← Chapters

အငယ်အနှောင်းဆက်ဆံရေး

Vol. 49 Ch. 682

အငယ်အနှောင်းဆက်ဆံရေး

Vol. 49 Ch. 682

အိပ်ရာပေါ်တွင် လဲလျောင်းနေသော ထန်ရှုသည် ယခုအချိန်တွင် လှုပ်ပင် မလှုပ်ချင်ပေ။ ယခု သူ အလိုချင်ဆုံးအရာမှာ အိပ်စက်ပြီး အိပ်မက်ကမ္ဘာသို့ တန်းသွားကာ အုပ်ချုပ်သူကျိုး၏သမီးနှင့် ချိန်းတွေ့ခြင်းသာ ဖြစ်တော့သည်။ သို့တိုင် သူ့အနီးတွင် မျက်နှာပြောင်ပြောင်ဖြင့် တွယ်ကပ်နေသော ရွှယ်ယုသည် သူ့ကို ပင်ပန်းနွမ်းနယ်စေသည်။

သို့သော် ထန်ရှုသည် သူမအား အဝတ်အစားများကို မပေးပါက သူမသည် တံခါးဖွင့်ကာ အခန်းထဲသို့ ဝင်လာမည်ကို သူ သိပေသည်။ ထိုအခါ သူမသည် ပိုရလေ ပိုလိုချင်လေ ဖြစ်လာလိမ့်မည်။ ထန်ရှုသည် အိပ်ရာမှ ခက်ခက်ခဲခဲ ထလိုက်ပြီးနောက် အဝတ်လဲခန်းသို့ မသွားချင်သွားချင်ဖြင့် လျှောက်သွားကာ ခန်းရှရှိစဉ်အခါက သူမကိုယ်တိုင် ဝယ်ထားသော အဝတ်အစားအသစ်များစွာကို တွေ့လိုက်ရသည်။ ထိုအထဲမှ သူသည် အဝတ်အစားတစ်စုံကို ယူလိုက်သည်။ ပထမတွင် ချီတုံချတုံဖြစ်နေသော်လည်း အတွင်းခံတစ်စုံကိုပါ ယူလိုက်ပြီးနောက် အခန်းအပြင်ထွက်လာပြီး

“ဒါတွေက မင်းနဲ့ အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ဒီညအတွက်ပဲ သုံးလိုက်ပါ။ ငါတို့ မနက်ဖြန် အပြင်ထွက်ပြီး မင်းအတွက် ဝယ်ကြတာပေါ့။"

ရွှယ်ယုက စကားမပြောဘဲ ထိုအဝတ်အစားများကို ယူသွားသည်။ သည်အဝတ်အစားများကြောင့် ထန်ရှုထံတွင် သေချာပေါက် မိန်းမတစ်ယောက်ရှိပြီး သူမကို မလိမ်သည်ကို သေချာစေခဲ့သည်။ ထို့အပြင် ဘရာစီယာပုံစံမှတဆင့် ဤအမျိုးသမီးသည် ရင်သားပြည့်ဖြိုးသည်ကို သူမ ခန့်မှန်းနိုင်ပေသည်။ သူမ၏ကိုယ်ပိုင်ခန့်မှန်းချက်ကို လုံးဝ မကြိုက်သော်လည်း အခြားရွေးချယ်စရာလည်း မရှိပေ။ ထန်ရှု ပင်ပန်းနွမ်းနယ်နေသည့်အသွင်အား မြင်လိုက်ရချိန်တွင် သူမ၏အမူအရာသည် ရုတ်တရက် လှုပ်ရှားသွားပြီး

"ကျွန်မ ရေအရင် ချိုးလိုက်မယ်။ ပြီးရင် ရှင့်ကို နှိပ်ပေးမယ်။"

ထိုစကားပြောပြီးနောက် သူမသည် ထန်ရှုကို ငြင်းဆိုရန် အခွင့်အရေးမပေးတော့ဘဲ ဆန့်ကျင်ဘက်အခန်းသို့ အမြန်ပြန်ပြေးကာ တံခါးကို ပိတ်လိုက်သည်။

နှိပ်ပေးဖို့လား…

ထန်ရှုက ပိတ်သွားသောတံခါးကို ကြည့်ရင်း မျက်ဆန်သာ လှန်လိုက်မိတော့သည်။ သူ့အိပ်ခန်းကို ပြန်ရောက်ပြီးနောက် သူသည် အိပ်ရာသို့ တန်းဝင်ကာ ရွှယ်ယု သူ့အား ထပ်မံ မနှောက်ယှက်စေရန် ကြိုးစားအိပ်လိုက်သည်။ သို့သော် သူ ပိုအိပ်ချင်လေလေ မအိပ်နိုင်လေလေ ဖြစ်နေသည်။ စိတ်ပင်ပန်းနွမ်းနယ်နေပြီး အိပ်မပျော်နိုင်သော လက္ခဏာများ ရှိနေသည်မှာ  သိသာလှသည်။

သူ တကယ်အိပ်မပျော်နိုင်ဟု ခံစားမိသောကြောင့် အတင်းအကျပ် အိပ်စက်ရန် မလုပ်ဘဲ ဆက်လုပ်ရမည့်အကြောင်းအရာများအား တိတ်ဆိတ်စွာ စဉ်းစားနေခဲ့သည်။ ဆောင်းရာသီအားလပ်ရက် ကုန်သွားပြီဖြစ်သောကြောင့် ရှန်ဟိုင်းတက္ကသိုလ်တွင် အတန်းများစတင်နေပြီ ဖြစ်သည်။ တစ်ဖက်တွင် သူသည် ကျောင်းပြန်တက်ရမည်ဖြစ်ပြီး တစ်ဖက်တွင်မူ ရှန်ဟိုင်းဆောက်လုပ်ရေးပရောဂျက်ကိုလည်း စတင်လုပ်ဆောင်ရမည်ဖြစ်သည်။

ထိုမြေကွက်နေရာအတွက် အစောပိုင်းကာလက ခန်းရှသည် ခမ်းနားသောထန်လုပ်ငန်းစု၏ အကြီးတန်း အမှုဆောင်အရာရှိအချို့ကို ဦးဆောင်လျက် ရှန်ဟိုင်းအစိုးရအရာရှိအချို့ကို ဆက်သွယ်မေးမြန်းခဲ့ပြီး ထိုမြေနေရာကို ဝယ်ယူရန် ငွေကြေးများစွာ သုံးစွဲခဲ့သည်။ ၎င်း၏တည်နေရာသည် တသီးတသန့် သီးခြားတည်ရှိသော နေရာဖြစ်ပြီး စူးမြို့၏ နယ်နိမိတ်အနီးသို့ ရောက်လုနီးပါးပင် ဖြစ်နေသော်လည်း အိမ်ခြံမြေလုပ်ပိုင်ခွင့်မှာ နှစ်၅၀သက်တမ်း ရှိသောကြောင့် လွန်စွာ ဈေးကြီးပေသည်။

နှစ်သစ်ကူးကာလပြီးနောက် ဆောက်လုပ်ရေး စရတော့မည်ဖြစ်သည်။ ခန်းရှနှင့် သူသည် တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ကြသော်လည်း ၎င်းတို့နှင့်ရင်းနှီးသော ဆောက်လုပ်ရေးကုမ္ပဏီများတွင် ပရောဂျက်များ ပြည့်နေပြီဖြစ်သောကြောင့် နှစ်ဦးစလုံး စိတ်ရှုပ်သွားကြသည်။ ထို့ထက်ပိုသည်မှာ သူတို့၏ ပရောဂျက်အတိုင်းအတာသည် အလွန်ကြီးမားသဖြင့် ရေတိုတွင် ရင်းနှီးမြုပ်နှံရန် ပိုမိုမဖြစ်နိုင်တော့ပေ။ အခြားပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီကြီးများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စဉ်းစားထားသော်ငြား ၎င်းတို့ကို ဦးစွာ လေ့လာဆန်းစစ်ရန် လိုပါသေးသည်။

နောက်ဆုံးတွင် သူတို့သည် ရှန်ဟိုင်းတွင် တင်ဒါတစ်ခု ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး တင်ဒါတွင် လေလံဆွဲရန် အရည်အချင်းပြည့်မီသူများသည် တရုတ်နိုင်ငံရှိ ထိပ်တန်း ဆောက်လုပ်ရေးကုမ္ပဏီ ၂၀တွင် အနည်းဆုံး ပါဝင်ရပေမည်။

ထန်ရှုသည် ထိုအကြောင်းကို စဉ်းစားနေပြီး လဝက်အကြာတွင် လေလံရက်ကို သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုကာလတွင် တခြားကိစ္စများလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

ဥပမာအားဖြင့် သူ့ခန္ဓာကိုယ်အား မီးအားပေးစက်ဖြင့် ပုံသွင်းကျင့်ကြံခြင်း။

၎င်းသည် ကောင်းစွာ လုပ်ဆောင်ပြီး မျှော်မှန်းထားသော အကျိုးသက်ရောက်မှုများ ရှိပါက သူသည် ကြီးမားသော အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကာ သူ ပျိုးထောင်ထားသော ကျင့်ကြံသူများအတွက် ၎င်းကို အသုံးချမည်ဖြစ်သည်။

“ကမ္ဘာမြေပေါ်က ဒေသအားလုံးရဲ့ဆွဲငင်အားက တူညီလုနီးပါး ဖြစ်နေတာက စိတ်မကောင်းစရာပဲ။ ဆန့်ကျင်ဘက်အနေနဲ့ အင်မော်တယ်ကမ္ဘာမှာ ငါ့လူတွေကို ကောင်းကောင်း ပုံသွင်းပေးနိုင်မယ့် ထူးထူးခြားခြား ဆွဲငင်အားတစ်ခု ရှိတဲ့ ကြယ်တာရာဟင်းလင်းပြင်အချို့ ရှိတယ်။”

ထန်ရှု စိတ်ထဲက သက်ပြင်းချလိုက်သည်။

အမ် … နေပါဦး …

နည်းပညာမြင့်သည့် နည်းလမ်းအချို့ကို ရုတ်တရက် သတိရသွားသောအခါတွင် သူ့အမူအရာ အနည်းငယ် လှုပ်ရှားသွားသည်။ အကယ်၍ သူသည် ဆွဲငင်အား တိုးမြင့်သော ဧရိယာ သို့မဟုတ် ဒြပ်ဆွဲအား အခန်းအချို့ကို ဖန်တီးရန် အဆင့်မြင့်နည်းပညာ နည်းလမ်းအချို့ကို အသုံးပြုမည်ဆိုပါက ပြဿနာတော့ မရှိဘူး မဟုတ်လား။

ထန်ရှု၏အတွေးများ ထိုနေရာသို့ အရောက်တွင် အတော်ပင် စိတ်လှုပ်ရှားသွားသည်။ အကယ်၍ သူသည် လေ့ကျင့်သူ၏ကိုယ်ခန္ဓာကို ပုံသွင်းရန် ကမ္ဘာ့ဆွဲငင်အားထက် အဆများစွာ မြင့်မားသော မြေဆွဲအားအခန်းအား အဆိုပါ အဆင့်မြင့်နည်းပညာသုံး နည်းလမ်းများဖြင့် အသုံးပြုဖန်တီးနိုင်ခဲ့ပါက ၎င်းသည် အလွန်ကောင်းမွန်သော အကျိုးသက်ရောက်မှုကို ရရှိစေမည်ဖြစ်သည်။

ထိုအရာတွက် အလျင်မလိုပေ။ သုတေသနအဖွဲ့အား ရှန်ဟိုင်းမြို့သို့ ပြောင်းရွှေ့ပြီးချိန်တွင် ဤနယ်ပယ်၌ သုတေသန ပြုလုပ်ရန်အတွက် ပြဿနာရှိမည် မဟုတ်သော်လည်း ထိုကိစ္စကို မိုရီနှင့် ကြိုတင်ဆွေးနွေးပြီး ဤနယ်ပယ်အတွက် သိပ္ပံပညာရှင်များနှင့် သုတေသီများစွာကို အချိန်တိုအတွင်း ခေါ်ယူရန် ကြိုးစားရမည်။

အချိန်တွေ ကုန်လာသည်နှင့်အမျှ ထန်ရှု တွေးလေလေ၊ ပင်ပန်းလာလေလေ ဖြစ်သော်လည်း စိတ်ထဲတွင် အမျိုးမျိုးသော စိတ်ကူးစိတ်သန်းများ အဆက်မပြတ် ထွက်ပေါ်လာသည်။ တံခါးခေါက်သံကြားရပြီးနောက် လှပသော ပုံရုပ်သွင်သည် သူ့အခန်းထဲ ဝင်ရောက်လာသောအခါမှသာ သူ့စိတ်ထဲရှိ အမျိုးမျိုးသော အတွေးများသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။

“မင်း…”

ထန်ရှုသည် ခန်းရှ၏အဝတ်အစားများကို ဝတ်ဆင်ထားသော ပုံရိပ်အား ကြည့်လိုက်သည်။ လှည့်ဖြားသွေးဆောင်နိုင်အောင် လှပေသည်။ တောက်ပသော အလှပိုင်ရှင် ရွှယ်ယု။ ထူးချွန်သော အလှလေးများစွာကို မြင်တွေ့နေကျ ဖြစ်သော်လည်း သူမကိုတွေ့သောအခါ သူ၏နှလုံးခုန်နှုန်း တိုးလာကာ ဟော်မုန်းများ မြင့်တက်လာသည်ကို ထန်ရှု ခံစားရသေးသည်။ သူမ၏ ဖြူဝင်းသော အသားအရည်သည် ကျောက်စိမ်းဖြူသဖွယ် ချောမွတ်တောက်ပပြီး မြင့်မားသော အရပ်၊ သွယ်လျကာ အပြစ်ကင်းစင်သော ခန္ဓာကိုယ်ထက်တွင် မသပ်မရပ်ဖြစ်နေသော  အပေါ်ပိုင်း အဝတ်အစားများ၏လှစ်ဟနေမှုကြောင့် ပေါက်စီနှစ်လုံးနှင့် ထိုနှစ်ခုကြားမှ ဖြူဝင်းသော လျှိုမြောင်ကြားလေးအား အထင်းသား မြင်တွေ့နိုင်သည်။

“ငါ တခါတုန်းက မျိုးနွယ်စုရဲ့ လူကြီးတွေဆီက မြောင်အနှိပ်ပညာကို သင်ယူခဲ့ဖူးတယ်။ အဲ့ဒါက သက်သာစေပြီး ဆေးကုသလိုက်သလိုပဲ အကျိုးအာနိသင် ရှိစေတယ်။"

ရွှယ်ယုသည် ကုတင်ဘေးသို့ ရောက်လာကာ ကုတင်ပေါ်သို့ ခြေဗလာဖြင့် နင်းတက်လိုက်သည်။

ထန်ရှုသည် ကြက်သေ သေနေသော အခြေအနေမှ သတိပြန်ဝင်လာခဲ့သည်။ သူ့ကိုယ်ပိုင်ညီငယ်လေး၏ ပြောင်းလဲမှုများကို ခံစားလိုက်ရသောကြောင့် လက်ဝှေ့ယမ်းလိုက်ပြီး

“ဟင့်အင်း … မလုပ်နဲ့။ မင်းရဲ့အနှိပ်ပညာကို ငါ့အပေါ် မလေ့ကျင့်နိုင်မှာကိုစိုးမိပါတယ်။ ဒါက အချိန်အကြာကြီး အလုပ်ကြိုးစားလုပ်လို့ သေမတတ် ပင်ပန်းနေတာပါ။ ငါ အနားယူလိုက်ရုံပါပဲ။ မင်း ဝင်လာတုန်းက ငါ အိပ်ပျော်လုနီးနီးတောင် ဖြစ်နေပြီ။"

ရွှယ်ယုက ခပ်ဖျော့ဖျော့ပြုံးကာ ထန်ရှု၏စကားကို ရိုးရှင်းစွာ လျစ်လျူရှုလိုက်သည်။ သူမသည် ချက်ချင်းပင် ကုတင်ထက်တွင် ငုတ်တုတ်ထိုင်လိုက်ပြီး သူ့အား ကုတင်ပေါ်မှ ဆွဲထူလိုက်ကာ အိပ်ယာခင်းကို ဘေးသို့ တွန်းလိုက်ရင်း သူမသည် ထန်ရှုအား အားဖြင့် လဲကျစေသည်။

“အင်း … မေ့လိုက်ပါ။ ငါက အရွယ်ရောက်ပြီးတဲ့ လူကြီးလူကောင်းတစ်ယောက်ပဲ။ ငါ့ကို ကမ်းလှမ်းလာတဲ့ အလှလေးကို ငါ မသုံးဆောင်ဘူးဆိုရင် လျူရှားဟွေ့ဆီ ငါ့ဘိုးဘေး ကြည်ညိုလေးစားမှုကို ကမ်းလှမ်းရတော့မယ်။"

ထန်ရှုက သူ့ကိုယ်သူ ကြံ့ကြံ့ခံကာ လှည့်လိုက်သည်။ ရွှယ်ယုသည် သူ့အောက်ပိုင်းတွင် ထိုင်နေသည်ကို ခံစားနိုင်ပြီး သူတို့၂ယောက်သည် အဝတ်အစားများဖြင့် ခြားထားသော်လည်း သူမ၏ခန္ဓာကိုယ်မှ နွေးထွေးမှုကို သူ ခံစားနိုင်သေးသည်။

“ရှင့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို သက်တောင့်သက်သာ ထားလိုက်ပါ။"

လက်နှစ်ဖက်ကို ညင်သာစွာ ကွေးညွတ်လိုက်ပြီး ရွှယ်ယု၏သေးသွယ်ကာ ကျောက်စိမ်းသဖွယ် အကြောစိမ်းလေးများဖြင့် လှပသော လက်ချောင်းလေးများသည် ထန်ရှု၏ပုခုံးများကို ဖိထားသည်။ ထန်ရှု၏ခန္ဓာကိုယ်အား ပြေလျော့လိုက်သောအခါ သူမ၏လက်ချောင်းလေးများက သူ့အား ညင်သာစွာ နှိပ်နယ်ပေးလာသည်။

သက်တောင့်သက်သာ ရှိလှသည်။ ရွှယ်ယု၏ နှိပ်နယ်မှုနည်းစနစ်သည် သွေးကြောမှတ် လမ်းကြောင်းအား ညှစ်ခြင်း၊ ပွတ်တိုက်ခြင်းနှင့် နှိပ်နယ်ခြင်းတို့ကို ရှင်းလင်းစွာ လုပ်ဆောင်နိုင်သည်ကို ထန်ရှု တွေ့ရှိခဲ့သည်။ သူမသည် ခန္ဓာကိုယ်၏ ကြွက်သားများ ဖြန့်ကျက်မှုကို အပြည့်အဝ နားလည်ကာ စေ့စပ်ကျွမ်းကျင်လှသောကြောင့် ကျောရိုး၏ အကြောငယ်များကို ပေါ့ပေါ့ပါးပါး ပွတ်သပ်ပြီး ကြွက်သားများကို ဖိလိုက်ကာ ပျော့ပျောင်းသွားစေသဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းမှ သက်တောင့်သက်သာရှိသော ခံစားမှုမျိုးကို ပေးစွမ်းစေသည်။

တဖြည်းဖြည်းနှင့် ထန်ရှု၏မျက်ခွံများ လေးလံလာကာ မကြာသေးခင်က လောင်ကျွမ်းနေခဲ့သော စိတ်ဆန္ဒများ သက်သာရာရသွားတော့သည်။ ထို့နောက် သူသည် ငိုက်မြည်းလာပြီး ရွှယ်ယု၏နှိပ်နယ်ပေးမှုအောက်တွင် အိပ်ပျော်သွားတော့သည်။

ရွှယ်ယု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွဲခိုလာခဲ့သည်။ ထန်ရှုကို သူမ မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးရုံဖြင့် အိပ်ပျော်သွားခဲ့ချေပြီ ... ထိုအရာက သူမအား အလုပ် ပြီးမြောက်သွားသည်ဟူသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း ထန်ရှုသည် သူမအပေါ် မည်ကဲ့သို့ တင်းခံထားသည်ကို ပြန်သတိရသောအခါ သူမသည် စိတ်ဆိုးပြီး ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။

အချိန်အတော်ကြာပြီးနောက် ရွှယ်ယုသည် နှိပ်နယ်ပေးခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် ကုတင်ပေါ်မှ အသာအယာ ဆင်းလိုက်ပြီး ထန်ရှုအား စောင်ခြုံပေးလိုက်သည်။ တကယ်တော့ သူမသည် ယခင်က မည်သူတစ်ဦးတစ်ယောက်နှင့်မှ အိပ်ရာထက် ချစ်ပွဲမဆင်နွှဲဖူးသေးသော အမျိုးသမီးလေးတစ်ဦး ဖြစ်နေဆဲပါပင်။ သူမသည် သူ့အား ပေးဆောင်လိုသည့် အမူအယာများကို ပြသခဲ့သော်လည်း သူမ၏ အတွင်းစိတ်တွင် မိန်းမတစ်ယောက်၏သဘာဝနှင့် ရှက်ရွံ့မှုတို့ အမှန်တကယ် ရှိနေပါသေးသည်။

ထန်ရှုသာ ဒီည သူမကို တကယ်လိုချင်ခဲ့ပါက သူမ ခုခံနိုင်မည်မဟုတ်သော်လည်း သူမ၏ရင်ထဲတွင် ငြင်းပယ်သည့် ခံစားချက်ကို အမှန်တကယ် ဖန်တီးပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့ညတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် ဤလူသည် လူကောင်းဖြစ်ပြီး အလှလေးတစ်ယောက်ကို မြင်ရုံဖြင့် ဖောက်ပြန်သူ မဟုတ်ကြောင်း သူမကို သိလာစေသည်။

နောက်တစ်နေ့…

ထန်ရှု အိပ်ရာမှ နိုးလာချိန်သည် မနက် ရှစ်နာရီ ထိုးနေပြီဖြစ်သည်။

အောက်ထပ်သို့ သူ ဆင်းလာသောအခါတွင် ရွှယ်ယုသည် အေပရွန် ဝတ်ဆင်ထားလျက် ဧည့်ခန်းတွင် ထိုင်ရင်း မဂ္ဂဇင်းတစ်စောင်ကို တိတ်ဆိတ်စွာ ဖတ်နေချိန်တွင် အိမ်ထိန်းဖြစ်သူ အန်တီကျန်းသည် အိမ်သုံးပစ္စည်းများကို အဝတ်စနှင့် သုတ်နေရင်း မကြာခဏဆိုသလို သူမအား ခိုးကြည့်နေသည်ကို တွေ့လိုက်ရသည်။

"မစ္စတာထန်…”

ထန်ရှု ဆင်းလာသည်ကို တွေ့လိုက်သော ကျန်းရှင်းလန်က သူမ၏ခန္ဓာကိုယ်ကို တည့်မတ်လိုက်ကာ အော်လိုက်သည်။

ထန်ရှုက သူမကို ခေါင်းညိတ်တုံ့ပြန်ကာ အပြုံးဖြင့် "ကောင်းမွန်တဲ့ နှစ်သစ်ကူး ဖြစ်ခဲ့ရဲ့လား အန်တီကျန်း…"

ကျန်းရှင်းလန်က ပျော်နေသော အမူအရာဖြင့် ခေါင်းညိတ်ကာ အဖြေပေးလိုက်သည်။

"ငါတို့အပေါ် ထားတဲ့ မင်းရဲ့ဆက်ဆံပုံက အရမ်းကောင်းတာပဲ မစ္စတာထန်။ ဒါကြောင့် ငါတို့မိသားစုက သာယာတဲ့နှစ်သစ်ကို ဖြတ်သန်းခဲ့ရပါတယ်။"

ထန်ရှုက ပြုံးပြီး ခေါင်းညိတ်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့လက်ကို အင်္ကျီအိတ်ထဲသို့ ထည့်ကာ ယွမ်၁၀၀တန် ငွေစက္ကူ နှစ်ထပ်ကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ ထို့နောက် သူက ပြုံးပြုံးရွှင်ရွှင်ဖြင့်

“အန်တီကျန်း … ကျွန်တော် နှစ်သစ်ကူးမတိုင်ခင် ရှန်ဟိုင်းကို အပြေးအလွှား ထွက်လာခဲ့ရလို့ အန်ပေါင်းအိတ်အနီလေး ပေးလိုက်ဖို့ မေ့သွားတယ်။ ဘာပဲဖြစ်ဖြစ် ဒါက အန်တီကျန်းနဲ့ အန်တီလျူအတွက် ယွမ် ၂၀,၀၀၀ပါ။ တစ်ယောက်ကို ယွမ် ၁၀,၀၀၀စီ။ ကျွန်တော့်ဆီက အန်တီတို့နှစ်ယောက်အတွက် အန်ပေါင်းပါ။"

“အဲ့ဒီလို လုပ်ဖို့မလိုပါဘူး မစ္စတာထန်…" ကျန်းရှင်းလန် လျင်မြန်စွာ လက်ပြလိုက်သည်။

" ငါတို့ကို ပေးရတဲ့ လစာနဲ့ ခံစားခွင့်တွေက အရမ်း များပါတယ် … ငါတို့ ဘယ်လိုလုပ်ပြီး ယူနိုင် ..."

ထန်ရှုက အပြုံးဖြင့် သူမဆီ လှမ်းလာကာ ပိုက်ဆံများကို သူမ၏လက်ထဲကို ထည့်ပေးလိုက်ပြီး

"ယူလိုက်ပါ အန်တီကျန်း…။ အန်တီ့အတွက် တော်တော် ပင်ပန်းနေတာမို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို သဘောမထားပါနဲ့။"

“ဒါ … ကျေးဇူးတင်ပါတယ် မစ္စတာထန်။” ကျန်းရှင်းလန်က ကျေးဇူးတင်စကားဆိုသည်။

ထန်ရှုက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ပြီး သူဆီကို လက်ဖြန့်ထားသည့် ရွှယ်ယုကို ကြည့်လိုက်သည်။ ထန်ရှုက အံ့သြသွားကာ ချက်ချင်းပင် မေးလိုက်သည်။

“မင်း ဘာလုပ်နေတာလဲ။”

"ကျွန်မ မြောင်ဒေသက ထွက်လာတော့ မျိုးနွယ်စုရဲ့ အကြီးအကဲတွေဆီ ပိုက်ဆံတွေအားလုံးကို ပေးခဲ့ရတယ်။" ရွှယ်ယုက ဆိုသည်။

“အနာဂတ်မှာ မိသားစုစီးပွားရေးကို စီမံခန့်ခွဲတော့မှာ မဟုတ်တော့တဲ့အတွက် ကျွန်မရဲ့အသုံးစရိတ်အတွက် မိသားစုဆီက ပိုက်ဆံကို မရနိုင်တော့ဘူး။ နောက်ပြီး ကျွန်မက ရှင့်ရဲ့ချစ်သူဖြစ်နေပြီမို့  ရှင် ကျွန်မကို ထောက်ပံ့ပေးရမယ်။"

“ငါ…”

သူမ၏မျက်နှာပေါ်မှ အမှန်အတိုင်းပြောနေသည့် အရိပ်အယောင်ကို မြင်လိုက်ရသောအခါ ထန်ရှုသည် ခါးသီးသော အပြုံးကို ချက်ချင်း ပြုံးလိုက်မိသည်။ သူ့အိတ်ကပ်ထဲ လက်ပြန်နှိုက်ကာ လက်စွပ်ထဲမှ ဘဏ်ကတ်တစ်ခုကို ယူလိုက်ပြီး သူမကို ပေးလိုက်ရင်း “ငါ မှတ်ထားတာ မှန်ရင် ဒီကတ်ထဲမှာ ပိုက်ဆံနည်းနည်း ရှိလိမ့်မယ်။ ပင်နံပါတ်က အနောက်ဘက်မှာ ရေးထားတယ်။"

ရွှယ်ယု၏မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာသည်။ ဘဏ်ကတ်ကို လက်ခံရရှိပြီးနောက် သူမက

“ကျွန်မ အခြေတကျ ဖြစ်သွားရင် ရှန်ဟိုင်းမှာ အလုပ်ရှာမယ်။ မနက်စာက မီးဖိုချောင်ထဲမှာ ရှိသေးတယ်။ ငါ ပြန်နွှေးလိုက်မယ်။"

ဘေးနားရှိ ကျန်းရှင်းလန်သည် ထန်ရှုနှင့် ရွှယ်ယုတို့ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်နေသည်။ ထင်ရှားကျော်ကြားသူများထက် များစွာ ပို၍လှပသည့် ဤကဲ့သို့ တင့်တယ်သော အလှလေးသည် ထန်ရှု၏ ချစ်သူ ဖြစ်လိမ့်မည်ဟု သူမ စိတ်ကူးပင် မယဉ်ခဲ့ဖူးပေ။ ထန်ရှု၏အမျိုးသမီးသူငယ်ချင်းများ ဖြစ်ကြသည့် အိပ်ရာထက် ချစ်ပွဲနွှဲဖူးသော ခန်းရှ၊ မကြာခဏ အိမ်သို့ လာလည်လေ့ရှိသော အိုးရန်လူလူနှင့် ကျောင်းဝင်းအတွင်းက ကျောင်းသားဖော် မုဝမ်ရင်တို့ကို တွေ့ခဲ့ဖူးပေသော်ငြား ချစ်သူဆိုသည်ကို သူမအနေဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။ ကျန်းရှင်းလန် တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်ပြီး ထန်ရှု အိမ်ထောင်မပြုသေးသည်မှာ ကံကောင်းသည်ဟု ခံစားရသည်။ မဟုတ်ပါက သည်ချစ်သူလေးသည် ကြားထဲတွင် အနေကျပ်နေပေလိမ့်မည်။

"မစ္စရွှယ် … ငါ ပြန်နွှေးပေးလိုက်မယ်။"

သို့သော် ကျန်းရှင်းလန်သည် ရွှယ်ယုကို အထင်မသေးဘဲ ကမန်းကတန်း တုံ့ပြန်သည်။

"ဒါကို ကျွန်မကိုယ်တိုင် လုပ်လိုက်မယ် အန်တီကျန်း။" ရွှယ်ယု ခေါင်းယမ်းလိုက်သည်။

“ကျွန်မက သူ့အမျိုးသမီးမို့ သူ့ရဲ့နေ့စဉ်ဘဝကို ဂရုစိုက်ရမယ်။ နောက်ပြီး ဒီဆေးဖက်ဝင်အပင်တွေပါတဲ့ အစားအသောက်က အရမ်းထူးခြားတယ်။ အဲ့ဒါကို ပြန်နွှေးတယ်ဆိုပေမယ့် သတိထားရမယ့်အရာတွေ အများကြီး ရှိသေးတယ်လေ။”

အေပရွန်ကို ဝတ်ထားခြင်းက သူမကို အိမ်ရှင်မတစ်ယောက်လို တကယ်ဖြစ်လာစေသည် ။

ကျန်းရှင်းလန် ထပ်ပြောမည်ကို မြင်သောအခါ ထန်ရှုသည် ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။ ရွှယ်ယုသည် သူ့အား တလိုတလား လုပ်ဆောင်ပေးလိုသောကြောင့် အလျှော့ပေးလိုက်သည်မှာ သဘာဝပင်ဖြစ်သည်။

ဖြစ်သင့်သည်အတိုင်းပင်။ သူ့ယောက်ျား၏ပိုက်ဆံကို ယူသွားသော အငယ်အနှောင်းတစ်ယောက်သကဲ့သို့ပင်။ တစ်ခါတစ်ရံတွင် သူတို့သည် သူတို့၏ယောက်ျားကို စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးရန် လိုအပ်နေပါသေးသည်။

***

All Chapters