အလားလာကောင်းသည်
Vol. 22 Ch. 301
အခန်း (၃၀၁) – အလားအလာကောင်းသည်။
ထုံးစံအတိုင်း လင်မယားနှစ်ယောက် အိမ်ပြန်သွားသောအခါတွင် လူအုပ်ကြီးက ဝိုင်းရံထားခဲ့သည်။
ပြောရရင် သူတို့မိသားစုက ရွာက ထွက်သွားတဲ့ ပထမဆုံးမိသားစုပဲ၊ လက်ရှိ ၁၉၈၀ ခုနှစ်တွေကိုပင် မပြောနဲ့ဦး၊ ၁၉၉၀ ခုနှစ်တွေမှာတောင် တွေ့ရခဲလှပါသည်။
အကြွင်းမဲ့ စံနမူနာပြုစရာ ဖြစ်ခဲ့ပါသည်။
ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ဆွေမျိုးမိတ်ဆွေတွေ သူတို့အိမ်ကို အလည်ရောက်လာကြသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သူတို့ကို ဧည့်ခံကြသည်။
ခဏလောက် စကားစမြည်ပြောဆိုပြီးနောက် အိမ်နီးနားချင်းတွေက ပြန်သွားကြပေမယ့် အကြီးဆုံးမရီးနှင့် တခြားသူတွေကတော့ မပြန်သေးပါဘူး။
“ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ မရီးတို့တစ်မိသားစုကို ဘဲကင်တစ်ကောင် ပြန်သယ်လာတယ်။ မရီးတို့၊ ပြန်ယူသွားပြီး ထမင်းဝိုင်းမှာ ဟင်းပွဲတစ်ပွဲ တိုးတာပေါ့။” လင်းချင်းဟယ်သည် အိတ်ထဲမှ ဘဲကင်အထုပ်အနည်းငယ်ကို ထုတ်ယူပြီး ပြောလိုက်သည်။
“နှစ်တိုင်း ဒါကို မဖြစ်မနေ ဝယ်လာဖို့ မလိုပါဘူး။” ဟု အကြီးဆုံးမရီးက အနည်းငယ် ရှက်ရွံ့စွာ ပြောသည်။
“ဒါက ဘဲကင်တစ်ကောင်ပါပဲ။” လင်းချင်းဟယ်က သူမကို ဘဲကင်တစ်ကောင် ကမ်းပေးလိုက်သည်။
ဒုတိယမရီးနှင့် တတိယမရီးတို့ကိုလည်း တစ်ကောင်စီ ပေးခဲ့ပါသည်။
ဒုတိယမရီးက မေးသည်၊ “ဒီနှစ် ပြန်လာတော့ စတုတ္ထမတ်လေးကိုကြည့်ရတာ နည်းနည်း ပိုဝလာသလိုပဲ။ မြို့တော်က ဖက်ထုပ်ဆိုင်ရဲ့ စီးပွားရေး အခြေအနေက ဘယ်လိုလဲ။”
“စီးပွားရေးက အတော်လေး ကောင်းပါတယ်။” ဟု လင်းချင်းဟယ်က ခေါင်းညိတ်သည်။
“အိုး... ကြားရတာ ကောင်းပါတယ်။ အမေက အိမ်မှာ အမြဲ စိုးရိမ်နေခဲ့တာ။” ဟု ဒုတိယမရီးက မှတ်ချက်ပြုသည်။
“ဒါပေမယ့် ဘာဖြစ်လို့ ကလေးတွေ ဒီနှစ် ပြန်မပါလာတာလဲ။” ဟု တတိယမရီးက မေးသည်။
“ကျွန်မတို့ ဟိုမှာ မွေးစားမိဘအဖြစ် အသိအမှတ်ပြုထားတဲ့ မွေးစားအဖေတစ်ယောက် ရှိတယ်။ ကောင်စုတ်လေးသုံးယောက်က သူတို့မွေးစားအဘိုးနဲ့ နှစ်ကူးဖို့ ဟိုမှာ နေခဲ့ကြတယ်။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။
“လောင်တတို့ညီအစ်ကိုတွေက မြို့တော်မှာ မွေးစားအဘိုးရှိနေတော့၊ သူတို့က ကျေးလက်က အဘိုးရင်းကို မလိုချင်ကြတော့ဘူးလား။” ဟု ကျိုးလျှို့နီက ပြုံးရွှင်စွာ ရွဲ့စောင်းပြောလိုက်သည်။
“ဒီကောင်မလေး၊ နင် စကားကို ဘယ်လိုပြောလိုက်တာလဲ။” ဟု အကြီးဆုံးမရီးက ချက်ချင်းပဲ ပြောလိုက်သည်။
“လျှို့နီက အခုဆို အရွယ်ရောက်လာပြီ။ နင့်ပါးစပ်တွေက တနေ့တခြား အရမ်းထက်လာတယ်။ အကြီးတွေ စကားပြောနေတာကို နင်က ကြားဖြတ်ဝင်ပြောနိုင်နေပြီပဲ။” ဟု တတိယမရီးက ရယ်ကာမောကာ ပြောလာခဲ့သည်။
ဒုတိယမရီးက အလွန်အရှက်ရသွားကာ သူမသမီးဖြစ်သူအား စူးစူးဝါးဝါး ကြည့်လိုက်ပြီး “နင် စကားအပြောမတတ်ဘူးဆိုရင်လည်း၊ ပါးစပ်ပိတ်ပြီး တိတ်တိတ်နေ။” ဟု ပြောလိုက်သည်။
ကျိုးလျှို့နီက သူမ စိတ်အနှောင့်အယှက်ဖြစ်အောင် မပြောလိုက်သလိုပဲ “သမီးက ကျီစယ်ရုံပါပဲ။”ဟု ပြုံးရယ်ကာ ဆိုလိုက်သည်။
“ဒီဟာသက မရယ်ရဘူး။ လူတစ်ယောက်အတွက် အရေးကြီးဆုံးအရာက သူတို့ရဲ့ ဘိုးဘေးတွေကို မမေ့ဖို့ပါပဲ။ ငါပဲ ဖြစ်ဖြစ် ချင်းပိုင်ပဲ ဖြစ်ဖြစ် ငါတို့က လောင်တတို့ ညီအစ်ကိုတွေကို ဒါကို သိဖို့ အမြဲတမ်း သင်ပေးတယ်။ ငါတို့ မြို့တော်မှာနေတဲ့အိမ်က လောင်တရဲ့ မွေးစားအဘိုးက ပိုင်တယ်။ ကျောင်းမှာ လွတ်နေတဲ့ အိမ်မရှိလို့ ငါ့အတွက် မစီစဥ်ပေးနိုင်ဘူးဆိုတာ သူသိတယ်။ ငါက ချင်းပိုင်ကို မြို့တော်ကို ခေါ်လာဖို့ စိတ်အားထက်သန်နေမှန်း သူသိတော့ သူက ကျောင်းကအဆောင်ကို ပြောင်းနေပေးပြီး ငါတို့နေဖို့ သူ့အိမ်ကို ပေးခဲ့တယ်။ ဒါ့အပြင်၊ ဖက်ထုပ်ဆိုင်ကို ဖွင့်ဖို့ ဆိုင်နေရာကို သူပဲ ရှာပေးခဲ့တာ။ ငါတို့ ဒီနှစ်မှ မွေးစားမိဘဆက်ဆံရေးကို အသိအမှတ်ပြုခဲ့ကြတာ။ သူက တစ်ယောက်တည်းပဲ ရှိတာ ဆိုတော့ လောင်တတို့ညီအစ်ကိုတွေက ကျန်နေခဲ့ချင်ကြတယ်။ ချင်းပိုင်နဲ့ ငါက ပြဿနာမရှိဘူးလို့ ထင်လို့ နေခဲ့ခိုင်းတာ။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။
ဒီစကားလုံးများသည် ဒီမွေးစားမိဘဆက်ဆံရေဂ၏ ဇစ်မြစ်ကို ရှင်းပြခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အရေးအကြီးဆုံးမှာ၊ မည်သည့်ဘက်ကိုမှ ဘက်လိုက်ခြင်း မရှိကြောင်းကို ပြသခဲ့ပါသည်။ အဘိုးအိုဝမ်ဘက်တွင် တစ်ယောက်မှ မရှိသဖြင့် ကလေးတွေက အဲဒီမှာ ကျန်နေခဲ့ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း နားလည်နိုင်ပါသည်။
လင်မယားနှစ်ယောက်က အခု ပြန်လာတာပဲ မဟုတ်ပါလား။
“အဲဒီမှာ နေခဲ့တာ မှန်တယ်။” ဟု အဖေကျိုးက ခေါင်းညိတ်သည်။
“အကြီးဆုံးမရီး၊ ဒုတိယမရီးနဲ့ တတိယမရီးတို့ ပြန်သွားပြီး ညစာ မပြင်ကြဘူးလား။ ကျွန်မတို့ကတော့ ညစာအတွက် ပြင်ဆင်တော့မယ်၊ ဒါကြောင့် ကျွန်မ မရီးတို့ကို ဧည့်မခံတော့ဘူးနော်။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောသည်။
“ကောင်းပြီ” အကြီးဆုံးမရီးက ခေါင်းညိတ်ပြီးတော့ ထွက်သွားသည်။
ဒုတိယမရီးက ကျိုးလျှို့နီကိုခေါ်ပြီး ပြန်သွားသလို တတိယမရီးကလည်း ဝူနီကိုခေါ်ပြီး ပြန်သွားခဲ့သည်။
“အမေ၊ လျှို့နီရဲ့ စကားပြောပုံက အခုဆို ပိုပိုပြီး နားဝင်ဆိုးလာတယ်။ သူမရဲ့ စကားလုံးတွေက တကယ်ကို စိတ်မသက်မသာ ဖြစ်စေတယ်။” ဟု လင်းချင်းဟယ်က အမေကျိုးကို သူတို့တွေ ပြန်သွားသွားချင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
သူတို့ရဲ့ စတုတ္ထဒေါ်လေးဖြစ်သည့် သူမသည် သူတို့အပေါ် အကြွေးတင်နေတာ မရှိပေမယ့် နှစ်တိုင်း လက်ဆောင်တွေ ပြန်ယူလာပြီး တတ်နိုင်သလောက် ကူညီဖို့ သူမ အကောင်းဆုံး ကြိုးစားပေးခဲ့သည်။
ကျိုးလျှို့နီရဲ့ အမြင်တွင် ဒီအရာတွေက သူမ လုပ်ပေးသင့်တဲ့ကိစ္စတွေလို့ မှတ်ယူထားသည်။
“အဲ့ကောင်မလေးလျှို့နီရဲ့ စကားတွေကို အလေးအနက် မထားနဲ့။” အမေကျိုးက ပြောသည်။ သူမသည် သူမမြေးကိစ္စအတွက် စိတ်မပူပေ။ အမေကျိုးသည် ကျိုးချင်းပိုင်ကိုသာ မေးခွန်းထုတ်သည်၊ “ချင်းပိုင်၊ ဖက်ထုပ်ဆိုင်ရဲ့ စီးပွားရေးအခြေအနေက ဘယ်လိုနေလဲ။”
အခုနလေးတင် လူတိုင်း အရှေ့မှာ ပြောလိုက်သည့် အဖြေကို အမေကျိုးက အလေးအနက်မထားဘူး။
“အတော်လေးကောင်းတယ်။” ဟု ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။
လင်းချင်းဟယ်သည် ညစာကို ရိုးရှင်းစွာ စတင်ပြင်ဆင်ခဲ့သည်။
အမေကျိုးက ကျိုးချင်းပိုင်ကို မယုံသလို ထပ်မေးပြီး ပြောလိုက်သည်၊ “မင်းအမေကို အမှန်အတိုင်း မပြောဘူးလား။ အမေတို့လင်မယား ဒီနှစ် ပိုက်ဆံအများကြီး စုဆောင်းထားတယ်။ နှစ်သစ်ကူးပြီး နင်တို့ပြန်ရင် လောင်တတို့ညီအစ်ကိုတွေအတွက် ကျောင်းပစ္စည်းတွေ ဝယ်ဖို့ မြို့တော်ကို ယူသွားချေ။”
ကျိုးချင်းပိုင်သည် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသည့် လင်းချင်းဟယ်က ဒါကို ကြားလိုက်သည်။
သူမရဲ့ ယောက္ခမဖြစ်သူဟာ တစ်ခါတစ်ရံမှာ ဒီလိုမျိုး အတွေးလွန်တတ်ပါသည်။ သို့တိုင်၊ လင်းချင်းဟယ်က ဘာမှ မပြောသေးပေ။
အဘယ်ကြောင့်ဆိုသော် လူအိုကြီးဇနီးမောင်နှံသည် သူမအတွက် သူမ၏ ခင်ပွန်းသည်နှင့် သားသုံးယောက်လို သူမရဲ့ မိသားစုဝင် တစ်စိတ်တစ်ပိုင်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
ဒါကြောင့် သူမအစား ဆုံးဖြတ်ချက်တွေ မချသရွေ့၊ သူမရဲ့ ဘဝကို ဝင်ရောက်မစွက်ဖက်သရွေ့တော့ အခြားအရာများကို သူမ ဂရုမစိုက်ပါဘူး။
ဒါကြောင့် သူမ ထုတ်ပြောခဲ့သည်၊ “ချင်းပိုင်ရဲ့ ဖက်ထုပ်ဆိုင်စီးပွားရေးက အတော်လေးကောင်းတယ်။ ကျွန်မလစာထက် ပိုမနည်းဘူး။ အဖေ၊ အမေ၊ ဒီနှစ် အမေတို့ ပြင်ဆင်ထားပါ။ နှစ်သစ်ကူးပြီး နောက်နှစ်ကျရင် ကျွန်မတို့နဲ့အတူ မြို့တော်ကို ပြောင်းရွှေ့သင့်တယ်၊ ဟုတ်ပြီလား။”
ခြံဝင်းနဲ့ အိမ်က အမြဲတမ်းက အလွတ်ထားလို့ မဖြစ်နိုင်ဘူး။ အဲဒီအထဲမှာ လူနေထိုင်တာက ပိုကောင်းပါသည်။
“နောက်နှစ်ကျရင် မြို့တော်ကို ပြောင်းရွှေ့ရမှာလား။” ဟု အမေကျိုးက အရမ်းစိတ်လှုပ်ရှားသွားသည်။
“ဟိုမှာ မတည်ငြိမ်ဘူး၊ မေ့လိုက်ပါ။” ဟု အဖေကျိုးက ပြောသည်။
သူတို့နှစ်ယောက်သား သူတို့ရဲ့ သားအငယ်ဆုံးလေးကို မကူညီနိုင်ဘူးလို့ ခံစားမိတဲ့အတွက် ဒုက္ခပေးသလို ဖြစ်မှာကို စိုးရိမ်တာကြောင့် မြို့တော်ကို မသွားတာ ပိုကောင်းပါလိမ့်မည်။ ဒါ့အပြင် သူတို့သည် မြို့တော်ရဲ့ လေယူလေသိမ်းကိုလည်း မပြောတတ်ပါဘူး။
“နင်တို့အဖေက အဲဒီကိုသွားရမှာ စိတ်ပူနေတာ၊ သူက အဲဒီက လေယူလေသိမ်းကို မပြောတတ်ဘူး။” ဟု အမေကျိုးက ပြောသည်။
“ကျွန်မတို့မွေးရပ်မြေက လေယူလေသိမ်းက မြို့တော်က လေယူလေသိမ်းနဲ့ အတော်လေး နီးစပ်တယ်၊ ဒါကြောင့် နားလည်နိုင်ပါသေးတယ်။” ဟု လင်းချင်းဟယ်က ပြောခဲ့သည်။
ဇာတိမှ စကားလုံးများသည် ပြင်းထန်သော မွေးရပ်မြေ လေယူလေသိမ်းရှိသော်လည်း မြို့တော်ရှိလူများသည် ၎င်းတို့ကို ငါးဆယ်-ခြောက်ဆယ် ရာခိုင်နှုန်းခန့် နားလည်နိုင်ပါသေးသည်။
“ဟိုကိုရောက်ရင် နည်းနည်းလောက် လေ့လာရုံနဲ့ လုံလောက်တယ်။ အဖေတို့အတွက် ခြံဝင်းပါတဲ့ အိမ်တစ်လုံး ရှာထားတယ်။ လာမယ့်နှစ်မှာ ငှားရမ်းဖို့ စီစဥ်ထားတယ်။ တစ်လမှ ငါးယွမ်ပဲ ကုန်ကျတယ်။ နေရာလည်း ကျယ်တယ်။ အဖေတို့ အဲ့ကိုရောက်ရင် အရမ်းသဘောကျလိမ့်မယ်၊ အဖေတို့အတွက် ချင်းပိုင်ကို ဟင်းသီးဟင်းရွက်တွေ ပျိုးခိုင်းလို့ရတယ်။ ပြီးရင် ကြက်မွေးမြူဖို့ ကြက်ခြံကိုတောင် ဆောက်ခိုင်းလို့ရတယ်။ တကယ်လို့ အဖေတို့ လုပ်စရာမရှိဘူးဆိုရင်၊ ဟိုနားဒီနား လမ်းလျှောက်ပေါ့။ တကယ်လို့ လမ်းမသိဘူးဆိုရင် အဖေတို့ မြေးသုံးယောက်ကို ခေါ်သွားလို့ရတယ်။ ဘာမှ စိုးရိမ်မရှိဘူး။” ဟု လင်းချင်းဟယ်က ရွှင်မြူးစွာ ပြောသည်။
ဒီစကားတွေက အမေကျိုးကို အရမ်းစိတ်လှုပ်ရှားစေသည်။
“အိမ်ငှားခက တစ်လကို ငါးယွမ်လား။” အဖေကျိုးက မျက်မှောင်ကြုတ်သွားသည်၊ ဒါက စျေးကြီးလွန်းသည်။
“ငါးယွမ်က သိပ်မများပါဘူး။ ချင်းပိုင်ရဲ့ ဖက်ထုပ်ဆိုင်က ပိုက်ဆံရှာနိုင်ပါသေးတယ်။ ငှားရမ်းခက ပြဿနာ မဟုတ်ဘူး။ အဓိကက အဖေတို့နှစ်ယောက်ပဲ။” ဟု လင်းချင်းဟယ်က ပြောသည်။
“ဟိုကို လိုက်နေပါ။” ဟု ကျိုးချင်းပိုင်ကလည်း ပြောသည်။
“ငါတို့ တစ်နှစ်လောက်ကြာမှ ဒီအကြောင်းကို ပြောကြရအောင်။” ဟု အဖေကျိုးက ပြောသည်။
အမေကျိုးက အရမ်းစိတ်လှုပ်ရှားနေပေမယ့် အဖေကျိုးရဲ့ စကားကို တိုက်ရိုက်ဆန့်ကျင်ခြင်း မရှိပေ။ သူမက လှည့်ပတ်ပြောသည့်အနေဖြင့် “အိမ်မှာ ကြက်တွေ ဘဲတွေ အများကြီး ရှိတယ်။ ငါတို့ ရောင်းသင့်လား။” ဟု ပြောသည်။
“ချင်းပိုင်၊ မနက်ဖြန်ကျရင် အကောင် အနည်းငယ်လောက် မြို့ယူသွားပြီး ရောင်းလိုက်ပါ။” ဟု လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို လှည့်ပြောသည်။
လူအိုကြီးဇနီးမောင်နှံကို မြို့တော်ကို ခေါ်သွားတာ ပိုကောင်းလိမ့်မည်။ သူတို့ နေမကောင်းတဲ့အခါ ဒါမှမဟုတ် တစ်ခုခုဖြစ်တဲ့အခါ သူတို့ကို ပြုစုရတာ ပိုလွယ်လိမ့်မည်။
“မနက်ဖြန်ကျရင် လောင်တတို့ဦးလေး ကြက်တွေ လာကောက်ဖို့ ရှိတယ်။ ချင်းပိုင်၊ သူနဲ့ လိုက်သွားပေါ့။” ဟု အမေကျိုးက ဒါကိုကြားတော့ ပြောလိုက်သည်။
“သမီးရဲ့ တတိယမောင်လေးက ကြက်တွေကို လာကောက်ဖို့ ရှိတယ်၊ ဟုတ်လား။ အမေ့စကားက ဘာကို ဆိုလိုတာလဲ။” ဟု လင်းချင်းဟယ်သည် ဟင်းပွဲတွေကို စားပွဲပေါ်တင်ရင်း ဦးနှောက်ခြောက်စွာ မေးလိုက်မိသည်။
“နင် မသိသေးဘူးပဲ။ လောင်တတို့ဦးလေးက အလားအလာကောင်းနေတယ်။” ဟု အမေကျိုးက ပြုံးရွှင်စွာဖြင့် လင်းချင်းဟယ် မသိသေးသည့် တတိယမောင်လေးလင်းရဲ့ အကြောင်းတွေအား ဖောက်သည်ပြန်ချခဲ့သည်။