မင်းက အပြစ်ကင်းပေမယ့် အရိုက်ခံနေရတုန်းပဲ
Vol. 49 Ch. 683
ရွှယ်ယုသည် မွှေးကြိုင်သော ဆေးဖက်ဝင်အစားအစာများကို ထမင်းစားခန်းသို့ သယ်ဆောင်လာပေရာ အစားအသောက်ထဲတွင် ဆေးဖက်ဝင်အပင်များစွာ ထည့်ထားကြောင်း ပါရှိသော စိတ်ဝိညာဉ်ချီကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ကြောင့် ထန်ရှု၏လက်ညိုးသည် ရုတ်တရက် လှုပ်ရှားသွားသည်။
"မနက်က ဝယ်လာခဲ့တာလား။"
ပန်းကန်ကို ယူလိုက်ပြီးနောက် ထန်ရှု အံ့အားသင့်နေသော အမူအရာဖြင့် မေးလိုက်သည်။ သူ့တစ်ကိုယ်လုံး နွေးထွေးသွားသည့်အလား ခံစားလိုက်ရသည်။
“အရင်က ရှန်ဟိုင်းမှာ ခဏလောက် နေခဲ့ဖူးတယ်လေ။ ဒါကြောင့် မနက်စောစောဖွင့်တဲ့ တရုတ်ဆေးဆိုင်ကို သိတယ်။” ရွှယ်ယုက ဆိုသည်။
"အရင်က ကျွန်မမှာ စုဆောင်းငွေနည်းနည်းရှိပေမယ့် ဆေးဖက်ဝင်အပင်တွေဝယ်ဖို့ သုံးခဲ့တာဆိုတော့ အခုချိန်မှာတော့ မွဲနေပြီ။"
"ဆေးဖက်ဝင်အပင်တွေက ဈေးမချိုဘူးနော် ဟုတ်တယ်မလား။" ထန်ရှုက မေးလိုက်သည်။
ရွှယ်ယုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျွန်မမှာ ပိုက်ဆံ အများကြီး မရှိဘူး။ ဒါကြောင့် ယွမ် ၁၂ သန်းဖိုးလောက် ဆေးဖက်ဝင်အပင်တွေကိုပဲ ဝယ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါက လဝက်လောက် ဆေးသောက်ဖို့ လုံလောက်ပါတယ်။ ဒါကြောင့် ဒီဆေးအိုးသေးသေးလေးဟာ ယွမ်သိန်းနဲ့ချီပြီး တန်တယ်နော်။”
ခွမ်း…
ထမင်းစားခန်းအပြင်ဘက်ရှိ စင်္ကြန်လမ်းမှ ကျန်းရှင်းလန် လန့်ပြီး ပန်းအိုးကို လွှတ်ချလိုက်မိသည်။ ထန်ရှုနှင့် ရွှယ်ယုတို့ စကားပြောဆိုနေသည်ကို တမင်တကာ ခိုးနားထောင်သည်မဟုတ်ပါဘဲ သူတို့ပြောနေသော အကြောင်းအရာက သူမကို အလွန်ထိတ်လန့်သွားစေကာ အောက်မေးရိုး ပြုတ်ကျသွားမတတ် ဖြစ်သွားရသည်။
ထန်ရှုသည် ထမင်းစားခန်းထဲမှ အလျင်အမြန် ထွက်လာသည်။ ကျန်းရှင်းလန်သည် အလုပ်များနေပြီး ကြောက်ရွံ့သောအမူအရာဖြင့် ပျာယာခတ်နေသည်ကို သူ မြင်လိုက်ရသောအခါတွင် ရွှယ်ယု၏စကားများကို သူမ ကြားသွားကြောင်း သိလိုက်ရသည်။ သူက စိတ်တွင်းမှ ပြုံးလိုက်ပြီး သူမကို အမြန်နှစ်သိမ့်ပေးရင်း "အန်တီကျန်း … အဆင်ပြေရဲ့လား။ ဒီအိုးကွဲကို ပစ်လိုက်တော့။ ထိခိုက်သွားရင် မြန်မြန် ဆေးထည့်လိုက်ဦး။”
ထန်ရှု၏ရည်မွန်သော အမူအရာကို ကြည့်ပြီး ကျန်းရှင်းလန်၏ထိတ်လန့်နေသော ခံစားချက်သည် များစွာ လျော့ပါးသွားသည်။ သူမက ခေါင်းယမ်းပြပြီး “ငါ အဆင်ပြေပါတယ်။ စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာထန်။ ငါ အပြင်ထွက်ပြီး ဒီအိုးနဲ့တူတာ ဝယ်ခဲ့ပါမယ်။ စိတ်မပူပါနဲ့ … ငါ့ပိုက်ဆံနဲ့ ဝယ်မှာပါ။"
“ကျွန်တော် ပေးထားတဲ့ အိမ်အသုံးစရိတ်ကနေ နုတ်ယူလိုက်ရုံပါ။ အန်တီကျန်းရဲ့ပိုက်ဆံကို မသုံးပါနဲ့။” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"နောက်ပိုင်း ဒီမှာ အလုပ်ဆက်လုပ်ချင်ရင် ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို မမြင်ဖို့ ပြောထားတယ် မဟုတ်လား။"
ကျန်းရှင်းလန်သည် ထန်ရှုအား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး သန့်ရှင်းရေး ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို အမြန်ယူလိုက်သည်။ သူမ သန့်ရှင်းရေးစလုပ်ခါနီးတွင် ရွှယ်ယုသည် ပန်းကန်ဆေးရန် မီးဖိုချောင်သို့ သွားနေသည်ကို သူမ တွေ့လိုက်သဖြင့် ထန်ရှုဆီသို့ တိတ်တဆိတ် လျှောက်သွားကာ တုံ့ဆိုင်းသောအမူအရာဖြင့်
"မစ္စတာထန် … နင် အရမ်းချမ်းသာမှန်း ငါ သိတယ်။ ဒါပေမယ့် ... နင် တတ်နိုင်သလောက် ပိုက်ဆံကို နည်းနည်းပဲ သုံးသင့်တယ်။ ဒါက ပိုက်ဆံချွေတာသလို မဟုတ်ဘဲ ဖြုန်းတီးနေသလိုပဲ။"
ထန်ရှု မအောင့်နိုင်ဘဲ ရယ်မောလိုက်သည်။ ကျန်းရှင်းလန် မီးဖိုချောင်ကို ခိုးကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် သူမ မည်သည့်အတွက်ကြောင့် သည်ကဲ့သို့ ပြောရသည်ကို သူ နားလည်သွားနိုင်ခဲ့သည်။ သူက ချက်ချင်း ပြုံးလိုက်ပြီး
"အန်တီကျန်း … ရွှယ်ယုက အရမ်းချမ်းသာပြီး တစ်ကြိမ်သုံးဖို့ထုတ်ရင် အနည်းဆုံး ယွမ် သန်း၁၀၀ ထုတ်တယ်။ သူက သုံးတာစွဲတာအကျင့် ဖြစ်နေတော့ သူ့ရဲ့အကျင့်ကို မပြောင်းလဲနိုင်သေးဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ နောက်ပိုင်း ကျွန်တော် သေချာ သင်ပေးမှာပါ။ ပြီးတော့ သူ့ကို ဇနီးကောင်းတစ်ယောက်နဲ့ ကြင်နာတတ်တဲ့ အမေတစ်ယောက် ဖြစ်အောင် လေ့ကျင့်ပေးမယ်လို့ အာမခံပါတယ်။”
ထိုချစ်သူပုံစံမျိုးသည် လိမ္မာပါးနပ်သောဇနီးနှင့် ဉာဏ်ပညာလည်း ရှိသော မိခင်မျိုးဖြစ်သည်။
ကျန်း ရှင်းလန်က ခေါင်းငြိမ့်ပြရင်း စိတ်ထဲမှ ကျေနပ်သွားသည်။ သူမသည် ဤနေရာတွင် အိမ်ထိန်းတစ်ဦးသာ ဖြစ်သောကြောင့် သူမသည် မည်မျှထိ ပြောနိုင်ပြီး မည်သည့်အချိန်တွင် ရပ်ရမည်ကို သိသည်။ ယနေ့ ထန်ရှုကို သူမ သတိပေးခြင်းသည် သူမ လုပ်နိုင်သော အကန့်အသတ်ဖြစ်သည်။
ထို့နောက် ထန်ရှုသည် ရွှယ်ယုနှင့်အတူ အနီးနားရှိ ဈေးဝယ်စင်တာသို့ အဝတ်အစားနှင့် နေ့စဉ်သုံးပစ္စည်းများ ဝယ်ရန် ထွက်လာခဲ့သည်။ ထို့နောက် သူသည် သူ၏ကားကို ရှန်ဟိုင်းရှိ အစည်ကားဆုံးနေရာဖြစ်သည့် ပင်းကျန်းနေရာသို့ မောင်းနှင်ကာ တရုတ်ပြည်၏တစ်ချိန်က အကောင်းဆုံး အဆင့်မြင့်အိမ်ရာသို့ သွားရောက်ခဲ့သည်။
တွမ်ဆန်အိမ်ရာတွင်…
နှစ်ထပ်အိမ်ကြီး၏အတွင်းပိုင်းသည် အလွန် ကျယ်ဝန်းကာ အသုံးအဆောင်အမျိုးမျိုးအား ပြည့်စုံစွာ တပ်ဆင်ထားပြီး အိမ်ခြံမြေစီမံခန့်ခွဲမှု၏ သန့်ရှင်းရေးသည် အပတ်တိုင်း အိမ်ကြီးအား ပုံမှန်သန့်ရှင်းပေးထားဟန်တူသည်။ သော့ကို ယူပြီး တံခါးကို ဖွင့်ဝင်လာရာ ဖုန်မှုန့်များနှင့် အညစ်အကြေး ကင်းစင်နေပြီး အရာအားလုံးသည် စနစ်တကျနှင့် သပ်ရပ်စွာ ထားရှိထားသည်ကို ထန်ရှု တွေ့ ရှိရသည်။
“နေရာကတော့ မဆိုးပါဘူး။ ယောကျ်ားတစ်ယောက်က သူ့ချစ်သူအတွက် အများဆုံး ရင်းနှီးမြုပ်နှံတဲ့သူလို့ ရှင့်ကို ပြောလို့ရတယ်။” ရွှယ်ယု အိမ်ကို လှည့်ပတ်ကြည့်ရှုရာ အိမ်သည် စတုရန်းမီတာ ၂၀၀ ခန့် ကျယ်ဝန်းသည်ကို တွေ့ရှိခဲ့သည်။ ကြမ်းခင်းများ ဖြစ်စေ၊ ပြတင်းပေါက် အပြင်ဘက်တွင် ရှိသော မြင်ကွင်းဖြစ်စေ သူမ အရမ်း သဘောကျပေသည်။
"ပေါက်ကရတွေ မပြောလို့ ရမလား။" ထန်ရှုက အားတင်းပြုံးလိုက်သည်။
“ရှန်ဟိုင်းမှာ ငါ့အိမ်တွေ အများကြီး မရှိဘူး။ နောက်တစ်အိမ်က မြို့နဲ့ အတော်ဝေးတာမို့ မင်း နေဖို့ ဒီနေရာကိုပဲ ပေးလို့ရတယ်။ မင်းမှာ ပိုကောင်းတဲ့ နေရာတစ်ခုရှိရင် ထွက်သွားဖို့ရွေးချယ်နိုင်ပါတယ်။"
"ဘာလို့ ကျွန်မက ကျွန်မယောက်ျားရဲ့အိမ်ကနေ ထွက်သွားရမှာလဲ။" ရွှယ်ယု၏မျက်ခုံးလှလှများ တွန့်သွားရသည်။
"ရှင် ကျွန်မကို ကိန္နရီတစ်ကောင်လို ဆက်ဆံလို့ ရသလို ဒါမှမဟုတ် ဇနီးကောင်းနဲ့ ကြင်နာတတ်တဲ့ အမေတစ်ယောက်အဖြစ်လည်း နောက်ပိုင်းမှာ သဘောထားနိုင်တယ်။"
ထန်ရှုက ရွှယ်ယုနှင့် သည်ပြဿနာတွင် မပတ်သက်ချင်တော့သဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး "ကောင်းပြီ။ နောက်ပိုင်း မင်း ဒီမှာ နေပါ။ ငါ ကျောင်းသွားတက်မှာမို့ မင်းနဲ့ မနေတော့ဘူး။ ကိစ္စတစ်ခုခုရှိရင် ငါ့ကို တိုက်ရိုက်ဖုန်းဆက်ပါ။"
"နားလည်ပြီ။" ရွှယ်ယုက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
တွမ်ဆန်အိမ်ရာမှ ထွက်ခွာလာသော ထန်ရှုသည် ရှန်ဟိုင်းတက္ကသိုလ်သို့ အမြန်သွားခဲ့သည်။ ယခုပညာသင်ရေးကာလသစ်အား လွန်ခဲ့သည့် ရက်အနည်းငယ်က စတင်ခဲ့သော်လည်း ကျောင်းဝင်းအတွင်း သူ လုံးဝ ခြေမချရသေးပါ။ ထို့ကြောင့် ဟန်ကျင်းဝူက သူ့ကို အကြိမ်ပေါင်းများစွာ ဖုန်းဆက်နေခဲ့ပြီး စိတ်တိုနေခဲ့ပေသည်။ သည်နေ့သည် ကြာသပတေးနေ့ဖြစ်သောကြောင့် မနက်ပိုင်း အတန်း မရှိသော်ငြား ဟန်ကျင်းဝူကို တွေ့ရန်နှင့် သူ့အဆောင်က ညီအစ်ကိုများနှင့် အတူတူစုဝေးရန် သူ သွားရပေမည်။
ရွှယ်ယုအတွက် တန်ဖိုးကြီးဆီဒင်ကားကို ထားခဲ့ပြီး ထန်ရှုတစ်ယောက် တက္ကစီစီးကာ ရှန်ဟိုင်းတက္ကသိုလ်၏ ဝင်ပေါက်ကို ရောက်လာသည်။ ထိုအချိန်တွင် တန်ဖိုးကြီး ဇိမ်ခံကားများစွာ ဝင်လာသည်ကို သူ မြင်ခဲ့ရပြီး ဝင်ပေါက်မှ အစောင့်များသည် ထိုသူများကို မတားဆီးနိုင်ရုံသာမက မျက်နှာထက်တွင် အပြုံးများ ဆင်မြန်းကာ အလေးပြုနှုတ်ဆက်ကြသည်။
"ဒုတိယမျိုးဆက်ရဲ့ သူဌေးသားသခင်လေးတွေ လာပြန်ပြီလား။"
ထန်ရှုက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျောင်းဝင်းထဲသို့ ဝင်လာသည်။ လမ်းတစ်လျှောက်တွင် ကျောင်းသူကျောင်းသားများစွာက သူ့ကို နှုတ်ဆက်ပြီး ထန်ရှုက တစ်ယောက်ချင်းစီကို တုံ့ပြန်သည်။ ယခုအချိန်တွင် သူသည် ရှန်ဟိုင်းတက္ကသိုလ်တွင် ကျော်ကြားနေပြီဖြစ်ပြီး ဆရာများနှင့် ကျောင်းသူ ကျောင်းသားအားလုံးနီးပါးက သူ့ကို သိနေကြပြီဖြစ်သည်။
" ဟန်ကျင်းဝူ … ငါစုန့်ကျီစုန် မင်းကို ချစ်တယ်။ ကျေးဇူးပြုပြီး ငါ့ကို လက်ထပ်ပါ။ ငါ့နှလုံးသားကို ပုံအပ်ပြီး မင်းကို ချစ်ပါတယ်။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ကောင်းကင်နဲ့မြေကြီး အိုဟောင်းသွားတဲ့ထိ မင်းကို ချစ်သွားမယ်လို့ ငါ ကတိပေးပါတယ်။”
အသံချဲ့စက်တပ်ဆင်ထားသည့် အဝါရောင်တန်ဖိုးကြီး ကားတစ်စီးအနီးတွင် နှင်းဆီပန်းစည်းများ ကိုင်ဆောင်ထားသည့် ရုပ်ရည် ချောမောသော လူငယ်တစ်ဦး ရှိနေသည်။ အနီးအနားရှိ အခြား တန်ဖိုးကြီးကားသုံးစီး၏ဘေးတွင် လူငယ်သုံးဦးစီ အသီးသီး ရပ်နေကြကာ နုပျိုသွယ်လျသော မိန်းကလေးတစ်ဦးစီကို ပွေ့ဖက်လျက် သူငယ်ချင်း ဖြစ်သူ၏ ရိုမီယို-ဂျူးလိယက် ပြဇာတ်ကို ပြုံးရွှင်စွာ ကြည့်နေကြသည်။
ထန်ရှု၏ခြေလှမ်းများ ရပ်တန့်သွားကာ သူ့အရှေ့က စာသင်ခန်း အဆောက်အဦးဆီ လှမ်းမျှော်ကြည့်ရင်း အသာပြုံးလိုက်မိသည်။ ထိုလူအား ဟန်ကျင်းဝူကို မျက်စိကျနေသည့် အရမ်းမိုက်မဲသောလူ မဖြစ်ရန် သူ ပြောချင်မိပေသည်။ သို့သော် ထိုဒုတိယမျိုးဆက်၏ သူဌေးသားသခင်လေးများသည် ကောင်းမွန်သော သတ္တဝါများ မဟုတ်ကြောင်း သူ သတိရလာသောအခါ ထိုအတွေးသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
မူလက သူသည် ခွင့်ယူရာမှ ပြန်လာပြီးနောက် ဟန်ကျင်းဝူအား အကြောင်းကြားရန်အတွက် စာသင်ခန်းအဆောက်အဦး၏ဆရာများရုံးခန်းသို့ အပြေးအလွှား သွားရောက်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုတွင် ထိုသို့သော အံ့သြဖွယ်ကောင်းသော ချစ်ခွင့်ပန်သည့်အရေးကို တွေ့လိုက်ရသောကြောင့် ထိုရည်ရွယ်ချက်အား ချက်ချင်းပင် ဖယ်လိုက်ပြီး အနီးနားရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ သွားလိုက်သည်။ ထိုသစ်ပင်အား လက်ပိုက်ကာ မှီရပ်ကြည့်နေရင်း ဟန်ကျင်းဝူတစ်ယောက် အဆောက်အဦးထဲမှ ပြေးထွက်သွားသည်ကိုမြင်လိုက်သည့်အခါ သူ ပြုံးလိုက်မိပေသည်။
ဟန်ကျင်းဝူသည် ဂျင်းဘောင်းဘီနှင့် လေဖောင်းကုတ်အင်္ကျီကို ဝတ်ကာ အညိုရောင်ပုဝါအား လည်ပင်းတွင် ပတ်ထားသည်။ သို့သော် လှပေသော ဟန်ကျင်းဝူတစ်ယောက် လွန်စွာ စိတ်ဆိုးနေဟန်ရပြီး မျက်လုံးများပင် မီးဝင်းဝင်းတောက်နေသကဲ့သို့ ဖြစ်နေသည်။
ထို့နောက် သူမသည် နှင်းဆီပန်းစည်းကြီး ကိုင်ဆောင်ထားသည့် လူငယ်ရှိရာသို့ ပြေးသွားပြီး မျက်နှာချင်းဆိုင်ကာ ကြိမ်းမောင်းလိုက်သည်။ “ဒီလိုအဓိပ္ပာယ်မရှိတာတွေ လုပ်နေတာ မပြီးသေးဘူးလား စုန့်ကျီစုန်။ နင် အဲ့ဒီလိုတွေ လုပ်ဖို့ ငါ့အိမ်ကိုလည်း သွားခဲ့တယ် … အခု ဒါတွေ လုပ်ဖို့အတွက် ကျောင်းဝင်းထဲထိတောင် လာခဲ့တာလား။ ငါ ရဲကို အကြောင်းကြားမယ်ဆိုတာ နင် မယုံဘူးလား။”
ဟန်ဆောင်ပန်ဆောင် မဟုတ်ဘဲ အလေးအနက် ထားသော အမူအရာဖြင့် စုန့်ကျီစုန်သည် ဟန်ကျင်းဝူ၏အရှေ့တွင် ဒူးထောက်ကာ အိတ်ကပ်ထဲမှ အနီရောင်နှလုံးသားပုံသေတ္တာကို ဆွဲထုတ်ပြီး အနည်းဆုံး နှစ်ကာရက်အရွယ်အစား ရှိပြီး တောက်ပသော စိန်လက်စွပ်တစ်ကွင်းအား ဖွင့်ပြလိုက်သည်။
"ကျင်းဝူ… ငါ မင်းကို တကယ်ချစ်မိသွားတာပါ။ အဲ့ဒီလူဆိုးခုနစ်ယောက်ကို မင်း မောင်းထုတ်ပြီး ငါ့ကို ကယ်တင်ပေးလိုက်ကတည်းက မင်းရဲ့ ကျက်သရေရှိပြီး ကြော့ရှင်းတဲ့ အမူအရာကို ငါ့နှလုံးသားထဲမှာ အမြဲ မြင်ယောင်နေမိတယ်။ မင်းကို ငါ နှလုံးသားပုံပြီး ချစ်တယ်ဆိုတာ ဘုရားသခင်ထံ ငါ တိုင်တည်ဝံ့ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးပေးပါကွာ။ မင်းကို သေချာပေါက် ပျော်ရွှင်အောင် ထားမှာပါ။ ငါ့ကို လက်ထပ်ပါ။"
ဟန်ကျင်းဝူက ဘာမှ မထူးခြားလေဟန်အမူအရာဖြင့် “တောင်းပန်ပါတယ်။ နင်က ငါ့မျက်လုံးထဲမှာ ယောက်ျားတစ်ယောက်ရဲ့စိတ်ဝိညာဉ် မရှိတဲ့ မိတ်ကပ်လိမ်းခြယ်ထားတဲ့ ခပ်ချောချော ကောင်လေးတစ်ယောက်ကလွဲလို့ ဘာမှ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် နင်က ငါ့အပေါ် လုံခြုံမှု ပေးနိုင်မယ်ဆိုတဲ့ စိတ်ခံစားမှု မရသလို နင့်အပေါ် ဘာခံစားချက်မှလည်း မရှိဘူး။ ရှန်ဟိုင်းတက္ကသိုလ်ကနေ အမြန် ထွက်သွားပါတော့။ နင် ဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ထားတာ လုံလောက်နေပြီ။"
"ငါ ဘယ်တော့မှ အရှုံးမပေးဘူး။" စုန့်ကျီစုန်က လေးလေးနက်နက် ပြောလိုက်သည်။
"အချိန်တွေ၊ ခွန်အားတွေနဲ့ ပိုက်ဆံတွေ ပိုပြီးသုံးရရင်တောင် ငါ မင်းကို အမြဲတမ်း ကြိုးစားနေမယ်။ ခံစားချက်ဆိုတာ မွေးမြူဖို့ လိုအပ်တယ်လို့ ငါ အခိုင်အမာ ယုံကြည်တယ်။ ငါ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် မင်းရဲ့နှလုံးသားကို ဖွင့်နိုင်ပြီး မင်း ငါ့ကို အနှေးနဲ့အမြန် လက်ခံနိုင်မှာပါ။"
ပျာယာခတ်ကာ စိတ်အနှောင့်အယှက်ဖြစ်နေသော ဟန်ကျင်းဝူသည် စုန့်ကျီစုန်၏ချောမောသော မျက်နှာဆီသို့ လက်သီးတစ်ချက် ထိုးရန် ဟန်ပြင်လိုက်သော်လည်း မထိုးတော့ဘဲ စက္ကန့်အတော်ကြာ တွေးတောဆင်ခြင်ပြီးနောက် သူမက ရုတ်တရက် ပြောလိုက်သည်။
“နင် ငါ့ကို ကြိုးစားနိုင်ပေမယ့် ကျောင်းဝင်းထဲမှာတော့ ဒီလို ပေါတောတော လုပ်ရပ်တွေ မလုပ်နဲ့တော့။ ကောင်းပြီလေ … အခြေအနေအနည်းငယ်အရ နင့်ကို အခွင့်အရေးပေးမယ်။"
စုန့်ကျီစုန်၏မျက်လုံးများ လက်ကနဲ ဖြစ်သွားကာ “ဘယ်လို အခြေအနေလဲ။ နည်းနည်းလေး မပြောနဲ့ မင်းက ငါ့ကို ထောင်ဂဏန်းလောက် အများကြီး ပေးရင်တောင် ငါ အသေအချာ လုပ်မှာပါ။"
“ဒါဆို ပထမတစ်ခုအနေနဲ့ နင့်ရဲ့ကြွက်သားတွေကို လေ့ကျင့်ပြီး လူမိုက်တော်တော်များများကို ကိုယ်တိုင် အနိုင်မယူနိုင်ဘူးဆိုရင် နောက်ပိုင်း နင် ငါ့ကို အနှောက်အယှက် မပေးနဲ့။ ပထမအခြေအနေ လုပ်ပြီးသွားရင် ဒုတိယအခြေအနေအကြောင်း နင့်ကို ငါ ပြောမယ်။" ဟန်ကျင်းဝူက ပြောသည်။
စုန့်ကျီစုန် အံ့အားသင့်သွားပြီး သူ့အမူအရာက ချက်ချင်းပင် နွမ်းလျသွားသည်။ သူ့လက်နှစ်ဖက်ကို မြှောက်ကာ အားတင်းပြုံးလိုက်ရင်း "ငါ့ကြွက်သားတွေကို လေ့ကျင့်နိုင်မယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမယ့် လူမိုက်တစ်ဖွဲ့ကို ငါတစ်ယောက်တည်း ရိုက်နှက်ဖို့ဆိုတာ ... ဒါက သိပ်ခက်လွန်းတယ်မဟုတ်ဘူးလား။ ငါ အရင်က ကွန်ဖူး သိပ်မလေ့ကျင့်ဖူးဘူးလေ။ အခု လေ့ကျင့်မယ်ဆိုရင်တောင် တစ်နှစ်အတွင်း သိသာထင်ရှားတဲ့ ရလဒ်တွေ ထွက်လာမှာ မဟုတ်ဘူး။”
"လုပ်မလား … မလုပ်လား နင် ရွေးပါ။" ဟန်ကျင်းဝူက သရော်လိုက်သည်။
စုန့်ချင်းစုန်၏မျက်နှာသည် ဖြူလိုက် ပြာလိုက်ဖြစ်နေကာ အချိန်အတော်ကြာပြီးမှ နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။
“ငါ ကတိပေးတယ်။ ဒါပေမယ့် ငါ မင်းကို ပုံမှန်လာတွေ့နေဦးမယ်။ ငါ မင်းကို ချစ်တယ်။ မင်းကို တစ်နေ့မတွေ့ရင် စားလို့မဝင်ဘူး အိပ်လို့လည်း မပျော်ဘူး။ နောက်ပြီး မင်းကို ဘယ်သူခိုးကြောင်ခိုးဝှက် လာတွေ့လဲဆိုတာ ငါ သေချာလုပ်ရဦးမှာပါ။ မင်းကို ထိဝံ့ရင် မင့်အတန်းထဲက ထန်ရှုကိုလည်း ဆုံးမပစ်မယ်။"
"ဒါက ထန်ရှုနဲ့ ဘာဆိုင်လို့လဲ။" ဟန်ကျင်းဝူက ဒေါသတကြီး အော်လိုက်သည်။ "နင် ... မြန်မြန် ထွက်သွားစမ်း။"
စုန့်ကျီစုန်၏မျက်လုံးများထဲတွင် အမုန်းတရားနှင့် မနာလိုခြင်းတို့သည် တလက်လက်တောက်ပလျက် "ထန်ရှုက အရမ်း နာမည်ကြီးပြီး မင်းနဲ့ အတော်ရင်းနှီးတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် မင်းက ငါ ချစ်မိသွားတဲ့ မိန်းကလေးမို့ မင်းအပေါ် မကောင်းတဲ့ အကြံအစည်တွေ ရှိဝံ့ရင် သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။"
"ဒီကနေ ထွက်သွား။" ဟန်ကျင်းဝူက အော်ပစ်လိုက်တော့သည်။
ထိုနေရာနှင့် မဝေးလှသောနေရာတွင် ထန်ရှုသည် စုန့်ကျီစုန်အား ငိုရခက် ရယ်ရခက်ဖြစ်ကာ ကြည့်နေမိသည်။
…သည်ကောင်က ရိုမီယိုလို ဟန်ကျင်းဝူကို လိုက်ဖို့ ကြိုးစားနေမှန်း သိသာပါတယ်။ သူ့နာမည်က ရုတ်တရက်ကြီး ဘယ်လိုပေါ်လာတာလဲ။
မည်သို့ပင်ဆိုစေကာမူ သူသည် စုန့်ကျီစုန်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပေ။ ရွှဲ့ချင်းချန်တစ်ယောက် သစ္စာဖောက်ရခြင်း၏အကြောင်းရင်းနှင့် အကြောင်းတရားကို ပြည့်စုံစွာ ရှင်းရှင်းလင်းလင်း မသိရမီတွင် သူသည် ဟန်ကျင်းဝူနှင့် နည်းနည်းလေးမျှပင် စိတ်ခံစားမှုဆိုင်ရာ ဆက်စပ်မှုကို မပြုလုပ်ရန် ဆုံးဖြတ်ထားသည်။ တစ်ဖက်တွင် တစ်ရှက်ကနေ နှစ်ရှက် ထပ်အဖြစ်မခံနိုင်တော့သဖြင့် ဤမိန်းမနှင့် ထပ်၍ ပတ်သက်လိုခြင်း မရှိတော့ပေ။
သည်ကောင် စုန့်ကျီစုန်က သူ့ကို ဒုက္ခပေးရန် ကောက်ကျစ်သည့် အတွေးများ မရှိသရွေ့ သည်လူကို တုံ့ပြန်ရန် သူ ပျင်းနေပါသေးသည်။ တကယ်တမ်းတွင် သည်ကောင်က အားနည်းပြီး ခွန်အားလုံးဝမရှိချေ။ သူ့မိသားစုက အမှန်တကယ် ချမ်းသာနေရင်တောင် သူလုပ်ခဲ့တာတွေကို ဂရုမစိုက်နိုင်ပါချေ။
မိနစ်အနည်းငယ်အကြာတွင် တန်ဖိုးကြီးကားလေးစီး ထွက်သွားပြီးနောက် ထန်ရှုသည် အတန်ငယ် ဖျော့တော့နေသော ဟန်ကျင်းဝူကို ကြည့်လိုက်သည်။ လက်ပိုက်ထားရာမှ လက်နှစ်ဖက်ကို ဘေးချလိုက်ပြီး သူမဆီသို့ သူ လျှောက်သွားသည်။ လှည့်ထွက်သွားသည့် ဟန်ကျင်းဝူကို အမီလိုက်ပြီးနောက် သူက စနောက်လိုက်သည်။
"ဆရာမဟန်က အရမ်းစန်းပွင့်နေပါလား။ ဆရာမရဲ့ချစ်သူဖြစ်ဖို့ ကြိုးစားနေသူတွေတောင် ကျောင်းဝင်းထဲကို လိုက်လာကြပြီ။”
***