← Chapters

အပိုင်း(၁၆၄)

Vol. 11 Ch. 164

အပိုင်း(၁၆၄)

Vol. 11 Ch. 164

ဧရာမ အနက်ရောင် လင်းနို့ကြီးက သဲကန္တရ အတွင်းသို့ လျှင်မြန်စွာ ဆင်းသက်လိုက်သည်။ အနက်ရောင်လင်းနို့၏ အပေါ်တွင် ကြွက်လူသားသုံးယောက်က ရပ်နေ၏။ထို ကြွက်လူသားသုံးယောက်၏ ပုံစံမှာ အရမ်းကို ဆင်တူမှုရှိသည်။ ၎င်းတို့မှာ လူသားအသွင်ပြောင်း ထားကြသော်လည်း   ၎င်းတို့၏မျက်နှာသုံးခုကတော့ ကြွက်များနှင့်အလွန်ဆင်တူလေသည်။ သူတို့တွင် နားရွက်ချွန်များရှိကြပြီး  စဉ်းလဲသော မျက်လုံးများနှင့် ပါးစပ်ချွန်ချွန်တို့အပြင် မျောက်ကဲ့သို့မေးစေ့ကိုပိုင်ဆိုင်ထားကာ သူတို့၏ ပါးစပ်ဘေးနှစ်ဖက်ဆီ၌ ရှည်လျားသော ကြွက်နှုတ်ခမ်းမွှေးတို့ရှိကြသည်။  သူတို့၏ နောက်တွင် ရှည်လျားသော အနက်ရောင်ကြွက်မြီးတစ်ခုလည်းရှိသည်။

၎င်းတို့ ကြယ်ကိုးပွင့်ဘုရင်နယ်ပယ် ကြွက်လူသားသုံးယောက်ဖြစ်ကြသည်။ ရှစ်ဖုန့်က ကြွက်လူသားသုံးယောက်ကိုကြည့် သူ့ဟာသူတွေးလိုက်သည်။

“ဒီသုံးယောက်က ကြွက်လူသားပါရမီရှင်တွေပဲ…သူတို့က ညီအကိုတွေ …သူတို့အတူတကွတိုက်ခိုက်ကြတဲ့အခါမှာ သူတို့ရဲ့ခွန်အားက အင်ပါယာနယ်ပယ်ကို ရောက်သွားတယ်”

ဇီယာက ရှစ်ဖုန့်၏ နားနားသို့ တီတိုးပြောလိုက်သည်။

ငယ်ရွယ်သော ကြွက်လူသားသုံးယောက်က  မြေပေါ်သို့ဆင်းပြီးပြီးချင်း ၎င်းတို့၏ ကြွက်မျက်လုံးသုံးစုံဖြင့် ဇီယာကို တည့်တည့်ပင် စိုက်ကြည့်လိုက်သည်။ ၎င်းတို့၏  တဏှာရာဂအမူမယာများကို ၎င်းတို့၏ ရုပ်ဆိုးဆိုး ကြွက်မျက်နှာများအပေါ်တွင် ရှင်းရှင်းလင်းလင်းကို ဖော်ပြထားသည်။

“ဟီးဟီး….မင်းသမီးဇီယာပျောက်သွားခဲ့တယ်လိုငါကြားခဲ့ရတယ်…မြွေလူသားမျိုးနွယ်တစ်ခုလုံးက မင်းသမီးဇီယာကို ရှာနေကြတာတဲ့… တို့ညီအကိုသုံးယောက်က သူမကိုတွေ့ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဖူး..ဒါကတကယ့်ကိုမှာ ကံတရားပဲ…”

ကြွက်လူသားငယ် တစ်ယောက်က လေသံခပ်ပြင်းပြင်းဖြင့်ပြောလိုက်သည်။

“အိုး …ဘာလို့မင်းသမီးဇီယာက လူသား မျိုးနွယ်က ကောင်ချောလေးနဲ့ အတူရှိနေရတာလဲ..မင်းသမီးဇီယာပျောက်သွားခဲ့တာက လူသားမျိုးနွယ်က ကောင်ချောလေးနဲ့ ခိုးရာလိုက်ပြေးသွားခဲ့လို့များလား…. အားယားယား…..မင်းသမီးဇီယာက တကယ့်ကို ဆိုးဝါးတဲ့အရသာကို မြည်းစမ်းခဲ့တာပဲကွာ…မင်းကို အရမ်းကိုကောင်းမွန်တဲ့ခံစားချက်တွေနဲ့ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ ငါတို့လိုညီအကိုသုံးယောက်နဲ့ လူသားမျိုးနွယ်က ကောင်ချောလေးက ဘယ်လိုလုပ်နှိုင်းယှဉ်လို့ ရမှာလဲ”

“ဟီးဟီးဟီး…..ဒုတိယအကို မင်းပြောတာမှန်တယ်..လူသားတွေအားလုံးက ငကြောက်တွေကြီးပဲ….သူတို့က လှပေမဲ့ အသုံးမဝင်တဲ့သူတွေ……..ကျုပ်တို့က မင်းသမီးဇီယာကို ရှာဖို့မြွေလူသားမျိုးနွယ်ကို ကူညီခဲ့တာကြောင့် တို့တွေ သူမကို ကြွက်လူသား မျိုးနွယ်ဆီကိုခေါ်သွားပြီးတော့ ကောင်းကောင်းလေးဆက်ဆံသင့်တယ်….ဟီးဟီးဟီး တို့တွေက မင်းသမီးဇီယာကို သေချာပေါက် ပျှော်ရွှင်စေပြီးတော့ ရပ်တန့်နိုင်စွမ်းမရှိအောင်ကို လုပ်ပေးမှာပါ”

“အရှက်တစ်စက်မှမရှိကြတဲ့ သူတောင်းစားသုံးကောင်”

ဇီယာ၏မျက်နှာလှလှလေးထက်တွင် စက်ဆုပ်ရွံရှာမှုတို့ဖြင့်ပြည့်နှက်နေသည်။ သူမက တင်းမာခက်ထန်စွာ အော်ပြောလိုက်သည်။

“နင်တို့သုံးကောင် ငါတို့လမ်းကနေဖယ်ပေးစမ်း”

“ဟီးဟီးဟီး..ငါတို့လမ်းကနေဖယ်ပေးစမ်းတဲ့..အဲ့လိုလုပ်ပေးလို့ဘယ်ဖြစ်မှာလဲ ..မင်းသမီးဇီယာနဲ့ငါတို့တွေ ဒီလိုမျိုး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ရှိလာဖို့ဆိုတာက တော်တော်လေးကိုမှ ရှားပါးတဲ့ အရာတစ်ခုပဲဟာ….. ငါတို့ကသာ မင်းသမီးဇီယာကို ကောင်းကောင်းလေး မဆက်ဆံပေးလိုက်ရရင် တို့တွေ အရမ်းကိုမှ စိတ်မကောင်း ဖြစ်သွားရမှာပေါ့…..မင်းသမီးလေး ..မင်းဟာ တို့တွေရဲ့ နှလုံးသားထဲမှာ စိုးမိုးထားတဲ့ နတ်ဘုရားမလေးတစ်ပါးပါကွာ”

“နင်….ဘယ်သူက နင်တို့ရဲ့ နတ်ဘုရားမဖြစ်ချင်နေလို့လဲ….ဖယ်…ငါတို့

လမ်းကနေ မဟုတ်ရင် ငါနင်တို့ကို ယဉ်ကျေးနေမှာမဟုတ်ဖူး”

ဇီယာက ချိုသာသော အသံလေးဖြင့်အော်ပြောလိုက်သည်။

“မင်းသမီးဇီယာ ဒေါသထွက်နေတာလေးကိုမြင်ရတာ ငါကြိုက်တယ်….သူပိုပြီးမိဒေါသလေးဖြစ်လာ

လေ ငါမင်းသမီလေးကိုပိုပြီး လိုချင်လာလေပဲကွ…အဲ့ဒီနောက် ငါတို့..ငါတို့တွေ…ဟီး..ဟီး..ဟီး..”

“သူတို့က တကယ့်ကိုကြွက်တွေပဲ… သူတို့ရဲ့ ပုံပန်းသွင်ပြင်ကိုကြည့်ရတာနဲ့တင် စပ်ဆုပ်ပျို့အန်ချင်စရာကောင်းနေတာကို  အခြောက်လိုလို မိန်းမလျာလိုလို အပြုအမူတွေက လုပ်နေသေးတယ်.. သူတို့စကားတွေက ပိုပြီးတော့ အန်ချင်စရာကောင်းလိုက်တာ..”

ရှစ်ဖုန့်က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

“ဒီသခင်လေး စက်ဆုပ်တဲ့ မျိုးနွယ်က မျိုးဖြုတ်ခံရသင့်တာကြာပြီ..မဟုတ်ရင် လူတွေိကိုနာကျင်စေရလိမ့်မယ်”

“ဘာကွ..မင်းကများဘယ်လိုတောင်လာပြောရဲတာလဲ..စော်ကားလိုက်တာ..မင်းတော့…”

“ဟမ့် မင်းတို့က အရမ်းကို စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့အကြောင်း လူတွေကို အခုချိန်ထိ ပြောခွင့်မပေးခဲ့ဘူးပဲ”

ရှစ်ဖုန့်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“မင်းတော့သေချင်နေတာပဲ”

ကြွက်လူသားမျိုးနွယ်၏ လူငယ်သုံးယောက်က ဒေါသတကြီး ပြိုင်တူအော်ဟစ်လိုက်ကြသည်။  သူတို့၏ နောက်ဘက်ရှိ အနက်ရောင်ကြွက်မြီးသုံးခုကို လွှဲယမ်း၍ ရှစ်ဖုန့်အား ရိုက်နှက်လိုက်သည်။

“အား…မဟုတ်ဖူး”

ကြွက်လူသားမျိုးနွယ်မှ လူငယ်သုံးယောက် ၏ အတူတကွတိုက်ခိုက်မှုကိုမြင်တွေ့လိုက်ရသောအခါတွင်  ဇီယာက ရုတ်ချည်း အလန်းတကြားအော်ဟစ်လိုက်သည်။  သူမ၏ မျက်လုံးအတွင်းတွင် သူမအနေဖြင့် ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကိုခုခံနိုင်စွမ်းမရှိပေ။  မသိစိတ်၏ စေ့ဆော်မှုအရ ရှစ်ဖုန့်ကိုလည်း သူမကဲ့သို့ပင် မှတ်ယူတွေးထင်လိုက်သည်။ သူမ၏ကိုယ်ကို ရွေ့လျားလိုက်ပြီး တိုက်ခိုက်မှုကို သူမ၏ကိုယ်ဖြင့်တားဆီးချင်သော ကြောင့်ရှစ်ဖုန့်၏ ရှေ့သို့အပြေးသွားလိုက်ကာ ဆီးလ်အား အချိန်မရွေး ဖြည်ရန်အတွက်အသင့်ပြင်ထားလိုက်သည်။

“ငတုံးမလေး”

ရှစ်ဖုန့်က ဇီယာ၏ လက်မောင်းကို သူ၏ ညာလက်ဖြင့်  အလျှင်မြန်ဆုပ်ကိုင်လိုက်ပြီး သူ့နောက်သို့ဆွဲခေါ်လိုက်သည်။  ထို့နောက်သွေးဓားက  သူ၏ ဘယ်လက်တွင်ပေါ်လာသည်။ သူကအနက်ရောင်ကြွက်မြီးသုံးခုထံသို့ အဖြူရောင်ဓားရိပ်သုံးခုကို ခုတ်ပိုင်းချလိုက်သည်။

“အား..အား..အား…”

အနက်ရောင်အရိပ်သုံးခုလွင့်ပျံထွက်သွားသကဲ့သို့  စူးစူးဝါးဝါး ကျယ်လောင်စွာအော်ဟစ်သံများလည်းထွက်ပေါ်လာသည်။ ၎င်းတို့မှာ ခုဏက ရှစ်ဖုန့်၏ ခုတ်ပိုင်းမှုကိုခံခဲ့ရသော အနက်ရောင်ကြွက်မြီးသုံးခုပင်ဖြစ်လေသည်။   သို့သော်၎င်းတို့မှာရုတ်ဖုတ်ထုတ်လွှတ်လိုက်

သော ဓားရိပ်သုံးခုကြောင့် ဖြတ်တောက်ခုတ်ပိုင်းခံလိုက်ရသည်ဖြစ်သည်။

“ဖန်း..ဖန်း…ဖန်း”

ကြွက်မြီးသုံးခုက သဲပြင်ပေါ်သို့ကျရောက်သွားပြီး ကျဆင်းသံခပ်ပျော့ပျော့ သုံးခုထွက်ပေါ်လာသည်။  ထို့နောက်တွင်  တရှဲရဲမြည်သော အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ပူပြင်းလှသောသဲပြင်ပေါ်တွင် ကြွက်အမြီးသုံးခုမှာ ချက်ခြင်း ချက်ပြုတ်ခံလိုက်ရသကဲ့သို့ဖြစ်သွားသည်။  လောင်ကျွမ်းနေသော အနက်ရောင်မီးခိုး အမျှင်စုလေးများပင် ၎င်းတို့ထံမှာ မြင့်တက်ထွက်ပေါ်လာ၏။

ကြွက်လူသား လူငယ်သုံးဦး၏  နောက်ကျောဘက်ဆီမှ သွေးများက ပန်းထွက်လာသည်။

“မင်း..မင်းသေချာပေါက် ဆိုးဆိုးဝါးဝါးနဲ့ကိုသေရလိမ့်မယ်……..ငါတို့ရဲ့အမြီးတွေကို ဘယ်လိုတောင်ဖြတ်ပစ်ရဲတာလဲ…”

ကြွက်လူသားမျိုးနွယ်မှ လူငယ်များက ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးလိုက်သည်။

“ငါကိုယ်တိုင်မင်းခေါင်းကို  ဆွဲဖြုတ်ပစ်မယ်”

“အကိုကြီးနဲ့ ဒုတိယအကို သူ့ကိုသတ်…သူ့ကိုသတ်ပစ်…စက်ဆုပ်ဖို့

ကောင်းတဲ့ ဒီလူသားကို ကမ္ဘာပေါ်မှာ ထပ်ပြီးတော့ ကျုပ်မတွေ့ချင်တော့ဘူး”

“ဟမ့် မင်းတို့ပုံစံက အရမ်းကိုရွံဖို့ကောင်းနေတယ်လေ ဒါကြောင့် ဒီသခင်လေးက နည်းနည်းလေး  ကူညီပြီး အလှဆင်ပေးခဲ့တာ”

ရှစ်ဖုန့်က သရော်လိုက်သည်။

ထို့နောက်တွင် ကြွက်လူသား လူငယ်သုံးယောက်ထံမှ အေးစက်သော အနက်ရောင်အလင်းတို့ ထုတ်လွှတ်နေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ သူတို့ထဲက တစ်ယောက်ကလက်သီးကိုသုံးပြီး နောက်တစ်ယောက်က လက်သည်းကိုသုံးကာ ကျန်တစ်ယောက်ကတော့ လက်ဖဝါးကိုသုံးသည်။  သိပ်သည်းလှသော အနက်ရောင်လက်သီးရိပ်၊လက်သည်းရိပ်နှင့် လက်ဖဝါးရိပ်တို့က  သူ့ထံသို့ မုန်တိုင်းတစ်ခုကဲ့သို့ ဦးတည်ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင်  ၎င်းတို့၏ အထက်မှာဧရာမ  ကြမ်းကြုတ်သော အနက်ရောင်ကြွက် ရိပ်ကြီးက သိပ်သည်းဖွဲ့စည်းလာ၏။  ၎င်းက အစွယ်များကိုလှစ်ဟာပြထားပြီး ၎င်း၏ လက်သည်းတို့ကို ဝင့်ကာ အဆက်မပြတ်မာန်ဖီအော်ဟစ်နေပြီး ရုတ်တရက် ရှစ်ဖုန့်၏ အပေါ်သို့ ခုန်အုပ်လိုက်သည်။  ၎င်းမှာ ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ စွမ်းအားအပြည့်တိုက်ခိုက်မှုဖြင့် ညီမျှလေသည်။

“ဖွင့်စမ်း”

ရှစ်ဖုန့်က အော်ပြောလိုက်သည်။ သူ၏ နဖူးထက်ရှိ တိုက်စားခြင်း မိစ္ဆာမျက်လုံးကပွင့်လာပြီး   ကောင်းကင်ထက်ရှိ အနက်ရောင်ကြွက်ကြီးထံသို့ သိပ်သည်းသော တိုက်စားခြင်းမြူတို့ကို ပစ်လွှတ်လိုက်သသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ သွေးဓားဖြင့် ခုတ်ပိုင်းချလိုက်၏။  လခြမ်းကွေးသဏ္ဍန် အဖြူရောင်ဓားချီက သူ့ထံသို့လာနေသော လက်သီးရိပ်၊ လက်သည်းရိပ်တို့နှင့် လက်ဖဝါးရိပ်တို့ထံသို့ တစ်ဟုန်ထိုးဦးတည်ထွက်သွားသည်။

လခြမ်းကွေးသဏ္ဍန် အဖြူရောင်ဓားချီက ကျော်လွှား၍ မရနိုင်ပေ။ ဓားချီ၏ အောက်တွင် လက်သီးရိပ်၊ လက်သည်းရိပ်၊ လက်ဖဝါးရိပ်များမှာ  အားလုံးအစိတ်စိတ်အမွှာမွှာ ကွဲသွားသည်။  ထို့နောက်တွင်  ဓားချီက အလယ်တွင်ရှိနေသော ကြွက်လူသားလူငယ်ထံသို့ ဆက်လက်၍ဦးတည်သွား၏။

သူ၏ ခေါင်းထက်ရှိ အနက်ရောင်ကြွက်ရိပ်ကြီးမှာ မီးခိုးရောင် တိုက်စားခြင်းမြူတို့၏ ရှင်းလင်းထွက်သွားအောင် တိုက်စားခံရမှုကိုရုတ်ချည်းခံလိုက်ရသည်။

“အား”

စူးစူးဝါးဝါး အော်ဟစ်သော အသံက ခြစ်ခြစ်တောက်ပူနေသော ကမ္ဘာထဲတွင် ပဲ့တင်ထွက်ပေါ်လာသည်။ လခြမ်းကွေး သဏ္ဍန် အဖြူရောင်ဓားချီ၏အောက်တွင်   ခုတ်ပိုင်းခံလိုက်ရသော ကြွက်လူသား မျိုးနွယ်မှ လူငယ်၏ ခန္ဓာကိုယ်မှာ ချက်ခြင်းခါးလည်မှနေ၍ နှစ်ပိုင်းပြတ်ထွက်သွားသည်။ သူ၏ မျက်နှာထက်တွင် အတော်လေးကို မယုံကြည်နိုင်မှု၊ အံ့အားသင့်မှု၊ လိုအင်ဆန္ဒမရှိမှုတို့ဖြင့် ပြည့်နှက််နေသည်။ ထို့နောက်တွင်သူ၏ အပေါ်ပိုင်းကိုယ်က တိမ်းစောင်းသွားပြီး သဲပြင်ပေါ်သို့ ဖုတ်ကနဲ ပြုတ်ကျသွားသည်။ သူလုံးဝသေသွားခဲ့ပြီဖြစ်သည်။

“အကိုကြီး..”

“အကိုကြီး”

ရုတ်တရက်အလယ်တွင်ရှိနေသော ကြွက်လူသားလူငယ်က နှစ်ပိုင်းပြတ်တောက်သွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင်  ကျန်ကြွက်လူသားမျိုးနွယ်ဝင်နှစ်ယောက်မှာ  ပူဆွေးသောကရောက်စွာဖြင့်အော်ပြောလိုက်သည်။ ထို့နောက်တွင်  သူတို့အကိုကြီး၏ ဖြတ်တောက်ခံရသောကိုယ်မှများပြားလှ‌သောသွေးတို့က  ရှေ့သို့တစ်ဟုန်ထိုးဦးတည်စီးဆင်းသွားသည်ကို တွေ့လိုက်ကြရသည်။

သူတို့အကိုကြီး၏ ခန္ဓာကိုယ်နှစ်ပိုင်းမှာ လေလျော့သွားသော ပူဖောင်းတစ်ခုကဲ့သို့ လျှင်မြန်စွာ ရှုံ့တွသွားခဲ့သည်။  အကိုကြီးဖြစ်သူ၏ ခန္ဓာကိုယ်နှစ်ပိုင်းက လျှင်မြန်စွာရှုံ့တွသွားပြီး အသွေးအသားတို့ခန်းခြောက်သွားသော နှစ်ရာပေါင်းများစွာအကြာက အလာင်းတစ်ခုကဲ့သို့ဖြစ်သွားသည်ကို တုန်လှုပ်နေသော မျက်လုံးများဖြင့် အတိုင်းသားတွေ့လိုက်ကြရသည်။

“မင်း………ငါတို့အကိုကြီးကို မင်းဘာလုပ်လိုက်တာလဲ”

ကြွက်လူသား လူငယ်တစ်ယောက်က ခေါင်းမော့၍ တစ်ခုတစ်ဖက်ခြမ်းရှိရှစ်ဖုန့်အား တုန်ယင်စွာဖြင့်ကြည့်လိုက်သည်။  ယခုအချိန်တွင် သူ့အနေဖြင့်ရှစ်ဖုန့်အား ကြောက်ရွံ့စွာကြည့်နေခြင်းဖြစ်ကြောင်းသိသာလှသည်။

“ဒုတိယအကိုပြေးတော့”

တစ်ခြားကြွက်လူသားမျိုးနွယ်လူငယ်က  မှင်တွေနေရာမှ ရုတ်ချည်းအသိဝင်လာပြီး အနက်ရောင်လင်းနို့ပေါ်သို့ခုန်တက်လိုက်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters