← Chapters

လျှို့ဝှက်ဆန်းကြယ်သော အစီအရင်၏ စွမ်းအား

Vol. 50 Ch. 696

လျှို့ဝှက်ဆန်းကြယ်သော အစီအရင်၏ စွမ်းအား

Vol. 50 Ch. 696

ရွှေလင်းယုန်ဈေးဝယ်စင်တာ…

ရွှယ်ယုသည် အထည်ဆိုင်တစ်ခုစီသို့ ထန်ရှု၏လက်ကို ကိုင်ကာ ဖြည်းညှင်းစွာ လျှောက်သွားနေသည်။ ဤနေရာတွင် စီးပွားရေးလုပ်ငန်းကို ဖွင့်နိုင်သော စတိုးဆိုင်များသည် ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ သည်နေရာသည် သူဌေးများ ပိုက်ဆံသုံးရန်အတွက် ဖွင့်ထားခြင်းဖြစ်သည်ဟု ဆိုကြသည်။ သည်နေရာတွင် ရောင်းသည့် ဈေးအပေါဆုံး အတွင်းခံဘောင်းဘီ သို့မဟုတ် ခြေအိတ်တစ်စုံသည်ပင် ဂဏန်းလေးလုံးခန့် ရှိပေသည်။

"ဘယ်သူ့အတွက် အဝတ်အစားတွေ ဝယ်ချင်တာလဲ။" ထန်ရှုထံမှ အမျိုးသမီးအဝတ်အစား ဝယ်ချင်ကြောင်း သိလာသော ရွှယ်ယုက စူးစမ်းလိုသောမျက်နှာဖြင့် မေးလိုက်သည်။

ထန်ရှုက ဖုံးကွယ်ရန် မကြိုးစားဘဲ တန်းဖြေသည်။

"အဲ့ဒါက အိုးရန်လူလူအတွက်ပါ။"

ရွှယ်ယုသည် အိုးရန်လူလူ၏နာမည်အား တစ်ခါမျှ မကြားဖူးသောကြောင့် သူမ မည်သူဖြစ်သည်ကို မသိခဲ့ပေ။ ထန်ရှုနှင့်အိုးရန်လူလူအား မည်သို့သော ဆက်ဆံရေးမျိုး ရှိသည်ဟုပင် မမေးဘဲ

"အဲ့ဒီတစ်ယောက်က အသက် ဘယ်လောက်ရှိပြီလဲ။ သူမရဲ့ခန္ဓာကိုယ်အချိုးအစားက ဘယ်လောက်လဲ။"

"သူမက မင်းနဲ့အသက်တူတယ် …  ၂၄ - ၂၅ နှစ်လောက် ရှိပြီ။" ထန်ရှုက အားတင်းပြုံးကာ ခေါင်းခါလိုက်သည်။ "သူ့ခန္ဓာကိုယ် အချိုးအစားနဲ့ပတ်သက်ပြီးတော့ ငါ မသိဘူး။"

ရွှယ်ယုက စဉ်းစားပြီး

"ဒါပေမယ့် နင် သူ့အရပ်အမောင်းကို သိသင့်တယ် ဟုတ်လား။ သူမရဲ့အထက်ပိုင်းက ဘယ်လိုနေလဲ။ သူမပုံစံကရော ဘယ်လိုရှိလဲ။ နောက်ပြီး သူမရဲ့အကျင့်သဘာဝကရော…”

ထန်ရှုသည် ရွှယ်ယု၏မေးခွန်းများကြောင့် ပြောစရာစကားမဲ့နေပြီး ကြက်သေ သေသွားခဲ့သည်။ အချိန်အတော်ကြာအောင် ငိုရခက် ရယ်ရခက် ဖြစ်နေပြီးနောက်

“လူတစ်ယောက်အတွက် အဝတ်အစားဝယ်ချင်ရင် အဲ့ဒီလူရဲ့အကျင့်သဘာဝကို သိဖို့လိုသေးတာလား။”

“ဒါက သဘာဝပဲလေ။” ရွှယ်ယုက ပွင့်ပွင့်လင်းလင်း ဆိုသည်။

"သူမရဲ့ စရိုက်သဘာဝကို သိရင် ဘယ်လို အဝတ်အစားမျိုးကို ကြိုက်လဲဆိုတာ ငါ စဉ်းစားဝယ်ပေးနိုင်ပါတယ်။"

ထန်ရှု တွေးကြည့်တော့ ရွှယ်ယု ပြောသည်က အတော်ပင် ကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားမိသည်။ သူ၏ပြောပြချက်နှင့်အတူ ရွှယ်ယုက ထန်ရှုကို စတိုးဆိုင်တော်တော်များများဆီ တန်းခေါ်သွားပြီး နောက်ဆုံးတွင် ဝတ်စုံကောင်းကောင်းတစ်စုံကို ရွေးလိုက်နိုင်သည့်အပြင် အနီးတွင်ရှိသည့် အတွင်းခံစတိုးဆိုင်ဆီကိုပါ တစ်ခါတည်းခေါ်သွားကာ မိန်းမပျို နှစ်သက်စေနိုင်သည့် အတွင်းခံသုံးစုံကို ဝယ်ပေးလိုက်သည်။

နာရီဝက်အကြာတွင် သူတို့နှစ်ဦးသည် ရွှေလင်းယုန်ဈေးဝယ်စင်တာမှ ထွက်ခွာကာ ဝင်ပေါက်အပြင်ဘက်တွင် ရပ်နေကြပြီဖြစ်သည်။ ထန်ရှုက ရွှယ်ယုကို ကြည့်ပြီး

"အဝတ်အစားတွေတော့ ဝယ်ပြီးပြီ။ မင်းမှာ တခြားအစီအစဉ် ရှိသေးလား။"

"နင် ငါနဲ့အတူ အဲ့ဒီကို လိုက်ခဲ့ပေးမလား။ ငါ နင့်ကို မေးချင်တဲ့ ကိစ္စတစ်ခု ရှိတယ်။" ရွှယ်ယုက တခဏလောက် တုံ့ဆိုင်းနေပြီးနောက် ပြောသည်။

"အဲ့ဒါ ဘာလဲ။" ထန်ရှုက စိတ်ရှုပ်သွားသော အမူအရာဖြင့် မေးလိုက်သည်။

"အဲ့ဒါက အစီအရင်တစ်ခုနဲ့ဆိုင်တဲ့ ပြဿနာပါ။" ရွှယ်ယုက ပြောသည်။

"မင်းက ကျင့်ကြံသူမှ မဟုတ်တာ။ အစီအရင်နဲ့ပတ်သက်တဲ့ ဘာပြဿနာတစ်ခုကို သိဖို့ လိုတာလဲ။" ထန်ရှုက စူးစမ်းလိုက်သည်။

"နင် ငါနဲ့လိုက်ခဲ့ရင် သိမှာပေါ့။" ရွှယ်ယုက ပြောသည်။

ထန်ရှု တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရွှယ်ယုနှင့် တွမ်ဆန်အိမ်ရာသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ အိမ်ရာထဲရှိ ရွှယ်ယု၏အိမ်ခန်းထဲသို့ ဝင်လာသောအခါတွင် အရာရာသည် ယခင်အတိုင်းပင် ရှိနေဆဲဖြစ်သေးသည်။ ယုတ်စွအဆုံး စားပွဲပေါ်ရှိ စောင်ပင် နေရာမရွှေ့မပြောင်းဘဲ နဂိုအတိုင်းသာ ရှိနေ၏။ ရွှယ်ယု၏အိပ်ခန်းသို့ ရောက်သောအခါ ထန်ရှုသည် လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီး သိလိုသော အမူအရာဖြင့်

"မင်း ဒီမှာ ဘယ်လိုစားသောက်နေလဲ။"

ရွှယ်ယုက ထိုအကြောင်းကို ပြန်စဉ်းစားနေပုံရပြီး

“ငါ ဒီနေရာကို ရောက်ကတည်းက အစီအရင်ကို လေ့လာနေမိတော့ ထမင်း လုံးဝမစားရသေးဘူး ထင်တယ်။ ချူယွမ်က ငါ့ကို အပြင်ထွက်လည်ဖို့ ခေါ်တော့ အပြင်မှာ စားဖို့ စိတ်ကူးလိုက်တာ။ နောက်တော့ နင်နဲ့ လာဆုံသွားတာပဲ…”

ထန်ရှု၏မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ မိုအားဝူဆီ ဖုန်းဆက်လိုက်ပြီး အနီးနားရှိ စားသောက်ဆိုင်တစ်ခုသို့ သွားကာ အစားအသောက် ဝယ်ပို့ပေးရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက

“မင်းပြောခဲ့တဲ့ အစီအရင်ရဲ့ အခြေအနေက ဘယ်လိုလဲ။

ရွှယ်ယုသည် မှန်တင်ခုံဆီသို့ လျှောက်သွားပြီး ရွှေချည်ဖြင့် ချုပ်ထားသော အဝါရောင်စာအုပ်ကို ထုတ်ယူကာ ထန်ရှုအား ပေးလိုက်ရင်း

“ဒီစာအုပ်ကို ဘိုးဘေးအဘွားက ပေးထားတာပါ။ အဲ့ဒါကို သေသေချာချာ လေ့လာရင် အင်မော်တယ် ရတနာသိုက်ရဲ့ အစီအရင်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ပြောခဲ့တယ်။ ငါက နင့်အတွက် အသုံးတည့်တဲ့ လူတစ်ယောက် ဖြစ်ချင်လို့ ငါကိုယ်တိုင် ချိုးဖျက်ပေးဖို့ စီစဉ်ထားတာ။ ဒါပေမယ့် ငါ လေ့လာပြီး တားမြစ်ထားတဲ့ အနာဂတ်ကြည့်တဲ့ ပညာရပ်ကိုတောင် အသုံးပြုပေမယ့် သူ့ရဲ့ လွဲမှားနေတဲ့ အပိုင်းအစတွေကိုပဲ ထုတ်ဖော်နိုင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်း သိပ်နားမလည်ဘူး။"

ထန်ရှုသည် စာအုပ်ကိုယူကာ ဖတ်လိုက်သည်။ ပထမစာမျက်နှာတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာက သူ့ကို ထိတ်လန့်စေသည့်အတွက် ချက်ချင်း မျက်ခုံးပင့်လိုက်မိပေသည်။

ကြယ်ခြောက်ပွင့်အစီအရင်လား…

၎င်းသည် သူ တစ်ခါမှ မကြားဖူးသော အစီအရင်တစ်ခု ဖြစ်သည်။ သူ့အတွက် ပိုအံ့သြစရာကောင်းသည်က ကြယ်ခြောက်ပွင့်အစီအရင်ကို သေချာစီစစ်ပြီး များများဖတ်လေလေ သူ့နဖူးကြောများ တွန့်ကာ သူ့မျက်မှောင်များ ပိုကြုတ်လာလေဖြစ်သည်။ အစီအရင်၏ပုံစံသည် သာမန်ပုံစံမျိုးမဟုတ်ဘဲ အနုစိတ်ပြီး စေ့စပ်သေချာသော ဒီဇိုင်းဖြင့် အုပ်စုဖွဲ့ထားပုံရသော အမျိုးအစားတစ်ခုဖြစ်သည်။ တစ်ချိန်က သူသည် အင်မော်တယ်ကမ္ဘာရှိ ရှမန်ကလန်၏ လူမျိုးစုအထိမ်းအမှတ်များကို လေ့လာခဲ့ပြီး ဖော်ပြထားသော အစီအရင်၏ပုံစံသည် ရှမန်ကလန်၏ လူမျိုးစုအထိမ်းအမှတ်များနှင့် အနည်းငယ် ဆင်တူသော်လည်း ဤကြယ်ခြောက်ပွင့် အစီအရင်က ပို၍နက်နဲကြောင်း တွေ့ရှိခဲ့သည်။

"ရွှယ်ယု … ဒီကြယ်ခြောက်ပွင့်အစီအရင်နဲ့ ပတ်သက်ပြီး မင်း နားလည်ထားသလောက် ပြောပြပါ။" ထန်ရှုက စာမျက်နှာနှစ်ဆယ်ကျော်အား နှစ်နာရီကြာအောင် ဖတ်ပြီးနောက် ပြောလိုက်သည်။

“ဒီကြယ်ခြောက်ပွင့်အစီအရင်နဲ့ ပတ်သက်ပြီး ငါ နားလည်ခဲ့တာက တော်တော်လေး တိမ်ပါတယ်။ အဲ့ဒါရဲ့အသေးစိတ်အချက်အလက်များကို နားလည်သဘောပေါက်ဖို့ကတော့ ငါနဲ့ အလှမ်းဝေးနေသေးတယ်။ ဒီအစီအရင်က အလွန်ကျယ်ပြန့်ပြီး လေးနက်နေတယ်ဆိုရမယ်။ ဥပမာပြောရရင် အစီအရင်ရဲ့အခြေခံအကျဆုံး ကောက်ကြောင်းဖွဲ့စည်းပုံက သူ့ကို ပံ့ပိုးပေးတဲ့ ဘောင်ဖြစ်တဲ့ အမှတ်လိုင်းတွေအပေါ် အခြေခံတယ်။ တစ်ခုလုံးအနေနဲ့ကတော့  ပုံစံရဲ့ကြီးကြပ်မှူးအဖြစ် ဆောင်ရွက်နေချိန်ပဲ။ ပုံစံများစွာနဲ့ ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းက အကွာအဝေးတစ်ခုနဲ့ ပိုင်းခြားထားတဲ့ ပုံစံတစ်ခုစီရဲ့ ဗဟိုချက်အဖြစ် ဝန်းကျင်ဧရိယာတစ်ခုလုံးအပေါ်  ဖြန့်ဝေတယ်…”

“နေဦး…”

ထန်ရှု၏မျက်လုံးများသည် ရုတ်တရက် အရောင်လက်သွားပြီး ဇယားရှိ ကြယ်ခြောက်ပွင့် အစီအရင်ပုံစံကို ပြန်ဖွင့်လိုက်သည်။ သူ၏လက်ချောင်းများသည် ၎င်းအပေါ်တွင် ဆက်လက်ပွတ်သပ်နေကာ သူ၏မျက်လုံးများထဲတွင် အစီအရင်လမ်းကြောင်းများသည် အခြေခံအချက်၊ အစီအရင်ပုံစံ လမ်းကြောင်းနှင့် ၎င်း၏ပေါင်းစပ်မှုတို့ဖြင့် လှိုင်းထစေသည်။ တြိဂံသည် အစီအရင်၏ စွမ်းအားအဖြစ် ဆောင်ရွက်စဉ်တွင် အစီအရင်တစ်ခုလုံးသည် ပူပြင်းသော အရာတစ်ခုအဖြစ် ဆောင်ရွက်ခဲ့သည်။

တည်ငြိမ်သောရေစီးကြောင်းသည် ရင်းမြစ်မှ နောက်ပြန်စီးဆင်းသွားပြီး ၎င်းအား စိတ်ဝိညာဉ်စွမ်းအားဖြင့် တည်ဆောက်လိုက်သည်နှင့် ၎င်းအစီအရင်သည် ရိုးရှင်းသော အစီအရင်တစ်ခု မဟုတ်တော့ပေ။ ဖုန်းရွှေအစီအရင်များတွင် ယေဘုယျအားဖြင့် အချက်တစ်ချက်သာ ပါရှိသော်လည်း ဤကြယ်ခြောက်ပွင့်အစီအရင်သည် မတူညီသော အချက်ခြောက်ချက်စီပါရှိပြီး တစ်ခုစီတွင် အစီအရင်၏စွမ်းအားကို နှစ်ဆတိုးစေရုံသာမက ၎င်း၏စွမ်းအားကို အကြိမ်ပေါင်းများစွာ တိုးမြှင့်ရန်အတွက် အချင်းချင်း ထပ်တလဲလဲ လုပ်ဆောင်ပေရာ ၎င်းသည် စွမ်းအားကို အဆ ရာနှင့်ချီ၍ ပွားများနိုင်သည်ပင်။

ဆေးပင်များ စိုက်ပျိုးထားသည့် အနောက်ပိုင်း ဘုန်းကြီး၏ဂူကို ထန်ရှု ပြန်တွေးတောမိသည်။ မြှုပ်ထားသော စိတ်ဝိညာဉ်တည်ငြိမ်ကျောက်တုံးများနှင့် အေးခဲသော နဂါးမျက်လုံးတို့သည် ဤကြယ်ခြောက်ပွင့် အစီအရင်ကို ဖွဲ့စည်းရန် ပြီးပြည့်စုံစွာ ခင်းကျင်းထားသည်။

ဝှစ်… ဝှစ်… ဝှစ်…

ထန်ရှုသည် သူ၏လက်စွပ်ထဲမှ ကျောက်စိမ်းငါးတုံးကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကြားရှိ အကွာအဝေးကို အမြင်အာရုံဖြင့် တိုင်းတာပြီး ကြယ်ခြောက်ပွင့် အစီအရင်၏ထောင့်ငါးထောင့်အတိုင်း ကွဲပြားစွာ ခွဲခြားပြီးနောက် သူသည် ပိုကြီးသော ကျောက်စိမ်းတစ်လုံးကို ယူကာ အလယ်တည့်တည့်တွင် ထားလိုက်သည်။

"အိုး … မမှန်ဘူးလား။"

ပုံစံကို ဒီဇိုင်းချပြီးနောက် ကြယ်ခြောက်ပွင့် အစီအရင်၏ ဤရိုးရှင်းသော အစီအစဉ်သည် မည်သည့် အကျိုးသက်ရောက်မှု မဖြစ်ပေါ်စေခဲ့ဘဲ ကွဲလွဲမှုအချို့ကိုလည်း သူ တွေ့ရှိခဲ့သည်။

“ဒီကြယ်ခြောက်ပွင့်…”

ရုတ်တရက် ထန်ရှု၏အမူအရာ ပြောင်းသွားပြီး စာအုပ်ကို ချက်ချင်းချသည်။ ထို့နောက် သူက ရွှယ်ယုကို ကြည့်ကာ မေးလိုက်သည်။

"မင်းကို ဒီစာအုပ်ပေးခဲ့တာ မျက်မမြင်အဘွားအိုလား။"

"ဟုတ်ပါတယ်။" ရွှယ်ယုက ခေါင်းညိတ်ပြသည်။

"သူမက ငါ့ကို အမှားကြီး ပြနေတယ်။" ထန်ရှု ငိုရခက် ရယ်ရခက် ဖြစ်ကာ ပြောသည်။

“ဒီဇယားက အမှားတစ်ခုပဲ။ ဒီကြယ်ခြောက်ပွင့်အစီအရင်က နောက်ပြောင်မှုတစ်ခုပါပဲ။ ဒီအစီအရင်အတွက် အစီအစဉ်သစ်ကို မင်းကို ငါ ပြမယ်။ မင်းကိုယ်တိုင် မြင်နိုင်တယ်။"

ထိုစကားပြောပြီး ထန်ရှုသည် သူ၏လက်စွပ်ထဲမှ ကျောက်စိမ်းတစ်ပိုင်းကို ယူကာ မတူညီသော ပုံစံဖြင့် အခြားခြောက်ခုနှင့်အတူ အလယ်ဗဟိုမှ တူညီသော အကွာအဝေးတွင် ထားလိုက်သည်။ ထို့နောက် နောက်ဆုံး ကျောက်စိမ်းတုံးကြီးကို အလယ်တွင် ထားလိုက်ကာ သူက ပုံစံ၏ကောက်ကြောင်းကို အဆက်မပြတ်ဆွဲပြီး အဆုံးသတ်တွင် လှုံ့ဆော်ပေးလိုက်သည်။

ဘုန်း...

စားပွဲပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခု ဖြစ်ပေါ်လာပြီး လေမုန်တိုင်းငယ်သည် စားပွဲကို ချက်ချင်း ကျေမွသွားစေလျက် ကြမ်းပြင်ကို ထိုးဖောက်ဝင်ရောက်လာကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ဆက်လက်တိုက်ခတ်သည်။

“အုစ်…”

ထန်ရှု မျက်နှာပျက်သွားပြီး အလွန်မြန်ဆန်သော အရှိန်ဖြင့် အစီအရင်ကို ဖယ်ရှားလိုက်စဉ်တွင် လေမုန်တိုင်းကို ချုပ်နှောင်ထားရန် သူ၏မူလဖရိုဖရဲ စွမ်းအားကို ချက်ချင်း လွှတ်လိုက်သည်။

ရွှယ်ယုသည် ဖြစ်ပေါ်လာသော လေမုန်တိုင်းကြောင့် ခြေလှမ်းခုနစ်လှမ်း ပြန်ဆုတ်လိုက်ရသည်။ အရာအားလုံး ပျောက်ကွယ်သွားပြီးချိန်တွင် သူမ၏ မျက်လုံးများသည် မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် ပြူးကျယ်သွားသည် ။ သူမသည် စားပွဲရှေ့သို့ ပြန်ပြေးကာ စားပွဲခုံမျက်နှာပြင်နှင့် အောက်ကြမ်းပြင်ကို ကြည့်သည်။ အချင်း တစ်ဆယ်စင်တီမီတာကျော်ရှိသော စက်ဝိုင်းအပေါက်ကို အောက်ထပ်ရှိ မြေပြင်ပေါ်တွင် ဖန်တီးထားသည်ကို သူမ မြင်နိုင်ပေသည်။

တစ်ခုသိရမည်မှာ သူမ၏အိမ်ခန်းသည် အိမ်ကြီး၏ ဒုတိယထပ်တွင် ဖြစ်သည်။ သို့တိုင် လျှပ်တစ်ပြက်အတွင်း အောက်ကို ထိုးစိုက်ပြီး အထပ်နှစ်ထပ်ကို ထိုးဖောက်သွားသေးတာလား။

ထန်ရှုက သူ၏ခေါင်းနောက်ကို အသာကုတ်ပြီး အားတင်းပြုံးပြကာ

"မင်း လူနေအိမ်အဆောက်အဦးမှာ နေထိုင်နေတာ ငါ မေ့သွားခဲ့တယ်။ နေရာချပြီးတာနဲ့ ဒီအစီအရင်က မြန်မြန်ဆန်ဆန် ပေါက်ကွဲလိမ့်မယ်လို့လည်း မမျှော်လင့်ထားဘူး။ ကံကောင်းလို့ အချိန်မီ ဖယ်ရှားနိုင်သွားတာ။ ဆယ်စက္ကန့်လောက် နောက်ကျသွားခဲ့ရင် ဒီလေမုန်တိုင်းက အလယ်ဗဟိုမှာ အပေါက်ကို ဖန်တီးပေးရုံသာမက အဆောက်အဦးတစ်ခုလုံးကိုပါ ဖျက်ဆီးပစ်မှာ သေချာတယ်။”

အစီအရင်၏စွမ်းအားသည် ရွှယ်ယု မမြင်ဖူးသော အရာဖြစ်သည်။ ထိုအချိန်တွင် ထန်ရှု၏ရှင်းပြချက်ကို ကြားပြီးနောက် သူမ၏နှလုံးသားသည် တုန်လှုပ်သွားကာ ကျင့်ကြံသူတစ်ယောက်သည် မည်မျှ ကြောက်စရာကောင်းသည်ကို သူမ ပထမဆုံး သဘောပေါက်လိုက်ခြင်းပင်ဖြစ်တော့သည်။

"နင် ... နင် ငါ့ကို ကျင့်ကြံနိုင်ဖို့နဲ့ တာအိုထဲကို ဝင်အောင် သင်ပေးလို့ရမလား။"

ရွှယ်ယု၏မျက်လုံးများထဲတွင် မျှော်မှန်းချက်တို့ ရှိနေပြီး သူမ၏စိတ်လှုပ်ရှားမှုမှာ ပို၍ပင် ထင်ရှားနေသည်။

ထန်ရှုက တခဏတွေးတောလိုက်ပြီး ဖြည်းညှင်းစွာ ပြန်ဖြေသည်။

"ငါ့ရဲ့ ကျင့်ကြံမှုစနစ်က ကွဲပြားတယ်။ အမှန်တော့ မင်းက အောင်မြင်မှုတစ်ခု ရသွားတာနဲ့ မင်းတို့ ကျင့်ကြံမှုစနစ်က ကျင့်ကြံသူတွေထက် နိမ့်ကျမှာ မဟုတ်ဘူး။ ဥပမာပြောရရင် မျက်မမြင်အဘွားဆို သူမရဲ့ အစွမ်းအစကို ငါ ကောင်းကောင်းသိတယ်။ သူတို့ကိုယ်သူတို့ ကောင်းမွန်တဲ့ ကျင့်ကြံမှုအဆင့် ရှိတယ်လို့ ပြောကြသူတွေအချို့တောင် သူမရဲ့ပြိုင်ဘက် မဟုတ်ဘူးလေ။”

"ငါ နှစ်ခုလုံးကို ကျင့်ကြံချင်တယ်။" ရွှယ်ယုက ပြောသည်။

ကမ်းဇတ်မှာတုန်းက မျက်မမြင်အဘွားအို၏ အကူအညီကို ထန်ရှု ပြန်အမှတ်ရသည့်အပြင် သည်အမျိုးသမီးက သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သဖြင့် နောက်ဆုံးမှာ ခေါင်းညိတ်ပြီး

"မင်းက ကျင့်ကြံသူဖြစ်ချင်တဲ့အတွက် တာအိုကျင့်ကြံမှုစနစ်တစ်ခုကို ငါ သင်ပေးမယ်။ စနစ်နှစ်ခုလုံး ကျင့်ကြံရတာက အမှန်တကယ် လွယ်ကူပါတယ်။ မင်းရဲ့ကျင့်ကြံမှုစနစ်နဲ့ အခြေအနေတွေကို ငါ မသိပေမယ့် ပဋိပက္ခဖြစ်မှုာ မဟုတ်တာ သေချာတယ်။ ကျင့်ကြံနည်းမျိုးစုံနဲ့ ကျင့်ကြံသူတွေကို အများကြီးတွေ့ဖူးတယ်။ တချို့က ကမ္ဘာပေါ်မှာ သူတို့ရဲ့အမှတ်အသားတွေကိုတောင် ချန်ထားခဲ့နိုင်ပေမယ့် တချို့ကျတော့ အာရုံပျံ့လွင့်ပြီး သူတို့ကို ပြန်ထိန်းထားနိုင်တယ်။ ဒီရွေးချယ်မှုကို မင်းစိတ်ထဲ ထည့်ထားလိုက်ပြီဆိုတော့ မင်းရဲ့လုံ့လဝီရိယနဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်လိမ့်မယ်။”

ထန်ရှုသည် သူ၏အရင်းနှီးဆုံးလူဖြစ်သော သူ၏တပည့် ဂူယန်အာသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အင်မော်တယ် ကျင့်ကြံသူဖြစ်ပြီး ရွှယ်ယုသည် သူမကဲ့သို့ အလားတူအခြေအနေမျိုး ရှိနေကြောင်း ထန်ရှု ရှင်းရှင်းလင်းလင်း သိရသည်။ ဂူယန်အာ၏ ကျင့်ကြံမှု အဆင့်အတန်းသည် အလွန် မြင့်မားနေသော်လည်း သူမသည် ကောင်းကင်ဧကရာဇ် ထျန်းကျီလက်ထက်တွင် နာမည်ကောင်းရှိသော တပည့်တစ်ဦး ဖြစ်လာခဲ့ပြီး နတ်ဘုရားပညာရပ်၏ နုတ်ယူခြင်းနည်းပညာကို သင်ယူခဲ့သဖြင့် နောက်ဆုံးတွင် ကမ္ဘာမြေကိုပင် တွေ့ရှိခဲ့သည်။

“နောက်အခွင့်အရေးရရင် မင်းအတွက် ဆရာတစ်ယောက် ငါ ရှာပေးပါ့မယ်။”

ထန်ရှု၏အပြုံးသည် အတန်ငယ် သိသာလာပြီး ရွှယ်ယုကို ကျင့်ကြံသူအဖြစ် ပြောင်းလဲခြင်းသည် မကောင်းသောအရာ မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရပေသည်။ ဂူယန်အာသာ သူမအား လမ်းညွှန်မှုအချို့ကို ပေးနိုင်ပါက သူမသည် အနာဂတ်တွင် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန် အခွင့်အရေး ရှိကောင်း ရှိလာပေမည်။

ရွှယ်ယုသည် ထန်ရှု၏အတွေးများကို သတိမထားမိဘဲ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဘယ်လိုဆရာမျိုးလဲ။ ငါ့ကို ကျင့်ကြံနည်းပေးနိုင်ပြီး တာအိုထဲကို ရောက်စေနိုင်တဲ့ ဆရာတစ်ယောက်လား။”

ထန်ရှုက တဟားဟားရယ်ရင်း

"သူမက မင်းကို ကျင့်ကြံနည်းစနစ်ကို တကယ် သင်ပေးနိုင်ပြီး တာအိုထဲကို ဝင်အောင်လုပ်ပေးနိုင်တယ်၊ ဒါတင်မကဘူး သူက မင်းကို အနာဂတ်ဟောနည်းတွေကို သင်ပေးလို့ရတယ်။ အဲ့ဒီရှုထောင့်မှာဆို သူမက အောင်မြင်လွန်းလို့ မြေအောက်ကမ္ဘာနဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေတောင်မှ သူမအတွက် မဖြစ်နိုင်တဲ့ အရာတွေလို့ ယူဆလို့မရတော့ဘူး။”

"နင် ငါ့ကို နောက်နေတာလား။" ရွှယ်ယု ခေါင်းယမ်းလိုက်သည်။

"နင်က မြင့်မြတ်တဲ့ ဗျာဒိတ်ပေးနတ်ဘုရား ဖြစ်ရင်တော့ ဟုတ်ချင်ဟုတ်မှာပေါ့..."

"မင်းရဲ့သေမျိုးရှုထောင့်ကနေ ဒီပြဿနာကို မကြည့်နဲ့။" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“မင်း နားမလည်တာတွေ အများကြီးရှိတယ်။ တာအိုကျင့်ကြံသူတွေ ဒါမှမဟုတ် အင်မော်တယ် ကျင့်ကြံသူတွေ ပိုင်ဆိုင်တဲ့စွမ်းရည်တွေအကြောင်းကို မင်း ခွန်အားအဆင့်တစ်ခု ရောက်မှပဲ သိနိုင်လိမ့်မယ်။”

ရွှယ်ယုသည် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဝေဝေဝါးဝါး ဖြစ်နေပုံရပြီး မေးလိုက်သည်။

"ဒါဆို နင် ငါ့ကို ကျင့်ကြံနည်းကို ဘယ်တော့ သင်ပေးမှာလဲ။"

ထန်ရှုက အမှန်ပြင်ပေးလိုက်သည်။

"ငါ သင်ပေးမှာက တာအိုကျင့်ကြံနည်းစနစ်မဟုတ်ဘဲ အင်မော်တယ် နည်းစနစ်တွေထဲက တစ်ခုပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီကျင့်ကြံနည်းကို ဘယ်သူ့ကိုမှ လက်ဆင့်ကမ်းခွင့် မပြုဘူးဆိုတာ မင်း ကတိပြုရမယ်။”

"ငါ ကတိပေးပါတယ်။" ရွှယ်ယုက ခိုင်မာစွာ ခေါင်းညိတ်သည်။

***

All Chapters