အမျိုးသမီးများသည် ဒုက္ခ
Vol. 50 Ch. 689
ထန်ရှုက သူမကို ချက်ချင်း ကောက်ချီလိုက်သည်။ အရာရာက ဆုံးဖြတ်ပြီး အစီအစဉ်ကျပြီးဆိုကာ လူလူက သူ၏တံခါးဝဆီသို့ သူမကိုယ်သူမ ပို့လာသည်။ သူ စိတ်မထကြွပါဟု ပြောမည်ဆိုပါက သူသည် "သတ္တိ" မရှိသည့် တကယ် မိုက်မဲသူ ဖြစ်လိမ့်မည်။ ထို့ထက်ပို၍ သူ ရှည်ကြာစွာ တွေးတောဆင်ခြင်မိသည်မှာ လောကီရေးရာ၌ စိတ်နှလုံးပြည့်စုံစေခြင်းသည် လွတ်လပ်ပေါ့ပါးသော ဘဝသို့ လိုက်၍ သာယာသော စိတ်ကူးအခြေအနေကို ဖြစ်ပေါ်စေခြင်းပင်တည်း။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူသည် တစ်ချိန်က အင်မော်တယ်ကမ္ဘာတွင် ဂုဏ်သရေရှိ အထွတ်အထိပ်တစ်ဦး ဖြစ်ခဲ့ပေရာ မည်သည့်အတွက်ကြောင့် သူ၏ခံစားချက်များကို ဖိနှိပ်ထားပြီး ကြောက်ရွံ့မှုကြောင့် စိတ်ဓာတ်ကျနေရပါမည်နည်း။
အိုးရန်လူလူသည် မြင်းရိုင်းတစ်ကောင်ဖြစ်ကြောင်း သူ နားလည်ထားသော်လည်း အနာဂတ်တွင် သူမအား သိမ်မွေ့သောသိုးကလေးအဖြစ် ယဉ်ပါးအောင် သင်နိုင်ပေလိမ့်မည်။
ထပ်…ထပ်…ထပ်...
ဒုတိယထပ်ရှိ အိပ်ခန်းထဲတွင် ထန်ရှုက အခန်းမီးကို ဖွင့်ပြီး လူလူအား ကုတင်ကြီးပေါ် တင်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ဆီသို့ တည့်တည့်သွားကာ တံခါးကို လှမ်းဆွဲလိုက်သည်။
“လာ…”
အိုးရန်လူလူ၏မျက်နှာလှလှလေးသည် နီမြန်းနေပြီး ရှက်နေဟန် ရှိနေသော်လည်း သူမ၏ ကြီးမားသော အမွှာတောင်ထွတ်များကို ပင့်မြှောက်လိုက်သည်နှင့် သူမ၏အရိုင်းဆန်သော သဘာဝသည် ပေါ်လွင်လာခဲ့သည်။ ထန်ရှုကို စေ့စေ့ကြည့်နေသော သူမ၏မျက်လုံးများက စမ်းရေသဖွယ် ရွှန်းစိုတောက်ပနေတော့သည်။
ဇစ်…
ထန်ရှု၏လက်များသည် အိုးရန်လူလူ၏အင်္ကျီကို အလွယ်တကူ ဆွဲချွတ်လိုက်ရင်း စက္ကန့်ပိုင်းအတွင်း သူမ၏ခန္ဓာကိုယ်တွင် ဖုံးကွယ်ထားသော အရာအားလုံးကို ဖယ်ရှားပစ်လိုက်သည်။ ကျောက်စိမ်းဖြူရောင်အလား ဖြူစင်ဝင်းပနေသော သူမ၏ခန္ဓာကိုယ်သည် သူ့အတွင်းပိုင်းရှိ ဆိုးရွားလှသော မီးတောက်အား ရူးသွပ်စွာ ပေါက်ကွဲစေပြီး မီးတောက်သည် တခဏအတွင်း တစ်ဟုန်ထိုး မြင့်တက်လောင်ကျွမ်းလာသည်။
အာားး…
သာယာစွာ ညည်းညူနေသော အသံများကြားတွင် ထန်ရှုသည် အိုးရန်လူလူ၏ နောက်ဆုံးကာကွယ်ရေးလိုင်းအား တိုက်ရိုက် ထိုးဖောက်လိုက်ပြီဖြစ်တော့သည်။
ဆွဲဆောင်မှုရှိသော ညည်းညူသံများအား မောဟိုက်ကာ ပြင်းပြသော အသက်ရှုသံများက အဖော်လိုက်လာသည်။
နိုးထစပြုလာသော နွေဦးရာသီသည် အခန်းအား နွေးထွေးစေသည်။ ထန်ရှု၏အဆုံးမဲ့တောင်းဆိုမှုများနှင့် သူ့အား ဖြည့်ဆည်းပေးလိုသော အိုးရန်လူလူ၏ အစပြုမှုအောက်တွင် အချိန်သည် မသိလိုက်မသိဘာသာ ကုန်ဆုံးသွားခဲ့ပြီး တစ်နာရီကျော်အကြာတွင် အိုးရန်လူလူသည် ညှာတာပေးပါရန်အတွက် ထပ်ခါတလဲလဲ စတင်တောင်းခံလာခဲ့ရပြီဖြစ်တော့သည်။
မနက်ခင်းပိုင်းတွင် ပထမဆုံးနေရောင်ခြည်သည် ကန့်လန့်ကာအဟမှတဆင့် အိပ်ခန်းအတွင်းသို့ ကျရောက်လာသည်။ ထန်ရှုသည် ဘောင်းဘီတိုနှင့် လက်ပြတ်အင်္ကျီကို ဝတ်လျက် အိပ်ခန်းထောင့်ရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူ့လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ်ကို ညှပ်ထားရင်း မနေ့ညက သူ လုပ်ခဲ့မိသည်များကို တိတ်တဆိတ် တွေးနေမိသည်။ သာမာန်ယောက်ျားတစ်ယောက်အနေဖြင့် ဆွဲဆောင်မှုရှိသော မိန်းမတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ လုံးလုံးလျားလျား လျစ်လျူမရှုနိုင်သည်ကိုတော့ သူ နောင်တမရခဲ့ပါချေ။
သည်လိုကိစ္စတွင် သူ၏အကောင်းအဆိုးသိမြင်စိတ်ကို သူ လိုက်နာရမည်။ ထို့နောက် ဖြစ်သည့်အတိုင်းကို သူ လက်ခံရပေမည်။ ဤကမ္ဘာကြီးတွင် မည်သည့်အရာကိုမျှ ကြိုတင်မခန့်မှန်းနိုင်ပေရာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အနာဂတ်တွင် ဖြစ်လာမည့် အရာများကို များများစားစား သူ မတွေးတောတော့ပေ။ အင်မော်တယ်ကမ္ဘာ၏အထွတ်အထိပ် ထိပ်ဖျားတွင် တည်ရှိနေခဲ့ရာမှ အစကတစ်ဖန် ပြန်စတင်ပြီး သူ၏ကျင့်ကြံမှုကိုပင် နတ်ဆိုးနတ်ဘုရား ကျင့်ကြံနည်းစနစ်အသွင်သို့ ပြောင်းလဲခဲ့သည်။ အင်မော်တယ်များနှင့် နတ်ဆိုးများ၏ လျှောက်လှမ်းသော လမ်းကြောင်းများသည် မတူညီသော်လည်း ခရီး၏အဆုံးသည် နတ်ဘုရားနယ်ပယ်ဆီသို့ ဦးတည်နေသဖြင့် ၎င်းတို့အားလုံးသည် အမြင့်ဆုံး မူလဖရိုဖရဲနယ်နိမိတ်သို့ ချီတက်ရန် ကြိုးပမ်းကြမည်ဖြစ်သည်။
အီးယားးး…
အိပ်ရာထက်တွင် ခွေခွေခေါက်ခေါက် အိပ်စက်နေသော အိုးရန်လူလူသည် ပျင်းရိသော ကြောင်ပေါက်စသဖွယ် သူမ၏အိပ်ရာထက်မှ ဖြည်းညှင်းစွာ နိုးလာသည်။ ကောင်းစွာ မပွင့်သေးသော မျက်ဝန်းအစုံတို့ဖြင့် အခန်းတွင်းရှိ မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သက်တောင့်သက်သာ ထိုင်ကာ ပျင်းကြောဆန့်နေလေ၏။
အဟင့် … အီးဟီးဟီး…
ခန္ဓာကိုယ်အောက်ပိုင်းမှ နာကျင်မှုကြောင့် အိုးရန်လူလူတစ်ယောက် မျက်ရည်စက်လက်ဖြင့် ပုလဲခနေရချေပြီ။
အခန်းထောင့်ဆိုဖာတွင် ထိုင်နေသော ထန်ရှုသည် ခပ်ဖျော့ဖျော့ အပြုံးဖြင့် ထရပ်လိုက်ပြီး ကုတင်ဆီသို့ လျှောက်လာသည်။ သူသည် သူမကို တန်းပွေ့ချီလိုက်ပြီး သူမ၏အော်ဟစ်နေသည့်ကြားထဲမှ ရေချိုးခန်းဆီသို့ လျှောက်ခဲ့သည်။ ရေချိုးကန်ထဲသို့ ရေနွေးနွေး ဖြည့်ပြီးနောက် ထန်ရှုသည် ခန္ဓာကိုယ်သန့်စင်ဆေးရည် တစ်စက်ဝက်လောက်ကို ယူပြီး ရေထဲသို့ ထည့်ကာ အဝတ်မဲ့နေသော လူလူအား ရေချိုးကန်ထဲသို့ ထည့်လိုက်တော့သည်။
"အဲ့ဒါ နာကျင်လိမ့်မယ်။ ဒါပေမယ့် မင်း အဲ့ဒီနာကျင်မှုကို ကြံ့ကြံ့ခံရမယ်။"
ထန်ရှု၏အရိုင်းဆန်သော အပြုအမူကို လူလူသည် စိတ်မဆိုးသော်လည်း စိတ်ထဲတွင် လွန်စွာ ရှက်နေသဖြင့် နှုတ်ခမ်းစူလိုက်မိသည်။ သူမ နှုတ်ခမ်းစူထားသည့်တိုင် သူမ၏ရင်ထဲမှ ပျော်ရွှင်နေသော ခံစားချက်များကို မဖုံးကွယ်ထားနိုင်သဖြင့် ပြုံးတုံ့တုံ့ ဖြစ်နေသည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် လျင်မြန်စွာ ပျောက်ကွယ်သွားကာ သူမ၏မျက်လုံးများတွင် မယုံကြည်နိုင်ဟန်အမူအရာဖြင့် သူမ၏အောက်ပိုင်း ခန္ဓာကိုယ်ကို သဘာဝမကျစွာ ဟိုဖက်ဒီဖက်သို့ ရွေ့လျားမိသည်။
“နာလိုက်တာ …”လူလူ အော်ဟစ်နေပြီး အတန်ပင် ဝမ်းနည်းနေဟန်ရသည်။
"မင်း ဒါကို ခံနိုင်ရည် ရှိမှရမယ်။ အဲ့ဒါက မင်းရဲ့ခန္ဓာကိုယ်ကို အကျိုးကျေးဇူး ကြီးကြီးမားမား ဖြစ်စေလိမ့်မယ်။ ရေနွေးထဲ ငါ ထည့်လိုက်တဲ့အရာက မိုးလောက်မြင့်တဲ့ ဈေးနဲ့တောင် ဝယ်လို့ရတဲ့ အရာ မဟုတ်ဘူး။” ထန်ရှုက ဆိုသည်။
နာရီဝက်အကြာတွင် တစ်ကိုယ်လုံး နီရဲနေပြီဖြစ်သော လူလူ့အား ရေချိုးကန်ထဲက ထန်ရှု ချီမလာသည်။ နာရီဝက်လောက် နာကျင်မှုဒဏ် ခံစားလိုက်ရသော လူလူတစ်ယောက် အသံပင် မထွက်နိုင်တော့ပေ။ ထန်ရှုအား သူမကို ပွေ့ဖက်ချီမကာ ရေချိုးကန်ထဲမှ ထုတ်ခွင့်ပြုလိုက်ရသည်။ ထန်ရှုက သူမအား အဝါရောင် ရေချိုးပုဝါဖြင့် ပတ်ပြီး အိပ်ယာပေါ်သို့ ပွေ့ချီလာသည်။
"အိုး … ငါ ဘာလို့ ထူးထူးဆန်းဆန်းတွေ ခံစားနေရတာလဲ။"
ခေါင်းအုံးပေါ် ခေါင်းတင်လိုက်ချိန်တွင် သူမခန္ဓာကိုယ်အတွင်း အပူစီးကြောင်းတစ်ခုသည် အဆက်မပြတ် စီးဆင်းနေပြီး ကုန်ဆုံးထားသော သူမ၏ခွန်အားကို ပြန်လည်ရရှိနေစေသောကြောင့် ထိုခံစားမှုက သူမကို အံ့အားသင့်စေခဲ့သည်။
"ခန္ဓာကိုယ်သန့်စင်ဆေးရည်ကို ရေနွေးနွေးထဲ ထည့်လိုက်တာမို့လေ။ မင်းရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာရှိလို့ အစက်ဝက်ပဲ ထည့်လိုက်ရတယ်။ ဒါပေမယ့် အဲ့ဒါက မင်းအတွက် အကျိုးကျေးဇူးကြီးကြီးမားမား ရစေလိမ့်မယ်။ အနည်းဆုံး မင်းရဲ့ခွန်အားကို နှစ်ဆ တိုးစေပြီး မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားက အများကြီး တိုးတက်လာလိမ့်မယ်။ မင်းမှာ ရှိပြီးသား အရည်အချင်းတွေနဲ့ ဒီတစ်ခေါက် ရလာတဲ့ အကျိုးကျေးဇူးတွေနဲ့ ပေါင်းလိုက်ရင် မင်းက လူမိုက်ဆယ်ယောက်ကျော်လောက်ကို အခုဆို အနိုင်ယူနိုင်ပြီ။"
"ဒီခန္ဓာကိုယ်ကို သန့်စင်ပေးတဲ့ ဆေးရည်က တကယ် အဲ့ဒီလောက်တောင် အဖိုးတန်တာလား။" လူလူတစ်ယောက် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားကာ မေးလိုက်သည်။
"ဟုတ်တယ်။ မင်းမှာ ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ မလွယ်ဘူး။" ထန်ရှုက လေးနက်စွာ ပြန်ပြောသည်။
အိုးရန်လူလူ၏လှပသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ ကုန်ဆုံးထားသည့် သူမ၏ခွန်အားအနည်းငယ်မျှသာ ပြန်လည်ရရှိခဲ့သော်လည်း သူမသည် မျက်နှာသုတ်ပုဝါဖြင့် ပတ်ထားဆဲဖြစ်သည့်တိုင် ကုတင်ပေါ်မှ ခုန်ဆင်းကာ ထန်ရှု၏လက်မောင်းထဲသို့ ပြေးဝင်လိုက်သည်။ သူမက ပျော်ရွှင်နေသော အပြုံးဖြင့် “ငါ သိတာပေါ့။ နင်က ဒီလိုတန်ဖိုးကြီးတဲ့အရာကို ငါ့အတွက် ပေးဖို့ဆန္ဒ ရှိနေတယ်ဆိုတာ။"
"အာ … ဘာဖြစ်တာလဲ။"
လူလူ၏ဖြူဝင်းသော လက်များဖြင့် ပွေ့ဖက်ခြင်း ခံထားရပြီး သူမ၏သင်းပျံ့ချောမွေ့သော အသားအရေသည် သူ၏လည်ပင်းကို ပွတ်တိုက်နေခြင်းကို ခံစားလိုက်ရသဖြင့် ထန်ရှု၏ နှလုံးသားအတွင်းရှိ မီးတောက်ကို ထပ်မံ လောင်ကျွမ်းလာစေသည်။
“အာ…”
အိုးရန်လူလူသည် သူမ၏ခန္ဓာကိုယ်အောက်ပိုင်းအား မာကျောသော အရာဝတ္ထုတစ်ခုက လာထိနေသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ သူမ အောက်ကို ငုံ့ကြည့်လိုက်ချိန်တွင် မျက်နှာတစ်ပြင်လုံး နီရဲလာပြီး အော်လိုက်မိတော့သည်။
"လူယုတ်မာ…"
ထန်ရှုက မျက်လုံးလိမ့်ကာ တုံ့ပြန်လိုက်သည်။ သူတို့သည် မနေ့ညက အချိန်အတော်ကြာသည်ထိ အိပ်ရာထက် တိုက်ပွဲ ဝင်ခဲ့ကြသော်လည်း ဖြောင့်ဖြောင့်စင်းစင်း တောင့်တောင့်တင်းတင်း ပထမဆုံး နိုးထလာကြသောကြောင့် ယောက်ျားတစ်ယောက်၏ ယောကျာ်းဘ၀ အပြင်းထန်ဆုံးအခြေအနေသည် နံနက်ခင်းအချိန် ဖြစ်သည်။ ယခုကဲ့သို့ အလှလေး တစ်ယောက်နှင့် ကြုံတွေ့နေပြီး လူလူ၏ ရှက်ရွံ့နေသော သွင်ပြင်ကို ကြည့်မိရာတွင် ထိုအခိုက်အတန့်သည် သူ့အား လျင်မြန်စွာ လွှမ်းခြုံသွားလေတော့သည်။
မနက် ၉နာရီ ၃၀မိနစ်။ ထန်ရှုသည် သပ်သပ်ရပ်ရပ် ဝတ်စားကာ ကြယ်ပြာအိမ်ရာမှ စိတ်အားတက်ကြွစွာ ထွက်ခွာသွားသည်။ ထိုအချိန်တွင် အိုးရန်လူလူသည် ကုတင်ထက်တွင် သစ်လုံးတစ်လုံးအလား အိပ်မောကျနေသည်။ သူတို့နှစ်ယောက်သည် နှစ်နာရီကြာမျှ ထပ်၍ အပြင်းအထန် ချစ်ပွဲဝင်ကြသဖြင့် သူမသည် ယခုအချိန်တွင် အလွန် မောပန်းနေကာ လက်ချောင်းလေးများကိုပင် မလှုပ်နိုင်လောက်အောင် ဖြစ်နေရသည်။
“အနောက်ပိုင်း ဘုန်းကြီးဆီက ရလာတဲ့ ညသစ်ခွရဲ့ ပွင့်ချပ်တွေက တကယ်ကို ကောင်းတာပဲ။ အဲ့ဒီပွင့်ချပ်တွေကို မီးရှို့လိုက်ရင် ရလာတဲ့ သင်းရနံ့က အရမ်းအစွမ်းထက်တဲ့ အားဖြည့်ဆေးတစ်မျိုးအဖြစ် လုပ်ဆောင်နိုင်သလို အိပ်စက်ခြင်းအတွက်လည်း အတော်အထောက်အကူဖြစ်စေတဲ့ ရနံ့တစ်ခုဆိုတော့ လူလူက တော်တော်သုံးထားတဲ့အတွက် ဆယ်နာရီထက်မနည်း သူ အိပ်နေလိမ့်ဦးမယ်။"
ကားနောက်ခန်းတွင် ထိုင်ကာ ပါလာသော ထန်ရှုသည် ထိုသို့တွေးနေရင်းဖြင့် ကားမောင်းနေသော မိုအားဝူကို တစ်ချက် ကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြီး
"အားဝူ … မင်းနဲ့ အားဝမ်ရဲ့အသက်အရွယ်အရဆိုရင် အိမ်ထောင်သားမွေး မလုပ်တော့ဘူးလား။ မင်းအတွက် ထူးခြားတဲ့သူတစ်ယောက် ရှိနေပြီလား။"
မိုအားဝူ၏မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်သွားပြီး
“မိန်းမတွေက ဒုက္ခတွေပါ။ ငါ သူတို့ကြောင့် ထပ်ပြီး စိတ်အနှောင့်အယှက်အဖြစ်မခံ၊ စိတ်ရှုပ်မခံချင်တော့ဘူး။”
ထပ်ပြီး …
ထန်ရှုက တွေဝသွေားပြီး အံ့အားသင့်သော အမူအရာဖြင့်
"မင်း ဘာကို ဆိုလိုတာလဲ။ မင်းရဲ့စကားအရ အရင်က မိန်းမတစ်ယောက်ရှိခဲ့ဖူးတယ်လို့ ငါ ခံစားမိတယ်။ မင်းက …”
မိုအားဝူ အကြာကြီး တိတ်ဆိတ်သွားသည်။ ရှန်ဟိုင်းတက္ကသိုလ်အဝင်ပေါက်သို့ ကားရောက်ခါနီးတွင် “လွန်ခဲ့တဲ့ ၁၁နှစ်က ငါသဘောကျတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့တယ်။ ငါတို့တွေ နိုင်ငံခြားမှာ လေ့ကျင့်ရေးစခန်းမှာ အတူတူ လေ့ကျင့်ကြပြီး မစ်ရှင်များစွာကို အတူတကွ လုပ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ငါတို့ အတူရှိခဲ့ကြတယ်။ ဒါပေမယ့် အရှေ့ဥရောပက လူယုတ်မာတစ်ယောက်က ငါ့ကို သတ်ချင်ပြီး ငါ့ကို ရှာမတွေ့လို့ တောင်ပံနက်အဖွဲ့အစည်းဆီက သူမရဲ့အချက်အလက်ကို ဝယ်ပြီး ငါ့ကို သူမနဲ့ ခြိမ်းခြောက်ခဲ့တာမို့ နောက်ဆုံးတော့ သူမက ငါ့အရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ရတယ်။”
ထန်ရှု၏အမူအရာမှာ အေးစက်သွားသည်။ သူက ခဏလောက် စဉ်းစားပြီး
“မင်းရဲ့ရန်သူက ဘယ်သူလဲ။”
“သေပြီ။ သူ့ကို သုံးရက်လောက် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။” မိုအားဝူက ဖြေသည်။
ထန်ရှုက ဖြည်းညှင်းစွာ ခေါင်းညိတ်ကာ ကားပြတင်းပေါက်ကနေ အပြင်ဘက်သို့ ကြည့်နေရင်း "မင်းရဲ့ရန်သူက သေသွားပြီဆိုပေမယ့် သူမရဲ့ အချက်အလက်တွေကို ရောင်းစားတဲ့ အဖွဲ့အစည်းက ရှိနေတုန်းပဲ။ တောင်ပံနက်အဖွဲ့အစည်းမဟုတ်လား။ ဟဲဟဲဟဲ…”
"ဘာကို ဆိုလိုတာလဲ သူဌေး…" မိုအားဝူ လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ မေးသည်။
"ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးရန်သူက မင်း တည့်တိုး ရင်ဆိုင်နိုင်တဲ့ ရန်သူမဟုတ်ဘူး။ ထောက်လှမ်းရေးကို ထိန်းချုပ်ထားတဲ့ ရန်သူပဲ။ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးလူဖြစ်ချင်ရင် ကမ္ဘာ့အကြီးဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းကို ထိန်းချုပ်ရမယ်။ တောင်ပံနက်အဖွဲ့အစည်းက ငုပ်လျှိုးနေတဲ့ အန္တရာယ်တစ်ခုလို့ ပြောနိုင်တယ်။ ဒါကြောင့် ငါ့ရဲ့အရည်အချင်းက အတိုင်းအတာတစ်ခုကို ရောက်တာနဲ့ အဲ့ဒီအဖွဲ့အစည်းကို အနာဂတ်မှာ ဆုတ်ဖြဲပစ်မယ်။"
မိုအားဝူသည် မျက်လုံးများ လက်သွားပြီး စဉ်းပင် မစဉ်းစားတော့ဘဲ
“အားဝူက ရန်သူရဲ့မျဉ်းတွေကို ဖြတ်ကျော်ပြီး အဲ့ဒီကိစ္စအတွက် ဦးဆောင်ပေးဖို့ ဆန္ဒရှိပါတယ် သူဌေး။”
"မပူနဲ့။ မင်း ဒီအခွင့်အရေးကို ရလိမ့်မယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
ရှန်ဟိုင်းတက္ကသိုလ်အဝင်ဝတွင် အနက်ရောင် လေကာကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး အနက်ရောင်ဘွတ်ဖိနပ်ရှည်နှင့် ပန်းရောင်နေကာမျက်မှန်တို့ကို ဝတ်ဆင်ထားသည့် မုဝမ်ရင်သည် သူမကို ငေးမောညွှန်ပြနေကြသော လမ်းသွားလမ်းလာများကို လျစ်လျူရှုကာ ကြယ်ပြာအိမ်ရာဘက်ဆီသို့ စောင့်ကြည့်နေသည်။
"သူလာပြီ။"
သူမ၏အေးစက်စက်မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ကားသည် သူမ၏အရှေ့တွင် ရပ်လိုက်သဖြင့် သူမက မဆိုင်းမတွပင် ကားနောက်ခန်းတံခါးကို ဖွင့်ပြီး ကားပေါ်သို့ တက်လိုက်သည်။
"မင်း အေးနေလား။"
မုဝမ်ရင်က သိပ်မထူသည့် ဝတ်စုံလေးကို ဝတ်ထားသည်ကို မြင်လိုက်သော ထန်ရှုက စိတ်ပူစွာ မေးလိုက်သည်။
“ဟင့်အင်း … ငါ ထွက်လာတာ မကြာသေးဘူး။” မုဝမ်ရင်က ခေါင်းယမ်းကာ အပြုံးဖြင့်
"ဒါနဲ့ နင် ငါနဲ့ ကုမ္ပဏီကို အဖော်လိုက်ပေးရတဲ့အတွက် နင့်လုပ်ငန်းကို နှောင့်နှေးသွားသေးလား။"
ထန်ရှုက သူ၏အိမ်တွင် ယခုထိ အိပ်မောကျနေသေးသည့် အိုးရန်လူလူအကြောင်းကို တွေးမိပြီး စိတ်အတွင်းက အားတင်းပြုံးလိုက်ရသည်။ သို့သော်လည်း အပေါ်ယံတွင် သူက “အဆင်ပြေပါတယ်။ ဒီနေ့ ကောင်းကင်ကြီး ပြိုကျနေရင်တောင် မင်းရဲ့ကုမ္ပဏီကို ငါ အဖော်လိုက်ပေးမှာပါ။ ဒါနဲ့ ငါ သိသလောက် မင်းက ကြော်ငြာကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲနေတာမလား။”
“ဟုတ်တယ်။ ဂုဏ်ကျက်သရေဆိုတဲ့ ကြော်ငြာလုပ်ငန်းလေ။ ဝန်ထမ်းသုံးဆယ်ကျော်ရှိတဲ့ ကုမ္ပဏီငယ်လေးတစ်ခုပဲ။”
မုဝမ်ရင် ခေါင်းညိတ်ကာ ဖြေသည်။
"တကယ်ဆို မင်းရဲ့ဂုဏ်ပုဒ်နဲ့ မင်းရဲ့သိမ်မွေ့တဲ့ စိတ်ထားအရဆိုရင် မင်းတို့မိသားစုက မင်းကို နှစ်စဉ်ပိုက်ဆံအများကြီးပေးလိမ့်မယ် မဟုတ်ဘူးလား။ အနည်းဆုံးတော့ သက်တောင့်သက်သာရှိတဲ့ ဘဝမျိုး နေထိုင်ဖို့က ပြဿနာ မရှိလောက်ပါဘူး။”
ထန်ရှုက ပြုံးကာ ပြောသည်။
"မဟုတ်ဘူး။ ငါ့အသက် ၁၈နှစ်ကတည်းက ငါ့မိသားစုဆီက ပိုက်ဆံ ရတာ ရှားတယ်။"
မုဝမ်ရင်က ခေါင်းယမ်းလိုက်သည်။ "အဖေရဲ့အကြွေးကို ဆပ်ဖို့ နှစ်စဉ် ပိုက်ဆံခွဲဝေပေးရတာဆိုတော့ အဖြစ်အပျက်က နင်ထင်တာနဲ့ ဆန့်ကျင်ဘက်ပါပဲ။"
***