← Chapters

အပိုင်း (၁၆၁)

Vol. 11 Ch. 161

အပိုင်း (၁၆၁)

Vol. 11 Ch. 161

“နောက်တစ်ခါကြရင် ငါမင်းရဲ သရဲခန္ဓာကိုယ်ကိုပါ အပိုင်းပိုင်းဆွဲဖြုတ်ပစ်မယ်”

ရှစ်ဖုန့် စကားပြောပြီးသော အခါတွင် တစ္ဆေဘုရင် ၏  ခန္ဓာကိုယ်နှင့် အရွယ်အစားတူညီသော အရိုးဖြူတစ္ဆေလက်သည်းကြီးနှဏ်က လေထုထဲတွင်ပေါ်လာသည်။ လက်သည်းတစ်ခုစီက တစ္ဆေဘုရင်၏ လက်မောင်းတစ်ခုစီကိုဆုပ်ကိုင်ပြီး ၎င်းတို့အား တစ္ဆေဘုရင်၏ ကိုယ်ပေါ်မှ ဆွဲဖြုတ်နေသည်။

“အား…”

တစ္ဆေဘုရင်မှာ ကောင်းကင်ထက်ကိုမော့၍ နှလုံးကြေကွဲဖွယ် ကျယ်လောင်စွာအော်ဟစ်လေသည်။ စိတ်မချမ်းမြေ့စရာကောင်းသော အော်ဟစ်သံက ကောင်းကင်နှင့်မြေကြီးကြားထဲတွင်ပဲ့တင်ထွက်ပေါ်နေသည်။

“နာမှနာရဲ့လား”

ရှစ်ဖုန့်က သရော်ပြုံးပြုံးလိုက်သည်။

“မင်းတစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို စုတ်ဖြဲတော့မယ်ဆိုရင် မင်းလည်း အဲ့လိုနာကျင်ခံစားရတဲ့ ဒုက္ခဝေဒနာမျိုး ပြန်ခံစားရလိမ့်ဆိုတာကော မင်းတွေးမိထားရဲ့လား…ကူကယ်ရာမဲ့ အသနားခံတောင်းပန်မှုတေွ ၊စိတ်မချမ်းမြေ့စရာ အော်ဟစ်ငိုကြွေးသံတွေကို မင်းကြားရတဲ့ အချိန်တုံးကရော တစ်နေ့ကျ မင်းဆီကိုလည်း ထပ်တူညီမှုရှိတဲ့ ဝဋ်တစ်ခု ပြန်လည်နိုင်တယ်ဆိုပြီး မင်းတွေးခဲ့ဖူးလား”

ရှစ်ဖုန့်စကားကြောနေရင်း နောက်ထပ် အရိုးဖြူလက်သည်းနှစ်ခုက ထပ်မံ၍ ပေါ်လာပြန်သည်။  ၎င်းတို့က တစ္ဆေဘုရင်၏ ခြေထောက်များကို ဖမ်းဆုပ်လိုက်ပြီး ဆက်လက်၍ အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲတော့သည်။

“အား……ငါကတစ္ဆေဘုရင်ကွ…ငါက ဒီကမ္ဘာကိုအုပ်စိုးနေတဲ့သူ ဒီကမ္ဘာထဲကို ဝင်ရောက်လာခဲ့တဲ့ အရာတိုင်းက ငါရဲ့ မွေးမြူရေးသားကောင်တွေထက်ဘာမှမပိုဘူး ….ငါ့ရဲ့သားကောင်တွေဖြစ်လာပြီး ငါ့ကို ပိုသန်မာအောင်လုပ်ပေးတာက သူတို့တောင်ပြန်ပြီး ဂုဏ်ယူရမဲ့အရာကွ…”

တစ္ဆေဘုရင်က ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။

“အားနည်းတဲ့သူတွေက အားကြီးတဲ့သူတွေရဲ့သားကောင်ပဲ ဟုတ်လား..ဒါဆို အခု မင်းလည်း ငါ့ရဲ့သားကောင်ထက်ဘာမှမပိုဘူး..”

ရှစ်ဖုန့်ကစကားပြောရင်း အရိုးဖြူ လက်သည်းနှစ်ခုက တစ္ဆေဘုရင်၏ ခြေထောက်တို့အား ထပ်မံ၍ အတင်းအကျပ်ဆွဲဖြဲလိုက်ပြန်သည်။ ထို့နောက်တွင်  သိပ်မကြာခင် အဖြူရောင်အရိုးခေါင်းများက လေထဲတွင်   စတင်ကခုန်နေကြသည်။ ၎င်းတို့တစ်ခုစီတိုင်းက ပါးစပ်များကိုဖွင့်ဟထားကြီးပြီး  အတူတကွသိပ်သည်းစွာစုစည်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုတ်ဖြဲခံထားရသော ခြေလက် အစိတ်အပိုင်းလေးခုအား လုံးဝကို ဖုံးအုပ်သွားသည်။

“အား…’

တစ္ဆေဘုရင် မှာ နာကျင်စွာဖြင့် ဆက်လက်၍ ဟစ်အော်နေသည်။

“ငါ့ရဲ့ နှင်းအပ်ပေးခြင်းကိုမခံရပဲနဲ့တောင် မင်းက မင်းကိုယ်မင်း တစ္ဆေဘုရင် လို့ခေါ်ရဲသေးတယ်လား.. “

ရှစ်ဖုန့်က ဒေါသထွက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်တွင် သူ၏ အောက်ဖက်၌ အဖြူရောင် အရိုးလှေကားထစ်များက တစ်ခုခုပြီးတစ်ခုပေါ်လာသည်။  ရှစ်ဖုန့် က အရိုးလှေကားထစ်များပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းသွားလိုက်သည်။  သူက တစ္ဆေဘုရင် ၏ ဧရာမ တစ္ဆေမျက်နှာဖုံးကြီးထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွားပြီး  ၎င်းကို စိုက်ကြည့်လိုက်သည်။

ရှစ်ဖုန့်၏ အကြည့်အောက်တွင် တစ္ဆေဘုရင်မှာ ဤ မယှဉ်သာသော ပုံရိပ်လေးအားသူ့၌များခြေလက်များ မရှိတော့သည့်တိုင် ကြည်ညိုလေးစားခြင်းနှင့် ဒူးထောက်ခစားလိုသောစိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။

“မင်း…မင်းကဘယ်သူလဲ…ဘာလို့ငါက မင်းလိုလူသားလေးစီမှာ ဒီလိုမျိုးဖြစ်နေရာတာလဲ…ဒါက မဖြစ်နိုင်လိုက်တာ”

တစ္ဆေဘုရင်မှာ အံ့အားသင့်စွာဖြင့်အလန့်တကြားအော်ပြောလိုက်သည်။  ဤကမ္ဘာ၏ အရှင်သခင်ဖြစ်သော  အရှိန်အဝါမြင့်ပြီးစွမ်းအားကြီးသည့်သူ့လို တစ္ဆေဘုရင်က  အဘယ့်ကြောင့် ဤကဲ့သို့သော အဓိပ္ပါယ်မရှိသည့် ခံစားချက်မျိုးခံစားနေရမှန်း သူနားမလည်နိုင်ပေ။

“ငါကဒီကမ္ဘာက သန်းပေါင်းများစွာသော သရဲတွေကိုဦးဆောင်နေတဲ့သူ..မင်းက ပါမွှားလေးသာသာပဲရှိတာ…ငါ့နမည်ကိုသိဖို့မထိုက်တန်ဘူး  “

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။ ထို့နောက်သူက အော်ပြောလိုက်၏။

“ငါ့ကိုပြောစမ်း ငါတို့ဒီနေရာကနေ ဘယ်လိုမျိုးထွက်သွားလို့ရမလဲ”

ရှစ်ဖုန့်၏ အသံက နတ်ဆိုးတစ်ကောင်၏ အသံကဲ့သို့ ပဲ့တင်ထပ်နေပြီး  တစ္ဆေဘုရင် မှာ မလွန်ဆန်နိုင်သော တိုက်တွန်းမှုတစ်ခုဖြင့် အပြောခံရသကဲ့သို့ခံစားရသည်။  ဤပုဂ္ဂိုလ်မှာ စစ်မှန်သောဘုရင်တစ်ပါးကဲ့သို့ဖြစ်သည်။ သူ့အားအပေါ်စီးမှကြည့်နေပြီး  သူ့အနေဖြင့် နှိုင်းယှဉ်၍မရသော ပုရွတ်ဆိုကသေးသေးလေးတစ်ကောင်ဖြစ်သွားသကဲ့သို့ခံစားရသည်။

“မဟုတ်ဖူး..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ…ငါက တစ္ဆေဘုရင်ပဲဟာ…ငါက ဒီကမ္ဘာကို အုပ်စိုးတဲ့သူပဲဟာ”

“အမ်”

ရှစ်ဖုန့်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး  ဒေါသထွက်နေသော ဘုရင်တစ်ပါးကဲ့သို့ အေးစက်စွာနှာခေါင်းရှံ့လိုက်သည်။

ဘုရင်တစ်ပါး၏ ဒေါသတရားနှင့်ရင်ဆိုင်လိုက်ရသောအခါတွင် တစ္ဆေဘုရင်ဆိုသူမှာ  သူ၏ ဝိညာဉ်တစ်ခုလုံး ဘုရင်၏ ဘုန်းတန်ခိုးအရှိန်အဝါတို့ လွှမ်းခြုံမှုကိုခံစားလိုက်ရသလိုဖြစ်သွားကာ သူ၏တစ်ကိုယ်လုံးအေးစက်လာခဲ့သည်။  ဘုရင်၏ဒေါသတရားကြောင့်သူ၏ ဝိညာဉ်မှာ ပေါက်ကွဲတော့မည်သကဲ့သို့ဖြစ်နေရသည်။ ထို့နောက်သူခုခံနိုင်ခြင်းငှာ မတက်နိုင်ဘဲ ပြောလိုက်သည်။

“တစ္ဆေဘုရင်တောင်ကုန်းကနေ ထွက်သွားရမဲ့ထွက်ပေါက်က ….ကျုပ်ရဲ့ ပုလ္လင်အောက်မှာပါ”

“တစ္ဆေတောင်ကုန်းပေါ်မှာ တစ်ခြားဘာတွေရှိသေးလဲ”

ရှစ်ဖုန့်ကထပ်မံ၍ မေးလိုက်သည်။

“အဲ့မှာ ..အဲ့မှာ ..လစန္ဒြာ သားရဲတစ်ကောင်ရှိပါတယ်”

တစ္ဆေဘုရင်က ပြောလိုက်သည်။

“လစန္ဒြာသားရဲလား..ဘာလစန္ဒြာ သားရဲလဲ…သူ့ရဲဝိညာဉ်စွမ်းအား က ဆဋ္ဌမအဆင့်မှာ ရှိနေတာလား”

“ဟုတ်…ဟုတ်ပါတယ်”

“ဟုတ်..ဟုတ်ပါတယ်”

ထိုပုဂ္ဂိုလ်ပြောလိုက်သော စကားလုံးတိုင်းမှာ နတ်ဆိုးအသံတစ်ခုက သူ၏နှလုံးသားအား ပြင်းထန်စွာ လာရောင်ထိခတ်သကဲ့သို့ ခံစားရသည်ကို သဘောပေါက်လိုက်သည်။  သူ့အနေဖြင့် ထိုအရာအား တကယ်ကိုခုခံနိုင်ခြင်းမရှိပေ။  သူခုခံချင်သော်လည်း သူ့၌ ထိုသို့ပြုလုပ်ရန် ခွန်အား သို့မဟုတ် သတ္တိတို့ရှိမနေချေ။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ဘယ်လိုဖြစ်နိုင်ရတာလဲ..ငါက တစ္ဆေဘုရင်လေ”

“အဲ့တာက ဘယ်လိုလစန္ဒြာသားရဲမျိုးလဲဆိုတာကို ကျွန်တော်မသိပါဘူး………ကျွန်တော်ဒီကမ္ဘာကို ဝင်ရောက်လာကတည်းက  အဲ့အရာက တည်ရှိနေခြံပြီးသား ဘယ်သူက ဆီးလ်ခတ်ခဲ့တယ်ဆိုတာကို တော့ ကျွန်တော်မသိပါဘူး …ဒါပေမဲ့ ဆီးလ်ဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး အားနည်းလာပါပြီ..လစန္ဒြာသားရဲရဲ့ ရောင်ဝါက ဆက်တိုက်ကို စိမ့်ထွက်နေတယ် ……ဆီးလ်ကျိုးပျက်မဲ့ အချိန်က ကြာတော့မှာမဟုတ်ဖူး”

“ငါသိပြီ”

ရှစ်ဖုန့်က ပြောလိုက်သည်။ ထို့နောက် ငရဲဘုံကိုးခု ပညာရပ်အား အဆက်မပြတ်လှည့်ပတ်လိုက်၏။  ရုတ်တရက် တစ္ဆေဘုရင်၏ ဧရာမ ကိုယ်ကြီးမှာ ကြီးမားသော ဧရာမ ဝဲလ်ကြီးတစ်ခုအဖြစ်သို့ တွန့်လိမ်ကုန်သည်။

“မဟုတ်ဖူး..မလုပ်နဲ့…ဒါကဘယ်လိုစွမ်းအားမျိုးလဲ ..ကျွန်တော့်ကိုချမ်းသာပေးပါ..ချမ်းသာပေးပါ….ကျွန်တော်သင့်ကို အရှုံးပေးပြီးတော့ဘုရင်တစ်ပါးအဖြစ် အသိအမှတ်ပြုပါတယ်”

အံ့ဖွယ််ကောင်းသာ ငရဲဘုံကိုးခုပညာရပ်၏အောက်တွင် တစ္ဆေဘုရင်က ငိုယိုအော်ဟစ်ကာ သနားညာတာပေးရန်တောင်းပန်နေပြီး သူ့အသံထဲတွင် ခြောက်ခြားမှု  ဝမ်းနည်းကြေကွဲမှုတို့ဖြင့်ပြည့်နှက်နေသည်။

တစ္ဆေဘုင်၏ ဧရာမကိုယ်ကြီးက သာမန်လူတစ်ယောက်အရွယ်အစားသို့ပြောင်းလဲလာခဲ့သည့်တိုင် ရှစ်ဖုန့်ကတော့ ကွဲပြားမှုမရှိပင်ဖြစ်သည်။  ၎င်းက အနက်ရောင်မှ အဖြူရောင်သို့ပြောင်းလဲသွားသည်။ ထို့နောက် ပါးလျသော အဖြူရောင်မြူခိုးတန်းလေးအဖြစ်သို့ပြောင်း

သွားပြီး  ရှစ်ဖုန့်၏ နဖူးထံသို့ ပစ်လွှတ်လို ဦးတည်ထွက်လာသည်။

ထို့နောက် အဖြူအမဲ တစ္ဆေမျက်နှာဖုံးက ဟင်းလင်းပြင်ထဲမှ တဖျပ်ဖျပ်ရစ်ဝဲကျလာပြီး ရှစ်ဖုန့်၏ ဖမ်းယူမှုကိုခံလိုက်ရသည်။

အထွတ်မထိပ်ပဉ္စမအဆင့် ဝိညာဉ်အား ဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားမှာ ကြီးမားစွား တိုးပွားလာသည်ကိုခံစားလိုက်ရသည်။ စတုတ္ထအဆင့် အစောပိုင်းအဆင့်မှ အထွတ်အထိပ်အဆင့်သို့ သူမြင့်တက်သွားခဲ့သည်။

ထိလိုက်သည်နှင့် အေးစက်မှုကိုခံစားရသည့် သူ့လက်အတွင်းရှိ သရဲမျက်နှာဖုံးကို ကြည့်လိုက်သည်။ မျက်နှာဖုံးထက်ရှိ တစ္ဆေမျက်နှာဖုံးမှာပြုံးနေသည်ဟုထင်ရသော်လည်း မပြုံးပေ။ငိုနေသည်ဟုထင်ရသောလည်းမ

ငိုနေပေ။ ၎င်းမှာ အတော်လေးကို ထူးဆန်းသည်ဟုခံစားရသည်။

ရှစ်ဖုန့်မှာ သူ၏မျက်နှာထက်သို့ တစ္ဆေမျက်နှာဖုံးအား ဝတ်ဆင်လိုက်သောအခါတွင် အံ့အားသင့်သွားသည်။ဤမျက်နှာဖုံးမှာ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးသော အံ့ဖွယ်သရဲအစွမ်းသတ္တိကို ပိုင်ဆိုင်ထားလေသည်။  ဤမျက်နှာဖုံအားဝတ်ဆင်လိုက်သောအခါတွင် သူ၏  အထွတ်အထိပ် စတုတ္ထအဆင့်ဝိညာဉ်စွမ်းအားဖြင့်တိုက်ခိုက်လိုက်သော တိုက်ခိုက်မှုက ပဉ္စမအဆင့် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုအဖြစ်သို့ ရောက်ရှိနိုင်သည်။

သူ့ကိုယ်သူ တစ္ဆေဘုရင်ဟုခေါ်နေသော သရဲလေး၏ ဝိညာဉ်တိုက်ခိုက်မှုက အရမ်းကို အားနည်းလွန်းသည်ဖြစ်သည်။ ဤမျက်နှာဖုံးအား ဝတ်ဆင်ထားပြီး အကျိုးသက်ရောက်မှုများစွာ မရှိခဲ့ပေ။ ထိုအချိန်က ရှစ်ဖုန့်မှာ ထိုအရာအား သတိမထားမိပေ။ သို့သော ငရဲဘုံကိုးခု ဧကရာဇ်၏ ဝိညာဉ်တိုက်ခိုက်မှုက  ဤကမ္ဘာကြီးထဲတွင် ပြိုင်ဘက်ကင်းပင်ဖြစ်သည်။ ထို့သရဲလေးနှင့် မည်ကဲ့သို့နှိုင်းယှဉ်၍ ရနိုင်ပါမည်နည်း။

“ဒါက ဒီကမ္ဘာထဲမှာ တကယ့်ကို အံ့ဖွယ်သရဲ ပစ္စည်းတစ်ခုပဲ”

ရှစ်ဖုန့် သူ့မျက်နှာပေါ်မှ မျက်နှာဖုံးကို ချွတ်ယူလိုက်ပြီး ကြည့်လိုက်သည်။ သူမတက်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ယခင်ငရဲဘုံကိုးခု ဧကရာဇ်ပင် ဤကဲ့သို့ ပစ္စည်းမျိုးအကြောင်းကို မကြားဖူးပေ။

ထို့နောက်တွင်သူက တစ္ဆေဘုရင်တောင်ကုန်းဦးတည်ချက်ဘက်ကိုကြည့်လိုက်သည်။  စိမ့်ထွက်လာသော ဆဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ် ရောင်ဝါက တကယ့်ကြီးဆီးလ်ခတ်ခံထားရသော  လစန္ဒြာသားရဲတစ်ကောင်ဖြစ်နေသည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“ကောင်းကင်မီးတောက် ခင်ဗျားအရင်က ဒီမျက်နှာဖုံးမျိုးကိုမြင်ဖူးလား”

ရှစ်ဖုန့်က စိတ်ဝိညာဉ်ဆက်သွယ်မှုကိုအသုံးပြု၍ ကောင်းကင်မီးတောက်ကို မေးလိုက်သည်။ ဤပစ္စည်းတည်ရှိနေခဲ့သည်က ကြာမြင့်နေခဲ့ပြီးဖြစ်ကြောင်းကိုစဉ်းစားရလျှင်  ၎င်းအနေဖြင့် ဤအရာ၏ မူလဇစ်မြစ်ကို သိနေသည်ဖြစ်ကောင်းဖြစ်နေနိုင်သည်။

“ဒီအရှင် က ဒီလိုမျိုးအံ့ဖွယ်ကောင်းတဲ့ ပစ္စည်းမျိုးကို ဒီကမ္ဘာကြီးထဲမှာ  လုံးဝမမြင်ခဲ့ဖူးသလို ကြားလဲမကြားခဲ့ဖူးဘူး..ကောင်လေး မင်းကတော့ တကယ့်ကိုမှ ကံကောင်းတဲ့ကောင်ပဲကွ”

ကေင်းကင်မီးတောက်က ပြန်ဖြေလိုက်သည်။

“ခင်ဗျားတောင် ဒီပစ္စည်းအကြောင်းကို မသိဘူးလား…ဒီမျက်နှာဖုံးက အရမ်းကို အံ့ဖွယ်ကောင်းနေတယ်ဆိုတာကို ကျုပ်သိခဲ့ရင် သရဲလေးကို ဒါဘယ်နေရာကနေလာလဲဆိုတာ မေးခဲ့လိုက်ရမှာ “

ရှစ်ဖုန့်က ပြောလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့်  ဧရာမ အရိုးဖြူလက်သည်းကြီးတစ်ခုက ရှစ်ဖုန့်၏ ခြေဖဝါးအောက်ဘက် ဟင်းလင်းပြင်ထဲတွင်ပေါ်လာသည်။  ရှစ်ဖုန့်က ထိုပေါ်သို့ ခြေလှမ်းလိုက်ပြီး အရိုးဖြူလက်သည်းကြီးက ရှစ်ဖုန့်အား မြေပြင်ပေါ်သို့ ခေါ်ဆောင်သွားသည်။  ၎င်းမြေပြင်နှင့်ထိလိုက်သည့်အချိန်တွင် အရိုးဖြူလက်သည်းကြီးမှာ အဖြူရောင်မြူခိုးအဖြစ်သို့ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထဲတွင်ဖုံးကွယ်နေလိုက်သည်။

“တစ္ဆေဘုရင်တောင်ကုန်းပေါ်ကို အရင်သွားကြည့်ကြတာပေါ့”

ရှစ်ဖုန့်က တစ္ဆေဘုရင်တောင်ကုန်း ဦးတည်ချက်ဘက်ကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ သူ့အနေဖြင့်တစ္ဆေဘုရင်၏ ကိုယ်ပေါ်မှ ဤကဲ့သို့ တစ္ဆေမျက်နှာဖုံးမျိုးကိုရရှိခဲ့သောကြောင့် ထိုနေရာတွင်လည်း တစ်ခြားသော လျှို့ဝှန်ဆန်းကြယ်သော တည်ရှိမှုတို့ရှိနေလိမ့်မည်ဖြစ်သည်။  ထိုနေရာရှိ တစ္ဆေဘုရင်၏ သားရဲတွင်းထဲတွင် ဆီးလ်ခတ်ခံထားရသော လစန္ဒြာသားရဲလည်းရှိနေသည်။ သူ့အနေဖြင့် ထိုအရာအား စုပ်ယူနိုင်မည်လားဆိုသည်ကို သိချင်မိသည်။ အကယ်၍ သူသာ တကယ်ကြီး ဆဋ္ဌမအဆင့် လစန္ဒြာသားရဲကို ဝါးမျိုနိုင်ခဲ့သည်ဆိုလျှင် သူ၏ ဝိညာဉ်ခွန်အားမှှာ သေချာပေါက်ထပ်မံ၍ အဆင့်တက်လှမ်းလိမ့်မည်ဖြစ်လေသည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters