တွင်းထဲက ကြွက်တစ်ကောင်လို
Vol. 50 Ch. 700
ညအမှောင်ရောက်လာပြီဖြစ်သောကြောင့် မီးများ လင်းလာပြီဖြစ်သည်။
သုခဘုံစံအိမ်နယ်မြေရှိ လူလူ၏အိပ်ခန်းထဲတွင် ထန်ရှုသည် ဘဏ္ဌာရေး မဂ္ဂဇင်းတစ်စောင်ကို တိတ်ဆိတ်စွာ ဖတ်ရှုနေရင်း ယနေ့ခေတ် အင်တာနက်၏ ပျံ့နှံ့ရေပန်းစားမှုတွင် ကြီးမားသော စီးပွားရေး အခွင့်အလမ်းတစ်ခု ပါဝင်နေကြောင်း သိရှိခဲ့သည်။ ၎င်းသည် လက်တွေ့ဘဝတွင် ရှိသော လုပ်ငန်းအဖွဲ့အစည်းများကိုပင် အကျိုးသက်ရောက်စေပြီး အင်တာနက် နာမည်ကြီးပုဂ္ဂိုလ်များသည် ၎င်းမှ ဝင်ငွေအများအပြား ရှာနိုင်ခဲ့ကြပေသည်။
အင်မော်တယ်ကမ္ဘာတွင် အထွတ်အထိပ်သို့ ရောက်ရှိပြီး ပိုမိုအဆင့်မြင့်သော ယဉ်ကျေးမှုထွန်းကားသည့် နည်းပညာလောကအား အတွေ့အကြုံ ရှိခဲ့သူတစ်ဦးအနေဖြင့် သူသည် ငွေရှာနိုင်သည့် အခြားလမ်းကြောင်းများကိုပါ သိရှိလာစေပြီး ဈေးကွက်ရှာဖွေရန်အတွက် အင်တာနက်ကို မှီခိုနေရသော စီးပွားရေးလုပ်ငန်းအများအပြား ရှိသည်ကိုလည်း သတိပြုမိလာစေသည်။
ဉာဏ်ဦးနှောက် - ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် မိုဘိုင်းလ်ဖုန်းကဲ့သို့ အကြိုက်များပြီး ခေတ်မီယဉ်ကျေးမှုလောကတွင် ထိုအရာသည် မရှိမဖြစ် လိုအပ်သော ပစ္စည်းတစ်ခုဖြစ်ပေသည်။ ဉာဏ်ဦးနှောက်တွင် ပေါင်းစပ်ဆက်သွယ်ရေးနှင့် ကွန်ရက်ချိတ်ဆက်မှုကိရိယာတစ်ခုအဖြစ် ပြီးပြည့်စုံသော လုပ်ဆောင်နိုင်စွမ်း ပါရှိပြီး မည်သည့်နေရာမဆို သယ်ဆောင်ရလွယ်ကူကာ ကွန်ပျူတာဖြင့် အခြေခံဖန်တီးထားသော နေရာများ၏ ဈေးဝယ်စင်တာများဖြင့် ချိတ်ဆက်ထားသည်။ လူတစ်ဦးသည် သူ၏ပုံရိပ်ယောင်အစစ်အမှန် ဟိုလိုဂရမ်၏အင်္ဂါရပ်များကို အသုံးပြု၍ ကွန်ရက်ကို ချဲ့ထွင်ကာ စီးပွားရေးဆိုင်ရာ တည်ထောင်မှုများအတွင်းသို့ ဝင်ရောက်မည့် ၎င်းတို့၏စိတ်ကူးများအား နှစ်မြှုပ်ပြီး လက်တွေ့ဘဝ ဈေးဝယ်ထွက်ခြင်း၏တူညီသော အတွေ့အကြုံအား အိမ်မှာနေရင်းပင် ရယူနိုင်ပေသည်။
တစ်ဖက်ကကြည့်မည်ဆိုပါက “လက်ရွေးစင်တိုက်ပွဲ၊ အမြန်နှုန်းပြိုင်ပွဲ၊ စစ်ဖြစ်နေသော ခေတ်ကို ဖြတ်သန်းလာသည့် စစ်မှန်သောနိုင်ငံတော်၊ ခမ်းနားသော ကြယ်အာကာသခရီး" ကဲ့သို့သော ဂိမ်းများသည်လည်း အကျိုးအမြတ်များစွာ ရရှိသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။
ထန်ရှုသည် တစ်ချိန်က ယဉ်ကျေးမှုထွန်းကားရာ ကြယ်ပွင့်နယ်မြေသို့ သွားရောက်ခဲ့ပြီး အခြေခံ အသိပညာအချို့ကို သင်ယူခဲ့ပေရာ ၎င်းတို့သည် သူနှင့်အကျွမ်းဝင်ဆုံး ဂိမ်းများ ဖြစ်သည်။ သို့သော် သူသည် သူ့ကိုယ်တိုင် ဉာဏ်ဦးနှောက်တစ်ခု ရရှိပြီးနောက် "လက်ရွေးစင်တိုက်ပွဲ" ကို စမ်းသုံးကြည့်ခြင်းမှလွဲ၍ အခြားဂိမ်းများတွင် သူသင်ယူနိုင်သည့် စွမ်းရည်များနှင့်ပတ်သက်သည့် အခြားအကြောင်းအရာများမရှိဟု ခံစားမိပြီးနောက်တွင် သူသည် အခြားဂိမ်းများကို လျစ်လျူရှုခဲ့သည်။ ထိုအချိန်က သူ၏အဆင့်အတန်း၊ စွမ်းရည်နှင့် ခွန်အားတို့ကြောင့် အခိုက်အတန့်ကာလတစ်ခုတွင် အသစ်အဆန်းကို ရှာဖွေလိုသော စိတ်ဆန္ဒကြောင့် ထိုအရာသည် ရုတ်တရက် တွန်းအားတစ်ခုမျှသာ ဖြစ်လာသည်။
သို့သော် သူသည် ဉာဏ်ဦးနှောက်နှင့် ဂိမ်းများမှ စိတ်ကူးများစွာကို အကြံရနိုင်ပြီး ဂိမ်းများကို တိုးတက်တီထွင်ရန် အစီအစဉ်ကိုပင် ပေါ့ပေါ့ပါးပါး ရေးဆွဲနိုင်ပေသည်။ သို့သော် ဉာဏ်ဦးနှောက်၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ထိုထုတ်ကုန်များကို ထုတ်လုပ်ရန်အတွက် လွန်စွာ အခြေခံကျပေသည်။
ထန်ရှုသည် ဘဏ္ဌာရေးမဂ္ဂဇင်းကို ချလိုက်သည်။ သူ၏အသွင်မှာ စိတ်တိုနေဟန် ရှိသည်။ အင်မော်တယ်ကမ္ဘာ၌ သူ၏သိုလှောင်လက်စွပ်သာ မပျောက်ခဲ့ပါက ယခု သူ့လက်ထဲတွင် ရတနာအိမ်တစ်ခု ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အနည်းဆုံးတော့ သူ၏ဉာဏ်ဦးနှောက်ပစ္စည်းလေးအား အဲ့ဒီလက်စွပ်ထဲတွင် သိမ်းဆည်းထားခဲ့ဖူးသည်။
“ငါ့လက်ထဲမှာ ပိုက်ဆံရှိတယ်လို့ဆိုနိုင်ပေမယ့် ငါသုံးစွဲရတဲ့နှုန်းနဲ့ဆို အတူလောက်ပဲဖြစ်မယ်။ နောက်ထပ်ဝင်ငွေရှာဖို့ အခြားနည်းလမ်းတစ်ခု ရှာမတွေ့ဘူးဆိုရင် အဲ့ဒီပိုက်ဆံအားလုံးက ကြာကြာအသုံးခံမှာ မဟုတ်ဘူး။ ထာဝရခန်းမရဲ့ဝင်ငွေက အတော်လေး ကောင်းမွန်တယ်ဆိုပေမယ့် ကြယ်တာရာမြို့သစ်စီမံကိန်းရဲ့အတွင်းပိုင်း ဝယ်ယူမှုကလည်း ကြီးမားတဲ့အရင်းအနှီးငွေတစ်ခု လိုအပ်နေတာဆိုတော့ အဲ့ဒီနေရာမှာ သုံးဖို့ အဆောတလျင် ငွေမထားနိုင်ပြန်ဘူး။"
“ထာဝရခန်းမကလည်း ထွန်းကားနေပြီဆိုပေမယ့် လက်အောက်ငယ်သားကျင့်ကြံသူတွေကို ပြုစုပျိုးထောင်ပေးရ၊ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်တွေကို အမြောက်အမြားဝယ်ယူရ၊ ကျင့်ကြံခြင်းစိတ်ဝိညာဉ်ဆေးပင်တွေ မွေးမြူရ၊ ကြမ်းတမ်းတဲ့သားရဲတွေကို ပြုစုပျိုးထောင်ပေးရနဲ့ ပိုက်ဆံကို မီးရှို့နေရသလိုပဲ။ ဟန်ချက်ညီအောင် ထိန်းထားနိုင်တာပဲ အရမ်းကောင်းတယ်ဆိုရမယ်။”
"အချိန်တိုအတွင်း ငွေပိုရှာနိုင်အောင် ငါ ဘာလုပ်ရမလဲ။"
ထန်ရှုသည် အတွေးများစွာကို တွေးနေရင်း သူ့အနေဖြင့် ငွေကို အသည်းအသန် ရှာနေရသည် မဟုတ်သော်လည်း ငွေကို ချွေတာသုံးစွဲနေရသည်ဟု ခံစားရဆဲဖြစ်သည်။ အမှန်တကယ်တော့ သူ၏စိတ်ထဲတွင် သိမ်းဆည်းထားသည့် အစီအစဉ်ကြီး တစ်ခုရှိပြီး ထိုအစီအစဉ်မှာ ကျင့်ကြံရေးသမားများ ပါဝင်သော စစ်တပ်တစ်ခုကို ထူထောင်လိုခြင်းဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံးမှ သူ ရှာဖွေနေခဲ့ပြီးသည့် လမ်းဘေးကလေးငယ် အရေအတွက်မှာ ယခုအခါ ၁၂၀၀ အထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုကလေးများ၏ကျင့်ကြံခြင်းစရိတ်အတွက် သုံးစွဲရန် လိုအပ်သော ဘဏ္ဍာငွေမှာလည်း အတော်ကြီးမားပေသည်။
အတိတ်ကာလတုန်းကတော့ သူသည် အိမ်မှုကိစ္စများကို စီမံခန့်ခွဲခြင်းများ၊ နေ့စဉ်သုံးပစ္စည်းများနှင့် နေ့တဒူဝကိစ္စများကို မသိနားမလည်သော လူမျိုးဖြစ်ပြီး အခုချိန်တွင်တော့ ငွေမလုံလောက်သော ခံစားချက်ကို နက်ရှိုင်းစွာ ခံစားနေခဲ့ရချေပြီ။
ဒေါက် … ဒေါက်...
အပြင်ဘက်က တံခါးခေါက်သံ ထွက်ပေါ်လာပြီး မိုအားဝူ၏အသံ ထွက်ပေါ်လာသည်။
"သူဌေး … သံသယဖြစ်စရာတွေကို တွေ့လို့ ငါတို့လူတွေက သူတို့ကို လိုက်ရှာနေတယ်။"
ထန်ရှု၏အမူအရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူ့စိတ်ထဲမှ "ငွေကြေး" ပြဿနာများကို ချက်ချင်း ဖယ်ထုတ်လိုက်သည်။ သူ အခန်းပြင်ထွက်လာပြီးနောက် “အဲ့ဒီ မတူညီကွဲပြားတဲ့ သတ္တဝါတွေ အကြောင်းလား။”
“ဟုတ်ပါတယ်။” မိုအားဝူက ခေါင်းညိတ်သည်။
“ဒီနေ့ ဟောင်ခရိုင် ကျင်းပိုင်ဟိုတယ်မှာ မတူညီကွဲပြားတဲ့ သတ္တဝါတချို့ကို တွေ့ခဲ့ကြတယ်တဲ့။ ငါတို့ရဲ့ထောက်လှမ်းရေးသမားတွေက စုံစမ်းမှု လုပ်လိုက်တော့ အဲ့ဒီကောင်တွေ ကျန်ရစ်တဲ့ ခြေရာတွေအတိုင်း စေ့စေ့စပ်စပ်ရှာဖွေမှု ပြုလုပ်လိုက်နိုင်တယ်။ သူတို့တွေက လက်ရှိမှာဆိုရင် ရှန်ဟိုင်းနဲ့ ချန်ရှီမြို့ ရဲ့ နယ်နိမိတ်မှာ ရှိနေတယ်။ သူတို့ဦးတည်ရာကို ကြည့်ရတာ လောင်တောင်ဆီကို သွားမယ့်ပုံပဲ။”
ချန်ရှီမြို့ လောင်တောင်ဆီလား…
ထန်ရှုတစ်ယောက် ရှန်ဟိုင်းသို့ ပထမဆုံး ရောက်လာစဉ်က ချီနန်နှင့်အတူ လောင်ရှန်အဝေးပြေးလမ်းကို ဖြတ်သော ကားမောင်းပြိုင်ပွဲသို့ သွားခဲ့ဖူးပေသည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူက
“ရဲတွေရဲ့စုံစမ်းမှုကနေ ဘာရှာတွေ့လဲ။”
“ငါတို့ပိုက်ဆံပေးထားတဲ့ ရဲစုံစမ်းရေးအရာရှိက သူတို့လည်း တုန်လှုပ်ချောက်ချားပြီး ပဟေဠိဖြစ်နေကြတယ်လို့ ဆိုတယ်။ အဲ့ဒီနိုက်ကလပ်က မိန်းကလေးလေးဦးကို သတ်ခဲ့တဲ့ လူသတ်သမားနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ မရှိဘူး။ ရာဇဝတ်မှုရဲ့ သဘောသဘာဝနဲ့ အကြောင်းရင်းကို မဆုံးဖြတ်နိုင်ဘဲ လူသတ်သမားက ဘယ်သူလဲ ဘာလဲဆိုတာ မစုံစမ်းနိုင်ကြဘူး။”မိုအားဝူက ပြောသည်။
“ဒါပေမယ့် ရဲတပ်ဖွဲ့က အထူးဌာနက လူတွေကို ဆက်သွယ်ထားတယ်လို့ ကြားတယ်။ ဒါကြောင့် မကြာခင် အဲ့ဒီက လူတွေလည်း ရှိကောင်းရှိလာနိုင်တယ်။”
“ရဲကို စိတ်ထဲမထားနဲ့။ ငါတို့ ချန်ရှီမြို့ကို ချက်ချင်းသွားမယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။ "အဲ့ဒီမတူညီကွဲပြားတဲ့ သတ္တဝါတွေ ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်။"
****
ချန်ရှီမြို့ လောင်ရှန်…
တောင်တန်းတစ်ခု၏တောင်ထိပ်များကြားရှိ ချိုင့်ဝှမ်းတစ်ခု၌ ရေကန်ငယ်တစ်ခု၏ လှိုင်းကြက်ခွပ်လေးများ ထနေသော ရေမျက်နှာပြင်ထက်တွင် နေရောင်ခြည်၏ ရောင်ပြန်ဟပ်မှုကြောင့် တလက်လက် တောက်ပနေသည်။ ရေကန်ကမ်းစပ်ရှိ မှောင်မိုက်သော နေရာတစ်ခုတွင် စုတ်ပြတ်သတ်နေသော အနက်ရောင်ဝတ်ရုံနှင့် ရှန်းကျန်သည် ကွေးကွေးကလေးဖြင့် တုန်တုန်ရီရီဖြစ်နေသည်။ သူမ၏ တောင်ပံများကို ငွေကျည်ဆန်များ ထိမှန်ခဲ့ပြီး ၎င်းသည် သေစေနိုင်သည့် ဒဏ်ရာမဟုတ်သော်ငြား သူမ၏ ဒဏ်ရာဟောင်းများကို ပိုဆိုးသွားစေခဲ့သည်။
သူမ၏ဘေးတွင် ထိုင်နေသော ဟန်ကျင်းထုံသည်လည်း မောဟိုက်နွမ်းနယ်နေပြီး မောကြီးပန်းကြီး အသက်ရှုနေရသည်။ သူ၏မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေကာ ရှုပ်ပွနေသော ဆံပင်များက သူ ကြုံတွေ့နေရသည့် ဝမ်းနည်းဖွယ် အခြေအနေကို အပြည့်အစုံ ပုံဖော်ထားသည်။
"ရှ … ရှန်းကျန် … ငါ ... ငါတို့ရဲ့ခန္ဓာကိုယ်ထဲမှာ အရာတစ်ခုခု၊ အနံ့တစ်ခုခု ဒါမှမဟုတ် အဲ့ဒီလုပ်ကြံသတ်ဖြတ်သူတွေက အနံ့ခံနိုင်တဲ့ တစ်ခုခု ရှိနေတယ်လို့ ငါ သံသယ ရှိနေတယ်။ အဲ့ဒါကြောင့်များ ငါတို့ကို သူတို့ နီးနီးကပ်ကပ် လိုက်ဖမ်းနိုင်ပြီး တင်းတင်းကြပ်ကြပ် နှောင့်ယှက်နိုင်စေတာလား။ မင်းလို ဗန်ပိုင်းယားတွေအကြောင်း ငါ နည်းနည်းပဲ သိတာမို့ မင်း ဒါကို ဖြေရှင်းနိုင်တဲ့ အဓိက သော့ချက်တစ်ခု ဒါမှမဟုတ် အစီအစဉ်တွေကို မင်း စဉ်းစားဖို့လိုမယ်။"
ဟန်ကျင်းတုံက အသက်ပြင်းပြင်းရှုပြီး ပါးစပ်ထောင့်မှ သွေးများကို သုတ်ကာ ပြောလိုက်သည်။
ရှန်းကျန် ခဏတုံ့ဆိုင်းသွားပြီး ရုတ်တရက် မေးလိုက်သည်။
“ပါမောက္ခ … ကျွန်မဆီက ထူးထူးခြားခြား ရနံ့တစ်ခုခု ရလား။”
“ဟင့်အင်း…” ဟန်ကျင်းတုံ ခေါင်းယမ်းပြသည်။
"ရှင့်နှာခေါင်းနှစ်ဖက်စလုံးမှာ ကျွန်မရဲ့သွေးတွေကို သုတ်ပြီး ထပ်စမ်းကြည့်ပါ။" ရှန်းကျန်က ပြောလိုက်သည်။
ဟန်ကျင်းတုံ တွေဝသွေားပြီးနောက် သူမ၏သွေးအချို့ကို ယူကာ သူ၏နှာခေါင်းနှစ်ဖက်စလုံးတွင် အနံ့ခံလိုက်သည်။ အနံ့ခံပြီးသည်နှင့် သူ၏မျက်နှာ ပျက်သွားပြီး
“ငါ အနံ့တစ်ခု ရတယ်။ အဲ့ဒီအနံ့လေးက ဖျော့ဖျော့လေးဆိုပေမယ့် မွှေးရနံ့က ငါ့ကို လန်းဆန်းစေတယ် ဒါပေမယ့် နည်းနည်းလည်း မူးဝေစေတယ်။”
ရှန်းယန်၏မျက်နှာ ချက်ချင်းပင် ညှိုးငယ်သွားကာ “ရှင့်နှာခေါင်းက သွေးတွေကို မြန်မြန်ဆေးလိုက်ပါ ပါမောက္ခ။ ရှစ်ထ် … ကျွန်မတို့တွေ အကျိုးတော့ နည်းကုန်ပြီ။ ကျွန်မတို့ ဘယ်ကို ပြေးနေပါစေ သူတို့က လိုက်မီနေဦးမှာပဲ။ သူတို့တွေ အမှောင်စိတ်ဝိညာဉ်ရနံ့ကို ကျွန်မအပေါ် မှာ သုတ်ထားလိုက်ပြီ။"
"အမှောင်စိတ်ဝိညာဉ်ရနံ့ဆိုတာ ဘာလဲ။" ဟန်ကျင်းထုံက အမြန်မေးလိုက်သည်။
“ဒါက ကျွန်မလို အမှောင်မျိုးနွယ်အတွက် အထူးဆေးတစ်မျိုးဖြစ်ပြီး မှော်ဆန်တဲ့ ခြေရာခံအာနိသင် ရှိတယ်။” ရှင်းကျန်မှ ရှင်းပြသည်။ "အဲ့ဒီရနံ့ လိမ်းမိသွားတာနဲ့ အမှောင်မျိုးနွယ်ရဲ့ အခြားမျိုးကွဲတွေက ကီလိုမီတာ ရာနဲ့ချီဝေးကွာနေတဲ့ ပစ်မှတ်ကို အနံ့ခံပြီး မီနိုင်တယ်။ မနေ့ညက တိုက်ပွဲမှာ ကျွန်မ သတိမထားမိလိုက်ဘဲ သူတို့တွေ ကျွန်မကို သုတ်လိမ်းခဲ့တာဖြစ်လိမ့်မယ်။ ပရော်ဖက်ဆာ … ကျွန်မ ရှင့်ကို ဒီ့ထက်ပိုပြီး မနှောင့်ယှက်ချင်တော့ပါဘူး။ မြန်မြန်သွားပါတော့ … ကျွန်မအတွက် စိတ်မပူပါနဲ့။"
“မင်းကို ထားခဲ့ဖို့နဲ့ ငါ့ကိုယ်ပိုင်ကျောင်းသားကို စွန့်လွှတ်ဖို့ ငါ့ကို မဖျောင်းဖျနဲ့လို့ မင်းကို ငါ ပြောခဲ့ပြီးသား။ ငါ ဒါကို ဘယ်တော့မှ မလုပ်နိုင်ဘူး။ ဒါက အမှောင်စိတ်ဝိညာဉ်ရနံ့လို့ မင်း သိနေရင် အဲ့ဒါကို ရေဆေးလိုက်လေ။ အဲ့ဒီရနံ့ပျောက်သွားရင် ငါတို့ကို ရှာမတွေ့နိုင်တော့ဘူးမလား။"
"ဆေးလို့မရဘူး။ အမှောင်စိတ်ဝိညာဉ်ရနံ့ဆိုတာ သွေးထဲကို စိမ့်ဝင်သွားတဲ့ ရနံ့တစ်ခုပါ။" ရှန်းကျန်က ခေါင်းယမ်းကာ ခါးသီးစွာ ပြောလိုက်သည်။
“ကျွန်မ သေပြီး ကျွန်မရဲ့ခန္ဓာကိုယ်ထဲက သွေးတွေ အေးသွားမှပဲ ဒါမှမဟုတ် … တစ်လခွဲလောက် စောင့်ပြီးမှပဲ တဖြည်းဖြည်း ပျောက်သွားလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့ လက်ရှိဖြစ်နေတဲ့ အခြေအနေအရ တစ်လခွဲကြာအောင် နေဖို့ နေသာသာ သုံးရက်တောင် မနေနိုင်ပါဘူး။ ပရော်ဖက်ဆာ … ကျွန်မ ထင်တာ မမှားရင် သူတို့ မီနေပြီးသား။”
ဟားဟားဟား…
ထူးဆန်းပြီး ကွဲအက်စူးရှသော ရယ်မောသံတစ်ခုသည် တောထူထပ်သော တောင်တန်းများ၏အမြင့်ကနေ ထွက်ပေါ်လာပြီး ပဲ့တင်သံထပ်သံများက ချိုင့်ဝှမ်းထဲတွင် အုံ့မှိုင်းသုန်မှုန်သော ပတ်ဝန်းကျင်လေထုအခြေအနေကို ဖန်တီးသည်။
ထူးဆန်းသည့်ရယ်မောသံများ ထွက်လာသော တောအုပ်ထဲမှ မှုန်ဝါးနေသော ပုံရိပ်ငါးခု ပေါ်လာသည်။ အမွေးအမှင်များရှိသောခန္ဓာကိုယ်ဖြင့် သားရဲတစ်ပိုင်း နှစ်ယောက်၊ တောင်ပံတဖျတ်ဖျတ် ခတ်နေသော တောင်ပံလူသားနှစ်ဦးနှင့် အနက်ရောင်ကုတ်အင်္ကျီရှည် ဝတ်ထားသည့် မျက်နှာဖြူဖျော့နေသော ဗန်ပိုင်းယားတစ်ယောက်။ ထို၅ဦး ပေါ်လာသည်နှင့် ဟန်ကျင်းထုံနှင့် ရှန်းကျန်တို့အား ချက်ချင်းဆိုသလိုပင် ဝိုင်းထားလိုက်ကြသည်။
"ဦးခေါင်းခွံအဆောင်အယောင်ကို ပေးပါ။ ရှန်းကျန်…"
ပျံ့လွင့်လာသောအသံသည် ဤငါးဦးထံမှ ထွက်လာပုံမပေါ်ဘဲ အရပ်ရပ်မှ ပေါ်ထွက်လာပုံရပြီး နေရာကို အကဲဖြတ်ရန် မဖြစ်နိုင်ပေ။
ရှန်းကျန်သည် လခြမ်းပုံသဏ္ဌာန် ဓားကောက်အား လက်ပြန်ဝှေ့ယမ်းရင်း အရှေ့ဘက်သို့ အော်ဟစ်ဆဲဆိုကျိန်ဆဲလိုက်သည်။ “ဦးခေါင်းခွံအဆောင်အယောင်က ငါ့လက်ထဲမှာ မရှိတော့ဘူး တောဝက်ဝံ။ လက်ရွေးစင် လူသတ်သမားတွေရဲ့လိုက်ဖမ်းတာကို ခံနေရတဲ့ငါက လုံခြုံတဲ့နေရာမှာ မဝှက်ထားလောက်ဘူးလို့ နင် ထင်လား။ နင်က မဟူရာကလပ်ရဲ့ ရွှေတံဆိပ် လုပ်ကြံသူပဲလေ။ သူရဲဘောကြောင်တဲ့လူလို နင့်ခေါင်းကို ဝှက်ထားမနေနဲ့။ ထွက်သွားစမ်း…"
" ဆော့လ်စ်ဘတ်စံအိမ်ရဲ့ဒုတိယအမွေဆက်ခံသူက တကယ်ကို ရဲရင့်သူတစ်ယောက်ပါလား။”
မထင်မရှား ပုံသဏ္ဌန်တစ်ခု ချက်ချင်း ပေါ်လာပြီး ဝင်လာသော လက်သီးတစ်ချက်ကြောင့် ရှန်းကျန်သည် တုံ့ပြန်နိုင်စွမ်းမရှိဘဲ ဦးစိုက်ဂျွမ်းပြန် လွင့်ထွက်ကာ ရေကန်ထဲသို့ ပြုတ်ကျသွားလေသည်။ သို့သော် ခဏအကြာတွင် သူမသည် ဝုန်းကနဲ ရေပေါ် တက်လာပြီး ပါးစပ်အပြည့်သွေးလုတ် အနည်းငယ် အန်ထုတ်လိုက်ရကာ သူမ၏ကျိုးနေသော တောင်ပံများကို တဖျတ်ဖျတ်ခတ်ရင်း ရေကန်၏မျက်နှာပြင်ပေါ်တွင် ဒယိမ်းဒယိုင်ဖြင့် ပေါ်လာခဲ့သည်။
“ဝက်ဝံအုပ်စုရဲ့ တောဝက်ဝံက တကယ်ကို သန်မာပါပေတယ်။ ဒီနေ့ နင် ငါ့ကို သတ်နိုင်ပေမယ့် ဦးခေါင်းခွံ အဆောင်အယောင်ကို ရနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အထဲမှာပါတဲ့ အကြောင်းအရာကို ရောင်ပြန်ရဲတိုက်ရဲ့အုပ်ထိန်းသူတွေ မကြာခင် ရသွားလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင် နင့်ရဲ့ပိုက်ဆံတွေ ပျက်စီးသွားလိမ့်မယ်။ နင့်ရဲ့ကြိုးစားမှုတွေလည်း အချည်းနှီး ဖြစ်ကုန်လိမ့်မယ်။"
ရှန်းကျန်၏အသံသည် အနည်းငယ် စူးရှသော်လည်း တင်းမာခက်ထန်နေပေသည်။
"မဟုတ်ဘူး … မဟုတ်ဘူး။ ငါက မင်းကို ဘာလို့ သတ်ရမှာလဲ။"
တောဝက်ဝံက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "မင်းက ငါ့မျက်လုံးထဲမှာ လှပတဲ့ လင်းနို့ငယ်လေးပဲ ရှန်းကျန်။ မင်းရဲ့ခန္ဓာကိုယ်ကို ငါ ချစ်တယ် … အဲ့ဒါ ငါ့အပိုင်ပဲ ဖြစ်ရမယ်။ မင်းရဲ့စိတ်ဝိညာဉ်ကို အကျဉ်းချပြီး မင်းရဲ့ခန္ဓာကိုယ်ကို နေ့ရောညပါ ငါ ဖျက်ဆီးပစ်မယ်။ မင်း အော်ဟစ်၊ ညည်းတွားပြီး ငါ့ညီလေးအောက်က ညှာတာမှု တောင်းနေတာကို ငါ တွေ့ချင်တယ်။"
ပြောပြီးနောက် သူ၏အကြည့်များက ဟန်ကျင်းထုံအပေါ်သို့ ကျရောက်သွားပြီး မျက်ခုံးပင့်လှောင်ပြောင်လိုက်သည်။
"မင်းက ဗန်ပိုင်းယားမဟုတ်ဘူးပဲ … ငါတို့ထဲက တစ်ယောက်တောင်မှ မဟုတ်တဲ့ လူမျိုးကွဲ ... အိုး... မင်းက မမျှော်လင့်ဘဲ လူသားတစ်ယောက်ပဲဟေ့။ ဒါက စိတ်ဝင်စားစရာပဲ … တကယ်ကို စိတ်ဝင်စားစရာပဲ။ ရှန်းကျန်က လူသားတစ်ဦးဆီကနေ အကူအညီတောင်းခဲ့တယ်နဲ့တူတယ်။ ကြည့်ရတာ ဒီလူက တော်တော် အစွမ်းထက်တဲ့ပုံပဲ။”
“ငါ့အမြင်ကတော့ ဉာဏ်ပညာရှိတဲ့ လူတန်းစားပေါင်းစုံက တန်းတူညီတူပါပဲ။ လူသားတွေမှာ ယုတ်ညံ့တဲ့ အကျင့်ဆိုးတွေ ရှိပေမယ့် မင်းလိုမျိုး လုပ်ကြံသတ်ဖြတ်တဲ့ မတူကွဲပြား မျိုးနွယ်စုတွေကြားမှာ ယုတ်မာတဲ့ လူယုတ်မာတွေကို ငါ ပိုပြီး ရှာတွေ့နိုင်တယ်။” ဟန်ကျင်းထုံက ပြန်သရော်လိုက်သည်။
"လူသားအားလုံးက မင်းလိုမျိုး စိတ်သဘောထားချင်း တူညီရင် ငါတို့ရဲ့ အင်အားကို အလွန်အကျွံသုံးမှာကို ကြောက်တာ၊ ပြောင်ပြောင်တင်းတင်း အမဲလိုက်မှာကို ကြောက်တာ၊ နေ့ခင်းကြောင်တောင် လူတွေကိုသတ်ပြီး သူတို့ရဲ့ အသွေးအသားတွေကို စားသုံးဖို့ ကြောက်တာတွေအတွက် ငါတို့သားရဲတစ်ပိုင်းတွေ အမှောင်ကမ္ဘာထဲမှာ ပုန်းအောင်းနေမယ့်အစား လူသားတွေရဲ့ ကံကြမ္မာကို အချိန်အတော်ကြာ ချုပ်ကိုင်ထားနိုင်လိမ့်မယ်။”
***