← Chapters

လွဲမှားနေသည့်အရာများနှင့် ပတ်သက်၍ ထူးဆန်းမှုတစ်ခုခု ရှိရမည်။

Vol. 47 Ch. 658

လွဲမှားနေသည့်အရာများနှင့် ပတ်သက်၍ ထူးဆန်းမှုတစ်ခုခု ရှိရမည်။

Vol. 47 Ch. 658

သူ့ကိုယ်သူ သုံးရက်ကြာ ကုသပြီးနောက် မြောင်ဝမ်တန်၏ဒဏ်ရာများသည် ပျောက်ကင်းလုနီးပါး ဖြစ်လာခဲ့ပြီး ခန္ဓာကိုယ်ထဲရှိ အဆိပ်များသည် အပြည့်အဝ ပျောက်ကင်းသွားခဲ့သည်။ ထန်ရှု၏အကူအညီဖြင့် ဒဏ်ရာပျောက်ကင်းရေး ဆေးလုံးနှစ်လုံးနှင့် ခန္ဓာကိုယ်သန့်စင်ဆေးရည် ပုလင်းဝက်ကို သောက်သုံးပြီးနောက် သည်ကံဆိုးမှုသည် ကံကောင်းခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး သူ၏ကျင့်ကြံမှုမှာလည်း တဖြည်းဖြည်း တိုးတက်လာသည်။

ယခုအချိန်သည် မြောင်ဝမ်တန်အတွက် အကျိုးကျေးဇူး များသကဲ့သို့ ရှောင်မင်ကျန်းသည်လည်း သူ့ကို အားကျနေသည်။

"ဒါဏ်ရာရတဲ့သူက ငါ ဘာလို့ မဟုတ်ရတာလဲကွာ။"

မြောင်ဝမ်တန်သည် လျင်မြန်သော၊ ပြီးပြည့်စုံသော၊ ချောမွေ့သော လက်သီးစွမ်းရည် ပြနေသည်ကို ကြည့်ရှုနေရင်း ရှောင်မင်ကျန်းသည် မနာလိုအားကျသော လေသံဖြင့် ရေရွတ်ရင်း သက်ပြင်းချလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးထဲတွင် ထန်ရှုသည် မကုန်နိုင်သော ရတနာများရှိသည့် ဘဏ္ဍာတိုက်တစ်ခုဖြစ်နေသည်။ သူသည် ချန်းကျီကျုံးကို ရုတ်တရက်ပင် အားကျသွားပြီး ထိုလူကို စိတ်ထဲမှပင် အမှန်တကယ် လေးစားမိသွားသည်။ ထန်ရှုကဲ့သို့ စွမ်းအားကြီးသော ဆရာသခင်တစ်ယောက် ရှိထားသောထိုသူသည် များစွာသော အကျိုးကျေးဇူး ရရှိရန် အလားအလာ အလွန်ကောင်းနေသည်မဟုတ်ပါလား။

မြောင်ဝမ်တန်က မျက်နှာထက်က ချွေးများကို သုတ်လိုက်ပြီး အပြုံးဖြင့်

"အစ်ကိုရှောင် … ဒဏ်ရာတွေ ပြင်းထန်စွာ ရတာ နေလို့ကောင်းတယ်လို့ ထင်သလား။ အခု ကောင်းချီးတစ်ခုလို ဖြစ်သွားတာတောင်မှ ငါက သေလုမျောပါး ခံစားလိုက်ရသေးတယ်။ ဒါကို ဒုတိယ အကြိမ် ဘယ်တော့မှ မဖြစ်ချင်တော့ဘူး။"

“ဘွားဟားဟား…။” ရှောင်မင်ကျန်းက သူ့ကို လှောင်ပြောင်ရယ်မောလိုက်ပြီး သူ၏အကြည့်များသည် အိမ်ထဲမှ ထွက်လာသော ထန်ရှုဆီသို့ ကျရောက်သွားသည်။

အားကစားဝတ်စုံကို ဝတ်ဆင်ထားသော ထန်ရှုသည် ခြံဝင်းထဲသို့ လျှောက်လာပြီး

"အစ်ကိုမြောင် … မနက်စာ စားပြီးရင် အစ်ကို တိုက်ခိုက်ခံရတဲ့ နေရာကို သွားကြရအောင်။ အဲ့ဒီ အနောက်ပိုင်းဘုန်းကြီးနဲ့ ရွှေသံချပ်ဝတ်စုံဝတ် ဇွန်ဘီကောင် ရှိသေးလားဆိုတာ သေချာမသိပေမယ့် ကျွန်တော်တို့ သူတို့ကို လိုက်ရှာရမယ်။ ရန်ငြိုးကို မတုံ့ပြန်ဘူးဆိုရင် အစ်ကိုမြောင်က ယောကျာ်း မဟုတ်တော့ဘူး။ ဒါကြောင့် သူတို့ကို ရှာပြီး သူတို့တွေ ထိုက်သင့်တဲ့ တန်ဖိုးကို ပေးစေရမယ်။"

မြောင်ဝမ်တန်၏မျက်လုံးများအတွင်း၌ အထိတ်တလန့် အရိပ်အယောင်များ ဖြစ်ပေါ်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောသည်။

"ညီလေးထန် … မင်းက အရမ်းသန်မာနေပြီဆိုတာ ငါ သိတယ်။ ဒါပေမယ့် အနောက်ပိုင်းဘုန်းကြီးက အရမ်းထူးခြားတယ်။ သူက စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မရှိတဲ့ နည်းလမ်းတွေနဲ့ တစ်ခုပြီးတစ်ခု ထုတ်သုံးလာတာ အဆုံးကို မသတ်တော့ဘူး။ သူ့ရဲ့ ကျင့်ကြံမှုက ငါ့ထက်တောင် အားကောင်းသေးတယ်။ နောက်ပြီး ရွှေသံချပ်ဝတ်စုံဝတ်ဇွန်ဘီကောင်က မလှုပ်ရှားသေးတာတောင် သူ့ရဲ့အော်ရာနဲ့တင် ငါ့မှာ ကျောရိုးစိမ့်နေတာကွာ။ နောက်ထပ် အချိန်တစ်ခု စောင့်ရင်ရော ဘယ်လိုလဲ။ ယောက်ျားတစ်ယောက်ရဲ့ လက်စားချေမှုကို ဆယ်နှစ်ကြာတဲ့အခါမှ လက်စားချေရင်လည်း ဘယ်တော့မှ နောက်ကျတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါကြောင့် ငါတို့တွေ ပိုအားကောင်းလာတဲ့အခါမှ သူတို့ကို ရှာဖို့ ပြန်လာကြရင်ရော ဘယ်လိုလဲ။”

ထန်ရှုသည် မြောင်ဝမ်တန်၏မျက်လုံးများကို စူးစူးစိုက်စိုက် တစ်ချက်စိုက်ကြည့်လိုက်ရင်း ထိုလူသည် အနောက်ပိုင်းဘုန်းကြီးနှင့် ရွှေသံချပ်ကာဝတ်စုံဝတ် ဇွန်ဘီကောင်အား အမှန်တကယ် ရင်မဆိုင်ချင်ကြောင်း သဘောပေါက်သွားခဲ့သည်။

မြောင်ဝမ်တန်သည် ... သူ၏ကြောက်ရွံ့မှုကို အရှုံးပေးခဲ့ပြီးဖြစ်သည်။

ထန်ရှု၏အကြည့်သည် ရှောင်မင်ကျန်းပေါ် ရောက်သွားပြီး ထိုလူသည်လည်း သတိကြီးစွာ ထားသော အမူအရာဖြင့် ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် သူသည် အားတင်းပြုံးလိုက်ပြီး

“ကောင်းပြီ။ ခင်ဗျားတို့နှစ်ယောက် မတွေ့ချင်ဘူးဆိုတော့ ကျွန်တော် မဲများတဲ့နောက်ကို လိုက်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် မနက်စာစားပြီး ဒီက ထွက်သွားရအောင်။"

“ကောင်းပြီ။” ထိုနှစ်ယောက်က ခေါင်းညိတ်ပြပြီး အပိုစကားမပြောတော့ပေ။

****

လုံကွမ်ပင်လယ်အော် …

ဖြာကျနေသော နေရောင်အောက်ရှိ တောက်ပနေသော ကမ်းခြေတစ်ခုတွင် ရေငှက်နှစ်ကောင်သည် တောင်ပံခတ်ကာ ကောင်းကင်ဆီသို့ အဆက်မပြတ် ပျံသန်းလာရင်း မိုးကုပ်စက်ဝိုင်းဆီသို့ အရှိန်အဟုန်ဖြင့် တောင်ပံခတ်လာသည်။ ၎င်းတို့၏ နီညို့တောက်ပသော မျက်လုံးများသည် သာမန်ရေငှက်များထက် နှစ်ဆပို၍ ကြီးမားပြီး ၎င်းတို့၏ထက်မြက်သော ခြေသည်းများသည် သေးသွယ်သော်လည်း လွန်စွာ ထက်ရှပေသည်။

… ဝှစ်…

ရေငှက်နှစ်ကောင်သည် မီတာဆယ်နှင့်ချီမြင့်သော အမြင့်သို့ ပျံတက်စဉ် ပြင်းထန်သော လေပြင်းများ တိုက်ခတ်သောကြောင့် သွေးစက်အချို့ ယိုစီးကာ အမွှေးအတောင်များ ကျွတ်သွားပြီး သဲလွန်စမရှိ လုံး၀ ပျောက်ကွယ်သွားသည်။

"မင်း သေရမယ် ဇွန်ဘီကောင်။"

ကမ်းခြေပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဘုန်းကြီးတစ်ပါးထံမှ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထိုဘုန်းကြီး၏ဦးခေါင်းထက်၌ အမွှေးတိုင်ဖြင့် ဖောက်ထားသည့် အစက်အပြောက်ကိုးခု ရှိပြီး တောက်ပသော သင်္ကန်းကို ဝတ်ရုံလျက် နားရွက်၂ဖက်တွင် နားကွင်းဝိုင်းကြီးများ တပ်ဆင်ထားကာ ဒူးထက်တွင် မှော်ကြိမ်တံကို တင်ထားသည်။ ကြောက်စရာကောင်းသော အော်ရာတစ်ခုသည် သူ့ထံမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ အမွေးအတောင်များဆီသို့ ပျံ့လွင့်သွားသည်။

ဟီးဟီးဟီး…

ကြောက်စရာကောင်းသော ရယ်မောသံများကြားတွင် ရွှေသံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော လူသားပုံစံ မွန်းစတားတစ်ကောင်သည် မျက်နှာထက်တွင် အနက်ရောင်အဝတ်စကို အုပ်ထားပြီး မျက်လုံးများကိုသာ ဖော်ပြထားလျက် ပါးလွှာသော လေထုထဲမှ ပေါ်လာသည်။

“သိပ်မတွန့်တိုစမ်းပါနဲ့ဘုန်းကြီးရာ…။ အဲ့ဒီငှက်တွေက ရုပ်သေးရုပ်တွေကလွဲလို့ ဘာမှ မဟုတ်ပါဘူးကွ။ မင်းက ဒီထက်ပိုပြီး ပေါ့ပေါ့ပါးပါး ထိန်းနိုင်တုန်းပဲ မဟုတ်လား။ ဘာပဲပြောပြော ငါ ဗိုက် အရမ်းဆာတယ် … ဆာနေပြီ။ မင်း ငါ့ကို အဲ့ဒီကောင်းကင်သဲကျောက်တုံး ပေးရင် ငါ ဗိုက်ဝသွားနိုင်တယ်။"

“ငါတို့ အရောင်းအဝယ်တွေက ပြီးသွားပြီ။” အနောက်ပိုင်းဘုန်းကြီးက အေးအေးစက်စက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဒီကောင်းကင်သဲကျောက်က ငါ့ရဲ့ ဥစ္စာပဲ။ ဘယ်ဟာက မင်းအတွက် ကောင်းတာမှန်း မင်း သိသေးရင် ငါ့ကို တစ်ယောက်တည်း ထားခဲ့။ နို့မဟုတ်ရင် နောက်မှ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့။”

"လောင်းကစား လုပ်ကြတာပေါ့။ လောင်းကစားက မင်းအကြိုက်ဆုံးပဲ မဟုတ်ဘူးလား။" ရွှေသံချပ်ကာဇွန်ဘီကောင်က ရူးသွပ်စွာ ရယ်မောလိုက်ရင်း

"မြောင်ဆိုတဲ့ငနဲ ဘယ်မှာရှိလဲ ငါက မင်းကို ပြောပြပြီး မင်းက ဒီကောင်းကင်သဲကျောက်ပေးရင်ရော ဘယ်လိုလဲ။"

အနောက်ပိုင်းဘုန်းကြီး၏အမူအရာ လှုပ်ရှားသွားသော်လည်း ရွှေသံချပ်ကာ ဇွန်ဘီကောင်ကို ကြည့်ကာ ချက်ချင်းပင် လှောင်ပြောင်ခေါင်းခါလိုက်ရင်း “လိမ္မာပါးနပ်တဲ့ လှည့်စားမှုတွေ အများကြီး တွေ့ဖူးပေမယ့် ဒီလိုအသေးအဖွဲ လှည့်ကွက်နဲ့ ငါ့ကို လှည့်စားဖို့ မစဉ်းစားနဲ့။ ဒါပေမယ့် မင်း ငါ့ကို လမ်းပြရင်… အဲ့ဒီမြောင်ငနဲသားဆီကနေ ကောင်းကင်သဲကျောက်တွေ ပိုရလာတဲ့အခါကျရင် အဲ့ဒါကို မင်းနဲ့ အညီအမျှ မျှဝေပေးလို့ရတယ်။”

ရွှေသံချပ်ဝတ်စုံဝတ်ဇွန်ဘီကောင်သည် ထူးဆန်းသောအသံဖြင့် အော်ဟစ်ကာ ထွက်ပြေးသွားသော်လည်း အနောက်ပိုင်းဘုန်းကြီး၏နားတွင် သေးငယ်သော အသံတစ်ခု ပျံ့လွင့်လာသည်။

"လုံကွမ်ကျေးရွာ…"

****

လုံကွမ်ရွာ…

ဆာ့ဖ်ကားဆယ်စီး စတင်မောင်းထွက်လိုက်သော်လည်း ကားတစ်စီးစီတွင် လိုက်ပါစီးနင်းသူဦးရေမှာ နည်းပါးနေချေသည်။ မြောင်ဝမ်တန်သည် မူလက သူနှင့်အတူ လူ ၂၀ ကျော်ကို ခေါ်ဆောင်ခဲ့ပြီး အများစုမှာ ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ယခုအခါတွင် သက်တော်စောင့်နှစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးသာ ကျန်ရှိတော့သည်။

“သွားရအောင်။ ဒီသောက်ကျိုးနည်းနေရာက ထွက်သွားရအောင်။” မြောင်ဝမ်တန်က သက်ပြင်းတစ်ချက် ရှိုက်ရင်း ပြောလိုက်သည်။ သူသည် ထန်ရှု၏ဘေးတွင် ထိုင်လိုက်ပြီး ရှေ့ခုံပေါ်ရှိ ရှောင်မင်ကျန်းကို ကြည့်လိုက်သည်။

ထန်ရှု၏မျက်ခုံးများ တွန့်သွားရင်း

“ကျွန်တော်တို့ အခုထွက်သွားဖို့ မလွယ်မှာကိုစိုးတယ်။” လေသံသဲ့သဲ့ဖြင့် ပြောလိုက်သည်။

“မင်း ဘာကို ဆိုလိုတာလဲ။” မြောင်ဝမ်တန်က တွေဝသွေားပြီး စိတ်ရှုပ်ထွေးသွားသော အမူအရာဖြင့် မေးလိုက်သည်။

"ဒီကမ္ဘာမြေကနေ ကျွန်တော်တို့ ပုန်းကွယ်လို့ မရနိုင်တဲ့ အရာတွေ ရှိတယ်။ ဒီလူတွေကို ကျွန်တော်တို့ မတွေ့ချင်ဘူးဆိုပေမယ့် သူတို့က ကျွန်တော်တို့ကို လိုက်ရှာနေတာ အမှန်ပဲ။ ကြည့်ရတာ သူသေ ကိုယ်သေ ကစားပွဲထဲကို ဝင်ရောက်ရတော့မယ်နဲ့တူတယ်။”

ထန်ရှုက တံခါးကို တွန်းဖွင့်ပြီး ဆင်းသွားသည်။ သူ ရှေ့ကို ခြေလှမ်းငါးလှမ်းကျော်လောက် လျှောက်လာရင်း လုံကွမ်ရွာ၏အဝင်ဝမှာ လှည့်ပတ်နေသော အဘိုးအိုဆီသို့ သူ၏အကြည့်များ ကျရောက်သွားသည်။

“အဲ့ဒါ သူပဲ။” မြောင်ဝမ်တန်၏အမူအရာမှာ အကြီးအကျယ်ပျက်သွားပြီး လက်ရှိတွင် သူ့အား လုယက်နေသော ရန်သူနှင့် ရင်ဆိုင်နေရသောကြောင့် နက်ရှိုင်းသော ကြောက်ရွံ့မှုလည်း ရှိနေသည်။

"အော်မီတော်ဖော် … ဒကာမြောင်က တကယ်ကို အရည်အချင်း ရှိတာပဲ။ မင်းက ဒီဆင်းရဲတဲ့ဘုန်းကြီးရဲ့ ပန်းခုနစ်ပွင့် အဆိပ်ပိုးမွှားခုနစ်ကောင်ရဲ့ အဆိပ်ကို ခံခဲ့ရပေမယ့် အဆိပ်က မင်းကို မသတ်နိုင်ခဲ့ဘူး။ နောက်ပြီး မင်းကို ကူညီပေးမယ့်

လူအများအပြားကိုလည်း ဖိတ်ခေါ်ခဲ့သေးတာပဲ။”

အနောက်ပိုင်းဘုန်းကြီးက မထီမဲ့မြင်ပြုသော အကြည့်တို့ဖြင့် ကျယ်လောင်စွာ မိန့်ဆိုလာသည်။

မြောင်ဝမ်တန်က ရှေ့သို့ လှမ်းတက်ကာ ထန်ရှုနှင့် ဘေးချင်းယှဉ်ရပ်လိုက်ပြီး ထိုသူအား စိုက်ကြည့်ရင်း "မင်းက အဘွားရှီပေါ်နဲ့အတူပူးပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်ခဲ့တာပဲ။ ငါ ဒီနေရာကို လက်လွှတ်ဖို့ ရည်ရွယ်ပြီး ပြည်မကြီးကို ပြန်သွားတော့မယ်လို့ တွေးထားခဲ့တာ။ မင်းက ငါ့ကို ဒီနေရာအထိ လာပြီး လိုက်ဖမ်းရတဲ့အထိတောင် ရန်လိုပြီး နှိပ်ကွပ်နေမယ်လို့ မထင်မိဘူး။ အနောက်ပိုင်းဘုန်းကြီး … မင်းက ငါ့ကို သိပ်အနိုင်ကျင့်ချင်နေတာလား။”

"အော်မီတော်ဖော်…" အနောက်ပိုင်းဘုန်းကြီးက ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး

"ဒကာမြောင်က အမှန်တကယ်ကို အနိုင်ကျင့်လို့ ကောင်းတဲ့ ပစ်မှတ်ပဲ။"

“မင်း…”မြောင်ဝမ်တန် ဒေါသတကြီး ဖြစ်နေပြီး သည်နေ့ ကိစ္စသည် အနုနည်းဖြင့် အဆုံးမသတ်မည်ကို သိလိုက်ပေတော့သည်။ သူ သည်းခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်ပါက သူလည်း သည်းခံနိုင်မည်မဟုတ်ပေ။ ထိုအခြေအနေထိ သူလည်း တွန်းအားပေးခံရပြီး အဆိုးတကာ့ အဆိုးဆုံး ဖြစ်လာပါက မသေမချင်း တိုက်ပွဲဝင်ရပေလိမ့်မည်။ သူ၏ဓားကို ချက်ချင်း ဆွဲထုတ်ကာ အနောက်ပိုင်းဘုန်းကြီးဆီ ရုတ်တရက်  ရွေ့လျားခဲ့ပြီးဖြစ်သည်။

"ရွှေသံချပ်ကာ ဇွန်ဘီကောင် … မင်း စိတ်ထဲမှာ ဘာရှိလဲဆိုတာ ငါ သိတယ် ခွေးမသား။ ငါနဲ့သူတို့ကြားက ဒီတိုက်ပွဲကနေ မင်းက တတိယအဖွဲ့အနေနဲ့ အမြတ်ထုတ်ဖို့ စိတ်ကူးရှိနေတယ်ပေါ့လေ။ ကောင်စုတ်လေးမြောင်က ကိုင်တွယ်ရလွယ်ပေမယ့် ဒီမှာ ကိုင်တွယ်ရမလွယ်တဲ့ ကောင်စုတ်လေးတွေလည်း ရှိသေးတယ်။ မင်း မပေါ်လာရင် ငါ ချက်ချင်း ထွက်သွားလိုက်မယ်။” သတိရှိသူတစ်ယောက်ပီပီ အနောက်ပိုင်းဘုန်းကြီးသည် ထန်ရှု မည်မျှ သန်မာသည်ဟု မပြောနိုင်သောကြောင့် လျှို့ဝှက်စွာ သတိထားနေသည်။သို့သော် ရှောင်မင်ကျန်းဆီမှ ထုတ်လွှတ်နေသော အော်ရာသည် မြောင်ဝမ်တန်ထက် အားနည်းမနေချေ။ အသိသာဆုံးမှာ ဤလူအုပ်စုသည် ထူးခြားနေသည်ဟု သူ ခံစားနေရပြီး ၎င်းတို့ထဲမှ တစ်ဝက်သည် ကျင့်ကြံသူများ ဖြစ်လိမ့်မည်ဟု သူ ခံစားမိနေသည်။ ထို့ထက်ပိုသည်မှာ ထိုသူများသည် ရက်စက်ခက်ထန်သော လူစားများ ဖြစ်ဟန်ရှိသည်။

"ဘယ်လိုအရည်အချင်းလဲ။ မင်းက ပူးပေါင်းကြံစည်ဖို့ ခက်လွန်းတယ်။"

ရွှေသံချပ်ကာဝတ်စုံဝတ် ဇွန်ဘီကောင်သည် သူ၏မြည်သံနှင့်အတူ ရောက်လာသည်။ သူသည် မြောင်ဝမ်တန်နှင့် အနောက်ပိုင်းဘုန်းကြီး ထိပ်တိုက် တွေ့နေသည်ကို မြင်သောအခါတွင် ချက်ချင်းပင် ဘေးတွင် မတ်တပ်ရပ်ကာ ခေါင်းကိုယမ်းရင်း သက်ပြင်းချလိုက်သည်။

ထန်ရှုက ရှောင်မင်ကျန်းကို တစ်ချက် ကြည့်လိုက်ပြီး "အစ်ကိုမြောင်ကို သွားကူညီပါ။ ဒီအလောင်းကောင်ကို ကျွန်တော်နဲ့ ထားခဲ့လိုက်။"

ရှောင်မင်ကျန်းက လိုက်နာပြီး အနောက်ပိုင်းအကျင့်ပျက်ဘုန်းကြီးဆီ သွားလိုက်သည်။

ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် ထန်ရှု၏စကားများကို ကြားလိုက်သဖြင့် နောက်ဆုံးတွင် သူ့အား စိုက်ကြည့်လာသည်။ ထန်ရှုအား သေသေချာချာ စစ်ဆေးကြည့်ပြီး ထူးဆန်းစွာ ရယ်မောလိုက်ကာ "ဘယ်လောက်တောင် စိတ်ထက်သန်လိုက်တဲ့ ကောင်လဲ။ မင်းအသက် မင်းအရွယ်လေးနဲ့ အမိဝမ်းထဲမှာ ရှိကတည်းက ကျင့်ကြံခဲ့ရင်တောင် ဘယ်လောက်ထိ မြင့်မြင့်သွားနိုင်ပါ့မလဲ။ လာစမ်းပါ … ဒီဘုရင်က မင်းကို အကွက်၃၀၀ အကျောပေးပါရစေ။”

ထန်ရှုသည် သူ၏လက်ကို အိတ်ကပ်ထဲသို့ထည့်ကာ ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ သူသည် ထိုပုလင်းအား ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ဆီသို့ လှုပ်ခါပြလိုက်ပြီး

“ဟေ့ တစ္ဆေကောင် … မင်းကို ငါ ဂရုစိုက်နိုင်မှာ မဟုတ်ဘူးလို့ ယုံနေတာလား။”

ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်သည် သူ၏လက်အား ဝှေ့ယမ်းလိုက်ရာ တောက်ပနေသော ရွှေလှံတစ်လက်သည် ချက်ချင်းပင် ထန်ရှုဆီသို့ ပစ်ခွင်းလာခဲ့ပြီး သူသည်လည်း မျက်စိတစ်မှိတ်အတွင်း ထန်ရှု၏အရှေ့တွင် ပေါ်လာသည်။

ရွှေလှံသည် အရိပ်တစ်ခုသာ ထိုးဖောက်လာသော်လည်း ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်၏လက်သီးချက်သည် ထန်ရှု၏ဘယ်ဘက်ပခုံးကို ထိမှန်သွားခဲ့သည်။ ဇွန်ဘီကောင်သည် လွန်စွာ လျင်မြန်ပြီး ထန်ရှု အစွမ်းကုန် ရှောင်ခဲ့သည့်တိုင် သူ၏အမြန်နှုန်းသည် ဇွန်ဘီကောင်ထက် အနည်းငယ် နှေးသွားသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ထန်ရှုသည် သူ၏လက်ချောင်းများကို တောက်လိုက်ရာ ကြွေပုလင်းအဖုံးသည် ပွင့်သွားပြီး အတွင်းမှ အရည်များသည် တိုက်စားနိုင်သော ဆိုးရွားသည့် အနံ့အသက်တစ်ခုကို သယ်ဆောင်လာရင်း ရွှေသံချပ်ဝတ်စုံဇွန်ဘီကောင်၏ကိုယ်ပေါ်သို့ ဖြန်းပက်သွားသည်။

ဇိ…ဇိ…ဇီ…

အလောင်းကောင်၏ ညှော်နံ့သည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရွှေသံချပ်ဝတ်စုံဇွန်ဘီကောင်ထံမှ အဖြူရောင် အခိုးအငွေ့များ ထွက်လာကာ ၎င်းသည်  သံအရိုးစုနှင့် ကြေးနီအရေပြားခန္ဓာကိုယ်ရှိသော်လည်း စူးစူးရှရှ အော်ရသေးဆဲဖြစ်သည်။ စက္ကန့်တစ်ရာ တိုတိုလေးအတွင်းမှာပင် ဇွန်ဘီကောင်သည် လွတ်မြောက်သွားပြီး ကောင်းကင်ကို ပျံတက်သွားသည်။ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရသော အနောက်ပိုင်း အကျင့်ပျက် ဘုန်းကြီးသည် ရွှေသံချပ်ဝတ်စုံဇွန်ဘီကောင်၏ သနားစရာကောင်းသော အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသောအခါ တစ်ဖက်ကို ချက်ချင်း ကြည့်လိုက်မိသည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ကြီးကို ရှုံးသွားအောင် ဒီကောင်စုတ်လေး ဘယ်လိုနည်းလမ်းတွေ သုံးနိုင်လိုက်တာလဲ။”  အနောက်ပိုင်းအကျင့်ပျက်ဘုန်းကြီးက တိတ်တဆိတ် တုန်လှုပ်သွားသည်။

"မင်းကို ကိုင်တွယ်ဖို့ ခွန်အားနဲ့ အားထုတ်မှုတွေ အများကြီး ဖြုန်းတီးပစ်ရမယ်လို့ ငါ ထင်ခဲ့တာ။ မင်းရဲ့ခန္ဓာကိုယ် အရည်ပျော်သွားမှာကို တကယ် ကြောက်တယ်ဆိုတဲ့ ငါ့ရဲ့ ထင်မြင်ယူဆချက်က မှန်ကန်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဟားဟားဟား..."

ထန်ရှု ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ့အသံ တိတ်သွားသည်နှင့် သူသည် ရွှေသံချပ်ကာ ဇွန်ဘီကောင်ဆီသို့ ပြေးသွားခဲ့ပြီဖြစ်သည်။ သူ ယခင်က အကြိမ်များစွာ ပြုလုပ်ခဲ့သည့်အတိုင်း ထိုသူ၏ရတနာများကို သိမ်းယူရန် သတ်ပစ်မည်ဖြစ်သည်။ သို့သော် သူသည် သည်တစ်ကြိမ်ကိုတော့ တကယ်ကို လိုလိုလားလား လုပ်ချင်နေခဲ့သည်။ ဇွန်ဘီကောင်၏ခါးတွင် ဥက္ကာပျံအဆီအနှစ်အား ချိတ်ဆွဲထားသည်ကို သူ တွေ့ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဥက္ကာပျံအဆီအနှစ်…။ ၎င်းသည် အင်မော်တယ်ဓား၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်ရန်အတွက်  အကျိုးသက်ရောက်မှု ကြီးမားသည့် ကောင်းကင်သဲကျောက်နှင့် ယှဉ်နိုင်သော အဖိုးတန်သတ္တုရိုင်း ဖြစ်သည်။ ထန်ရှုသည် ဤဥက္ကာပျံအဆီအနှစ်ကို ရယူပြီး ၎င်း၏သွေးသောက်ဓားမြှောင်တွင် ပေါင်းထည့်ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် အချိန်တိုအတွင်း စိတ်ဝိညာဉ်ပစ္စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေလည်း မြင့်မားပေသည်။

"အားဝူ … မင်း သူတို့ရဲ့ဘေးကင်းမှုကို သေချာစေရမယ်နော်။ ရွှေသံချပ်ဝတ်စုံ ဇွန်ဘီကောင်ကို ရှင်းပြီးရင် ငါ ချက်ချင်းပြန်လာခဲ့မယ်။" ထန်ရှု၏အသံသာ ကြားလိုက်ရပြီး လူကမူ ကောင်းကင်ထက်သို့ ပျောက်ကွယ်လုသွားခဲ့ချေပြီ။

မိုအားဝူ၏မျက်နှာထက်တွင် အေးစက်စက်အမူအရာ လွှမ်းခြုံသွားသည်။ သူနှင့်ထာဝရခန်းမ၏ကျွမ်းကျင်သူ ဆယ်ဦးသည် ထိုလူများထက် အားနည်းနေသော်လည်း ဤအမိန့်ကို အကောင်အထည်ဖော်ရန် အရာအားလုံးကို သူ စတေးရမည်ဖြစ်သည့်တိုင် သူသည် ဆောင်ရွက်ပေးရန် အဆင်သင့်ဖြစ်နေခဲ့ချေပြီ။

“မင်းတို့ဓားတွေကို လွှတ်လိုက်။” မိုအားဝူက ကျယ်လောင်စွာ အော်လိုက်သည်။ သူ့လက်ထဲတွင်လည်း ဓားတစ်လက်ပေါ်လာပြီး အလားတူ ဓားများသည်လည်း အခြားပညာရှင် ၁၀ဦး၏လက်ထဲတွင် ပေါ်လာခဲ့တော့သည်။

***

All Chapters