အပိုင်း (၁၆၃)
Vol. 11 Ch. 163
“ဂါး ..ဂါး “
သွေးလစန္ဒြာသားရဲက ရှစ်ဖုန့်အား ကွဲကြေသွားသော သလင်းကျောက်အတွင်းမှနေ၍ မာန်ဖီနေသည်။ ရှစ်ဖုန့်က သူ၏ ဘယ်လက်ကိုလှမ်းလိုက်ပြီး လက်သီးဆုပ်အရွယ် သွေးလစန္ဒြာသားရဲအား ကြွက်လေးတစ်ကောင်ကိုဖမ်းသကဲ့သို့ ဖမ်းလိုက်သည်။ ထို့နောက်တွင် သူ၏ ညာလက်ထဲရှိသွေးဓားအား အောက်သို့ ဆောင့်ချလိုက်သည်။ ရုတ်တရက် သွေးနီရောင်အလင်းက တောက်ပစွာ ထွန်းလင်းလာပြီး ခန်းမတစ်ခုလုံးအား လင်းထိန်သွားစေသည်။
“ဂါး..ဂါး”
အလွန်စူးရှတောက်ပသော သွေးနီရောင်အလင်းထဲမှသွေးလစန္ဒြာသားရဲက မာန်ဖီလိုက်သည်။ ရှစ်ဖုန့်က နောက်ထပ် လက်သင်္ကေတပုံရိပ်တစ်ခုကို သူ၏ ဘယ်လက်ဖြင့်ဖော်ဆောင်လိုက်ပြီး သွေးနီရောင်ဓားပေါ်သို့ ပစ်ဆောင့်ချလိုက်သည်။
“ထန်…ထန်…ထန်….ထန်..”
ထို့နောက် သူ၏ လက်ချောင်းတို့ဖြင့်သွေးဓားကို စည်းချက်ညီသော သံစဉ်တစ်ခုထွက်ပေါ်လာစေရန် ဆက်ကနဲတောက်လိုက်သည်။
မာန်ဖီအော်ဟစ်နေသော အသံမှလည်းပျောက်ကွယ်သွားပြီး သွေးနီရောင်အလင်းလည်း ပျောက်ကွယ်သွားသည်။ သွေးလစန္ဒြာ သားရဲနှင့် သွေးဓားတို့မှာလုံးဝပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။ သွေးလစန္ဒြာသားရဲပေါက်လေးမှာ သွေးဓား၏ လက်နက်စိတ်ဝိညာဉ်တစ်ခုဖြစ်လာခဲ့သည်။
“မင်းဟာ အခု သွေးဓားရဲ့ လက်နက်စိတ်ဝိညာဉ်တစ်ခုဖြစ်သွားပြီ…အခုကစပြီးတော့ မင်းဟာသွေးဓား သွေးဓားကမင်းပဲ”
ရှစ်ဖုန့်က သွေးလစန္ဒြာသားရဲကိုပြောလိုက်သည်။ ထို့နောက်သူက သွေးဓားကို သူ၏ သိုလှောင်လက်စွပ်အတွင်းတွင်ပြန်ထားလိုက်ပြီး ခန်းမအတွင်းရှိ တစ္ဆေဘုရင် ပုလ္လင်ဆီသို့လျှောက်သွားလိုက်သည်။
ရှစ်ဖုန့်က တစ္ဆေဘုရင်ပုလ္လင်ဆီသို့ချည်းကပ်လာပြီးသည့်
နောက်တွင် ၎င်းကိုကန်ထုတ်ပစ်လိုက်သည်။ထို့နောက်တွင် ၎င်း၏ အောက်ဘက်၌ မှောင်မိုက်နေသော အက်ကွဲကြောင်းတစ်ခုပေါ်လာ၏။
အက်ကွဲကြောင်းမှာ ဟင်းလင်းပြင်အတွင်းရှိ အက်ကွဲကြောင်းတစ်ခုကဲ့သို့ဖြစ်သည်။ ထို့နောက် အက်ကွဲကြောင်းအတွင်းဆီမှ အလင်းတန်းတစ်ခု တောက်ပလာသည်။
“နေရောင်ပဲ…အဲ့တာက နေရောင်ဆိုတော့ တစ်ခြားတစ်ဖက်ခြမ်းဟာ သေချာပေါက် ထျန်းဟန် တိုက်ကြီးပြဖြစ်ရမယ်”
ရှစ်ဖုန့်က အက်ကွဲကြောင်းကိုကြည့်၍ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူက အော်ပြောလိုက်သည်။
“ယင်မိစ္ဆာ”’
သူအော်လိုက်သောအခါတွင် ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသော်လည်း ဖြူဖျော့သော အသွင်အပြင်ကိုပိုင်ဆိုင်ထားသည့် ယင်မိစ္ဆာက မြေကြီးထဲမှထိုးထွက်လာသည်။
ရှစ်ဖုန့်က ပြောလိုက်သည်။
“ငါတို့တွေ ထွက်ပေါက်ကိုတွေ့ပြီ…အဲ့ကောင်မလေးကို ဒီကိုခေါ်လာခဲ့”
“ဟုတ်.ကဲ့…သခင်”
အမိန့်ကိုလက်ခံပြီးသည့်နောက်တွင် ယင်မိစ္ဆာ၏ ကိုယ်က မြေကြီးအတွင်းသို့ထပ်မံ၍ နစ်ဝင်သွားသည်။
ယင်မိစ္ဆာထွက်ခွာသွားပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ ကိုယ်အတွင်းမှ ကောင်းကင်မီးတောက်က ရုတ်တရက်ပြောလိုက်သည်။
“ကောင်စုတ်လေး မင်းမှာ ထူးခြားတဲ့ အရာတွေကို အကုန်လုံးကိုရှိနေတာပဲ…ငါအခုလေးတင် ယင်အလောင်းက အကြွင်းမဲ့ယင်မိစ္ဆာအလောင်းကို ဆိုတာကိုတွေ့လိုက်ရတယ်”
“ဘာလဲ..ဒီသခင်လေးနောက်ကိုလိုက်ရတာက ဆိုးတဲ့ အရာမဟုတ်ဖူးဆိုတာကို အခုတော့ခင်ဗျားသိသွားပြီမလား”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ဟမ့်”
ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ကောင်းကင်မီးတောက်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ငါက အဆင့်အတန်းမြင့်တဲ့ အထွဋ်အမြတ်မီးတောက်ကွ…နတ်ဘုရားအ
ဆင့်လို တည်ရှိမှုမျို………..ငါဟာ ကမ္ဘာကြီးကို လှည့်လည်သွားလာခဲ့ပြီးတော့ တစ်ခုတည်းသော အန္တိမ သက်ရှိပဲ….အဲ့လိုငါက အခုတော့မင်းရဲ့ ဒန်တန်ဖြစ်လာရတယ်..ငါကမှ နစ်နာမှုကို ကြုံရတဲ့သူလို့မင်းမထင်ဘူးလား …မင်းစိတ်ထိခိုက်မှုကို မခံစားမိဘူးလား”
“အတိတ်တိတ်က အတိတ်ပဲ ..ဒီသခင်လေးရဲ့အကူအညီသာ မရှိခဲ့ရင် ခင်ဗျားလည်း ကောင်းကင်ဘုံရေခဲဝိညာဉ်တောင်ထွတ်မှာ ကောင်းကင်ဘုံ ရေခဲမိစ္ဆာအပြစ်ပေး အစီအရင်ရဲ့ ဖိနှိပ်မှုကိုခံရပြီးတော့ ပိတ်မိနေအုံးမှာပဲ ….ခင်ဗျားက ဒီသခင်လေးကို ကျေးဇူးမတင်ရုံတင်မကဘူး အဲ့အစား ထက်တွန့်ပါလာတက်နေသေးတယ်…..ခင်ဗျားအတွက် ဘာက တကယ်ကောင်းလဲဆိုတာကို ခင်ဗျားတကယ်မသိတာလား”
“ဟမ့်…”
ကောင်းကင်မီးတောက်က ထပ်မံ၍ နှာခေါင်းရှုံ့လိုက်ပြီးနောက် စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
သိပ်မကြာခင်တွင် ယင်မိစ္ဆာနှင့် ဇီယာတို့က မြေကြီးထဲမှ တိုးထွက်လာသည်။ ဇီယာက ရှစ်ဖုန့်ကို တွေ့လိုက်ရသောအခါတွင် သူမကမေးလိုက်သည်။
“အကိုရှစ် ရှင် ဒီနေရာကနေထွက်သွားလို့ရတဲ့လမ်းကိုတွေ့ပြီလား”
“အင်းငါတွေ့ပြီ”
ရှစ်ဖုန့်က ခေါင်းအနည်းငယ်ညိမ့်ပြ၍ ပြောလိုက်သည်။
“အဲ့ယုတ်မာဆိုးဝါးတဲ့ကောင်ရော ဘယ်ကိုရောက်သွားလဲ”
ဇီယာက ထပ်မံ၍ မေးလိုက်သည်။
“သူသေပြီ…ငါမင်းမျိုးနွယ်ကလူတွေအတွက် လက်စားချေပေးခဲ့တယ် ………မင်းဒီနေရာကို အေးအေးဆေးဆေးနဲ့ ချန်ထားခဲ့လို့ရပြီ”
ရှစ်ဖုန့်က ထိုသို့ပြောပြီးသည့်နောက်တွင် နေရာလွတ်အက်ကွဲကြောင်းကိုညွှန်ပြ၍ ပြောလိုက်သည်။
“ဒါက ပြန်ရမယ့်လမ်းကြောင်းပဲ”
“အင်း ကျေးဇူးတင်ပါတယ် အကိုရှစ်…အခုဆိုရင် ကျွန်မရဲ့မျိုးနွယ်ကလူတွေ အေးအေးချမ်းချမ်းနဲ့ အနားယူနိုင်ပါပြီ…ဒီမြို့လေးမှာရှိတဲ့သူတွေလည်း ထပ်ပြီး တော့ ကြောက်ရွံ့နေကြစရာ မလိုတော့ပါဘူး”
ဇီယာက မြို့လေးအတွင်းရှိ သရဲများကို “လူများ” ဟုခေါ်လိုက်သည်။ သူမအတွက် သူမမြင်တွေ့ခဲ့ရသော သရဲများက လူများမနှင့်ကွဲပြားခြင်းမရှိနေခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်သည်။သူတို့က စကားပြောနိုင်သည့်အပြင် ခံစားချက်များလည်း ရှိကြသည်ဖြစ်သည်။
“သွားစို့”
ရှစ်ဖုန့်က ဇီယာ၏ နူးညံ့ပျော့ပျောင်းသော လက်လေးကိုလှမ်း၍ ဆုပ်ကိုင်လိုက်သည်။ ထို့နောက်သူက အက်ကွဲကြောင်းကြားထဲသို့ခြေလှမ်းလိုက်၏။ ထို့နောက်ချက်ခြင်း ယင်မိစ္ဆာကလည်းနောက်မှလိုက်ပါလိုက်သည်။
ရုတ်တရက် အားကောင်းသော စုပ်ယူအားတစ်ခုက နေရာလွတ်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာပြီး ရှစ်ဖုန့်၊ဇီယာနှင့်ယင်မိစ္ဆာတို့ကို စုပ်ယူသွားသည်။ မကြာခင် ရှစ်ဖုန့်ရှေိ့ရှိကမ္ဘာကြီးမှာရုတ်ချည်းပြောင်းလဲသွားသည်။ အပူချိန်ပင် ယခင်နှင့်လုံးဝကွဲပြားသွားခဲ့သည်။ အပူချိန်က ခြစ်ခြစ်တောက်ပူနေပြီး နေကလည်း ခြစ်ခြစ်တောက်ပူပြင်းနေကာ လေကလည်း ပြင်းထန်စွာတိုက်နေသည်ဖြစ်သည်။
“ငါတို့နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ”
ရှစ်ဖုန့်က ကောင်းကင်ကိုမော့ကြည့်၍ ပြောလိုက်သည်။ ထို့နောက်သူက လှည့်လိုက်သည်။ သူ၏ နောက်တွင် ကျောက်နံရံတစ်ခုရှိသည်။ ကျောက်နံရံပေါ်တွင် တံခါးတစ်ခုအရွယ်အစားရှိသော သရဲမျက််နှာကြီးတစ်ခုရှိနေသည်။၎င်းမှာ ငိုရယ်နေသောပုံစံနှင့်ဆင်တူသည်။ ၎င်းမှာ ရှစ်ဖုန့် ယင်ခင်က ဝတ်ဆင်ခဲ့သော တစ္ဆေမျက်နှာဖုံးနှင့်အတူတူပင်ဖြစ်လေသည်။ သရဲ၏ မျက်နှာထံမှ အားကောင်းသော စုပ်ယူအားတစ်ခုလာနေသည်ကို ရှစ်ဖုန့်ခံစားရသည်။
ဤသရဲမျက်နှာမှာ နေရာလွတ်နှင့်ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုပင်ဖြစ်လေသည်။ သူဘယ်နယ်မြေ အပိုင်းအတွင်းသို့ရောက်နေသည်ကို ရှစ်ဖုန့်မသိသော်လည်း ဤနေရာမှာ သရဲမျက်နှာကိုမြေပုံပေါ်တွင်သူတွေ့စဉ်က လာချင်ခဲ့သော အမွေအနှစ်နေရာပင်ဖြစ်ရမည်ဖြစ်သည်။ သို့သော်သူနှင့် မြွေလူသားမလေးတို့က မျှော်မှန်းထားသော အချိန်ထက်စော၍ ဝင်ရောက်ခဲ့လိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့မိပေ။
“အကိုရှစ် “
ဇီယာက ရှစ်ဖုန့်ကို ညင်သာစွာခေါ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်က ဇီယာကို မေးလိုက်သည်။
“ကျွန်မဒီနယ်မြေကို မှတ်မိပြီ…ဒီကနေ ကျွန်မတို့ မြွေလူသားမျိုးနွယ်ထိဆိုရင် သိပ်မဝေးဘူး ကျွန်မတို့အဲ့နေရာကိုသွားခဲ့ကြတယ်… ကျွန်မတို့အဲ့မှာရှိတဲ့အချိန်တုံးကလည်း နေ့အချိန်ပဲရှိနေသေးတယ်ဆိုပေမဲ့ ရက်အနည်းငယ်လောက်တော့ရှိသင့်လောက်ပြီ…ကျွန်မမျိုးနွယ်က လူတွေက ကျွန်မကိုစိတ်ပူနေကြလိမ့်မယ်..ကျွန်မအနေနဲ့ မြွေလူသားမျိုးနွယ်ကိုအရင်ဆုံးပြန်ပြီးတော့ ကျွန်မလုံခြုံတယ်ဆိုတာကို မျိးနွယ်ကလူတွေကို သတင်းပို့ဖို့လိုတယ်… “
ဇီယာက ပြောလိုက်သည်။
“ကောင်းပြီ…သဲကန္တာရက အန္တရာယ်များတယ်..ငါမင်းကိုပြန်ခေါ်သွားပေးမယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အင်း…ကျွန်မလည်းရှင့်ကို မြွေလူသားမျိုးနွယ်ကိုအလည်ခေါ်သွားမယ်..
ကျွန်မတို့ မျိုးနွယ်တွေက လူသားတွေအကြောင်းကို အမြဲပြောနေကြ…. သူတို့အမြဲပြောတာက လူသားတွေဟာ ကောက်ကျစ်စဉ်းလဲတယ် …စပ်ဆုပ်ဖို့ကောင်းတယ်ဆိုတာတွေပဲ..သူတို့က ကျွန်မတို့ကို သတိဝီရိယအမြဲရှိဖို့ပြောတယ်…….ဒါပေမဲ့ ရှင်က ကျွန်မတို့မျိုးနွယ်ကသူတွေပြောတဲ့နဲ့ မတူညီဘူးဆိုတာကို တွေ့ခဲ့ရတယ်”
ဇီယာကပြောလိုက်သည်။
“လူသားတွေက အန္တရာယ်ရှိတယ်လို့ မင်းတို့လူတွေပြောတာမှန်တယ်….ငါတို့တွေ
ဟာအမြဲကို သတိဝီရိယရှိနေဖို့လိုအပ်တယ်… ငါလိုလူနဲ့တွေ့လိုက်ရတာနဲ့ပဲ လူသားတွေက ငါ့လိုမျိုးတူညီကြလိမ့်မယ်လို့ မထင်လိုက်နဲ့”
ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက်သူက လီလျိုရှင်းကို တွေးလိုက်မိသည်။
လီလျိုရှင်းအား ဥပမာ အနေဖြင့် သုံး၍ ဖြူစင်ပြီး ကြင်နာတတ်သော မြွေလူသားမလေးကိုပြောလိုက်သည်။
“ဥပမာ မင်းအဲ့ညက မြင်ခဲ့ရတဲ့ အပြာရောင်ဝတ်ရုံနဲ့လူလိုမျိုးပေါ့”
“အင်း…”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ဇီယာက တွေးတွေးဆဆဖြင့်ခေါင်းညိမ့်လိုက်သည်။
“အကိုရှစ် ဒီလမ်းအတိုင်းသွားရအောင်..ဒါပေမဲ့ ရှင့်ကိုတွေ့ပြီးတဲ့နောက်မှာတော့ ဒီကမ္ဘာကြီးမှာ လူကောင်းတွေလည်း အများကြီးရှိသေးတယ်လို့ ခံစားရတယ် ကျွန်မရဲ့လူတွေလိုပဲ သူတို့ကလည်း ကောင်းမွန်ကြတဲ့သူတွေပဲ”
ထို့နောက်တွင် ဇီယာကရှေ့မှဦးဆောင်သွားလိုက်သည်။ ရှစ်ဖုန့်က ဇီယာ၏ နောက်မှ မြွေလူသားနယ်မြေသို့လိုက်ပါလိုက်သည်။
ငရဲဝံပုလွေမှာ ထိုညက ဇီယာ၏ ခရမ်းရောင်အမြီးဖြင့် အရိုက်ခံရပြီးနောက် ဘယ်နေရာသို့ လွင့်ထွက်သွားခဲ့မှန်းသူမသိပေ။ ငရဲဝံပုလွေအနေဖြင့် ထိခိုက်ဒဏ်ရာမည်မျှရသွားမှန်းလည်း သူမသိပေ။ ကံကောင်းစွာဖြင့် ငရဲဝံပုလွေ၏ ကိုယ်ပေါ်တွင် သူ၏ အမှတ်အသားရှိနေသည်။ အမှတ်အသားကယခုထိပျောက်ကွယ်သွားသောကြောင့် ဤကမ္ဘာထဲတွင် ထိုသတ္တဝါ အသက်ရှင်နေသေးသည်ဟု သက်သေပြနေခြင်းပင်ဖြစ်သည်။
ရုတ်တရက် ကြီးမားသော အရိပ်ကြီးတစ်ခုက သူတို့၏အပေါ်မှပေါ်လာပြီး ရှစ်ဖုန့်နှင့် ဇီယာတို့ရှိနေသော နေရာမှာ ရုတ်တရက်ဆိုသလိုမှောင်ကျသွားသည်။
ထို့နောက်တွင် စူးရှရှဖြင့် မိန်းမလျာကဲ့သို့သော အသံတစ်ခုက ကောင်းကင်ထက်မှပေါ်လာ၏။
“ဟေး …အဲ့တာ မြွေလူသားမျိုးနွယ်က မင်းသမီလေး ဇီယာမဟုတ်လား… မင်းသမီးဇီယာပျောက်နေတယ်လို့ငါကြားခဲ့တယ်… မြွေလူသားမျိုးနွယ်တစ်ခုလုံး စုစုရုံးရုံးဖြစ်နေကြတာ မင်းကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး”
“ဟမ်”
ရှစ်ဖုန့်က ခေါင်းမော့ကြည်လိုက်သောအခါတွင် ကြီးမားသော အနက်ရောင်လင်းနို့ကြီးကို ကောင်းကင်ထက်တွင်တွေ့လိုက်ရသည်။ ထိုလင်းနို့ကြီးပေါ်လာခြင်းက ဤနေရာရှိ အလင်းရောင်ကို ကာဆီးထားလိုက်ခြင်းပင်ဖြစ်လေသည်။ ထို့နောက်တွင် ဇီယာ၏ အသံလေးက သူ၏ နားထဲသို့ ဝင်လာ၏။
“အဲ့တာသူတို့ပဲ..ကြွက်လူသားမျိုးနွယ်က
သူတွေ”
ကောင်းကင်ထက်ကိုကြည့်လိုက်ပြီးနောက် ဇီယာ၏ မျက်နှာထက်တွင် စက်ဆုပ်ရွံရှာသော အမူအယာတို့ဖြစ်ပေါ်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISES