အငြိုးအတေးထား
Vol. 50 Ch. 693
ဝေ့ကျုံးချောင်သည် ယွမ်သန်း ၂၀ဆုံးရှုံးခဲ့ပြီး ထန်ရှု၏ ကြောက်စရာကောင်းသောကွန်ရက်ကြောင့် တုန်လှုပ်သွားသော်လည်း ၎င်းနှင့်ပတ်သက်၍ များစွာ စိုးရိမ်ခြင်းမရှိပေ။ သည်နေ့ သူ သည်ကဲ့သို့ ငူငူငိုင်ငိုင်ပုံစံနှင့် ထွက်ခွာသွားပါက စီးပွားရေးအသိုင်းအဝိုင်းတွင် ရယ်မောစရာ ဖြစ်သွားရသည့်အချိန်မှာ သိပ်ကြာမည်မဟုတ်ဟု သူ တွေးတောရင်း
“ငါတို့ အလောင်းအစားတစ်ခု လုပ်ကြတယ်။ ငါ ရှုံးသွားပြီဆိုတော့ ဒီသန်း ၂၀က မင်း ပိုင်ပါတယ် မစ္စတာထန်။ လူတိုင်းက အလှတရားကို နှစ်သက်ကြပြီး အကြီးအကဲချုပ်မုကို သဘောကျတဲ့ အကြီးအကဲ ကျန်းကလည်း ဒီသဘောနဲ့ အရာအားလုံးကို ရင်းပြီး သူမကို ပိုးပန်းရတာပါပဲ။ မင်းက ပိုကောင်းပြီး ပိုကြီးမြတ်တဲ့ လူသားတစ်ယောက်ဖြစ်လို့ ငါတို့အဆင့်ထိ မနှိမ့်ချလိုက်ပါနဲ့ ။ ကျေးဇူးပြုပြီး အသက်မွေးဝမ်းကြောင်း ပြုနိုင်ဖို့ သူ့အတွက် လမ်းကြောင်း ပေးလိုက်ပါဦး။”
ဝေ့ကျုံးချောင်၏စိတ်အေးလက်အေး အမူအရာကို မြင်နေရသော ထန်ရှုသည် မျက်ခုံးအသာပင့်လိုက်မိသည်။ သူသည် ခဏလောက် တွေးတောပြီးမှ ဟောင်လဲ့ဆီသို့ ဖုန်းဆက်လိုက်သည်။ ဖုန်းထဲမှ ဟောင်လဲ့၏ ရိုသေလေးစားသောအသံ ထွက်လာပြီးနောက် "ကောင်းချီးကံကြမ္မာရတနာဆိုင်အကြောင်း ဘယ်လောက် သိထားလဲ။"
“အဲ့ဒါက ငါတို့ရဲ့ ခမ်းနားသော ကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းအပေါ်မှာ မှီခိုနေရတဲ့ လက်ဝတ်ရတနာကုမ္ပဏီငယ်လေးပါ သူဌေး။ လက်ရှိမှာ ထာဝရခန်းမက အဲ့ဒီကုမ္ပဏီရဲ့ရှယ်ယာ ၂၀%ကို ပိုင်ဆိုင်ထားပြီး ကုန်ပစ္စည်းအရင်းအမြစ်တွေကိုလည်း ငါတို့လုပ်ငန်းရဲ့လမ်းကြောင်းတွေကနေ ပံ့ပိုးပေးထားတာလေ။ ကုမ္ပဏီက ရှန်ဟိုင်းမှာ ရုံးချုပ်ရှိပြီး အထွေထွေမန်နေဂျာ ဝေ့ကျုံးချောင်က ကုမ္ပဏီရှယ်ယာ ၅၅%ကို ပိုင်ဆိုင်ထားတယ်…” ဟောင်လဲ့က ဖြေသည်။
ထန်ရှု၏မျက်နှာထက်တွင် ပုံမှန်မဟုတ်သော အမူအရာတစ်ခု ပေါ်လာသည်နှင့် ဝေ့ကျုံးချောင်၏မျက်နှာသည် သတိအနေအထား ဖြစ်သွားသည်။ ထန်ရှုက ဟောင်လဲ့အား ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ကောင်းချီးကံကြမ္မာရတနာလုပ်ငန်း ဒေဝါလီ ခံသွားရပြီး ဝေ့ကျုံးချောင်ဆီမှာ ဘာမှ မကျန်တော့တာကို ငါ မြင်ချင်တယ်။ ဒီကိစ္စကို မင်းကို လွှဲပေးလိုက်မယ်။ တစ်ပတ်အတွင်း ရလဒ်သိချင်တယ်။"
"နားလည်ပါပြီ။" ဟောင်လဲ့က လေးလေးစားစား ပြန်ပြောသည်။
ထန်ရှုက ဖုန်းချလိုက်ကာ ဖုန်းကို ပြန်သိမ်းပြီးနောက် သရော်လိုသော လေသံဖြင့်
“သူတစ်ပါးအတွက် ညှာတာဖို့ တောင်းခံပေးပြီး ကိုယ့်ကံကြမ္မာအတွက်ကိုရော မတောင်းဆိုချင်သေးဘူးလား။ ခင်ဗျား ဒီနေ့လုပ်ခဲ့သမျှအတွက် တစ်ပတ်အတွင်း နောင်တရသွားစေရမယ်ဆိုတာ ကျုပ် သေချာ ပြောရဲတယ်။"
ဝေ့ကျုံးချောင် ဆတ်ကနဲ ထရပ်လိုက်ပြီး ထန်ရှုကို စူးစူးစိုက်စိုက် ကြည့်ရင်း
"မင်း ဘယ်သူ့ကို ဖုန်းခေါ်လိုက်တာလဲ။"
“ကျုပ်ရဲ့ဝန်ထမ်း ဒါမှမဟုတ် ကျုပ်ရဲ့လက်အောက်ငယ်သားပဲ။” ထန်ရှုမှ လေသံဖွဖွဖြင့် ပြောသည်။
"ဒါပေမယ့် ခင်ဗျား သူ့နာမည်ကို သိမယ်ထင်တယ်။ သူက ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းက တာဝန်ခံ ဟောင်လဲ့မို့လို့လေ။"
ဝေ့ကျူံးချောင်၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီး ခြေထောက်များ ပျော့ခွေသွားကာ ဆိုဖာပေါ် ပြုတ်ကျသွားတော့သည်။
“ဒါ မဖြစ်နိုင်ဘူး …။ အကြီးအကဲဟောင်လဲ့ကို မင်း ဘယ်လို သိနိုင်မလဲ။ မင်း ... မင်း ငါ့ကို အနိုင်ကျင့်တယ်။ ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းက ဟောင်ကောင်မှာ အလွန်ထင်ရှားကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု။ ပြည်မကြီးမှာ အရမ်းကောင်းတဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခု မင်းဆီ ရှိရင်တောင် အဲ့ဒီနေရာကို သြဇာလွှမ်းမိုးမှုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"
ထိုသို့ သူ ပြောပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် သူ့ဖုန်းကို အမြန်ယူကာ ဟောင်လဲ့ဆီ ခေါ်ဆိုလိုက်သည်။ ဖုန်းဝင်သွားပြီးနောက်တွင် သူက ဖျစ်ညှစ်ပြုံးလိုက်ပြီး အလွန်ရိုသေသော လေသံဖြင့်
"ဟယ်လို အကြီးအကဲဟောင် … ငါက ကောင်းချီးကြမ္မာ ရတနာလုပ်ငန်းက ဝေ့ကျုံးချောင်ပါ။ မင်းနဲ့ မတွေ့တာ အတော် ကြာပြီနော်။ ဒါနဲ့ ဒီတလောလေးက ငါ့ဇနီးတောင် ပြင်သစ်နိုင်ငံကနေ ထိပ်တန်းရေမွှေးတစ်ခု ရလာတယ်။ မင်း ဘယ်အချိန်အားလဲ။ ငါ ဟောင်ကောင်ကို ကိုယ်တိုင် လာလည်ပြီး မင်းဆီ ယူလာပေးမယ်လေ ဘယ်လိုလဲ။"
ဟောင်လဲ့၏အေးစက်စက်အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာပြီး
"နင် ငါ့သူဌေးကို ဘယ်လို စော်ကားလိုက်တာလဲ မသိဘူး ဝေ့ကျုံးချောင်။ ဒါပေမယ့် နင် လိမ္မာပါးနပ်ပြီး ဉာဏ်ရည်ထက်မြက်သူတစ်ယောက်ဆိုရင် ကောင်းချီးကြမ္မာ ရတနာလုပ်ငန်းက နင့်ရဲ့ရှယ်ယာတွေကို ခမ်းနားသော ကံကြမ္မာ ရတနာလုပ်ငန်းဆီ လွှဲပေးလိုက်တာ ပိုကောင်းတယ်။ နို့မဟုတ်ရင် နင့်ကို ဒီကမ္ဘာမှာ ဘာမှမကျန်အောင်လုပ်ဖို့ လိုအပ်တဲ့နည်းလမ်းအားလုံးကိုသုံးပြီး အာဖရိကမှာရှိတဲ့ သတ္တုတွင်းတစ်ခုဆီ ငါ လွှတ်လိုက်ရလိမ့်မယ်။ နင် အဲ့ဒီနေရာမှာ အရိုးဆွေးတဲ့ထိ အလုပ်လုပ်ရဖို့ မျှော်လင့်ထားလို့ရတယ်။”
"ဘာ…" ဝေ့ကျုံးချောင် အော်လိုက်မိသည်။ သူ့လက်ထဲက ဖုန်းသည် ကြမ်းပြင်ပေါ် ချက်ချင်း ပြုတ်ကျပြီး သွေးရောင်မရှိသော မျက်နှာဖြင့် ဆိုဖာထက် လဲကျသွားတော့၏။ သည်အချိန်တွင် သူ့ခန္ဓာကိုယ်မှ ခွန်အားများ အားလုံး စုပ်ယူခံလိုက်ရသည့်အလား ဖြစ်နေခဲ့သည်။ ဟောင်လဲ့၏ စကားများသည် သူ့နှလုံးသားကို တုန်လှုပ်သွားစေသော မိုးကြိုးမုန်တိုင်းသဖွယ် ရှုပ်ထွေးသွားစေကာ စိတ်ဓာတ်သည် ဟိုးအောက်ဆုံးထိ ကျသွားခဲ့ချေပြီ။
ကို့ရို့ကားယား ပတ်ဝန်းကျင်လေထုအခြေအနေတွင် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေသည်။
ဝေ့ကျုံးချောင်သည် ပင်ပန်းနွမ်းနယ်နေသော အခြေအနေမှ ပြန်လည်အသိဝင်လာပြီး ခက်ခက်ခဲခဲ ထန်ရှုကို မော့ကြည့်လိုက်သည်။ မုဝမ်ရင်နှင့် ကျန်းတန်းယန်တို့အကြည့်အောက်တွင် သူသည် ရွေ့လျားလာကာ ထန်ရှု၏အရှေ့၌ ဒူးထောက်လိုက်ပြီး
“ကိုယ့်ကိုယ်ကို ဖျက်ဆီးမယ့် လမ်းကို ယူလိုက်မိတာ ငါပဲဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ငါ့မိသားစုထဲက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကိုရော ငါ့ကိုရော ဒီတစ်ခေါက် ချမ်းသာပေးလို့ရမလား။ ငါ့ရှယ်ယာ ၅၅%ထဲက ၄၀%ကို ခမ်းနားသော ကြမ္မာ ရတနာလုပ်ငန်းဆီ လွှဲပေးပါ့မယ်။ ကျန်၁၅%ကိုတော့ ငါ အငြိမ်းစားယူဖို့နဲ့ မိသားစုထဲက လူငယ်တွေကို ထောက်ပံ့ပေးဖို့အတွက် ငါ ထားပါရစေ။ အဲ့ဒါ မင်းအတွက် အဆင်ပြေနိုင်မလား။"
“ယုတ္တိကျကျပြောရရင် ကျုပ် ခင်ဗျားကို ချမ်းသာမပေးဘဲ ရက်စက်သင့်တယ်။ ဒါပေမယ့် ခင်ဗျားက ဒီကိစ္စမှာ အများကြီး မလုပ်ခဲ့တဲ့အတွက် ထားပါ။ ဒါပေမယ့် … ခင်ဗျား အဲ့ဒီရှယ်ယာ၁၅%ကို သိမ်းထားလို့ မရဘူး … ငွေသားနဲ့ လဲလှယ်ရမယ်။ ပြီးရင် အငြိမ်းစားယူပြီး နေထိုင်ဖို့ နေရာတစ်ခု ရှာရလိမ့်မယ်။"
"ဟုတ်… ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် မစ္စတာထန်။”
ဝေ့ကျုံးချောင်သည် သူ့မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်ပြီး အထိတ်တလန့်ဖြင့် ထလိုက်သည်။ ထို့နောက် ကျန်းတန်းယန်ကို တစ်ချက်မျှ မကြည့်တော့ဘဲ ထွက်ခွာသွားတော့၏။
ထန်ရှု၏မျက်လုံးများက သူ့အား ကြည့်နေသည်ကို ကျန်းတန်းယန် တွေ့သောအခါ ရုတ်တရက် တောင့်တင်းသွားသည်။ သူက ဒူးမထောက်သော်လည်း အလွန်နိမ့်ကျသော အမူအရာဖြင့် ကျိုးနွံစွာ တောင်းပန်လိုက်သည်။
"မစ္စတာထန် … ငါ မင်းကို နောက်ထပ် ယွမ်သန်း၂၀ ပေးပြီး မင်းရဲ့အချိန်တွေကို ဖြုန်းခဲ့မိတဲ့အတွက် လျော်ကြေး ပေးပါ့မယ်။ ငါ့ရဲ့ကုမ္ပဏီက ဆယ်စုနှစ်များစွာ စီးပွားရေး လုပ်ခဲ့ရပြီး လက်ရှိအခြေအနေထိ ရောက်ဖို့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ကျေးဇူးပြုပြီး ငါ့ကို ညှာတာပေးပါ။ ပြင်းပြင်းထန်ထန် အပြစ်မပေးလိုက်ပါနဲ့။ ငါ့ကို ဒီတစ်ကြိမ်လောက် ခွင့်ပြုပေးနိုင်မလား။ ငါ ဝေးဝေးမှာ ပုန်းနေပြီး မင်းတို့အရှေ့မှာ ဘယ်တော့မှ ပြန်မပေါ်လာစေရဘူးလို့ ကတိပေးပါတယ်ကွာ။”
ထန်ရှုသည် မျက်ခုံးပင့်ကာ မုဝမ်ရင်၏ တည်ငြိမ်သော အမူအရာကို ကြည့်ပြီး သူမကို လက်ဝှေ့ယမ်းပြလိုက်သည်။ သူတို့ထပြီး အပြင်ဘက် ထွက်သွားပြီးနောက် ထန်ရှု၏အသံက အခန်းထဲ ဝင်လာသည်။
“ခင်ဗျားရဲ့ကတိကဝတ်ကို ဖြည့်ဆည်းဖို့ သုံးရက် အချိန်ရမယ်။ ဒီနေ့ ခင်ဗျား ဖန်တီးလိုက်တဲ့ ဒုက္ခတွေကြောင့် အနာဂတ်ကျရင် ရှန်ဟိုင်းမှာ အခြေစိုက်ဖို့ ခင်ဗျားအတွက် အရမ်းခက်ခဲမယ်ဆိုတာ သေချာတယ်။ ရှန်ဟိုင်းကနေ ထွက်သွားပြီး တခြားနေရာမှာ ခင်ဗျားရဲ့ လုပ်ငန်းကို လုပ်ဖို့ စဉ်းစားတာ အကောင်းဆုံးပဲ။”
အထွေထွေမန်နေဂျာရုံးခန်း…
မုဝမ်ရင် အခန်းထဲ ဝင်လာပြီးနောက် တံခါးကို နောက်ပြန်ပိတ်ကာ ကြည့်လိုက်သည်။ သူမသည် နှောင့်နှေးမှုမရှိဘဲ ထန်ရှုဆီသို့ ပြေးလာဖက်လိုက်သောကြောင့် ထန်ရှုအား အံ့သြသွားစေသည်။
"ကျေးဇူးတင်ပါတယ်။"
ထိုစကားများသည် မုဝမ်ရင်၏အနက်ရှိုင်းဆုံး နှလုံးသားနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထန်ရှုသည် သူမ၏ကုမ္ပဏီသို့ အဖော်လိုက်ပေးကာ သူမအတွက် လုပ်ဆောင်ပေးနေသည်ကို တိတ်တဆိတ် ပျော်နေရင်း လွန်စွာ စိတ်လှုပ်ရှားနေမိသည်။ နို့မဟုတ်ပါက ထိုအရှက်မဲ့ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းသည့် ထိုလူနှစ်ယောက်ကို ရင်ဆိုင်ရပါက သူမ ဒေါသများပေါက်ကွဲကာ ဘာမှ မတုံ့ပြန်နိုင်ဘဲ သူမ၏လုပ်ငန်းတချို့တောင် ဆုံးရှုံးသွားနိုင်ပေသည်။
ကောင်းချီးမင်္ဂလာသည် အသွင်ပြောင်းကာ ရောက်လာခဲ့သည်။ သည်စာကြောင်းက လက်ရှိဖြစ်ပျက်နေသည့် သူမ၏အခြေအနေကို အမှန်တကယ် ဖော်ပြနေပေသည်။ သည်နေ့အဖြစ်အပျက်ကြောင့် သူမကို လုံခြုံအောင် အရှေ့ကနေပြီး မားမားမတ်မတ် အကာအကွယ်ပေးမည့် အမျိုးသားတစ်ယောက်ရှိရန် မည်မျှ အရေးကြီးသည်ကို မာနကြီးသော မုဝမ်ရင်တစ်ယောက် သဘောပေါက်ခဲ့သည်။
"ငါတို့ကြားက ဒီလိုတွေ ပြောစရာ မလိုပါဘူးကွာ။" ထန်ရှုက သူ့နောက်ကျောကို ပုတ်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
"ပြဿနာကို ဖြေရှင်းပြီးသွားပြီဆိုတော့ မင်းရဲ့လုပ်ငန်းက နောက်ပိုင်းမှာ ပိုပိုပြီး ကြီးပွားလာမယ်၊ မင်းလည်း အရမ်းအလုပ်များလိမ့်မယ်။ မင်းရဲ့ကျောင်းပညာရေးကို မထိခိုက်လောက်ပါဘူးနော်။”
မုဝမ်ရင်က ထန်ရှုကို ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး ခေါင်းယမ်းကာ
“ဟင့်အင်း … မဖြစ်ပါဘူး။ ဘွဲ့ရကျောင်းသားတစ်ယောက်ရဲ့ အချိန်ဇယားက သာတောင့်သာယာပဲလေ။ နောက်ပြီး ငါ လေ့လာရမယ့် ဘာသာရပ်က ပြီးသွားပြီမို့ လာမယ့်အတန်းနှစ်မှာ အတန်းတက်ဖို့ မလိုတော့ဘူး။ ငါ့ရဲ့သုံးသပ်ချက်တွေကို မှန်မှန်လုပ်သရွေ့ ငါ နောက်ဆုံးဘွဲ့လွန်စာတမ်းကို ပြီးအောင် လုပ်လို့ရတယ်။"
ထိုစကားပြောပြီး သူမသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်
“ဒီနေ့ နင် လူတော်တော်များများကို အဆက်အသွယ် လုပ်ထားတာ အဲ့ဒါက နင့်ကို ထိခိုက်စေမှာလား။ အဲ့လိုဖြစ်မယ်ဆိုရင် ငါ ကြိုတင်ပေးငွေတွေအားလုံးကို ပြန်ပေးလို့ရတယ်နော် … ပြီးတော့…”
ထန်ရှုက သူမ၏စကားကို ကြားဖြတ်လိုက်ပြီး "စိတ်မပူနဲ့။ ငါ့ကို ဘာမှ သက်ရောက်မှုရှိမှာမဟုတ်ဘူး။ အဲ့ဒီလူနှစ်ယောက်ကို လွှတ်ပေးလိုက်တာ ငါ တစ်ခု သတိရသွားလို့။ ငါ့မှာ ကိုယ်ပိုင်ကွန်ရက်ရှိတယ် … ငါ မသုံးရင် ဖြုန်းတီးရာကျလိမ့်မယ်။ သူတို့တွေလည်း ပူးပေါင်းဆောင်ရွက်ဖို့ ကြော်ငြာကုမ္ပဏီတစ်ခု ရှာရမှာပဲလေ။ ငါတို့က ပိုက်ဆံရှာဖို့ဆိုရင် အဲဒါကို ရှောင်နေစရာအကြောင်းမရှိဘူး။”
မုဝမ်ရင်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွဲခိုလာသည်။ ထန်ရှု သုံးသွားသော "ငါတို့" ဟုသည့် စကားလုံးသည် သူမ၏နှလုံးသားထဲသို့ ချိုမြိန်သော ပျားရည်သွန်းလောင်းလိုက်သည့်အလား ခံစားရစေသည်။
နေ့ခင်းဘက်တွင် ထန်ရှုသည် ဂုဏ်ကျက်သရေ ကြော်ငြာလုပ်ငန်း၌ နေကာ မုဝမ်ရင်အား အဖော်လုပ်ပေးခဲ့ပြီး နေ့လည်စာ အတူတူစားပြီးနောက် ထွက်ခွာလာခဲ့သည်။ သူသည် မုဝမ်ရင်ထံ စီးပွားရေးလုပ်ငန်းများစွာကို ဆွဲခေါ်ထားသောကြောင့် နောက်ရက်များတွင် သူမ အလုပ်များနေပေလိမ့်မည်။
ကြယ်ပြာအိမ်ရာသို့ အပြန်လမ်းတွင် ထန်ရှုသည် သူ့အိမ်တွင် အိပ်ပျော်နေဆဲဖြစ်သော အိုးရန်လူလူအား သတိရသွားသည်။ သူ ချီတုံချတုံ ဖြစ်သွားပြီးနောက် သူမအတွက် အဝတ်အစားအသစ်ဝယ်ပေးရန်အတွက် အနီးနားရှိ ဈေးဝယ်စင်တာသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် မနေ့ညက သူမ၏အဝတ်အစားများကို စုတ်ဖြဲပစ်လိုက်မိသည့်အထိ အလွန်အမင်း ချစ်ပွဲပြင်းထန်ခဲ့သည်။
သို့သော်လည်း အမျိုးသမီးတစ်ဦးအတွက် အဝတ်အစားများ ဝယ်ပေးရာတွင် အထူးသဖြင့် အတွင်းခံအဝတ်အစားများ ဝယ်ယူပေးရန်အတွက် သူသည် အတွေ့အကြုံမရှိသော လူသစ်တစ်ဦးဖြစ်ရာ ထိုအရာက သူ့အား ကူကယ်ရာမဲ့စေသည်။ တခဏ တွေးတောပြီးနောက် တစ်စုံတစ်ယောက်သည် သူ့စိတ်ထဲတွင် ပေါ်လာသည်။ ယွဲ့ခိုင် - ဤလူသည် အပျော်အပါးမက်သူတစ်ယောက် ဖြစ်လာရန် အလားအလာများပြီး သူ၏မွေးရာပါသဘာဝမှာ ဟန်လုပ်ကာ ရှိုးပြချင်နေသူတစ်ယောက်ဖြစ်သည်။ သူတို့အားလုံး ရှန်ဟိုင်းတက္ကသိုလ်တွင် စာသင်နေသည်မှာ တစ်နှစ်လောက် ရှိခဲ့ချိန်တွင် ထိုငတိက ရည်းစားခုနစ်ယောက် ရှစ်ယောက်လောက် ချိန်းတွေ့ပြီးနေပြီဟု ထန်ရှု ကြားသည်။ သည်ဘဲ ရည်းစားတစ်ယောက်ပြီး တစ်ယောက် ပြောင်းသည့် နှုန်းက အဝတ်အစားအသစ် ရဖို့ထက်တောင် ပိုမြန်သည်ဟုပင် ဆိုကြသည်။ သို့ဖြစ်ရာ သည်ငတိက အမျိုးသမီးအဝတ်အစားဝယ်သောနေရာတွင် အတွေ့အကြုံတော်တော်ရင့်နေပြီဟု သူ ထင်မိလေ၏။
ရွှေလင်းယုန် ဈေးဝယ်စင်တာ…
၎င်းသည် ရှန်ဟိုင်းရှိ အဆင့်မြင့်ဈေးဝယ်စင်တာတစ်ခု ဖြစ်ပြီး မည်သူ့ကိုမဆို မျက်စိဖမ်းစားနိုင်သော ကုန်ပစ္စည်းများရှိသည့် စတိုးဆိုင်တန်းများ တန်းစီနေသည်။ ယွဲ့ခိုင်သည် သွားကြားထိုးတံကို ကိုက်ရင်း လက်ဆွဲအိတ်တစ်လုံးကို ကိုင်ထားသည်။ သူသည် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပြီး သိကျွမ်းသည်မှာ ဆယ်ရက်ခန့်သာ ရှိသေးသော မိန်းမလှလေးတစ်ဦးနှင့်အတူ လမ်းလျှောက်လာသည်။
"ဟာမိစ်အိတ် လိုချင်တယ် ဟန်နီ။"
မိန်းမလှလေးသည် ယွဲ့ခိုင်၏လက်ကို ညုတုတု အမူအရာဖြင့် ဆွဲယူလိုက်သည်။ သူမ၏မျက်ဝန်းတောက်တောက်များသည် ဈေးကြီးသည့် ဆိုင်တိုင်းအား အဆက်မပြတ် ဝေ့ဝဲကြည့်နေသည်။
ဟာမိစ်အိတ်တစ်လုံးလား…
ယွဲ့ခိုင် စိတ်အတွင်းထဲတွင် တုန်လှုပ်သွားသည်။ သူ့မိသားစုက တကယ်ချမ်းသာပြီး သူ့အမေက သူ့ကို လျှို့ဝှက်ပြီး ငွေပိုပေးသည့်တိုင် လစဉ်မုန့်ဖိုးသည် ယွမ် ၂၀,၀၀၀သာ ရှိပေသည်။ သူသည် အပျော်အပါးမက်သူ တစ်ယောက်ဖြစ်ပေရာ နှစ်သစ်ကူးပြီးချိန်တွင် သူ ရထားသော မုန့်ဖိုး ယွမ် ၂၀၀၀၀သည် ယွမ် ၈၀၀၀သာ ကျန်တော့၏။ သူ့တွင် ယွမ် ၁၀၀,၀၀၀ ကန့်သတ်ချက် ရှိသော အကြွေးဝယ်ကတ် တစ်ခု ရှိသေးသော်လည်း ထိုအကြွေးဝယ်ကတ်သည် သူ၏မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုနှင့်တူသည်ဟု ဆိုနိုင်ပြီး ၎င်းကို နောက်ဆုံးအားကိုးရာအဖြစ် အသုံးပြုရန် ဖိအားပေးသော အခြေအနေ တစ်စုံတစ်ရာ မကြုံလာပါက ထိုကတ်ကို မသုံးချင်သေးပေ။ သူသည် ရည်းစားအသစ်၏တောင်းဆိုမှုကို ငြင်းလိုသော်လည်း သူမ၏ချောမောလှပသော မျက်နှာသွင်ပြင်၊ ညုတုတုနှင့် ဆွဲဆောင်မှုရှိသော အသံတို့ကြောင့် ငြင်းပယ်ရန် နှလုံးသားမရှိပေ။ သူက တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်ကာ
“မင်း လိုချင်ရင် ဝယ်ကြတာပေါ့။”
" ရှင်က တကယ်ရုပ်ချောသဘောကောင်းပဲ။”
မိန်းကလေးသည် ကျေနပ်အံ့အားသင့်စွာ ကြည့်ကာ ခြေဖျားထောက်လိုက်ပြီး ယွဲ့ကိုင်၏ပါးအား ရွှတ်ကနဲ နမ်းလိုက်သည်။
ယွဲ့ခိုင်က အပြုံးဖြင့်
"ဒါပေါ့ ငါပဲလေ။ ကိုရီးယားကြယ်ပွင့်တွေတောင် ငါ့ဖိနပ်ကို မီဖို့ အရည်အချင်းမရှိကြဘူး။ ဒီညမှာ မင်းနဲ့အတူ ပျော်ရွှင်ဖွယ်ညလေးရဖို့ ရှန်ဂရီလာဟိုတယ်မှာ အခန်းကြိုမမှာထားဘူးဆိုရင် ရွက်လှေစီးဖို့ ကျင်းမန်ကျွန်းဆီ မင်းကို ငါ ခေါ်သွားမှာ။"
မိန်းကလေး၏မျက်လုံးများ တောက်ပလာသော်လည်း သူမသည် ရှက်သည့်အမူအရာဖြင့် ရည်ရွယ်ချက်ရှိရှိ ခေါင်းလှည့်သွားကာ
"ငါ ရွက်လှေစီးဖို့ ကျင်းမန်ကျွန်းကို သွားချင်တယ်။"
"ဖြစ်နိုင်ရင် ငါ လုပ်ချင်တာပေါ့။" ယွဲ့ခိုင်က ဝမ်းနည်းစွာ ပြောလိုက်သည်။
"ကံမကောင်းစွာပဲ ငါ့မှာ အချိန်အများကြီး မရှိဘူး။ ငါ့ကျောင်းပိတ်ရက်ရတဲ့အထိ စောင့်ပါ။ ပြီးရင် မင်းကို ပျော်ရွှင်ဖို့ရအောင် ကျင်းမန်ကျွန်းကို ငါ ခေါ်သွားမယ်။"
ဖုန်းမြည်သံ…
ထိုအချိန်တွင် သူ့ဖုန်း၏ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
***