← Chapters

နင် ယောက်ျား မဟုတ်ဘူးလား

Vol. 50 Ch. 688

နင် ယောက်ျား မဟုတ်ဘူးလား

Vol. 50 Ch. 688

ရှန်ဟိုင်းရှိ သောင်းနှင့်ချီသောအိမ်များမှ မီးအိမ်များသည် ညအချိန်ကျရောက်လာသည်နှင့် တောက်ပစွာ လင်းနေခဲ့သည်။ အရောင်အသွေး စုံလင်နေသော ညသည် ခမ်းနားကြီးကျယ်သော စိတ်ကူးယဉ်အိပ်မက်ကို ပြသနေသည့်အလားပင်။ အဆုံးမရှိ ရှည်လျားသော အသွားအလာများသည့် လမ်းများ၊ လမ်းမများထက်က လင်းထိန်နေသော ကားမီးရောင်များဖြင့် နဂါးများအလား  ကားတန်းရှည်ကြီးများ၊ အထပ် ၄၀ ရှိသော အဆောက်အဦးများက ချမ်းအေးလှသော ဆောင်းရာသီအား သက်ဝင်ပူနွေးစေသကဲ့သို့ပင်။

တွမ်ဆန်အိမ်ရာ …

ပြတင်းပေါက်များအားလုံး ဖွင့်ထားသော်လည်း အခန်းသည် အလင်းဖျော့ဖျော့သာ ရှိသည်။  လအလင်းရောင် မထင်မရှားသောည၌ သွယ်လျသောရုပ်သွင်သည် ရွှေချည်ဖြင့် ချုပ်ထားသော အဝါရောင် စာအုပ်တစ်အုပ်ကို ကိုင်ကာ ပြတင်းပေါက်နားတွင် ဒူးထောက်ထိုင်လျက် ငြိမ်သက်စွာ ဖတ်ရှုနေသည်။

“ထောင့်ငါးထောင့်နဲ့ ကြယ်ခြောက်ပွင့်။ ကြယ်များသည် အပြန်အလှန် ချိတ်ဆက်နေကြသော်လည်း လျှို့ဝှက်ဆန်းကြယ်ဆုံးသော ကြယ်ခြောက်ပွင့် အစီအရင်ကို ဖွဲ့စည်းရန် အစီအရင်ကို အလွှာလိုက် ဖွဲ့စည်းထားသည်။ အလယ်ဗဟိုသည် ဖြေရှင်းရန် ခက်သည့် အဓိကအချက်ဖြစ်ပြီး မြင်နေရသော ကြယ်ငါးပွင့်သည် ဂိတ်တံခါးအဖြစ် ဖွဲ့စည်းလာသည်။”

လရောင်အလင်းဖျော့ဖျော့သည် အောက်ရှိ အဝါရောင်စက္ကူထက်တွင် တောက်ပနေပြီး ထိုစက္ကူထက်တွင် ကြယ်ခြောက်ပွင့် အစီအရင်ပုံစံအား ပျံသန်းနေသော နဂါးများ၊ ဖီးနစ်အကများနှင့်အတူ ရေးဆွဲထားသည်။ အကယ်၍ ထန်ရှုသာ ဤနေရာတွင် ရှိနေခဲ့ပါက စက္ကူပေါ်ရှိ ကြယ်ခြောက်ပွင့် အစီအရင်သည် လုံကွမ်စိမ့်မြေရှိ ဆေးပင်များ စိုက်ပျိုးထားသော လိုဏ်ဂူ၏မျက်နှာကျက်တွင် သူ တွေ့မြင်ခဲ့ရသည့် စိတ်ဝိညာဉ်တည်ငြိမ်ကျောက်တုံးနှင့် နဂါးမျက်လုံး အစီအရင်ပုံစံအတိုင်း အတိအကျပင် တူညီနေသောကြောင့် အံ့အားသင့်သွားပေလိမ့်မည်။

ရွှယ်ယုသည် မျက်လုံးမှိတ်ထားလျက် သူမ၏လက်ချောင်းသွယ်သွယ်လေးများသည် အဆက်မပြတ် လှုပ်ရှားနေသည်။ အထူးစွမ်းအားတစ်ခုက ကောင်းကင်မှ ဆင်းသက်လာကာ သူမကို လွှမ်းခြုံသည်။ သူမ၏ မျက်လုံးများထဲတွင် ကြယ်ပွင့်များ၏ လမ်းကြောင်းသည် လရောင်နှင့်အတူ လှည့်ပတ်နေပုံရသည်။

ဝေါ့…

ပါးစပ်တစ်လုပ်အပြည့် သွေးများ အန်လိုက်ရသည်။ ကျောက်စိမ်းဖြူသဖွယ် ဖြူဝင်းမွတ်သော သူမ၏မျက်နှာလေးသည် ထိခိုက်သွားဟန်ရကာ ဖျော့တော့သွားပြီး အချည်းနှီးဖြစ်မှုနှင့် စိတ်ပျက်မှုဟူသော ခံစားချက်တို့ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

“ဘိုးဘေးအဘွားက ဒီကြယ်ခြောက်ပွင့်အစီအရင် ဇယားကို ငါ့ဆီ ပေးခဲ့ပြီး အဲ့ဒါကို ငါ အချိန်အတော်ကြာ လေ့လာနေပေမယ့် အဲဒီထဲက နောက်ဆုံးနက်နဲတဲ့ အပိုင်းကို မဖြေရှင်းနိုင်တာ စိတ်မကောင်းစရာပဲ။ သူ့မျက်လုံးထဲမှာ ငါ့တန်ဖိုးက သုညလိုပဲ ဖြစ်နေတာမို့ မိန်းမတစ်ယောက်အနေနဲ့ ကိုယ့်တန်ဖိုးကိုယ် ထုတ်ဖော်ပြသဖို့ လိုတယ်။ သူ့ကို အင်မော်တယ် ရတနာသိုက်ကို ကူဖွင့်ဖို့ ဒီကြယ်ခြောက်ပွင့် အစီအရင်ကို ငါ ချိုးဖျက်ရမယ်။ ငါ့ရဲ့အခွင့်အရေးက သူ့အပေါ်မှာ ရှိပြီး ငါ့ဘဝက သူ့နဲ့ တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတယ်လို့ ဘိုးဘေးအဘွားက ပြောထားတယ်။ အင်မော်တယ်လမ်းပေါ်က ကံကြမ္မာတလျှောက် နှစ်ထောင်ပေါင်းများစွာမှာ သူက ငါ့ကို အဖော်လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသော သူ ဖြစ်တယ်လို့ ဘိုးဘေးအဘွားက ဆိုခဲ့တယ်။”

ရွှယ်ယု၏အမူအရာသည် တဖြည်းဖြည်း ကြံ့ခိုင်လာသည်။ သူမ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်ရန် အဖြူရောင် ပိုးလက်ကိုင်ပုဝါကို ယူလိုက်ရင်း အကြည့်များက အဝါရောင် ရွှေချည်ဖြင့် ချုပ်ထားသော စာအုပ်ဆီသို့ ပြန်ရောက်သွားသည်။

****

ရှန်ဟိုင်း … ကျင်းတင်းခရိုင်…

ရှန်ဟိုင်း၏အနောက်မြောက်ဘက်တွင်တည်ရှိပြီး အကောင်းဆုံးဥယျာဉ်သည် "သဘာဝအလှ" ဟူသော အကြောင်းအရာကို အပြည့်အဝ ထင်ဟပ်စေသည်။ ကျောက်ဆောင်အထပ်ထပ်များ၊ အဋ္ဌဂံအဆောင်ငယ်များ၊ အကွေ့အကောက်များသော တံတားများနှင့် တောက်ပကြည်လင်သော ရေကန်ငယ်များဖြင့် နေရာဝန်းကျင်တစ်ခုလုံးသည် စိမ်းစိုလှပနေသည်။ စက်ယန္တရားများဖြင့် ကောင်းမွန်စွာ ဖောက်လုပ်ထားသည့် လမ်းများသည် သစ်တောများကြားတွင် တည်ရှိပြီး ဥယျာဉ်အတွင်းရှိ နေရာများကို တူညီအောင် ဖန်တီးခြင်း၊ ချိန်ညှိခြင်းနှင့် ခွဲထုတ်ခြင်းစသည့် အမျိုးမျိုးသော တောတောင် ရေမြေ စိမ့်စမ်း ရှုခင်းများကို ဖန်တီးသည့် နည်းစနစ်များကို သုံးလျက် အရွယ်အစား သေးငယ်သည်ဖြစ်စေ ကြီးမားသည်ဖြစ်စေ စိမ်းလန်းသာယာသော ရှုခင်းများကို အနုပညာရသမြောက်စွာ ပြုလုပ်ဖန်တီးထားသည်။

တောင်ကုန်းအဆင့်ဆင့်နှင့် ကန်ရေပြင်များတွင် ပန်းများနှင့်သစ်ပင်များဖြင့် စိုက်ပျိုးထားသည့် ဥယျာဉ်များ ရှိသော အကောင်းဆုံးဥယျာဉ်သည် ဂန္တဝင်ဗိသုကာလက်ရာတစ်ခုဖြစ်ပြီး ၎င်းသည် လူနှင့် သဘာဝတရားတို့ အတူတကွ တည်ရှိနေသော “မြို့ပြသစ်တော”ကို ဖန်တီးကာ ဤစည်ကားသော မြို့ကြီးတွင် သဟဇာတဖြစ်အောင် ကြည်နူးစရာ ကောင်းသည့် ကဗျာဆန်ဆန် ခမ်းနားသော ရှုခင်းကို ဖန်တီးပေးထားသည်။

အတိအကျပြောရမည်ဆိုပါက သည်နေရာသည် ဧကရာဇ်ဥယျာဉ် တည်ရှိသော နေရာဖြစ်သည်။

ညအမှောင်အောက်တွင် ဧကရာဇ်ဥယျာဉ်ရှိ လမ်းများအားလုံးသည် အနီရောင်မီးပုံးကြီးများဖြင့် လင်းထိန်နေပြီး သစ်မွှေးအမွှေးတိုင်၏သင်းရနံ့သည် လေထဲတွင် လွင့်ပျံနေသည်။ ပန်းပွင့်ဖော်ထိုးထားသော ကုတ်အင်္ကျီနှင့် ခြေဖဝါးများကို တင်းကြပ်စွာ ချည်ထားသည့် ဖိနပ်များအား ဝတ်ဆင်ထားသော အမျိုးသမီးများသည် ခြံဝင်းငယ်လေးများတွင် နေရာအနှံ့ သွားလာနေပြီး အရသာရှိသော အစားအစာများ ပါဝင်သည့် လင်ဗန်းများ ကိုင်ဆောင်ကာ ဝန်ဆောင်မှုပေးနေကြသည်။

"သခင်လေး…"

ဖြူဖျော့ပြီး တည်ငြိမ်နေသောအသွင် ရှိသော ချူယွမ်ကို မြင်သောအခါ ဧကရာဇ်ဥယျာဉ်ရှိ လူတိုင်းက သူ့ကို နှုတ်ဆက်ကြသည်။ ချူယွမ်သည် ယခင်ကဆိုလျှင် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြကာ တုံ့ပြန်နှုတ်ဆက်ခဲ့ပေလိမ့်မည်။ သို့သော် ယနေ့တွင် သူ အလျင်စလို ဖြစ်နေပြီး သူ၏ပုံမှန်မဟုတ်သော အမူအရာကြောင့် လူတိုင်းကို အံ့အားသင့်သွားစေသည်။

ဧကရာဇ်ဥယျာဉ်၏အလယ်ဗဟိုတွင် သုံးထပ် ဂန္တဝင် အဆောက်အဦးတစ်ခုသာရှိသည်။ နဂါးနံ့သာမွှေးရနံ့သည် ထောင့်တိုင်း၌ ပျံ့နှံ့နေပြီး ထိုနေရာ၌ ဆံပင်ဖြူရှည်ပိုင်ရှင် အဘွားအိုတစ်ယောက်သည် ခြေသုံးချောင်းထောက် ရွှေရောင်ကွင်းတစ်ကွင်းကို ပွတ်သပ်လျက် အရှေ့က တရားထိုင်ဖုံတွင် ထိုင်နေသည်။

ကျွီ…

သစ်သားတံခါးသည် အပြင်ဘက်မှ ညင်သာစွာ တွန်းဖွင့်ခြင်း ခံလိုက်ရပြီး ချူယွမ်သည် အခန်းထဲသို့ လှမ်းဝင်လာကာ အဘွားအိုဘေးနားရှိ တရားထိုင်ဖုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူ၏မျက်လုံးများသည် အသက်ကင်းမဲ့နေပြီး အတွေးများနေသဖြင့် စိတ်ဝိညာဉ်ကို အဝေးသို့ ဆွဲငင်ဖယ်ထုတ်ခံလိုက်ရသည့် လူတစ်ဦးအလားပင်။

အဘွားအို လှည့်ကြည့်လိုက်ချိန်တွင် ချူယွမ်၏ အမူအရာကို မြင်သောအခါ အံ့အားသင့်သွားသည်။ သူမ၏မျက်ခုံးများသည် ရုတ်ခြည်းပင် အနည်းငယ် တွန့်သွားပြီး အေးစက်စက် ညည်းညူကာ ပြောလိုက်သည်။

“နှလုံးသားမီးသန့်စင်ရေး မန္တန် … ဆယ်ကြိမ်။”

ချူယွမ်သည် ထိတ်လန့်စွာ ကြည့်ပြီးနောက် ချက်ချင်းပင် ခေါင်းငုံ့ကာ မျက်လုံးမှိတ်လိုက်သည်။ အချိန် တရွေ့ရွေ့ ကုန်ဆုံးလာရာ မျက်စိတစ်မှိတ်အတွင်း နာရီဝက် ကြာသွားခဲ့ပြီဖြစ်သည်။

ချူယွမ်သည် စိတ်ထဲမှ နှလုံးသားမီးသန့်စင်ရေးမန္တန်ကို ရွတ်ဆိုပြီးစီးသွားသောအခါ သူ၏မျက်လုံးများ ချက်ချင်း ပွင့်လာသည်။ သို့သော် သည်တစ်ကြိမ်တွင် သူ၏မျက်ဝန်းများထဲ၌ ချွန်ထက်သော ဓားတစ်ချောင်းသဖွယ် တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

"နင့်စိတ်ထဲမှာ စိတ်အနှောင့်အယှက်ပေးနေတဲ့ အရာတစ်ခုခု ရှိနေသလား။"

အဘွားအိုကာ ခြေသုံးချောင်းထောက် ရွှေရောင်ကွင်းကို စိုက်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် မေးလာသည်။

ချူယွမ်က တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီး

"ထန်ရှုဆီ ကျွန်တော် အလည်သွားခဲ့တော့ သူက ကျင်းစန်းချီနဲ့ ကျင်းစီကျဲကို သတ်ခဲ့တဲ့သူဆိုတာ သေချာတယ်။ ထူးဆန်းသောတံခါးများအောက်က ဂိုဏ်းအားလုံးကို ရှင်းလင်းဖို့ လူတွေကို စေလွှတ်ပြီး အဲ့ဒီဆရာသခင်ရှစ်ယောက်ကိုလည်း သတ်ပစ်ခဲ့သေးတယ်။ သူက စံနမူနာထားရလောက်တဲ့ ကျင့်ကြံသူဖြစ်သလို အလွန်ကြောက်စရာကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်ဆိုတာ ကျွန်တော် အတည်ပြုခဲ့ပြီးပြီ။ ကျွန်တော်တို့ ဧကရာဇ်ဥယျာဉ် ထောက်လှမ်းရေးစနစ်က နိုင်ငံတစ်ဝှမ်းရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၁၈ ဖွဲ့ကို တာဝန်ပေးခဲ့တယ်။ အဲ့ဒီထဲက ၁၇ဖွဲ့က သတင်းတွေနဲ့အတူ ပြန်ရောက်လာတယ်။ ကျွန်တော်တို့အဖွဲ့နဲ့ အဆက်အသွယ်ပြတ်သွားတာက သူ့နောက်ကွယ်က အင်အားစုတွေကို စုံစမ်းဖို့ တာဝန်ပေးထားတဲ့အဖွဲ့ပါ။”

"နင် အမှားတစ်ခု လုပ်ထားတယ်။" အဘွားအိုက ခေါင်းယမ်းပြီး သက်ပြင်းချသည်။

"ကျွန်တော် ဘာအမှား လုပ်မိသွားတာလဲ။" ချူယွမ်က စိတ်ရှုပ်ထွေးသွားသောအမူအရာဖြင့် မေးလိုက်သည်။

"ထူးဆန်းသော တံခါးများ ဖြစ်ပျက်သွားတာနဲ့ ကျင်းစန်းချီ၊ ကျင်းစီကျဲတို့ကို ကံကြမ္မာဆိုးတွေ တွေ့အောင် လုပ်ခဲ့တဲ့သူက သူ့နဲ့ ဆက်နွယ်နေတယ်ဆိုတာကို နင် ခန့်မှန်းပြီးကတည်းက သူ့ကို စုံစမ်းဖို့ လူတွေကို မလွှတ်သင့်တော့ဘူး။ နင် သူနဲ့ ပတ်သက်တဲ့ အရာရာမှာ ပါဝင်နေတာတွေကို ရပ်သင့်တယ်။ ဒီခေတ်ကြီးမှာ ငါတို့ရဲ့ ဧကရာဇ်ဥယျာဉ်က ဧကရာဇ်တစ်ပါးဖြစ်လာမယ့် နဂါးတစ်ကောင်ကို မွေးမြူနိုင်စွမ်း မရှိတော့ဘူး။ ငါတို့ရဲ့ခေတ်ဟောင်းနည်းလမ်းတွေကို ဆိတ်ဆိတ်နေရင်းနဲ့ပဲ ကာကွယ်နိုင်ပြီး အလင်းရောင်နဲ့ တိမ်မြုပ်မှုအောက်မှာ ပုန်းကွယ်နေလို့ရတယ်။ ဒါပေမယ့် သူ … ဒါမှမဟုတ် သူ့ကမ္ဘာက ပိုပြီး ရက်စက်ကြမ်းကြုတ်တယ်။ ဧကရာဇ်ဥယျာဉ်ရဲ့ မျိုးဆက်ပေါင်းများစွာက ဘိုးဘေးတွေ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံများထက် ပိုပြီးရက်စက်တယ်။ ဒါက နဂါးတံခါးကို ဖြတ်ကျော်ခုန်နေတဲ့ ငါးကြင်းတစ်ကောင်ရဲ့ အခွင့်ကောင်းတစ်ခုဖြစ်သလို လူ့လောကရဲ့ အင်တန် နက်ရှိုင်းတဲ့ တွင်းနက်ငရဲတစ်ခုလည်း ဖြစ်နိုင်တယ်။”

ချူယွမ် တိတ်ဆိတ်သွားသည်။ သူ၏အမူအရာက အဆက်မပြတ် ပြောင်းလဲနေရင်း ရူးသွပ်သော အကြည့်တစ်ခု ပေါ်လာကာ လေးလေးနက်နက် ပြောလိုက်သည်။

“အချိန်ယူဖို့အတွက် မထင်မရှား ပုန်းနေရတာက ကျွန်တော့်ရဲ့စီးဆင်းနေတဲ့သွေးတွေကို နှေးကွေးစေပြီး ပိုပြီးစိတ်ဓာတ်ကျစေလိမ့်မယ်။ ကျွန်တော် သူ့လို ဖြစ်ချင်ပြီး သူ့ကမ္ဘာက ဘယ်လိုပုံစံလဲဆိုတာကို ကြည့်ဖို့ မျှော်လင့်နေတယ်။”

အဘွားအို၏စူးရဲသောအကြည့်က သူ့အပေါ် ချက်ချင်း ကျရောက်လာသည်။ သူမသည် နောက်ဆုံးတွင် မီတာအနည်းငယ်အကွာက ဦးတည်ရာအရပ်ရပ်ဆီသို့ သူမ၏အားနည်းသော စိတ်ဝိညာဉ်စွမ်းအားများ လွှမ်းခြုံထားမှုကို ပြန်ရုပ်သိမ်းလိုက်သည်။

"နင် အဲ့ဒါကို သေသေချာချာ စဉ်းစားပြီးပြီလား။"

ချူယွမ်က ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။ “ကျွန်တော် စဉ်းစားပြီးပါပြီ။”

အဘွားအိုက သူ့ကို လေးလေးနက်နက်ကြည့်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမက လက်ခုပ်တီးလိုက်ရာ မှုန်ရီသော လူရိပ်လေးဦးသည် သူတို့၏အရှေ့တွင် ပေါ်လာခဲ့သည်။ အဘွားအို၏ လေသံနှင့်အမူအရာသည် ယခင်ကထက် ပိုမိုအေးစက်လာကာ သူမ၏အရှိန်အဟုန်သည် တိုးမြင့်လာပြီး

“ငါ့အမိန့်ကို ပြောလိုက်ကြ။ ချူယွမ်က ဒီနေ့မှစပြီး ဧကရာဇ်ဥယျာဉ်ရဲ့သခင်လေး မဟုတ်တော့ဘူး။ နောင်တစ်ချိန် ဧကရာဇ်ဥယျာဉ်ရဲ့သခင်ရာထူးကို အမွေဆက်ခံမယ့် အခွင့်အရေးကနေလည်း သူ နုတ်ထွက်လိမ့်မယ်။ ဧကရာဇ်ဥယျာဉ်ရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲအဖြစ် သူ့အမည်ကို ချိတ်ဆွဲဖို့ ဧကရာဇ်ရေးရာအခန်းက သခင်ဘိုကို အကြောင်းကြားပေး။ နောက်ပြီး ဒီသတင်းကိုလည်း ဖြန့်ပေးပါ။”

“ဒါ…”

အလင်းတန်းများသဖွယ် လျင်မြန်စွာ ထွက်ပေါ်လာသော အဘိုးအိုလေးယောက်က အံ့အားသင့်သွားကြသည်။ ချူယွမ် ကြီးပြင်းဖွံ့ဖြိုးလာသည်နှင့်အမျှ သူတို့သည် စောင့်ကြည့်နေခဲ့သည်။ ဧကရာဇ်ဥယျာဉ်တစ်ခုလုံးရှိ လူငယ်မျိုးဆက်များကြားတွင် သူသည် အထူးချွန်ဆုံး လူငယ်ဟု ဆိုနိုင်သည်။ ထို့အပြင် သူ့ဖခင်သည် ဧကရာဇ်ဥယျာဉ်သခင်ဖြစ်ပြီး သည်အဘွားအိုသည် သူ၏အဘွား ဖြစ်ပေသည်။

ဒါပေမယ့် ဘာကြောင့်လဲ။ သူ့ရဲ့အမွေဆက်ခံခွင့်တွေကို ဘာကြောင့် ဖျက်သိမ်းလိုက်တာလဲ။

“သွားတော့…။” အဘွားအိုက လေးနက်သော လေသံဖြင့် အော်လိုက်သည်။

အဘိုးအိုလေးယောက်၏အမူအရာ အနည်းငယ် ပြောင်းသွားပြီး ချက်ချင်း ခေါင်းညိတ်ကာ ထွက်ခွာသွားကြသည်။

အခန်းတွင်းရှိ လေထုအခြေအနေသည် အနည်းငယ် လေးလံနေပြီး နဂါးနံ့သာမွှေးရနံ့သည် လူများကို သက်တောင့်သက်သာ မဖြစ်စေတော့ပေ။ အချိန်အတော်ကြာပြီးနောက် အဘွားအိုက သက်ပြင်းချရင်း လက်ကို ဝှေ့ယမ်းကာ

“နင်ကိုယ်တိုင် ကြိုးပမ်းတည်ထောင်ခဲ့တဲ့ လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့ကိစ္စတွေကိုတော့ ဧကရာဇ်ဥယျာဉ်က တခြားလူတွေကို လွှဲပေးရလိမ့်မယ်။ နောက်ပိုင်းတော့ အားလပ်ရက် ဒါမှမဟုတ် အရေးကြီး ကိစ္စမဟုတ်ရင် နင် ဧကရာဇ်ဥယျာဉ်ဆီ ပြန်မလာနဲ့။ နိုင်ငံခြားရေးရာ အကြီးအကဲတစ်ဦး ဖြစ်တာက ပျင်းရိစရာအလုပ်က လွဲပြီး ဘာမျှမဟုတ်လို့ အနာဂတ်မှာ နင် လွတ်လွပ်လပ်လပ် ဖြစ်နေပါလိမ့်မယ်။"

ချူယွမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဒူးထောက်ထိုင်ချကာ အဘွားအိုအား သုံးကြိမ်တိုင်တိုင် အရိုအသေပေးပြီး

“ကျေးဇူးပြုပြီး ဂရုတစိုက်နဲ့ ကျန်းကျန်းမာမာ နေပေးပါ အဘွား။ ဧကရာဇ်ဥယျာဉ်က ကျွန်တော့်အိမ်ပါ။ အဘွားကို လွမ်းတဲ့အခါတိုင်း ကျွန်တော် ပြန်လာတွေ့ပါမယ်။"

ထို့နောက် သူသည် မတ်တတ်ရပ်ကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ပြီး အခန်းထဲမှ ထွက်လာသည်။ အခန်းအပြင်ဘက်တွင် သူ၏ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် အဘွားအို၏ အေးစက်သော မျက်နှာသည် တောက်ပသော အပြုံးဖြင့် အစားထိုးသွားပြီး သူမ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများပင် ပြေလျော့သွားသည်ကို ချူယွမ်တစ်ယောက် မသိနိုင်တော့ပေ။

“ကျင့်ကြံသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖို့ ငါ့အမိန့်ကို ထုတ်လိုက်။ အဲ့ဒီလူတွေနဲ့ စီးပွားရေး ဆက်ဆံဖို့ တာဝန်ပေးပြီး သူတို့ရဲ့အထောက်အထားကို ဖုံးကွယ်ထားရင်တောင် အဲ့ဒါကို လုပ်ပါ။ ငွေပိုပေးရရင်တောင်မှ ကျင့်ကြံနည်းစနစ်ရဲ့ ရှေးဟောင်းလက်စွဲစာအုပ်ကို ရအောင် ယူရမယ်။ ငါ့မြေးက ဆုံးဖြတ်ချက် ချပြီးသွားပြီ။ ဒါကြောင့် ဒီအခက်အခဲကို ဖြတ်ကျော်ပြီး သူ့ကိုယ်သူ ပုံသွင်းဖို့ သူ့ကို သွားခွင့်ပြုလိုက်မယ်။ ငါတို့ ဧကရာဇ်ဥယျာဉ်အတွက် အနာဂါတ်တံခါးကို သူ ဖွင့်ပေးနိုင်လိမ့်မယ်။” အဘွားအိုက အပြုံးလေးနှင့် ပြောလိုက်သည်။

"နားလည်ပါပြီ။"

မီတာအနည်းငယ်အကွာမှ မသဲမကွဲ အသံလေးတစ်ခု ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်သည် အနည်းငယ် ပြောင်းလဲသွားပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

****

ရှန်ဟိုင်း ကြယ်ပြာအိမ်ရာ …

ထန်ရှုသည် သူ့အရှေ့တွင် ပြုံးနေသော အိုးရန်လူလူကို ကြည့်ပြီး ခေါင်းကိုက်လာသည်။ ထန်ရှု၏လက်ထဲတွင် ဖိတ်စာတစ်စောင် ကိုင်ထားပြီး ထိုဖိတ်စာသည် မနက်ဖြန်ညတွင် ကျင်းပမည့် ဗီးနပ်စ်တေးဂီတ ညနေခင်းပါတီဖိတ်စာဖြစ်ကာ အိုးရန်လူလူက ထန်ရှုအား သူမနှင့်အတူ ထိုပွဲသို့ တက်ရောက်ပေးစေချင်နေသည်။ ထန်ရှု၏အမြင်တွင် ဂီတသည် စိတ်လှုပ်ရှားစရာတစ်ခုမျှသာဖြစ်သော်လည်း ရှိုးပွဲသွားကြည့်ရန်အထိ မလိုအပ်ဟု ထင်မြင်မိသည်။ ဂီတတွင် သူ၏အောင်မြင်မှုများသည် ယနေ့ခေတ်ဂီတစံနှုန်းထက် အဆများစွာ ဝေးကွာသည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။

"ထန်ရှု … ဆောင်းရာသီအားလပ်ရက် ငါတို့ ဖုန်းပြောတုန်းက နင် ငါ့ကို အဖော်လုပ်ပေးဖို့ သဘောတူထားတယ်လေ။"

ထန်ရှု၏တုံ့ဆိုင်းနေသော အမူအရာကို မြင်ပြီးနောက် အိုးရန်လူလူ ရုတ်တရက် ထပ်ပြောလိုက်သည်။

“ငါ မင်းကို ကြောက်လို့ စဉ်းစားရုံနေပါ။ ကောင်းပြီ မနက်ဖြန် ငါ သွားလိုက်မယ်။"

ထန်ရှုက အားတင်းပြုံးကာ ဖြေသည်။

အိုးရန်လူလူသည် လွတ်လွတ်လပ်လပ် ရယ်မောလိုက်ပြီး သူမ၏ကုတ်အင်္ကျီကြယ်သီးကို ချွတ်ကာ ဘေးဘက်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူမသည် ထန်ရှုအနားတွင် ဝင်ထိုင်လိုက်ကာ

"ငါ ဒီည ဒီမှာ နေမှာနော်။"

"မင်း ဒီမှာ ဘာလုပ်ချင်တာလဲ။"

ထန်ရှုက ပိုပြီးစိတ်ဓာတ်ကျသွားသော လေသံဖြင့် မေးလိုက်ရင်း

"မနက်ဖြန် ငါ အတန်းရှိသေးတယ်။"

အိုးရန်လူလူက ချစ်စရာကောင်းသောအမူအရာဖြင့် မျက်လုံးလေး လှိမ့်ပြလိုက်ရင်း ထန်ရှု၏လက်ကို ဆွဲလိုက်ကာ သူမ၏ရင်ဘတ်ပေါ်ရှိ သေစေနိုင်မည့် လက်နက်ကြီးနှစ်ခုအပေါ်သို့ ပွတ်သပ်ပေးနေရင်း

"ငါ့ကို လာလိမ်မနေနဲ့။ မနက်ဖြန် စနေနေ့ … နင့်ကျောင်းဝင်းမှာ အတန်းတက်စရာ လုံးဝ မရှိဘူး။"

ထန်ရှုက သူမကို လိမ်လိုက်သော်လည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မုဝမ်ရင်အား မနက်ဖြန်တွင် သူမ၏ကုမ္ပဏီသို့ အဖော်လိုက်ပေးမည်ဟု သူ ကတိပေးထားပြီးဖြစ်နေသည်။ လူလူနှင့်နေရန် မည်ကဲ့သို့ အချိန်ရနိုင်ပါနည်း။ သည်ည ညနေခင်းဂီတပွဲ ကျင်းပရင်တောင် သူ သဘောတူနိုင်မည်ဟု မထင်ပေ။

"မင်း... မင်း ကိုယ့်နေရာကိုယ် ထိုင်လို့ရမလား။"

ထန်ရှုသည် လျိုရှားဟွေ့ မဟုတ်ပေ။ သို့သော် အိုးရန်လူလူ၏ဖွံ့ထွားသော ရင်သားများက သူ၏လက်မောင်းပေါ် တွင် အဆက်မပြတ် ပွတ်သပ်နေသည်ကို ခံစားနေရပြီး သူမ၏ ကော်လာအောက် အကျီအောက်ထဲက နှင်းလိုဖြူဖွေးသော ရင်နှစ်မွှာကြားကို ကြည့်လိုက်မိချိန်တွင် သူ၏ဝမ်းဗိုက်အောက်ပိုင်းကို အပူလှိုင်းတစ်ခု ချက်ချင်း စီးဆင်းသွားသည်။

အိုးရန်လူလူသည် တစ်စက္ကန့်မျှ တွေတွေကြီး စိုက်ကြည့်ပြီးနောက် သူမနှင့် ထန်ရှု ထိစပ်နေသည့် နေရာကို ငုံ့ကြည့်လိုက်သည်။ သူမ၏မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး အဝေးကို ထွက်မသွားရုံသာမက ထိုအစား ပိုပြီး တင်းတင်းကြပ်ကြပ်ပင် ဖက်ထားလိုက်သေးသည်။

"ဘာလဲ … တစ်ခုခု နိုးထလာတာလား…။ ငါက အနှေးနဲ့ အမြန်ဆိုသလို နင့်ရဲ့အပိုင် ဖြစ်လာမှာပါ။ ပြောပါဦး ထန်ရှု … နင်က ယောက်ျားတစ်ယောက်ရော ဟုတ်ရဲ့လား။ ငါက နင့်ရဲ့တံခါးဝဆီကို စိတ်အားထက်သန်စွာ ငါ့ကိုယ်ငါ ပို့ဆောင်နေပေမယ့် နင်က ဟိုလိုလိုသည်လိုလို အကြောင်းပြချက်မျိုးစုံနဲ့ တစ်ချိန်လုံး ငြင်းဆန်နေခဲ့တယ်လေ။ နင့်ဘောင်းဘီကို ချွတ်ပြီး နင်က ယောက်ျားတစ်ယောက်ရော ဟုတ်သေးရဲ့လားလို့ ငါ့ကို ကြည့်ခွင့်ပေးရင်ရော ဘယ်လိုလဲ။"

"ပေါက်ကရတွေ..."

***

All Chapters