မိုက်မဲတဲ့ ချမ်းသာသူလား
Vol. 50 Ch. 695
ချူယွမ်သည် ထန်ရှုအား ဤကဲ့သို့ ခမ်းနားစွာ ချီးမွမ်းပြောဆိုလိမ့်မည်ဟု ယွဲ့ခိုင်၏စိတ်ထဲတွင် ဘယ်သောအခါမှ မထင်ထားခဲ့မိပေ။ ထို့နောက် ထန်ရှု ယခင်က ပြသခဲ့သော အရာအားလုံးကို ပြန်သတိရပြီး နောက်ဆုံးတွင် တစ်စုံတစ်ခုကို သူ သဘောပေါက်လိုက်သည်။ ထန်ရှု၏ဂုဏ်ပုဒ်သည် အလွန်ထူးခြားနေပေလိမ့်မည်။
“အစ်ကိုကြီးထန် … မင်းက…” ယွဲ့ခိုင်က ပါးစပ်ဟလိုက်သော်လည်း ဆက်ပြောရန် တုံ့ဆိုင်းနေသည်။
ထန်ရှု၏စိတ်ထဲတွင် ကူကယ်ရာမဲ့သွားရသည်။ ချူယွမ်က ယွဲ့ခိုင်၏အရှေ့တွင် တခမ်းတနား ချီးကျူးလိုက်သဖြင့် သူ သိုသိုသိပ်သိပ် နေရန် မဖြစ်နိုင်တော့ပါချေ။ သူ တခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ဆက်ဖုံးကွယ်မထားချင်တော့ဘဲ
“ငါက ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းရဲ့ ပိုင်ရှင် ဖြစ်သလို ထာဝရခန်းမရဲ့ပိုင်ရှင်လည်း ဖြစ်တယ်။ ရိုးရိုးသားသား ပြောရရင် ငါ့မှာ ရှိတဲ့ပိုက်ဆံက လူတွေ စိတ်ကူးထားတာထက် အများကြီး ပိုပါတယ်။ ဒါပေမယ့် ငွေဆိုတာ ငါ့မျက်လုံးထဲမှာ ပိုင်ဆိုင်မှုပြယုဂ်ဆိုတာက လွဲပြီး ဘာမှမဟုတ်ပါဘူး။ ငါတို့တစ်ဦးစီရဲ့ဂုဏ်ပုဒ်တွေ ဘယ်လိုပဲ ရှိရှိ ငါတို့တွေက စိတ်ဓာတ်ချင်းတူညီကြတဲ့ ညီအစ်ကိုတွေပါပဲ။”
ယွဲခိုင် အတန်ပင် အံ့သြနေဟန်ရသည်။ ထန်ရှု၏ တည်ငြိမ်နေသော အမူအရာကို ကြည့်ပြီး ရုတ်တရက် သူ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ တစ်ဖက်တွင်လည်း အနီးတွင်ရှိသော ဝူကွမ်းဟွေ့၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာများ ပေါ်ထွက်နေပြီး ခန္ဓာကိုယ်ပင် တုန်ရီနေသည်။
ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုနှင့် ထာဝရခန်းမ။
ထာဝရခန်းမသည် ရှန်ဟိုင်းရှိ အကောင်းဆုံး အဆင့်မြင့် စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ပြီး ၎င်းသည် အဓိက ရုံးချုပ်မဟုတ်ဘဲ ဌာနခွဲတစ်ခုသာ ဖြစ်သည်ကို ဝူကွမ်းဟွေ့မှ သိရှိထားသည်။ ဤစားသောက်ဆိုင်သာ ဖြစ်လျှင် သူ ဤမျှ ထိတ်လန့်မည်မဟုတ်သော်လည်း ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ ဂုဏ်သတင်းသည် သူ့အတွက် အံ့မခန်း ဖြစ်ရပေသည်။
အထူးသဖြင့် ခမ်းနားသော ထန် စီးပွားရေး လုပ်ငန်းစုသည် ရှန်ဟိုင်းတွင် မြေကွက်ကြီးတစ်ကွက်ကို ဝယ်ယူထားကာ ၎င်း၏ဌာနချုပ်အပြင် စက်မှုဥယျာဉ်တစ်ခု တည်ဆောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ဖခင် ပြောသည်ကို သူ ကြားထားသည်။ နိုင်ငံအတွင်းရှိ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ ၂၀ နီးပါးသည် ဤလုပ်ငန်းစုထံမှ ဖိတ်ခေါ်မှုကို လက်ခံရရှိထားပြီး တင်ဒါခေါ်ယူမှုကို မကြာမီကျင်းပတော့မည်ဖြစ်သည်။
သူ၏မိသားစုသည် အကန့်အသတ်မဲ့အမည်ရှိ ဆောက်လုပ်ရေး လုပ်ငန်းစုကို ပိုင်ဆိုင်ပြီး နိုင်ငံအတွင်း အလယ်အလတ်ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုအဖြစ် အဆင့်သတ်မှတ်နိုင်သော်လည်း ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုမှ ကျင်းပသော ဆောက်လုပ်ရေး ပရောဂျက်တင်ဒါခေါ်ယူမှုတွင် ပါဝင်ခွင့်မရှိပေ။ သို့သော် အလုပ်ကောင်းကောင်း ဖြစ်ပါက လေလံအောင်သော ကုမ္ပဏီနှင့် ပူးပေါင်းပြီး ဟင်းချိုပဲ သောက်ရရင်တောင် ချမ်းသာနိုင်သည်ဟု သူ့အဖေက ပြောဖူးသည်။
ဖြန်း…
ဝူကွမ်းဟွေ့သည် သူ့မျက်နှာကိုသူ ရုတ်တရက် ဖြန်းကနဲ ရိုက်လိုက်သည့်အပြင် မောက်မာသော အမူအရာပါ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုအမူအရာအစား သူက ကိုယ့်အပြစ်ကိုယ် သိသည့် နောင်တရနေသော အမူအရာများဖြင့်
"ထန် ... သူဌေးထန် … ငါက နားဝတေိမ်တောင်နဲ့ မင်းလို ကြီးမြတ်တဲ့လူတစ်ယောက်ကို အစောပိုင်းက မသိခဲ့မိဘူး။ ကျေးဇူးပြုပြီး ငါ မင်းကို စော်ကားမိရင် ငါ့အဆင့်ထိ မနှိမ့်ချပါနဲ့။
"အိုခေ … မြန်မြန်သွားပြီး မင်းရဲ့ ကောင်မလေးတွေနဲ့ ဆက်ပျော်နေပါ။" ထန်ရှုက မလိုလားစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ဒီမှာ အရူးတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် လုပ်မနေပါနဲ့။"
ယခုအချိန်တွင် အကြောင်းစုံသိသွားပြီဖြစ်သော ရှဲ့ရှောင်ထုန်သည် အံ့အားသင့်နေခဲ့သည်။ ထန်ရှုသည် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏သူဌေးကြီး ဖြစ်လာပြီး ဤကုမ္ပဏီအပြင် အခြားလုပ်ငန်းများလည်း ရှိပုံရသည်။ ထိုသို့ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့မိဘဲ အစောပိုင်းက သူ့အား လှောင်ပြောင် စော်ကားခဲ့မိသည်ကို ပြန်သတိရသွားသည်။ သူမ၏ တစ်ကိုယ်လုံး ရုတ်တရတ် တောင့်တင်းသွားပြီး မငြိမ်မသက် ဖြစ်သွားရကာ နောင်တတရားက သူမအား သေချင်စိတ်ပေါက်သွားစေသည်။
သူမသည် ၎င်းတို့ကို နှိုင်းယှဉ်ကြည့်သောအခါ လူအများ၏အမြင်တွင် အလွန်ထူးချွန်သော ဝူကွမ်းဟွေ့သည် ထန်ရှုထက် အတော်ကြီးကို ညံ့ဖျင်းကြောင်း သူမ ရုတ်တရက် တွေ့သွားခဲ့သည်။ ထန်ရှုသည် ကိုယ်ထူကိုယ်ထဖြင့် ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ခဲ့ပြီး ထိုကဲ့သို့ ကျော်ကြားသော ကုမ္ပဏီကြီးတစ်ခု၏အစစ်အမှန်ပိုင်ရှင် ဖြစ်လာစဉ်တွင် ဝူကွမ်းဟွေ့ကမူ ချမ်းသာသော မိသားစု၏ ဒုတိယမျိုးဆက် သခင်လေးနှင့် အပျော်အပါး မက်သော သူဌေးသားသာ ဖြစ်ခဲ့ပေသည်။
ဖြန်း…
ရုတ်တရက် သူမ၏ပါးပေါ်သို့ လက်ဝါးချက်တစ်ချက် ကျရောက်လာသည်။ ထိုကဲ့သို့ ရိုက်လိုက်သည့် လူကတော့ ဝူကွမ်းဟွေ့ ဖြစ်လေ၏။
ဝူကွမ်းဟွေ့က သူ့အင်္ကျီလက်များကို လိပ်တင်ကာ ရှဲ့ရှောင်ထုန်၏မျက်နှာကို ရိုက်လိုက်ပြီးနောက် သူမကို လက်ညှိုးတထိုးထိုးဖြင့် ဒေါသတကြီး ကျိန်ဆဲလိုက်ကာ “ခွေးမ … အဲ့ဒါ မင်းကြောင့် ဖြစ်ရတာ။ မင်းက ငါ့ကို လှည့်စားခဲ့တာပဲ။ မင်းနဲ့ ဒီယွဲ့ … မစ္စတာယွဲ့က တစ်ယောက်နဲ့တစ်ယောက် သိနေကြတယ်ဆိုတာ ငါ သိခဲ့ရင် ငါ မင်းကို ဘယ်လိုတောင် ထိဝံ့မှာလဲ။ ဒီကနေ ထွက်သွားပါ။ ငါ မင်းကို နောက်ထပ် မမြင်ပါရစေနဲ့။"
ပါးရိုက်ခံလိုက်ရသော ရှဲ့ ရှောင်ထုန်သည် မှောင်မိုက်သွားရသည်။ သည်လူက သူမကို ရုတ်တရက် ပါးထရိုက်ပြီး သူ့အမှားများအားလုံးကို သူမအပေါ် လွှဲချလိမ့်မည်ဟု ထင်မထားမိပေ။
သူမသည် အရှက်ခွဲခံရသကဲ့သို့ ခံစားလိုက်ရသည့်တိုင် သူမ၏နောင်တတရားက ပိုများနေပေသည်။
သူမသည် မိန်းမကောင်း မဟုတ်ကြောင်း ဝန်ခံနိုင်သော်လည်း သူမ၏မြှောက်ပင့်ပြောဆိုမှုကြောင့် ဤအခြေအနေသို့ ဦးတည်သွားလိမ့်မည်ဟု နည်းနည်းလေးမျှပင် မထင်ထားခဲ့မိပေ။ ဤအခိုက်အတန့်တွင် သူမ၏ မိုက်မဲမှုသည် ကန့်သတ်ချက်ထက် ကျော်လွန်နေပြီဟုပင် သူမ ရုတ်တရက် ခံစားလိုက်ရသည်။ သူမ၏မိုက်မဲမှုသည် ယောက်ျားများအတွက် သူမအား ကစားစရာတစ်ခု ဖြစ်စေရုံမျှသာဟု သူမ နားလည်ခဲ့ရလေပြီ။
ခွေးမ…
ထိုစကားလုံးအား သူမ၏စိတ်ထဲတွင် ပြန်လည်ကြားယောင်နေခဲ့ပြီး ရှဲ့ရှောင်ထုန်၏ နှလုံးသားလေးအား အပ်များဖြင့် ထိုးနေသကဲ့သို့ တစစ်စစ် နာကျင်နေစေသည်။ သူမ၏မျက်နှာသည် ချက်ချင်းပင် သွေးရောင်မရှိတော့သည့်အလားပင်။ သူမသည် ပြန်လည်းမတုံ့ပြန်သလို ဒေါသလည်း မထွက်လာပေ။ သူမသည် စိတ်ဝိညာဉ် ပျောက်ဆုံးသွားသည့်အလား သူမ၏ခြေလှမ်းများ ခေါ်ဆောင်ရာဆီသို့ တရွေ့ရွေ့ ထွက်ခွာသွားတော့သည်။
ထန်ရှုသည် ထိုမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေသည်။ သူသည် ရှဲ့ ရှောင်ထုန်ကို အနည်းငယ်မျှ စာနာစိတ် မရှိပေ။ သူမရော ဝူကွမ်းဟွေ့ရောသည် စက်ဆုပ်ရွံရှာဖွယ် ဖြစ်ပြီး ယနေ့အဖြစ်အပျက်၏ အခြေအနေနှင့် နောက်ဆက်တွဲ အကျိုးဆက်များသည် သူမကိုယ်တိုင် သယ်ဆောင်လာသော ဘေးဒုက္ခများ ဖြစ်သည်။ ဝူကွမ်းဟွေ့ကိုလည်း စက်ဆုပ်သောကြောင့် ထိုသူအား ထန်ရှု ထပ်မကြည့်ချင်တော့ဘဲ
"ချူယွမ် … မင်း ဆက်ပြီး လျှောက်ကြည့်နေဦးမှာလား။ ဒါမှမဟုတ်…”
ချူယွမ်၏အဖြေကို မစောင့်ဘဲ ရွှယ်ယုက
“ဟင့်အင်း … ငါတို့အတူတူ ဈေးဝယ်ထွက်မှာ မဟုတ်ဘူး။ ငါ နင်နဲ့အတူ လိုက်ခဲ့မယ်လေ။"
ချူယွမ် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏ချောမောသော မျက်နှာထားတွင် အားတင်းထားရသည့် မချိပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူက ခေါင်းယမ်းကာ သက်ပြင်းချလိုက်ရင်း “လူတွေ ပြောကြသလိုပဲ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ဖို့ ထွက်သွားတဲ့ မိန်းကလေးတစ်ယောက် ဆိုတာ ဆုံးရှုံးပြီး ပြန်မရနိုင်တဲ့ အရာတစ်ခုလိုပါပဲ။ ကျောက်စိမ်းအလှမယ်က သူငယ်ချင်းထက် သူ့ချစ်သူကို ပိုပြီး အာရုံထားတယ်ဆိုတော့ ငါ အရင် ပြန်သွားလိုက်ပါမယ်။ ထန်ရှု … မင်း ငါနဲ့ တစ်ရက်လောက် သောက်ကြမယ် ဆိုတဲ့ ကတိကို သတိရပါ။"
ထန်ရှုက သူ့ကို ပြုံးပြပြီး ချူယွမ် ထွက်ခွာသွားသည်ကို ကြည့်ရင်း ခေါင်းညိတ်သည်။
ထိုအချိန်တွင် ယွဲ့ခိုင်သည် ရှုပ်ထွေးသော ခံစားချက်များဖြင့် ရှိနေသည်။ သူက ထန်ရှုဘေးနားက လှပသော ရွှယ်ယုကို ကြည့်ပြီးနောက် ထန်ရှုကို ကြည့်လိုက်ပြီး
"မင်းရဲ့ကိစ္စတွေ ... မင်း ငါ့အကူအညီ လိုသေးလား။"
ထန်ရှုက တခဏ စဉ်းစားပြီးနောက် ခေါင်းခါပြီး
“ကြည့်ရတာ ငါတို့ အဲဒါကို မေ့လိုက်ရတော့မယ့်ပုံပဲ။ မင်းလည်း စိတ်အခြေအနေ မကောင်းဘူး။ ရွှယ်ယုကို ဒီမှာ တွေ့တော့ ငါနဲ့အဖော်လိုက်ဖို့ သူ့ကို ခေါ်သွားလိုက်မယ်။"
"ကောင်းပြီ ဒါဆို။"
ယွဲ့ခိုင်သည် ယခုအချိန်တွင် စိတ်အခြေအနေ မကောင်းသောကြောင့် ပျော်ပျော်ကြီး ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ရပ်တန့်သွားသည်။ ထို့နောက် သူ နောက်လှည့်ကြည့်ကာ ကျယ်လောင်စွာ မေးသည်။
“အစ်ကိုကြီးထန် … မင်းက သူမအတွက် အဝတ်အစားတွေ ဝယ်ချင်တာလား။”
“မဟုတ်ဘူး။” ထန်ရှု ခေါင်းယမ်းသည်။
“သောက်ကျိုးနည်း…”
ယွဲ့ခိုင်၏စိတ်နှလုံးသည် ယခုအချိန်တွင် သေချင်စိတ်ပင် ပေါက်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်ကြား နှိုင်းယှဉ်မှုကပင် အတော် မနှစ်သက်ဖွယ်ကောင်းပြီး သူ၏စိတ်ဝိညာဉ်သည် သေလုမြောပါးပင် ဖြစ်နေသည်။ ကာဆာနိုဗာလို မိန်းကလေးများသော လူစားမျိုးများစွာကို သူ မြင်ဖူးသော်လည်း သူ့ချစ်သူနှင့်အတူ တခြားအမျိုးသမီးအတွက် အဝတ်အစားဝယ်မည်ဟု ပြောင်ပြောင်တင်းတင်း ပြောနိုင်သည့် ထိုကဲ့သို့ အံ့သြစရာကောင်းသော ကျွမ်းကျင်သူမျိုးကို တစ်ခါမှ သူ မတွေ့ဖူးပါချေ။
"ရှင့်ရဲ့ပိုက်ဆံ။"
ဟာမိစ်သီးသန့်စတိုးမှ ငွေကိုင်အမျိုးသမီးသည် ယခုထိ မပြန်ရသေးသောကြောင့် အစမှအဆုံးအထိ ဖြစ်ရပ်တစ်ခုလုံးကို သူမ မြင်ခဲ့ရသည်။ ဝူကွမ်းဟွေ့က သူမအား ခုတုံးလုပ်သဖြင့် သူ့အား မြင်ပြင်းကတ်ခဲ့ပြီး ရှဲ့ရှောင်ထုန်ကမူ အမျိုးသမီးထုအတွက် အရှက်ကွဲစေသည်ဟု သူမ ခံစားရသောကြောင့် ရှဲ့ရှောင်ထုံကို ပုံမှန်မဟုတ်သော မထီမဲ့မြင်ပြုမှုဖြင့်ပင် ပြုမူခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ယွဲ့ခိုင်ကို အစပိုင်းတွင် ဂရုဏာသက်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့အတွက် ပျော်ရွှင်လာခဲ့သည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုမှ သူဌေးကြီးသည် ငယ်ရွယ်နုပျိုသော ချောမောသူတစ်ဦး ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားသော်လည်း ယွဲ့ခိုင်အတွက် ထိုသို့သော ညီအစ်ကိုတစ်ယောက်ရှိခြင်းသည် မျိုးဆက်ပေါင်းများစွာ ပြုစုပျိုးထောင်ပြီးနောက် မျိုးကြဲခဲ့သည့် ကောင်းသောကံတစ်ခု ဖြစ်သည်မှာ သေချာပါသည်။
ညီအစ်ကိုအပေါင်းအသင်းဆိုတာ ဘာကိုခေါ်ပါသနည်း။
ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုမှ ဤသူဌေးကြီးက ပြောခဲ့သည်မှာ ဤကိစ္စရပ်တွင် ဆက်စပ်ပတ်သက်နေသူများသည် အတွေးအမြင်တစ်ခုကြောင့်သာ ဖြစ်ကြောင်း ပြောခဲ့သည်။ ညီအစ်ကိုများသည် စည်းစိမ်ဥစ္စာနှင့် ငွေကြေးကို စကားထဲ ထည့်မပြောတတ်ကြပေ။ ချမ်းသာသည်ဖြစ်စေ ချို့တဲ့သည်ဖြစ်စေ ညီအစ်ကိုသည် ညီအစ်ကိုသာ ဖြစ်သည်။ ဒါက မည်သည့်အရာကို ဆိုလိုနေပါသနည်း။ ဤသည်မှာ ယောကျ်ားစစ် ယောကျာ်းမှန်၏ စစ်မှန်သော သဘာဝပင် ဖြစ်သည်။
ယွဲ့ခိုင် အံ့အားသင့်နေရာမှ ထန်ရှုကို တဖန်ပြန်ကြည့်လိုက်စဉ်တွင် ထန်ရှုက သူ့အား ခေါင်းညိတ်ပြကာ ရွှယ်ယုကို အဝေးသို့ ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။
"ပိုက်ဆံ ယူထားလိုက်ပါ။ လူတစ်ယောက်ကို ပေးခဲ့ပြီးသားကို ပြန်မယူကောင်းဘူး။ ပြန်ယူမိရင် အဲ့ဒီလူဟာ အရှက်ကင်းမဲ့တဲ့သူလို့ ဆိုနိုင်တယ်။ ငါ့ကို ပိုက်ဆံတကယ်ပေးခဲ့တဲ့သူက အစ်ကိုကြီးထန်ပဲ။ သူက အလွန်ချမ်းသာတဲ့ သူတစ်ယောက်မို့ မင်း ဒီပိုက်ဆံလောက်ကို အလေးအနက်မထားပါနဲ့။”
ယွဲ့ခိုင် ထွက်သွားတော့မည်ကို သိလိုက်သည့် ငွေကိုင်အမျိုးသမီးက သူ့လမ်းကြောင်းကို အမြန်ပိတ်လိုက်ပြီး ခေါင်းယမ်းလိုက်ရင်း
"ဟင့်အင်း … လူကြီးလူကောင်းတစ်ယောက်ဆိုတာ အစားအသောက်ကို ဘယ်တော့မှ မထီမဲ့မြင် မလုပ်သင့်ဘူး။ ဒါက ငါ့ပိုက်ဆံလည်း မဟုတ်ဘူး။ ငါ အစောကတည်းက မလိုချင်ဘူးလို့ ပြောထားပြီးသား။ နောက်ပြီး နင့်အစ်ကိုက ပိုက်ဆံအကြွေးတင်နေတဲ့ လူတစ်ယောက်လို့ ငါ မထင်ဘူး။ မိန်းကလေးတစ်ယောက်ကို ခေါ်ပြီး ပိုက်ဆံမလောက်ငလို့ ချေးငှားတာက နင်ပဲ မဟုတ်လား။ ဒီအကြောင်းကို အစောကတည်းက နင့်ကို ငါ ပြောချင်နေပေမယ့် ငါတို့က သူစိမ်းတွေမို့ စိတ်ကို ထိန်းထားရတယ်။ ဒါပေမယ့် အခုတော့ သိပ်အများကြီးမတွေးနိုင်တော့ဘူး။"
“အခြားသူတွေရဲ့ ပိုက်ဆံနဲ့ ချမ်းသာတဲ့ မိသားစုက အမျိုးကောင်းသားတစ်ယောက်အဖြစ် ဟန်ဆောင်တာက နင့်ကို တကယ့်ယောက်ျား ဖြစ်စေမှာ မဟုတ်ဘူး။ နင်က ငယ်ပါသေးတယ်။ ဒါက နင့်အတွက် စာလေ့လာဖို့ ဒါမှမဟုတ် လုပ်ငန်းတစ်ခု စတင်ဖို့ အချိန်လို့ ဆိုနိုင်တယ်။ နင့်မှာ ပိုက်ဆံမရှိတာက အရေးမကြီးဘူး။ အပျော်အပါးနဲ့ ပျော်ရွှင်မှုတွေကို အရင်မရှာပါနဲ့။ လုံလောက်တဲ့ငွေ ရှာနိုင်တဲ့အထိ စောင့်ပါ။ ဒီမိန်းမနှစ်ယောက်လိုပဲ သူတို့က နင့်ကို အများကြီး အကုန်အကျခံစေမှာ သေချာတယ်။ ဒါကြောင့် ဒီပိုက်ဆံကို ပြန်ယူလိုက်ပါ။"
ယွဲ့ခိုင် ထပ်ပြီး အံ့အားသင့်သွားသည်။ သူက ငွေကိုင်အမျိုးသမီးကို မယုံကြည်နိုင်စွာ လှမ်းကြည့်ရင်း မျက်နှာပူလောင်သွားသလို ခံစားလိုက်ရပေသည်။ ဝူကွမ်းဟွေ့၏အရှက်ခွဲမှုကိုအစောပိုင်းက ခံခဲ့ရပြီး ၎င်းသည် သူ့အတွက် ပြင်းထန်သော ထိုးနှက်ချက် ဖြစ်သည်။ ဝန်ထမ်းတစ်ဦးကပင် သူ့ကို အထင်သေးနေပြီဟု တွေးကာ သူ့နှလုံးသားအတွင်း၌ ဆိုးသွမ်းလိုသော မီးတောက်တစ်ခု ချက်ချင်း တောက်လောင်လာသည်။ သူသည် ယွမ်ငွေ ၃၀,၀၀၀ကို ကိုင်ကာ သူမ၏အိတ်ကပ်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် သူမ၏လက်ကိုဆွဲကာ စတိုးဆိုင်ဆီသို့ ပြန်လျှောက်လာသည်။
ထိုဆိုင်ထဲသို့ ဝင်ပြီးနောက် ယွဲ့ခိုင်သည် ရုန်းကန်နေသော ငွေကိုင်အမျိုးသမီး၏လက်ကို လွှတ်လိုက်သည်။ ထို့နောက် သူသည် အနီးဆုံး ဟာမိစ် အိတ်လေးလုံးကို ရွေးကာ ငွေရှင်းကောင်တာတွင် တန်းချလိုက်သည်။ ထို့နောက် သူက အကြွေးဝယ်ကတ်တစ်ခုကို ထုတ်လိုက်ပြီး
“ဒီကတ်ကို ဆွဲလိုက်ပါ။ ဒီအိတ်လေးလုံး ဝယ်မယ်။"
ငွေကိုင်အမျိုးသမီးသည် အံ့အားသင့်သွားပြီး
ငါ သူ့ကို အထင်လွဲနေတာလား။ အဲ့ဒီကောင်မလေးကို ပေးဖို့ သူ ပိုက်ဆံချေးတာမဟုတ်ဘူးလား။ သူက တကယ် ချမ်းသာတာလား။
မရေမတွက်နိုင်သော မေးခွန်းများသည် သူမခေါင်းထဲတွင် ပလူပျံသွားသည်။ သူမက ခဏတာမျှ တုံ့ဆိုင်းသွားရင်း မချိပြုံး ပြုံးကာ
“နင့်ကို ငါပြောခဲ့တာတွေက မှားနေရင် ခွင့်လွှတ်ဖို့နဲ့ ငါ့ရဲ့ မသိနားမလည်မှုတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ငါ့ရှေ့မှာ သက်သေပြဖို့လည်း မလုပ်ပါနဲ့။ အဲ့ဒီအိတ်လေးလုံးကို နင် တစ်ပြိုင်တည်းဝယ်ဖို့မှ မလိုတာရီးကို။ ဒီအိတ်လေးလုံးရဲ့ စုစုပေါင်းဈေးက ယွမ် ၁၁၀,ဝဝဝ ဆိုတာကို နင် သိထားရမယ်။”
"ကတ်ကို ဆွဲဖို့ ငါ ပြောခဲ့တယ်မလား။" ယွဲ့ခိုင်က မကြည်လင်သော မျက်နှာဖြင့် ပြောလိုက်သည်။
“နင်…”
ငွေကိုင်အမျိုးသမီးက ပါးစပ်ဟလိုက်သော်လည်း ယွဲ့ခိုင်က မကြားချင်ယောင်ဆောင်နေသည်ကို တွေ့လိုက်ရသည်။ သူမ ရုတ်တရက် စိတ်ဆိုးသွားကာ တံဆိပ်ကို တန်းလှန်လိုက်သည်။ စာရင်းသွင်းပြီး ဈေးနှုန်းတွက်ချက်ပြီးနောက် သူမက
“ဒီအိတ်လေးလုံးရဲ့ စုစုပေါင်းပမာဏဟာ ယွမ် ၁၁၈ဝဝဝ ဖြစ်ပါတယ်။ ခရက်ဒစ်ကတ်နဲ့ အဲ့ဒါတွေကို ပေးချေဖို့သေချာလား။”
"ဆွဲသာဆွဲပါ။" ယွဲ့ခိုင်က ပြတ်ပြတ်သားသား ပြောသည်။
ဒေါသထွက်ပြီး စိတ်တိုနေသော်လည်း ငွေကိုင်အမျိုးသမီးက ချီတုံချတုံဖြစ်ကာ ယွဲ့ခိုင်ကို ထပ်မံကြည့်ရှုသည်။ သူ့မျက်နှာက အေးစက်နေပြီး မှုန်ကုပ်နေမှန်း သိလိုက်ပြီးနောက် သူမသည် အကြွေးဝယ်ကတ်ကို ကောက်ကိုင်လိုက်ပြီး ဆွဲလိုက်သည်။ ငွေတောင်းခံလွှာ ထွက်လာသည်နှင့် သူမသည် ယွဲ့ခိုင်ကို တကယ် နားလည်မှုလွဲနေပြီဆိုတာ သိလိုက်ရသည်။ ယွမ် ၁၁၈,ဝဝဝ သုံးစွဲနိုင်သော ဖောက်သည်တစ်ဦးသည် အခြားသူများထံမှ ပိုက်ဆံချေးရန်ပင် မလိုအပ်ပေ။
ယွဲ့ခိုင်က သူမကို စူးစူးစိုက်စိုက် ကြည့်ပြီး လှည့်ထွက်သွားသည်။ ငွေကိုင်အမျိုးသမီးသည် အံ့အားသင့်မှုကြောင့် စကားပင် မဆိုနိုင်ပေ။ အိတ်လေးလုံးက ငွေရှင်းကောင်တာ၌ ရှိနေဆဲဖြစ်သည်။ သူက အဲ့ဒါတွေကို ဒီအတိုင်းထားခဲ့တာလား။ တခဏအကြာ သူမတွေဝေနေပြီးနောက်
"လူကြီးမင်း … နင့်အိတ်တွေ မယူရသေးဘူးနော်။"
ယွဲ့ခိုင်က လှည့်မကြည့်တော့ဘဲ ပြန်ဖြေသွားသည်။ “ဒီနေ့ ငါ့စိတ်အခြေအနေ မကောင်းပါဘူး။ ငါ့ကို ပိုက်ဆံနဲ့ ကစားဖို့တောင် ခွင့်မပြုဘူးလား။ မင်း လိုချင်ရင် အဲ့ဒီအိတ်တွေ အကုန်ယူသွားလို့ရတယ်။ ဒါမှမဟုတ် မင်းမလိုချင်ရင် သူတို့ကို ဝဲပစ်လိုက်။"
“ငါ…”
ငွေကိုင်အမျိုးသမီးက မိုးကြိုးပစ်ခံလိုက်ရသည့် အလားပင်။ သူမ၏တစ်ကိုယ်လုံး တောင့်တင်းသွားကာ တွေတွေကြီး မတ်တပ်ရပ်နေလေသည်။ ပတ်ဝန်းကျင်ရှိ လုပ်ဖော်ကိုင်ဖက်များစွာသည် သူမအား မနာလိုစွာ ကြည့်နေရုံသာ ရှိတော့သည်။ ယွဲ့ခိုင်သည် ယွမ်ငွေ ၃၀,၀၀၀အား မကြာသေးမီက သူမထံ ပြန်ပေးခဲ့သည်ကိုပင် သူမ မမှတ်မိတော့ပေ။ မိနစ်အနည်းငယ်အတွင်းတွင် စုစုပေါင်းဈေးနှုန်း ယွမ် ၁၁၈,ဝဝဝ ရှိသော ဟာမိစ်အိတ်လေးလုံးကို သူမအား လက်ဆောင်ပေးခဲ့သည်။
“ဒီနေ့ ဘာတွေ မှားနေတာလဲ။ ငါက ဘာမှ အသုံးမကျတဲ့လူနဲ့ တွေ့ခဲ့တာလား။ ဒါမှမဟုတ် မိုက်မဲပြီး ချမ်းသာတဲ့ ဒေသခံကောင်လေးနဲ့ ဆုံမိလိုက်တာလား။
“ဒီအိတ်လေးလုံးက…”
***