← Chapters

ဂုဏ်သိက္ခာကြီးဟန်ဆောင်ခြင်း

Vol. 49 Ch. 684

ဂုဏ်သိက္ခာကြီးဟန်ဆောင်ခြင်း

Vol. 49 Ch. 684

ထန်ရှုကို လှည့်ကြည့်သော ဟန်ကျင်းဝူ၏ အမူအရာတွင် အံ့သြဝမ်းမြောက်ခြင်း၊ ရှက်ဒေါသနှင့် ညည်းညူလိုခြင်း စသော အရိပ်အယောင်များ ထင်ဟပ်လျက် ရှိသည် ... နောက်ဆုံးတွင် ထိုခံစားချက်အရိပ်များသည် ထန်ရှု၏ခါးကို အံကြိတ်ကာ ဆွဲလိမ်သည့်ဖြစ်ရပ်သို့ ကူးပြောင်းသွားခဲ့သည်။

အားးး…

ထန်ရှုက သိပ်မနာကျင်သော်လည်း ပုံကြီးချဲ့ကာ အော်ဟစ်ပေးလိုက်သည်။ သူ့ကို ဆွဲဆိတ်ရာမှ လွှတ်ပေးလိုက်သောအချိန်တွင် ဟန်ကျင်းဝူ၏ ကျေနပ်နေသည့်ပုံစံကို မြင်တော့ သူက ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး "အဲ့ဒီလူရဲ့နောက်ခံက ဘာလဲ ဆရာမဟန်။ ဆရာမကို ပိုးပန်းဖို့ စာသင်ခန်းအဆောက်အဦးဆီ ကားနဲ့မောင်းဝင်လာတာကို ကြည့်ရင် သူက မာနကြီးလွန်းတာလား။ သာမန်လူတစ်ယောက်သာဆိုရင် ဒီလိုလုပ်ဖို့က ခက်လိမ့်မယ်လေ။”

ဟန်ကျင်းဝူက စိတ်ဆိုးနေသည့်အမူအရာဖြင့် "သူက အားကိုးနဲ့ မိုက်နေတဲ့လူတစ်ယောက်လေ ... ဟူး … မေ့လိုက်ပါ။ ငါ ပြောပြလည်း နင် သိမှာမဟုတ်ဘူး။ အကြောင်းအရာကို ပြောင်းပြောရအောင်။ ဒီနေ့ကစပြီး အကြောင်းပြချက်မရှိဘဲ အတန်းမတက်ရင် နင့်ရဲ့ အမှတ်တွေကို နုတ်ယူတဲ့အခါမှ ငါ့ကို အပြစ်မဆိုနဲ့။"

ထန်ရှု တွေကနဲဖြစ်သွားပြီး အလျင်အမြန် ငြင်းဆိုလိုက်သည်။

“ဟေး ကျွန်တော်တို့အရင်က သဘောတူညီချက် ယူထားတယ် မဟုတ်လား။ ကျွန်တော် ဆရာမကို ကျင်းမန်ကျွန်းဆီ အလည်ခေါ်သွားရင် အရေးကြီးကိစ္စရှိတဲ့အခါ အချိန်မရွေး ခွင့်တောင်းနိုင်တယ်ဆို။"

ဟန်ကျင်းဝူက မျက်လုံးပြူးပြလိုက်ပြီး

“ဟမ့် … အဲ့ဒါ မနှစ်ကလေ။ ဒါပေမယ့် ဒီနှစ်တော့ နင့်ကို ထပ်ပြီး ခွင့်မပေးနိုင်တော့ဘူး။ နောက်ပြီး နင် ငါ့ကို ကျင်းမန်ကျွန်းဆီ အလည်ခေါ်သွားတယ်လို့ မပြောနဲ့။ ကျင်းမန်ကျွန်းကို ငါ့ဘာသာ တစ်ယောက်တည်း လည်ခဲ့ရတာမို့ အဲ့ဒီအချိန် ငါ ဘယ်သွားမှန်းတောင် နင် မသိဘူး။ အဲ့ဒီအကြွေးအတွက် ငါ နင့်ကို လိုက်မရှာဘဲ အခုအချိန်အထိ ပြန်တောင် မတောင်းရသေးဘူးနော်။"

“အာ…” ထန်ရှု အနည်းငယ် ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်က ကျင်းမန်ကျွန်းသို့ သူ သွားရောက်ခြင်းသည် တောင်တရုတ်ပင်လယ်ရှိ ကျွန်းနှစ်ကျွန်းကို ကိုင်တွယ်ဖြေရှင်းပြီး ထိုသားရဲကြီးများကို သုတ်သင်ဆုံးမရန်နှင့် ယောင်မိသားစုကို ကိုင်တွယ်ဖြေရှင်းရန်ဟူသည့် အရေးကြီးသော ကိစ္စတစ်ခုကြောင့် ဖြစ်သည်။ သို့သော်လည်း သူသည် ဤကိစ္စကို ဟန်ကျင်းဝူအား ထုတ်ဖော်မပြနိုင်သောကြောင့် သူသည် ခါးသီးသော အပြုံးကိုသာ ပြုံးလိုက်နိုင်ပြီး

"ဒီကိစ္စကို ဘယ်လိုပြန်ပြီး ဆွေးနွေးရမလဲ။ ကိစ္စတစ်ခုခု ဖြစ်ရင် ကျွန်တော် သွားဖို့ အချိန်ယူရဦးမယ်။ ဥပမာ ရက်အနည်းငယ်ကြာရင် ရှန်ဟိုင်းမှာ လုပ်မယ့် အရမ်းအရေးကြီးတဲ့ တင်ဒါအစည်းအဝေးကို တက်ရောက်ရမှာမို့ နှစ်ရက်လောက် သွားရဦးမယ်။”

"တင်ဒါလား။ ဘယ်လို တင်ဒါဆွဲတာလဲ။” ဟန်ကျင်းဝူ အံ့သြသွားပြီး မေးလိုက်သည်။

"မကြာသေးခင် ရှန်ဟိုင်းရဲ့သီးခြားဒေသမှာ မြေကွက်ကျယ်ကြီးတစ်ခုဝယ်ဖို့ လူတချို့ကို စေလွှတ်ခဲ့တယ်။ ကျွန်တော်က အဲ့ဒီမှာ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ရုံးချုပ်အပြင် စက်မှုဥယျာဉ်တစ်ခုကိုလည်း တည်ဆောက်ဖို့ ပြင်ဆင်နေတယ်။ ရက်အနည်းငယ်ကြာရင် နိုင်ငံရဲ့ ထိပ်တန်း ဆောက်လုပ်ရေးကုမ္ပဏီ ၂၀ နီးပါးက အဲ့ဒီစီမံကိန်းအတွက် တင်ဒါဆွဲဖို့ လာရောက်ကြလိမ့်မယ်။”

"နင့်ရဲ့ကုမ္ပဏီရုံးချုပ်ကို ရှန်ဟိုင်းပြောင်းချင်တာလား။" ဟန်ကျင်းဝူက အံ့အားသင့်သွားသောလေသံဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။” ထန်ရှု ခေါင်းညိတ်ပြသည်။ “ရှန်ဟိုင်းက နိုင်ငံတကာမြို့ကြီးတစ်မြို့ဖြစ်တဲ့အပြင် ကမ္ဘာ့အရပ်ရပ်ကို ခရီးပေါက်နိုင်တဲ့ အကောင်းဆုံး တံခါးပေါက်လည်း ဖြစ်တယ်။ တကယ်လို့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ထုတ်ကုန်တွေကို နိုင်ငံရပ်ခြားမှာ ရောင်းချမယ်ဆိုရင် ကုမ္ပဏီရုံးချုပ်ကို ဒီနေရာမှာ တည်တာက အကောင်းဆုံးပဲ။ ဆရာမဟန် … ကျွန်တော်က အဲ့လို အရေးကြီးတဲ့ကိစ္စရပ်ကို ကိုယ်တိုင် တက်ရောက်ရမှာဖြစ်လို့ ခွင့်မပေးခဲ့ရင် အတန်းလစ်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူးလေ။ အတန်းလစ်ချိန်တွေ များလွန်းလို့ တက္ကသိုလ်ကနေ ကျွန်တော် နှင်ထုတ်ခံရတာကို မြင်ရလောက်တဲ့ထိတော့ ဆရာမ ကျွန်တော့်အပေါ် မရက်စက်ဘူးမဟုတ်လား။”

ဟန်ကျင်းဝူက ချီတုံချတုံဖြစ်နေပြီး အေးစက်စက် ပြောလိုက်သည်။

"ဟမ့် … နင့်ရဲ့ ခွင့်လျှောက်လွှာကို အချိန်မီ ပို့ပေးဖို့ မမေ့နဲ့။ လူကိုယ်တိုင် လာပို့ပေး။"

ထန်ရှု စိတ်ထဲတွင် ပျော်ရွှင်သွားရပြီး ချက်ချင်း သူမကို မြှောက်ပင့်စကားဆိုလိုက်သည်။

"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာမဟန်။ ဆောင်းတွင်းအားလပ်ရက်မှာ ဆရာမကို မတွေ့ရဘူး။ အရင်ကထက်တောင် ပိုနုပြီးလှလာသလိုပဲ။"

"ထွက်သွား…"

နောက်ဆုံးတွင် ဟန်ကျင်းဝူ၏မျက်နှာထက်တွင် အပြုံးလှလှပေါ်လာပြီး ထန်ရှုကို ချစ်စဖွယ်ဟန်လေးဖြင့် မျက်လုံးပြူးပြလိုက်သည်။

သူမနှင့်အာလပသလာပ အကြောင်းအရာအချို့ကို ပြောပြီးနောက် ကျောင်းဝင်းကို လာရသော ထန်ရှု၏ ရည်ရွယ်ချက်တစ်ခု ပြီးမြောက်သွားခဲ့ချေပြီ။ ထို့နောက် သူက ချက်ချင်း နှုတ်ဆက်ပြီး ကျောင်းသားအဆောင်သို့ သွားလိုက်သည်။ လမ်းတွင် သူသည် ယွဲ့ခိုင်ဆီ ဖုန်းဆက်လိုက်ရာ သူနှင့်အတူ ဟူချင်းစုန့်၊ ကျောက်လျန်တို့သည် ဈေးဝယ်ရန် အပြင်ထွက်သွားကြပြီး အဆောင်ထဲတွင် ရွှဲ့ချောင်ပဲ ရှိသည်ကို သိလိုက်ရပေသည်။

ဆယ်မိနစ်အကြာတွင် ထန်ရှုသည် အဆောင်အောက်ထပ်သို့ ရောက်ရှိလာပြီး ရွှဲ့ချောင်သည် စာအိတ်ကြီးတစ်အိတ်ကို ကိုင်ဆောင်ကာ အရှေ့တံခါးမှ ပြေးထွက်လာသည်ကို သူ တွေ့လိုက်ရသည်။ ထို့နောက် ရွှဲ့ချောင်က သူ့ကို မြင်ပြီးနောက် သူ့လက်ထဲ အတင်းထည့်လိုက်သည်။

"ဒါဘာလဲ။" ထန်ရှု အံ့သြသွားသည်။

“အဲ့ဒါ မင်းပိုက်ဆံပဲ။ ငါတို့လင်မယား ထာဝရခန်းမမှာ ခြောက်လလောက် ကြိုးကြိုးစားစား လုပ်လိုက်တာ ငွေအတော်လေး ရခဲ့တယ်။ နောက်ပြီး အကြီးအကဲချီကလည်း နှစ်သစ်ကူး အန်ပေါင်းအိတ်ထူထူကို လက်ထပ်ထားတဲ့ အလုပ်သမားအားလုံး လက်ဆောင်ပေးခဲ့သေးတယ်။ ဒီပမာဏက ငါတို့ရဲ့နေ့ရက်တွေကို အချိန်အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းဖို့ လုံလောက်တယ်။”

ထန်ရှုသည် ရွှဲ့ချောင်ကို လေးလေးနက်နက် တစ်ချက်ကြည့်ကာ အန်ပေါင်းအိတ်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ သူက ပြုံးပြပြီး ရွှဲ့ချောင်၏ပခုံးကို ဆွဲဖက်ကာ ကျောင်းဝင်းတံခါးဆီသို့ လျှောက်လာရင်း “မင်း ငါ့ဆီ သိပ်အကြွေးတင်မခံချင်ဘူးဆိုတာ ငါ သိတယ်။ ဒါကြောင့် ငါ ဒါကို လက်ခံလိုက်မယ်။ ငါတို့တွေက အတန်းဖော်တွေ၊ ညီအစ်ကိုတွေမို့ မင်းမှာ ပိုက်ဆံရှိရင် ငါလည်း ပျော်တယ်။ ဒါပေမယ့် မင်းမှာ ပိုက်ဆံမရှိတော့ရင် ငါ့ကိုပြောဖို့ မတွန့်ဆုတ်ပါနဲ့ ဟုတ်ပြီလား။"

ညီအစ်ကိုတွေ…

ထန်ရှု ပြောလိုက်သည့်စကားက ရွှဲ့ချောင်၏ရင်ထဲတွင် နွေးထွေးသွားစေသည်။ သူက သေသေချာချာ ခေါင်းညိတ်ပြီး “အခု ဘယ်သွားမှာလဲ။”

“တစ်ခုခု သွားစားဖို့ …” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ရှန်ဟိုင်းတက္ကသိုလ်ဝင်ပေါက်တွင်…

တန်ဖိုးကြီးဇိမ်ခံကား၄စီးသည် လမ်းဘေးတစ်နေရာတွင် ရပ်ထားပြီး ချစ်စရာကောင်းသော ကောင်မလေးကိုယ်စီ ပွေ့ဖက်ထားကြသော သူ၏ 'ပျော်ဖော်ပျော်ဖက် သုံးဦး' အား စီးကရက်ခဲကာ ကြည့်ရှုနေသည့် စုန့်ကျီစုန်သည် ပျင်းရိငြီးငွေ့နေဟန် ရှိသည်။ သူသည် သာမန်မဟုတ်သော မိသားစုမှ ဆင်းသက်လာပြီး တရုတ်နိုင်ငံရှိ ဟွာရှန်းအုပ်စု၏ အမွေဆက်ခံသူလည်း ဖြစ်သည်။ ရွှေဇွန်းကိုက်ကာ မွေးဖွားလာပြီး ငယ်စဉ်ကတည်းက အိမ်ရှေ့မင်းသားဘဝဖြင့် ခမ်းနားကြီးကျယ်စွာ နေထိုင်လာခဲ့သည်။

သို့သော် ဆယ်ကျော်သက်အရွယ်တွင် သိုင်းပညာကို ဝါသနာပါပြီး ကျွမ်းကျင်သူတစ်ယောက်ဖြစ်လိုသည့် ၎င်း၏အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် လမ်းကြောင်းအမျိုးမျိုးမှ ထူးချွန်သော ကျွမ်းကျင်သူများစွာကို ရှာဖွေသင်ယူပြီး ပုန်ကန်တတ်သော လူငယ်တစ်ဦး ဖြစ်လာခဲ့သည်။ နှမြောစရာကောင်းသည်မှာ သူ့အတွက် ငွေအတော်အတန် ကုန်ကျပြီး အနည်းငယ်သာ သင်ယူခဲ့ရသည့် ခဏတာ စိတ်အားထက်သန်မှုမှလွဲ၍ ဘာမှမဖြစ်လာခဲ့ခြင်းပေတည်း။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူသည် သူ့မိဘများနှင့်အတူ ရှန်ဟိုင်းသို့ လိုက်၍ စီမံခန့်ခွဲရေးတွင် ကိုယ်တိုင် ပါဝင်ခဲ့သည်။ ထို့နောက် အပေါင်းအသင်းများ ရှာဖွေရန် ထွက်သွားခဲ့ပြီး ရှန်ဟိုင်း၏ လူပေါ့ကြော့အချို့နှင့်အတူ တွဲမိခဲ့သည်။ နောက်ဆုံးတွင် ဒေသခံ လူရမ်းကားအချို့နှင့် စကားများရန်ဖြစ်ခဲ့ကြပြီး လူဆိုးဂိုဏ်းတစ်ခု၏အချိန်အတော်ကြာ နောက်ကလိုက်နေခြင်းကို ခံခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် မိန်းမလှလေး ဟန်ကျင်းဝူနှင့် တွေ့ဆုံခဲ့ပြီး သူမ၏ ကြောက်မက်ဖွယ် အားကောင်းမှုက သူ့အား လေးလေးနက်နက် သဘောကျစေခဲ့လေတော့သည်။

သိမ်မွေ့နူးညံ့ပြီး ဆွဲဆောင်မှုရှိသော သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားနှင့်အရှိန်အဟုန်တို့ကို သူ သိသိသာသာ မှတ်မိနေသေးသည်။ သူမသည် သိုးအုပ်ထဲသို့ ခုန်ဝင်သွားသော ကျားတစ်ကောင်နှင့်အလားတူပြီး စက္ကန့်အနည်းငယ်အတွင်း စတီးပိုက်များ ကိုင်ဆောင်ထားသော လူမိုက်တစ်စုသည် မြေပြင်ပေါ်သို့ ပြိုလဲကျကာ ဆိုးရွားစွာ မြည်တမ်းနေခဲ့ရလေ၏။

ထိုအချိန်တွင် ဟန်ကျင်းဝူ၏ကျက်သရေရှိကာ ရဲရင့်လှသော ပုံရိပ်သည် သူ့နှလုံးသားအတွင်း နက်နက်ရှိုင်းရှိုင်း ထွင်းထုထားပြီဖြစ်ပြီး သူမ၏ခြေတော်ရင်းတွင် စုန့်ကျီစုန် လုံးဝ ဝပ်စင်းသွားရခဲ့လေသည်။ ထို့ကြောင့် သူမကို လုံးဝ မသိသော်ငြား သူမ၏ဂုဏ်ပုဒ်နှင့် လူမှုဆက်ဆံရေးကို  စိတ်အားထက်သန်စွာ လိုက်ရှာခဲ့ပြီး သူ၏ပိုးပန်းမှုကို စတင်ခဲ့သည်။

ကံမကောင်းစွာပင် သူ၏နတ်ဘုရားမလေးသည် သူ့အား နှလုံးသားမဲ့စွာ ငြင်းဆိုသောကြောင့် ဘုရင်သည် ဆန္ဒသာ ရှိနေရုံသာဖြစ်နေလေ၏။ ဟန်ကျင်းဝူက သူ ဘယ်လောက်ပဲ လိုက်ရှာနေသည်ဖြစ်စေ အကြိမ်ပေါင်းများစွာ ငြင်းဆန်နေခဲ့ပေသည်။

ထန်ရှု…

ထိုလူသည် ဟန်ကျင်းဝူအကြောင်း သူ စုံစမ်းရာတွင် သိလာခဲ့ရသည့် လူများထဲမှ တစ်ဦးဖြစ်သည်။ တစ်ချိန်က ရွှမ်းချင်ပြည်နယ်ရှိ ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်ပြီး သူမ၏ ကျောင်းသားဟောင်းလည်းဖြစ်သည်။ ထန်ရှု ရှန်ဟိုင်းတက္ကသိုလ်တွင် စာရင်းသွင်းလိုက်ချိန်တွင် ဟန်ကျင်းဝူသည်လည်း ရှန်ဟိုင်းတက္ကသိုလ်သို့ တစ်ခါတည်း ပြောင်းရွှေ့သွားခဲ့သည်။ သူနှင့် ဟန်ကျင်းဝူကြား ဆက်ဆံရေးအကြောင်းအား ထန်ရှု၏ အတန်းဖော်အချို့ကို ရှာကာ မေးခဲ့သည်။ ရလဒ်သည် ထန်ရှုအား ဟန်ကျင်းဝူက သဘောကျသည်ဟူသည့် သတင်းဖြစ်လာပြီး ထိုသတင်းကြောင့်  အရမ်း စိုးရိမ်သွားခဲ့ရသည့်အပြင် ရှန်ဟိုင်းကို သူမ ပြောင်းရွှေ့ရသည့် အကြောင်းရင်းသည် ထန်ရှုကို သဘောကျနေသည့်အတွက်ကြောင့်ဟူသော သတင်းများပါ ကြားခဲ့ရသည်။

"သခင်လေးစုန့် … အဲ့ဒီကောင် လာနေပြီ။"

ရုတ်တရက် မိန်းကလေးကို ပွေ့ဖက်ထားသော လူငယ်တစ်ယောက်ဆီက အချက်ပေးသံ ထွက်ပေါ်လာပြီး ရှန်ဟိုင်းတက္ကသိုလ်၏ ကျောင်းဝင်းတံခါးကို ညွှန်ပြလိုက်သည်။

စုန့်ကျီစုန်သည် ထိုနေရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူစောင့်နေသော လူ၏အသွင်အပြင်ကို ရုတ်တရက် တွေ့လိုက်ရသည်။ လျှပ်တစ်ပြက်အတွင်း သူသည် ထိုနေရာသို့ လျှောက်သွားလိုက်ပြီး ထန်ရှု၏ လမ်းကြောင်းကို ပိတ်ဆို့ကာ

"မင်းက ထန်ရှုလား။ ဟန်ကျင်းဝူရဲ့ ကျောင်းသားလား။"

စုန့်ကျီစုန်က ထွက်သွားမည့်အစား သူ့ကို သည်နေရာတွင် အပြေးလာစောင့်လိမ့်မည်ဟု ထန်ရှုက မမျှော်လင့်ထားသောကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ သည်လူက သူ့အား မည်သည့်အကြောင်းကြောင့် ပစ်မှတ်ထားမှန်း မသိသည့်တိုင် ဟန်ကျင်းဝူနှင့် သေချာပေါက် ဆက်စပ်နေပေလိမ့်မည်။

"ဟုတ်တယ် … ငါပါ။" ထန်ရှုက ရွှဲ့ချောင်အား စိတ်ချဟူသော အကြည့်ဖြင့် ကြည့်လိုက်ပြီး တည်ငြိမ်သော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။

"စီးပွားရေးကိစ္စတစ်ခု လုပ်ရအောင်။" စုန့်ကျီစုန်က လှောင်ပြောင်သည်။

"ဟန်ကျင်းဝူအနားက မင်း ထွက်သွားဖို့ ယွမ် ၁သန်း ပေးလိုက်မယ် … သူ့နား ထပ်မပေါ်လာတော့နဲ့။ နောက်ပြီး တက္ကသိုလ်ကနေ တိုက်ရိုက်ထွက်ရင် နောက်ထပ် ၁ သန်း ထပ်ပေးမယ်။ ဘယ်လို သဘောရလဲ။"

ထိုသူ၏မောက်မာသော အမူအရာသည် ထန်ရှုအား များစွာ ခံပြင်းဒေါသထွက်စေခဲ့သည်။ ဤဒုတိယမျိုးဆက် သူဌေးသားသခင်လေးများသည် ကောင်းကင်နှင့်မြေကြီး၏ နက်နဲမှုနှင့် ကြီးမားမှုတို့ကို မည်သည့်အခါမျှ မသိကြချေ။ သည်ကောင်အား ခွန်းတုံ့ပြန်ချင်စိတ်ပင် ထန်ရှုတွင် မရှိဘဲ ပြန်ဖြေရန် ပျင်းလွန်းသည့်အတွက် ဒီအတိုင်း ဖြတ်ကျော်သွားလိုက်သည်။

ထန်ရှု၏အမူအရာက စုန့်ကျီစုန်အား ဒေါသထွက်သွားစေပြီး

"အခု ရပ်လိုက်စမ်း ထန်မျိုးရိုးကောင်။"

ထန်ရှု မျက်မှောင်ကြုတ်သွားပြီး နောက်သို့ လှည့်ကာ ဂရုမစိုက်ဘဲ မေးလိုက်သည်။

“မင်းကို တစ်ခုလောက် မေးပါရစေ။ မင်းကိုယ်မင်း ယုံကြည်မှု မရှိဘူးလား ဒါကြောင့် ဒီလိုဈေးပေါတဲ့ အကွက်တွေကို သုံးနေတာလား။ ငါ မင်းကို ကြိုပြောထားလိုက်မယ်။ ငါက ပိုက်ဆံ မလိုဘူးဟေ့လူ … မင်းအဖေရဲ့ ပိုက်ဆံတောင် ငါ့ကို မှီမှာ မဟုတ်ဘူး။"

“ဝိုး … ဝိုး … ဝိုး …။ ရှန်ဟိုင်းတက္ကသိုလ်မှာ ဒီလို ရူးသွပ်တဲ့ လူတစ်ယောက် ရှိနေပြီလား။” လူငယ်တစ်ယောက်က သူ့လက်မောင်းထဲက ကောင်မလေးကို လွှတ်ပေးလိုက်ပြီး စီးကရက်တစ်လိပ် ခဲကာ ပြုံးပြုံးရွှင်ရွှင် လမ်းလျှောက်လာသည်။ "သခင်လေးစုန့်မိသားစုမှာ ပိုက်ဆံဘယ်လောက်ရှိလဲ မင်း သိလား။ သူ့အဖေရဲ့ စီမံခန့်ခွဲမှုအောက်မှာ စာရင်းဝင်ကုမ္ပဏီတွေ ဘယ်လောက်ရှိတယ်ဆိုတာ မင်း သိလား။ အရေးကြီးဆုံးက သူ့အဖေက ဘယ်သူလဲ ဆိုတာတောင် မင်း သိလို့လား။ ဟားဟား…”

"မင်းက ဘယ်သူလဲ။" ထန်ရှုက မေးလိုက်သည်။

လူငယ်က ချောင်းတစ်ချက်ဆိုးလိုက်ကာ သူ့အဝတ်အစားတွေကို ဆွဲဆန့်လိုက်ပြီး

“ငါက ရှန်ဟိုင်းမြို့က ဒေသခံတစ်ယောက်ပါ။ ပြီးတော့ ငါ့ကို မသိတဲ့ ဒုတိယမျိုးဆက် သူဌေးသား သခင်လေးတွေနဲ့ အရာရှိ လက်တစ်ဆုပ်စာလောက်ပဲ ရှိမယ်။ မရယ်ပါနဲ့ … ငါ မင်းကို ကြောက်လန့်ပြီး နောက်ပြန်ဆုတ်သွားအောင် လုပ်လိုက်ရုံနဲ့ ငါ့သူငယ်ချင်းက မင်းကို ရှင်းစရာ မလိုတော့ဘူးပေါ့။ အခုခေတ်က ဒုက္ခနည်းလေလေ ပိုကောင်းလေ မဟုတ်လား။"

"မင်းက ဒီမှာ ဒေသခံလား။" ထန်ရှုက ရယ်မောလိုက်သည်။ "မင်းရဲ့မျိုးရိုးနာမည်က ဘာလဲ။"

"ဟမ့် … မင်း သူ့အကြောင်း ကြားဖူးမှာ မဟုတ်ဘူး။" စုန့်ကျီစုန်က ကြားဖြတ်ဝင်ပြောပြီး လှောင်ပြောင်လိုက်သည်။

"ဟန်ကျင်းဝူလို မိန်းကလေးမျိုးနဲ့တောင် မင်းက ကြံစည်ဝံ့သေးတာလား။ တကယ် သတ္တိတွေ ရှိနေတာပဲ။ ရှင်းယန်အုပ်စုကို မင်း သိလား။ သူက ရှင်းယန်အုပ်စုရဲ့အနာဂတ်ကို ဆက်ခံသူ ကျန်းကျီထောင်ပဲ။"

ရှင်းရန်အုပ်စုဟုတ်လား။

ထိုလူငယ်ကို ကြည့်ရင်း ထန်ရှု၏မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး

"မင်းက ကျန်းယွဲ့မင်ရဲ့သားလား။"

ကျန်းကျထောင်၏မျက်နှာပေါ်တွင် အပြုံးသည် တန့်သွားသည်။ သူက မျက်ခုံးတစ်ချက်ပင့်ကာ “ငါ့အဘိုးကြီးနာမည်ကို ပြောဖို့ မင်းမှာ အရည်အချင်း မမီဘူး။ ငါ မင်းကို ဒီတစ်ခေါက် လွှတ်ပေးနိုင်ပေမယ့် မင်းငါ့ရှေ့မှာ ထပ်ပြောရဲရင် နောင်တရသွားစေရမယ်။"

ထန်ရှု ရုတ်တရက် ပြုံးလိုက်သည်။ ထိုအပြုံးက သာမန်ထက် ထူးခြားနေသောကြောင့် ကျန်းကျီထောင်သည်ပင် စနိုးစနောင့်ဖြစ်သွားပြီး ထန်ရှု ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခု ခေါ်လိုက်သည်ကို စောင့်ကြည့်နေသည်။

"ဂုဏ်သိက္ခာကြီး ဟန်ဆောင်နေသေးတယ်။"

ကျန်းကျီထောင်သည် သူ့နောက်မှ တန်ဖိုးကြီးကားကို မှီကာ လက်နှစ်ဖက်ကို ပိုက်ကာ ရပ်နေရင်း ရယ်ချင်နေသော အမူအရာကို ပြနေသည်။

ထန်ရှုသည် ကျန်းယွဲ့မင်၏ဖုန်းနံပါတ်ကို ခေါ်ဆိုပြီးနောက် ဖုန်းအသံချဲ့စက်ကို ချက်ချင်း ဖွင့်လိုက်သည်။ ဖုန်းချိတ်ဆက်နေသည့်အသံ မြည်လာပြီးနောက် ကျန်းယွဲ့မင် ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာသည်။

"ဟားဟားဟား … ညီအစ်ကိုထန် … ရှန်ဟိုင်းကို ပြန်ရောက်ပြီလား။ ဂူချန်းမင်က မင်းကို ညစာ ဧည့်ခံဖို့အတွက် မင်း ပြန်လာတာကို စောင့်နေတာဆိုပြီး ပြီးခဲ့တဲ့နှစ်ရက်လောက်က ငါ့ကို ပြောဖူးတယ်။”

ကျန်းကျီထောင်၏မျက်နှာပေါ်ရှိ ရယ်ချင်နေသော အမူအရာသည် ချက်ချင်းပင် ရပ်တန့်သွားပြီး အနည်းငယ် အံသြသွားကာ မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

… အဲ့ဒါ ငါ့အဖေရဲ့ အသံကြီးလေ။ သူ့အသံက တခြားသူတွေထက် ငါ ပိုရင်းနှီးတာပေါ့။…

ထန်ရှုက သူ့ကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ကျန်းယွဲ့မင် … လူတစ်ယောက်က ခင်ဗျားနာမည်ကို ကျွန်တော် ခေါ်ရင် နောင်တရစေရမယ်လို့ ပြောလာတယ်။ ခင်ဗျားရဲ့နာမည်ကို ဘယ်သူ့မှ မပြောနိုင်အောင် တားမြစ်နိုင်တဲ့ အင်အားကြီးတဲ့ သူနဲ့ ဘယ်တုန်းက လက်တွဲထားတာလဲ။"

***

All Chapters