အပိုင်း (၁၆၂)
Vol. 11 Ch. 162
တစ္ဆေဘုရင်တောင်ကုန်းမှာ မှင်များစွန်းထင်းနေသကဲ့သို့ ပိန်းပေါက်အောင်နက်မှောင်သော ဧရာမ တောင်ကြီးတစ်လုံးပင်ဖြစ်သည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးကြားတွင်ရပ်တည်နေပြီး အေးစိမ့်သော လေပြင်းများနှင့်တွဲဖတ်၍ ထိန့်လန့်အားငယ်ဖွယ်တိတ်ဆိတ်ငြိိမ်သက်မှုကို ပေးစွမ်းနေသည်။
တောင်၏ တစ်ဝက်မဘေးဘက်ခြမ်းတွင် ကြမ်းကြုတ်သော ဧရာမသရဲမျက်နှာပုံပေါ်နေသည့် အနက်ရောင်ကျောက်သားတံတိုင်းကြီးရှိသည်။ ၎င်းမှ ဒေါသထွက်နေသော သရဲတစ်ကောင်ကဲ့သို့ပုံစံပေါ်နေ၏။ ၎င်းက ပါးစပ်ကြီးအား ကျယ်ပြန့်စွာဟထားပြီး ထက်ရှသောအစွယ်တန်းနှစ်ခုနှင့် ကြမ်းကြုတ်သော အနက်ရောင်သွားများကို လှစ်ဟာပြထားကာ ဧရမ အနက်ရောင်သားရဲကြီးတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ပုံစံပေါ်နေသည်။
ဧရာမ သရဲမျက်နှာကြီး၏ ပါးစပ်ထဲတွင် နက်ရှိုင်းသော လမ်းကြောင်းတစ်ခုရှိသည်။ ရှစ်ဖုန့်က ပါးစပ်အတွင်းသို့ခြေလှမ်းဝင်လိုက်ပြီး လမ်းကြောင်းအတိုင်းလျှောက်သွားလိုက်သည်။ လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အစိမ်းရောင် တစ္ဆေမီးတောက်များက တောက်လောင်နေ၏။ လမ်း၏အပိုင်းတစ်ခုဆီသို့ ရှစ်ဖုန့် လျှောက်လှမ်းလာသည့်အချိန်တိုင်းတွင် တစ္ဆေမီးတောက်များမှာ အလိုအလျောက် အမှောင်ထဲတွင် ထွန်းလင်းလာကြသည်။
“ဒါတွေက ကြည်လင်တစ္ဆေမီးတောက်တွေပဲ ..သူတို့က မြေမီးတောက်လောက်တော့မကောင်းဘူးဆိုပေမဲ့ အဆင့်လေးသားရဲမီးတောက်နဲ့ တန်းတူညီမှုနီးပါးတော့ ရှိနေတုံးပဲ… အဲ့တာတွေိ အလာဟဿ မဖြုန်းတီးပစ်နဲ့”
ကောင်းကင်မီးတောက်ကပြောလိုက်သည်။ ထို့နောက် တောက်ပသောအနီရောင်မီးတောက်အမျှင်စု
များက ရှစ်ဖုန့်၏ ကိုယ်မှ ပျံသန်းထွက်လာပြီး လမ်း ဘေးနှစ်ဖက်လုံးရှိ တစ္ဆေမီးတောက်များထံသို့ လွင့်မျောသွားသည်။ ၎င်းက တစ္ဆေမီးတောက်တို့အပေါ်သို့ကျရောက်သွား
သောအခါတွင် မီးတောက်များကို တစ်ခုပြီးတစ်ခုဝါးမျိုလိုက်လေသည်။
ကောင်းကင်မီးတောက်က တစ္ဆေမီးတောက် တစ်ခုကို ဝါးမျိုလိုက်သည့် အချိန်တိုင်းတွင် စွမ်းအင်က နည်းနည်းစီးတိုးပွားလာသည်ကို ရှစ်ဖုန့်ခံစားမိနိုင်သည်။ မှောင်မိုက်နေသော လမ်းကြောင်းတစ်ခုလုံးတွင် တစ္ဆေမီးတောက်ပေါက်း သုံးဆယ့်နှစ်ခုရှိသည်။ ကောင်းကင်မီးတောက်က တစ္ဆေမီးတောက်များအား ဝါးမျိုပြီးသောအခါတွင် ရှစ်ဖုန့်၏ ကိုယ်အတွင်းသို့ပြန်လည်၍ ပျံသန်းလာခဲ့သည်။ သူ၏ စွမ်းအားမှာ တော်တော်လေးတိုးတက်လာသည်ကို ရှစ်ဖုန့်ခံစားမိသည်။ သို့သော် သူယခုလိုအပ်နေသော စွမ်းအင်ပမာဏက အရမ်းကိုမှ များပြားလှသည်ဖြစ်သည်။ တစ္ဆေမီးတောက်သုံးဆယ့်နှစ်ခုအား ဝါးမျိုပြီးသည့်တိုင် အဆင့်တက်ရန်အတွင် မျှော်လင့်ချက်အား ရေးရေးပင် သူမဆုပ်ကိုင်မိသေးချေ။
ထို့နောက်တွင် ရှစ်ဖုန့်မှာ ကြီးမားသော ခန်းမကြီးတစ်ခုအတွင်းသို့ရောက်လာသည်။ ထိုနေရာတွင် မှင်များစွန်းထင်းခံထားရသကဲ့သို့ ပိန်းပေါက်အောင်နက်မှောင်သော ပလ္လင်တစ်ခုလည်းရှိနေသည်။ ရှစ်ဖုန့်အာရုံခံကြည့်လိုက်သောအခါတွင် ဤပလ္လင်နှင့်ပက်သက်ပြီး ဘာမှာထူးခြားမှုတို့ရှိမနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ တစ္ဆေဘုရင် တောင်ကုန်း၏ အနက်ရောင်ကျောက်သားများဖြင့်ပြုလုပ်ထား
သော အရာတစ်ခုသာဖြစ်သည်။ ခန်းမဝန်းကျင်အား ကြည့်လိုက်သောအခါတွင် ခြောက်ချားဖွယ် အဖြူရောင်အရိုးများမြေပေါ်တွင်ရှိနေသည်မှလွဲ၍ ဘာမှထူခြားသော အရာများကျန်ရှိနေခြင်း မရှိပေ။
“ဒီစွမ်းအားက…”
ရုတ်တရက် ရှစ်ဖုန့်မှာ ယခင်က ရုတ်ချည်း အပြင်းရောက်လာခဲ့သော သန်မာပြီး အေးစက်သည့် စွမ်းအားကို ခံစားလိုက်ရသည်။
ရှစ်ဖုန့်က စွမ်းအား တစ်ဟုန်ထိုးလာနေသော နေရာကို စိုက်ကြည့်လိုက်သည်။ ကြည်လင်သော သလင်းကျောက်တစ်ခုကို မြှုပ်နှံထားသည့် အနက်ရောင်ကျောက်နံရံတစ်ခုကို မြင်တွေ့လိုက်ရသည်။ သလင်းကျောက်အား သိပ်သည်းပြီးသေးငယ်သောအင်းစားလုံးများ
ဖြင့် ထွင်းထုပုံဖော်ထားသည်။ သလင်းကျောက်အတွင်းတွင် သွေးနီရောင်ရှိသော သက်ရှိတစ်ကောင်က ၎င်းအားပြင်းထန်စွာ အတင်းဝင်ဆောင့်နေသည်။ ဤသက်ရှိမှာ လက်သီးစုပ်အရွယ်အစားသာရှိသော်လည်း ၎င်း၏မျက်နှာမှာ ကြမ်းကြုတ်ရက်စက်သော အသွင်ရှိသည်။ ၎င်း၏ကိုယ်ပေါ်တွင် သိပ်သည်းများပြားလှသော သွေးနီရောင် အကြေးခွံများရှိနေပြီး ၎င်း၏ ဦးခေါင်းပေါ်တွင် ချွန်မြသော ဦးချိုတစ်ခုရှိသည်။ ဤအချိန်တွင် ၎င်းက ထိုသွေးနီရောင်ဦးချိုကို အသုံးပြု၍ သူ့အားပိတ်လှောင်ထားသော သလင်းကျောက်ကို ရင်ဆိုင် အတင်းဝင်ဆောင့်နေခြင်းဖြစ်သည်။
ရှစ်ဖုန့်အစောပိုင်းက အာရုံခံမိသည့် သန်မာပြီးအေးစက်သော စွမ်းအားမှာ တကယ်ကို ဤသွေးနီရောင်သက်ရှိမှ ထုတ်လွှတ်နေခြင်းပင်ဖြစ်သည်။
“သွေးလစန္ဒြာသားရဲ”
ရှစ်ဖုန့်နှင့်ကောင်းကင်မီးတောက်တို့က တစ်ချိန်တည်းတွင်ပြိုင်တူအော်ပြော
လိုက်ကြသည်။
“ဒီနေရာမှာတကယ်ကြီး သွေးအရိပ်သားရဲငယ်လေးတစ်ကောင်ကို ဆီးလ်ခတ်ထားတာပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
သွေးလစန္ဒြာသားရဲမှာ ခက်ထန်ကြမ်းကြုတ်သော ရှေးဦးသားရဲတစ်ကောင်ဖြစ်သည်။ သို့သော် ဤကဲ့သို့သော သားရဲအမျိုးအစားက အသွေးအသားတို့ဖြင့်ပြုလုပ်ထားသည့်အရာမဟုတ်ပေ။ ထို့အစား ၎င်းမှာ သရဲတစ္ဆေတို့ကဲ့သို့ ဝိညာဉ်နှင့်သက်ဆိုင်သော တည်ရှိမှုမျိုးပင်ဖြစ်သည်။ ၎င်းမွေးဖွားလာသည့်အချိန်တွင် သာမန်သရဲတစ်ကောင်ကဲ့သို့ဖောက်ထွင်းမြင်
ရသော ကိုယ်ကိုပိုင်ဆိုင်လေသည်။ သို့သော်ဒဏ္ဍာရီများအရ ဤကဲ့သို့သော ကြမ်းကြုတ်ခက်ထန်သည့်သားရဲအမျိုးအစား
မျိုးမှာ သက်ရှိသတ္တဝါတို့၏ သွေးများကိုသောက်သုံးရင်း ကြီးထွားလာကြသည်ဟုဆိုသည်။ ၎င်းကြီးပြင်းလာသောအချိန်တွင် ၎င်း၏ ကိုယ်မှာ သွေးနီရောင်အဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်ပြီး သွေးနီရောင်အကြေးခွံများလည်း ကြီးထွားလာလိမ့်မည်ဖြစ်သည်။
သွေးလစန္ဒြာသားရဲများမှာ ထျန်းဟန်တိုက်ကြီးပေါ်တွင်လုံးဝ ပျောက်ကွယ်တိမ်ကောသွားခဲ့ပြီဖြစ်သည်။ ဤနေရာ၌ လစန္ဒြာသားရဲ ငယ်တစ်ကောင်အား ဆီးလ်ခတ်ထားခြင်းမှာ မမျှော်လင့်ထားသော အရာပင်ဖြစ်သည်။
“ဟားဟား ဆဋ္ဌမအဆင့် သားပေါက် သွေးလစန္ဒြာသားရဲလေးတစ်ကောင်ပဲကွ…ငါ
သာဒါကို ဝါးမျိုပြီးသွားရင် ငါ့ရဲ့စွမ်းအားက သေချာပေါက်ကို နယ်ပယ်တစ်ခုမြင့်တက်သွားလိမ့်မယ်”
ကောင်းကင်မီတောက်က ရယ်မော၍ ပြောလိုက်သည်။
“ဒီလိုခက်ထန်တဲ့ ရှေ့ဦးသားရဲမျိုးက အဆုံးမဲ့အလားအလာကို ပိုင်ဆိုင်ထားတာ ..အဲ့တာကို ဝါးမျိုလိုက်မယ်ဆိုရင် နှမြောစရာမကောင်းဘူးလား”
ရှစ်ဖုန့်က ပြောလိုက်သည်။ ထို့နောက်ရှစ်ဖုန့်က သွေးဓားကိုထုတ်ယူလိုက်သည်။
“ကောင်လေး…မင်းတွေးနေတာက….”
ကောင်းကင်မီးတောက်က ရှစ်ဖုန့်၏ အပြုအမူအား မြင်တွေ့လိုက်ရသော အခါတွင် အလန့်တကြားအော်ဟစ်လိုက်သည်။
“ဟုတ်တယ်.”
ရှစ်ဖုန့်က ပြောလိုက်သည်။
“အခုဆို ဒီသွေးဓားက လက်နက်စိတ်ဝိညာဉ်ကင်းမဲ့နေတာ…ကျုပ်ဒီသွေးလစန္ဒြာသားရဲကို ဒီဓားထဲမှာ ဆီးလ်ခတ်ပြီးတော့ လက်နက်စိတ်ဝိညာဉ်အဖြစ်ပြုလုပ်ရလိမ့်မယ်.. လက်နက်စိတ်ဝိညာဉ်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်နဲ့ဆိုရင် ကျုပ်ရဲ့ခွန်အားကသေချာပေါက် တော်တော်လေးတိုးမြင့်သွားလိမ့်မယ်.. အဲ့တာထက်ပိုတာက သွေးဓားနဲ့ သွေးလစန္ဒြာသားရဲတို့က သွေးတွေကို အတူတကွစုပ်ယူနိုင်ပြီး အနာဂတ်မှာ သူတို့ရဲ့အဆင့်တွေက တိုးတက်လာလိမ့်မယ်”
“မင်းက ဒီကမ္ဘာကြီးရဲ့ ကံစီမံရာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူလို့တောင် ငါသံသယရှိလာပြီ….ဘယ်လိုဖြစ်ပြီးတော့မင်း အရာအားလုံးကို မမျှော်လင့်ပဲနဲ့ ကြုံတွေ့နေရတာလဲ”
ကောင်းကင်မီးတောက်က သက်ပြင်းချလိုက်သည်။
“ ကောင်းပြီ..ကံစီမံရာ ခန္ဓာကိုယ်ဆိုတဲ့ အကြောင်းတွေကို ကျုပ်ကိုလာပြောမနေနဲ့ ….ဒီသခင်လေးက အဲ့တာတွေကို မယုံဘူး.. ကျုပ်ရဲ့ကံကြမ္မာက ကျုပ်ပေါ်မှာပဲမူတည်တယ်..ကောင်းကင်ဘုံပေါ်မူတည်တာမဟုတ်ဖူး”
ရှစ်ဖုန့်က သွေးလစန္ဒြာသားရဲဆီသို့ တစ်လှမ်းချင်းလျှောက်သွားရင်းပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်တို့အား ဆီးလ်တံဆိပ်သင်္ကေတများကို ပုံဖော်လိုက်၏။ ငရဲဘုံကိုးခုပညာရပ်ကို စတင်၍ အသက်သွင်းလိုက်သည်။ ရေများအား စုပ်ယူသော ဝဲတစ်ခုကဲ့သို့ ခန်းမအတွင်းရှိ ယင်ချီအားလုံးအား သူ၏ ကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။
“ဂါး…ဂါး”
ရှစ်ဖုန့်ချည်းကပ်လာသည်ကို မြင်သောအခါတွင် သွေးလစန္ဒြာသားရဲက ကြမ်းကြုတ်သောမျက်နှာဖြင့် ရှစ်ဖုန့်ကို ဟိန်းဟောက်နေသည်။
“ဟမ့် မိစ္ဆာသတ္တဝါ ….ငါမင်းကိုမောက်မာခွင့်ပေးလိုက်အုံးမယ်…. ဒီသခင်လေး ဒီနေရာက ယင်ချီအကုန်လုံးကို စုပ်ယူပြီးတဲ့အချိန်ကျရင် မင်းစွမ်းအင်ကို တောင် မင်းပြန်ပြီးဖြည့်တင်းခွင့်မရစေရဘူး အဲ့နောက် မင်းရဲ့စွမ်းအင်တွေဖြည်းဖြည်းချင်းကုန်ခမ်းလာအောင်ငါလုပ်ပြမယ်”
ရှစ်ဖုန့်က သွေးလစန္ဒြာသားရဲကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ ဆဋ္ဌမအဆင့် သွေးလစန္ဒြာ သားရဲတစ်ကောင်အား သူ ရင််ဆိုင်နိုင်စွမ်း မရှိဘဲနေလိမ့်မည်ဖြစ်သော်လည်း အကယ်၍ ထိုသားရဲက ဆီးလ်ခတ်ခြင်းကိုခံထားရသည်ဆိုလျှင်တော့ ၎င်း၏ စွမ်းအင်များအား လျော့နည်းအောင် လုပ်ရန်မှာ သူ့အတွက် ငှက်ပျောသီးအခွံနွှာစားရသည်ထက်ပင် လွယ်သေးသည်ဖြစ်သည်။
“ဂါး…ဂါး..”
သွေးလစန္ဒြာသားရဲက အန္တရာယ်က ချည်းကပ်လာသည်ကို သဘောပေါက်ပုံရသည်။ ထို့ကြောင့် သလင်းကျောက်အားပို၍ ပြင်းထန်စွာဝင်ဆောင့်လာ၏။ သို့သော်၎င်းမှာ ရှစ်ဖုန့်၏ ထောင်ချေိာက်အတွင်းသို့ကျရောက်သွားခဲ့ပြီဖြစ်သည်။ ၎င်း၏ စွမ်းအားများအား ပို၍ လှုံ့ဆော်အသုံးပြုလေ ရှစ်ဖုန့်အတွက် ၎င်းအားဖမ်းဆီးရန်ပို၍ လွယ်ကူလေပင်ဖြစ်သည်။
ငရဲဘုံကိုးခု ပညာရပ်က ဤနေရာလေးအတွင်းရှိ ယင်ချီအားလုံးကို စုပ်ယူဝါးမျိုလိုက်သည်။ မကြာခင်တွင် ဤနေရာလေးအတွင်းရှိ ယင်ချီအားလုံးမှာ ရှစ်ဖုန့်၏ ဝါးမျိုမှုကို ခံလိုက်ရပြီဖြစ်သည်။ ထို့နောက်တွင်ရှစ်ဖုန့်က သူ၏ လက်ဆီးလ် သင်္ကေတများကို ထပ်မံ၍ ပြောင်းလဲလိုက်သည်။ ထူးဆန်းပြီး အဖြူရောင်ရှိသည့်တွန့်လိမ်နေသော အင်းစာလုံးများက ပေါ်လာပြီး သလင်းကျောက်အတွင်းသို့လွင့်မျောဝင်သွားသည်။
သွေးလစန္ဒြာသားရဲက ၎င်း၏ လက်သည်းကို မြှောက်လိုက်ပြီး အဖြူရောင်အင်းများကို ဖမ်းဆုပ်၍ ဖျက်ဆီးလိုက်သည်။
“ဟမ့် ..မင်းက ခုခံရဲသေးတယ်လား”
ထို့နောက်တွင် သိပ်သည်းသော အဖြူရောင်အင်းစာလုံးများက ရှစ်ဖုန့်၏ လက်သင်္ကေတများမှာ အစီအရီထွက်ပေါ်လာပြီး သလင်းကျောက်အတွင်းသို့ လွင့်မျောဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဝိညာဉ်မူလပြန်ဆေးလုံးကို ထုတ်ယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ပစ်ထည့်လိုက်သည်။ သူ၏ စွမ်းအင်တို့လျော့နည်းကုန်းခန်းလာသည့်နောက်တွင်သူက ၎င်းကိုမျိုချလိုက်သည်။
သူ့နေဖြင့် သွေးလစန္ဒြာသားရဲအား ၎င်း၏ စွမ်းအင်များကုန်ခမ်းသွားသည့်တိုင် တိုက်ခိုက်ရန်အတွက်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
ဝိညာဉ်မူလပြန်ဆေးလုံးများမှာ တစ်လုံးပြီးတစ်လုံးရှစ်ဖုန့်၏မျိုချမှုကို ခံလိုက်ရသည်။ ရှစ်လုံးမြောက်ဆေးလုံးအား မျိုချပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ နှုတ်ခမ်းတို့တွန့်ကွေးသွားပြီး မိစ္ဆာဆန်သော အပြုံးတစ်ခုပေါ်လာသည်။ သူ၏ လက်ချောင်းအား လှစ်ကနဲ လုပ်လိုက်သောအခါတွင် အဖြူရောင်အင်းအမှတ်အသားတစ်ခုက သွေးလစန္ဒြာသားရဲဆီသို့ ပစ်လွှတ်သလို ထွက်သွားသည်။
ထိုအချိန်တွင် သွေးလစန္ဒြာသားရဲမှာ ၎င်း၏ စွမ်းအင်အားလုံးအား အသုံးပြုလိုက်ပြီးဖြစ်ပုံရသည်။ ၎င်း၏ လက်သီးဆုပ်အရွယ် ခန္ဓာကိုယ်က ပျော့ခွေစွာပြုတ်ကျသွားသည်။ သိပ်သည်းသော အဖြူရောင် သင်္ကေတကသူ့ထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသောအခါတွင် ၎င်း၏ သေးသွယ်သော ညာလက်သည်းက ဆန့်ငင်ဆန့်ငင်လှုပ်သွားသည်။ ၎င်းအနေဖြင့်လက်ကို မချင်သော်လည်း လျှင်မြန်စွာဖြင့်ပင်ပြန်လည်၍ ပြုတ်ကျသွားသည်။ ချက်ခြင်းပင် အဖြူရောင်သင်္ကေတက သွေးလစန္ဒြာသားရဲ၏ နဖူးဆီသို့ ပစ်လွှတ်သလိုဝင်ရောက်သွား၏။ သွေးလစန္ဒြာသားရဲ၏ နဖူးထက်တွင် ဖားလောင်းသဏ္ဍန် တွန့်ကွေးနေသည့် “ယို” ဟူသော စာလုံးတစ်ခုရှိနေသည်။
“ဟားဟား….ဟားဟားဟား”
ရှစ်ဖုန့်က ဟက်ဟက်ပက်ပက်ကို ရယ်မောလိုက်သည်။ သွေးဓားမှာရုတ်ချည်း အဖြူရောင်မဖြစ်စွန်းထင်းသွားသည်။ ထို့နောက်တွင်သူက သွေးလစန္ဒြာသားရဲပိတ်မိနေသော အကြည်ရောင်သလင်းကျောက်ထံ သွေးဓားကို ထိုးသွင်းလိုက်သည်။
“ဝုန်း”
ခန်းမတစ်ခုလုံးစတင်၍ ပြင်းထန်စွာတုန်ခါလာသည်။ ခန်းမကြီးတစ်ခုလုံးပြိုကျတော့မည့်သကဲ့သို့ မြေပြင်နှင့် တောင်တို့မှာ တုန်ခါလာ၏။
“ဖန်း”
ရှစ်ဖုန့်၏ ဓားချက်အောက်တွင် အကြည်ရောင်သလင်းကျောက်မှာ ကွဲကြေသွားသည်။
ဆက်ရန်….
ဘာသာပြန်သူ- ARISE