကြုတ်ရက်စက်သည့် နတ်ဆိုးကို ပြန်သတိရမိလိုက်ကြသည့်။ ၎င်းက သူတို့၏ ဝိညာဉ်များအား ဝက်များခွေးများကဲ့သို့ ထိန်းသိမ်းထားပြီး သူတို့ဝဖြိုးလာသော အချိန်တွင် ဝါးမျိုလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က လမ်းတစ်ဝက်သို့ရောက်သောအခါတွင် ဇီယာကိုပြောလိုက်သည်။
“ငါ့ကို ဒီနေရာကစောင့်နေ”
“ကောင်းပြီ”
ဇီယာက ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဂရုစိုက်ပါ”
“စိတ်မပူပါနဲ့ ….ဒါက သရဲတစ္ဆေလေး တစ်ဒါဇင်လောက်လေးပါ”
ထို့သို့ပြောပြီးသည့်နောက်တွင် ရှစ်ဖုန့်က သရဲစစ်သားများထံသို့ ဆက်လက်၍ လျှောက်သွားလိုက်သည်။
အခြားသောသရဲစစ်သားများ၏ စွမ်းအားက ဒုတိယအဆင့်၌ရှိနေချိန်တွင် အလယ်တွင်ရှိနေသော တစ်ယောက်၏ စွမ်းအားက တတိယအဆင့်ရှိနေသည်ကို ရှစ်ဖုန့်ပြောနိုင်သည်။
အလယ်တွင်ရပ်နေသော သရဲစစ်သားက ချည်းကပ်လာသော ရှစ်ဖုန့်ကို ကြည့်လိုက်ပြီး သူ၏ မျက်နှာထက်တွင်ရုတ်တရက် အံ့အားသင့်သော အမူအယာများပေါ်လာခဲ့သည်။
“သန့်စင်လိုက်တဲ့ဝိညာဉ်နဲ့ ပေါကြွယ်လိုက်တဲ့သွေးချီတွေ…တစ္ဆေဘုရင်ဒါကို သေချာပေါက်ကြိုက်နှစ်သက်လိမ့်မယ်ဆိုတာ သေချာတယ်”
ထို့နောက်တွင် သရဲစစ်သားက ရုတ်တရက်တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူကရှစ်ဖုန့်ကို ကြည့်၍ အေးစက်စွာပြောလိုက်သည်။
“မင်းငါတို့ကို မြင်နိုင်တာလား”
ထိုအရာအားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်၏ မျက်နှာထက်၌ အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ငါသာမင်းလိုမျိုး သူတောင်းစားလောက်လေးကို မတွေ့နိုင်ဘူးဆိုရင် ငါ့ကျင့်ကြံမှုက အချည်းနှီးဖြစ်နေလို့ပဲဖြစ်လိမ့်မယ်”
“ငါမင်းကို မေးခွန်းမေးနေတာကွ”
ရှစ်ဖုန့်က ပြန်မဖြေသည်ကို မြင်လိုက်ရသောအခါတွင် သရဲစစ်သား တပ်မှူးမှာ သူ၏ကျာပွတ်ကို မြှောက်၍ ရှစ်ဖုန့်အားပြင်းထန်စွာ ရိုက်နှက်ချလိုက်သည်။
သူ့အတွက်ဤကမ္ဘာတွင် တစ္ဆေဘုရင်၊ သရဲစစ်သားများနှင့် တစ္ဆေဘုရင် ခန့်အပ်ထားသော သရဲဗိုလ်ချုပ်များမှလွှဲ၍ တစ်ခြားသော သူမြင်တွေ့သမျှအရာများမှာ မွေးမြူရေးခြံထဲရှိသားကောင်များသာဖြစ်သည်။
ကျာပွတ်အားမြင်တွေ့လိုက်ရသော အခါတွင် သရဲအများအပြားမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြပြီဖြစ်သည်။
ကျာပွတ်မှ ယူဆောင်လာသော ညှင်းပန်းနှိပ်စက်မှုဒဏ်နှင့်နာကျင်မှုတို့အား သရဲတိုင်းကောင်းမွန်စွာ သိကြသည်ဖြစ်သည်။
ဝိညာဉ်တစ်ခုအား စိမ့်ဝင်လာသော နာကျင်မှုက သေသည်ထက်ပင် ပိုမို၍ ဆိုးရွားလှသော အရာပင်ဖြစ်သည်။
“အဆင့်နိမ့် ဝိညာဉ်တစ်ကောင်ကများ ငါ့ရှေိ့ကိုလာပြီးတော့ ကျာပွတ်ကို ဘယ်လိုတောင်လွှဲယမ်းရဲတာလဲ”
ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့် ပြောလိုက်သည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ဝိညာဉ်ရိုက်နှက် ကျာပွတ်ကို ဖမ်းဆုတ်လိုက်သည်။ ထို့နောက်တွင် သူ၏လက်ဖြင့်ဆွဲလိုက်ပြီး ဝိညာဉ်ရိုက်ကျာပွတ်မှာ သန်မာသော အားနှင့် ဆွဲယူမှုကို ခံလိုက်ရသည်။ ထို့နောက်တွင် သူက သရဲစစ်သားဗိုလ်ချုပ်အား ဝိညာဉ်ရိုက်ကျာပွတ်ဖြင့် လွှဲယမ်း၍ ရိုက်လိုက်သည်။
“အား …မလုပ်နဲ့”
သရဲစစ်သား တပ်မှူးမှာ သူ၏လက်ထဲမှကျာပွတ်အား ထိန်းမရနိုင်သော အားဖြင့် ဆွဲယူခြင်းခံရသည်ကိုခံစားလိုက်ရသည်။ ထို့နောက်မကြာခင် ထိုလူက ဝိညာဉ်ရိုက်နှက်ကျာပွတ်အား သူထံသို့ လွှဲယမ်း၍ရိုက်လိုက်သည်။ သူ့အနေဖြင့် သူ့အား တစ္ဆေဘုရင်နှင်းအပ်ထားသော ဝိညာဉ်ရိုက်နှက်ကျာပွတ်အရသာကိုတစ်ခုမှ မခံစားဖူးသော်လည်း သူ့အနေဖြင့်ထိုကျာပွတ်အား အကြိမ်ရေမည်မျှထိ လွှဲယမ်းခဲ့ဖူးသည်ကို ပင် မမှတ်မိတော့ပေ။ ထိုလွှဲယမ်း ရိုက်နှက်ခံရသော တစ္ဆေများမှာလည်း သူ၏ မျက်လုံးထဲတွင် မွေးမြူရေး သားကောင်းများထက်မပိုပေ။
ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်ငိုကြွေးသံများနှင့် နှိုင်းယှဉ်ပြ၍ မရနိုင်သော နာကျင်မှုတို့အား သူမြင်လိုက်ရသောအချိန်တိုင်းတွင် သူဖန်တီးခဲ့သော အသံများနှင့် အမူအယာများမှာ တော်တော်လေးကိုလှပသည်ဟု သူခံစားရသည်ဖြစ်သည်။
“ဖြန်း”
ရှစ်ဖုန့်၏ကျာပွတ်က သရဲစစ်သားတပ်မှူး၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
“အား..”
သရဲစစ်သား တပ်မှူးက ကောင်းကင်သို့မော့၍ အော်ဟစ်လိုက်သည်။သူ၏ ဝက်တစ်ကောင်သတ်ဖြတ်ခံရသော အခါတွင် အော်ဟစ်သော အသံကဲ့သို့ သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်သံက ချက်ချင်း တိမ်တိုက်များဆီသို့ ဖြတ်ကျော်ပဲ့တင်ထပ်သွားပြီး ထိုအော်သံအားကြားလိုက်ရသော သရဲတိုင်းမှာ သူတို့တစ်ကိုယ်လုံး အေးစိမ့်တက်သွားအောင် ခံစားလိုက်ရသည်။
ချက်ခြင်းထိုအသံမှ သရဲစစ်သားတပ်မှူးထံမှလာသော အသံဖြစ်သည်ကို သူတို့ချက်ခြင်း မှတ်မိလိုက်ကြသည်။ သူတို့၏ ဖောက်ထွင်းမြင်ရနိုင်သော ကိုယ်များမှာ စိတ်လှုပ်ရှားမှုတို့ကြောင့် တုန်ယင်နေသည်။
“သူ..သူ.သူ ..သူဒီလိုမျိုး နာကျင်မှုအရသာမျိုးကို ခံစားသင့်တာကြာနေပြီ..”
“ဒါက အကောင်းဆုံးပဲ..ကောင်းတာကိုမှ လုံးဝကို အကောင်းဆုံးပဲ…”
“သူ့ကိုသတ်လိုက်..သူဝိညာဉ်ပျောက်ကွယ်သွားတဲ့အထိကို ကျာပွတ်နဲ့ရိုက်ပစ်”
“သူ့ကိုသတ်”
ဤသည်မှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော သရဲအားလုံး၏ အတွေးများပင်ဖြစ်သည်။
ထိုကျာပွတ်က သူတို့၏ နှလုံသားထဲတွင် အမြစ်တွယ်နေခဲ့သည်မှာကြာပီဖြစ်သည်။
“မင်းဘယ်လိုတောင် လုပ်ရဲတာလဲကွ”
တစ်ခြားသော သရဲစစ်သား ဆယ်ကောင်က သူတို့၏ တပ်မှူးဖြစ်သူ အရိုက်ခံနေရသည်ကို မြင်လိုက်ရသော အခါတွင် ပြိုင်တူအော်လိုက်ကြသည်။
သူတို့က အလျှင်အမြန် သူတို့၏ ဝိညာဉ်ရိုက်ကျာပွတ်များကို ဝေ့ယမ်း၍ ရှစ်ဖုန့်ကို အတူတကွ တိုက်ခိုက်လိုက်ကြသည်။
ကျဆင်းလာသော နောက်ထပ် အနက်ရောင်ကျာပွတ်ဆယ်ခုကိုကြည့်ရင်း ရှစ်ဖုန့်၏ အမူအယာက တည်ငြိမ်နေသည်။
ထို့နောက်သူက သူ့လက်ထဲရှိကျာပွတ်အား ပို၍ လျှင်မြန်သော အမြန်နှုန်းဖြင့် ရိုက်နှက်လိုက်သည်။ကျာပွတ်ရိုက်များက ဆက်တိုက်ဆိုသလိုပေါ်လာပြီး သရဲများဘာဖြစ်နေသည်ကို မမြင််နိုင်ခင်မှာပင် သရဲစစ်သားများမှာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်လဲကျ၍ စိတ်မချမ်းမြေ့စရာအော်ဟစ်နေကြသည်။
“ဖြန်း..ဖြန်း …..ဖြန်း”
“ဖြန်း..ဖြန်း …..ဖြန်း”
သရဲစစ်သားများ၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်ကျာပွတ်ရိပ်များက ဆက်တိုက်ဆိုသလိုပေါ်လာပြီး တစ်ယောက်ပြီးတစ်ယောက် စူးစူးဝါးဝါး အော်ဟစ်နေကြသော အသံတို့က ကောင်းကင်နှင့်မြေကြီးကိုပင် ကျော်လွန်ပဲ့တင်ထပ်နေ၍ သားသတ်အိမ်ကြီးတစ်ခုနှင့်ပင်တူနေသည်။
ရှစ်ဖုန့်က သူ၏ ကျာပွတ်နှင့်ရိုက်နှက်နေမှုကို ရပ်တန့်လိုက်ပြီး မြေပြင်ပေါ်တွင်လဲကာ အော်ဟစ်နေကြသော သရဲစစ်သားများအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူကပြောလိုက်သည်။
“မင်းတို့တွေ ဒီသာမန်သရဲတွေအပေါ် ကျာပွတ်တွေနဲ့ ရက်ရက်စက်စက်ရိုက်နှက်နေကြတဲ့ အချိန်မှာ တစ်နေ့ကျ မင်းတို့လည်းဒီလိုမျိုး ကျာပွတ်နဲ့ ရက်ရက်စက်စက်ရိုက်နှက်ခံရလိမ့်မယ်လို့ မတွေးခဲ့ကြဘူးလား”
“မင်း…အရှင် တစ္ဆေဘုရင်က မင်းကို လွှတ်ပေးမှာမဟုတ်ဖူး…တိရစ္ဆာန်ကောင်..သိပ်မကြာခင် အရှင်တစ္ဆေဘုရင်က မင်းကိုယ်ကို အပိုင်းပိုင်းဆုတ်ဖြဲပြီးတော့ မင်းအသွေးအသားတွေကို ကိုက်ဝါးပြီး ..မင်းရဲ့ဝိညာဉ်ကို ပျိုးထောင်လိမ့်မယ် အဲ့အချိန်ကျလာခဲ့ရင်….ငါမင်းကိုလုံးဝခွင့်လွှတ်မပေးဘူး”
သရဲစစ်သားတပ်မှူးက ရှစ်ဖုန့်အား ပြင်းထန်စွာ ဟစ်အော်လိုက်သည်။
ရှစ်ဖုန့်က သူ၏ကျာပွတ်ဖြင့် သူ့အား ပြင်းထန်စွာရိုက်နှက်မှုဖြင့်သာ တုန့်ပြန်လိုက်သည်။
“ဖြန်း”
“အား”
“ဒီအရှင်က တကယ့်ကို အကြင်နာမဲ့တဲ့သူပဲ”
သရဲတစ်ကောင်က သူ့ဘေးရှိ သရဲကို တီးတိုးပြောလိုက်သည်။
“ ဟုတ်တယ် ….ဟုတ်တယ်..အဲ့လိုက်ရိုက်တာကို ငါအရမ်းပျော်လိုက်တာကွာ အရမ်းကို စိတ်ကျေနပ်ဖို့ကောင်းလိုက်တာ”
“အကယ်၍ တစ္ဆေဘုရင်ဖြစ်တဲ့…အဲ့နတ်ဆိုးလည်း ဒီလိုမျိုး အရိုက်ခံရရင်….”
ထို့နောက်တွင် ရှစ်ဖုန့်က သူ၏ ငရဲဘုံကိုးခု ပညာရပ်ကို အသုံးပြုလိုက်သည်။ အနက်ရောင်ချပ်ဝတ်အတွင်းရှိ သရဲစစ်သားဆယ်ယောက်၏ ခန္ဓာကိုယ်တို့မှာ တွန့်လိမ်ကုန်သည်။ ထို့နောက်တွင် သူတို့သည် ဝမ်းနည်းကြေကွဲဖွယ် ဟစ်အော်နေကြ၏။ သူတို့အနေဖြင့် ခုခံနိုင်စွမ်းမရှိကြချေ။ သူတို့၏ ခန္ဓာကိုယ်များက အနက်ရောင်ချပ်ဝတ်အတွင်းမှ အဖြူရောင် မြူခိုအမျှင်စုလေးများအဖြစ် စုပ်ယူထုတ်ခြင်းခံလိုက်ရသည်။ အဖြူရောင်မြူခိုးမျှင်ဆယ်ခုက ရှစ်ဖုန့်၏ မျက်ခုံးနှစ်ခု အလယ်ဗဟိုသို့ လွင့်မျောလာသည်။ အဆင့်နှစ် ဝိညာဉ်ဆယ်ခုမှာ ရှစ်ဖုန့်၏ ရုတ်ချည်းဝါးမျိုမှုကိုခံလိုက်ရပြီး သရဲစစ်သားတပ်မှူးသာလျှင် ကျန်ရစ်နေခဲ့သည်။
သရဲစစ်သားတပ်မှူးမှာ သူ၏ အဖော်ဆယ်ယောက်တို့ ရှစ်ဖုန့်၏ ဝါးမျိုမှုကိုခံလိုက်ရပြီး မြေပြင်ပေါ်တွင် ကြမ်းကြုတ်သောဆူးချွန်များဖြင့်ဖုံးထားသည့် အနက်ရောင်ချပ်ဝတ် များသာ ကျန်ရစ်နေခဲ့သည်ကို တွေ့လိုက်ရသည်။ သူက ရှစ်ဖုန့်အား ခြောက်ခြားစွာကြည့်လိုက်ပြီး တုန်ယင်သော အသံဖြင့်မေးလိုက်သည်။
“မင်း…မင်းသူတို့ကို ဘာလုပ်လိုက်တာလဲ”
ရှစ်ဖုန့်က သရဲစစ်သားတပ်မှူးကိုကြည့်၍ သူ့ဟာသူပြောလိုက်သည်။
“ဒီအဆင့်နှစ်ဝိညာဉ်တွေကိုဝါးမျိုပြီးတော့ ဝိညာဉ်စွမ်းအားက အဆင့်လေးကိုတက်သွားပြီ…ဒီလောက်ဆိုရင်တော့ လုံလောက်သင့်ပါတယ်”
ရှစ်ဖုန့်က နောက်တစ်ကြိမ်ထပ်မံ၍ သရဲစစ်သားကို ကျာပွတ်ဖြင့်လွှဲယမ်းရိုက်နှက်လိုက်ပြီး ရှင်းလင်းပြီး ကြွပ်ဆပ်သော အသံကို ပဲ့တင်ထွက်ပေါ်စေလိုက်သည်။
“အား….”
“ငါ့ကိုပြောစမ်း…တစ္ဆေဘုရင်မှာ သရဲစစ်သားတွေ ဘယ်လောက်ထိရှိလဲ..သူတို့က ဘယ်နယ်ပယ်တွေလဲ”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ဖြန်း”
နောက်ထပ်ကျာပွတ်ရိုက်ချက်က ကျဆင်းလာသည်။ သရဲစစ်သားတပ်မှူးက သရဲများအား ဆက်ဆံသကဲ့သို့ ရှစ်ဖုန့်က စကားတစ်ခွန်းကျာပွတ်တစ်ချက်မျိုးဖြင့်
မေးသည်။
“မင်းတစ်ခြားသူတွေကို မွေးမြူရေး တိရစ္ဆာန်တွေလိုမျိုးဆက်ဆံမယ်ဆိုရင် မင်းလည်းအဲ့လိုပြန်ဆက်ဆံခံရဖို့အတွက်ပြင်ဆင်ထားသင့်တယ်..ဒါက မင်းသရဲတွေအပေါ် ဘယ်လောက်တောင်ယုတ်မာခဲ့သလဲဆိုတာပဲ”
“အာ..”
ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်နေရသည့်ကြားထဲတွင် သရဲစစ်သားတပ်မှူးက အလျှင်အမြန်ပြောလိုက်သည်။
“ကျွန်တော်ပြောပါ့မယ်..ကျွန်တော်ပြောပါ့မယ်….ကျွန်တော့်ကို ရိုက်နေတာ ရပ်ပါတော့”
“တစ္ဆေဘုရင်ရဲ့ အမိန့်အောက်မှာ သရဲစစ်သား ခုနှစ်ရာ့နှစ်ဆယ်ရှိပါတယ် ..နောက်ပိုင်းကျ သူတို့ထဲကအများစုဟာ တစ္ဆေဘုရင်ရဲ့တစ်ခြားနေရာကိုပို့ခံရတာဖြစ်နိုင်လောက်ပါတယ်..အခု ကျွန်တော်တို့ဆယ့်တစ်ယောက်အပါအဝင် တစ္ဆေဘုရင်ရဲ့ အမိန့်အောက်မှာ သရဲစစ်သား တစ်ရာ့သုံးယောက်ရှိပါတယ် ကျွန်တော့်လိုမျိုး အဆင့်လေးအဆင့် သရဲစစ်သား က လေးယောက်ရှိပြီး ကျန်တဲ့သူတွေကတော့ အဆင့်တစ်နဲ့ အဆင့်နှစ် သရဲစစ်သားများပဲဖြစ်ကြပါတယ်”
“ဟမ့် ..သူကတစ်ခြားနေရာတွေကို ပို့လွှတ်တယ်ဆိုတာက မင်းဘာကိုပြောတာလဲ …သူတို့က အသားတိုးဝက်တွေလိုဖြစ်လာလို့ မင်းတို့ တစ္ဆေဘုရင်ရဲ့ ဝါးမျိုတာကိုခံလိုက်ရတာ သောက်ရူးရ “
ရှစ်ဖုန့်က စကားပြောပြီးသည့်နောက်တွင် အကြင်နာမဲ့စွာ ကြာပွတ်ဖြင့် ထပ်မံ၍ ရိုက်နှက်လိုက်ပြန်သည်။
“အား”
“ပြောစမ်း ..ငါတို့ဒီနေရာကနေထွက်ဖို့ ဘယ်ကိုသွားရမယ်ဆိုတာ”
ရှစ်ဖုန့်က မေးလိုက်သည်။
“အား..ရိုက်နေတာရပ်ပါတော့ အဲ့အကြောင်းနဲ့ပက်သက်ပြီး ကျွန်တော် တကယ်မသိတာပါ ..ကျွန်တော်တို့ သရဲစစ်သားတွေက အဲ့အကြောင်းကို သိခွင့်မရှိပါဘူး ..အဲ့အရာက တားမြစ်ထားတဲ့ အရာတစ်ခုပါ ………ဒီနေရာက်နေ တိတ်တဆိတ်ထွက်ခွာပြီးတာ့ ပြင်ပကမ္ဘာဆီကိုသွားချင်ကြတဲ့ ညီကို အချို့ရှိခဲ့ပါတယ်…အရှင် တစ္ဆေဘုရင် က အဲ့အကြောင်းကိုသိသွားတဲ့အခါမှာ သူတို့ရဲ့ဝိညာဉ်တွေဟာ အရှင်လတ်လတ်ကို ခြေမွခံခဲ့ရပါတယ်”
ဆက်ရန်…
ဘာသာပြန်သူ -ARISE