ဆွဲဆောင်မှုရှိသော ခေတ်သစ်သမီးပျို မိန်းမလှလေးများ
Vol. 47 Ch. 653
ကြယ်ရောင်များ ဖြာကျနေသော ကန်ရေမျက်နှာပြင်သည် အရောင်တလက်လက် တောက်ပလျက်ရှိသည်။ သစ်ပင်များ၏အရိပ်သည် ကန်ရေမျက်နှာပြင်တွင် ထင်ဟပ်နေပြီး အဝေးဆီက သင်းပျံ့အေးစက်သော ဇီးပန်းရနံ့အား ခပ်ဖျော့ဖျော့ ရနေသည်။ အင်ဒီသည် ထန်ရှု၏ရည်ရွယ်ချက်ကို အရိပ်အခြည်ပင် မသိခဲ့သော်ငြား သူမသည် သူ၏စကားကို နားထောင်ဆဲဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏အသားအရေထက်တွင် အေးမြသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
"ဟမ်…"
မျက်လုံးမှိတ်ထားရုံရှိသေးသော အင်ဒီသည် ပြန်ဖွင့်လိုက်ပြီး အလန့်တကြားဟန်လေးဖြင့် "ဒီနေရာက ကြယ်တာရာထက် ကျွန်မရဲ့ ကျင့်ကြံမှုအပေါ် ပိုမိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတစ်ခု ရှိနေတယ် သူဌေး။ ဒီနေရာရဲ့ကမ္ဘာ့စိတ်ဝိညာဉ်ချီက ပါးပါးလေး မဟုတ်ဘဲ အဆပေါင်းများစွာ ပိုသိပ်သည်းတယ်လို့ ကျွန်မ ခံစားရတယ်။"
"မင်း ပြောတာ မှန်တယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"ဒီမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်က ကြယ်တာရာထက် အဆပေါင်းများစွာ ပိုကြွယ်ဝတယ်။ ဒါကြောင့် သစ်တောထူထပ်တဲ့တောင်ရဲ့ ဒီအပိုင်းမှာ ကျင့်ကြံတာက ကြယ်တာရာမှာ ကျင့်ကြံတာထက် အဆပေါင်းများစွာ ပိုမြန်လိမ့်မယ်။ နောက်ပြီး မင်းတို့ကို ငါ ခေါ်သွားမယ့်နေရာကနေ မင်းတို့တွေ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလိမ့်ဦးမယ်။"
အင်ဒီက တောက်ပသော မျက်လုံးများဖြင့် ပြန်ဖြေလာသည်။
"သူဌေးက ငါတို့အတွက် အကောင်းဆုံးဆိုတာကို သိပါတယ်။ သူဌေး သိလား … ရင်ရင်က အရမ်းချောပြီး ရှောင်ဟန်က အရမ်းချစ်ဖို့ ကောင်းတယ်။ ကျွန်မကလည်း ချစ်စရာ နှစ်သက်စရာ ကောင်းတယ်လေ။ ဒါကြောင့် သူဌေး … ရင်ရင်နဲ့ ရှောင်ဟန်ကို ပြောထားပေးဦး။ ကျွန်မကို ဆရာကတော်လို့ ခေါ်ဖို့လေနော် သူဌေး…”
ခွိ ... ဟားဟားဟား…။
ခန်းရှ မအောင့်နိုင်တော့ဘဲ ရယ်မောမိတော့သည်။
ထန်ရှု ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး အင်ဒီကို မျက်လုံးသာ လှန်ကြည့်မိလိုက်တော့သည်။သူမ၏ အတွေးများသည် အလွန်လွတ်လပ်ပြီး ဤကဲ့သို့သော အမျိုးသားနှင့်အမျိုးသမီးကြားဆက်ဆံရေး အကြောင်းအရာများထိ ခုန်ကျော်သွားလိမ့်မည်ဟု သူ နည်းနည်းလေးမျှ မမျှော်လင့်ထားမိပေ။
"ကောင်းပြီ … ထမင်းအရင်စားရအောင်။" ထန်ရှုက ပြောလိုက်သည်။ ပြီးတော့ သူက အသားကင်ရန်ပစ္စည်းများ၊ မီးသွေး၊ ညှပ်များ၊ အသားကင်ရန် ဟင်းခတ်အမွှေးအကြိုင်များနှင့် ကြိုတင်ပြင်ဆင်ထားသော အသားများကို လက်စွပ်ထဲက ထုတ်လိုက်သည်။ ခန်းရှနှင့် အင်ဒီတို့၏ အူတူတူ ဖြစ်နေပြီး ကူကယ်ရာမဲ့ဟန်အမူအရာများကို မြင်လိုက်ရသောအခါ သူက မချိပြုံး ပြုံးလိုက်ရင်း "မင်းတို့နှစ်ယောက် အရင်က အသားကင်ကို ကိုယ်တိုင် မလုပ်ဖူးဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။"
“ဟင့်အင်း … ငါတို့ မလုပ်ဖူးဘူး။” အမျိုးသမီး နှစ်ယောက်က ခေါင်းခါပြီး တညီတညွတ်တည်း ပြန်ပြောကြသည်။
ထန်ရှုက စိတ်အတွင်းထဲမှ တိတ်တဆိတ် အားတင်းပြုံးလိုက်ရပြီး သူ၏လက်ကို ဝှေ့ယမ်းကာ "ကောင်းပြီ။ မင်းတို့ နှစ်ယောက် ထမင်းစားချိန်အထိ စောင့်ဦး။"
ထို့နောက် အသားကင်လုပ်ရန်တာဝန်အား ထန်ရှုသာ ယူလိုက်ရပြီး မီးသွေးမီးမွှေးခြင်း၊ အသားများကို ညှပ်ကာ အကင်ဗန်းပေါ် တင်ခြင်းများ ပြုလုပ်သည်။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်မျိုးစုံထည့်ပြီး အသားများ ကျက်လာသည်အထိ သူ စောင့်လိုက်သည်။ ကျက်သွားသောအခါ အမျိုးသမီးနှစ်ဦးနှင့် ကလေးနှစ်ယောက်သည် ဗိုက်ပြည့်သည့်အထိ အားပါးတရ စားသောက်ကြသည်။
အစားအသောက်များ စားသောက်ကြပြီးနောက် လုံလောက်စွာ အနားယူပြီးသောအခါ ထန်ရှုသည် ပစ္စည်းအားလုံးကို သူ့လက်စွပ်ထဲ ပြန်ထည့်သိမ်းလိုက်ပြီး ခရီးဆက်ခဲ့ကြသည်။ နှစ်နာရီကျော်ကြာပြီးနောက် သူတို့သည် ကျောက်တုံးအစီအရင်၏အပြင်ဘက်သို့ နောက်ဆုံး ရောက်လာခဲ့ကြပြီး ထန်ရှုသည် ထိုအထဲသို့ မဝင်မီ အတူလာသော ၄ယောက်အား ထပ်ခါတလဲလဲ သတိပေးခဲ့သည်။
"ဆရာသခင် … ဒီနေရာက ကမ္ဘာ့စိတ်ဝိညာဉ်စွမ်းအင်က အရမ်းများတာပဲ။" ကျောက်တုံးအစီအရင်ထဲသို့ ဝင်လိုက်စဉ်တွင် ၎င်းတို့၄ယောက်အနက်မှ ကျင့်ကြံမှု အမြင့်ဆုံးဖြစ်သော ဂူရင်သည် အံ့သြတကြီး ပြောလာသည်။
"ရင်ရင်က အရမ်းတော်တယ်။ မမျှော်လင့်ဘဲ ပိုင်းခြားသိမြင်နိုင်တာပဲ။" ထန်ရှုက ချီးကျူးလိုက်သည်။ "ဒီစမ်းချောင်းကို တစ်ချက်ကြည့်။ အဲ့ဒါ ကမ္ဘာသွေးကြောရဲ့ စိတ်ဝိညာဉ်စမ်းချောင်းလေ။ မင်းတို့ကို ဒီနေရာကို ခေါ်လာရတဲ့ ရည်ရွယ်ချက်က အဲ့ဒီစမ်းချောင်းထဲမှာ မင်းတို့ ကျင့်ကြံနိုင်ဖို့ပဲ။ ဒီစမ်းချောင်းထဲမှာဆိုရင် မင်းတို့ရဲ့တိုးတက်မှုက သိသိသာသာကို တိုးတက်သွားလိမ့်မယ်လို့ ငါ အာမခံတယ်။"
"ဒါပေမယ့် ဆရာသခင် … လူ့ခန္ဓာကိုယ်က သွေးကြောမှတ်တွေရဲ့ နေရာနဲ့ မရီဒျာန်တွေရဲ့ လမ်းကြောင်းအကြောင်း ကျွန်တော့်ကို သင်ပေးထားခဲ့ပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ချီစီးဆင်းမှုကို အာရုံမခံစားမိသေးဘူး။ ကျွန်တော်လည်း ဒီမှာ ကျင့်ကြံလို့ရပါ့မလား။"
ထန်ရှောင်ဟန်က တခဏ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
"မင်း အခုထိ ချီစီးဆင်းမှုကို မခံစားနိုင်သေးရင်လည်း အဆင်ပြေပါတယ်။ ငါ သင်ပေးခဲ့တဲ့ နည်းလမ်းအတိုင်း စိတ်ဝိညာဉ်စမ်းချောင်းအတွင်းမှာ ကျင့်ကြံနေသမျှ အချိန်တိုအတွင်း မင်း သေချာလုပ်နိုင်သွားမှာပါ။" ထန်ရှုက မဆိုင်းမတွ ဖြေလိုက်သည်။
"ဒါဆိုလည်း ကောင်းပါပြီ။" ထန်ရှောင်ဟန်က ခေါင်းညိတ်သည်။
ထန်ရှုက သူတို့လေးယောက်ကို ကြည့်ပြီး စကားဆိုလိုက်သည်။
“မင်းတို့ရဲ့အဝတ်တွေအားလုံးကို ချွတ်ပြီးရင် ဒီစိတ်ဝိညာဉ်စမ်းချောင်းထဲ ဝင်စိမ်ပြီး ငါ ပေးထားတဲ့ ကျင့်ကြံနည်းစနစ်အတိုင်း စတင်ကျင့်ကြံကြပါ။”
"ဘာရီး..."
ခန်းရှသည် ထန်ရှုကို အံ့အားသင့်စွာ ကြည့်နေသကဲ့သို့ အင်ဒီပင်လျှင် အထိတ်တလန့် အော်မိလေချေပြီ။ သူမ၏ချစ်စရာကောင်းသော မျက်နှာလေးမှာ နီရဲနေပြီး မိန်းမငယ်လေး ဂူရင်တောင်မှ အတန်ငယ် စိတ်မသက်မသာ ဖြစ်နေဟန်ရသည်။
"ဟေး … ငါ မင်းတို့ကို အခွင့်ကောင်းယူချင်နေတာ မဟုတ်ဘူးနော် ကောင်မလေးတွေ…" ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။
"မင်းတို့ရဲ့ ကျင့်ကြံမှုမှာ ဘာမှလွဲချော်တာ မဖြစ်အောင် ငါ ဒီမှာ နေပေးမှရမယ်။ စိတ်ဝိညာဉ်စမ်းချောင်းထဲ မင်းတို့ ဝင်စိမ်တဲ့အခါ အန္တရာယ်တွေ ရှိတယ်ဆိုတာ မင်းတို့အားလုံး မသိကြပေမယ့် ကျင့်ကြံမှုစတင်တာနဲ့ မင်းတို့ နားလည်လာလိမ့်မယ်။ မှတ်ထားပါ … စိတ်ဝိညာဉ်စမ်းချောင်းထဲ ကျင့်ကြံတာက အရမ်း နာကျင်လိမ့်မယ်။ ဒါပေမယ့် မင်းတို့ အဲ့ဒါကို ခံနိုင်ရည်ရှိရမယ်။ မင်းတို့ရဲ့မရီဒျာန်တွေ ဖောင်းကားလာတယ်လို့ ခံစားရတာနဲ့ ကျင့်ကြံတာကို ချက်ချင်း ရပ်ပြီး စိတ်ဝိညာဉ်စမ်းချောင်းကနေ ထွက်ရမယ်။”
ခန်းရှနှင့်အင်ဒီတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်ဆုံးမှာတော့ စကားမဆိုကြဘဲ ခေါင်းညိတ်ပြလိုက်ကြသည်။ ခန်းရှသည် အင်ဒီ၏အတွေးများကို သတိပြုမိသည်။ အင်ဒီသည် ထန်ရှုနှင့် ဆုံတွေ့ပြီးကတည်းက နေ့တိုင်း သူ့အကြောင်းကို ပြောဆိုနေပေရာ ထန်ရှုကို သူမ ကြိုက်နေကြောင်း အရူးတစ်ယောက်ပင် သိနိုင်သည်။
အင်ဒီသာ ထိုယောက်ျားကို သဘောကျပါက ခန်းရှသည် မည်သည့်အခါမှ စိတ်အနှောက်အယှက်ဖြစ်မည် မဟုတ်ပေ။ ထန်ရှုသည် သူမ၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူမသည် သူ၏အမျိုးသမီးလေးသာ ဖြစ်သည်။ သို့သော် အားလုံးပြောပြီးဆိုပြီးချိန်တွင် ထန်ရှုသည် နောင်အနာဂတ်တွင် သူမကဲ့သို့ အမျိုးသမီးတစ်ဦးတည်းသာ ရှိမည်မဟုတ်သည်မှာ သူမ နားလည်သဘောပေါက်လွန်းအားကြီးသွားခဲ့သည်။ ထန်ရှုအား မျက်စိကျနေသော အမျိုးသမီးများစွာ ရှိကြပြီး ထိုအမျိုးသမီးများသည်လည်း သူမကဲ့သို့ ပြီးပြည့်စုံသော အမျိုးသမီးမျိုးလည်း ဖြစ်ကြသည်။
တကယ်လို့များ ... အနာဂတ်တွင် ထန် ရှုမှာ တခြားမိန်းမတစ်ယောက် ရှိလာခဲ့မည်ဆိုပါက အင်ဒီ့ကိုသာ ထိုမိန်းမ ဖြစ်ခွင့်ပေးလိုက်ခြင်းသည် ပိုသင့်တော်ပေမည်။ အနည်းဆုံးတော့ သူမနှင့်အင်ဒီသည် ညီအစ်မများသဖွယ် ဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် ကောင်းမွန်စွာ ဆက်ဆံနိုင်ပေလိမ့်မည်။
"ဒီလိုဆိုမှတော့ ဒီအဝတ်အစားတွေကို ချွတ်ရတော့မှာပဲ။"
ခန်းရှသည် အင်ဒီအား ခေါင်းညိတ်ပြပြီး သူမ၏အဝတ်အစားများကို စတင်ချွတ်လိုက်သည်။ နူးညံ့ဖြူဝင်းသော ခန္ဓာကိုယ်ကောက်ကြောင်းသည် ထန်ရှု၏ရှေ့မှောက်တွင် လုံး၀ အဝတ်ဗလာဖြင့် လှစ်ဟလာခဲ့သည်။ ထိုခန္ဓာကိုယ်အလှလေးထက်တွင် တစ်ချိန်က 'ချစ်ရည်လူးခြင်းများ' ပြုလုပ်ခဲ့သည့်တိုင် ထိုအလှလေးကို မြင်တွေ့နေရသော ထန်ရှုသည် ၎င်း၏ဝမ်းဗိုက်အောက်ပိုင်း၌ ပူပြင်းလာပြီး စိတ်အားထက်သန်မှုသဲ့သဲ့ကို ခံစားနေရဆဲဖြစ်သည်။
အင်ဒီကလည်း သူ့အား အံ့အားသင့်စေသည် ။သူမသည် ခန်းရှထက် စက္ကန့်အနည်းငယ်သာ နှေးကွေးပြီး သူမ၏ အဝတ်အစားများအားလုံးကို ချွတ်ကာ တစ်ကိုယ်လုံး အလှအား ပေါ်လွင်နေစေသည်။ ချစ်စဖွယ် မျက်နှာလေးသည် အတန်ငယ် ရှက်ရွံ့နေပြီး ထန်ရှု၏အရှေ့တွင် မတ်တပ်ရပ်ရန် တုန်လှုပ်နေမိသည်။ "သူဌေး … ကျွန်မခန္ဓာကိုယ်တစ်ခုလုံးကို ရှင် တွေ့ပြီးသွားပြီမို့ နောင်အနာဂတ်မှာ ကျွန်မ … ကျွန်မ ရှင့်မိန်းမ ဖြစ်မှရတော့မယ်။ သူဌေး … ကျွန်မ … ကျွန်မကို မလိုချင်ဘူးဆိုရင် ကျွန်မ ... ကျွန်မ ငိုပြီး စိတ်ဆိုးမိမှာပဲ။"
အင်ဒီ၏ဖြူဝင်းနေသောခန္ဓာကိုယ်ကို ကြည့်ရင်း ထန်ရှုသည် သူမ၏ရင်ဘတ်ပေါ်ရှိ အဖြူရောင်ပေါက်စီလုံးများကြောင့် အတော်ပင် တုန်လှုပ်သွားရသည်။ ထိုပေါက်စီလုံးများသည် ဖွံ့ထွားကြီးမားကာ ဖြူဝင်းနေပြီး လုံးဝန်းသောထိပ်တွင် ချယ်ရီပွင့်ချပ်ကိုယ်စီဖြင့် လှပနေသော အင်ဒီ၏ရင်သားအလှသည် သူမြင်ဖူးသမျှ ကြည့်အကောင်းဆုံးရင်သားများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟု သေချာပေါက် ဆိုနိုင်ပေသည်။ ထိုဖွံ့ထွားကြီးမားသော ပေါက်စီလှလှလေးများသည် မရေမတွက်နိုင်သော အမျိုးသားများအား နှာခေါင်းသွေးများ လျှံကျကာ သူမဆီသို့ ရူးသွပ်စွာ ပြေးသွားကြအောင် ပြုစားနိုင်ရက်ပေလိမ့်မည်။ သူမ၏ချစ်စဖွယ် စွဲမက်စရာကောင်းသော မျက်နှာနှင့်လေးအတူ သူမသည် နတ်သမီးလေးအလား အကောင်းတကာ့ အကောင်းဆုံးဟု ဆိုရမလောက်ပင်။
…အဟွတ်…အဟွတ်…
“မြန်မြန်သွားကြတော့…”
ထန်ရှုသည် သူ့၌ ခိုင်မာသော စိတ်နှလုံးသား ရှိပြီး သူ၏ခန္ဓာကိုယ်လှုံ့ဆော်ချက်များအား ထိန်းထားနိုင်လောက်အောင် ခိုင်မြဲနေသည်ဟု တွေးထားခဲ့သည်။ သို့သော် သူ၏မျက်လုံးများက မရည်ရွယ်ဘဲ အင်ဒီ၏ရွှေတြိဂံနယ်မြေအား လှမ်းမြင်လိုက်ရသည့်အခါ သူ၏ခိုင်ကျည်သော နှလုံးသားလေးသည် တုန်လှုပ်ချောက်ချားသွားရသည်။
အဖြူရောင် … ကျားဖြူလား…
ထန်ရှုသည် ကမ္ဘာပေါ်တွင် ကျားဖြူကြယ်စု အမှတ်အသားရှိသည့် အမျိုးသမီးများ ရှိကြောင်း တစ်ချိန်က ကြားသိခဲ့ဖူးသော်လည်း အင်ဒီ့ထံတွင် ထိုအမှတ်အသား ရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့ကိုယ်သူ ထိန်းချုပ်ထိန်းသိမ်းရန် ကမန်းကတန်း လှည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ
“သွားတော့။ စိတ်ဝိညာဉ်စမ်းချောင်းထဲ ဝင်ပြီး အမြန် ကျင့်ကြံကြ။ ရင်ရင်၊ ရှောင်ဝမ် … မင်းတို့နှစ်ယောက်လည်း မြန်မြန်သွားတော့…”
…ဗွမ်း…ဗွမ်း…ဗွမ်း…ဗွမ်း…
ရေထဲသို့ ခုန်ချသွားသော ရေသံလေးခုကို ကြားလိုက်ရသည်။ သူ၏ကိုယ်တွင်းမှ အာသာရမ္မက်များကို ဖိနှိပ်ထားရင်း ထန်ရှုသည် ထိုလူလေးယောက်ကို လှည့်ကြည့်ကာ
"ရင်ရင် … ရှောင်ဟန် … မင်းတို့နှစ်ယောက် ကျောက်တုံးပြာရဲ့အစွန်းကို ကိုင်ထားရမယ်နော်။ စမ်းချောင်းက မင်းတို့အနေနဲ့ဆို အရမ်းနက်တယ်။ မင်းတို့တွေ လက်လွှတ်လိုက်မိတာနဲ့ ရေနက်ထဲကို ကျသွားနိုင်တယ်။"
ခန်းရှ၏ချစ်စရာကောင်းသော ပုခုံးလေးများ ပေါ်ထွက်လာသည်။ သူမ၏လက်ချောင်းလေးများသည် စမ်းရေအား ဆော့ကစားနေရင်း အပြုံးဖြင့်
"သူဌေး ကြိုးတစ်ချောင်း ယူလာမိလား။ ရင်ရင်နဲ့ ရှောင်ဟန်ရဲ့ ခန္ဓာကိုယ်ကို ကြိုးချည်ပြီး အနီးအနားက ကျောက်တုံးမှာ ချည်ထားတာ ပိုကောင်းမယ် ထင်တယ်။ အဲ့ဒါဆို မနစ်မြုပ်တော့ဘူးပေါ့။"
ထန်ရှု ကို့ရို့ကားယားဖြစ်သွားကာ သူ့နဖူးကို ချက်ချင်း ရိုက်လိုက်မိပြီး လက်စွပ်ထဲက ကြိုးနှစ်ချောင်းအား အလျင်အမြန် ဆွဲထုတ်လိုက်သည်။ သူ အရင် ကျင်းမန်ကျွန်းမှာ ရှိစဉ်က ကြိုးဝယ်ပြီး မသုံးဖြစ်သည့်အတွက် လက်စွပ်ထဲတွင် ထည့်ထားခဲ့ခြင်း ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ကုန်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရက်ကြာသွားခဲ့ပြီး သည်ငါးရက်အတွင်းမှာပင် ခန်းရှနှင့် အင်ဒီတို့၏ ကျင့်ကြံမှုများသည် များစွာ ခုန်တက်သွားခဲ့သည်။ အထူးသဖြင့် အင်ဒီ၏ကျင့်ကြံမှုသည် အစောပိုင်းအခြေတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်သွားခဲ့ပြီး ခန်းရှသည် ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်အား ချိုးဖြတ်သွားခဲ့သည်။ ထန်ရှောင်ဟန်သည် ထန်ရှု၏အကူအညီဖြင့် ချီ၏စီးဆင်းမှုကို ခံစားနိုင်ပြီဖြစ်ပြီး ချီသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
… ဝှစ်…
ဂူရင်၏ဝမ်းဗိုက်မှ လက်မအရွယ် ရွှေအမြုတေ ထွက်ပေါ်လာပြီး သူမ၏ဦးခေါင်း၌ လွင့်မျောကာ ကြယ်ရောင်ခံယူနေသဖြင့် ချီလှိုင်းတစ်လွှာသည် ကျောက်တုံးအစီအရင်၏အတွင်းပိုင်းရှိ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။
"အဲ့ဒါ ဘာရီးလဲ။" ခန်းရှနှင့် အင်ဒီတို့ အံ့သြတုန်လှုပ်စွာဖြင့် အကြည့်ချင်းဖလှယ်မိကြသည်။
စမ်းချောင်းနံဘေးတွင် ရပ်နေသော ထန်ရှုသည် ဂူရင်၏ရွှေအမြုတေ ထွက်ပေါ်လာပြီးနောက် အရပ်ရပ်မှ ကမ္ဘာ့စိတ်ဝိညာဉ်စွမ်းအင်များသည် ဒီရေကဲ့သို့ လျှံတက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသဖြင့် ဂူရင်ကို စိုက်ကြည့်မိသည်။
"ပြန်သိမ်းလိုက်…" ထန်ရှုက လေသံပြင်းပြင်းဖြင့် အော်လိုက်သည်။
ထိုစကားကို ကြားသော် ဂူရင်သည် သူမ၏မျက်လုံးများကို ဖွင့်ကာ ရွှေအမြုတေကို ချက်ချင်း ပြန်သိမ်းလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။
“ဆရာသခင် … ရင်ရင် ရွှေအမြုတေအဆင့်ကို ချိုးဖြတ်သွားပြီ။ အဲ့ဒီအမြုတေကိုလည်း ရင်ရင့် ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ လွှတ်ထားလို့ ရနေပြီ။”
"ရင်ရင် … မင်းရဲ့ရွှေအမြုတေကို နောင်ဆို ဘယ်တော့မှ အပြင်ကို ထပ်မလွှတ်ရဘူး။" ထန်ရှုက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"အရမ်းအားကောင်းတဲ့ ရန်သူနဲ့ဆုံတွေ့လို့ မင်း သူ့ကို မသတ်နိုင်တဲ့အခါမှသာ မင်းရဲ့ရွှေအမြုတေကို ထုတ်လွှတ်ပြီး အဲ့ဒီရန်သူသေအောင် ဖောက်ခွဲပစ်လိုက်ပါ။ နားလည်လား။"
ဂူရင် နားလည်သော်လည်း စိတ်ရှုပ်ထွေးနေပုံရပြီး သူမ ချီတုံချတုံဖြစ်ကာ မေးလိုက်သည်။
“ဒါပေမယ့် ဘာဖြစ်လို့လဲ ဆရာသခင်…။”
"ရွှေအမြုတေကို ခန္ဓာကိုယ်နဲ့ ခွဲထုတ်တာက ကျင့်ကြံသူတွေအတွက် အရမ်းအန္တရာယ်များတယ်။" ထန်ရှုက လေးနက်သောလေသံဖြင့် ရှင်းပြသည်။
"မင်းရဲ့ ရွှေအမြုတေကို လွှတ်လိုက်တာနဲ့ မကောင်းတဲ့လူတွေက အဲ့ဒါကို အလွယ်တကူ ယူသွားလိမ့်မယ်။ အဲ့ဒီအခါကျရင် မင်းရဲ့ စွမ်းအားကို မထိန်းချုပ်နိုင်တော့သလို တခြားသူရဲ့စွမ်းအားက ပိုပြီးအားကောင်းလာလိမ့်မယ်။ မင်းရဲ့ ရွှေအမြုတေကို ဖယ်ထုတ်လိုက်တာနဲ့ အရမ်းအန္တရာယ်များပြီး မင်းတောင် အသတ်ခံသွားရလိမ့်မယ်။"
ဂူရင်သည် မျက်နှာလေး ငယ်သွားပြီး ဖြူဖျော့သွားကာ အမြန်ပြန်ဖြေလိုက်သည်။
"ရင်ရင် နားထောင်ပါ့မယ် ဆရာသခင်…။"
ထန်ရှုက သူမကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် စိတ်ဝိညာဉ်စမ်းချောင်းကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ လူလေးယောက် စုပ်ယူပြီးနောက် စိတ်ဝိညာဉ်စမ်းချောင်း၏အမြင့်မှာ ပေဝက်ခန့် ကျဆင်းသွားခဲ့သည်။ ကမ္ဘာသွေးကြော၏ စိတ်ဝိညာဉ်စမ်းချောင်းသည် အလွန်အမင်း တန်ဖိုးရှိပြီး ဆေးအဖြစ် မှတ်ယူပါက ကောင်းမွန်သော အကျိုးသက်ရောက်မှုတစ်ခုကို ပေးစွမ်းနိုင်၏။ ထိုစမ်းချောင်းထဲတွင် ဝင်စိမ်ကာ ကျင့်ကြံခြင်းသည် ဖြုန်းတီးမှုတစ်ခုဟုပင် ဆိုနိုင်သည်။
သို့သော် သူ ထိုအကြောင်းအား ဂရုမစိုက်အားတော့ပေ။
ဤစိတ်ဝိညာဉ်စမ်းချောင်း၏စွမ်းအားပမာဏသည် အလွန်ကြီးမားပြီး ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် ကျင့်ကြံသူသည် အနည်းငယ်သာ ရှိသေးသည်။ ကမ္ဘာသွေးကြော၏စိတ်ဝိညာဉ်စမ်းချောင်းသည် သူသာ ဆန္ဒရှိပါက ကျင့်ကြံသူစစ်တပ်ကို ပြုစုပျိုးထောင်ရန် သူ့အတွက် လုံလောက်ပေသည်။
ထန်ရှုက သည်နေရာကို နောက်ဆုံးအကြိမ် လာလည်တုန်းက သူနှင့်အတူ ကျောက်စိမ်းများ မပါလာသဖြင့် သည်နေရာတွင် အစီအရင် မခင်းကျင်းနိုင်ခဲ့ပေ။ သူ သည်နေရာကို လာရခြင်း၏အခြားရည်ရွယ်ချက်မှာ သည်ကျောက်တုံးအစီအရင်အား နောက်ထပ်အစီအရင်တစ်ခု ခင်းကျင်းပြီး ဖုံးကွယ်ထားရန်ဖြစ်သည်။ ရန်သူများကို ကြောက်သောသူတစ်ယောက် မဟုတ်သော်လည်း ဖြစ်နိုင်သမျှကို သတိထားရမည်သာဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်သာ ဤနေရာသို့ ရောက်လာပြီး ကျောက်တုံးအစီအရင်ထဲသို့ ဝင်လာနိုင်ပါက ဤစိတ်ဝိညာဉ်စမ်းချောင်း၏လျှို့ဝှက်ချက်ကို ပေါ်သွားပေလိမ့်မည်။
"သွားကြစို့။ ဒီကျောက်တုံးအစီအရင်ထဲကနေ ငါတို့ ထွက်သွားတော့မယ်။"
***