အပိုင်း (၁၆၀)
Vol. 11 Ch. 160
သူ၏ရှေ့တွင်ရှိနေသော ဟင်းလင်းပြင်မှာ အနက်ရောင်တိမ်တိုက်တစ်ခုကသူ၏ အပေါ်ဖိကျလာသကဲ့သို့ ပိန်းပေါက်အောင် မှောင်နေသည်။ ထို့နောက်သိပ်မကြာခင် သရဲစစ်သားများကရုတ်တရက်ပျောက်ကွယ်သွားကာ ကမ္ဘာတစ်ခုလုံးက ပိန်းပေါက်အောင်မှောင်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ပြင်းထန်သော အေးစိမ့်သည့်လေများက တိုက်ခတ်နေပြီး သူ၏ နားထဲတွင် ကြမ်းကြုတ်သော သရဲများ၏ ဆက်တိုက်မြည်းတမ်းသံများကို ကြားသည်။
ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားပြီး သရော်ပြုံးပြုံးလိုက်သည်။ တစ်စုံတစ်ယောက်ကသူ့အပေါ်သို့လာပြီး ဝိညာဉ် စိတ်အာရုံလှည့်စားမှု တစ်ခုကို တကယ်ကြီး အသုံးပြုနေသည်။
ထို့နောက်ချက်ခြင်း ဧရာမ အစိမ်းပုတ်ရောင်ဖန့်ဖန့် သရဲမျက်နှာကြီးက ပိန်းပေါက်အောင်မှောင်နေသော ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာသည်။ ၎င်းတွင် ချွန်မြသော အစွယ်များရှိပြီး ကြမ်းကြုတ်သော အသွင်အပြင်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ ဧရမ မျက်လုံးကြီးနှစ်လုံးက အစိမ်းရောင်အလင်းတို့လင်းလတ်နေပြီး ရှစ်ဖုန့်အား ပြင်းပြင်းထန်ထန်ကို စိုက်ကြည့်နေသည်။ ထို့နောက်တွင် ကြီးမားသော တောင်တစ်လုံးအရွယ်အစားရှိပြီး ရှည်လျားသော အနက်ရောင်အမွှေးများဖုံးလွှမ်းနေသော ပိန်းပေါက်အောင်နက်မှောင်သည့် လက်ကြီးတစ်ဖက်ကြ ပေါ်လာကာ ရှစ်ဖုန့်ကိုဖမ်းဆုပ်လိုက်သည်။
“ချိုးဖြတ်စမ်း”
ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။ ရုတ်တရက် တူညီသော ဧရာမ အဖြူရောင်အရိုးစုလက်သီးတစ်လုံးက ကောင်းကင်ထက်မှသက်ဆင်းလာပြီး ဧရာမ အနက်ရောင်အမွှေးလက်ကြီးဆီသို့ ပြင်းထန်စွာ ထိုးနှက်ချလိုက်သည်။
“ဝုန်း”
မှောင်မိုက်နေသော နေရာတစ်ခုလုံး နှင့် ကောင်းကင်ထဲရှိ ကြမ်းကြုတ်သောအစိမ်းပုတ်ရောင် သရဲမျက်နှာကြီးမှာ ဖန်စများကဲ့သို့ ကွဲကြေသွားသည်။ များပြားလှသော ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများက ပေါ်လာသည်။ ချက်ခြင်း ရှစ်ဖုန့်၏ မျက်လုံးရှေိ့ရှိကမ္ဘာကြီးမှာ ပြောင်းလဲသွားပြီး သူ၏ မူကကမ္ဘာအဖြစ်နောက်တစ်ဖန်ပြန်လည်ဖြစ်
ပေါ်လာသည်။
သရဲစစ်သားများကြားထဲမှ ရှေ့ဆုံးတွင်ရပ်နေကြသော သရဲမှာ ရုတ်တရက် တုန်ယင်လာသည်။ ဤသရဲမှာ အခြားသော သရဲစစ်သားများနှင့်ကွဲပြားသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းအား သိပ်သည်းသော အနက်ရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး တစ္ဆေမျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ မျက်နှာဖုံးမှာတစ်ချိန်တည်းတွင် ငိုခြင်းနှင့် ရယ်ခြင်းတို့ဖြစ်ပေါ်နေသော ပုံစံရှိသည်။ ၎င်းမှာ ခြောက်ခြားဖွယ်နှင့် ကြက်သီဖြန်းဖြန်းထနေသည်။
“ဒီမျက်နှာဖုံးက”
မျက်နှာဖုံးကိုကြည့်ကာ သူ၏ သိုလှောက်လက်စွပ်အတွင်းရှိသားရဲအရေပြားမြေပုံကို ရှစ်ဖုန့်ချက်ခြင်း ထုတ်ယူလိုက်သည်။ မြေပုံပေါ်တွင် သူသွားရန်ရည်ရွယ်ထားသော အမွေအနှစ်၏ တစ္ဆေမျက်နှာဖုံးပုံစံမှာ ဤသရဲ၏ မျက်နှာထက်ရှိ မျက်နှာဖုံးနှင့် အတူတူပင်ဖြစ်သည်။
“ဒီသရဲက အမွေအနှစ်နဲ့များ တစ်ခုခုဆက်စပ်နေတာလား ….ဒါမှမဟုတ်ဒီနေရာကပဲ အမွေအနှစ်နေရာဖြစ်ပြီးတော့ မြေပုံပေါ်က နေရာက ဒီအမွေအနှစ်နယ်မြေရဲ့ ဝင်ပေါက်တစ်ခုလား…တစ်စုံတစ်ယောက်က ဒီကို ရောက်လာတုံး ဒီသရဲရဲ မျက်နှာဖုံးဝတ်ထားတာကိုတွေ့ခဲ့ပြီးတော့ ဒီအမှတ်အသားကို ချန်ခဲ့တာလား”
ရှစ်ဖုန့်တွေးလိုက်သည်။
အနက်ရောင်အကြေုးခွံများဖုံးနေကာ တစ္ဆေမျက်နှာဖုံးကို ဝတ်ဆင်ထားသော သရဲမှာ ရှစ်ဖုန့်အာရုံခံမိခဲ့သော ပဉ္စမအထိတ်အထိပ်အဆင့် သရဲပင်ဖြစ်သည်။
ထို့နောက်တွင် ထိုသရဲက သူ့ထံသို့ ဝိညာဉ်တိုက်ခိုက်မှုတစ်ခုထုတ်လွှတ်ခဲ့သည်ကို ရှစ်ဖုန့်အာရုံခံမိသည်။ ရှစ်ဖုန့်က ထပ်မံ၍ သရော်ပြုံးပြုံးလိုက်သည်။ သူက ထိုဝိညာဉ်တိုက်ခိုက်မှုအား ဖမ်းလိုက်သည်။ အဖြူရောင် အရိုးလက်သည်းတစ်ခုက သူ့ရှေ့တွင်ပေါ်လာပြီး သူက ဝိညာဉ်ကို အတင်းအကျပ်ဖမ်းဆုပ်လိုက်၏။
“ငရဲဘုံကိုးခု အသင်္ချေ အရိုးအစီအရင် ..ငရဲဘုံကိုးခု အရိုးဖြူလက်သည်း”
“အား..”
ထို့နောက်တွင် တစ္ဆေမျက်နှာဖုံးကိုဝတ်ဆင်ထားသော သရဲ၏ စူးစူးဝါးဝါး အော်ဟစ်သံထွက်ပေါ်လာသည်။
ရှစ်ဖုန့်က အထင်သေးစွာဖြင့် နှာခေါင်းရှံ့လိုက်သည်။
“မင်းက တကယ်ကြီး ငါ့ရှေ့လာပြီးတော့ ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုရဲတယ်တဲ့လား…မင်းတော့ ကိုယ့်ဒုက္ခကိုယ်မီးခွက်ထွန်းရှာနေတာပဲကွ”
သရဲစစ်သားတစ်ယောက်စီတိုင်းမှာ တစ္ဆေမျက်နှာဖုံးအားဝတ်ဆင်ထားသောသရဲဖြစ်သူက စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့၏ ဖြူဖျော့နေသော မျက်နှာများမှာ ပြောင်းလဲသွားရပြီး စိုးရိမ်တကြီးအော်ပြောလိုက်ကြသည်။
“အရှင် တစ္ဆေဘုရင်..အရှင် တစ္ဆေဘုရင်”
“တစ္ဆေဘုရင်လား”
သရဲစစ်သားများ၏အော်ဟစ်သံအားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့် မျက်ခုံးတို့ တွန့်ကွေးသွားရသည်။ ဤသူက သာမန်သရဲများပြောဆိုနေကြသော တစ္ဆေဘုရင် ဖြစ်သည်လား။ ထိုသို့ဆိုလျှင် ဘိုးဘေးနယ်ပယ်တစ်ယောက်၏ ရောင်ဝါက ဘာများဖြစ်နိုင်သနည်း။
“နိမ့်ကျတဲ့လူသား မင်းတကယ်ကြီး ဒီဘုရင်ကို ထိခိုက်အောင်လုပ်ရဲတယ်…မင်းတကယ်ကြီးကို ဒီဘုရင်ကို ထိခိုက်အောင်လုပ်ရဲတာလားကွ”
“အား….”
တစ္ဆေမျက်နှာဖုံးကို ဝတ်ဆင်ထားသော တစ္ဆေဘုရင်က ရုတ်တရက် ကြိမ်းဝါးလိုက်သည်။ ထို့နောက်တွင် အစိမ်းရောင်မျက်နှာနှင့် အစွယ်များပါရှိသော ကြမ်းကြုတ်ရက်စက်သော ပုံစံရှိသည့် သရဲမျက်နှာတစ်ခုက သူ၏ ရင်ဘက်ပေါ်တွင်ပေါ်လာသည်။ ၎င်းက ပါးစပ်ကိုဖွင့်လိုက်ပြီး စုပ်ယူလိုက်သည်။ ထို့နောက်တွင် သရဲစစ်သား တစ်ဒါဇင်ခန့်မှာ ထိုပါးစပ်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။
“အား..မဟုတ်ဖူး..မလုပ်ပါနဲ့..တစ္ဆေဘုရင် ..ကျွန်တော်က အရှင့်ရဲ့ သစ္စာ အရှိဆုံး အစေခံပါ ..အား….မလုပ်ပါနဲ့”
ဧရာမပါးစပ်ကြီးထံမှာ သရဲစစ်သားများ၏ ငယ်သံပါအောင် အော်သံများထွက်ပေါ်လာသည်။ အော်ဟစ်သံများက ရုတ်ချည်း ရပ်တန့်သွားသည်။ ထိုအရာက အခြားသော သရဲစစ်သား အပေါင်းတို့အား ကျောချမ်းမှုတို့ကို ခံစားမိစေသည်။
“သူ့ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ဗီဇကို အကဲဖြတ်ရသလောက်တော့ သူက သရဲတွေပြောတဲ့ တစ္ဆေဘုရင်ပဲဖြစ်ရမယ်..ဒါပေမဲ့ ဘိုးဘေးနယ်ပယ်အဆင့် ရောင်ဝါက….သူရဲ့နောက်မှာ တစ်ခြားသရဲတစ်ကောင်က ပုန်းကွယ်နေတာများဖြစ်နိုင်မလား”
ရှစ်ဖုန့်က သူ့ဟာသူတွေးလိုက်သည်။
ထိုအချိန်တွင် တစ္ဆေဘုရင်မှာ တစ်ဒါဇင်မကသော သရဲစစ်သားများစွာကို ဝါးမျိုပြီးဖြစ်လေသည်။ ၎င်း၏ ကိုယ်က ရုတ်တရက် တောင်တစ်လုံးကဲ့သို့ ကြီးမားလာ၏။ ၎င်းက ၎င်း၏ အနက်ရောင်အကြေးခွံတို့ ဖုံးနေသော ဧရာမ ခြေထောက်ကြီးကိုမ၍ ရှစ်ဖုန့်အား စောင့်နင်းချလိုက်သည်။ ယင်းမှာဧရာမ အနက်ရောင်တောင်ကြီးတစ်လုံးကု အောက်သို့ ကျဆင်းလာသကဲ့သို့ပင်ဖြစ်သည်။
ရှစ်ဖုန့်၏အမူအယာကတော့ပြောင်းလဲမှုမရှိ ဒုံရင်းအတိုင်းသာဖြစ်သည်။ အတွေးတစ်ချက်ဖြင့် ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် သိပ်သည်းသော အဖြူရောင်အရိုးများပေါ်လာပြီး ဧရာမ အဖြူရောင်အရိုးလက်သည်းကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာစေသည်။ အရိုးဖြူလက်သည်းကြီးက ကျဆင်းလာသော အနက်ရောင်ခြေဖဝါးကြီးနှင့်တွေ့ဆုံသွားသည်။ ထို့နောက်တွင် အရိုးဖြူလက်သည်းကြီးက အနက်ရောင်ခြေထောက်ကိုဖမ်းဆွဲလိုက်ပြီး အဝေးသို့ ပစ်ပေါက်ချလိုက်သည်။
“ဝုန်း”
တစ္ဆေဘုရင်၏ ဧရာမကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ကြီးမားသော တောက်ကြီးတစ်လုံးက မြေပြင်ကိုထိမှန်သကဲ့သို့ မြေပြင်မှာ ပြင်းထန်စွာတုန်ခါသွားသည်။
“အား…မဖြစ်နိုင်တာ..ဒါကဘယ်လိုဖြစ်ရတာလဲကွ..ငါကဒီကမ္ဘာကိုအုပ်စိုးနေတဲ့ တစ္ဆေဘုရင်ကွ… ငါကဘယ်လိုဖြစ်ပြီး မင်းလိုမျိုးနိမ့်ကျတဲ့လူသားတစ်ယောက်ကို ရှုံးရတာလဲ….ငါ့ရဲဒေါသတွေကို ဖြေဖျောက်နိုင်ဖို့အတွက် မင်းရဲ့ကိုယ်ကို ငါအပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်…
တစ္ဆေဘုရင်က ပြင်းပြင်းထန်ထန်ကို အော်ဟစ်လိုက်ပြီး နေရာလွတ်များကော မြေပြင်ကိုပါ တုန်ခါမှုတို့ဖြစ်သွားစေသည်။ ၎င်း၏ ရင်ဘက်ပေါ်ရှိ စိမ်းဖန့်ဖန့် သရဲမျက်နှာက ပါးစပ်ကိုဖွင့်လိုက်ပြီး ၎င်းတက်နိုင်သမျှအားလုံးကို စုပ်ယူတော့သည်။ ဤတစ်ကြိမ်တွင် သရဲစစ်သားအားလုံးအား သူ၏ ပါးစပ်ထဲသို့ စုပ်ယူလိုက်ပြီး ဝါးစားလိုက်သည်။ နောက်ထပ်တစ်ကြိမ်ထပ်မံ၍ ကျောချမ်းဖွယ် တကျွတ်ကျွတ်ဝါးသံများကိုကြားနိုင်လေသည်။
ရှစ်ဖုန့်က ဧရာမ သရဲကြီးကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။
“မင်းရဲ့ဝိညာဉ်က ပဉ္စမအဆင့် အထိတ်အထိပ်ကိုရောက်နေပြီ…ဒါပေမဲ့ မင်းရဲ့ ပါရမီက အရမ်းကိုနိမ့်ကျတာကြောင့် မင်းအဆင့်မချိုးဖြတ်နိုင်ဘူး ……မင်းဘယ်လောက်ပဲ ဝိညဉ်တွေကိုစားသုံးနေပါစေ မင်းအတွက်အလကားပဲ အသုံးမဝင်ဘူး”
“ဒီဘုရင်ရဲ့ ပြုမူနေထိုင်ပုံနဲ့ ပက်သက်ပြီး ဘယ်လိုတောင် ဝေဖန်ရဲတာလဲ..ငရဲကိုသွားစမ်း”
ဧရာမ တစ္ဆေဘုရင်က ရှစ်ဖုန့်အား ဒေါသထွက်စွာ အော်ငေါက်လိုက်သည်။
ထို့နောက်တွင် သူ့ရင်ဘက်ပေါ်ရှိ စိမ်းဖန့်ဖန့်သရဲမျက်နှာက ပါးစပ်ကိုဖွင့်ဟလိုက်ပြီး ချွန်မြနေသော အစွယ်တန်းနှစ်ခုကို လှစ်ဟာပြလိုက်သည်။ ထို့နောက်တွင် တစ္ဆေဘုရင် ၏ ရင်ဘက်ပေါ်ရှိ ကြမ်းကြုတ်သော စိမ်းဖန့်ဖန့်ရောင်သရဲမျက်နှာကပျံသန်းထွက်
လာပြီး ရှစ်ဖုန့်အား ကိုက်ချလိုက်သည်။
“မင်းက ဝိညာဉ်ပေါင်းအများကြီးကို ဝါးမျိုထားပေမဲ့ သေချာကျကျနန မချေဖျက်နိုင်သေးဘူး အခုမင်းရဲ့ပုံစံကိုကြည့်ရတာ မင်းကသရဲမဟုတ်ပဲ သားရဲနဲ့တောင်တူနေတယ်…..ဒီနေ့မှာ ငါမင်းကို တကယ့်ဝါးမျိုခြင်းဘာလဲဆိုတာကို သိအောင်ပြပေးမယ်”
ရှစ်ဖုန့်က စကားပြောရင်း မြေပြင်ပေါ်သို့ထရပ်လိုက်ပြီး ငရဲဘုံကိုးခုပညာရပ်ကို အသက်သွင်းလိုက်သည်။ အတွေးတစ်ချက်ဖြင့် ဧရာမ အရိုးဖြူပုဆိန်ကြီးက ဟင်းလင်းပြင်ထဲတွင် ရုတ်တရက်ပေါ်လာသည်။ ၎င်းက ကြမ်းကြတ်သော ဧရာမ စိမ်းဖန့်ဖန့်သရဲမျက်နှာကြီးကို ခုတ်ပိုင်းချလိုက်ပြီး နှစ်ပိုင်းကွဲထွက်သွားစေသည်။
ရုတ်ချည်း ကွဲထွက်သွားသော သရဲမျက်နှာအပိုင်းနှစ်ခုမှာ ငရဲဘုံကိုးခုပညာရပ်၏ ဝါးမျိုမှုကိုခံလိုက်ရသည်။ ၎င်းတို့ကလျှင်မြန်စွာဖြင့် တွန့်လိမ်သွားကာ အဖြူရောင်မြူခိုးတိမ်တိုက်ငယ်နှစ်ခုအဖြစ်သို့
ပြောင်းသွားသည်။ ၎င်းတို့က ရှစ်ဖုန့်၏ အပေါ်သို့ကျဆင်းလာပြီး ရှစ်ဖုန့်၏ လျှင်မြန်စွာ ဝါးမျိုမှုကိုခံလိုက်ရသည်။
“မင်းငါ့ကိုဝါးမျိုလိုက်တယ်…မင်းငါ့ကိုဝါးမျို
လိုက်တယ်”
သူ၏ ရင်ဘက်ပေါ်မှ ပျံသန်းထွက်သွားသော သရဲမျက်နှာအား ရှစ်ဖုန့်က ဝါးမျိုလိုက်သည်ကို မြင်လိုက်ရသောအခါတွင် တစ္ဆေဘုရင်မှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ၎င်းကရူးသွပ်သွားသကဲ့သို့ဖြစ်သွားပြီး လက်နှစ်ဖက်ကိုအတူတကွချိတ်လိုက်ကာ လက်ချောင်းများကိုယှက်လိုက်ပြီး ရှစ်ဖုန့်အား ရုတ်တရက် ထုချလိုက်သည်။
ထိုဧရာမ လက်သီးဆုပ်ကြီးနှစ်ခု၏ အောက်တွင်ရှစ်ဖုန့်မှာ ပုရွတ်ဆိတ်လေးတစ်ကောင်နှင့်ပင်
တူလေသည်။
“မင်းက ယုတ်မာမှုအပေါင်းသရဖူဆောင်းခဲ့တဲ့ကောင်ပဲ….မင်းကလူသားတွေရဲ အသွေးအသားတွေ အရိုးတွေကို ဆုတ်ဖြဲစားသောက်ခဲ့တယ်…အခုတော့ငါမင်းကို တကယ်စားတယ်ဆိုတဲ့အရာက ဘယ်လိုခံစားရတယ်ဆိုတာကို မြည်းစမ်းခွင့်ပေးမယ် ..ကိုက်လိုက်စမ်း”
ရှစ်ဖုန့်က အေးစက်စွာ အော်ပြောလိုက်သည်။ ရုတ်တရက် အရိုးခေါင်းပေါင်း တစ်သိန်းကျော်က ဟင်းလင်းပြင်ထဲတွင်ပေါ်လာသည်။ ၎င်းတို့က ၎င်းတို့၏ ပါးစပ်များကိုဖွင့်ဟ၍ တစ္ဆေဘုရင်အား ဦးတည်ချက်အနှံ့မှ ကိုက်ဖြတ်ကြသည်။
ရှစ်ဖုန့်အား ထုနှက်ရန် ကျဆင်းလာသော ဧရာမလက်ကြီးနှစ်ဖက်က အရင်ဆုံး မရေတွက်နိုင်သော အရိုးခေါင်းများ၏ ဝါးမျိုမှုကိုခံလိုက်ရကာ ပြောင်နေအောင်စားသောက်ခြင်းကိုခံလိုက်ရသည်။ ထို့နောက်တွင် အရိုးခေါင်းများက လက်မောင်းဆီသို့ဆက်လက်၍ ကိုက်ဖြတ်ကြသည်။
အရိုးခေါင်းများ၏ ကိုက်ဖြတ်မှုကို ခံလိုက်ရသော အစိတ်အပိုင်းများမှာ ငရဲဘုံကိုးခုပညာရပ်၏ အောက်တွင် အဖြူရောင်မြူများအဖြစ်သို့ပြောင်းသွားပြီး ရှစ်ဖုန့်၏ ဝါးမျိုမှုကိုခံလိုက်ရသည်။
“အား…မဖြစ်နိုင်တာ...ဒါကမဖြစ်နိုင်တာပဲ…. ငါ့မှာ ပဉ္စမအဆင့် သရဲခန္ဓာကိုယ်ရှိတာ….ဘယ်လိုဖြစ်ပြီးတော့ ဒီသာမန်အရိုးလေးတွေကိုက ငါ့ကို နာကျင်စေနိုင်ရတာလဲ…အား….နာတယ်..”
တစ္ဆေဘုရင်က အော်ဟစ်လိုက်သည်။
“ငါ့ရဲ့ ငရဲဘုံကိုးခု အသင်္ချေ အရိုးအစီအရင်ရဲ့ အောက်မှာ မဖြစ်နိုင်ဘူးဆိုတဲ့ အရာဘာမှ မရှိဘူး နောက်ပြီးရင် မင်းရဲ့ ခန္ဓာကိုယ်ကိုပါ တစ်စစီဖြစ်အောင်ဆွဲဖြုတ်ပစ်မယ်”
ဆက်ရန်…..
ဘာသာပြန်သူ-ARISE