← Chapters

ထူးဆန်းသော အဖြစ်အပျက်များ

Vol. 50 Ch. 698

ထူးဆန်းသော အဖြစ်အပျက်များ

Vol. 50 Ch. 698

ယုကွေ့ဇန်၏အိမ်ခန်း ပျက်စီးသွားရုံသာမက ပစ္စည်းများစွာပါ ပျက်စီးခြင်းတို့ကြောင့် အကြွေးမတင်လိုသော ထန်ရှုက လျော်ကြေးပေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။ သူသည် ထိုလင်မယားနှင့် တခဏ စကားပြောပြီးနောက် အိမ်ယာစီမံခန့်ခွဲရေးရုံးမှ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းများကို အဆောတလျင် သွားတွေ့ဆက်သွယ်ကာ  ထိုအပေါက်များကို နှစ်နာရီကြာ သေသပ်စွာ ဖာထေးနေသည်ကို စောင့်ကြည့်ခဲ့သည်။

ညဉ့်သန်းခေါင်အချိန်တွင် ထန်ရှုသည် တွမ်ဆန်အိမ်ရာမှ ထွက်ခွာသွားသည်။ ရွှယ်ယုက သူ့ကို နေစေချင်သော်လည်း အိုးရန်လူလူက သူ၏အိမ်တွင် ရှိနေဆဲဖြစ်သည်။ ထန်ရှုနှင့် ရွှယ်ယုတို့သည် နွေးထွေးသော အခိုက်အတန့်တွင် အတူတူ ရှိပြီးနောက် သူ ပြန်လာခဲ့ခြင်းဖြစ်သည်။

သူ့အိမ်ပြန်ရောက်ချိန်တွင် ဒုတိယထပ်သည် မီးလင်းနေသည်ကို ထန်ရှု တွေ့လိုက်ရသဖြင့် အိုးရန်လူလူ နိုးနေသည်မှာ သေချာသလောက်ပင်။ ထိုနေရာသို့ ရောက်သောအခါ အိုးရန်လူလူသည် ကုတင်ထက်တွင် လဲလျောင်းလျက် ဖက်ရှင်မဂ္ဂဇင်းတစ်စောင် ဖတ်နေသည်ကို သူတွေ့လိုက်ရသည်။ ကုတင်ဘေးက ဗီရိုပုလေးထက်တွင် တရုတ်ဇီးသီးကြာစေ့ဟင်းချို တစ်ခွက်လည်း ရှိနေသည်။

"ဘယ်လိုနေသေးလဲ။ လုံလုံလောက်လောက် အနားယူပြီးပြီလား။"

ထန်ရှုသည် ကုတင်ဆီသို့ လျှောက်သွားကာ အိုးရန်လူလူကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။ အိုးရန်လူလူသည် သူမ၏ခန္ဓာကိုယ်ကို ဖော်ပြသည့် ပါးလွှာသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပေရာ ဖြူစင်သော ကြာပန်းသဖွယ် ဖြူဖွေးချောမွေ့သည့် လက်မောင်းနှင့် အသားအရေ၊ ဆွဲဆောင်နိုင်သော ညှပ်ရိုးနှင့် ဂုဏ်ယူဝင့်ကြွားနိုင်သည့် တောင်မို့မို့ နှစ်ခုကြားရှိ လျှိုမြောင်လေးတို့သည် လှစ်ဟဖော်ပြနေသည့်အလားပင်။ ထန်ရှုက သူမအတွက် သူဝယ်ခဲ့သော အဝတ်အစားများကို ချပေးလိုက်သည်။

လူလူက ထန်ရှုတစ်ယောက် ဒီည ပြန်မလာတော့ဟု ထင်ထားသဖြင့် သူ ညဉ့်နက်မှ ပြန်ရောက်လာလိမ့်မည်ကို သူမ မမျှော်လင့်ထားပေ။ ထိုသို့ပြန်ရောက်လာခြင်းက သူမကို ရုတ်ခြည်းပင် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားစေသည်။ သူမက ကုတင်ပေါ် ချက်ချင်း ထထိုင်ကာ အပြုံးဖြင့် ပြောသည်။

"ငါ ကောင်းကောင်းမွန်မွန် ပြည့်ပြည့်၀၀ အနားယူခဲ့ရတယ်။ ဒီအချိန်က ဘဝမှာ အကြာဆုံး အိပ်ခဲ့ရတာဖြစ်ပြီး သက်တောင့်သက်သာအရှိဆုံး အိပ်စက်တာလို့လည်း ပြောနိုင်တယ်။”

ထန်ရှုက နံရံမှာ ချိတ်ထားသည့် လျှပ်စစ်နာရီကို ညွှန်ပြပြီး အပြုံးဖြင့်

“သန်းခေါင်ကျော်ပြီးလို့ မိနစ်သုံးဆယ်ရှိပြီ။ ဒီအတိုင်းဆက်နေရင် မင်း မောပန်းနွမ်းနယ်ပြီး စိတ်ဓာတ်မလန်းဘဲ တစ်နေ့လုံး ကုန်ဆုံးသွားလိမ့်မယ်။”

"ဘာဖြစ်သလဲ။ အဆိုးဆုံးဖြစ်လာရင် ငါ တစ်နေ့လုံး အိပ်လိုက်ရုံပဲလေ။" အိုးရန်လူလူက ပြုံးပြီးပြောသည်။ "ဒါနဲ့ နင် ဒီနေ့ ဘာတွေ လုပ်ခဲ့တာလဲ။ ပြန်လာတာ ဘာလို့ နောက်ကျနေတာလဲ။"

“ငါ့ရဲ့အမျိုးသမီးသူငယ်ချင်းက သူ့ကုမ္ပဏီကို အဖော်ခေါ်လို့ လိုက်သွားတယ် … ပြီးတော့ ငါ့ချစ်သူနဲ့တွေ့ပြီး သူ့နေရာကို လိုက်သွားတယ်။ တိုတိုပြောရရင်တော့ ဒီနေ့ အမှိုက်တွေတွေ့ပေမယ့် ငါ ဘာမှ လေးလေးနက်နက် မလုပ်ခဲ့ဘူး။ အဲ့ဒါကို မေ့လိုက်ပါ။ အဲ့ဒီအကြောင်း မပြောပါရစေနဲ့။ ငါ ရေချိုးပြီး အိပ်ဖို့လိုတယ်” ထန်ရှုက တွေးပင် မတွေးဘဲ ပြောလိုက်သည်။

ထိုညက ထန်ရှုသည် အိုးရန်လူလူကို ရင်ခွင်ထဲ ဖက်ထားရင်း အိပ်ပျော်သွားသည်။ သူမ၏ နူးညံ့ချောမွေ့သော ခန္ဓာကိုယ်သည် သူ့အား နောက်ထပ် အော်ဟစ်အောင် ပြုလုပ်စေရန် စိတ်အားထက်သန်စေသော်လည်း ထိုအရာသည် သူမ၏ ပထမဆုံးအကြိမ် “သွေးထွက်ခြင်း” ဖြစ်သည်ကို သတိရကာ သူမကိုလည်း နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲဆင်နွဲပြီးဖြစ်သောကြောင့် သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်သည်။

မနက်ခင်းစောစောတွင်…

အခန်းတွင်းသို့ ပထမဆုံးသော နေရောင်ခြည်သည် ကန့်လန့်ကာကြားမှ ဝင်ရောက်လာချိန်တွင် ထန်ရှု အိပ်ရာမှ နိုးလာသည်။ သူ လှုပ်ရှားလိုက်သည်နှင့် သူ၏ရင်ခွင်ထဲတွင် ကြောင်လေးတစ်ကောင်လို သိမ်မွေ့စွာ အိပ်နေသည့် လူလူက နိုးလာပြီး မျက်လုံးများဖွင့်ကာ

“ဘယ်အချိန် ရှိပြီလဲ။”

ထန်ရှုက အချိန်ကို ကြည့်လိုက်ပြီး အပြုံးဖြင့်

"၈နာရီ ၁၀မိနစ်"

ထန်ရှု ထကာ လှည့်သွားသည်ကို မြင်လိုက်သော လူလူက ထထိုင်ပြီး ချက်ချင်း အဝတ်ဝတ်လိုက်သည်။ သူမက သူ့ကို ပြုံးပြပြီး

"တနင်္ဂနွေဆို နင် ဘာလုပ်လဲ။"

"အခုထိ အစီအစဉ်မရှိသေးပါဘူး။”

"သုခဘုံစံအိမ်နယ်မြေကို ငါနဲ့ အဖော်လိုက်ပေးရင်ရော ဘယ်လိုလဲ။" အိုးရန်လူလူက မေးသည်။ "နင် ငါ့ဆီ မရောက်တာ ကြာပြီ။ ငါ့ဝန်ထမ်းတွေကတောင် နင် ငါ့ကို စွန့်ပစ်သွားတယ်လို့ ထင်နေတာ။"

အဟွတ်…အဟွတ်…

ထန်ရှု နှစ်ကြိမ် ချောင်းဆိုးလိုက်ရပြီး ငိုရခက် ရယ်ရခက် ဖြစ်သွားကာ

"မင်းရဲ့ ဝန်ထမ်းတွေက တခြားသူရဲ့ကိစ္စကို စိတ်ပူတာမျိုးလို အသုံးမဝင်တဲ့အရာတွေ လုပ်လွန်းတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ မင်းနဲ့လိုက်ဖို့ အဆင်ပြေမယ်ထင်တယ်။ အာ ... မနေ့က မင်းအတွက် အဝတ်အစားတွေ ဝယ်ခဲ့တယ်။ အဲ့ဒါတွေကို ဝတ်ပြီး မင်းနဲ့တော် မတော်၊ လိုက် မလိုက် ကြည့်ပါဦး။”

လူလူ၏မျက်နှာတွင် အံ့အားသင့်သွားသော အမူအရာ ပေါ်လာသည်။ သူမသည် ထိုအဝတ်အစားတို့ကို လှမ်းကြည့်ကာ မယုံနိုင်ဟန်အမူအရာဖြင့်

“ငါ့အတွက် နင် ဝယ်ခဲ့တာလား။”

"ဟုတ်တယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

"နင်က အတော်ကြည့်တတ်တာပဲ။" လူလူက မယုံနိုင်စွာ ပြောလိုက်သည်။

“အတွင်းခံပဲဖြစ်ဖြစ် ဒီအင်္ကျီပဲဖြစ်ဖြစ် စတိုင်နဲ့ အရောင်က ငါ နှစ်သက်တဲ့ အမျိုးအစားတွေပဲ။ ဟန်နီ … နင် အဝတ်အစားစက်ရုံကို တန်းဖွင့်သင့်တယ်လို့ ထင်တယ်။ နင့်ရဲ့လုပ်ငန်းက သေချာပေါက် ကျော်ကြားလာလိမ့်မယ်။”

ထန်ရှု တိတ်တဆိတ် အနေခက်သွားသည်။ ဤအဝတ်အစားများကို အမှန်ပင် သူ ဝယ်ခဲ့သော်လည်း သူသည် ထိုအဝတ်အစားများကို ရွေးချယ်ခဲ့သူ ဖြစ်သည်ဟူ၍ မပြောခဲ့ပေ။ သို့သော် သူမ၏အမူအရာကို မြင်သည့်အခါ သူက ရွှယ်ယုအကြောင်း မပြောချင်တော့ဘဲ ခပ်ဖျော့ဖျော့အပြုံးဖြင့်

"ကောင်းပြီ မြန်မြန်လုပ်။ မနက်စာစားပြီး သုခဘုံစံအိမ်နယ်မြေကို သွားရအောင်။"

"အိုခေ…။"

လူလူက ကုတင်ပေါ်မှ အမြန်ခုန်ဆင်းကာ အတွင်းခံဘောင်းဘီကို အမြန်ချွတ်လိုက်သည်။ ထန်ရှု၏အရှေ့မှာပင် သူမကိုယ်သူမ ဖုံးကွယ်ရန် မကြိုးစားတော့သဖြင့် သူ့လည်ချောင်းထဲက ခြောက်သွေ့လာပြီး ဆန္ဒမီးတောက်က သူ့ညီလေးအား  နှိုးဆွနေတော့သည်။ လိုချင်တပ်မက်မှုလွန်ကဲခြင်းအား ရှောင်ရှားရန် ထန်ရှုသည် ချာကနဲ လှည့်ကာ အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။

“သူဌေး…”

ပထမထပ်ရှိ လှေကားထစ်တွင် မိုအားဝူသည် သူ့လက်ထဲတွင် စာရွက်စာတမ်းများစွာကို ကိုင်ဆောင်ကာ တိတ်တဆိတ် ရပ်နေ၏။

"မင်း ငါ့ကို စောင့်နေတာလား။" ထန်ရှု အံ့သြသွားပြီး "တစ်ခုခု ဖြစ်နေလို့လား။"

မိုအားဝူက စာရွက်စာတမ်းများကို လွှဲပြောင်းပေးပြီး “မီနန်ခရိုင်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ နိုက်ကလပ်မှာ အလုပ်သွားလုပ်တဲ့ အမျိုးသမီးလေးဦး အသတ်ခံခဲ့ရပါတယ်။ မနက် လေးနာရီမှာ သတင်းရလို့ အခင်းဖြစ်ရာကို ငါ ရောက်သွားတယ်။ အဲ့ဒီကိုရောက်တော့ ရဲတွေက အခင်းဖြစ်ရာကို ပိတ်ဆို့ထားပြီးဖြစ်လို့ အခြေအနေအတိအကျကို မသိခဲ့ရဘူး။”

“ရာဇဝတ်မှုတွေက ငါတို့နဲ့ ဘယ်လိုသက်ဆိုင်လို့လဲ။”ထန်ရှုက အံ့သြသွားသော အမူအရာဖြင့် မေးလိုက်သည်။

"ဒီလိုမျိုး အချက်အလက်တွေအကြောင်း မင်း ငါ့ကို တစ်ခါမှ မတင်ပြဖူးဘူးလေ။"

“သာမန်ရာဇဝတ်မှုတွေလောက်တော့ သူဌေးကို ငါ ဘယ်တော့မှ အနှောက်အယှက်မပေးပါဘူး။” မိုအားဝူက ပြောသည်။

“ဒါပေမယ့် ဒီအလောင်းလေးကောင်ရဲ့ သွေးတွေ အကုန်လုံး ခြောက်ခမ်းသွားအောင် အစုပ်ခံလိုက်ရတဲ့ အဖြစ်အပျက်ကတော့ တခြားဟာတွေနဲ့မတူဘူး။ နောက်ပြီး အခင်းဖြစ်ပွားရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကနေ တိုက်ပွဲပြင်းထန်တဲ့ အရိပ်အယောင်တွေကို တွေ့ရတယ်။ ဒီလိုတိုက်ပွဲအငွေ့အသက်တွေကို အရင်တုန်းက မြင်ဖူးတယ်။ မတူညီတဲ့ လူမျိုးစုတွေကြောင့် ဖြစ်လိမ့်မယ်။”

"မတူညီတဲ့ လူမျိုးစု…" ထန်ရှု ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် တခါမှ မကြားဖူးသည့် စကားလုံး ဖြစ်သောကြောင့် စူးစမ်းလိုသော အမူအရာဖြင့် မေးလိုက်သည်။

“ဒီမတူညီတဲ့လူမျိုးစုဆိုတာ ဘာလဲ။ သူတို့ရဲ့ ထူးခြားချက်က ဘာလဲ။”

“ကမ္ဘာပေါ်မှာ ထူးခြားတဲ့လူမျိုးစုတွေ အများကြီး ရှိတယ်ဆိုတာ သူဌေးလည်း သိပါတယ်။ ဥပမာ စိတ်ခံစားမှုရှိတဲ့ ကြမ်းတမ်းတဲ့ သားရဲတွေ။ အဲ့ဒါတွေအပြင် ဗန်ပိုင်းယားလို့ ကျော်ကြားပြီး လူသားတွေအသွင် ပြောင်းလဲနိုင်တဲ့ သွေးစုပ်ဖုတ်ကောင် လင်းနို့တွေလိုမျိုး လူသားတစ်ပိုင်း-လူစစ်စစ်မဟုတ်တဲ့ တည်ရှိမှုအချို့လည်း ရှိတယ်။ လူနဲ့သားရဲတွေ ပေါင်းဖက်ရာက ဆင်းသက်လာတဲ့ သားရဲတစ်ပိုင်း-လူတစ်ပိုင်းတွေအပြင် အထူးပညာရပ်တွေ ဒါမှမဟုတ် အထူးကျင့်ကြံမှု နည်းစနစ်တွေကို လေ့ကျင့်ကြတဲ့ မန္တာန်အတတ် တတ်ကျွမ်းတဲ့ မှော်ဆရာတွေနဲ့ စွမ်းအားကြီးတဲ့ မှော်ဆရာတွေလည်း ရှိကြတယ်... အဲ့ဒီလို မတူညီကွဲပြားတဲ့ မျိုးနွယ်စုတွေက သာမန်နဲ့မတူ ထူးကဲစွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ အစစ်အမှန် လူသားတွေနီးပါးအတိုင်းပဲ။"

ထန်ရှု သူ့လက်ထဲက ဓါတ်ပုံများကို ကြည့်လိုက်ရာ ပြင်းထန်သော တိုက်ပွဲ၏ထူးခြားသော အရိပ်အယောင်များ အများကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ ဆုတ်ဖြဲခံထားရသော နံရံ၊ ဖော့စဖရပ်မှုန့်များနှင့်အတူ ပြန့်ကျဲနေသော ခြေသည်းရာများကဲ့သို့ အမွေးအတောင်များနှင့် အမွှေးအမျှင်အချို့ပါရှိသော အသားများ...

"ဒါဆို မင်း ဆိုလိုချင်တာ … အဲ့ဒီနိုက်ကလပ်က မိန်းကလေးတွေကို သတ်လိုက်တဲ့ လူသတ်သမားက မတူညီတဲ့ လူမျိုးစုက ဖြစ်နိုင်ပြီး ခြေသည်းတွေ၊ အမွေးအတောင်တွေပါတဲ့ လူသတ်သမား ဖြစ်နိုင်တယ်ပေါ့ ဒီလိုလား။" ထန်ရှုက ဖြည်းညှင်းစွာ မေးလိုက်သည်။

“သူတို့ပဲ ဖြစ်လိမ့်မယ်။” မိုအားဝူက ခေါင်းညိတ်လိုက်သည်။

"ဒီဓာတ်ပုံတွေနဲ့ သတင်းတွေကနေ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့သူတွေက သားရဲတစ်ပိုင်းလူ၊ တောင်ပံပါတဲ့ လူနဲ့ ဗန်ပိုင်းယားတွေ အနည်းဆုံး တစ်ယောက်စီ ပါဝင်လိမ့်မယ်ဆိုတာ ငါ ပြောပြနိုင်ပါတယ်။"

ထန်ရှုက မျက်မှောင်ကြုတ်ကာ မှတ်ချက်ချလိုက်သည်။ “မင်း ငါ့ကို ပြောတဲ့အရာတွေက အနောက်တိုင်း ဒဏ္ဍာရီကနေ လာတာတွေ မဟုတ်ဘူးလား။ သူတို့က တရုတ်ပြည်မှာ ဘာလာလုပ်နေတာလဲ။ ငါသိသလောက် တရုတ်ပြည်မှာ ကျင့်ကြံသူတွေက လက်တစ်ဆုပ်စာပဲ ရှိပြီး ထူးထူးခြားခြား အရည်အချင်းရှိတဲ့ လူအနည်းငယ်လောက်ပဲ ရှိတယ်။ နိုင်ငံခြားက ဒီလိုသက်ရှိသတ္တဝါတွေအကြောင်း အရင်က တစ်ခါမှ မကြားခဲ့ဖူးဘူး။”

“ဒီမတူညီကွဲပြားတဲ့ လူမျိုးစုတွေက နိုင်ငံခြားမှာ ရှားရှားပါးပါး တည်ရှိနေပြီး အဲ့ဒါတွေက ငါတို့ကမ္ဘာမှာ တကယ်ရှိပါတယ်။” မိုအားဝူက ပြောပြသည်။ "တစ်ခါတုန်းက စစ်မြေပြင်မှာ သားရဲလူတစ်ပိုင်းတစ်ယောက်က စစ်သားများစွာကို သတ်ပစ်နိုင်တာကို ငါ တွေ့ခဲ့ရတယ်။ ရဲဘော်လေးယောက်နဲ့ လုပ်ကြံရေးမစ်ရှင်တစ်ခု လုပ်တုန်းကလည်း ရဲတိုက်ဟောင်းတစ်ခုမှာ ဗန်ပိုင်းယားတစ်ကောင်နဲ့လည်း ကြုံခဲ့ဖူးတယ်။ ငါနဲ့အဖော်တစ်ဦးကလွဲပြီး ကျန်သုံးယောက်က အဲ့ဒီဗန်ပိုင်းယားကောင်ရဲ့လက်ထဲမှာ အသတ်ခံလိုက်ရတယ်။ ငါ့ရဲဘော်နဲ့ ငါ ပစ်မှတ်ကို မလုပ်ကြံနိုင်ခင်မှာ အဲ့ဒီဗန်ပိုင်းယားကောင်ကို တင့်ကားပစ်ဗုံးနဲ့ ဒဏ်ရာရစေပြီးမှ ချောချောမွေ့မွေ့ လွတ်မြောက်လာရတာ။”

"အဲ့ဒီအကောင်တွေက နတ်ဆိုးတွေလို့ မင်း ပြောလိုက်တာလား။" ထန်ရှု မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ငါတို့ထာဝရခန်းမက လျှို့ဝှက်စုံစမ်းမှုကို ပြုလုပ်ခဲ့ပြီး အချို့လူတွေက  အမှောင်လေအဖွဲ့ဆီကနေ အဲ့ဒီအချက်အလက်ကို ဝယ်ယူလိုက်ကြသေးတယ်။ အချက်အလက်အများကြီး မရခဲ့ပေမယ့် အဲ့ဒီကွဲပြားတဲ့ သတ္တဝါအချို့က အမှန်တကယ်ပဲ မွေးရာပါ နတ်ဆိုးတွေပဲ။ ဒါပေမယ့် အချို့ကတော့ မကောင်းမှု မကျူးလွန်သလို အပြစ်မဲ့လူတွေကို သိမ်းကျုံးသတ်တာမျိုးလည်း မလုပ်ဘူးလို့ ယူဆထားတယ်။ နိုင်ငံအချို့ရဲ့ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေကြောင့်သာ မဟုတ်ဘူးဆိုရင် အဲ့ဒီမတူညီကွဲပြားတဲ့ သတ္တဝါတွေက သူတို့ကိုယ်သူတို့ နားလည်သဘောပေါက်ပြီး ကျင့်ကြံသူတွေထက်တောင် ပိုမိုကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ကြဦးမှာ။ သာမန်လူတွေ မပြောနဲ့ … ကြောက်စရာကောင်းတဲ့ နောက်ခံအင်အားကြီး ပုဂ္ဂိုလ်တွေတောင် သူတို့တွေရဲ့ ဖြစ်တည်မှုကို သတိပြုမိကြမှာ မဟုတ်ဘူး။”

ထန်ရှု ခဏလောက် တွေးတောပြီး “မင်းရဲ့လက်ရှိကျင့်ကြံမှုအရ စစ်မြေပြင်မှာ မင်း မြင်ခဲ့ရတဲ့ သားရဲတစ်ပိုင်းလူ ဒါမှမဟုတ် အဲ့ဒီရဲတိုက်ဟောင်းမှာ မင်းကြုံခဲ့တဲ့ ဗန်ပိုင်းယားကောင်ကို အနိုင်ယူဖို့ အခွင့်အရေး ဘယ်လောက် ရှိနိုင်မလဲ။”

မိုအားဝူသည် တစ်ခဏမျှ ရှုံ့မဲ့သွားပြီး ခေါင်းကိုယမ်းကာ

“အဲ့ဒါကို ငါ မဖြေနိုင်ဘူး။ အဲ့ဒီတုန်းက သားရဲတစ်ပိုင်းလူနဲ့က ဝေးတယ်။ သူ့ကို အဆင့်မြင့် မှန်ပြောင်းကနေတဆင့် မြင်ခဲ့တာလေ။ သူ့အရှိန်ကတော့ အရမ်းမြန်ပြီး စွမ်းအားကြီးတဲ့ ခွန်အားတွေ ပိုင်ဆိုင်ထားသလို သတ်ဖြတ်နည်းစနစ်တွေကိုပါ ကျွမ်းကျင်တာကို တွေ့ရတယ်။ သူရဲ့အရှိန်အဟုန်နဲ့ ခွန်အားက လက်နက်ကိုင်တပ်သား ဒါဇင်ပေါင်းများစွာကို မိနစ်ဝက်အတွင်း ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်။ ဗန်ပိုင်းယားကောင်ကတော့ ငါ အစွမ်းကုန်ကြိုးစားရင် သူ့ကို သတ်နိုင်လောက်ပါတယ်။”

"ဒါဆိုရင် သူတို့က အလယ်အလတ်အဆင့် ပြင်းထန်သားရဲတွေထက်တောင် ပိုပြီး အစွမ်းထက်နေတာပေါ့။" ထန်ရှု အံ့အားသင့်စွာ မှတ်ချက်ပေးသည်။

“ဟုတ်လောက်တယ်။” မိုအားဝူက ခေါင်းညိတ်လိုက်သည်။

“နောက်ပြီး သူတို့မှာ လူသားတွေလို ဉာဏ်ရည်ဉာဏ်သွေး အဆင့်တူတယ်။ မတူကွဲပြားတဲ့ မျိုးနွယ်စုအချို့မှာ လူသားတွေထက် ဉာဏ်ရည်၊ မြန်နှုန်းနဲ့ ခွန်အားတို့အပြင် တိုက်ခိုက်ရေးနည်းစနစ်ပါ မြင့်မားတာမို့ သူတို့တွေကို အလယ်အလတ်အဆင့် ပြင်းထန်သော သားရဲတွေနဲ့ နှိုင်းယှဉ်လို့ရတယ်။”

မိုအားဝူ၏ရှင်းပြချက်ကို နားထောင်ရင်း ထန်ရှု၏ မျက်လုံးများ ချက်ချင်း အရောင်လက်လာသည်။ သူသည် ကျင့်ကြံရန်အတွက် သဘာဝအရင်းအမြစ် အမျိုးမျိုးကို လိုအပ်ပေရာ  ထိုဗန်ပိုင်းယားများနှင့် သားရဲတစ်ပိုင်းလူများကို သတ်ပြီး ကျင့်ကြံမှု အရင်းအမြစ်အတွက် သူတို့ခန္ဓာကိုယ်ထဲမှ ပစ္စည်းများကို ရယူနိုင်ခဲ့ရင် သူ့အတွက် အလွန် ကောင်းပေမည်။ သို့သော်လည်း မှတ်သားထားရမည့် အချက်မှာ ထိုမတူညီကွဲပြားသော သတ္တဝါများတွင်လည်း ၎င်းတို့၏ကျင့်ကြံမှုစနစ်များ ရှိသောကြောင့် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားကြမည်ဖြစ်သည်။ ၎င်းတို့၏စွမ်းအားကြီးသော ခွန်အားနှင့် ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်များသည် ၎င်းတို့၏ကျင့်ကြံနည်းစနစ်ကို လေ့ကျင့်ခြင်း၏ ရလဒ်ဖြစ်သောကြောင့် ၎င်းတို့၏ခန္ဓာကိုယ်များမှ ရရှိသော ပစ္စည်းများသည်လည်း ပိုမိုကောင်းမွန်ပေလိမ့်မည်။

"အားဝူ … ရှန်ဟိုင်းမှာရှိတဲ့ ငါတို့ထာဝရခန်းမရဲ့ ထောက်လှမ်းရေးကွန်ရက်က ဘယ်လောက်နက်ရှိုင်းလဲ။"

ထန်ရှု အမြန်မေးလိုက်သည်။

“ဒါက အမျိုးသားထောက်လှမ်းရေးအေဂျင်စီထက် အနည်းဆုံး အဆပေါင်းများစွာ ပိုအားကောင်းတယ်။” မိုအားဝူက ဖြေသည်။

“ရှန်ဟိုင်းတစ်ခုလုံးကို ငါတို့ လွှမ်းခြုံထားပြီးပြီလို့ မပြောဝံ့ပေမယ့် နေရာတိုင်းနီးပါးမှာ ထောက်လှမ်းရေးဝန်ထမ်းတွေကို တာဝန်ပေးထားတယ်လို့တော့ ပြောနိုင်တယ်။ အဲဒါကြောင့် မတူညီကွဲပြားတဲ့ မျိုးနွယ်ပေါင်းစုံက လူသတ်မှုတွေအကြောင်း အချက်အလက်တွေ ရနိုင်ပြီး အခင်းဖြစ်ပွားရာကို အချိန်တိုအတွင်း အပြေးအလွှား သွားရောက်နိုင်တယ်။”

"အဲ့ဒါဆို မတူကွဲပြားတဲ့ သတ္တဝါတွေကို စုံစမ်းဖို့ ငါတို့လူတွေကို ချက်ချင်း လွှတ်ပါ။"  ထန်ရှုက လေးနက်သော ဟန်န်ဖြင့် ပြောသည်။

“ဗန်ပိုင်းယားတွေပဲဖြစ်ဖြစ် သားရဲတစ်ပိုင်းလူတွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တောင်ပံပါတဲ့လူတွေပဲ ဖြစ်ဖြစ် သူတို့တွေက လူတွေအတွက် ခြိမ်းခြောက်မှု ဖြစ်နေတာကြောင့် သူတို့ကို ရှာရမယ်။ ဒီကိစ္စမှာ ငါကိုယ်တိုင် ပါဝင်ပြီး ဒီအရာတွေကို ကိုင်တွယ်ဖြေရှင်းမယ်။”

"ချက်ချင်း စီစဉ်လိုက်မယ် သူဌေး…" မိုအားဝူက ပြန်ပြောပြီး လှည့်ထွက်သွားသည်။

***

All Chapters