← Chapters

ရုတ်တရက် ဖြစ်ပေါ်လာသော မတော်တဆဖြစ်ရပ်ကြီးတစ်ခု

Vol. 47 Ch. 656

ရုတ်တရက် ဖြစ်ပေါ်လာသော မတော်တဆဖြစ်ရပ်ကြီးတစ်ခု

Vol. 47 Ch. 656

လျှပ်စစ်စီးကြောင်း…

ထန်ရှုသည် တွေကနဲ ဖြစ်သွားပြီးနောက် လျှို့ဝှက်စွာ ခေါင်းယမ်းလိုက်သည်။ ဗို့အားမြင့်လျှပ်စီးကြောင်းသည် သာမန်လူတစ်ဦးအတွက် သေဆုံးစေသော်လည်း အင်မော်တယ်ကျင့်ကြံသူတစ်ဦးဖြစ်သည့် သူ့အတွက်မူ ခြိမ်းခြောက်မှု ကြီးကြီးမားမားမရှိပေ။ အတိဒုက္ခကို ဖြတ်ကျော်သောအချိန်တွင် မိုးကြိုးမထိမှန်ဖူးသော အင်မော်တယ်ဟူ၍ ရှိပါမည်လော။

…အင်မော်တယ်တစ်ယောက်ဖြစ်ဖို့ အတိဒုက္ခကို ငါ ဖြတ်ကျော်ချိန်တုန်းက အဲ့ဒီအတိဒုက္ခမိုးကြိုး ၉၉ချက်စလုံးက အရမ်းကြီးမားပြီး အစွမ်းထက်တဲ့ စွမ်းအားတွေ ရှိတယ် … ဒါပေမယ့် ရလဒ်က ဘာလဲ။ ငါ့ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ အကြွင်းမဲ့ ခံနိုင်ရည်ရှိခဲ့ပြီး မိုးကြိုးအင်အားကို ငါ့ခန္ဓာကိုယ်ကို အေးမြဖို့တောင် အသုံးပြုခဲ့သေးတယ်။ နောက်ဆုံးတော့ ငါ့ခန္ဓာကိုယ်က အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့တယ် မဟုတ်လား။…

အဆိုပါမှတ်ဉာဏ်က သူ၏စိတ်ထဲ ရောက်လာသောကြောင့် ထန်ရှု၏အမူအရာက ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ခန္ဓာကိုယ်ကို မိုးကြိုးနှင့် လျှပ်စီးကြောင်း အပစ်ခံခြင်း…

အင်မော်တယ်ကမ္ဘာတွင် အဆင့်မြင့်နည်းပညာသုံး ကုန်ပစ္စည်းတစ်ခုမျှ မရှိပါ၊၊ ကောင်းကင်မှ လျှပ်စီးကြောင်း ဖြစ်စေနိုင်သော သဘာဝပတ်ဝန်းကျင်တွင် ပြောင်းလဲမှုရှိပါမှ သို့မဟုတ် လျှပ်စီးအဆောင်၊ မိုးကြိုးအဆောင်များနှင့် အခြားပစ္စည်းများကို အသုံးပြုခြင်းများ ရှိပါမှသာ လျှပ်စီးကြောင်းများကို မြင်တွေ့နိုင်မည်ဖြစ်သည်။ သို့သော် သူသည် ကမ္ဘာမြေပေါ်တွင် ရှိနေသည်။ ယခု ထိုအရာများအားလုံးကို ဤနေရာတွင် ရှာမတွေ့သေးသော်လည်း ကမ္ဘာမြေသည် လျှပ်စစ်မီး ပြတ်တောက်မှု မရှိခဲ့ပေ။

သူ့ခန္ဓာကိုယ်ကို တိုးတက်စေရန်အတွက် လျှပ်စစ်စီးကြောင်းကို လုံလောက်စွာ သုံးခဲ့မည်ဆိုပါက သူ့ခန္ဓာကိုယ်သည် ပိုမိုသန်မာပြီး ပိုမိုကြောက်စရာကောင်းလာပေမည် မဟုတ်ပါလော။

ထန်ရှု၏အတွေးများ ထိုနေရာသို့အရောက်တွင် သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့သည်။ သူက မိုရီဘက် လှည့်ပြောလိုက်သည်။

“ပါမောက္ခမို … သုတေသနပရောဂျက် တရားဝင် စတင်ပြီးရင် အဖွဲ့အစည်းအတွင်း ရန်ပုံငွေတစ်ခု လုပ်လိုက်မယ်။ ဘယ်သုတေသနပညာရှင်၊ ကျွမ်းကျင်သူပဲဖြစ်ဖြစ် ဒီပစ္စည်းကို သုတေသန ပြုလုပ်နေတုန်း မတော်တဆမှုကြောင့် သေဆုံးခဲ့ရင် သူ့ရဲ့မိသားစုက လျော်ကြေးအဖြစ် ရန်ပုံငွေထဲကနေ ယွမ် ၁၀မီလီယံ ရရှိမှာဖြစ်သလို ဒဏ်ရာရသူတွေက ဒဏ်ရာ ပြင်းထန်မှုအပေါ်လိုက်ပြီး ယွမ် ၅မီလီယံ အမြင့်ဆုံး ရလိမ့်မယ်။ သူတို့အိမ်မှာ မိသားစုဝင်တွေ ရှိတယ်ဆိုရင် ခမ်းနားသောထန်က သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ဖို့နဲ့ သူတို့ရဲ့ ကလေးတွေကိုလည်း အရွယ်ရောက်တဲ့အထိ ပြုစုစောင့်ရှောက်ပေးမယ့် ပံ့ပိုးမှုတွေကိုလည်း လုပ်ပေးသွားမှာပါ။”

ထန်ရှု၏ကတိစကားသည် မိုရီ၏နှလုံးသားကို ဆုပ်ကိုင်သွားခဲ့သည်။ သူသည် အသက် ၆၀နီးပါး ရှိပြီ ဖြစ်သော်လည်း ထန်ရှုအား ဂရုတစိုက်လေးစားမှုဖြင့် လေးနက်စွာ ဦးညွှတ်နေဆဲဖြစ်သည်။

"ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့ ပရော်ဖက်ဆာမို။" ထန်ရှုက သူ့ကို အမြန်ဆွဲထူလိုက်သည်။

“မစ္စတာ ထ … မဟုတ်သေးဘူး … မှားနေပြီ။ ငါ မင်းကို သူဌေးလို့ ခေါ်သင့်တာ။” မိုရီက ခေါင်းယမ်းကာ “ငါက ကိုယ့်ကိုကိုယ် ကိုယ်စားပြုဖို့တင်မကဘဲ ဒီအဖွဲ့အစည်းထဲမှာ ရှိတဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးအတွက်ပါ ဒီလို လုပ်ခဲ့တာပါ။ ငါတို့ရဲ့စိုးရိမ်သောကတွေကိုပါ ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ဘာမှ မဟုတ်ပါဘူး။ ဒါ ကျွန်တော် လုပ်သင့်တာပါ။" ထန်ရှုက ပြန်ဖြေသည်။

ထိုသို့ပြောပြီးနောက် သူက ချက်ချင်းပင် အကြောင်းအရာ ပြောင်းလိုက်ကာ

“ပါမောက္ခ မို … ဒီဓာတ်ခွဲခန်းမှာ ဗို့အားမြင့်လျှပ်စစ်က ပေးဆောင်တဲ့ အမြင့်ဆုံးစွမ်းအားက ဘယ်လောက်လဲ။”

မိုရီသည် ထန်ရှု အဘယ်ကြောင့် ထိုကဲ့သို့သော မေးခွန်းကို ရုတ်တရက် မေးသည်ကို နားမလည်သော်လည်း

"ပြည်တွင်းလျှပ်စစ်ဓာတ်အားပေးစက်ကနေ ၁၀၀ကီလိုဝပ် ရတယ်။ မူလက နိုင်ငံခြားကနေ ၁၂၀ ကီလိုဝပ်ဂျင်နရေတာယူနစ် တစ်ခုမှာဖို့  ယွမ်ကျန်းရွှမ် တစ်ချိန်က ငါတို့ကို အကြံဉာဏ်ပေးဖူးတယ်။ ဒါပေမယ့် ငါတို့ဓာတ်ခွဲခန်းက ဒီလို ပါဝါမြင့်တဲ့ ဂျင်နရေတာ ယူနစ် မလိုအပ်တဲ့အတွက် သူ့ကို မဝယ်ဖို့ ပြောခဲ့တာ။”

"ဓာတ်ခွဲခန်းထဲမှာ လုံခြုံရေးအဆို့ရှင် ရှိလား။" ထန်ရှုက ထပ်မေးသည်။

“တကယ်တော့ ငါတို့မှာ လုံခြုံရေး အဆို့ရှင်တစ်ခု ရှိတယ်” မိုရီက ခါးသီးသောအပြုံးဖြင့်ပြောသည်။ “နောက်ဆုံးအကြိမ်မှာ လုံခြုံရေးအဆို့ရှင် ကျိုးမနေခဲ့ရင် ငါ့လုပ်ဖော်ကိုင်ဖက် မတော်တဆ ဖြစ်မှာမဟုတ်ဘူး…”

ထန်ရှုက သူ့၏နားလည်မှုကို ဖော်ပြသည့်အနေဖြင့် ခေါင်းညိတ်သည်။ သူကိုယ်တိုင်က လျှပ်စစ်ဓာတ်အား မည်မျှထိ ခံနိုင်ရည်ရှိမည်ကို စမ်းကြည့်ချင်နေသည်။ သို့သော် သည်ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်များနှင့် သူ မရင်းနှီးသေးသလို လုံခြုံရေးအဆို့ရှင်သည်လည်း မရှိသောကြောင့် ဒီနေရာတွင် စမ်းသပ်ရန် အဆင်မပြေပါချေ။

နေ့လည်ခင်းတွင် ထန်ရှုသည် သုတေသနဌာနမှ ထွက်ခွာလာပြီး အဖွဲ့အစည်းကို ဖုံးကွယ်ရန် အသုံးပြုထားသည့် အီလက်ထရွန်းနစ် စက်ရုံအဝင်ပေါက်မှ ထွက်လာစဉ်တွင် အနက်ရောင် အော်ဒီကားတစ်စီး အပြင်ဘက်တွင် ရပ်ထားသည်ကို တွေ့လိုက်ရပြီး ယွမ်ကျန်းရွှမ်ကို ဆေးလိပ်သောက်ရင်း ကားအနားတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

“သူတို့နဲ့ စကားပြောကြည့်တာ ဘယ်လိုလဲ။" ယွမ်ကျန်းရွှမ်က ထန်ရှု ထွက်လာသည်ကို မြင်သောအခါ အပြုံးဖြင့် မေးလိုက်သည်။

"အဟဲ … ပိုက်ဆံနဲ့သာဆိုရင် နတ်ဆိုးတွေက ကြိတ်ဆုံကျောက်ကို မင်းအတွက် တွန်းပို့ပေးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားလိုပဲ ဒီဝါကျက လူတိုင်းနဲ့လည်း သက်ဆိုင်တယ်။" ထန်ရှုက ခေါင်းညိတ်ပြရင်း ပြောသည်။

"ဘာပဲဖြစ်ဖြစ် အန်ကယ်ယွမ်ရဲ့ရတနာတွေကို ပေးတဲ့အတွက် ကျွန်တော် ကျေးဇူးတင်ရမယ်။ သုတေသနလုပ်ပြီး ပိုက်ဆံအများကြီးရှာပြီးရင် အန်ကယ်ယွမ်ကို သောက်ဖို့ ဖိတ်လိုက်မယ်။”

"သူတို့က မင်းရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အကြံအစည်ကို တကယ် လက်ခံခဲ့တာလား။"

ယွမ်ကျန်းရွှမ် အံ့အားသင့်စွာ မေးလိုက်သည်။

ထန်ရှုက ပိုက်ဆံရေတွက်သည့်အမူအရာ လုပ်ပြရင်း သူ့စကားကို ထပ်ပြန်ပြောပြသည်။

"အန်ကယ်ယွမ် … ကျွန်တော် ခုလေးတင် ပြောလိုက်တယ် မဟုတ်ဘူးလား။ ပိုက်ဆံနဲ့သာဆိုရင် နတ်ဆိုးတွေက မင်းအတွက် ကြိတ်ဆုံကျောက်တွေကိုတောင် တွန်းပို့ပေးနိုင်တယ်။"

ယွမ်ကျန်း ရွှမ်က လျှပ်တပြက်အတွင်း နားလည်သွားပြီး ငိုရခက် ရယ်ရခက် ဖြစ်နေသော အမူအရာဖြင့် "အေးပါ…အေးပါ … ဘယ်သူကမှ သူတော်စင် မဟုတ်ဘူးလေ။ ပိုက်ဆံမရှိရင် ဘယ်သူမှ အသက်မရှင်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သွားကြရအောင်။ လုံစားသောက်ခန်းမှာ အထူးအဆင့်မြင့်အခန်းကို အခုမှပဲ ကြိုတင်မှာထားတယ်။ အဲ့ဒီမှာ သွားသောက်ရအောင်။"

ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်ပြီး ကြယ်တာရာသို့ သူ ပြန်လာတိုင်း လုံစားသောက်ခန်းမသို့ သွားပြီး ပိုက်ဆံအချို့သုံးရကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။ အိမ်ငါးလုံးကို မဝယ်မီက ချူယွမ်နှင့် ရွှယ်ယုတို့ကို လုံစားသောက်ခန်းမတွင် ထမင်းစားရန် သူ ဖိတ်ခဲ့သေးသည်။

သူတို့အကြောင်းကို တွေးမိတိုင်း ထန်ရှု၏စိတ်အတွင်းထဲတွင် အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ ချူယွမ်သည် ဉာဏ်ပညာ ထက်မြက်ပြီး ပညာဗဟုသုတ ပြည့်စုံသောသူတစ်ယောက်ဖြစ်ပြီး မျက်မှောက်ခေတ်တွင်ပင် ဉာဏ်ရည်ထက်မြက်ပြီး ပညာရှိသူဟုပင် သတ်မှတ်နိုင်သည်။ အခြားတစ်ဖက်တွင် ရွှယ်ယုကမူ အပေါ်ယံတွင် အေးစက်နေသော်လည်း အတွင်းပိုင်းတွင် နူးညံ့နွေးထွေးသော ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ကာ လောကီရေးရာများ စွန်းထင်းခြင်းမရှိသော သူတစ်ယောက်ဖြစ်သည်။ သူ့အား လွန်စွာ ကူကယ်ရာမဲ့စေသော အရာမှာ စူပါလူသားကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးရှိသည့် ချူယွမ်က သူ့ကို သတိထားနေခြင်းဖြစ်သည်။ သူ့အား ရွှယ်ယု... သူမ၏မျက်နှာကို တကယ်မြင်ဖူးသည်လောဟု တွေးနေဆဲပဲပင်။

ထိုနှစ်ယောက်သည် ကိုင်တွယ်ရခက်မည့် ကျွမ်းကျင်သူများ ဖြစ်ချေသည်။

ထန်ရှု၏ရင်တွင်းမှ သက်ပြင်းမချဘဲ မနေနိုင်ပေ။

ထန်ရှု စိတ်အတွေးလွတ်သွားသည်ကို မြင်လိုက်ရသော ယွမ်ကျန်း ရွှမ်က

"မင်း ဘာတွေ မိန်းမောနေတာလဲ။ အရက်လေး နည်းနည်း သောက်ဖို့ မင်းရဲ့အန်ကယ်ယွမ်နဲ့ မလိုက်ချင်ဘူးလို့ မပြောနဲ့ ဟုတ်ပြီလား။"

ထန်ရှုက သူ့ခေါင်းကို ယမ်းလိုက်ပြီး

"မဟုတ်ပါဘူး။ ကျွန်တော့်ကားရဲ့ နောက်ခန်းမှာ နတ်ဘုရားဝတ်ရည်ဝိုင် ပုလင်းနည်းနည်း ကျန်နေသေးတာကို အန်ကယ်ယွမ် ဘယ်လိုသိလဲလို့ တွေးနေတာ။"

ယွမ်ကျန်းရွှမ်၏မျက်ခုံးများ တွန့်သွားပြီး ချက်ချင်း ပြုံးလာကာ

"ထန်ရှု … ငါ သိပ္ပံပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေ မင်းဆီကို လွှဲပေးခဲ့ပြီးပြီ။ ဒါကြောင့် မင်း ငါ့ကို ကျေးဇူးတင်ဖို့ ရည်ရွယ်ချက် ရှိရမယ်မဟုတ်လား။ နောက်ပြီး ဒါက ပိုက်ဆံနဲ့လည်း ပြောလို့မရတဲ့အရာ။ နတ်ဘုရားဝတ်ရည်ဝိုင်က အရမ်းကောင်းမယ်လို့ ငါ ခံစားရတယ်။ မင်းဝစေုထဲက ရှစ်ဗူးဆယ်ဗူးလောက် ဒီအန်ကယ်ယွမ်ကို ပေးရင်ရော ဘယ်လိုလဲ။”

ထန်ရှု၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုပေါ်လာပြီး “ကောင်းပါပြီ။ ဒီည နောက်ဆုံးထားပြီး အန်ကယ်ယွမ့်အိမ်ကို နတ်ဘုရားဝတ်ရည်ဝိုင်ဘူး၂၀ ပို့ပေးလိုက်ပါမယ်။ အန်ကယ်ယွမ် သောက်လို့ကုန်တာနဲ့ ခန်းရှဆီ ချက်ချင်း ဖုန်းဆက်လိုက်ပါ။ သူက အန်ကယ်ယွမ်ဆီ ချက်ချင်းပို့ပေးဖို့ လူတချို့ကို စေလွှတ်လိုက်လိမ့်မယ်။"

“သိပ်ကောင်းတယ်။” ယွမ်ကျန်းရွှမ် အပျော်လွန်သွားပြီး ထန်ရှုကို လက်မထောင်ပြသည်။

ထို့နောက် သူတို့နှစ်ယောက်သည် လုံစားသောက်ခန်းမဆီသို့ ကားမောင်းသွားကြသည်။ လမ်းတွင် ထန်ရှုက သူ့ကားနောက်က ပါလာသည့် မိုအားဝူဆီ ဖုန်းလှမ်းဆက်ပြီး ပါဝါအားကောင်းကောင်း ထုတ်ပေးနိုင်သော ဂျင်နရေတာယူနစ်ကို ချက်ချင်းဝယ်ရန် ပြောလိုက်သည်။

ဖုန်းမြည်သံ…

လုံစားသောက်ခန်းမ၏အထူးအဆင့်မြင့်ခန်းမအတွင်း ယွမ်ကျန်းရွှမ်နှင့် အရက်သောက်ရင်း စကားလက်ဆုံကျနေသော ထန်ရှုသည် သူ၏လက်ကိုင်ဖုန်း ရုတ်တရက် မြည်လာသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ ထန်ရှုသည် ယွမ်ကျန်းရွှမ်အား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းခေါ်ဆိုသူအား ကြည့်လိုက်သည်။ ထို့နောက် ယွမ်ကျန်းရွှမ်အား လက်ဟန်အမူအရာ ပြကာ ထထွက်သွားပြီး

“အစ်ကိုရှောင် … ကျွန်တော့်ကို ခေါ်တာ ကိစ္စတစ်ခုခု ရှိလို့လား။”

ရှောင်မင်းကျန့်၏အလောတကြီးအသံအား မိုဘိုင်းဖုန်းမှ ကြားလိုက်ရပြီး

"ထန်ရှု … မြောင်ဝမ်တန် မတော်တဆမှုတစ်ခု ဖြစ်သွားတယ်။"

ထန်ရှု၏အမူအရာ ပျက်သွားပြီး

"သူ ဘယ်လို ဖြစ်သွားလို့လဲ။"

“အတိအကျတော့ ငါ မသိပေမယ့် သူ့အတွင်းရေးမှူးက ငါ့ဆီ အကူအညီတောင်းခဲ့တယ်။ သူတို့က အနောက်ပိုင်းဒေသမှာရှိတဲ့ ကမ်းဇတ် လုံကွမ်ပင်လယ်အော်ကို ရောက်နေတယ်။”

"အခု အစ်ကိုရှောင်က ဘယ်မှာလဲ။" ထန် ရှုက လေးနက်သော လေသံဖြင့် မေးလိုက်သည်။

"ငါက အပြာရောင်မြို့မှာ။"

"အစ်ကိုရှောင် … အပြာရောင်မြို့လေဆိပ်မှာ ကျွန်တော့်ကို စောင့်နေပါ။ ကျွန်တော့်လူတချို့နဲ့ ချက်ချင်း လာခဲ့မယ်။ အစ်ကိုမြောင်က အန္တရာယ်ရှိနေပြီဆိုတော့ ကျွန်တော်တို့ သူ့ကို ကယ်ရမယ်။ အမှန်ပဲ … သူတို့ကို ဆက်သွယ်လိုက်ပါ။ သူတို့ အခြေအနေကို ထပ်ပြီး မေးပါဦး။”ထန်ရှုက ပြောလိုက်သည်။

“နားလည်ပြီ။” ရှောင်မင်ကျန်က ပြန်ပြောပြီး ဖုန်းတန်းချသွားသည်။

ထန်ရှုက သူ၏ဖုန်းကို ပြန်သိမ်းလိုက်ပြီး ယွမ်ကျန်းရွှမ်၏အရှေ့သို့ အမြန်လျှောက်လာကာ "အန်ကယ်ယွမ် … ကျွန်တော် အန်ကယ်ယွမ်နဲ့အတူ ဆက်သောက်လို့ မရတော့ဘူး။ သူငယ်ချင်းတစ်ယောက် အန္တရာယ်ရှိနေလို့ သူ့ကို အပြေးသွားကြည့်မှရမယ်။ ဒီကိစ္စကို ဖြေရှင်းပြီးရင် နောက်မှ အန်ကယ်ယွမ်နဲ့ ကျွန်တော် ပြန်တွေ့ပါမယ်။"

ထန်ရှုသည် သူ၏ဇနီးနှင့်သားကို တစ်ချိန်က ကယ်ဆယ်နိုင်ခဲ့ကတည်းက ထန်ရှုသည် လိမ်ညာပြီး စကားကြီးကြီးကျယ်ကျယ်ပြောမည်မဟုတ်ကြောင်း ယွမ်ကျန်းရွှမ် သိသည်။ လူကို ကယ်တင်ခြင်းသည် မီးကို ငြိမ်းသတ်သကဲ့သို့ အရေးကြီးသည်ကို သူ သိသောကြောင့် ချက်ချင်း ပြောလိုက်သည်။

“ငါ မင်းကို ကူညီနိုင်တာများရှိလား။"

"ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကမ်းဇတ်မှာ မတော်တဆမှုတစ်ခု ဖြစ်သွားတယ်။” ထန်ရှုက ပြောပြသည်။

"ဟူး … ဒါဆို ငါ မင်းကို မကူညီနိုင်တော့ဘူး။" ယွမ်ကျန်းရွှမ် သက်ပြင်းချရင်း ခေါင်းယမ်းပြလိုက်သည်။

"အနောက်ပိုင်းဒေသမှာ ငါ လုပ်နိုင်တာ ဘာမှ မရှိ ... ခဏစောင့်ဦး။"

သူ့စကားတစ်ဝက်တစ်ပျက်ဖြင့် ရပ်သွားပြီး ယွမ်ကျန်းရွှမ်သည် ရုတ်တရက် သူ၏ဖုန်းကို ကောက်ကိုင်ကာ နံပါတ်တစ်ခုကို အလျင်အမြန် ရှာဖွေပြီးနောက် အမြန်ဖုန်းခေါ်လိုက်သည်။ တစ်ဖက်လူနှင့် စကားအနည်းငယ်ပြောပြီးနောက်တွင် သူက ဖုန်းချလိုက်ကာ ထန်ရှုကို ကြည့်ပြီး

"ဒီဖုန်းနံပါတ်ကို မှတ်ထားလိုက်။ သူက ငါ့ရဲဘော်ဟောင်း ကျဲဝါလေ့လို့ခေါ်တယ်။ ငါတို့ အဆက်အသွယ်မရတာ နှစ်အတော်ကြာပေမယ့် သူ့ဖုန်းနံပါတ်က အခုထိ မပြောင်းသေးဘူး။ မင်း ကမ်းဇတ်ကို ရောက်ရင် သူ့ဆီ ဖုန်းဆက်လိမ့်မယ်လို့ ငါ ဖုန်းဆက်ထားတယ်။ လေဆိပ်မှာ သူ လာခေါ်လိမ့်မယ်။"

"ကျေးဇူးတင်ပါတယ် အန်ကယ်ယွမ်။"

ထန်ရှုက ဖုန်းနံပါတ်ကို အမြန်မှတ်ပြီး သူ့အင်္ကျီကို ဆွဲယူကာ အပြင်ကို ပြေးထွက်သွားသည်။ မိုအားဝူဆီကိုတောင် ဖုန်းဆက်ပြီး သူ အပြာရောင်မြို့ဆီသို့ မောင်းလာနေပြီဖြစ်သောကြောင့် ပြန်သွားခိုင်းလိုက်သည်။ လမ်းတစ်ဝက်တွင် သူ၏မိဘများ၊ ခန်းရှနှင့် သုတေသနဌာနမှ ဒါရိုက်တာ မိုရီတို့ဆီ ဖုန်းများဆက်လိုက်သည်။

****

အပြာရောင်မြို့လေဆိပ် …

ထန်ရှုသည် မိုအားဝူ၊ အခြားသူများနှင့်အတူ လေဆိပ်သို့ ရောက်ရှိလာပြီးနောက် ရှောင်မင်ကျန်နှင့် သူ၏ကိုယ်ရံတော်ခြောက်ဦးတို့ကို လေဆိပ်ပေါက်ဝတွင် တွေ့လိုက်ရသည်။

"အစ်ကိုရှောင် … သူတို့ကို ထပ်ပြီး ဆက်သွယ်ပြီးပြီလား။" ထန်ရှု အမြန်မေးလိုက်သည်။

“ငါ သူတို့ကို ဆက်သွယ်ထားပါတယ်။” ရှောင်မင်ကျန်းက အားတင်းပြုံးပြပြီး

“ညီအစ်ကိုမြောင်ရဲ့အတွင်းရေးမှူးက ဖြစ်ပွားတဲ့ အကြောင်းအရင်းကို သူမလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောတယ်။ သူမနဲ့ အခြားသက်တော်စောင့်နှစ်ယောက်ကို ကမ်းဇတ်လုံကွမ်ကမ်းခြေမှာ နေဖို့ စီစဉ်ပေးခဲ့ပြီး ညီအစ်ကိုမြောင်က လူတစ်စုနဲ့ ထွက်သွားတယ်တဲ့။ ဒါပေမယ့် နှစ်ရက်လောက်ကြာတော့ သူတစ်ယောက်တည်း ထွက်ပြေးလာပြီး သူ့ဒဏ်ရာက အရမ်းပြင်းထန်တယ်လို့ ပြောပြီး သတိလစ်မသွားခင် သူ့အတွင်းရေးမှူးကို ငါ့နာမည် ပြောပြခဲ့တယ်။”

ထန်ရှုက ဒီကိစ္စသည် လေးနက်မှု ရှိသည်ကို ပြောပြနိုင်ပြီး လျင်မြန်စွာ မေးလိုက်သည်။

"ကျွန်တော်တို့အတွက် လေယာဉ်လက်မှတ်တွေ ဝယ်ပြီးသွားပြီလား။"

"မင်းစာပို့ပြီးတဲ့နောက် မင်းတို့အားလုံးအတွက် ထိုင်ခုံလက်မှတ် ၁၂စောင်ကို ငါ ကြိုတင်မှာပေးထားတယ်။ အခုကနေ နောက်နှစ်နာရီခွဲလောက်ဆို ငါတို့လေယာဉ်ထွက်ချိန်ပဲ။" ရှောင်မင်ကျန်းက ပြောသည်။

နှစ်နာရီခွဲလား။ သိပ်ကြာလွန်းတယ်။

ထန်ရှုက သူ့အဒေါ်ထန်မင်း၏ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး ခရီးသည်လေယာဉ်တစ်စင်းကို စီစဉ်ပေးရန် သူမကို အကူအညီတောင်းလိုက်သည်။ ခုနှစ်မိနစ်လောက်အကြာတွင် အပြာရောင်မြို့လေဆိပ်၏ အထွေထွေကြီးကြပ်ရေးမှူးက သူ့နှင့်အခြားသူများအား လူကိုယ်တိုင်လာတွေ့ပြီး နာရီဝက်လောက် စောင့်ဆိုင်းပေးရန် ပြောခဲ့သည်။ နာရီဝက်ကြာပြီးပါက လေယာဉ်ပျံသန်းမှု တာဝန်ထဲတွင် မပါသော လေယာဉ်သည် ၎င်းတို့အား အနောက်ပိုင်းဒေသသို့ သယ်ဆောင်သွားပေးမည်ဖြစ်သည်။

လေယာဉ်ပျံသန်းခြင်းနှင့်ပတ်သက်ပြီး လေယာဉ်လမ်းကြောင်း ပြန်လည်ပြင်ဆင်ခြင်း၊ ဆက်သွယ်ရေးကဏ္ဍအားလုံး၊ လေယာဉ်ဆီဖြည့်ခြင်းနှင့် အခြားလုပ်ထုံးလုပ်နည်းများအား အချိန်ယူရမည်ဟု ထန်ရှု သိထားသောကြောင့် စိတ်ပူပင်နေသော်လည်း သည်းခံစောင့်ဆိုင်းနေဆဲဖြစ်သည်။ မြောင်ဝမ်တန်သည် သူ၏စီးပွားဖက်ဖြစ်သည့်အပြင် သူ့အား တစ်ချိန်က ကူညီပေးခဲ့ဖူးသည့် ကျေးဇူးကို သူ အမြဲသတိရနေခဲ့သည်။

ညနေ ၄း၂၀ နာရီ…

ခရီးသည်တင်လေယာဉ်သည် နောက်ဆုံးတွင် အပြာရောင်လေဆိပ်မှ တက်ကာ အနောက်ပိုင်းဒေသသို့ ပျံသန်းခဲ့ပြီဖြစ်သည်။ အနောက်ပိုင်းဒေသလေဆိပ်ရှိ လေဆိပ်တစ်ခုတွင် ဆင်းသက်ပြီးနောက် သူတို့အဖွဲ့သည် လေယာဉ်ကို လမ်းခုလတ်တွင် ပြောင်းလဲခဲ့ရပြီး နောက်ဆုံးတွင် ကမ်းဇတ်လေဆိပ်သို့ ည ၉း၅၀ နာရီတွင် ရောက်ရှိခဲ့သည်။

All Chapters