← Chapters

မိန်းကလေးတစ်ယောက်၏ နင်းချေခံရခြင်း (နှစ်ယောက်တစ်ယောက်)

Vol. 50 Ch. 694

မိန်းကလေးတစ်ယောက်၏ နင်းချေခံရခြင်း (နှစ်ယောက်တစ်ယောက်)

Vol. 50 Ch. 694

ယွဲ့ခိုင်သည် မိန်းကလေးများကို ခေါ်တွဲခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ငြိမ်သက်နေသော ခံစားချက်များကို လှုပ်ယမ်းရန် ဖြစ်သည်။ မိန်းမလှတစ်ဦးသည် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်သော ဝိုင်နှင့်အလားတူပြီး ယောက်ျားတစ်ဦးသည် တစ်ချိန်တည်းမှာပင် သူမ၏နှလုံးသားကို ဖမ်းစားနိုင်စေရန် တတ်နိုင်သမျှလုပ်ဆောင်ကာ ကြင်နာသောစကား သို့မဟုတ် လက်ဆောင်များပေးခြင်းဖြင့် တန်ဖိုးထားမှုကို ပြသပြီး သူသည် "သန်မာပြီး ယောကျာ်းစင်စစ်" တစ်ယောက်ဖြစ်ကြောင်း  ပြသရန် လိုပေသည်။ သို့သော် ခံစားချက်များနှင့် ပတ်သက်၍ ယွဲ့ခိုင်သည် ၎င်းတို့ထံတွင် ရင်းနှီးမြုပ်နှံနိုင်သူ မဟုတ်ပေ။ ဥပမာအားဖြင့် သူ့ဘေးက မိန်းကလေး ဖြစ်သည်။ သူမသည် ယွဲ့ခိုင်၏ပိုက်ဆံကိုသာ မက်မောပြီး ယွဲ့ခိုင်ကလည်း  သူမ၏အသွေးအသားတွင် ပျော်မြူးနေခြင်းဖြစ်သည်။ အပျော်ရှာခြင်းကလွဲပြီး တခြားထွေထွေထူးထူး ဘာမှ မရှိချေ။

ရှဲ့ ရှောင်ထုံ၏အမြင့်တက်ချင်စိတ်ကို လျော့သွားစေရန်အတွက် သူသည် မြည်နေသော ဖုန်းကို ကိုင်လိုက်ရာ ဖုန်းခေါ်ဆိုသူသည် ထန်ရှု ဖြစ်သည်ကို မြင်လိုက်ရသောအခါ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ယောက်ျားတစ်ယောက်အနေဖြင့် ထန်ရှုအား စော်ကြည်သည်ကို အားကျပြီး ထိုသူ၏မိန်းကလေးများကို ဆွဲဆောင်နိုင်သည့် နည်းလမ်းကို သူ လွန်စွာ လေးစားမိသည်။ အကြောင်းမှာ ထိုထိပ်တန်းမိန်းမလှလေးများသည် မီးတောက်ထဲဝင်မည့် ပိုးဖလံများနှင့် တူသောကြောင့် ဖြစ်သည်။ ထန်ရှုက သူတို့အပေါ် မည်သို့သော မှော်လှည့်ကွက်များဖြင့် သိမ်းသွင်းခဲ့သည်ကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း ထိုမိန်းမလှအားလုံးသည် ထန်ရှု၏ပတ်ဝန်းကျင်တွင် စုရုံးနေကြပေသည်။

"အစ်ကိုကြီးထန် … မင်းက အမြဲတမ်း အလုပ်ရှုပ်နေတာပဲ။ ဘယ်လိုဖြစ်ပြီး ငါ့ကို ခေါ်ဖို့ သတိရသွားတာလဲ။ ငါ့ကို လွမ်းနေလို့လား။"

မနာလိုအားကျခြင်းနှင့် သဘောကျခြင်းတို့သည် ရောထွေးနေနိုင်သော်လည်း ထန်ရှုသည် သူ၏အတန်းဖော်၊ အဆောင်နေဖက်ဖြစ်ပြီး သူ၏ညီအစ်ကိုအဖြစ် ယွဲ့ခိုင်က သတ်မှတ်ထားပေရာ အလာပသလာပ စကားစမြည်ပြောခြင်း၊ စနောက်ခြင်းတို့သည် မရှိမဖြစ် လိုပေသည်။

"ချီး … ပေါက်ကရတွေ ပြောနေတာ တော်လိုက်တော့။" ထန်ရှုက သူ့ကို ပြန်နောက်လိုက်သည်။

"ဒါနဲ့ ငါ တိုင်ပင်စရာတစ်ခု ရှိသလို မင်းရဲ့အကူအညီ တောင်းစရာလည်း ရှိလို့။"

"ဝိုး … နောက်နေတာတော့ မဟုတ်ပါဘူးနော်။" ယွဲ့ခိုင်က အံ့သြဟန်ဆောင်ကာ လှမ်းအော်သည်။

"ဒါကြောင့် အစ်ကိုကြီးထန်က ငါ့ဆီ ဖုန်းဆက်တာလား။ ပြောပါဦး … ဝမ်းမြောက်ဝမ်းသာ လုပ်ပေးရတာပေါ့ ဟားဟား။”

"မင်းကွာ … မကျီစားလို့ မရဘူးလား။ ငါ အချိန်နည်းနည်းရလို့ ဝယ်ချင်တာ တစ်ခုခု ရှိပေမယ့် အဲ့ဒီနယ်ပယ်မှာ အတွေ့အကြုံ မရှိဘူးလေ။ ငါတို့ ဆုံပြီး စကားပြောကြရအောင်။" ထန်ရှုက ဆိုသည်။

"မင်း ဘာအကြောင်းအရာ ပြောမှာလဲ။" ယွဲ့ခိုင်က ချက်ချင်း မေးလိုက်သည်။

"အမျိုးသမီးအဝတ်အစားတွေ။" ထန်ရှု သူ့နှာခေါင်းကို ကိုင်ရင်း ခြောက်ကပ်စွာ ပြုံးသည်။

ယွဲ့ခိုင်၏မျက်လုံးများ မှေးစင်းသွားပြီး သူ၏ရင်ဘတ်ကို ချက်ချင်းပုတ်ကာ

"တခြားအရာတွေကို ငါ သေချာမသိပေမယ့် အမျိုးသမီးအဝတ်အစားတွေ ဝယ်တာအတွက်တော့ မင်း စိတ်ကျေနပ်စေရမယ်လို့ ငါ အာမခံတယ် သူငယ်ချင်း။"

ရုတ်တရက် သူ၏မျက်လုံးများ အရောင်လက်သွားပြီး သူ့ဘေးနားရှိ ရှဲ့ရှောင်ထုံကို အမြန်ကြည့်လိုက်ကာ အပြုံးဖြင့်

“တိုက်ဆိုင်လိုက်တာ။ ငါနဲ့ ငါ့ကောင်မလေးက အခု ရွှေလင်းယုန်ဈေးဝယ်စင်တာကို ရောက်နေကြတယ်။ ဟွမ်ဒေသက ရွှေလင်းယုန်ဈေးဝယ်စင်တာကို မင်း သိတယ်မလား။ ထျန်းဟွာအရပ်မှာ ရှိတယ်။"

“အေးအေး … ငါသိတယ်။ ငါက အဲ့နားလေးမှာပဲ။"

"ဒါဆို အခုလာခဲ့။ ငါ ၆လွှာက ဟာမိစ်တံဆိပ်ကို သီးသန့်ရောင်းတဲ့ ဆိုင်ထဲမှာ။"

"အိုခေ…"

ဖုန်းချလိုက်ပြီးနောက် ယွဲ့ခိုင်သည် ဖုန်းကို အိတ်ကပ်ထဲသို့ ထည့်ကာ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် လက်ကို ပွတ်သပ်လိုက်သည်။ သူသည် အခြားသူများအကြောင်းကို မသိသော်လည်း ထန်ရှုကမူ အလွန်ကြီးကျယ်ခမ်းနားသောအိမ်တွင် နေထိုင်ပြီး ဇိမ်ခံကားများစွာဖြင့် ငွေထုပ်ပိုက်ထားသော သူဌေးကြီးတစ်ဦး ဖြစ်ကြောင်း ကောင်းစွာသိပေသည်။ ယခု သူ ပိုက်ဆံ ပြတ်နေချိန်တွင် သည်လူ ရောက်လာမည်ဖြစ်ပေရာ တိုင်း၍ ယက်သည့် ပက္ကလာ… မိုးရွာသည်နှင့်အခန့်သင့်ဆိုသလိုပင် အမှန်တကယ် လိုအပ်နေသည့် သူငယ်ချင်းပင် ဖြစ်လေ၏။

ရှဲ့ရှောင်ထုံက သူ၏အမူအရာကို ကြည့်ပြီး စူးစမ်းလိုဟန်ဖြင့်

“ဘယ်သူဖုန်းဆက်တာလဲ ဟန်နီ။ အဲ့ဒီလူက ဒီကို လာမတဲ့လား။”

ယွဲ့ခိုင်က မျက်နှာပြောင်တိုက်သော အပြုံးဖြင့်  "ငါ့သူငယ်ချင်းပါ။ သူ ငါ့ဆီမှာ အကြွေးနည်းနည်း တင်နေတယ်။ ဒီတလော ငါ့မှာ မုန့်ဖိုးသိပ်မရှိတာ ငါ့ပိုက်ဆံအများစုကို သူ ချေးထားလို့လေ။ ကြည့်ရတာ အဲ့ဒီကောင် ဒီတလော ပွပေါက်တိုးလာတယ်နဲ့တူတယ်။ ငါ့ကို ပိုက်ဆံပြန်ပေးလောက်တယ်။"

ရှဲ့ရှောင်ထုံ၏မျက်လုံးများ လက်သွားပြီး ယွဲ့ခိုင်၏လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ မူလက ယွဲ့ခိုင်သည် သူမရှေ့တွင် ပိုက်ဆံများစွာ သုံးစွဲပြခြင်းဖြင့် ချမ်းသာကြွယ်ဝသည်ကို ပြခဲ့သည်။ ထို့ပြင် သူ့တွင် ရှိသော ပိုက်ဆံအပိုအား သူ့သူငယ်ချင်းကို ချေးထားသည်။ ယွဲ့ခိုင်သည် သူမအတွက် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစားများနှင့် အဖိုးတန်ပစ္စည်းများစွာအပြင် သူမ၏ငွေတောင်းခံလွှာများကို ပေးချေပေးနိုင်လိမ့်မည်ဟု ရှဲ့ရှောင်ထုံ တွေးမိလာသည်။ ထိုအတွေးသည် သူမကို ချက်ချင်းပင် စိတ်လှုပ်ရှားစေပြီး ထိုအခိုက်အတန့်တွင် သူမ၏ခန္ဓာကိုယ်အောက်ပိုင်းသည် အဖျားတက်နေသည့်အလား တုန်ရီလာသည်။ အဘယ်ကြောင့်ဆိုသော် ယွဲ့ခိုင်နှင့်အတူ လေးဘက်ထောက်ကာ ချစ်ပွဲဝင်ခြင်း၏ ကစားနည်းတိုင်းကို ကစားကြပြီး သူ့အား သူမ၏ စကတ်အောက်တွင် မျက်နှာအပ်စေရန်အတွက် သူမ မစောင့်နိုင်တော့အောင် ဖြစ်နေခြင်းကြောင့်ပင်တည်း။

"ကောင်းပြီ … အိတ်တွေကို အရင်ကြည့်ရအောင်။"

"သွားကြမယ်။"

ဆယ်မိနစ်အကြာတွင် ထန်ရှုသည် ရွှေလင်းယုန် ဈေးဝယ်စင်တာ၏ခြောက်ထပ်သို့ ရောက်ရှိလာပြီး ဟာမိစ်တံဆိပ်သီးသန့်စတိုးဆိုင်ကို ရှာတွေ့ရန် အချိန်အနည်းငယ် ယူခဲ့ရသည်။ လက်ကိုင်အိတ် ရွေးနေသည့် မိန်းကလေးကို ပြုံးကြည့်နေသော ယွဲ့ခိုင်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် သူ့အနား သွားလိုက်ပြီး

“ငါ မင်းကို အနှောင့်အယှက်ပေးသလို မဖြစ်ပါဘူးနော် ယွဲ့ခိုင်။”

ယွဲခိုင်က ထန်ရှုကို တွေ့လိုက်ရသည့်အခါ ရွှေတောင်ကြီးကို မြင်လိုက်ရသည့်အလားပင်။ သူက ဒရမ်တီးနေသလို ခေါင်းကို ယမ်းလိုက်ရင်း အမျိုးသမီးတစ်ယောက်လို ချောမောသည့် သူ့မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ဆင်မြန်းထားပြီး လက်များကို ပွတ်သပ်လျက်

“ဟင့်အင်း … မင်းက ငါ့ကို ဘယ်လိုဖြစ်ပြီး အနှောင့်အယှက်ပေးရာရောက်မှာလဲ။ ဒါနဲ့ မင်း ငါ့ဆီက ပိုက်ဆံချေးထားတာ ပြန်ဆပ်နိုင်မလား။ မင်း မသိဘူးနော် သူငယ်ချင်း။ အခုတလော ငါ အရမ်းဆင်းရဲနေတော့ စားဖို့တော့ အနိုင်နိုင်ဆိုသလို။ ချစ်စရာကောင်းတဲ့ ငါ့ကောင်မလေးကို ကြည့်လိုက်ဦး။ သူက အိတ်ဝယ်ချင်ပေမယ့် ငါက မွဲနေပြီ။”

ထန်ရှု အူကြောင်ကြောင် စိုက်ကြည့်မိရာ အိတ်ရွေးနေသည့် မိန်းကလေးက သူ့အား တစ်ချက်လှမ်းကြည့်ပြီး အာရုံမစိုက်ဘဲ လက်ကိုင်အိတ်ကို ဆက်ရွေးနေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူက ယွဲ့ခိုင်ကို ချက်ချင်းပင် ကြည့်ကာ ခေါင်းယမ်းလိုက်ရင်း အပြုံးဖြင့်

"ဘယ်လောက်လဲ။"

“ယွမ် ၅၀,ဝဝဝ။” ယွဲ့ခိုင်က ချက်ချင်း ဖြေသည်။

ထန်ရှုက ပြုံးပြီး သူ့လက်ကို အိတ်ကပ်ထဲ လျှို့ဝှက်ထည့်လိုက်ပြီး လက်စွပ်ထဲက ငွေသား ယွမ် ၅၀,ဝဝဝ ကို ထုတ်ယူလိုက်သည်။ သူက ယွဲ့ခိုင်ကို တိုက်ရိုက်ပစ်ပေးလိုက်ပြီး

"ကောင်းပြီ … ငါ မင်းပိုက်ဆံကို မင်းဆီ ပြန်ပေးလိုက်ပြီနော်။ ဒါပေမယ့် မင်းရဲ့ စကားကို ပြန်မရုတ်သိမ်းနဲ့ … ငါ့ကိစ္စပြီးအောင် ကူညီပေးဦး။ ဒါဆို ငါတို့ကြား စာရင်းက ရှင်းသွားပြီ။"

ယွဲ့ခိုင်၏မျက်လုံးကျွတ်ထွက်မတတ် စိုက်ကြည့်ရန် အလှည့်ရောက်လာပြီး ထန်ရှု၏အိတ်ကပ်ကို မျက်လုံးများ ပြူးအောင် စိုက်ကြည့်နေသည်။ ယွမ် ၅၀,၀၀၀ကို သူ့လက်ထဲမှာ ကိုင်ပြီး ရေတွက်နေခြင်းသာ မဟုတ်ရင် သူ ထိုအိတ်ကပ်အား ရှာဖွေရန် ပြေးလာမိပေလိမ့်မည်။ ငွေသား ယွမ် ၅၀,ဝဝဝအား သည်လိုအဝတ်အစားထဲ မည်သို့များ ထည့်လာပါသနည်း။

"အစ်ကိုကြီးထန် … မင်း မှော်ပညာတစ်ခုခုကို တတ်ထားတာလား။"

ထန်ရှုက ဆတ်ကနဲ ပြန်ပြောသည်။

"ဒါက အဝတ်အစားဝယ်ဖို့ အစောကတည်းက ငါ ထုတ်ထားတဲ့ ပိုက်ဆံပါ။ ဒါပေမယ့် မင်းဆီ 'ပြန်ပေး' ဖို့ လိုအပ်တဲ့ ပမာဏအတိအကျဖြစ်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါဆို လိုချင်လား မလိုချင်ဘူးလား။ မင်းမလိုချင်ရင် ပြန်ပေး။”

"ဟင့်အင်း … မယူဘူးလို့ ဘယ်သူပြောလို့လဲ။" ယွဲ့ခိုင်သည် သူ့အိတ်ကပ်ထဲသို့ ယွမ်၂သောင်း ထည့်ပြီး လက်ကျန်ငွေ ယွမ်၃၀,၀၀၀ကို ငွေရှင်းကောင်တာသို့ သွားကာ ချပေးလိုက်သည်။ ထို့နောက် သူက သူ့ကောင်မလေး ရှဲ့ ရှောင်ထုံကို ပြောလိုက်သည်။

"မြန်မြန်ရွေးလိုက် ဘေဘီ။ ငွေရှင်းကောင်တာမှာ ငါ ငွေပေးထားပြီးပြီမို့ ကျသင့်ငွေကို တိုက်ရိုက် ပေးချေလို့ ရတယ်။ ပိုက်ဆံပိုသေးရင် မင်းရဲ့မုန့်ဖိုးအတွက် သိမ်းထားလိုက်။ ငါ့သူငယ်ချင်းနဲ့ ငါ အပေါက်ဝမှာ ဆေးလိပ်သောက်ရင်း စကားပြောလိုက်ဦးမယ်။”

"ကောင်းပါပြီ။"

ထိုအခိုက်တွင် ရှဲ့ရှောင်ထုံသည် သူမ သဘောကျသော ဟာမိစ်အိတ်တစ်လုံးကို ကိုင်ထားလျက်ရှိပြီး သူမ၏ စူးရှသောအကြည့်များက ငွေရှင်းကောင်တာဆီ ရောက်သွားရာ ထိုအပေါ်တွင် ယွမ်ငွေ ၁၀၀တန် သုံးပုံကို တွေ့လိုက်ရသည်။ သူမ၏လက်ထဲမှ ဟာမိစ်အိတ်ကို ချက်ချင်း ချလိုက်ပြီး နောက်တစ်ကန့်ထဲမှ အရည်အသွေး အနည်းငယ် ညံ့ပြီး များစွာ ဈေးသက်သာသော အိတ်တစ်လုံးကိုသာ ရွေးလိုက်သည်။

သူမ၏ရည်ရွယ်ချက်သည် ဟာမိစ်အိတ်တစ်လုံး ဝယ်ရန် ဖြစ်သော်ငြား ကျန်ငွေသည် သူမ၏ကိုယ်ပိုင် မုန့်ဖိုးအတွက်ဆိုပါက အလွန်အကျွံ မဖြုန်းတီးချင်ပေ။

ဆိုင်ဝင်ပေါက်တွင်…

ယွဲ့ခိုင်၏မျက်နှာထက်၌ အနေရခက်သော အမူအရာ ပေါ်လာပြီး သူ့လက်များကို ပွတ်သပ်ကာ အသက်မပါသော အပြုံးဖြင့်

“ကျေးဇူးပါပဲ အစ်ကိုကြီးထန်။ ငါ မင်းကို နောက်လ ပြန်ဆပ်ပါမယ်။"

ထန်ရှုက ရယ်လိုက်မိပြီး

“ငါတို့ ညီအကိုတွေကြားမှာ ပိုက်ဆံအကြောင်း ပြောစရာမလိုပါဘူးကွာ။ ဒါနဲ့ မင်း အမျိုးသမီး အဝတ်အစားတွေကို ကူရွေးပေးလို့ရမလား။"

"မင်းရဲ့ကိစ္စက ကောင်းကင်နဲ့မြေကြီးမှာ အရေးကြီးဆုံးပဲ အစ်ကိုကြီးထန်။" ယွဲ့ခိုင် ခေါင်းညိတ်သည်။ “ဒီလောက်ကြီးတဲ့ ကောင်းကင်ပြိုတဲ့ အဖြစ်အပျက်မျိုးဆိုရင်တောင် မိန်းကလေးတွေကို အရင် ဘေးဖယ်ထားရမယ်။ ငါတို့ ဈေးဝယ်မထွက်ခင် အဲ့ဒီကောင်မလေးကို တွေ့ပြီး နှုတ်ဆက်လိုက်ဦးမယ်။”

အဲ့ဒီကောင်မလေး…

"မင်း အပျော်တွဲနေတာလား။" ထန်ရှုက စိတ်ဝင်တစား မေးသည်။

ယွဲခိုင်က စီးကရက်တစ်လိပ်ကို မီးညှိပြီး နှစ်ဖွာလောက် ရှိုက်ကာ ပြောသည်။

"ပျော်စရာမရှိဘဲ ငါလည်း ခံစားချက်တချို့ ရနေပြီလို့ ငါ့ကို မပြောနဲ့နော်။ ဒီနေ့ခေတ် အမျိုးသမီးတွေက ရုပ်ဝါဒ အလွန်ကောင်းတာကို ငါ ကောင်းကောင်း သိတယ်။ ချင်းစုန့်ပြောတာကို မင်းလည်း ကြားဖူးတယ် မဟုတ်လား။ ငွေက အမှန်တရားရဲ့နိယာမ ဖြစ်နေတဲ့အချိန် ဒီရုပ်ဝါဒခေတ်မှာ ရုပ်ပစ္စည်းကို တပ်မက်တာတွေက လွှမ်းမိုးတယ်။ အမျိုးသမီးတွေ … ကျွတ် ကျွတ် … သူတို့နဲ့ ဆော့ကစားတာ ပျော်စရာ ကောင်းရုံပါပဲ။ နောက်ပိုင်း မင်းဘဝ ကောင်းမွန်လာရင် လူကောင်းတစ်ယောက်နဲ့တွေ့ပြီး သူမကို လက်ထပ်လိုက်မယ်ဆိုရင် မင်းကိုယ်မင်း အဆင်ပြေတယ်လို့ ပြောနိုင်တယ်။ အဲ့လိုမဟုတ်ဘဲ ကစားဖို့ အခွင့်အရေးမပေးရင် မင်း ခေါင်းရှုပ်သွားနိုင်တယ်။”

ထန်ရှုက သူ့ကို မျက်ဆန်လှန်ပြလိုက်သည်။ ယွဲ့ခိုင်၏ ကမောက်ကမ အတွေးအခေါ်အမှားအတွက် သူ စိုးရိမ်မိပြီး ကူကယ်ရာမဲ့နေသည်။ သို့သော် လူတိုင်းတွင် ကိုယ်ပိုင်အခြေအနေရှိကြပြီး သဘာဝအားဖြင့် မတူညီသော တွေးခေါ်ပုံလည်း ရှိကြသည်။ လက်ရှိတွင် ယွဲ့ခိုင်က သူထင်ထားသည်မှာ အမှန်တရားဟု ထင်နေသော်လည်း တစ်နေ့တွင် သူ့ နှလုံးသားကို စိုးမိုးကာ သူ လိုချင်သည့်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သော မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံပါက  လက်ထပ်ရန်အတွက် ဘုရားကျောင်းထဲသို့ လှမ်းဝင်ကာ ကလေးထွားထွားကို အစောပိုင်းတွင် ပွေ့ဖက်ထားရပေမည်။

“အချစ် … ကျွန်မ နောက်ဆုံးပေါ် ဟာမိစ်အိတ် လိုချင်တယ်။"

ညုတုတုအသံသည် ဘယ်ဘက်ခြမ်းမှ ထွက်ပေါ်လာပြီး လှပပြီး တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသမီးတစ်ဦးသည် ရုပ်ရည်ချောမောပြီး ခေါင်းအစ ခြေအဆုံး နာမည်ကြီးတံဆိပ်များကိုသာ ဝတ်ဆင်သုံးစွဲထားသော လူရွယ်တစ်ဦးနှင့်အတူ ထွက်ပေါ်လာသည်။ သူမ၏ ကိုယ်ဟန်အနေအထားသည် လူရွယ့်အပေါ်သို့ တွယ်တက်တော့မည့်အလား ဖြစ်နေသည်။

ချောမောသော လူရွယ်က ပြုံးလိုက်ပြီး

“ဝယ်လိုက်လေ။ မင်း ကြိုက်ရင် ဝယ်လို့ရတယ်နော် ဟန်နီ။ သုံးလုံး - ငါးလုံးလောက် ဝယ်ကြတာပေါ့။"

ကောင်မလေး၏မျက်လုံးများ ချက်ချင်းပင် အရောင်တောက်ပလာပြီး သူမသည် ကျေနပ်အံ့သြသည့် အသံဖြင့်

“အချစ်က အကောင်းဆုံးပဲ။ ဒီည အိမ်ပြန်ရောက်ရင် ရှင့်ကို ကျွန်မ သေချာပေါက် ကျေနပ်အောင် ပြုစုပေးမယ်။"

"ငါ အဲ့ဒါကို သိပ်ကြိုက်တယ်။"

စကားပြောရင်း ထိုစုံတွဲသည် ထန်ရှုနှင့် ယွဲ့ခိုင်အနီး ဖြတ်လျှောက်သွားပြီး သူတို့အား တစ်ချက်ပင် သတိမထားမိကြဘဲ ဟာမိစ်စတိုးဆိုင်ထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။

“ဘယ်လောက်တောင် မိုက်မိုက်မဲမဲ သုံးစွဲတာလဲ။” ယွဲ့ခိုင်က မျက်လုံးပြူးပြီး တီးတိုးရေရွတ်သည်။

ထန်ရှု၏အပြုံးသည် ထူးဆန်းနေပုံရပြီး မှတ်ချက်စကား ဆိုလိုက်သည်။

"မင်းလည်း ဒီပုတ်ထဲက ဒီပဲပါကွာ။"

ယွဲ့ခိုင် ကြက်သေ သေသွားပြီး ရှက်သွားသောကြောင့် သူ့မျက်နှာသည် ချက်ချင်းပင် နီရဲလာသည်။ သူ့နှာခေါင်းကို ကိုင်ကာ ချောင်းဆိုးလိုက်ရင်း

“ဟင့်အင်း … လုံးဝမတူဘူးကွ။ အနည်းဆုံးတော့ ဟန်နီ… မင်း သူတို့ကို သဘောကျသရွေ့ သုံး လေးလုံး ဝယ်ပေးမယ်လို့ တစ်ခါမှ ငါ မပြောဖူးဘူး... ဟားဟား။”

ထန်ရှုက သူ့အား ပျစ်ပျစ်နှစ်နှစ် ပြောလိုက်သည်။ "အဲ့ဒါက မင်း ဆင်းရဲလို့လေ။"

ယွဲ့ခိုင် ခေါင်းငုံ့သွားရင်း ကူကယ်ရာမဲ့ဟန်ဖြင့်

“ညီအစ်ကိုထန် … ငါ့ကို သေလောက်တဲ့ ထိုးနှက်ချက် မပေးလို့ ရမလား။ ငါ့မှာ မင်းလိုသာ ဘဏ္ဍာရေး အရင်းအနှီးတစ်ခု ရှိတယ် ဆိုရင် အထဲက မိန်းကလေးရော ခုနကလမ်းဖြတ်လျှောက်သွားတဲ့ မိန်းကလေးကိုရော ငြင်းမိလိမ့်မယ်။ သေချာပေါက် ကိုယ့်အတွက်ကို အကောင်းဆုံးအမျိုးသမီးတွေ ရှာမိမှာပဲ။”

ထန်ရှုက ခေါင်းယမ်းလိုက်ပြီး သည်ငတိကို ထပ်ပြီး တုံ့ပြန်လိုစိတ်မရှိတော့ပေ။

စီးကရက် လုံးဝကုန်သွားပြီးနောက် ယွဲ့ခိုင်သည် ထန်ရှုကို ခေါ်ကာ ဟာမိစ်စတိုးဆိုင်ထဲသို့ ပြန်လျှောက်လာသည်။ ထိုနေရာသို့ လျှောက်လာရင်း ဆိုင်အတွင်းအခြေအနေကို မြင်လိုက်ရသည်နှင့် သူ၏မျက်နှာသည် မှုန်မှိုင်းသွားရသည်။ သူ့ချစ်သူ ရှဲ့ရှောင်ထုံသည် အလွန်ရင်းနှီးသော အပြုအမူဖြင့် စတိုးဆိုင်ထဲသို့ ဝင်သွားသော လူရွယ်ချောလေး၏ လက်ကို ကိုင်ကာ အတတ်နိုင်ဆုံး ဆွဲယူရန် ကြိုးစားနေပြီး အခြားအမျိုးသမီးကလည်း သူမကို ဆန့်ကျင်ကာ လူရွယ်၏လက်တစ်ဖက်ကို ကိုင်ထားသည်။

ယွဲ့ခိုင် ဒေါသထွက်နေစဉ် ထိုချောမောသော လူရွယ်လေးသည် အလှလေးနှစ်ယောက်ကို ကြိုဆိုနေပုံရပြီး သူ၏လက်များက ၎င်းတို့၏ပခုံးများကို ဖက်ထားကာ ရံဖန်ရံခါတွင် ထိုမိန်းကလေးများ၏ မျက်နှာထက်မှ လိမ်းချယ်ထားသော မိတ်ကပ်များအား လက်ချောင်းများဖြင့် တို့ထိပွတ်သပ်နေသည်။

"မင်းတို့နှစ်ယောက်လုံးက ငါ့ဘေဘီလေးတွေ။ ဒီသခင်လေးက ဒီနေ့ အရမ်းပျော်နေတော့ မင်းတို့ကြိုက်တဲ့ အိတ်ကို ရွေးလိုက် … အကုန်ပေးချေလိုက်မယ်။”

လူရွယ်ချောလေးက တောက်ပစွာ ပြုံးပြီး ဆိုလိုက်သည်။

" ရှဲ့ ရှောင်ထုန်…"

ယွဲ့ခိုင်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ဒေါသတကြီးဖြင့် အော်လိုက်သည်။

ကောင်မလေးက သူ့ကို ကြည့်ကာ တုန်လှုပ်သွားဟန်ရသည်။ သူမက လူရွယ်ချောလေး၏လက်ကို အမြန်လွှတ်လိုက်ပြီး ထိုသူ၏လက်မှ လွတ်မြောက်ချင်လာသည်။ သို့သော် ချောမောသော လူရွယ်လေးက ယွဲ့ခိုင်၏ အော်ဟစ်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်သည်။ ရှဲ့ရှောင်ထုန်၏ပခုံးကို မလွှတ်ဘဲ သူမအား သူ့ရင်ဘတ်ဆီသို့ပင် အားဖြင့် ဆွဲခေါ်လိုက်သည်။

အာ…

ရှဲ့ရှောင်ထုန် အတန်ငယ် နောင်တရသွားသည်။ သူမသည် သခင်လေးဝူကို မြင်လိုက်သည့်အခါ စိတ်လှုပ်ရှားလွန်းသောကြောင့် ကိုယ့်ကိုယ်ကိုယ် မေ့သွားပြီး လူရွယ်လေးဆီ တည့်တည့်ပြေးကာ သူ စိတ်ကျေနပ်အောင် အားလုံးကို လုပ်ခဲ့မိသည်။ သခင်လေးဝူသည် ငယ်စဉ်ကတည်းက ရွှေဇွန်းဖြင့် ကြီးပြင်းလာသူဖြစ်ပြီး ဝမ်ကျန်းအုပ်စု၏ တစ်ဦးတည်းသောသား ဖြစ်သည်ကို သူမ သိရှိထားသည်။ သူသည် ကြွယ်ဝပြီး ချောမောလှပသော သွင်ပြင်ဖြင့် တည်ရှိနေသည် — အနာဂတ်တွင် မရေမတွက်နိုင်သော လူပေါင်းများစွာက မော့ကြည့်ရမည့်လူဖြစ်သည်။ သူသည် သူမ၏မျက်လုံးထဲတွင် ပြီးပြည့်စုံသည့် ချမ်းသာကြွယ်ဝသော ခင်ပွန်းအလား ဖြစ်ပေတော့သည်။

ရှဲ့ ရှောင်ထုန်သည် တစ်ချိန်က သခင်လေးများ၏ ပါတီတစ်ခုတွင် ဖိတ်ကြားခံရလောက်အောင် ကံကောင်းခဲ့ပြီး သူမ ဖျော်ဖြေပေးခဲ့သူမှာ ဤသခင်လေးဝူ ဖြစ်သည်။ သူမသည် ထိုညတွင် သူ့အား ထမ်းဆောင်ရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်းကြောင့် ထိုလူရွယ်၏မျက်နှာသာပေးခြင်းကို ရရှိရုံသာမက ယွမ်ထောင်ပေါင်းများစွာကိုလည်း ရရှိခဲ့သည်။ ထို့နောက် သူ့ကို ဖျော်ဖြေပေးရန်အတွက်ပင် ရံဖန်ရံခါ အခေါ်ခံရသည်။

သို့သော်လည်း သူမသည် ဒေါသထွက်နေသော ယွဲ့ခိုင်ကို ကြည့်ပြီး ပြဿနာဖန်တီးလိုက်ပြီမှန်း သူမ သိလိုက်သည်။ ယွဲ့ခိုင်သည် ရှန်ဟိုင်းတက္ကသိုလ်မှ လူသစ်တစ်ဦးမျှသာဖြစ်သော်လည်း သူသည် အလွန်များပြားသော ငွေကြေးသုံးစွဲမှုကြောင့် ထင်ရှားကျော်ကြားသော ချမ်းသာသောမိသားစုမှ ဆင်းသက်လာဖွယ်ရှိသည်။

ယွဲ့ခိုင်၏ဒေါသအကြည့်များသည် ဝူကွမ်းဟွေ့ပေါ်သို့ ချက်ခြင်း ကျရောက်သွားပြီး

"ကောင်မလေးကို လွှတ်ပေးလိုက်။ မင်းက ချီးထုပ်ပဲ။"

ဝူကွမ်းဟွေ့ မျက်ခုံးပင့်လိုက်သည်။ ရှဲ့ ရှောင်ထုံကို မလွှတ်ပေးရုံသာမက သူမကို ငုံ့နမ်းလိုက်ပြီး ယွဲ့ခိုင်အား ပမာမခန့်ကြည့်ကာ ခပ်ပေါ့ပေါ့ပြောလိုက်သည်။ "ဒီအမှိုက်က ဘယ်သူလဲ ရှောင်ထုန် ချစ်လေး။ ဒီကောင်က ဘယ်ကလာတာလဲ။ မင်း သူ့ကို သိလား။"

ရှဲ့ ရှောင်ထုန်သည် ဝူကွမ်းဟွေ့ မည်ကဲ့သို့ ပြုမူလေ့ ရှိသည်ကို အတိုင်းအတာတစ်ခုအထိ သိထားပြီး ထိုသူသည် သေးသေးတင်မခံဘဲ လက်စားချေလေ့ရှိပြီး သူ၏စိတ်သဘောထား သေးသိမ်မှုသည် သူ၏ လူမှုအသိုင်းအဝိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားပေသည်။ သည်နေ့ ထိုသူ့ကိုသာ သူမ မျက်နှာပျက်အောင် လုပ်ခဲ့ပါက သူမ ဆိုးဆိုးရွားရွား အဆုံးသတ်ရပေလိမ့်မည်။ ရှဲ့ ရှောင်ထုန် ချီတုံချတုံ ဖြစ်ကာ သူမ၏စိတ်ထဲတွင် ယွဲ့ခိုင်နှင့်ဝူကွမ်းဟွေ့တို့၏ အရေးပါမှုကို ချိန်ညှိပြီးနောက် ချိန်ခွင်လျှာသည် ချက်ချင်းပင် ဝူကွမ်းဟွေ့ဆီ အလေးသာသွားသည်။ သူမ၏မျက်နှာလှလှလေး မော့ကာ ခေါင်းယမ်းပြရင်း "ကျွန်မ သူ့ကို မသိဘူး  သခင်လေးဝူ…။"

ဝူကွမ်းဟွေ့က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူ့မျက်နှာကို မော့ကာ ယွဲ့ခိုင်အား လှောင်ပြောင်လျက် "မင်း ကြားတယ်နော်။ ငါ့ချစ်သူ ရှောင်ထုံက မင်းကို မသိဘူး။ မင်းက မျှော်လင့်ချက်မဲ့ပြီး ရန်ဖြစ်နေတာပဲ မဟုတ်လား။"

ယွဲ့ခိုင်သည် ရှဲ့ ရှောင်ထုန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်မိသည်။ သူသည် ထိုလူကို ရိုက်နှက်ရန် ကြံစည်ထားသော်လည်း ရှဲ့ ရှောင်ထုန်၏အဖြေသည် သူ၏မျက်နှာကို ပြင်းထန်စွာ ရိုက်လိုက်သည့်အလားပင် … သူ၏မျက်နှာမည်းသွားကာ မျက်နှာပင် ပူလောင်လာသည်။

သူက ငါ့ကို မသိဘူးတဲ့လား…။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူနှင့်အိပ်ဖူးသော မိန်းကလေးက အခြားယောက်ျားကို မျက်နှာလုပ်ချင်ဇောဖြင့် သူ့ကို မသိကြောင်း ပြောခဲ့ချေပြီ။

ယွဲ့ခိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူပြီး သူ့ဒေါသများကို ထိန်းရန် ကြိုးစားလိုက်သည်။ သူက ဝူကွမ်းဟွေ့ကို လက်ညှိုးထိုးပြီး "သတ္တိမရှိတဲ့ကောင်" ဆိုသော အကြည့်ဖြင့် ကြည့်ကာ လှည့်ထွက်သွားသည်။ ဟာမိစ်စတိုးဆိုင်တံခါးမှ ထွက်ခါနီးတွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရကာ ငွေရှင်းကောင်တာဆီသို့ ပြန်သွားသည်။ ထို့နောက် သူ ချပေးထားသော ယွမ် ၃၀,ဝဝဝကို ယူကာ ချောမောလှပသော ငွေကိုင်အမျိုးသမီးအား

“ငါ ယွဲ့ခိုင်က ချမ်းသာတဲ့ကောင်ဆိုပေမယ့် အဲ့ဒီခွေးမကို ငါ့ပိုက်ဆံ မပေးဘူး။ မင်းက ကိုယ့်ကျွမ်းကျင်မှုနဲ့ အသက်မွေးဝမ်းကျောင်းပြုလို့ မင်းက သူ့ထက် အများကြီး သာတယ်။ မင်းကြိုက်တဲ့ အိတ်ကို ရွေးဖို့ ဒီပိုက်ဆံကို ငါထားခဲ့မယ်။ ငါ့လက်ဆောင်လို့ သဘောထားပေး။"

ထိုစကားပြောပြီးနောက် သူသည် နောက်လှည့်မကြည့်ဘဲ တံခါးပေါက်ဆီသို့ တန်းသွားခဲ့သည်။ ယွဲ့ခိုင် ပေးသော ယွမ်ငွေ ၃၀,၀၀၀ကို ကိုင်ဆောင်ရင်း လှပသော ငွေကိုင်စာရေးမလေးသည် လုံးဝ အံ့အားသင့်သွားသည်။ သူမသည် ရှဲ့ ရှောင်ထုန်ကို ကြည့်ပြီးနောက် ယွဲ့ခိုင်၏နောက်ကျောကို ကိုယ်ချင်းစာသော အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည် သူမ၏လုပ်ဖော်ကိုင်ဖက် အမျိုးသမီးအား တီးတိုးပြောလိုက်ပြီး ဆိုင်အပြင်ဘက်သို့ ပြေးလိုက်လာသည်။

ဆိုင်အဝင်ဝတွင်…

ထန်ရှုသည် ယွဲ့ခိုင် အော်လိုက်သောအသံကို ကြားလိုက်သော်လည်း အထဲသို့ မဝင်လာခဲ့ပေ။ အထဲတွင် မည်သို့ ဖြစ်ပွားသည်ကို မသိသော်ငြား ယွဲ့ခိုင်တို့သမီးရည်းစားကြားက အချစ်ရေးကိစ္စအား နှောက်ယှက်လိုစိတ် မရှိပါချေ။

"မင်း အဆင်ရော ပြေရဲ့လား။" ယွဲ့ခိုင် ထွက်လာသည်ကို မြင်ပြီးနောက် ထန်ရှုက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ယွဲ့ခိုင်က ခေါင်းယမ်းပြရင်း

“ဘာမှ မဟုတ်ပါဘူး။ ငါ ခွေးမတစ်ကောင်နဲ့ နှစ်ရက်လောက် ပျော်ပါးနေခဲ့ပြီး အခု ငါနဲ့ သူ ဇာတ်လမ်းပြီးသွားပြီဆိုတော့ ငါ့ခန္ဓာကိုယ်ကို အိမ်ပြန်ဆေးကြောလိုက်ချင်တယ်။"

ထန်ရှုက စိတ်ထဲက သက်ပြင်းချလျက် ခေါင်းညိတ်လိုက်ပြီး

"မင်း အဆင်ပြေတယ်ဆိုတော့ ငါတို့ ထွက်သွားကြရအောင်။"

ထိုစဉ် ငွေကိုင်အမျိုးသမီးက ယွမ်ငွေ ၃၀,၀၀၀ကို ကိုင်ပြီး ယွဲ့ခိုင်၏လမ်းကို အမြန်ပိတ်လိုက်ကာ "ဟယ်လို လူကြီးမင်း။ ဒါ ရှင့်ပိုက်ဆံပါ … ကျွန်မ လက်မခံနိုင်ဘူး။"

“စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီကောင်က သောက်ရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မင်း           သိလား … မင်းလိုကောင်တစ်ယောက်ဆီက ပိုက်ဆံကို ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး။"

ဝူကွမ်းဟွေ့သည် မိန်းကလေးနှစ်ယောက်၏ပခုံးကို ဖက်ထားရင်း ဆိုင်အတွင်းမှ ထွက်လာသည်။ ယွဲ့ခိုင်က ရှဲ့ရှောင်ထုန်အား ခွေးမတစ်ကောင်အဖြစ် ကျိန်ဆဲသည်ကို သူ ကြားလိုက်ရသဖြင့် စိတ်အတွင်းတွင် ဒေါသထောင်းကနဲ ထွက်သွားသည်။ သူ ထွက်လာပြီး ယွဲ့ခိုင်ကို အရှက်ခွဲရန် ကြံစည်ထားသော်လည်း သူ ထွက်လာသည်နှင့် ဘုရားပေးသော အခွင့်အရေးကို ရလိမ့်မည် မမျှော်လင့်ထားပေ။

ချက်ချင်းပင် ယွဲ့ခိုင်၏မျက်နှာသည် အလွန်အမင်း အရုပ်ဆိုးသွားတော့သည်။

ငွေကိုင်အမျိုးသမီးသည် ဖြစ်ပွားခဲ့သော အကြောင်းရင်းများနှင့် နောက်ဆက်တွဲ ဖြစ်လာသမျှကို ကြည့်ရှုခဲ့သည်။ ဤသခင်လေးဝူသည် လူကောင်း မဟုတ်ကြောင်း သူမ သိသည်။ သည်လူက သူမအား ယွဲ့ခိုင်ကို လှောင်ပြောင်ရန်အတွက် အသုံးချနေမှန်း သိသောကြောင့် ယွဲ့ခိုင်အား စာနာစိတ်ဖြင့် အမြန် ပြောခဲ့သည်။

"အဲ့ဒါ မမှန်ဘူး။ ကျွန်မတို့စတိုးဆိုင်က ဘယ်ဝန်ထမ်းမဆို ကျွန်မတို့ရဲ့ဖောက်သည်တွေဆီက မုန့်ဖိုးနဲ့အကျိုးခံစားခွင့်တွေကို လက်ခံခွင့်မရှိတဲ့ စည်းမျဉ်းတစ်ခုရှိနေလို့ပါ။"

ဝူကွမ်းဟွေ့က မျက်မှောင်ကြုတ်လိုက်ပြီး

“သောက်ပါးစပ် ပိတ်ထား…။”

ထန်ရှုက ဘေးမှာ ရပ်နေရင်း ကြောက်လန့်နေသည့် ငွေရှင်းကောင်တာအမျိုးသမီးနှင့် ရှုံ့မဲ့နေသော ယွဲ့ခိုင်တို့၏ သွင်ပြင်ကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချပြီး ဝူကွမ်းဟွေ့အား ပြောလိုက်သည်။

“သူငယ်ချင်း … သူတို့ကို လွယ်လွယ် ပေးသွားလိုက်ပါ။ မင်းက အသာစီးရနေပြီမို့ ဒီမှာပဲ ရပ်လိုက်ပါတော့။ အထူးသဖြင့် ဒီလိုပေါ့တိပေါ့ပျက် အမျိုးသမီးတွေအတွက် ရန်သူတွေ လုပ်ရတာ မထိုက်တန်ပါဘူး။”

ဝူကွမ်းဟွေ့က ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ထန်ရှုကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် ယွဲ့ခိုင်၏ ရှုံ့မဲ့နေသော အမူအရာဆီသို့ သူ့အကြည့်များ ထပ်မံကျရောက်သွားသည်။ ဆန့်ကျင်ဘက်အနေနှင့် ရှဲ့ရှောင်ထုန်သည် ထန်ရှု၏အပြောဆိုးမှုကို သည်းမခံနိုင်ဘဲ မှုန်ကုပ်ကုပ်ဖြစ်နေပြီး ဒေါသတကြီးဖြင့် “ရှင်က ဘယ်သူလဲ။ ဒီကိစ္စမှာ ရှင့်ရဲ့အပူ တစ်ပြားမှ မပါဘူး။ သူများကိစ္စကို ရှင် ဘာဝင်ပြောနေတာလဲ။ ရှင့်စကားတွေကို သတိထား။ ဘယ်သူ့ကို ပေါ့တိပေါ့ပျက်မိန်းကလေးလို့ ပြောလိုက်တာလဲ။ စိတ်ရှုပ်ဖို့ ကောင်းတဲ့လူ။”

အခြားအမျိုးသမီးကလည်း သူမ၏ခါးလေးအား အထာကျကျ လှုပ်ယမ်းကာ

“နင့်ပါးစပ်ကို ဆေးခဲ့ရဲ့လား။ နင့်ရဲ့မွဲတေပေစုတ်နေတဲ့ ရုပ်ကို ပြန်ကြည့်လိုက်ဦး။ ဒါတောင် တခြားသူရဲ့ကိစ္စမှာ ပါချင်နေသေးတာလား။ ဟမ့် ... နင်က နင့်ကိုယ်နင် အားကိုးပြီး ငါ့ကို သေးနုတ်အောင် လုပ်ချင်တာလား။

ဝူကွမ်းဟွေ့သည် အပျော်လွန်နေဟန်ရှိပြီး ရှဲ့ ရှောင်ထုန်နှင့် အခြားအမျိုးသမီး၏မျက်နှာလေးများကို နမ်းကာ ချီးမွမ်းလိုက်သည်။

“ငါ့ကလေးနှစ်ယောက် … မင်းတို့လေးတွေ တကယ်ပြောနိုင်တာပဲနော်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ည မင်းတို့သခင်လေးရဲ့ စိတ်အခြေအနေက အရမ်းကောင်းနေတယ်။ ဒီညတော့ မင်းတို့ကို ကောင်းကောင်း ဆက်ဆံပြီး ကောင်းကောင်း ချစ်ပေးရဦးမှာပေါ့။"

ထန်ရှုသည် ထိုသုံးယောက်အား စက်ဆုပ်စွာ ကြည့်ပြီးနောက် ငွေကိုင်အမျိုးသမီးကို ကြည့်ကာ “ငါ့ညီက မင်းကို ပိုက်ဆံပေးတယ် … လက်ခံရုံပါပဲ။ မင်းက အခု ဆိုင်အပြင်မှာ ရှိနေတော့ အလုပ်ရှင်ရဲ့ စည်းမျဉ်းတွေနဲ့လည်း ကင်းလွတ်ပါတယ်။"

ထိုစကားပြောပြီးနောက် သူက ယွဲ့ခိုင်၏ပုခုံးကို ပုတ်ကာ ခေါင်းယမ်းလိုက်ရင်း

"သွားကြရအောင်။ မင်းကို ကိုက်တဲ့ ခွေးရူးတွေကို ပြန်ကိုက်ချင်နေသေးတာလား။ အိမ်ပြန် … ရေမိုးချိုးပြီး မင်းရဲ့ကံဆိုးမှုကို ဆေးကြောလိုက်။"

ယွဲ့ခိုင် ခေါင်းညိတ်လိုက်သည်။ ငွေကိုင်အမျိုးသမီးက သူ့ပိုက်ဆံ ပြန်ပေးသည်ကို စိတ်မဆိုးသော်လည်း သူ့ကို လှောင်ပြောင်ရန်အတွက် သူမအား ဝူကွမ်းဟွေ့က ခုတုံးလုပ်ခဲ့သည်ကိုတော့ သူ စိတ်ဆိုးခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့်မူ ယွမ်ငွေ ၃၀,၀၀၀ သည် သူမ၏လစာ၏ တစ်လ သို့မဟုတ် နှစ်လနှင့် ညီမျှသော်လည်း ထိုပိုက်ဆံအား မယူသဖြင့် သူမအား လေးစားခဲ့သည်။

"ဒါပဲလေ။" ဝူကွမ်းဟွေ့သည် မျက်လုံးအစုံကို မှေးစင်းလိုက်ပြီး ထန်ရှုနှင့် ယွဲ့ခိုင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေလေသည်။ သည်အမှိုက်နှစ်ကောင်အား ကဲ့ရဲ့ရန်အတွက် သူ အချိန်ဖြုန်းခဲ့သည်ကို နောင်တရနေမိပြီး သူ့အချိန်များကို သည်မိန်းကလေးနှစ်ယောက်နှင့် ပျော်ပျော်ပါးပါး အချိန်ဖြုန်းသည်က ကောင်းပေလိမ့်မည်။

ဤအခိုက်အတန့်တွင် သူ၏အကြည့်များသည် ထန်ရှုနှင့် ယွဲ့ခိုင်ထံမှ ပြန်ရုတ်သွားကာ စတိုးဆိုင်ဘက်သို့ ပြန်လှည့်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ယောက်အား လှမ်းမြင်လိုက်ပြီး သူ၏အမူအရာမှာ ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူက ချက်ချင်းပင် အမျိုးသမီးနှစ်ယောက်ကို ဖက်ထားရာမှ လွှတ်ပေးလိုက်ကာ ထန်ရှု၏ဘေးမှ ဖြတ်လျှောက်သွားပြီး သူတို့နှင့် တစ်ဒါဇင်လောက် ကွာဝေးသော အခြားတစ်နေရာတွင် လျှောက်ကြည့်နေကြသော ချောမောလှပသည့် အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်ဆီသို့ ဦးတည်သွားလိုက်သည်။

"ဟယ်လို အစ်ကိုချူ…"

ထိုယောက်ျားနှင့်မိန်းမတို့၏ခြေလှမ်းများ တုံ့ကနဲ ဖြစ်သွားကြ၏။ ထိုယောကျ်ားသည် ဝူကွမ်းဟွေ့ ပြေးလာသည်ကို မြင်သောအခါ သူ၏မျက်လုံးများထဲတွင် ရွံရှာသော အကြည့်တစ်ချက် ဖျတ်ကနဲ ဖြစ်ပေါ်သွားသော်လည်း သူ့အား ခေါင်းညိတ်တုံ့ပြန်ပြီး

"မင်းလား ဝူလေး။ မင်းအဖေ မင်းကို ကုမ္ပဏီကနေ လွှတ်လိုက်တာလား။"

“ဟုတ်တယ်ဗျ။ ဒီတလော ကျွန်တော် ကုမ္ပဏီမှာ ကောင်းကောင်းလုပ်ခဲ့တာမို့ အဖေက ကျွန်တော့်ကို အားလပ်ရက် ပေးထားတယ်။ ဒီနေ့ အစ်ကိုချူနဲ့ ဒီမှာ ဆုံလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ တကယ်ပါဗျာ … ကျွန်တော့်အတွက် ဝမ်းသာဂုဏ်ယူစရာပါပဲ။ ဒါနဲ့ … သူမက... မရီးလား။ အိုး … မရီးက တကယ့်ကို နတ်သမီးလေးလိုပဲ။ နတ်ဘုရားမတစ်ပါးအတိုင်း တင့်တယ်လိုက်တာ။”

ဝူကွမ်းဟွေ့သည် ချူယွမ်၏ဘေးနားရှိ တင့်တယ်သော အမျိုးသမီးကို ကြည့်ပြီး သူ၏စိတ်အထဲမှ ချူယွမ်အား မနာလိုအားကျစိတ်များ ခံစားရသော်လည်း သူ့အမူအရာနှင့်အသံမှာ မပြောင်းလဲဘဲ မြှောက်ပင့်နေဆဲ ဖြစ်သည်။

ချူယွမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ရွှယ်ယုနှင့် သူ၏ဆက်ဆံရေးကို ရှင်းပြလိုစိတ်မရှိပေ။ သည်နေ့ လမ်းလျှောက်ထွက်ရန် ရွှယ်ယုအား သူကပင် စဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ရွှယ်ယုကိုယ်တိုင် ရှန်ဟိုင်းကို ရောက်ချလာပြီး အစောပိုင်းက ထန်ရှုနှင့်အတူ  နေ့စဉ်လိုအပ်သော အဝတ်အစားများကို လုံလောက်စွာ ဝယ်ယူထားပြီးဖြစ်သော်လည်း လည်ပတ်ရန် ပြောခဲ့ပြီး သူမအတွက် အဝတ်အစားများ၊ အသုံးအဆောင်များ၊ လက်ဝတ်ရတနာများ ဝယ်ရန် အစီအစဉ် ရှိနေခဲ့သည်။ ထန်ရှုကို ဆွဲဆောင်နိုင်စေရန် သူမကိုယ်တိုင် လှလှပပ ဝတ်စားချင်သောစိတ်ကြောင့် ဖြစ်သည်။

သူ၏ရှေ့တွင် လူနှစ်ယောက်ကို မြင်လိုက်ရပြီး မထင်မှတ်ပဲ တယောက်မှာ ထန်ရှုဖြစ်နေသောကြောင့် ရုတ်တရက် ချူယွမ်၏ အမူအရာ လှုပ်ရှားသွားရသည်။ သူ၏မသိစိတ်က ရွှယ်ယုကို လှမ်းကြည့်လိုက်ရာ သူမသည်လည်း ထန်ရှုကို မြင်သဖြင့် တည့်တည့်ကြီး လှမ်းကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

"မင်း ဒီကို ဘယ်လို ရောက်လာတာလဲ။"

ထန်ရှုသည် ရွှယ်ယုနှင့် ချူယွမ်ကို တွေ့လိုက်ရသောအခါ စိတ်အတွင်း၌ အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ သို့သော် အစောပိုင်းက အလွန်မောက်မာပြီး မာနကြီးသော ဝူကွမ်းဟွေ့သည် ယခု ချူယွမ်၏အရှေ့သို့ အပြေးအလွှား နှိမ့်ချစွာ နှုတ်ဆက်လိုက်သည်ကိုမြင်ရသည်မှာ ထန်ရှုအတွက် အတော်ပင် ရွှင်မြူးစေသလို စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

ရွှယ်ယုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ထန်ရှု၏ လက်မောင်းကို ဆွဲကာ

"ချူယွမ်က ငါ့ကို ဒီနေ့လမ်းလျှောက်ဖို့ခေါ်တယ်လေ။ လက်ဖက်ရည်ဆိုင်သွားထိုင်ရမှာလည်း ပျင်းတယ်။ အဲ့ဒါနဲ့ ငါ အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ ဝယ်ချင်လို့ သူ့ကို ဒီကို ခေါ်လာခဲ့တာ။”

ထန်ရှုက သူမကို ခေါင်းညိတ်ပြသည်။ ထို့နောက် သူက ချူယွမ်ကို ကြည့်ကာ

"ဘယ်လိုလဲ။ မင်း သူ့ကို ဆွဲဆောင်နိုင်ပါ့မလား။"

"သူမရဲ့ အကျင့်စရိုက်ကို မင်း မမြင်ဘူးလား။"

ချူယွမ်က ခေါင်းခါလိုက်သည်။

“သူမ ဆုံးဖြတ်ထားတဲ့ အရာကို ဘယ်တော့မှ ရှောင်တိမ်းမှာ မဟုတ်ဘူး။ နွားဆယ်ကောင်တောင်မှ သူ့ကို ဆွဲမထုတ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ထန်ရှု … မင်းက တော်တော်လွန်တာပဲ။ မင်း သူ့ကို မင်းရဲ့ချစ်သူအဖြစ်ပဲ ထားတယ်ပေါ့။"

"ငါလည်း ဆန္ဒရှိပါတယ်။" ရွှယ်ယုက ဒေါသထွက်နေသော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။

ထန်ရှုက ရယ်ရုံသာ တတ်နိုင်တော့သည်။ သူ့အကြည့်များအား အံ့အားသင့်စွာ ငေးကြည့်နေသော ယွဲ့ခိုင်ဆီမှတဆင့် ကြက်သေသေကာ ပါးစပ်အာစေးမိနေသော ဝူကွမ်းဟွေ့ဆီ ပြောင်းလိုက်သည်။ ဝူကွမ်းဟွေ့အား ညွှန်ပြရင်း

“မင်း ဒီကောင်ကို သိလား။”

"အင်း … ငါ သူ့အဖေကို သိတယ်။" ချူယွမ် ခေါင်းညိတ်လိုက်သည်။

"ငါ သူ့အဖေနဲ့စီးပွားရေးသဘောတူညီချက်တွေ ရှိခဲ့ဖူးတယ်။"

"ဒီကောင်က ပန်းသီးပုပ်တစ်လုံးပဲ။ မာနကြီးပြီး ဇောင်းလွှတ်နေတဲ့ သခင်လေးမျိုးပေါ့။ သူ့အဖေက ဒီလိုသားတစ်ယောက်ကို သွန်သင်ဆုံးမတာ ဆိုးရွားနေတာမို့ နောက်ပိုင်းမှာ မင်း သူတို့နဲ့ အဆက်အသွယ် လျော့တာ ပိုကောင်းတယ်။ နောက်ကို သူတို့နဲ့မပူးပေါင်းဖို့ မင်း ရွေးချယ်နိုင်ရင် မင်းရဲ့ကိုယ်ပိုင်ငွေကို ချွေတာဖို့ မလိုတော့ဘူး။”

"ဒီကောင်က မင်းကို ပြစ်မှားတာလား ဒါမှမဟုတ် တစ်ခုခုလုပ်လိုက်လို့လား။"

ချူယွမ်က အံ့သြစွာ မေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါက အသေးအဖွဲလေးပါ။ သူ့အဆင့်ထိ ချနေစရာ မလိုပါဘူး။ ဒါနဲ့ ဒီတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ သူက ယွဲ့ခိုင် … ငါ့ရဲ့ညီအစ်ကိုတစ်ယောက် ဆိုနိုင်သလို အတန်းဖော်ကျောင်းသားတစ်ယောက်ပါ။ ယွဲ့ခိုင် … ဒါက ချူယွမ်ပါ။ နောက်ဆို သူ့ကို အစ်ကိုချူလို့ ခေါ်တာ ကောင်းတယ်။"

"ဟယ်လို အစ်ကိုချူ။ မင်းက ကျော်ကြားတော့ ကျွန်တော် အရင်ကတည်းက ကြားဖူးပါတယ်။ မင်းက ရှန်ဟိုင်းမှာရှိတဲ့ စီးပွားရေးအသိုင်းအဝိုင်းထဲက ဒဏ္ဍာရီတစ်ယောက် ဖြစ်သလို ပြည်တွင်းငွေကြေးလုပ်ငန်းမှာလည်း အံသြစရာကောင်းတဲ့ ရုပ်ပုံတစ်ခုပါပဲ။" ယွဲ့ခိုင်က သူ၏လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

"အစ်ကိုကြီးထန်နဲ့ သူငယ်ချင်းဖြစ်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။"

ချူယွမ်သည် အလွန်နှိမ့်ချစွာ ပြုမူပြီး ယွဲ့ခိုင်နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် အပြုံးဖြင့်

“ကျေးဇူးပြုပြီး ငါ့ကို မနောက်ပါနဲ့ … သူဌေးထန်နဲ့လည်း မနှိုင်းပါနဲ့။ ငါက သူ့ဖိနပ်ကို ကိုင်ဖို့တောင် အရည်အချင်း မပြည့်မီပါဘူး။"

***

All Chapters