← Chapters

ယုတ်မာသောအစီအစဥ်ကို စွန့်လွှတ်ရန် ငြင်းဆန်ခြင်း

Vol. 49 Ch. 673

ယုတ်မာသောအစီအစဥ်ကို စွန့်လွှတ်ရန် ငြင်းဆန်ခြင်း

Vol. 49 Ch. 673

ခဏအကြာတွင် ခန်းရှ ခေါင်းလှည့်လာကာ အင်ဒီ့အား လေးလေးနက်နက် ကြည့်ရင်း သူမ၏မျက်နှာလေးကို တို့ထိလိုက်ပြီး

"နင် လုပ်ချင်တာကို လုပ်လိုက်ပါ။ ငါ ဒီည ရတော့မယ့် ကောင်းမွန်တဲ့အရာကို နင် ဝင်ရှုပ်လိုက်သလို ဖြစ်သွားလို့ ငါ တကယ်တော့ စိတ်အနှောင့်အယှက် ဖြစ်ပြီး စိတ်တိုသလို ဖြစ်သွားတာ။ နင် သိလား … ငါ့ခြေထောက်တွေ နာနေရုံတင်မကဘူး … ငါ့လက်တွေ၊ ခါးနဲ့ လည်ပင်းပါ … နာနေတယ်။ ငါ့ကို နှိပ်နယ်ပေးဖို့ နင့်မှာ အခုတာဝန်ရှိနေပြီ။”

အင်ဒီ၏မျက်လုံးဝိုင်းကြီးများသည် ပျော်ရွှင်သော အမူအရာဖြင့် လင်းလက်သွားသည်။ သူမသည် ဆိုဖာပေါ် မှ လျင်မြန်စွာ တွားသွားထလိုက်ပြီး ခန်းရှ၏ပခုံးကို ဆွဲကိုင်ကာ ရယ်ရယ်မောမော ပြောလိုက်သည်။

“ကောင်းပြီ အကြီးအကဲ။ ဒါဆို သူဌေးဆီ အခုပဲ ဖုန်းဆက်လိုက်တော့။ အကြီးအကဲ ဘယ်လိုအလိမ်အညာတွေသုံးသုံး ကျွန်မ ဂရုမစိုက်ပါဘူး … သူဌေး လှည့်စားခံရသရွေ့တော့ အဲ့ဒါကောင်းတယ်။”

"အိပ်မက်မက်နေလိုက်။" ခန်းရှက သူမကို မျက်စောင်းလေး ထိုးလိုက်သည်။

ဖုန်းမြည်သံ…

အိတ်ထဲတွင် ထည့်ထားသော လက်ကိုင်ဖုန်းသည် မြည်လာသဖြင့် ခန်းရှက လှမ်းယူလိုက်သည်။ ထန်ရှု ဆက်သည်ကို သိသည်နှင့်ချက်ချင်း သူမက အပြုံးဖြင့်

"သူဌေး … အင်ဒီက နင့်ကို ပြန်လာစေချင်တယ်။ သူက နင့်ကို ချစ်ခင်ယုယချင်လို့ စောင့်နေပါသတဲ့လေ။"

"အဟွတ် … အဟွတ် … အဲ့ဒါကို မပြောလို့ရမလား။ မင်းတို့နှစ်ယောက် အဝတ်အစားလဲထားလိုက်ဦး။ မကြာခင် မင်းရဲ့ အိမ်ကို လာခဲ့မယ်။ ကိုယ် လုပ်စရာ တစ်ခုရှိနေတယ်။" ထန်ရှု နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ရပြီးနောက် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"ဘာကိစ္စများလဲ။"

“ရန်သူတွေကို စစ်မေးဖို့…”ထန်ရှုက လိုရင်းဖြေသည်။

“ကောင်းပြီ။”

မိနစ်အနည်းငယ်အကြာတွင် ခန်းရှနှင့် အင်ဒီသည် သပ်သပ်ရပ်ရပ်ဝတ်စားကာ ပထမထပ်ဧည့်ခန်းသို့ ရောက်ရှိလာကြပြီး ထန်ရှုသည် မိုအားဝူ၊ မေ့မျောနေသော လူလေးယောက်နှင့်အတူ ရောက်လာသည်ကို တွေ့လိုက်ရသည်။

"သူတို့က ဘယ်သူတွေလဲ သူဌေး။" ခန်းရှက စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မေးသည်။

“သူတို့က ကိုယ်တို့အနောက်ကနေ တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတာကို အားဝူက ရှာတွေ့သွားတာ။ အားဝူ … အဲ့ဒီလူတွေကို နှိုးလိုက်ပါ။"

ထန်ရှုက ပြောလိုက်သည်။

မိုအားဝူက ခေါင်းညိတ်ပြပြီး လူလေးယောက်အရှေ့ကို လျှောက်သွားကာ ထိုသူတို့၏လက်ကောက်ဝတ်များကို နင်းချိုးပစ်လိုက်သည်။ နာကျင်မှုကြောင့် ထိုသူများ သတိရလာသောအခါ ထန်ရှု၏ နံဘေးသို့ သူ ပြန်သွားသည်။

"မင်းတို့က ဘယ်သူတွေလဲ။"

ထိုလူလေးယောက်၏လက်ကောက်ဝတ်များ ကျိုးသွားသော်လည်း ၎င်းတို့ထံမှ အော်သံတစ်ချက်မှ ထွက်မလာဘဲ အမေးခံနေရသည့် လူကြီး၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များပင် ပြည့်နှက်နေသည်။

“လက်ကောက်ဝတ်တွေ ဒီလိုကျိုးခဲ့ရင် သာမာန်လူတွေသာဆို အော်ဟစ်ကုန်ကြလိမ့်မယ်။ အခုပြောစမ်းပါဦး။ မင်းတို့ ဘယ်သူတွေလဲ။ ဘာကိစ္စ ငါ့နောက်ကနေ လိုက်နေတာလဲ။" ထန်ရှုက မထီတထီ မေးလိုက်သည်။

"ဟမ့် … မင်း ဘာတွေ ပြောနေတာလဲ ငါတို့ မသိသလို မင်း ဘယ်သူဘယ်ဝါဆိုတာလည်း မသိဘူး။" လူကြီးက နှာခေါင်းရှုံ့လိုက်သည်။

“ဒီနေ့ခေတ် လူ့အဖွဲ့အစည်းက ဥပဒေအောက်မှာ လည်ပတ်နေတာမို့ ငါတို့ကို လွှတ်ပေးစမ်း။ မဟုတ်ရင် ငါတို့ကို ပြန်ပေးဆွဲတဲ့အတွက် မင်း ကြီးလေးတဲ့ ရာဇဝတ်မှုနဲ့ စွဲချက်အတင်ခံရလိမ့်မယ်။”

"ငါ့နောက်ကို လိုက်ဖို့ လွှတ်တဲ့လူတွေက ငါဘယ်သူလဲဆိုတာ မင်းတို့ကို မပြောပြလိုက်ဘူးပေါ့။" ထန်ရှုက သရော်လိုက်သည်။

“ခေါင်းမာမာနဲ့ ငြင်းတာက မင်းတို့ ကြုံတွေ့ရမယ့် အရာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ်လို့ ထင်သလား။ မင်းတို့ ဉာဏ်ကောင်းတယ်ဆိုရင် ငါ့နောက်ကို ဘာကြောင့် လိုက်နေရတာလဲဆိုတာကို ရှင်းပြပါ... မင်းတို့အသက်ကို ငါ ချမ်းသာပေးနိုင်တယ်။ နို့မဟုတ်ရင် သေခြင်းတရားကတောင် မင်းတို့ရဲ့အဆုံးသတ် ဖြစ်မှာမဟုတ်ဘူးဆိုတာ အသေအချာပဲ။ ငါ့မှာ မင်းတို့ရဲ့အသက်ကို ထိန်းထားနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ သေရခက် ရှင်ရခက်ဘဝမျိုးကို ငါ လုပ်နိုင်တယ်ဆိုတာ မင်းတို့ သိထားသင့်တယ်။"

အမေးခံနေရသော လူကြီး၏မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ ခန္ဓာကိုယ် ဆတ်ကနဲ တုန်လှုပ်သွားရသည်။ ရုတ်တရက် ချွန်ထက်သော ဓားမြှောင်တစ်ချောင်းကို သူ့လက်မောင်းမှ ဆွဲထုတ်လိုက်ပြီး တွဲဖက်တစ်ယောက်၏ နှလုံးတည့်တည့်နေရာသို့ ထိုးစိုက်လိုက်သည်။

ဘန်း …

မိုအားဝူ လျှပ်တပြက်အတွင်း ထိုတောင့်တင်းသော အမျိုးသား၏ခေါင်းကို ကန်လိုက်ကာ သူ့ကို တစ်ခါတည်း လွင့်စင်သွားစေသည်။ ထို့နောက် နှလုံးနေရာအား ဓားထိုးခံရသော အမျိုးသားကို လျင်မြန်စွာ စစ်ဆေးလိုက်ပြီး ထန်ရှုဘက်သို့ လှည့်ကာ ခေါင်းယမ်းပြသည်။

"အသက်မကယ်နိုင်ဘူး။"

ထန်ရှု အေးစက်စွာ စုတ်တစ်ချက်သပ်လိုက်ပြီး ဖြူဖျော့နေသော မျက်နှာများဖြင့် ကြောက်ရွံ့ထိတ်လန့်နေသည့် အခြားလူနှစ်ယောက်ဆီသို့ အကြည့်ပြောင်းသွားသည်။ ထို့နောက် သူက ခံစားချက်မဲ့စွာဖြင့်

“ဘာကြောင့် သူ ဒီလို မင်းတို့တွဲဖက်ကို ရုတ်တရက် သတ်လိုက်တာလဲဆိုတာ ငါ သိပါတယ်။ မင်းတို့တွဲဖက်က အချက်အလက်တွေ ထုတ်ဖော်သွားမှာကို သူ ကြောက်နေတယ်။ သူ့ကြောင့် တစ်ယောက်ပြီး တစ်ယောက်သေကြမှာပဲ။ နောက်ထပ် နှစ်ယောက် သုံးယောက် သေရင်တောင် အခြေအနေက သိပ်တော့ ကွာခြားမှာ မဟုတ်ဘူးလေ။ မင်းကရော ဘယ်လိုလဲ။ ဖုံးကွယ်ချင်သေးသလား၊ ဒါမှမဟုတ် အမှန်အတိုင်း ဝန်ခံမှာလား။”

"ပြောမယ်။"

ထိုအမျိုးသားသည် ဓားဖြင့် ထိုးလိုက်သော လူကြီးအား ဒေါသတကြီး ကြည့်လိုက်ပြီး

“ငါတို့က ထူးဆန်းသောတံခါးများလက်အောက်က မိသားစုရှစ်စုရဲ့ ထောက်လှမ်းရေးအဖွဲ့သားတွေပါ။ မင်းရဲ့ အထောက်အထားကို စုံစမ်းပြီး မင်းပိုင်ဆိုင်တဲ့ အင်အားကို ရှာဖို့ ငါတို့ကို အမိန့်ပေးထားတယ်။”

ထူးဆန်းသောတံခါးများမှလူများ…

ထန်ရှုက မျက်ခုံးတွန့်ပြီး အေးစက်စွာ ဟစ်အော်ရင်း "ဟမ့် … ဘယ်သူအမိန့်ပေးတာလဲ။"

"ငါ မသိဘူး။" ထိုလူက ခေါင်းခါသည်။

“ဒါပေမယ့် ငါ့ခေါင်းဆောင်က အထက်ကလူတွေနဲ့ အဆက်အသွယ်ရှိတဲ့ တာဝန်ခံပဲ။ ဒါပေမယ့် အဖွဲ့ခြောက်ဖွဲ့စီကို လူလေးဦးပါဝင်ပြီး မင်းကို စုံစမ်းဖို့ စေလွှတ်ထားတာကိုတော့ ငါ သိတယ်။ ကြယ်တာရာကို ငါတို့အဖွဲ့က ပထမဆုံးလာတာဖြစ်ပြီး ကျန်တဲ့ငါးဖွဲ့က နှစ်ရက်အတွင်း ရောက်လာလိမ့်မယ်။”

ထို့နောက် ထန်ရှုသည် အခြားတစ်ယောက်ကို ကြည့်လိုက်သည်။

ထိုလူကလည်း

“အဲ့ဒါ အမှန်ပဲ။ ငါလည်း အဲ့ဒီလောက်ပဲ သိတာ။”

ထို့နောက် ထန်ရှုက မိုအားဝူကို ခေါင်းညိတ်ပြလိုက်ရာ ဓားဖြင့် ထိုးသော အမျိုးသား၏ အခြားလက်ကောက်ဝတ်ကို မိုအားဝူက တက်နင်းလိုက်သဖြင့် မေ့မျောနေရာမှ ပြန်လည် သတိရလာသည်။

“ပြောစမ်းပါဦး။ ထူးဆန်းတဲ့တံခါးများက ဘယ်သူကများ ငါ့အကြောင်းကို စုံစမ်းဖို့ အမိန့်ပေးတာလဲ။ မင်းစိတ်ထဲမှာ ဘာတွေရှိတယ်ဆိုတာ ငါ သိတယ်။ မင်းရဲ့တွဲဖက်ကို မင်း ဘာလို့ ရုတ်တရက် သတ်လိုက်တယ်ဆိုတာလဲ ငါ သိတယ်။ ဒါပေမယ့် ငါ မင်းကို တစ်ခုတော့ ပြောလိုက်မယ်။ မင်းတို့ထူးဆန်းတဲ့ တံခါးများက လူတွေက ငါ့မျက်လုံးထဲမှာ အမှိုက်တွေချည်းပဲ။ ငါသာ သတ်ချင်ရင် ထူးဆန်းတဲ့ တံခါးများမှာ ဘယ်သူမှ အသက်ရှင်ကျန်နေမှာ မဟုတ်ဘူး။” ထန်ရှုက အေးစက်သောအမူအရာဖြင့် ပြောသည်။

ထိုလူက သူ၏အခြားတွဲဖက်နှစ်ဦးကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး

“ဟမ့် … မင်းကိုမင်း အားကိုးတယ်ပေါ့။ ဟွန့် … ငါတို့ရဲ့ ထူးဆန်းတဲ့ တံခါးများမှာ အထူးစွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့သူ အများကြီးပဲ။ … မဆိုထားနဲ့ …  မေ့လိုက်တော့။ မင်း ငါတို့ကို လွှတ်ပေး … နို့မဟုတ်ရင် မင်း သေမယ်။"

"မင်း ပြောတဲ့ မဆိုထားနဲ့ဆိုတာ ... ကျင့်ကြံသူ နှစ်ယောက်ဖြစ်တဲ့ ကျင်းစန်းချီနဲ့ ကျင်းစီကျဲလား။" ထန်ရှုက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

ထိုလူ၏ခန္ဓာကိုယ်သည် မယုံကြည်နိုင်ဟန် တုန်ရီသွားပြီး သတိကြီးစွာဖြင့် မေးလိုက်သည်။

“မင်း ဘယ်လို သိလဲ။”

"ကြည့်ရတာ ငါ့ကို စုံစမ်းဖို့ လွှတ်လိုက်တဲ့သူတွေက သူတို့ တကယ်ဖြစ်နေပုံပဲ။" ထန်ရှုက လှောင်လိုက်သည်။

"ဟမ့် … သူတို့ရဲ့အကြံဆိုးကို မစွန့်လွှတ်မှန်း ငါ စောစောကသာ သိခဲ့ရင် ဒီလို ဒုက္ခတွေ မဖြစ်အောင် ငါ သူတို့ကို ကမ်းဇတ်မှာကတည်းက တစ်ခါတည်း သတ်ခဲ့သင့်တာ။"

“မင်း …”

ထိုအမျိုးသားသည် ထန်ရှုအား နှလုံးခုန်သံမြန်စွာဖြင့် တအံ့တသြ ကြည့်နေမိသည်။ ကမ်းဇတ်၌ ဖြစ်ပျက်ခဲ့သည်ကို သူကိုယ်တိုင် မမြင်ရသည့်တိုင် ထိုတိုက်ပွဲအကြောင်း အများကြီး သူ ကြားခဲ့ရသည်။ ထိုအဖြစ်အပျက်၏ဇာတ်လိုက်ကျော်ကြီးသည်  သူ့အရှေ့တွင် သည်ကဲ့သို့ စကားများ ပြောလိမ့်မည်ဟု မည်သည့်အခါကမှ သူ မမျှော်လင့်ထားပေ။

…ဖြစ်နိုင်မလား... အဲ့ဒီလူက တောက်ပကြည်လင်ဂိုဏ်းရဲ့ သခင်လေး ရွှမ်ယုဂူနဲ့ သီရိစစ်တုရင်သူတော်စင်ရဲ့ တပည့် - ဝမ်ဟူတို့ကို သတ်ခဲ့ရုံတင်မကဘူး ဆရာသခင် ကျင်းစန်းချီနဲ့ကျင်းစီကျဲတို့ကိုပါ ဒဏ်ရာရစေတဲ့သူလား။

"ကြည့်ရတာ မင်း တော်တော်များများ သိနေတဲ့ပုံပဲ။" ထန်ရှုက အေးဆေးစွာ ပြောလိုက်သည်။

"မှန်တယ်။ ငါက ကျင်းစန်းချီနဲ့ ကျင်းစီကျဲကို နောက်ထပ် လူမသတ်ချင်လို့ ကမ်းဇတ်မှာ အသက်ချမ်းသာပေးခဲ့တယ်။ဒါပေမယ့် ဒီနှစ်ယောက်က ငါ့အပေါ် အကြံဆိုး ရှိနေပြီး အဲ့ဒီအကြံကို မစွန့်လွှတ်နိုင်လိမ့်မယ်လို့ တစ်ခါမျှ မမျှော်လင့်ခဲ့ဘူး။ ပြောပါဦး … သူတို့ အခု ဘယ်မှာလဲ။"

"ငါ မသိဘူး။" မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်ငြား ထိုသူက ခေါင်းယမ်းနေဆဲ ဖြစ်သည်။

ထန်ရှု၏အမူအရာမှာ အေးစက်စက် ဖြစ်သွားသည်။ သူသည် ချီမျှင်တစ်စ ထုတ်ကာ ထိုလူ၏လည်ပင်းကို ရစ်ပတ်ထားလျက် ကြမ်းပြင်ပေါ်မှ ဆွဲယူပြီး လေထဲတွင် တန်းလန်းထားလိုက်သည်။ သူက

“ငါက ဒါကို အရမ်းဒုက္ခတွေ မရှာချင်ရုံပဲ ဒါကြောင့် မင်းပါးစပ်က သိချင်တာ။ နို့မဟုတ်ရင် နောက်ပိုင်း စုံစမ်းမယ့်အဖွဲ့တွေ ဒီကိုလာဖို့ စောင့်နိုင်သားပဲ။ အဲ့ဒီထဲက တစ်ချို့လူတွေကတော့ ကျင်းစန်းချီနဲ့ ကျင်းစီကျဲတို့ ဘယ်မှာရှိလဲဆိုတာ သိကြမှာပဲ။ ကျင့်ကြံသူတွေကြားထဲက ပဋိပက္ခတွေဆိုတာ မင်း ပါဝင်လို့ရတဲ့ အရေးကိစ္စလေးတွေ မဟုတ်ဘူး။ ငါ့ကို မပြောဘူးဆိုရင် မင်းအတွက် အခွင့်အရေး မရှိတော့ဘူး။ မင်းရဲ့အရိုးတွေအားလုံးကို ချိုးပြီး မင်းရဲ့သွေးကြောတွေကို မဖြတ်ခင် သုံးရက်နဲ့ ညလုံးပေါက် မင်းကို အော်ဟစ်ညည်းတွားစေပြီးမှ မင်းရဲ့နောက်ဆုံးထွက်သက်ကို ငါ ယူမယ်။"

ဘန်း...

ထိုလူအား ကြမ်းပြင်ပေါ်သို့ ပြန်ပစ်ချလိုက်သည်။ ထိုအမျိုးသားသည် နာကျင်စွာ ချောင်းဆိုးလိုက်ရသောကြောင့် မျက်နှာနီရဲနေပြီး သွေးရောင်ရဲနေသော မျက်လုံးများဖြင့်

“မင်း ငါ့ပါးစပ်က သိချင်တာလား။ အိပ်မက်မက်နေ…”

"ဒီအခြေအနေထိ ရောက်လာပြီဆိုတော့ မင်းမိသားစုကို ငါ စုံစမ်းရတော့မှာပေါ့။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ထူးဆန်းတဲ့တံခါးများက မင်းရဲ့မိသားစုဝင်အားလုံးကို ငါညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်မယ်။ မင်းမိသားစုမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အို နည်းနည်းလောက်ပဲ ရှိမယ်လို့ မျှော်လင့်ပါတယ်။”

"ကောင်းပြီ ငါ ပြောပါ့မယ်။"

ထန်ရှု၏စကားကြောင့် ထိုလူကြီးသည် တုန်တုန်ယင်ယင် ဖြစ်နေပြီး သူ၏မျက်လုံးများထဲတွင် စိတ်ပျက်နေသော အမူအရာများ ပြည့်နေသည်။ ယခုအချိန်တွင် သူ့မျက်လုံးထဲ၌ ထန်ရှုသည် လူ့အရေခြုံထားသော နတ်ဆိုးတစ်ကောင်နှင့် တူနေတော့သည်။ သူကိုယ့်သူ သတ်သေနိုင်သည့်တိုင် သူ့မိသားစုကို လက်တုံ့ပြန်ရန်အတွက် ကျင့်ကြံသူတစ်ယောက်က စိတ်ပိုင်းဖြတ်ထားမည်ဆိုပါက သူ့မိသားစုဝင်တွေ အားလုံး အသတ်ခံရမည်ဆိုတာကို သိပေသည်။ ထန်ရှု ပြောသည့်အတိုင်းပင် ၎င်းတို့သည် လူမဆန်စွာ အသတ်ခံရမည်ဖြစ်သည်။

“ဆရာသခင်နှစ်ယောက်က … ကမ်းဇတ်မှာပါ။”

ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ စကားပြောတော့မည့်ဆဲဆဲတွင် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ ထကာ ထိုလူကြီးကို ကန်ထုတ်ပြီး တခြားလူနှစ်ယောက်ကို တန်းသတ်ပစ်လိုက်သည်။ ထို့နောက် သူက မိုအားဝူကို ကြည့်ကာ

“လုံကွမ်ပင်လယ်အော်က အင်မော်တယ်နေရာကို စောင့်ကြပ်နေတဲ့လူတွေဆီ ဖုန်းဆက်ပါ။ သူတို့ကို ချက်ချင်းဆုတ်ခွာပြီး ပုန်းဖို့ တစ်နေရာရာမှာ ရှာခိုင်း။”

မိုအားဝူ၏အမူအရာ လှုပ်ရှားသွားကာ လက်ကိုင်ဖုန်းကို ချက်ချင်း ထုတ်ယူလိုက်သည်။ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် ၎င်းတို့ကို ဆက်သွယ်၍မရကြောင်း တွေ့ရှိသဖြင့် ကူကယ်ရာမဲ့သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

"ဟိုဘက်က ဘာလိုင်းမှ အချက်ပြမလာဘူး သူဌေး။ ငါ သူတို့ကို လုံးဝမဆက်သွယ်နိုင်ဖြစ်နေတယ်။"

“ချီးပဲ…။” ထန်ရှု ဆဲလိုက်မိတော့သည်။ သူ၏ဖုန်းကို အမြန်ထုတ်ပြီး ကျဲဝါလေ့ဆီ ဖုန်းဆက်လိုက်သည်။

"ညီအစ်ကိုထန်လား။" ဖုန်းထဲမှ ကျဲဝါလေ့၏အသံကို ကြားလိုက်ရသည်။

"အစ်ကိုကျဲ … ခင်ဗျားရဲ့အကူအညီ လိုနေတာတစ်ခု ရှိတယ်။" ထန်ရှုက အမြန်ပြောလိုက်သည်။

“ဒါက အရမ်းအန္တရာယ်များပြီး ခင်ဗျားရဲ့အသက် ဆုံးရှုံးစေနိုင်တယ်ဆိုပေမယ့် အစ်ကိုကျဲက ကျွန်တော့်ကို ကူညီပေးနိုင်တဲ့ ကမ်းဇတ်မှာ ကျွန်တော်သိတဲ့ တစ်ဦးတည်းသော လူပဲ။”

ကျဲဝါလေ့ မိနစ်ဝက်ခန့် တိတ်ဆိတ်သွားပြီး လေးနက်သောလေသံဖြင့်

“ဘာကိစ္စ ဖြစ်လို့လဲ။”

“လုံကွမ်ပင်လယ်အော်ရဲ့ချိုင့်ဝှမ်းတစ်ခုမှာ ကျွန်တော့်လူလေးဦး စောင့်ကြပ်နေတယ်။ မတော်တဆမှုတစ်ခု မကျရောက်ခင် သူတို့ကို ချက်ချင်း ဘေးကင်းရာကို အမြန် ပြောင်းရွှေ့လို့ရအောင် အစ်ကိုကျဲ သူတို့ကို သတင်းပို့နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အသေးစိတ်မြေပုံကို ပြီးရင် ကျွန်တော် ပို့လိုက်မယ်။"

"နားလည်ပြီ။" ကျဲဝါလေ့က ထိုစကားကို ပြောပြီးနောက် တန်းဖုန်းချသွားသည်။

ထန်ရှုသည် သူ၏မျက်လုံးများထဲတွင် တောင်းပန်သည့်အကြည့်တို့ စွန်းထင်းလျက် ဖုန်းကို သိမ်းလိုက်သည်။ ကျဲဝါလေ့နှင့် သူသည် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု မရှိသော်လည်း ဤကိစ္စအတွက် သူ့ကို အကူအညီတောင်းခြင်းသည် သူ၏နောက်ဆုံး နည်းလမ်းသာ ဖြစ်လေသည်။ ကျင်းစန်းချီနှင့် ကျင်းစီကျဲတို့ ထိုနေရာသို့သာ ပြန်လာပါက သူ့လူလေးယောက်သည် ၎င်းတို့သစ္စာဖောက်မှု၏ သားကောင်များ ဖြစ်ကောင်းဖြစ်သွားနိုင်ပေသည်။

သူသည် တစ်ခုခုကို သဘောပေါက်သည်။ ကျဲဝါလေ့က သူ ခိုင်းသည်ကို လုပ်ပေးလိုက်သည်နှင့် ထိုသူအား သူ  ကျေးဇူးအကြွေး ဆပ်ရပေမည်။ သူ မည်သည့်နေရာကို သွားသွား … ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူ့အပေါ်၌ ဤကျေးဇူးတရားသည် ရှိနေတော့ပေမည်။

“အားဝူ … ဒီအလောင်းလေးခုကို ကိုင်တွယ်ဖြေရှင်းပြီး ကြယ်တာရာလေဆိပ်မှာ ငါ့ကို စောင့်ပါ။ ငါ အရင်ဆုံး တောင်တံခါးအိမ်ရာကို ပြန်လိုက်ဦးမယ်။" ထန်ရှုမှ ပြောပြီးနောက် ထွက်ခွာရန် ထလိုက်သည်။

"ငါ မင်းနဲ့ လိုက်ခဲ့မယ် သူဌေး…" ခန်းရှက အလျင်စလို အော်လိုက်သည်။

ထန်ရှု၏အရှိန်သည် ရပ်တန့်သွားကာ လှည့်ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။

“မင်းရဲ့ ကျင့်ကြံမှုက အရမ်းအားနည်းနေသေးတယ်။ ကိုယ့်ကို မကူညီနိုင်ရုံတင်မကဘူး ဝန်ထုပ်ဝန်ပိုးပါ ဖြစ်လာနိုင်တယ်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို စီမံခန့်ခွဲဖို့  ဒီနေရာမှာပဲ နေခဲ့တာက အကောင်းဆုံးပဲ။ နောက်ပြီး ဒီညမှာ ဖြစ်ပျက်ခဲ့သမျှကို အပြင်မှာ ထုတ်မပြောရဘူး။”

“ဒါ … ငါနားလည်တယ်။ ကျေးဇူးပြုပြီး သတိထားပါ။” ခန်းရှ အပိုစကားမပြောဘဲ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့။" ထန်ရှုက ပြောသည်။

“မပိုင်ရင် ကိုယ် စွန့်စားမှာမဟုတ်ဘူး။ နောက်ပြီး မင်း စိုးရိမ်စရာ သုတေသနအဖွဲ့အစည်းလည်း ရှိသေးတယ်။ ကမ်းဇတ်က ကိစ္စတွေကို ကိုင်တွယ်ပြီးသွားရင် ရှန်ဟိုင်းကို တစ်ခါတည်း ပြန်တော့မယ်။ မင်းဆီမှာ တစ်ခုခုဖြစ်လာရင် ကိုယ့်ကို တိုက်ရိုက် ဖုန်းဆက်ပါ။"

***

All Chapters