← Chapters

အပျက်အစီးများကို ဖြေရှင်းခြင်း

Vol. 50 Ch. 697

အပျက်အစီးများကို ဖြေရှင်းခြင်း

Vol. 50 Ch. 697

ရွှယ်ယုအတွက် တာအိုကျင့်ကြံသူများနှင့် အင်မော်တယ် ကျင့်ကြံသူများကြားမှ ကွာခြားချက်သည် မသဲမကွဲ ဖြစ်နေသောကြောင့် သူမသည် ဤကိစ္စကို ဘာမှ မမေးတော့ပေ။ သူမအား အနာဂတ်မှာ အစွမ်းထက်သောသူ ဖြစ်လာအောင် မြှင့်တင်ပေးနိုင်သည့် အင်မော်တယ် ကျင့်ကြံနည်းစနစ်ကို ထန်ရှုက သင်ကြားပေးရန်အတွက်သာ သူမ မျှော်လင့်နေခဲ့သည်။ သူမသည် အစီအရင်များကို အလွန်အမင်း စိတ်ပါဝင်စားသည်ကို သိခဲ့ရပြီး အနာဂတ်တွင် အခွင့်အရေးရပါက ဤနယ်ပယ်ကို သင်ယူလေ့လာရန် ဆုံးဖြတ်ခဲ့သည်။

"ဟေး … နင် ငါ့ကို ဘယ်အချိန် သင်ပေးမယ်ဆိုတာ မပြောသေးဘူးနော်။"

ထန်ရှုက အချိန်ကို ကြည့်လိုက်ရင်း တစ်ခုခုကို သတိရသွားဟန်ဖြင့်

"မင်း ဘာမှမစားရသေးဘူးလို့ ပြောတယ်မဟုတ်လား။ ငါ အားဝူကို အဲ့ဒါဝယ်ခိုင်းထားတယ်လို့ ပြောပြီးပြီမဟုတ်လား။"

"အားဝူ ပြန်ရောက်တာကြာပြီ နင် သိလား။" ရွှယ်ယုက ပြုံးလိုက်သည်။

“နင် ဒီစာအုပ်ကို အာရုံစိုက်လေ့လာနေလို့ သူ လာတာကို မသိလိုက်တာနေမယ်။ ဘာပဲဖြစ်ဖြစ် ငါ ဗိုက်မဆာသေးဘူး။ နင် ငါ့ကို အခု သင်ပေးရင်ရော ဘယ်လိုလဲ။"

"အလျင်လိုနေစရာမလိုဘူး။" ထန်ရှု ခေါင်းခါလိုက်သည်။

“အရင်စားရအောင် … ပြီးမှ သင်ပေးမယ်။”

တစ်နာရီကြာသောအခါ ထန်ရှုနှင့် ရွှယ်ယုသည် ဗိုက်ပြည့်သွားကြသဖြင့် နှစ်ယောက်သား အိပ်ခန်းဆီသို့ ပြန်လာကြပြီးနောက် ထန်ရှုက

“မင်းရဲ့အဝတ်တွေကို ချွတ်လိုက်။ မင်းကို သွေးကြောမှတ်တွေနဲ့ မရီဒျာန်တွေကို ဘယ်လို ခွဲခြားရမလဲဆိုတာ အရင်သင်ပေးမယ်။ အဲ့ဒါတွေကို သေချာဆုပ်ကိုင်နိုင်ပြီးရင် ကျင့်ကြံနည်းစနစ်အရ လည်ပတ်တဲ့ လမ်းကြောင်းတွေကို ငါ ပြပေးမယ်။”

ငါ့အဝတ်အစားတွေကို ချွတ်ရမှာလား…

ရွှယ်ယု တခဏတာ ချီတုံချတုံ ဖြစ်သွားသော်လည်း စကားမပြောဘဲ သူမ၏အင်္ကျီကို ချွတ်လိုက်သေးသည်။ ထို့နောက် ထန်ရှု၏စောင့်ကြည့်နေသော အကြည့်အောက်တွင် သူမ တစ်ထပ်ပြီး တစ်ထပ် ချွတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် အတွင်းခံများသာ ကျန်ရှိတော့သောအခါ သူမ၏ ဖြူဝင်းသော မျက်နှာလေးသည် နီရဲနေပြီဖြစ်ပြီး နားရွက်ဖျားလေးများပင် အတန်ငယ် နီလာလေသည်။

သူမသည် ငယ်ရွယ်စဉ်ကလေးဘဝမှ အရွယ်ရောက်သည့်အထိ ယောက်ျားများရှေ့တွင် ဤကဲ့သို့ တစ်ခါမျှ မနေဖူးဘဲ မြောင်ဒေသတွင် နေထိုင်သော မျိုးနွယ်စုများအတွက် ထိုနေရာတွင် မွေးဖွားသော မိန်းကလေးသည် သူမတို့၏ဖခင်များသာမက ယောက်ျားတိုင်းကို သူမတို့၏ခန္ဓာကိုယ် မမြင်စေရသည့် ထူးခြားသော ဓလေ့ထုံးတမ်း ရှိသည်။ သူမသည် အပျိုစင် ဖြစ်ပြီး မည်သည့်ယောက်ျားနှင့်မျှ အထိအတွေ့ မရှိခဲ့ပေ။ ထန်ရှုကို ပထမဆုံးအကြိမ် ပေးဆောင်ရန် ပြင်ဆင်ထားသည့်တိုင် နောက်ပိုင်း သူ လိုချင်သည့်အချိန်တိုင်း ရှိလာပါက သူမသည် အလွန်အနေရခက်ကာ ရှက်ရွံ့ထိတ်လန့်နေသေးသည်။

ရွှယ်ယု၏ အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်ကို ကြည့်ရင်း မူလက  ချက်ချင်းစတင်မည့်ဟန်ပြင်နေသော ထန်ရှုသည် သူမ၏ရှက်ရွံ့နီရဲနေသော သွင်ပြင်ကို မြင်ပြီးနောက် သူ့အတွင်း၌ မီးတောက်တစ်ခု စတင်လောင်ကျွမ်းလာသလို ခံစားလိုက်ရသည်။ အိုးရန်လူလူနှင့် မနေ့ကရော ဒီနေ့ပါ သူ၏အလိုဆန္ဒကို ထုတ်ဖော်ခဲ့သဖြင့် တင်းတင်းကြပ်ကြပ် ချုပ်တည်းထားသည့်တိုင် ထိုဆန္ဒမီးတောက်က အစောကအတိုင်း ပြန်လည်တောက်လောင်လျက်ပင်။

“အကုန်လုံး ချွတ်လိုက်။”

ပထမအကြိမ် အတွေ့အကြုံက ဒုတိယအကြိမ်ဆီသို့ ဦးတည်သွားကာ တစ်စုံတစ်ယောက်နှင့် အိပ်ရာထက် တိုက်ပွဲလုပ်မိခြင်းသည် ဒုတိယအကြိမ်ကို လိုချင်လာစေသည်။ ဥပမာ - ရထားသံလမ်းပေါ်က တက်ကာသွားသောလူတစ်ယောက်ကဲ့သို့ တစ်ကြိမ်လုပ်ပြီးမှ နောက်တစ်ကြိမ်ထပ်လုပ်ပါက အရေးမကြီးဟု ယုံကြည်သောကြောင့် သည်ရှုထောင့်ကနေ လွတ်မြောက်ရန် ခက်ပါလိမ့်မည်။

သည်ဟာသည် ယခုအချိန်တွင် ထန်ရှု၏စိတ်ထဲတွင် ဖြစ်ပေါ်နေသော စိတ်ပညာအမျိုးအစားဖြစ်သည်။ သူသည် အိုးရန်လူလူ၏ခန္ဓာကိုယ်ကို “သိမ်းပိုက်” ထားပြီးဖြစ်သောကြောင့် ထိုနည်းတူ ရွှယ်ယု၏ခန္ဓာကိုယ်ကို လိုချင်ပါက အရေးမကြီးတော့ချေ။ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်အား ရင်ဆိုင်ရသောအခါ သူ့ကိုယ်သူ ချည်နှောင်ပြီး ချုပ်တည်းထားခြင်းမျိုး သူ မဖြစ်စေချင်ပေ။

“ငါ … ငါ … အဲ့ဒါကို မချွတ်လို့ ရမလား။ အမ်း ... ငါ့မှာ 'အဲဒါ' ရှိတယ်။"

ရွှယ်ယု၏အသံသည် အတန်ငယ် တုန်ရီနေပြီး နားရွက်များ ပိုမိုနီရဲလာသည်။

ထန်ရှု တွေတွေကြီး စိုက်ကြည့်ရင်း ရုတ်တရက် သူ့ရင်ထဲတွင် ညည်းတွားမိသည်။ သူ အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရပြီး စိတ်အတွင်းထဲတွင် စိတ်ဆိုးမိသွားသည်။ ထို့နောက် သူ၏နှာခေါင်းကို ကိုင်မိကာ

“ဒီလိုဆိုရင် ထားလိုက်တော့။ ငါ မင်းကို တတ်နိုင်သမျှ သင်ပေးမယ်။ မင်း အဲ့ဒါကို ကောင်းကောင်း ကျက်နိုင်တယ်။”

“ကောင်းပါပြီ။” ရွှယ်ယုသည် ထန်ရှု၏အမူအရာကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူမ၏နှလုံးသားအတွင်း၌ မတူညီသောစိတ်ခံစားမှုများ ပေါက်ဖွားလာကာ သူမကိုယ်သူမ အတော်ပင် စိတ်ပျက်သွားရသည်။ ထန်ရှုသည် လူကြီးလူကောင်းတစ်ယောက်လို ပြုမူလေ့ရှိသဖြင့် သူမကို စိတ်ဝင်စားစေမည့်အရာများ ဘာမှမရှိဟု သူမ ထင်ခဲ့သည်။ ယခုတော့ သူ၏စိတ်ပျက်သွားပုံကို ကြည့်ရင်း သူမသည် အမှန်တကယ် ဆွဲဆောင်မှု ရှိကြောင်း သူမကိုယ်တိုင်လည်း သိလိုက်ရသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေသည်။ နှစ်ယောက်သား 'သင်ကြားခြင်း' နှင့် 'လေ့လာခြင်း' ၏ အခြေအနေထဲတွင် နှစ်မြှုပ်နေစဉ် အောက်ထပ်မှ အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အမျိုးသမီးတစ်ဦး၏အော်သံဖြစ်ပြီး စူးစူးရှရှ ကျယ်လောင်လှသည်။

"သေစမ်း။ အစောက ကြမ်းပြင်အပေါက် ဖြစ်သွားတာကို ဖြေရှင်းဖို့ မေ့သွားတယ်။”

ထန်ရှု ကုတင်ပေါ်ကနေ ခုန်ဆင်းပြီး ရွှယ်ယု၏အဝတ်အစားများကို ဆွဲယူလိုက်ကာ "မင်းရဲ့အဝတ်အစားကို ဝတ်လိုက်ပါ။ မြန်မြန်လေး။ ငါတို့ရှေ့မဆက်ခင် ဒီပြဿနာကို အမြန်ဖြေရှင်းရမယ်။”

ထိုကိစ္စကို ယခုဖြေရှင်းရန် လိုအပ်နေမှန်း သိလိုက်ရသဖြင့် ရွှယ်ယုက အဝတ်အစား အမြန်ဝတ်ပြီး အပြင်ဘက်သို့ ထန်ရှု၏အနောက်မှ လိုက်သွားသည်။ သူတို့နှစ်ယောက် လှေကားမှ ဆင်းလာသောအခါတွင် ညဝတ်အင်္ကျီဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အိမ်ထဲမှ အပြေးအလွှား ပြေးထွက်လာသည်ကို တွေ့လိုက်ရပြီး သူ၏အနောက်တွင် ဆံပင်ဘုတ်သိုက်နှင့် အမျိုးသမီးတစ်ဦး ပါလာခဲ့သည်။

"ခင်ဗျားက ဒီမြေပိုင်ရှင်လား" သူတို့နှစ်ယောက်ကို ကြည့်ပြီးနောက် ထန်ရှုက မေးလိုက်သည်။

ထန်ရှုနှင့် ရွှယ်ယုတို့ လှေကားထစ်မှ ဆင်းလာသည်ကို မြင်ပြီးနောက် ထိုလူသည် အနည်းငယ် တုန်လှုပ်သွားပုံရပြီး ဒေါသလည်းထွက်ကာ

“ဒါ ငါ့အိမ်ပဲ … မင်းတို့က ဘယ်သူလဲ။"

"ကျွန်တော်တို့က ခင်ဗျားရဲ့လူနေအဆောက်အဦးမှာ ငှားနေကြတဲ့သူတွေပါ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

“ကြမ်းပြင်ကို အပေါက်ဖြစ်ပြီး မြေပြင်ထိ ပေါက်သွားတဲ့ အဖြစ်အပျက်လေးအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ဒါက ခင်ဗျားကို ထိခိုက်စေတဲ့အတွက် တောင်းပန်ချင်တဲ့အပြင် ကုန်ကျစရိတ် ဘယ်လောက်ပဲရှိရှိ နစ်နာမှုအတွက် ကျွန်တော် ပေးချင်ပါတယ်။ ကျွန်တော် လက်ခံနိုင်ပါတယ်။"

လူလတ်ပိုင်းအရွယ်အမျိုးသား၏ အမူအရာသည် ချက်ချင်းပင် မှုန်ကုပ်ကုပ် ဖြစ်သွားကာ ဒေါသတကြီးဖြင့်

“မင်းက လျော်ကြေးပေးချင်တာလား။ လျော်ကြေးပေးရုံနဲ့ ဒါက ဖြေရှင်းလို့ရတဲ့ အရာလို့ မင်း ထင်လား။ ငါ့အိမ်က အားလုံးကောင်းပြီး သပ်ရပ်နေတာကို။ မထင်မှတ်ဘဲ ငါ့အိမ်ခေါင်မိုးကို တစ်စုံတစ်ခုက ရုတ်တရက် ဝင်တိုက်မိပြီး အဲဒီ့မှာ အပေါက်တစ်ခု ဖြစ်သွားရုံတင်မကဘူး  အထပ်နှစ်ထပ်ထိတောင် ဖောက်သွားသေးတယ်။ မင်း အထဲကို ဝင်ပြီး ငါ့အိမ်ကို ကိုယ်တိုင်သွားကြည့်လိုက်။ ငါ့စာကြည့်ခန်းထဲ အားလုံး ရှုပ်ပွနေပြီး ငါ့အိပ်ခန်းတောင် ဖောက်ထွင်းခံလိုက်ရတဲ့အတိုင်းပဲ။”

ထန်ရှုက သူ့အမှားကို သိသောကြောင့် ရယ်မောရင်း ကမန်းကတန်းပြောလိုက်သည်။

“အဲ့ဒါကို စိတ်မပူပါနဲ့ အစ်ကိုကြီး။ အဲဒီအကြောင်း ပြောကြည့်ရအောင်။ ကျွန်တော့်အမှားကြောင့်မို့ ခင်ဗျားကိုလည်း နစ်နာသွားစေတယ်။ ဒါကြောင့် အရာအားလုံးအတွက် လျော်ကြေးငွေ ဆယ်ဆ ပေးမယ်။ အဲ့ဒါကို ဒုက္ခလို့ထင်သေးရင် ကျွန်တော် ချက်ချင်း ပြင်တဲ့လူကို ရှာပြီး ခင်ဗျားအိမ်မှာရှိတဲ့ ပစ္စည်းအပျက်အစီးတွေအားလုံးကိုပါ ဝယ်ပေးပါ့မယ်။"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထန်ရှု၏ရိုးသားမှု နှင့် နှိမ့်ချသော သဘောထားကို ခံစားမိသည်။ သူ၏ရင်ထဲက ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားကာ တခဏ နှုတ်ဆိတ်သွားပြီးနောက် “မင်းနာမည် ဘယ်လိုခေါ်လဲ။”

"ကျွန်တော့်နာမည် ထန်ရှုပါ။"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုနာမည်အား ရင်းနှီးသည်ဟု ဖျတ်ခနဲ ခံစားလိုက်ရသော်လည်း မည်သည့်နေရာတွင် ကြားဖူးသည်ကို မမှတ်မိနိုင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် လက်ရှိတွင် သူမ၏ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်နေသည့် အမျိုးသမီးက ထန်ရှုအား ရုတ်တရက် လက်ညှိုးထိုးကာ

“နင့်ကို ငါ သိပြီ။ နင်က နတ်ဆေးသမားတော်လေး ထန်ရှု မဟုတ်လား။ နင် ... နင်က ကြယ်တာရာမှာ မဟုတ်ဘူးလား။ ရှန်ဟိုင်းကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။"

သူ့ဇနီးထံမှ ရုတ်တရက် သတိရသွားသောအသံကို ကြားရသောအခါ လူလတ်ပိုင်းအမျိုးသားသည် ထန်ရှု၏ဂုဏ်ပုဒ်ကို ချက်ချင်း သတိရသွားခဲ့သည်။

"မင်းဖြစ်နေတာလား ညီအစ်ကိုထန်ရှု။ အလိုလေး ... မင်းဘယ်သူလဲဆိုတာ စောစောက ငါသိခဲ့ရင် အခုဒီလို ပြောဆိုမိမှာ မဟုတ်ဘူး။ မင်းရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ။" လူလတ်ပိုင်းအရွယ်အမျိုးသားက ရယ်သံဖြင့် ပြောလာသည်။

“အစ်ကိုကြီးနဲ့ မရီး … ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော့်ကို သိနေလိမ့်မယ်လို့မထင်ဘူး။ ဒါပေမယ့် ခင်ဗျားတို့နှစ်ယောက်လုံးကို ထိခိုက်စေမိတဲ့အတွက် အစောပိုင်းကအဖြစ်အပျက်ကို ကျွန်တော် တကယ် တောင်းပန်ပါတယ်။" ထန်ရှုက ပြုံးပြီးပြောလိုက်သည်။

“စိတ်ထဲမထားပါနဲ့။” လူလတ်ပိုင်းအရွယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ပထမတော့ သူစိမ်းတစ်ယောက်နဲ့ ရန်ဖြစ်လိုက်သလိုပဲ။ ဒါပေမယ့် တကယ်တမ်းကျတော့ ငါတို့က ဆွေမျိုးတွေ ဖြစ်သွားတယ်။ ဒါကြောင့် ဒီလိုယဉ်ကျေးမှုအရ ပြောဆိုတာကို ဖြတ်လိုက်ကြရအောင်။ အနီးက အိမ်နီးနားချင်းတွေက အဝေးက ဆွေမျိုးတွေထက် ပိုကောင်းတယ်လို့ လူတွေ ပြောကြတယ် မဟုတ်လား။ အာ ဟုတ်သားပဲ … ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားတယ်။ ငါက ထျန်းချန်အုပ်စုရဲ့ ဥက္ကဌ ယုကွေ့ဇန်ဖြစ်ပြီး ဒါက ငါ့ဇနီး ဝမ့်ရှောင်ယွဲ့ပါ။"

ထျန်းချန်အုပ်စုလား…

ထန်ရှုသည် ဤကုမ္ပဏီအကြောင်းသိထားပြီး ရှန်ဟိုင်းတွင် ထိုကုမ္ပဏီအကြောင်း မသိသောသူ အနည်းငယ်သာ ရှိလောက်ပေမည်။ ထျန်းချန်အုပ်စု၏ အဓိကလုပ်ငန်းမှာ မော်တော်ကား လက်လီ ရောင်းချမှုများ၊ ရောင်းချပြီး ဝန်ဆောင်မှုများနှင့် စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ရောင်းချမှုများကို လုပ်ဆောင်လျက်ရှိသည်။ ထန်ရှုသည် စီးပွားရေးပညာကို လေ့လာရင်း စီးပွားရေးလောကမှ ဒဏ္ဍာရီသဖွယ် ကျော်ကြားသော ပုဂ္ဂိုလ်များအကြောင်းလည်း လေ့လာထားခဲ့ပေရာ သူ့အရှေ့မှ ဤလူသည် ထိုပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။

ယုကွေ့ဇန် အသက်၁၉နှစ်မပြည့်မီက အရောင်းဆိုင်တစ်ခုတွင် ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းအဖြစ် လုပ်ကိုင်ရသော ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် သူသည် အလုပ်မှ ထွက်ပြီး ကိုယ်ပိုင်ဆိုင်ငယ်တစ်ခုကို တည်ထောင်သည်။ သူသည် ကောင်းမွန်သော အရည်အချင်းရှိပြီး ရိုးသားဖြောင့်မတ်သူ ဖြစ်သောကြောင့် နောက်ဆုံးတွင် သူ၏လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်လာပြီး နှစ်နှစ်ကျော်အကြာတွင် ပိုမိုကြီးမားသော ပြုပြင်ရေးဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့နောက် သူသည် ဘဏ်မှ အကြီးစားချေးငွေကို ချေးရန် ဆုံးဖြတ်ခဲ့ပြီး တရုတ်နိုင်ငံတွင် ရောင်းမကောင်းသော ကားထုတ်လုပ်သူ အများအပြားနှင့် ပူးပေါင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မော်တော်ကားဖိုးအက်စ်ဆိုင်များကို အမှတ်တံဆိပ်၃ခုဖြင့် ထူထောင်ခဲ့သည်။ သူ၏ ရိုးသားမှုနှင့် လိမ္မာပါးနပ်မှုကြောင့် သူ၏လုပ်ငန်းသည် ပိုမိုကြီးမားလာပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က တန်ဖိုးကြီး ကားလုပ်ငန်းများနှင့် ထိတွေ့လာခဲ့သည်။

(Charm Ming Nge – Auto 4S – Sales အရောင်း၊ Service ဝန်ဆောင်မှု၊ Spare Parts အပိုပစ္စည်း ရောင်းချမှု၊ Surveys ဝယ်ယူသူတုံ့ပြန်ချက်)

နောက်ဆုံးတွင် သူ့လုပ်ငန်းသည် ချဲ့ထွင်ကြီးမားလာရာ ယခုချိန်မှာတော့ အနည်းဆုံး ယွမ်ဘီလီယံချီကာ ကြွယ်ဝချမ်းသာနေပြီဖြစ်သည်။ သူ နေထိုင်ရန် အိမ်တစ်လုံးကို ဝယ်ယူပြီး တရုတ်နိုင်ငံ၏ ဈေးအကြီးဆုံးဧရိယာဖြစ်သည့် တွမ်ဆန်အိမ်ရာတွင် နေထိုင်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

"အာ … အစ်ကိုကြီးယုပဲ။ အစောပိုင်းက ခင်ဗျားကို မမှတ်မိတဲ့အတွက် ကျွန်တော့်မျက်လုံးတွေကို ကျွန်တော် တကယ်ပဲ အပြစ်တင်ရတော့မယ်။"

ထန်ရှုက ပြုံးကာ ပြောသည်။

"ပြောရမယ်ဆိုရင် အစ်ကိုယုအကြောင်း ဘဏ္ဌာရေးမဂ္ဂဇင်းတချို့မှာ ကျွန်တော် ဖတ်ဖြစ်တယ်။ အင်တာဗျူးတွေကိုလည်း တီဗွီမှာ ကြည့်ဖူးတယ်။"

"ဟင် … ညီအစ်ကိုထန်က ငါ့ကို သိနေတယ်လား။" ယုကွေ့ဇန် အံ့သြသွားသည်။

"ကျွန်တော်တို့နှစ်ယောက်လုံးက စီးပွားရေးသမားတွေဆိုတော့ တခြားစီးပွားရေးသမားတွေကို ပိုအာရုံစိုက်မိတာ သဘာဝပဲလေ" ဟု ထန်ရှုက ပြုံးကာ ပြောသည်။ “အထူးသဖြင့် အကိုယုကိုယ်တိုင်က အောင်မြင်တဲ့ စီးပွားရေးသမားမို့ ကျွန်တော် မသိလို့ ဘယ်ဖြစ်ပါ့မလဲဗျာ။"

ထန်ရှု၏စကားကြောင့် ယုကွေ့ဇန် မြောက်ကြွကြွ ဖြစ်သွားကာ ပျော်ရွှင်နေခဲ့သည်။ သူသည် ဘီလီယံချီသော ပိုင်ဆိုင်မှုများ ရှိသော်ငြား ထန်ရှု၏ဂုဏ်ပုဒ်ကိုလည်း သူ သိပေသည်။ ဤခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ ပိုင်ရှင်သည် သိုသိုသိပ်သိပ်နေသော်လည်း စီးပွားရေးလောကရှိ သူ၏မိတ်ဆွေများဖြစ်သည့် ချမ်းသာကြွယ်ဝသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ထိုအထဲတွင် ကျင်းရှင်းကွေ့သည် သူ့ညီအစ်ကိုထန်အကြောင်း မကြာခဏ ပြောပြတတ်သောသူ ဖြစ်သည်။

“ကောင်းပြီ။ လာ … လာ… ညီအစ်ကိုထန် … သူလေးကရော … ဘာပဲဖြစ်ဖြစ် အထဲမှာ စကားပြောရအောင်။”

"မင်္ဂလာပါ အစ်ကိုကြီး။ မင်္ဂလာပါ မရီး။ ကျွန်မနာမည်က ရွှယ်ယုပါ။” ရွှယ်ယုက ပြုံးပြီး ဆိုသည်။

"နင်က အရမ်းလှတာပဲ ညီမလေး။ နတ်သမီးလေးအတိုင်းပဲ။” ဝမ့်ရှောင်ယွဲ့က ပြုံးပြီး တုံ့ပြန်သည်။

"မောင်လေးထန်ရှုက ညီမလေးလို ချောမောလှပတဲ့ ဇနီးတစ်ယောက်ကို ရှာတွေ့တာ တကယ်ကို ကောင်းချီးပေးခံရတာပဲ။"

ထန်ရှုက ရွှယ်ယုနှင့် သူ၏ဆက်ဆံရေးကို အသေးစိတ် ရှင်းမပြချေ။ ယုကွေ့ဇန်၏အိမ်သို့ ဝင်ပြီးနောက် ထန်ရှုသည် ပထမဆုံး သူ၏စာကြည့်ခန်းသို့ သွားရောက်ခဲ့လေရာ အစီအရင်မှ ဖြစ်ပေါ်သော လေမုန်တိုင်းသည် ပိုမိုကြီးမားသောစွမ်းအားကို ဖြစ်ပေါ်စေပြီး ဤစာကြည့်ခန်းကို လုံးဝ ပျက်စီးရှုပ်ပွသွားစေသည်ကို တွေ့မြင်လိုက်ရတော့သည်။

ထန်ရှု၏အရှေ့တွင် ရပ်နေသော ယုကွေ့ဇန်က သူ့အခန်း၏မျက်နှာကျက်မှ အပေါက်ကို မော့ကြည့်လိုက်သည်။ သူက မချိပြုံး ပြုံးကာ “ညီအစ်ကိုထန် … ငါ မအံ့ဩဘဲ မနေနိုင်တော့ဘူး။ မင်း ဘယ်လို လုပ်ခဲ့တာလဲ။ တွေးကြည့်ရင် မင်း တကယ်ပဲ ဒီလိုအပေါက်တစ်ပေါက်ကို ဖြစ်စေခဲ့တာ။ ငါ့အိမ်ခန်းက ပထမထပ်မှာဆိုတာ မင်းလည်းအသိပဲ။”

ထန်ရှု အောက်ထပ်သို့ မဆင်းမီ ဤပြဿနာကို တွေးထားကာ အဖြေတစ်ခုကို ပြင်ဆင်ထားသည်။ ထို့ကြောင့် သူက ခြောက်ကပ်ကပ်ရယ်မောရင်း

“မကြာသေးခင်က ကျွန်တော်တည်ဆောက်ခဲ့တဲ့ ဓာတ်ခွဲခန်းကနေ အထူးနည်းပညာနဲ့ ထုတ်ကုန်တစ်ခုကို တီထွင်ထားတယ်။ အဲ့ဒီထုတ်ကုန်က စစ်တပ်နဲ့ ဆက်စပ်နေတာမို့ ထုတ်ဖော်မပြောရတဲ့ သဘောတူညီချက်အရ ကျွန်တော် ထုတ်ပြောလို့ မရဘူး။ ကျွန်တော် အခုလေးတင် ဒီခြံဝင်းထဲကို ရောက်တုန်းက အဲ့ဒီပစ္စည်းရဲ့စွမ်းအားအကြောင်း ရွှယ်ယုကို ပြဖို့ မအောင့်နိုင်ခဲ့ဘူး။ ပြီးတော့မှ ကျွန်တော်က အပေါ်ထပ်အခန်းမှာ ရှိနေတာကို သတိရလိုက်တာ…”

ယုကွေ့ဇန်၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ထန်ရှုသည် စစ်တပ်နှင့်ပတ်သက်မှုအချို့ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားသဖြင့် ထိုအကြောင်းနှင့် ပတ်သက်သည့် မေးခွန်းများ မေးရန် အတွေးကို ချက်ချင်း ပယ်ဖျက်လိုက်သည်။

"အစ်ကိုယု … ဒါကို လျှို့ဝှက်ထားဖို့ ကူညီပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီနည်းပညာရဲ့ ထုတ်ကုန်ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာမို့ပါ။ နောက်ပြီး ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက အဲ့ဒီအကြောင်းကို လူတွေသိအောင် လုပ်လို့မရဘူး။ ဒီကိစ္စကို ထုတ်ဖော်မိရင် အရမ်းဒုက္ခရောက်လိမ့်မယ်။”

"ငါ နားလည်တယ်။ အဲ့ဒီအတွက် စိတ်ချပါ။” ယုကွေ့ဇန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

***

All Chapters