သူတို့တွေ လူရော ဟုတ်ရဲ့လား…
Vol. 49 Ch. 676
ထိုသူတို့နှင့် နှစ်ကီလိုမီတာအကွာတွင် သူ၏ ယုံကြည်စိတ်ချရသောလူနှစ်ဦးကို ခေါ်ဆောင်ကာ ရောက်လာသော ကျဲဝါလေ့သည် တောင်တန်းမှ ဖြစ်ပေါ်လာသော ကျောက်တုံးကြီးတစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းနေပြီး အဝေးကြည့်မှန်ပြောင်းဖြင့် တိုက်ပွဲမြင်ကွင်းကို ကြည့်နေခဲ့သည်။ တာအိုချင်းကွမ်နှင့် မျက်မမြင်အဘွားအိုတို့ကြား ပြင်းထန်ခါးသီးသော တိုက်ပွဲ၏မြင်ကွင်းကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။ အတွေ့အကြုံရှိပြီး ဗဟုသုတများသူ ဖြစ်သော်လည်း ထိုမြင်ကွင်းကြောင့် ကျဲဝါလေ့ ကြောက်စရာကောင်းလောက်အောင် ထိတ်လန့်သွားခဲ့သည်။
သူတို့က လူတွေရော ဟုတ်ရဲ့လား။ ဒါမှမဟုတ် သဘာဝလွန် သတ္တဝါတွေများလား။
ကျဲဝါလေ့သည် နတ်ဘုရားများ၊ သရဲတစ္ဆေများနှင့် သူ့စိတ်ထဲတွင် သဘောမကျသော အရာများအား ရှုတ်ချလေ့ရှိသည်။ သို့သော် ကောင်းကင်ယံထက် ထိုပြင်းထန်သော တိုက်ပွဲမြင်ကွင်းသည် ကောင်းကင်ဘုံ လူ၊ သတ္တဝါများကြား တိုက်ပွဲနှင့် အလားတူပေရာ လောကကြီးတွင် သူ နားမလည်သော အရာများ တကယ်ရှိသည်ဟု ယုံကြည်ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
သည်အခိုက်အတန့်တွင် ထန်ရှုသည် သူ့လူများ ရှိရာ ဤနေရာသို့ အလျင်အမြန် အကြောင်းကြားပေးရန် မည်သည့်အတွက်ကြောင့် တောင်းဆိုခဲ့သည်ကို သူ နားလည်သွားခဲ့ရပြီး သူ့တွင် ဆံပင်များပင် ကျွတ်နိုင်သည့် အခြေအနေရှိသည်ဟုပင် ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ ရင်ဆိုင်ရမည့်လူမှာ သာမန်လူ မဟုတ်သောကြောင့်ပင်တည်း။ ထိုလူများသည် လက်ညိုး ညွှန်ရုံဖြင့် လူ့အသက်ကို သတ်နိုင်ကြသည်။
"အခြေအနေ ဘယ်လို ရှိလဲ အစ်ကိုကျဲ…။" သူ၏လူနှစ်ဦးသည် မှန်ပြောင်းများ မပါလာသောကြောင့် ၎င်းတို့သည် လွန်ခဲ့သည့်အတောအတွင်း ပြင်းထန်သော တိုက်ပွဲကို မမြင်နိုင်ကြသည်မှာ သဘာဝပင်။ သူတို့ထဲက တစ်ယောက်က ကျဲဝါလေ့၏ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို စိုက်ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလာသည်။
ကျဲဝါလေ့သည် ထိုသူ၏စူးစမ်းလိုသော မျက်နှာကို ခက်ခက်ခဲခဲ လှည့်ကြည့်ကာ
“ငါတို့ လုံးဝအသုံးမဝင်မှာကိုကြောက်တယ်။ ငါတို့ အဲဒီကိုသွားရင်တောင် လုပ်နိုင်တာ ဘာမှမရှိဘူး။ သေဖို့ပဲ ရှိလိမ့်မယ်။"
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။" ထိုလူက အမြန် မေးလိုက်သည်။
ကျဲဝါလေ့ ခဏမျှ တိတ်ဆိတ်သွားပြီး
“ငါတို့ ဒီမှာ စောင့်မယ်။ ထန်ရှုက သူတို့ကို ကြိုပြီး သတိထားမိလို့ ငါတို့ကို လာခိုင်းတဲ့အတွက် သူလည်း လာမယ်လို့ အဓိပ္ပာယ်ရတယ်။ အရာအားလုံးကို ခေတ္တဆိုင်းငံ့ထားပြီး သူ ရောက်လာတော့မှ ဒါကို ပြန်ဆွေးနွေးကြတာပေါ့။”
ဂူအပြင်ဘက်တွင်…
တာအိုချင်းကွမ်သည် ကျင်းစီကျဲအား မြေပြင်ထက်တွင် ချထားပြီးနောက် သူ၏လက်မောင်းကို ကိုင်ထားပြီး လျင်မြန်စွာ စစ်ဆေးလိုက်သည်။ သူ ထုတ်လွှတ်ခဲ့သော အဆုံးစွန်ဝှက်ဖဲသည် အမှုန်အမွှားဖြစ်ကာ ပျောက်ပြယ်သွားပြီဖြစ်သောကြောင့် မျက်မမြင်အဘွားအို၏အနောက်သို့ သူ လိုက်မသွားပေ။ သူသည်လည်း ထိုပညာရပ်ကို သုံးခြင်း၏ရလဒ်အဖြစ် ဒဏ်ရာရခဲ့ရာ အရမ်းပြင်းထန်သော ဒဏ်ရာတစ်ခုပါပေ။ မျက်မမြင်အဘွားအို၏ဒဏ်ရာလောက် မပြင်းထန်နိုင်ဟု သူ ယုံကြည်ထားသော်လည်း သူသာ ဆက်လိုက်နေမည်ဆိုပါက သူမ၏ဘဝအတွက် အရာအားလုံးကို ကြိုးတန်းပေါ်တင်ရန် ထိုအဘွားကြီးကို လှုံ့ဆော်ပေးသလို ဖြစ်သွားပြီး သူလည်း သူမနှင့်အတူ သေဆုံးသွားနိုင်ပေသည်။
သူ မသေချင်သေးပေ။ အထူးသဖြင့် ဤနေရာ၌ အင်မော်တယ် ရတနာသိုက်တစ်ခု ရှိကြောင်း တွေ့ရှိပြီးနောက်တွင် တာအိုချင်းကွမ် ပိုမသေချင်တော့ပေ။ သူသည် အခြေတည် စိတ်ဝိညာဉ်အဆင့်အား ချိုးဖြတ်ကာ သူ၏သက်တမ်းကို နောက်ထပ်နှစ်ရာကျော်အထိ ဆက်လက် အသက်ရှည်စေချင်မိသည်။
"ငါတို့ ပြန်ပြီး နာလန်ထူလာရမယ်။"
သူ့လည်ချောင်းအပြည့် သွေးများ တက်လာသည့်တိုင် တာအိုချင်းကွမ်က ပြန်လည်မျိုချလိုက်သည်။ ကျင်းစီကျဲကို သူ့ကျောပေါ်တင်ပြီး စူးရှစွာ အော်ဟစ်လိုက်တော့သည်။
မျက်မမြင်အဘွားအိုက ဗုဒ္ဓပုတီးစေ့ဖြင့် အလစ်ဝင်တိုက်ခိုက်လိုက်သဖြင့် ကျင်းစီကျဲ၏ အတွင်းအင်္ဂါများ ဗြောင်းဆန်နေခဲ့ပြီဖြစ်သည်။ ယခု သူသည် ကျဉ်းထဲကျပ်ထဲ ဖြစ်နေပြီး အချိန်မီကုသမှု မခံယူပါက အသက်အန္တရာယ်ရှိပေလိမ့်မည်။
ကံကောင်းစွာဖြင့် ထန်ရှုပေးထားသော သန့်စင်ဒဏ်ရာပျောက်ဆေး၏ထိရောက်မှုကို အပြည့်အဝ သူ မစုပ်ယူရသေးပါချေ။
မြေကြီးထက်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံရန် အလျင်စလို မလုပ်ဘဲ အသက်ရှုသံ ဗလုံးဗထွေးဖြင့် “ဆရာသခင် … အဲ့ဒီခွေးမသားလေးကောင်ရဲ့ဓားတွေက မှော်လက်နက် မဟုတ်တာ သေချာတယ်။ အဲ့ဒါတွေက စိတ်ဝိညာဉ်လက်နက်တွေလို့တောင် ကျွန်တော် သံသယ ရှိတယ်။ နို့မဟုတ်ရင် သူတို့ရဲ့ အစောပိုင်း အခြေခံတည်ဆောက်မှုအဆင့်လေးနဲ့ ဓားကို အသုံးပြုခဲ့မယ်ဆိုရင်တောင် ကျွန်တော့်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
စိတ်ဝိညာဉ်လက်နက်များ…
တာအိုချင်းကွမ်၏မျက်လုံးများထဲတွင် လောဘအရိပ်အယောင်တစ်ခု လက်ကနဲ ဖြစ်သွားသည်။ သို့သော် သူသည် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး သူ၏အမူအရာသည် ရှုံ့မဲ့သွားတော့သည်။ ထန်ရှု၏လူများက စိတ်ဝိညာဉ်လက်နက်များ ပိုင်ဆိုင်ထားသည်ဆိုပါလျှင် ထန်ရှု၏အဆင့်အတန်းသည် ပို၍မြင့်မားသည်ဟု ယူဆလိုက်ပါက ထိုသူ၏လက်နက်သည် မည်သည့်အဆင့် ဖြစ်နေမည်နည်း။
ချက်ချင်းပင် သူသည် ကျင်းစီကျဲ၏လက်မောင်းကို ထပ်မံဆုပ်ကိုင်လိုက်ပြီး လေးနက်သော လေသံဖြင့်
"ဒီနေရာမှာ မကျင့်ကြံနဲ့။ ငါတို့ ဒီနေရာကနေ ချက်ချင်း ထွက်သွားရအောင်။ ထန်အမျိုးယုတ်လေးက ဒီကို ဘယ်ချိန် ပြန်လာမလဲဆိုတာ ငါတို့ မသိဘူး။ လုံခြုံတဲ့နေရာကို အရင်ရှာပြီးမှ ကိုယ့်ကိုကိုယ် ဒဏ်ရာ ကုကြတာပေါ့။”
နောက်နေ့ မနက်တွင်…
ထန်ရှုသည် မိုအားဝူနှင့် အခြားကျွမ်းကျင်သူငါးဦးကို ဦးဆောင်ကာ ကမ်းဇတ်လေဆိပ်မှ ထွက်လာခဲ့သည်။ စိုးရိမ်စိတ်များဖြင့် စိတ်ဖိစီးနေသော ထန်ရှုသည် မည်သည့်တက္ကစီတစ်စီးကိုမှ မတားဘဲ လိုင်စင်မဲ့ တက္ကစီများ မည်သည့်နေရာတွင် ရှိတတ်သည်ကိုသာ အမြန် မေးလိုက်သည်။
"ဟေ့ ဘော်ဒါ။ မင်း ကားလိုသေးလား။"
လိုင်စင်မဲ့အငှားယာဉ်တစ်ဒါဇင်ကျော်သည် လမ်းဘေးတွင် ရပ်ထားသည်။ ယာဉ်မောင်းအချို့သည် မုတ်ဆိတ်မွေးများ ရှိကြပြီး ကြမ်းတမ်းသော အသွင်အပြင်ဖြင့် လူလတ်ပိုင်းလူတစ်ဦးက ၎င်းတို့ကို လာနှုတ်ဆက်သည်။
“ကားနှစ်စီး လိုတယ်။ ဒါပေမယ့် ငါ သူတို့ကို ဝယ်မယ်။ မင်းရဲ့ဈေးနှုန်းကို ပြောပါ။”
ထန်ရှုက လေးနက်စွာ ပြောလိုက်သည်။
မုတ်ဆိတ်မွေးလူလတ်ပိုင်း အမျိုးသား ဆယ်ယောက်ကျော်သည် အံ့အားသင့်စွာဖြင့် အကြည့်ချင်း ဖလှယ်မိကြသည်။ သည်အခြေအနေသည် နှစ်ပေါင်းများစွာ သူတို့၏လိုင်စင်မဲ့ တက္ကစီလုပ်ငန်းအတွေ့အကြုံတွင် မကြုံခဲ့ဖူးသော အခြေအနေတစ်ခု ဖြစ်၏။ အစောပိုင်းက သူတို့ကို နှုတ်ဆက်လာသော မုတ်ဆိတ်မွေးအပြည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ချီတုံချတုံဖြစ်နေရင်း လက်ညိုးတစ်ချောင်း ဆန့်ကာ
“၁၀၀,ဝဝဝ … ငါ ဒီကား မင်းကို ရောင်းလိုက်မယ်။"
ထန်ရှုသည် လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ယာယီအသုံးပြုရန်အတွက် ကားများဝယ်ရန် အစီအစဉ် ရှိသဖြင့် သူ၏လက်စွပ်ထဲမှ ယွမ်ထောင်ပေါင်းများစွာကို ၎င်း၏ခရီးဆောင်အိတ်ထဲသို့ ထည့်ထားခဲ့ပြီးဖြစ်သည်။ ယခု ထိုအိတ်အား မိုအားဝူက သယ်ဆောင်လာခဲ့ပြီး လူလတ်ပိုင်းအရွယ်အမျိုးသား၏ကားဈေးနှုန်းကို ကြားပြီးနောက် ထန်ရှုက သူ့အား ခေါင်းညိတ်ပြလိုက်သည်။
မိုအားဝူသည် ခရီးသွားအိတ်ကို ဖွင့်ကာ ယွမ်ငွေ ၁၀၀တန်ဆယ်စည်းကို ယူပြီး သက်လတ်ပိုင်း မုတ်ဆိတ်မွှေးလူအား စုစုပေါင်း ယွမ်ငွေ ၁၀၀,၀၀၀ ပေးလိုက်သည်။
"သော့…"
သက်လတ်ပိုင်း မုတ်ဆိတ်မွှေးလူ၏မျက်လုံးများ ပြူးကျယ်သွားပြီး အခြားလိုင်စင်မဲ့ တက္ကစီ ယာဉ်မောင်းများသည်လည်း အံ့သြသွားကြသည်။ ထန်ရှု၏အဖွဲ့အား သူတို့ ကြည့်သော အကြည့်များသည် ယခင်နှင့်မတူတော့ပေ။ ထန်ရှု၏အဖွဲ့တွင် လူခြောက်ဦး ပါဝင်ပြီး သာမန်လူများကဲ့သို့ မဟုတ်ပါက ၎င်းတို့သည် လုယက်ရန် ကြိုးစားကြပေလိမ့်မည်။
"ဒါ မင်းဟာတွေပါ။"
သက်လတ်ပိုင်း မုတ်ဆိတ်မွှေး ယောက်ျားသည် အံ့သြကျေနပ်စွာဖြင့် ငွေများကို ကောက်ယူလိုက်သည်။ စစ်ဆေးပြီးနောက် ငွေပိုက်ဆံအစစ်ဖြစ်ကြောင်း သိသည်နှင့် မိုအားဝူအား ဝမ်းသာအားရ သော့ပေးလိုက်သည်။ ၎င်း၏ဗင်ကားသည် ယွမ်လေးသောင်းမှ ငါးသောင်းအထိ တန်ကြေးရှိပြီး ကီလိုမီတာ ၁၀,၀၀၀ အောက် ဆွဲပြီးဖြစ်သောကြောင့် ယွမ်တစ်သိန်းနှင့်ရောင်းချခြင်းသည် သူ့အတွက် သေချာပေါက် အမြတ်အစွန်း ကြီးမားပေသည်။
နာရီအနည်းငယ်ကြာပြီးနောက် မိုအားဝူသည် ဗင်ကားကို မောင်းနှင်လျက် လုံကွမ်စိမ့်မြေသို့ ရောက်လာခဲ့သည်။ ထိုအဖွဲ့သည် ကားပေါ်မှ ဆင်းကာ တောင်တန်းပေါ်သို့ လျင်မြန်စွာ တက်ခဲ့ကြပြီး မကြာမီပင် အနောက်ပိုင်း ဘုန်းကြီး သိမ်းပိုက်ထားခဲ့သော ဂူအပြင်ဘက်သို့ ရောက်လာခဲ့ကြသည်။
“ဒီမှာ တိုက်ပွဲဖြစ်ပွားထားတဲ့ ခြေရာလက်ရာတွေရှိတယ် သူဌေး။ ပြီးတော့ ကျင့်ကြံသူတွေ ချန်ထားခဲ့တဲ့ ခြေရာလက်ရာတွေချည်းပဲ။”
မိုအားဝူနှင့် အခြားသူများသည် ပတ်ဝန်းကျင် အနီးတစ်ဝိုက်ကို အသေးစိတ် စစ်ဆေးပြီးနောက် ထန်ရှုအား ချက်ချင်း တင်ပြသည်။
ထန်ရှု ထိုနေရာသို့ အမြန်ဝင်လိုက်သည်နှင့် အတန်ပင် ရှုံ့မဲ့သွားရသည်။ ဂူအပြင်ဘက်တွင် သွေးများ စွန်းထင်းနေပြီး တိုက်ပွဲအပြီးကျန်ခဲ့သော သဲလွန်စ မြင်ကွင်းမှတစ်ပါး ကျင်းရှီတို့လေးယောက်အုပ်စု၏ အရိပ်အယောင်များကို မတွေ့ရပေ။ တစ်ခုသိရမည်မှာ ကျင်းရှီတို့လေးယောက်အုပ်စုသည် ထာဝရခန်းမ၏ အဓိကကျသော ကျွမ်းကျင်သူများ ဖြစ်ရုံသာမက ဂူယန်အာကိုယ်တိုင် မွေးစားပြီး လေ့ကျင့်ပေးခဲ့သော အရည်အချင်းရှိသူများ ဖြစ်ပေသည်။ သူတို့အားလုံးသာ အသတ်ခံရပါက သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးပင်တည်း။
"ကျင်းစန်းချီ … ကျင်းစီကျဲ ခင်ဗျားတို့အားလုံး အတော် ယုတ်မာတဲ့လူတွေပဲ။ မင်းတို့နှစ်ယောက်က ငါ့ကို တိုက်ရိုက် စော်ကားတာ မဟုတ်လို့ မင်းတို့အသက်ကို ငါ ချမ်းသာပေးလိုက်မိတယ်။ မင်းတို့မှာ ဒီလိုယုတ်မာတဲ့ အကြံအစည်တစ်ခုရှိတယ်ဆိုတာ ငါ သိခဲ့ရင် သတ်ပစ်ခဲ့လိုက်တယ်ကွ။"
ထန်ရှုသည် သူ့ကိုယ်သူ အတော်ပင် ဒေါသထွက်သွားရသည်။ သူ ကမ္ဘာမြေကို ပြန်ရောက်ကတည်းက သူ၏စိတ်နှလုံးသားသည် ပိုမိုနူးညံ့လာသည်ကို သူ တွေ့ရှိခဲ့သည်။
“ဒါက ခေတ်သစ်တရားဥပဒေကြောင့်လား ဒါမှမဟုတ် တခြားသူတွေရဲ့လွှမ်းမိုးမှုကို ခံရတာလား၊ ဒါမှမဟုတ် ငါ့မိသားစုရဲ့ ချစ်ခြင်းတရားတွေကြောင့်လား။”
“ဒါပေမယ့် … အမြစ်ပြတ် မသုတ်သင်ဘဲ မြက်ပင်တွေကို ပေါင်းသတ်ရုံပဲဆိုရင် နောင်အနာဂတ်မှာ အဆုံးမရှိတဲ့ ဒုက္ခတွေကိုသာ ကျန်နေစေလိမ့်မယ်။”
“အနာဂတ်မှာ ရန်သူဆိုတာနဲ့ အကုန်လုံးကို ငါ သတ်ပစ်မယ်။”
ထန်ရှု၏မျက်ဝန်းများ အတန်ပင် နီရဲလာသည်။ သူသည် ဂူနှစ်ခုစလုံးကို ရှာဖွေခဲ့သော်လည်း ကျင်းရှီတို့ လေးယောက်အုပ်စုအား အရိပ်အယောင်ပင် မတွေ့ခဲ့ပေ။
"သူဌေး … လူတွေ လာနေတယ်။"
ထန်ရှုသည် ဆေးပင်များစိုက်ထားသည့် လိုဏ်ဂူမှ ထွက်လာစဉ် မိုအားဝူသည် အဝေးကြည့် မှန်ပြောင်းအသေးစားကို ကိုင်ဆောင်ထားရင်း တီးတိုးပြောလိုက်သည်။
"ဘယ်သူတွေလဲ။" ထန်ရှုက မေးလိုက်သည်။
“အကွာအဝေးက နည်းနည်းတော့ လှမ်းသေးတယ်။ ဒါပေမယ့် သူတို့ရဲ့နှုန်းက မမြန်တဲ့အတွက် သာမန်လူတွေ နေမယ်။” မိုအားဝူက ဖြေလိုက်သည်။
“အာ မဟုတ်ဘူး ။ ငါ သူတို့ကို မြင်ပြီ။ ကျဲဝါလေ့နဲ့ သူ့လူနှစ်ယောက်ပါ။ သူတို့က ဒီကိုလာနေကြတာ။"
ထန်ရှု၏အမူအရာ ပြောင်းသွားပြီး မိုအားဝူနှင့် အခြားသူများကို ချက်ချင်းနှုတ်ဆက်ရန် ညွှန်ကြားခဲ့သည်။ ထိတ်လန့်နေဟန်ရှိသော်လည်း ထိခိုက်ဒဏ်ရာ မရထားသော ကျဲဝါလေ့ကို မြင်သောအခါ ထန်ရှု လက်သီးဆုပ် အရိုအသေပေးပြီး ပြောသည်။
"အစ်ကိုကျဲ … ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်စကား မဆိုတော့ဘူး။ ဒါပေမယ့် ဒီထန်ရှုရဲ့စိတ်ထဲမှာ ဒီကြီးမားတဲ့ မျက်နှာသာပေးမှုကို အမြဲအမှတ်ရနေမယ်ဆိုတာ စိတ်ချထားနိုင်ပါတယ်။ အနာဂတ်မှာ အစ်ကိုကျဲ ကျွန်တော့်ကို လိုအပ်တာရှိရင် တစ်ခွန်းသာ ဟလိုက်ပါ။"
ထန်ရှုကို အတန်ကြာသည့်တိုင် ကြည့်ရင်း ကျဲဝါလေ့၏အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေဟန်ရသည်။ သူက ခါးသီးစွာ ပြုံးလိုက်ရင်း "ညီလေးထန် … မင်းက ဘယ်လိုလူမျိုးလဲ။"
ထန်ရှု တခဏတာ နှုတ်ဆိတ်သွားပြီး
"ဘာကြောင့် မေးတာလဲ။"
“မနေ့ညက အဲ့ဒီလူတွေကြား ပြင်းထန်ခါးသီးတဲ့ တိုက်ပွဲတွေကို တွေ့ခဲ့တယ်။” ကျဲဝါလေ့က ဆိုသည်။ “အဲ့ဒီလူတွေဟာ ဒဏ္ဍာရီလာ ကောင်းကင်ဘုံက အင်မော်တယ်သတ္တဝါတွေလို ကောင်းကင်မှာ ပျံသန်းနိုင်ပြီး လေထဲမှာ တိုက်ခိုက်နိုင်ကြတယ်။ သူတို့လုပ်သွားတဲ့ နည်းလမ်းတွေက သာမန်လူသားတွေ လုပ်နိုင်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဆိုတော့ ငါမေးတာ မင်း သိသင့်တယ် ညီအစ်ကိုထန်…"
“မနေ့ညက တိုက်ပွဲကို တွေ့တယ်လို့ ခင်ဗျား ပြောခဲ့တယ်။ မနေ့ညက ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘယ်သူတွေ တိုက်ခိုက်ကြတာလဲ။” ထန်ရှုက ကမန်းကတန်း မေးလိုက်သည်။
ကျဲဝါလေ့သည် ထန်ရှု၏အဖြေစကားကို မစောင့်နိုင်တော့ဘဲ ထန်ရှု၏လေသံနှင့် အမူအရာတို့၌ အရေးတကြီး ဖြစ်နေမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို မြင်ပြီးနောက်တွင် သူ၏စိတ်ရှုပ်ထွေးမှုကို မျိုသိပ်ကာ လေးနက်စွာ ပြောပြလိုက်သည်။
"တာအိုဆရာသခင်တစ်ယောက်နဲ့ အဘွားကြီးတစ်ယောက်တို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲကို တွေ့လိုက်ရတယ်။ နောက်ပြီး လူရွယ်လေးယောက်နဲ့ အဘိုးအိုတစ်ဦး တိုက်ခိုက်ခဲ့တာကိုလည်း ငါ တွေ့ခဲ့တယ်။ အာ ဟုတ်တယ် … အဲ့ဒီလေးယောက်က မင်းရဲ့လူတွေပဲ။”
"ဒါဆို သူတို့ ဘာဖြစ်သွားလဲ။ တိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုလဲ။” ထန်ရှု အလျင်စလို မေးလိုက်သည်။
"အဲ့ဒီအဘွားကြီးက မင်းရဲ့လူလေးယောက်ကို ခေါ်ပြီး ထွက်ပြေးသွားတယ်။ တာအိုဆရာသခင်နဲ့ တခြားအဘိုးကြီးက မထွက်ခွာခင် အဲ့ဒီဂူထဲမှာ ခဏလောက် နေခဲ့သေးတယ်။" ကျဲဝါလေ့က ခေါင်းယမ်းလိုက်သည်။
“သူတို့နဲ့ ငါတို့က တော်တော်ဝေးလို့ မှန်ဘီလူးနဲ့ပဲ မြင်နိုင်တယ်။ ဒါကြောင့် သူတို့ ဘယ်ရောက်သွားလဲ ငါ မသိလိုက်ဘူး။”
တာအိုဆရာသခင်တစ်ယောက်နဲ့ အဘွားကြီးတစ်ယောက်လား…။
ထန်ရှု မျက်မှောင်ကြုတ်သွားသည်။ ထိုအဖြစ်အပျက်တွင် လူနှစ်ယောက် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ အနည်းငယ်မျှပင် မမျှော်လင့်ခဲ့ပေ။ အကယ်၍ ကျင်း ရှီတို့၄ယောက်ကို တိုက်ခိုက်ခဲ့သော အဘိုးအိုသည် ကျင်းစန်းချီ သို့မဟုတ် ကျင်းစီကျဲသာ ဖြစ်ခဲ့ပါလျှင် အဓိပ္ပါယ်တစ်ခုသာ ရှိနိုင်သည်။ ထိုအဘိုးအိုများ၏ ခွန်အားသည် ထိုတာအိုဆရာသခင်ထက် နိမ့်ကျပေလိမ့်မည်။
တခဏ စဉ်းစားပြီးနောက် ထန်ရှုက
"အစ်ကို ကျဲ … ကျွန်တော် ခင်ဗျားရဲ့မေးခွန်းကို နောက်မှ ဖြေပါ့မယ်။ သေသေချာချာ စဉ်းစားပေးပါ။ ကျွန်တော့်လူတွေကလွဲရင် တခြားသူတွေမှာ ထူးခြားတဲ့ သွင်ပြင်တွေ ရှိသလား။"
ကျဲဝါလေ့ တခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသဖြင့် အမြန်ပြောလိုက်သည်။
"အဲ့ဒီတာအိုဆရာသခင်က အရမ်းရိုးရှင်းပြီး သူ့မှာ ထူးခြားတဲ့ လက္ခဏာတွေ မရှိပါဘူး။ ဒါပေမယ့် အဘွားကြီးကတော့ တကယ်တော့ မျက်မမြင်တစ်ယောက်ပါ။ ဟုတ်တယ်။ သူမ ဘယ်လို ကြည့်နိုင်မှန်း မသိပေမယ့် သူမမျက်လုံးက သေချာပေါက် တစ်ခုခု မှားယွင်းနေတယ်။"
မျက်မမြင်အဘွားအိုလား…
ရုတ်တရက် ထန်ရှု၏စိတ်ထဲတွင် လူတစ်ယောက် မြင်ယောင်လာသည်။ ယခင်က ရှန်ဟိုင်းမြို့ ထာဝရခန်းမ၌ မျက်မမြင်အဘွားအိုတစ်ယောက်နှင့် သူ တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပေသည်။ ကျင်းရှီနှင့် တခြားသုံးယောက်ကို ကယ်တင်ခဲ့တာ သူမများ ဖြစ်လေမလား။
ထန်ရှုသည် အိတ်ကပ်ထဲမှ စီးကရက်ကို ထုတ်ကာ မီးညှိပြီးနောက် အားရပါးရ ဖွာရှိုက်လိုက်သည်။ ထို့နောက် ကျဲဝါလေ့ကို ကြည့်ကာ
"အစ်ကိုကျဲ … ဒီကို ရောက်တာ နောက်ကျတာလား။"
ကျဲဝါလေ့က အားတင်းပြုံးပြပြီး
“ငါ တကယ်ကို နောက်ကျမှ ရောက်သွားတယ်။ ငါတို့ အဲ့ဒီအနီးနားကို ရောက်တော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ လူတချို့ကို တွေ့တယ်။ ညီအစ်ကိုထန် … မင်း မမြင်လိုက်လို့ အဲဒီ မြင်ကွင်းတွေက…”
"ညီအစ်ကိုကျဲ … ခင်ဗျား မနေ့ညက တွေ့ခဲ့တာကို ဘယ်တော့မှ ထုတ်ဖော်မပြောရဘူး။" ထန်ရှုက ကြားဖြတ်ပြောသည်။
“ခင်ဗျား ကျွန်တော်တို့အကြောင်းကို သိချင်တဲ့အတွက် ကျွန်တော် ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံးက အထူးကျင့်ကြံနည်းစနစ်တွေကို လေ့ကျင့်နေကြတဲ့ ကျင့်ကြံသူတွေပါ။ အထူးစွမ်းရည်တွေလည်း ရှိကြတယ်။ ကျွန်တော်တို့လိုလူတွေက သာမန်လူတွေနဲ့ အများသူငါ သိအောင် မလုပ်ကြသလို့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ထုတ်ဖော်ပြမှာမဟုတ်ဘူး။”
***