အပိုင်း (၁၅၉)
Vol. 11 Ch. 159
“အရှင် ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ… ကျေးဇူးပြုပြီး ချမ်းသာပေးပါ ….ကျွန်တော့်ကိုထပ်ပြီးကျာပွတ်နဲ့ မရိုက်ပါနဲ့တော့….ကျွန်တော်ကလည်းတစ်ချိန်တုန်းက လူသားတစ်ယောက်ဖြစ်ခဲ့တဲ့သူပါ …ကျွန်တော်က ဒီနေရာကို မတော်တဆဝင်ရောက်ခဲ့မိတာပါ …တစ္ဆေဘုရင်က ကျွန်တော့််ကို ရက်ရက်စက်စက်နဲ့သတ်ပစ်ခဲ့ပြီး ကျွန်တော့်ရဲ့ အသွေးအသားတွေကို ကိုက်ဖြတ်စားသောက်ခဲ့ပါတယ်..”
သရဲစစ်သားတပ်မှူးက ရှစ်ဖုန့်ကို သနားညှာတာပေးပါရန် တောင်းပန်သည်။
“ဟမ့်…တိရစ္ဆာန်ကောင် မင်းလိုကောင်မျိုးက လူသားတစ်ယောက်လို ဝိညာဉ်တစ်ခုကိုပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး”
ရှစ်ဖုန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်တွင် သရဲစစ်သား တပ်မှူး၏ ဖြူဖျော့နေသော မျက်နှာမှာ ချက်ခြင်း ပုံပျက်တွန့်လိမ်ကုန်သည်။
“ဟင့်အင်း မလုပ်ပါနဲ့”
သရဲစစ်သားများ၏ တပ်မှူးမှ၏ စူးစူးဝါးဝါး ကျယ်လောင်စွာအော်ဟစ်သံထွက်ပေါ်လာ ပြီး သူ၏ မျက်နှာမှာ မမှတ်မိနိုင်တော့လောက်အောင်ပင် တွန့်လိမ်ကုန်သည်။ ထို့နောက်၌ယခင် သရဲစစ်သား ဆယ်ယောက်ကဲ့သို့ပင် အဖြူရောင်မြူခိုးမျှင်အဖြစ်သို့ပြောင်းလဲသွားပြီး ကြမ်းကြုတ်သော ဆူးထစ်များပါရှိသည့် အနက်ရောင်ချပ်ဝတ်အတွင်းမှ ဆွဲထုတ်ခံလိုက်ရသည်။ ၎င်းက ရှစ်ဖုန့်ထံသို့ လွင့်မျောလာပြီး ရှစ်ဖုန့်၏ မျက်ခုံးနှစ်ခုကြားအလယ်ဗဟိုသို့ ထိမှန်သွားသည်။ ထို့နောက်တွင် ရှစ်ဖုန့်၏ ဝိညာဉ်က ၎င်းအား လုံးဝဝါးမျိုလိုက်၏။
ရုတ်တရက် ရှစ်ဖုန့်မှာ သူ၏ ဝိညာဉ်အတွင်းမှ အားသစ်လောင်းလန်းဆန်းမှုခံစားချက်ကို ခံစားလိုက်ရသည်။တတိယအဆင့် သရဲစစ်သား၏ ဝိညာဉ်ကိုဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားမှာ တတိယအဆင့် စိတ်ဝိညာဉ်အဆင့်မှ စတုတ္ထအဆင့်
ဘုရင်နယ်ပယ်သို့ တက်လှမ်းသွားခဲ့သည်။
“တစ္ဆေဘုရင် တောင်ကုန်း “
ရှစ်ဖုန့်က အရိုးများရှိရာဦးတည်ချက်ဘက်ကိုလှမ်း၍ကြည့်လိုက်သည်။ သူဤနေရာမှ ထွက်သွားချင်သည်ဆိုလျှင် သူ့အနေဖြင့် တစ္ဆေဘုရင် တောင်ကုန်းသို့ သွားရမည့်ပုံပေါ်သည်။ထိုသည်မှာလည်း ကောင်းမွန်သော အရာတစ်ခုသာဖြစ်သည်။ သူ့အနေဖြင့် ဘာပဲဖြစ်ဖြစ် တစ္ဆေဘုရင်အား အပြစ်ပေးရန် စီစဉ်ထားခဲ့ပြီးဖြစ်လေသည်။
ဆဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ် ဝိညာဉ်မှာ လက်ရှိသူ့အတွက် အားဆေးဖြစ်သော အထူးဝိညာဉ်တစ်ခုပင်ဖြစ်သည်။ ထို့အပြင်ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် ဝိညာဉ်စစ်စားများလည်းရှိနေသေးသည်။
ထို့နောက်တွင် ရှစ်ဖုန့်မှာ မြေပြင်ပေါ်၌ဒူးထောက်နေကြသော သရဲများကိုကြည့်လိုက်ပြီးပြောလိုက်သည်။
“မင်းတို့အားလုံးထွက်သွားလို့ရပြီ”
ရှစ်ဖုန့်၏ ရှေ့တွင် ဒူးထောက်နေသော သက်လတ်ပိုင်းအရွယ် သရဲတစ်ကောင်က လေးလေးနက်နက်ဂါရဝပြု၍ သူ့ကိုပြောလိုက်သည်။
“အရှင်သင်က အံ့ဖွယ် အာဂ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့သူပါ ….သင့်ကြောင့် သရဲစစ်သားတွေ ဖျက်ဆီးခံလိုက်ရတယ်ဆိုပေမဲ့..သရဲယုတ်တွေရဲ့ ခေါင်းဆောင်ဖြစ်သူ တစ္ဆေဘုရင်ဟာ အသက်ရှင်နေပါသေးတယ် …သူ့ရဲ့ အမိန့်ပေးမှုအောက်မှာ သရဲပေါင်းများစွာလည်း ရှိနေပါတယ်…. သင့်ရဲ့စွမ်းရည်တွေကိုထပ်မံအသုံးပြုပြီးတော့ တစ္ဆေဘုရင်နဲ့ ယုတ်မာမှုမျိုးစုံကိုကျူးလွန်ခဲ့ကြတဲ့ သရဲစစ်သားအပေါင်းကို ဖျက်ဆီးပေးဖို့ အနူးအညွတ်ကို တောင်းပန်ပါတယ်”
“ကျေးဇူးပြုပြီး သင့်ရဲ့စွမ်းရည်တွေကို ထပ်မံအသုံးပြုပြီးတော့ တစ္ဆေဘုရင်ကို ဖျက်ဆီးပေးပါ”
သူ၏ နောက်တွင်ရှိနေသော သရဲအပေါင်းက ပြိုင်တူတုန့်ပြန်လိုက်ကြပြီး ရှစ်ဖုန့်အား ဂါရဝပြုတုန့်ပြန်လိုက်ကြသည်။
သရဲများ၏ ဤကဲ့သို့ အချင်းအရာအား မြင်တွေ့လိုက်ရသော အခါတွင် ရှစ်ဖုန့် က အထင်သေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“မင်းတို့တွေက လုံးဝအကြံသမားတွေပဲ…မင်းတို့က ငါ့ကို တစ္ဆေဘုရင်နဲ့ ရင်ဆိုင်ခိုင်းချင်တယ်…ငါ့ရဲသေခြင်းက မင်းတို့နဲ့ ဘာမှကို မဆိုင်တာကြောင့် ငါသာသေသွားခဲ့ရင် မင်းတို့ မင်းတို့ကံတရားအတိုင်း ဆက်ပြီး လက်သင့်ခံကြမယ်
..အကယ်၍များ ငါကသာ တစ္ဆေဘုရင်ကို သတ်နိုင်ရင်တော့ မင်းတို့တွေအတွက် လုံးဝလွတ်မြောက်သွားမယ်..ဟုတ်တယ်မလား”
“အရှင် ကျွန်တော်တို့ …”
သက်လတ်ပိုင်းအရွယ် သရဲမှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားပြီး စကားမပြောနိုင်ပေ။ ဤသရဲများအနေဖြင့် ယခင်က ထိုကဲ့သို့ တကယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်သာ အကယ်၍ သရဲစစ်သားများကို နှိမ်နင်းနိုင်ခဲ့လျှင် သူတို့အနေဖြင့် သူ့အား တစ္ဆေဘုရင်အား သွားရောက်၍ ဖျက်ဆီးရန် ဖျောင်းဖျကြလိမ့်မည်ဖြစ်သည်။ တစ္ဆေဘုရင် ကြောင့်သူပြန်ပြီး ဖျက်ဆီးခံလိုက်ရလျှင်ပင်သူတို့အနေဖြင့်ထိုကိစ္စအား ဘာမှမဖြစ်ပျက်ခဲ့သလို ဆက်နေကြလိမ့်မည်သာဖြစ်သည်။ သူတို့၏ ကံကြမ္မာတရားက ထိုကဲ့သို့ ဖြစ်ပြီးသားပင်ဖြစ်လေသည်။
ထိုထက်ပိုသည်ကား တစ္ဆေုဘုရင်၏ ခွန်အား စွမ်းပကားဖြင့်ဆိုလျှင် ဤပုဂ္ဂိုလ်တကယ်ကြီး တစ္ဆေဘုရင် တောင်ကုန်းကိုသွားခဲ့လျှင်တောင် တစ္ဆေဘုရင် သုတ်သင်ခံရနိုင်သော အခွင့်အရေးက အရမ်းမမြင့်မားဟု သူတို့အားလုံး ခံစားခဲ့ရသည်ဖြစ်သည်။ ဤပုဂ္ဂိုလ်၏ အရိုးများ တစေ္ဆဘုရင်၏ အပိုင်းပိုင်းဆုတ်ဖြဲခံရပြီး သူ၏အသွေးအသားတို့အား ဝါးမျိုခံရမည်ကပင် ပို၍ ဖြစ်နိုင်သေးသည်။
“ကောင်းပြီ …မင်းတို့အားလုံး အခုထွက်သွားကြ ..မင်းတို့တွေငါ့ကိုလာပြီး ဘာလုပ်ပါညာလုပ်ပါ သင်ပေးစရာမလိုဘူး”
ရှစ်ဖုန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရှစ်ဖုန့်က သူ၏ ဝိညာဉ်စွမ်းအားကိုထုတ်လွှတ်လိုက်ပြီး ပြင်းထန်လှသော ဝိညာဉ်ဖိအားကြောင့် သရဲများ၏ ဖြူဖျော့နေသော မျက်နှာများမှာ ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားရသည်။၎င်းတို့မှာ ထိန့်လန်တုန်လှုပ်စွာဖြင့် ဦးတည်ချက်အနှံ့သို့ ပျံသန်းထွက်ပြေးသွားကြသည်။
ထိုအချိန်တွင် ရှစ်ဖုန့်မှာ ယခင်က ဇီယာဆီကိုလာခဲ့သော သရဲမလေးကိုထပ်မံ၍ တွေ့လိုက်ရသည်။ ရှစ်ဖုန့်က သူမကို အေးစက်စွာကြည့်လိုက်သည်။
“အား..”
သရဲမလေးက နာကျင်စွာဖြင့် အလျင်အမြန်ပျံသန်းသွားသည်။
“ရှင်က အရမ်းကိုကြမ်းတမ်းတာပဲ…ရှင်သူတို့အားလုံးကို အဝေးကို ခြောက်လွှတ်လိုက်တယ်”
ဇီယာက ရှေ့သို့လျှောက်လှမ်းလာပြီး ရှစ်ဖုန့်ကို ပြောလိုက်သည်။ ဖြူစင်ပြီးကြင်နာတတ်သော ဤမြွေလူသားမလေးမှာ ဤသရဲများ၏ အတွေးများကို သိနေခြင်းမရှိပေ။
“မင်းမြင်ခဲ့ရတဲ့ ဒီသနားစရာသူတွေအားလုံးဟာ တကယ့်ကိုမုန်းစရာကောင်းတဲ့သူတွေကြီးပဲ”
ရှစ်ဖုန့်က ပြောလိုက်သည်။ ထို့နောက်တွင် သူက ဤကိစ္စတစ်ခုအား တစ်ဝဲလည်လည်မဖြစ်ချင်တော့ပဲ ဇီယာကိုပြောလိုက်သည်။
“ငါ တစ္ဆေဘုရင် တောင်ကုန်းကိုသွားအုံးမယ်..မင်းငါ့ကို ဒီမြို့ထဲမှာပဲနေပြီးတော့စောင့်နေ..ဒီနေရာကနေထွက်သွားသွားလို့ရတဲ့လမ်းကိုရှာတွေ့ရင် ငါမင်းကိုပြန်ပြီးလာခေါ်မယ်”
“ကျွန်မလည်းသွားမယ်..ကျွန်မရှင့်ကိုကူညီနိုင်တယ်”
ဇီံယာက ပြောလိုက်သည်။
“မလိုဘူး”
ရှစ်ဖုန့်က ငြင်းဆန်လိုက်သည်။
“မင်းငါ့ကို မကူညီနိုင်ဘူး..မင်းဆီးလ်ကိုဖြေလိုက်မယ်ဆိုရင်တောင်မှ အတူတူပဲဖြစ်လိမ့်မယ် မင်း ငါ့ကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတာပဲ အဖက်တင်လိမ့်မယ်”
“အဲ့သလိုလား……..ဒါဆိုလည်းဂရုစိုက်ပါ ….ကျွန်မရှင့်ကို ဒီနေရာကနေစောင့်နေမယ်..”
ဇီယာက စိုးရိမ်မှုအထင်းသားမျက်နှာဖြင့် ပြောလိုက်သည်။
“ကောင်းပြီ”
ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက်တွင် သူက ယင်မိစ္ဆာကိုစိတ်ဖြင့် ဆက်သွယ်မှုပြုလုပ်လိုက်ပြီး မြေကြီးအတွင်းသို့ နစ်မြုပ်ဝင်သွားသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ဇီယာ၏ ရှေ့မှာ ပျောက်ကွယ်သွားခဲ့သည်။
ယင်မိစ္ဆာ၏ အထူးစွမ်းရည်အကူအညီဖြင့် အရိုးနယ်မြေမရောက်ခင်အထိ မြေအောက်မှသွားလိုက်သည်။ ထို့နောက်သူသည် မြေပြင်ထက်တွင် ပြန်လည်၍ ပေါ်လာသည်။
အကွာအဝေးတစ်ခုအတွင်းရှိ အဆုံးမရှိပြန့်နှံ့နေသော အဆုံးမဲ့ အရိုးပုံကြီးကို ကြည့်ရင်း ရှစ်ဖုန့် သရော်ပြုံးပြုံးလိုက်သည်။ သက်ရှိများစွာ၏ အရိုးပေါင်းများစွာက သူ့အတွက် ငရဲဘုံကိုးခု အသင်္ချေအရိုး အစီအရင်ကို ပြင်ဆင်ရန်အတွက်လုံလောက်သင့်သည်
ဖြစ်သည်။
ထို့နောက်တွင် ရှစ်ဖုန့်က သူ့ရှေ့ရှိ အရိုးစုပုံကြီးဆီသို့ လျှောက်သွားလိုက်သည်။ သူ၏လက်တို့တွင် ဆီးလ်တံဆိပ်လက်သင်္ကေတများ စတင်ဖြစ်ပေါ်လာသည်။ ထူးဆန်းပြီးဆန်းကြယ်လှစွာဖြင့်တွန့်လိမ်နေပြီး ဖားလောင်းသဏ္ဍန် စားလုံးများက ရှစ်ဖုန့်၏ကိုယ်မှ အစီအရီ ပျံသန်းထွက်လာပြီး သူ၏ ပတ်ပတ်လည်တွင် ကခုန်နေသည်။ ထို့နောက်တွင် ရှစ်ဖုန့်၏ ပတ်ဝန်းကျင်ရှိ အရိုးများကလည်း လေထဲတွင်စတင်လွင့်မျောလာပြီး ထိုဖားလောင်းသဏ္ဍန် တွန့်လိန်နေသော စာလုံးများကဲ့သို့ ကခုန်နေကြသည်။
အဖြူရောင်အရိုးကွင်းပြင်ကြီးပေါ်တွင် တွန့်လိမ်နေသော အဖြူရောင်စာလုံးမျာက ပို၍ပို၍ များပြားလာသကဲ့သို့ အဖြူရောင်အရိုးများကလည်း လေထဲတွင်ပို၍ပို၍ လွင့်မျောလာသည်။ ရှစ်ဖုန့်အား အလယ်ဗဟိုပြုကာ အဖြူရောင်စာလုံးများက ဦးတည်ချက်အနှံ့သို့ လျှင်မြန်စွာပျံ့နှံ့ထွက်သွားသည်။၎င်းတို့က အရမ်းကို သိပ်သည်းထူထပ်စွာဖြင့် ကောင်းကင်ကိုဖုံးအုပ်နေပြီး အရိုးများက ပို၍ပို၍ လေထဲတွင် လွင့်မျောလာကြသည်။
ထို့နောက်တွင် ရှစ်ဖုန့်၏ ဆီးလ်တံဆိပ် လက်သင်္ကေတများထပ်မံပြောင်းလဲလာသည်။ ပြင်းထန်သော အဖြူရောင်အရိုးလေပွေကြီးက ရုတ်တရက် လုံးဝကိုပျောက်ကွယ်သွားသည်။ ကောင်းကင်ထက်တွင်ပြည့်နှက်နေသော အဖြူရောင်အရိုးများနှင့် အဖြူရောင် စာလုံးများလည်း လုံးဝပျောက်ကွယ်သွားသည်။ မူလက အဖြူရောင်အရိုးများပြည့်နှက်ဖုံးအုပ်နေသော မြေပြင်မှာ ခြောက်သွေ့ပြီး အက်ကွဲနေသော အနက်ရောင်မြေပြင်အဖြစ်ပြန်
ပြောင်းသွားသည်။
ရှစ်ဖုန့်က တင်ပျဉ်ခွေထိုင်ပြီး စတင်၍ စောင့်ဆိုင်းနေလိုက်သည်။ တစ်ချိန်တည်းတွင် ကောင်းကင်နှင့်မြေကြီးကြားရှိ သာလွန်ပြင်းထန်သော ယင်ချီများကို စတင်စုပ်ယူပြီး ကျင့်ကြံမှုကို စတင်လိုက်သည်။
ဤတစ်ကြိမ်တွင် အချိန်တော်တော်လေးကြာပြီးသည့်တိုင်အောင် နောက်ဆုံးတစ်ကြိမ်ကသူအာရုံခံမိခဲ့သော အေးစက်ပြီးစွမ်းအားကြီးသည့် ရောင်ဝါက ပေါ်မလာသေးသည်ကို ရှစ်ဖုန့် တွေ့လိုက်ရသည်။ သို့သော် ရှစ်ဖုန့်အနေဖြင့် စိုးရိမ်နေခြင်းမရှိပေ။ သူပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။ တစ်ခြားတစ်ဖက်မှ အဖွဲ့မှာ မကြာခင်သို့မဟုတ် နောက်ကြပေါ်လာလိမ့်မည်သာဖြစ်သည်။ ထိုထက်ပိုသည်ကား အစောပိုင်းက သူ့ကြောင့်ဖြစ်ပွားခဲ့သော လှုပ်ရှားမှုကြီးအား တစ်ခြားဖက်မှ သေချာပေါက်အာရုံခံမိလိမ့်မည်သာဖြစ်သည်။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် သရဲတစ်ရာကျော်ချည်းကပ်လာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ၎င်းတို့ထဲမှအများစုမှ ပထမအဆင့်၊ဒုတိယနှင့် တတိယအဆင့်များဖြစ်ကြသည်။ သူတို့ကြားထဲရှိ အစွမ်းထက်ဆုံးသောသူမှာ အထွတ်အထိပ် ပဉ္စမအဆင့် ပင်ဖြစ်သည်။
“ပဉ္စမအဆင့် အထွတ်အထိပ်လား”
ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်သည်။ သူ့အနေဖြင့် အရိပ်စစ်သားတပ်မှူးထံမှ ပဉ္စမအဆင့်အထွတ်အထိပ် သရဲများရှိသည်ဟု မကြားခဲ့ရပေ။ ၎င်းမှာ ပဉ္စမအဆင့် အထွတ်အထိပ် ဝိညာဉ်တစ်ခုသာဖြစ်သည်။ နောက်ထပ်အန္တရာယ်ရှိနိုင်သော အရာထပ်မံ၍ ရှိမနေချေ။ ၎င်းမှာကြီးမားသော အထောက်အပံ့ပစ္စည်းတစ်ခုခုကို သူ၏ ဝိညာဉ်စွမ်းအားတွင် ပေါင်းထည့်ထားခြင်းဖြစ်လိမ့်မည်ဖြစ်သည်။ သို့သော်ရှစ်ဖုန့်အနေဖြင့် ဆဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ် ဖြစ်သည့် အေးစက်ပြီး စွမ်းအားကြီးသော ရောင်ဝါပိုင်ရှင် တစ္ဆေဘုရင်မှာပေါ်မလာသေးသည်ကို အာရုံခံမိသည်ဖြစ်သည်။
ရှစ်ဖုန့်မှာ ဤ ငရဲဘုံးကိုးခု အသင်္ချေအရိုးအစီအစဉ်ကို စီစဉ်ပြီး စောင့်ဆိုင်းနေခြင်းမှာ တစ္ဆေဘုရင်လာရန်အတွက်ပင်ဖြစ်သည်။ အကယ်၍ တစ္ဆေဘုရင်သာ မလာခဲ့လျှင် နှမြောစရာပင်ဖြစ်လေသည်။
ရှစ်ဖုန့်က ဆက်လက်၍ တိတ်ဆိတ်စွာထိုင်နေလိုက်သည်။ သိပ်မကြာခင် နက်မှောင်သောချပ်ဝတ်များကိုဝတ်ဆင်
ထားသည့် သရဲပေါင်းများစွာက သူ၏ရှေ့တွင်ပေါ်လာသည်။
ဆက်ရန်….
ဘာသာပြန်သူ- ARISE