← Chapters

အပိုင်း (၁၆၅)

Vol. 11 Ch. 165

အပိုင်း (၁၆၅)

Vol. 11 Ch. 165

“ဟမ့် မင်းကထွက်ပြေးချင်တာလား”

ကြွက်လူသားမျိုးနွယ်မှာ လူငယ်က အဝေးသို့ထွက်ပြေးရန်ကြိုးစားနေသည်ကို တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က အထင်သေးစွာဖြင့် သရော်ပြုံးပြုံးလိုက်သည်။  ထို့နောက်သူက ဝိညာဉ်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ပြီး  ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့် တိုက်ခိုက်လိုက်သည်။

“အား…”

စူးစူးဝါးဝါး ငယ်သံပါအောင်အော်ဟစ်သံနှင့်အတူ  ကြွက်လူသား မျိုးနွယ်မှ လူငယ်မှာ ရုတ်တရက် အော်ဟစ်ရင်း  အနက်ရောင်လင်းနို့ကြီး အပေါ်မှ ပြုတ်ကျလာသည်။  ထို့နောက်ချက်ခြင်း အဖြူရောင်ဓားချီတစ်ခုက သူ့အား ရုတ်ချည်းတိုက်ခိုက်လိုက်သည်။

“တတိယညီလေး”

ကျန်ရစ်နေသော ကြွက်လူသားလူငယ်က  သူ့တတိယညီဖြစ်သူ၏ ရုတ်တရက်အော်ဟစ်သောအသံကိုကြားလိုက်ရသည်။  သူလှည့်ကြည့်လိုက်သောအခါတွင် အဖြူရောင်ဓားချီတစ်ခုက သူ့တတိယညီဖြစ်သူ၏ လည်ပင်းအားခုတ်ပိုင်းလိုက်သည်ကို တွေ့လိုက်ရသည်။  ထို့နောက်တွင် ၎င်း၏ ကြွက်ပုံသဏ္ဍန်ရှိသော ဦးခေါင်းက လေးထဲသို့ခပ်မြင့်မြင့် ပျံတက်သွားသည်။

ထို့နောက်တွင် သူ့တတိယညီလေး၏ ကိုယ်မှာလည်း အကိုကြီး၏ ကိုယ်ကဲ့သို့ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။  တောက်ပသော သွေးနီရောင်တို့က ပန်းထွက်လာပြီး သူ့ရှေ့ဘက်အခြမ်းရှိ လူငယ်လေးထံသို့ တစ်ဟုန်ထိုးစီးဆင်းသွားသည်။  ထို့နောက်တတိယညီဖြစ်သူ၏ ဦးခေါင်းမဲ့နေသောကိုယ်မှာ  ခြောက်သွေ့လာပြီး အကြီးဆုံးအကိုဖြစ်သူကဲ့သို့ပင် ရှုံ့တွသွားခဲ့သည်။  “ဖုတ်” ဟူသော အသံနှင့်အတူ မှတ်မိနိုင်စွမ်းပင်မရှိတော့သော တွန့်လိမ်ရှုံ့တွနေသည့် ဦးခေါင်းမှာလည်း  သဲပြင်ပေါ်သို့ပြုတ်ကျလာသည်။  ကြွက်လူသားမျိုးနွယ်မှ လူငယ်မှာ သူ၏ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထသွားသည်ကိုခံစားလိုက်ရသည်။

ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးအေးစိမ့်မှုတို့ဖြစ်လာသည်ကို

လည်းခံစားလိုက်ရ၏။၊ ယင်းမှာ သူ့အား ကြမ်းကြုတ်ရက်စက်သော သားရဲကြီးတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ ခံစားရခြင်းပင်ဖြစ်သည်။  သူကြည့်လိုက်သောအခါတွင် ရှစ်ဖုန့်က သူ့အားအေးစက်စွာ စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

“ချမ်းသာပေးပါ….ကျွန်တော့်အသက်ကိုချမ်း

သာပေးပါ”

ကြွက်လူသားမျိုးနွယ်မှလူငယ်က သူ၏ဒူးတို့အား အလျှင်အမြန်ကွေးလိုက်ကာ ရှစ်ဖုန့်၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။

“ဟမ့်”

ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်ကာ  သူ့လက်ထဲရှိသွေးဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။  လခြမ်းကေွး သဏ္ဍန်ဓားချီ၏ တိုက်ခိုက်မှုအောက်တွင်  ကြွက်လူသားလူငယ်မှာလည်း သူ၏ တတိယညီဖြစ်သူကဲ့သို့ ခေါင်းဖြတ်ခံလိုက်ရသည်။  လတ်ဆက်သော သွေးများက ၎င်း၏ ခေါင်းမဲ့နေသော လည်ပင်းမှ ပန်းထွက်လာပြီး ရှစ်ဖုန့် ထံသို့ တစ်ဟုန်ထိုးစီးဆင်းလာသည်။  ဤတစ်ကြိမ်တွင်တော့ သွေးအားလုံးမှာ သွေးဓား၏ ဝါးမျိုမှုကိုခံလိုက်ရသည်။  သွေးလစန္ဒြာသားရဲ၏ စွမ်းအင်တို့မှာ ရှစ်ဖုန့်ကြောင့်လုံးဝကုန်ခမ်းသွားခဲ့ရသည် ဖြစ်သည်။ ထို့ကြောင့် ပြန်လည်ပြီးဖြည့်တင်းရန်လိုအပ်လေသည်။

ကြွက်လူသားမျိုးနွယ်မှ လူငယ်သုံးယောက်ကို သတ်ပြီးသည့်နောက် ရှစ်ဖုန့်က လှည့်ကြည့်လိုက်သောအခါတွင် ဇီယာကကြက်သေသေစွာကြည့်နေသည်တွေ့လိုက်ရသည်။ ရှစ်ဖုန့်က သူမအား ကြည့်နေသည်ကို တွေ့လိုက်ရသောအခါတွင် သတိပြန်ဝင်လာပြီး ပြောလိုက်သည်။

“အကိုရှစ်..........အကိုဒီလောက်ထိ အစွမ်းထက်မှန်းညီမမသိခဲ့ဘူး”

ဇီယာအနေဖြင့် ဤသည်မှာ   ရှစ်ဖုန့်၏ အစစ်အမှန်တိုက်ပွဲတစ်ခုကို ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းပင်ဖြစ်သည်။  ယင်ခင်ကတော့ သူမအနေဖြင့် သရဲများနှင့်တိုက်ခိုက်သည်ကိုသာ မြင်တွေ့ခဲ့ဖူးခြင်းဖြစ်သည်။  ထိုအချိန်က သူမအနေဖြင့်  သရဲများမည်မျှ အစွမ်းထက်သည်ကို မြင်တွေ့ခဲ့ဖူးခြင်းမှရှိပေ။   သို့သော်ကြွက်လူသား ညီအကိုသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက  ကြယ်တစ်ပွင့်အင်ပါယာနယ်

ပယ်တစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုနှင့်ညီမျှသည်ကိုတော့ ဇီယာ  ရှင်းလင်းစွာ သိသည်ဖြစ်သည်။

“သွားစို့..အခုက သူရဲကောင်းတေွကို ဂါရဝပြုနေရမဲ့ အချိန်မဟုတ်ဖူး….ဒီကြွက်လူသားသုံးယောက်က ခုဏကပဲငါ့ဆီကို ပျံသန်းရေးနတ်ဆိုးသားရဲလာပို့ပေးသွားတယ်..အဲ့တာနဲ့ဆိုရင် မင်းမကြာခင် အိမ်ကိုပြန်ရောက်တော့မှာပါ”

ရှစ်ဖုန့် က ဇီယာကို ပြောလိုက်သည်။  ထို့နော်သူက လက်ချောင်းကို လှစ်ကနဲလှုပ်ရှားလိုက်သည်။ အဖြူရောင်ဆီးလ်သင်္ကေတတစ်ခုက သူ့လက်ချောင်းဆီမှ ပျံသန်းထွက်သွားပြီး အနက်ရောင်လင်းနို့ကြီးထံသို့ ဦးတည်သွားသည်။

“ကျွှီး..”

အနက်ရောင်လင်းနို့က ၎င်း၏ ခေါင်းကိုမော့လိုက်ပြီး ချက်ခြင်းငြိမ်ကျသွားသည်။

“ဟုတ်တယ်..အိမ်…ညီမမျိုးနွယ်ကလူတွေက ညီမကိုနေရာအနှံ့မှာလိုက်ရှာနေကျတယ်လို့ စောစောကသူတို့တွေပြောခဲ့တယ်..အထူးသဖြင့် ညီမရဲ့ အမကြီး၊ဒုတိယ အမနဲ့ တတိယအမတို့ပဲ  သူတို့တွေ ညီမကို အရမ်းပဲစိုးရိမ်နေကြလိမ့်မယ်..”

ထို့နောက်တွင် ရှစ်ဖုန့်နှင့်ဇီယာတို့က အနက်ရောင်လင်းနို့ထံသို့လျှောက်သွားလိုက်သည်။  တစ်ချိန်တည်းမှာပင် ယင်မိစ္ဆာကလည်း မြေပြင်ထဲမှ တိုးထွက်လာပြီး အနက်ရောင်လင်းနို့၏ကျောပေါ်သို့ တက်လိုက်သည်။

“သွားမယ်”

ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။   ကြီးမားသော အနက်ရောင်လင်းနို့ကြီးက ၎င်း၏ အတောင်တို့က တဖျပ်ဖျပ်ခတ်၍ ကောင်းကင်ထက်သို့ လျှင်မြန်စွာ မြင့်တက်သွားပြီး မြွေလူသားမျိုးနွယ်နယ်မြေသို့ ဦးတည်ပျံသန်းလိုက်သည်။

“အကိုရှစ် မြွေလူသားမျိုးနွယ် နယ်မြေက ညီမတို့ရှေ့မှာပဲ…ညီမတို့ရဲဘိုးဘေးတွေက ကျွန်မတို့နယ်မြေရဲ့ ဝေဟင်ထဲမှာ အစီအရင်ကြီးတစ်ခုကို တပ်ဆင်ထားခဲ့တယ်.. အဲ့တာက ပျံသန်းမှုတွေကိုတားမြစ်ထားတယ်လေ.. ဒီမှာပဲ ရပ်ကြရအောင် “

ထိုအချိန်တွင် ဇီယာကပြောလိုက်သည်။

“အင်း..ကောင်းပြီ..”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်ပြီးနောက် အနက်ရောင်လင်းနို့အား မြေပြင်ပေါ်သို့ ဆင်းရန် လျှင်မြန်စွာ အမိန့်ပေးလိုက်သည်။

“မင်းနမည်က ဇီယာလို့ခေါ်တယ်မလား…မင်းရဲ့ ကျင့်ကြံခြင်းက လျှပ်စီးဓာတ်အခြေပြုဆိုတာကို ငါမြင်တွေ့ပြီးပြီ ..ဒီဓားကမင်းနဲ့သင့်တော်တယ်.. ယူလိုက်”

ရှစ်ဖုန့်က ခရမ်းရောင်မိုးကြိုးဂိုဏ်း၏ လဲ့ရှောင်းထံမှ သူရရှိခဲ့သော  ခရမ်းရောင်မိုးကြိုးလျှပ်စီးဓားကို ထုတ်ယူ၍ ဇီယာကိုပေးလိုက်သည်။  ယခုအခါ သွေးဓား၌ သွေးလစန္ဒြာသားရဲကို ၎င်း၏ လက်နက်ဝိညာဉ်အဖြစ်ဆီးလ်ခတ်ထားခြင်း

ကြောင့်  သူ့အနေဖြင့် ခရမ်းရောင်မိုးကြိုးလျှပ်စီးဓားအား ထပ်မံ၍ အသုံးပြုစရာမလိုအပ်တော့ပေ။

“အဆင့်ငါး ရွှမ်းလက်နက်”

ဇီယာမှာ ရှစ်ဖုန့်လွှပေးသော မိုးကြိုးလျှပ်စီးဓားဖြစ်သည့် အဆင့်ငါးရွှမ်းလက်နက်ကို မြင်တွေ့လိုက်ရသည်။  သူမကသူမ၏ လက်ကို လျှင်မြန်စွာ ဝေ့ယမ်း၍ ပြောလိုက်သည်။

“ မဟုတ်တာ အကိုရှစ် ဒီလက်ဆောင်က အရမ်းကိုတန်ဖိုးကြီးလွန်းပါတယ်..ညီမလက်မခံနိုင်ပါဘူး”

“မင်းငါ့ကို အကိုလို့ခေါ်တာကြောင့် ..အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် မင်းဒါကို ယူလို့ရပါတယ်..ငါတို့တွေ ဘယ်အချိန်မှာ ပြန်ဆုံကြမယ်ဆိုတာကို ငါမသိဘူး..”

ရှစ်ဖုန့်ကပြောလိုက်ပြီး မိုးကြိုးလျှပ်စီးဓားကို  ဇီယာ၏လက်အတွင်းသို့ထည့်ပေးလိုက်သည်။

“အာ ..အကိုရှစ်က မြွေလူသားမျိုးနွယ်ကို မသွားတော့ဘူးလား”

ဇီယာက ရှစ်ဖုန့်ပေးထားသော မိုးကြိုး လျှပ်စီးဓားကိုကိုင်ထားရင်း မေးလိုက်သည်။

“ဟင့်အင်း..မင်းလိုးရိုးသားတဲ့ မိန်းကလေးမျိုးက စိတ်ထဲဘာမှ မရှိပေမဲ့..မင်းရဲ့မျိုးနွယ်တူတွေကတော့ ငါ့ကို ကြိုဆိုမှာ မဟုတ်ဖူး”

ရှစ်ဖုန့်ကပြေလိုက်သည်။

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ဇီယာကအလျှင်အမြန်ပြောလိုက်သည်။

“မဟုတ်တာ သူတို့အဲ့လိုမလုပ်ပါဘူး..ညီမရဲ့ မျိုးနွယ်ကအဖော်တွေက သဘောကောင်းပါတယ်.. ညီမရဲ့ မိတ်ဆွေက သူတို့တွေရဲ့ မိတ်ဆွေလိုပါပဲ….သူတို့သေချာပေါက် အကို့ကိုကြိုဆိုကြမှာပါ”

ဇီယာ၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ခေါင်းခါ၍ ပြုံးလိုက်သည်။  သူက ဇီယာကို ပြောလိုက်သည်။

“မလိုပါဘူး..ငါမှာ အရေးတကြီးလုပ်ရမှကိစ္စတွေတော်တော်လေးကိုများတယ်…အကယ်၍ ငါသာ သဲကန္တာရထဲကိုထပ်ပြီးတော့ ရောက်လာခဲ့ရင်  ..ငါမင်းဆီကိုလာလည်ပါ့မယ်”

“အဲ့သလိုလား”

ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ဇီယာမှာ အနည်းငယ် အထီးကျန်သလိုခံစားလိုက်ရသည်။

“ပြီးတော့ ဒါကို လည်း မင်းကောင်းကောင်းလေး ယူဆောင်ထားပါ…”

ရှစ်ဖုန့်က စကားပြောရင်း ကျောက်စိမ်းပြားတစ်ခုကို ဇီယာထံသို့လွှဲပေးလိုက်သည်။

“အနာဂတ်မှာ မင်းငါရဲ့ အကူအညီကို လိုအပ်လာခဲ့ရင် ဒီကျောက်စိမ်းပြားကိုချိုးလိုက်တာနဲ့ ငါအလိုအလျောက်အာရုံခံမိလိမ့်မယ်..အဲ့အခါ မင်းကိုငါဖြစ်နိုင်သမျှ အမြန်ဆုံးလာပြီးတော့ ရှာပါ့မယ်”

“ကောင်းပြီ..”

ဇီယာက ခေါင်းညိမ့်ပြပြီး ရှစ်ဖုန့်ပေးသော ကျောက်စိမ်းပြားကို ယူလိုက်သည်။

“ဒါဆိုငါ သွားတော့မယ်..မှတ်ထားပါ…တစ်ခြားသူတွေရဲ့ စကားကို အလွယ်တကူမယုံကြည်ပါနဲ့ အထူးသဖြင့်လူသားတွေပဲ..”

ရှစ်ဖုန့်က ပြောပြီးနောက် အနက်ရောင်လင်းနို့အားကောင်းကင်ထက်သို့တက်၍ ပျံသန်းရန် အမိန့်ပေးလိုက်သည်။

“အကိုရှစ်”

ရုတ်တရက်ဇီယာ၏ အော်သံကြောင့် ရှစ်ဖုန့်က ရပ်တန့်လိုက်သည်။

“ဘာဖြစ်လို့လဲ”

ရှစ်ဖုန့်က အနက်ရောင်လင်းနို့ကို ရပ်ရန်အမိန့်ပေးလိုက်ပြီး အောက်ရှိ ဇီယာကို ငုံ့ကြည့်လိုက်သည်။

“ဂရုစိုက်ပါ”

ဇီယာက အပေါ်သို့ကြည့်လိုက်ပြီး ရှစ်ဖုန့်ကို ညင်သွာစွာပြောလိုက်သည်။

“အင်း …..မင်းရောပဲ….ဂရုစိုက်ပါ”

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးနောက် အနက်ရောင်လင်းနို့ကိုအမိန့်ပေးလိုက်သည်။

“သွားစို့”

အနက်ရောင်လင်းနို့က ၎င်း၏ အတောင်ပံတို့ကိုခတ်လိုက်ပြီး  လျှင်မြန်စွာဖြင့် ကောင်းကင်ထဲတွင်ပျံသန်းသွားသည်။

ဇီယာက လက်တစ်ဖက်တစ်ချပ်စီတွင် မိုးကြိုးလျှပ်စီးဓားနှင့်ကျောက်စိမ်းပြားတို့ကို ကိုင်ထားပြီး ကောင်းကင်ထဲသို့စိုက်ကြည့်နေသည်။  ‌ရှစ်ဖုန့်၏ ပုံရိပ် သူမ၏ မြင်ကွင်းမှ  ပျောက်ကွယ်မသွားခင်အချိန်အထိ ကြည့်နေခဲ့ပြီးနောက်  သူမ၏ ခေါင်းလေးအား ဖြည်းဖြည်းချင်း ရုတ်သိမ်းလိုက်ကာ  သူမဝတ်ဆင်ထားသော ခရမ်းရောင်ဝတ်ရုံကိုငုံ့ကြည့်လိုက်သည်။  ထို့နောက်တွင် မြွေလူသားနယ်မြေအတွင်းသို့ ဖြည်းညှင်းစွာဖြင့် လျှောက်လှမ်းသွားလိုက်လေသည်။

ယွင်လိုင်အင်ပါယာ၏ အနောက်မြေရိုင်းမြို့တော်တွင်ဖြစ်သည်။  ယနေ့တွင် ဤနယ်စပ်မြို့လေးမှာ ယခင်ကနှင့် လုံးဝကို ကွဲပြားခြားနားနေသည်။ မြို့ထဲတွင် လွန်စွာများပြားလှသောစစ်သားများဖြင့်ပြည့်နှက်နေပြီး  မြို့၏ ဂိတ်တွင်လည်းအစောင့်များဖြင့်

ထူထပ်နေသည်။

အခြားသောနေရာမှ စစ်သားများကူးပြောင်းလာရခြင်း၏ အကြောင်းပြချက်မှာ  တစ်ခြားသော အကြောင်းပြချက်များကြောင့်မဟုတ်ပဲ တစ်စုံတစ်ယောက်က မြို့အရှင်သခင်ဖြစ်သူလမ့်ရှင်းအား သတ်ပစ်ခဲ့သောကြောင့်ဖြစ်သည်ကို  အနောက်မြေရိုင်းမြို့တော်ရှိလူတိုင်း

သိကြသည်။  မြို့အရှင်သခင်အားသတ်သွားခဲ့သောသူ

မှာလည်း ယွင်လိုင်အင်ပါယာ၏ နံပါတ်တစ် အလိုရှိဆုံးရာဇဝတ်သားဖြစ်သူ ရှစ်ဖုန့်ပင်ဖြစ်လေသည်။

ရှစ်ဖုန့်ပေါ်လာသည့် သတင်းများက အနောက်မြေရိုင်းမြို့တော်တွင် ပျံနှံ့လာခဲ့ပြီးနောက်၌  အနောက်မြောက်သဲကန္တာရဘုရင်ဖြစ်သူ ကျန်းကျွင်းချင်  ဤမြို့လေးအား စောင့်ကြပ်ရန်ကိုယ်တိုင်လာရောက်ရသော အခြေအနေဖြစ်ခဲ့သည်။   ကောင်းကင်ဘုံလေဂိုဏ်း၊ခရမ်းရောင်မိုးကြိုး

ဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်းနှင့် ရေခဲနှင်းတောင်ကြားတို့က   အလိုရှိရာဇဝတ်သား ရှစ်ဖုန့်အား ရှာဖွေရန် ကျွမ်းကျင်သူ ပမာဏအများအပြားကို စေလွတ်ခဲ့သည်။  ကောလဟာလများအရ ကောင်းကင်ဘုံလေဂိုဏ်း၏ မြင့်မြတ်သော အပျိုစင်ဖြစ်သူ ဖုန်ရှင်းယန်ပင်  အနောက်မြောက်ဘက်သို့ လာသည်ဟုဆို၏။

လူအများအပြားမှာ ဖြစ်အံ့လာတောမည့် မုန်တိုင်း၏ အနံ့ကို ရနိုင်ကြပြီးဖြစ်လေသည်။

ဆက်ရန်….

ဘာသာပြန်သူ- ARISE

All Chapters