← Chapters

ရှန်ဟိုင်း၏ကြွက်အိုကြီး

Vol. 51 Ch. 713

ရှန်ဟိုင်း၏ကြွက်အိုကြီး

Vol. 51 Ch. 713

ချန်ရှီမြို့ ရှိ ကျိမိသားစု၏ဘိုးဘွားစံအိမ် ဖြစ်သည်။ ကျိမုသည် သူ့မိသားစု၏ဘိုးဘွား ဘုရားဝတ်ပြုသော နေရာအရှေ့တွင် ရပ်ကာ ပုတီးစိပ်ရင်း သစ်သားတုံးမောင်းလေးအား ခေါက်နေသော သူ့အဘွား၏နောက်ကျောကို ကြည့်နေသည်။ အဘွားဖြစ်သူသည် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသူ ဖြစ်ပြီး လွန်ခဲ့သော အနှစ် (၂၀)ကျော်တွင် အဘိုးဖြစ်သူ ဆုံးပါးသွားကတည်းက ဘိုးဘွားစံအိမ်၏ ဘုရားဝတ်ပြုသောနေရာတွင် သီးခြားနေခဲ့ခြင်း ဖြစ်သည်။ သူမသည် အိမ်အပြင်သို့ ထွက်ခဲပြီး မိသားစုကိစ္စအားလုံးတွင် လုံး၀ မပါဝင်တော့ပေ။

ကျိမုကိုယ်တိုင် ငယ်စဉ်ကတည်းက ကလန်ကဆန် လုပ်တတ်သူတစ်ယောက် ဖြစ်သော်လည်း တွေးခေါ်မြော်မြင်မှု မရှိသောသူမဟုတ်ပေ။ သူသည် ငယ်စဉ်က ဟော့ဟော့ရမ်းရမ်း နေခဲ့သော်လည်း လက်ရှိတွင် အတော်ပင် ရင့်ကျက်တည်ငြိမ်သူ ဖြစ်သည်။ သူ့အဘွားသည် ကလေးဘဝကတည်းက သူ၏အရင်းနှီးဆုံးလူ ဖြစ်သောကြောင့် ထန်ရှုထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ မသိစိတ်ဖြင့် သူသည် ဤနေရာသို့ ရောက်လာမိတော့သည်။

သူသည် စွန့်စားမှုများနှင့် အန္တရာယ်များကြားတွင် စည်းစိမ်ဥစ္စာနှင့်ဂုဏ်ကို ရှာဖွေနိုင်သည်ဟူသော သဘောတရားကိုလည်း နားလည်သည်။

လွန်ခဲ့သော နှစ်ရက်က သူ မြင်ခဲ့ရသော မြင်ကွင်းသည် ထန်ရှု၏လျှို့ဝှက်ချက်ကို သိလိုက်ရသည့်အလားပင်။ သူသည် ရတနာများစွာကို ထန်ရှုအား လက်ဆောင်ပေးခြင်းသည် တိမ်စိုင်ပေါ် တက်ကာ စီးနိုင်သည့်၊ တိမ်များနှင့် မိုးများကဲ့သို့ ပြောင်းလဲစေနိုင်သည့် အင်မော်တယ်တစ်ယောက် ဖြစ်လာစေရန်အတွက် ထန်ရှုနှင့် သူငယ်ချင်းဖြစ်စေရန် အစွမ်းကုန်ကြိုးစားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ခုတည်းသောနည်းလမ်းမှာ သူ့အသက်ကို လောင်းကြေးထပ်ကာ တိုက်ပွဲဝင်ရန်ဖြစ်သည်။

"အဘွား … ကျွန်တော် အဘွားနဲ့ စကားပြောချင်လို့။"

ယခင်ကတော့ ကျိမုက သူ့အဘွား တရားထိုင်သည်ကို မည်သည့်အခါမှ အနှောင့်အယှက်မပေးချေ။ သို့သော် ထန်ရှုနှင့် ခဏအကြာတွင် ချိန်းဆိုထားသောကြောင့် သည်တစ်ကြိမ်သည် ခြွင်းချက်ဖြစ်သည်။

ဟူရှီ၏မှိတ်ထားသော မျက်လုံးများ ပွင့်လာပြီး ဉာဏ်အလင်းရသော အရိပ်အယောင်တစ်ချက် လက်သွားကာ သူမသည် သစ်သားတုံးမောင်းလေးကို မခေါက်တော့ဘဲ ကုတင်ထက်မှ ညင်သာစွာ ထလိုက်သည်။ ထို့နောက် အပြင်ဘက်ရှိ သူ့မြေးကို လှည့်ကြည့်လိုက်ပြီး

“ဘာဖြစ်လာလို့လဲ။”

ကျိမုသည် တစ်စက္ကန့်မျှ တွေဝသွေားပြီး ချက်ချင်းပင် ခါးသီးသော အမူအရာဖြင့်

"အဘွား … ကျွန်တော် အရေးကြီးတာတစ်ခုလုပ်ဖို့ ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့် ထွက်မသွားခင် အဘွားနဲ့ စကားနည်းနည်းပြောချင်လို့ပါ။ အဘွားရဲ့စကားကို ကြားရင် ကျွန်တော် စိတ်အေးအေးနိုင်မှာမို့ပါ။"

"အဲ့ဒါက အရမ်းအန္တရာယ်များလား။" ဟူရှီက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ မေးလိုက်သည်။

ကျိမုက ခေါင်းညိတ်ခေါင်းခါ ဖြစ်သွားရပြီး “ကျားတွင်းထဲကို မဝင်ရင် ကျားပေါက်ကို မဖမ်းနိုင်ဘူး။ ဂုဏ်သိက္ခာနဲ့ စည်းစိမ်ဥစ္စာတွေအတွက် အန္တရာယ်တွေကြားကို မသွားရင် မရဘူးလို့ ရှေးရှေးတုန်းက ပြောကြတယ်။ ဒါကြောင့် စည်းစိမ်ဥစ္စာနဲ့ ဂုဏ်အသရေအတွက် ကျွန်တော် စွန့်စားရမယ်။"

"ကျိမိသားစုက မြေးကို စည်းစိမ်ဥစ္စာ ဂုဏ်အသရေတွေ ပေးထားတယ်မလား။ မြေးရဲ့ဆန္ဒကို မပြည့်ဝစေဘူးလား။" ဟူရှီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အဲ့ဒါက လုံးဝမတူဘူး အဘွား။" ကျိမုက ခေါင်းယမ်းလိုက်သည်။

“ရွှေတောင် ငွေတောင် တစ်လုံး ရှိရင်တောင်မှ ကျွန်တော် လိုချင်တဲ့ စည်းစိမ်ဥစ္စာနဲ့ဂုဏ်တွေကို ငွေနဲ့ ဘယ်တော့မှ မဝယ်နိုင်ဘူး။”

ဟူရှီက သူ့ကို လေးလေးနက်နက်ကြည့်ကာ “ရွှေတောင် ငွေတောင်နဲ့ မဝယ်နိုင်ရင်၊ မြေးကို ဘာအန္တရာယ်မှ မရှိရင် ကြိုးစားကြည့်ပေါ့။ ဒါပေမယ့် သေချာစဉ်းစားပါဦး ငါ့မြေး။ မြေးက ငယ်သေးတယ်။ အရမ်းငယ်တယ်။”

ကျိမု ငြိမ်ကျသွားသည်။ သူ ငယ်သေးကြောင်း သိသော်လည်း သူ၏ရည်မှန်းချက်ကို မီးထိုးပေးနေသည်မှာ ဤငယ်ရွယ်မှုပင် ဖြစ်ကြောင်းကိုလည်း သူ တွေးမိသည်။ ကျွန်ုပ်တို့တွင် ရှိသောအရာများလေလေ ဆုံးရှုံးရမှာ ကြောက်လေလေဟု ဆိုရိုး ရှိသည်။ သူ့အဖေနှင့် ဦးလေးများက သူတို့၏အဓိကတာဝန်ကို ထမ်းဆောင်နေသေးသောကြောင့် ကျိမိသားစု၏ လုပ်ငန်းကို သူ လွှဲပြောင်းမယူရသေးပါ။ သူသည် ကျိမိသားစုဝင်တစ်ဦးအဖြစ်သာ အဆင့်အတန်းရှိပြီး ထောက်ပံ့ထားသည့် ချမ်းသာကြွယ်ဝသော ဘဝတစ်ခုသာ ရှိပေသည်။

"မြေးရဲ့မိဘတွေ ဒါမှမဟုတ် ဦးလေးတွေကို ဒီအကြောင်း ပြောပြီးပြီလား။" ဟူရှီက မေးသည်။

"ကျွန်တော် ဒီအကြောင်း သူတို့ကို ပြောလို့မရဘူး။" ကျိမု ခေါင်းယမ်းလိုက်သည်။

"ဒါဆို အဘွားဆီက ဘာလိုလဲ။"

ဟူရှီက သက်ပြင်းချလိုက်မိသည်။

"ဘာမှ မလိုပါဘူး အဘွား။" ကျိမုက ပြုံးပြီး ပြောသည်။ “ကျွန်တော် တတ်နိုင်သလောက် လုပ်ထားပြီးသားပါ။ အခုက ကံကြမ္မာကို လုံးလုံးလျားလျား ပုံအပ်ရတော့မယ်။ သူက ကျွန်တော့်ကို သေစေချင်ရင် ကျိမိသားစုက ပြောင်းလဲဖို့ အရာအားလုံးကို အသုံးချရင်တောင် ဘယ်သူမှ ကျွန်တော့်ကံကြမ္မာကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်က သူ့ကို လက်ဆောင်ရတနာတွေ ကြိုပေးထားပြီးပြီ။ ဒါကြောင့် အသက်ရှင်လျက် ပြန်လာဖို့ အခွင့်အရေးက အရမ်းကြီးပါတယ်။"

သူ … ရတနာတွေ …

သူ့မြေးလေး၏တောက်ပသော အပြုံးကို ကြည့်ရင်း ဟူရှီ၏အိုမင်းသော မျက်နှာသည် အနည်းငယ် မှုန်မှိုင်းသွားသည်။ သူမသည် ရုတ်တရက် စိတ်ဆုံးဖြတ်ချက်ချကာ ဘိုးဘွားကမ္ပည်းပြားများ တင်ထားသောစားပွဲဆီသို့ လှည့်ကြည့်သည်။ စားပွဲခုံ၏ဘယ်ဘက်အကျဆုံးအံဆွဲမှ စတုဂံပုံစံ သစ်သားသေတ္တာကိုထုတ်ကာ ဖုန်မှုန့်များကို ညင်သာစွာ သုတ်ပေးလိုက်ပြီးနောက် ကျိမု၏အရှေ့သို့ ပြန်သွားလိုက်ပြီး

“ငါတို့ကျိမိသားစုက မင်းမျိုးမင်းနွယ်တွေ ဖြစ်လို့ မင်မင်းဆက်နဲ့ ချင်မင်းဆက်ကာလမှာ ဧကရာဇ်ရုံးတော်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တယ်။ ခက်ခဲတဲ့ နှစ်ကာလတွေမှာ မိသားစုဘဏ္ဍာအများစုကို ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် ကောင်းမွန်တဲ့ အရာအချို့ကို အခုထိ သိမ်းဆည်းထားတုန်းပဲ။ ဒီသစ်သားသေတ္တာကို ယူသွားပြီး လက်ဆောင်အဖြစ် သူ့ကို ပေးလိုက်ပါ။ သူ့မှာ ပိုင်းခြားသိမြင်တဲ့မျက်လုံးတွေရှိရင် ဒီသေတ္တာထဲမှာ ပါတဲ့ပစ္စည်းအကြောင်း ငါ့မြေး ဘာမှ မပြောရင်တောင်မှ အသက်ရှင်ပြီး ပြန်လာဖို့ အခွင့်အလမ်း တိုးလာလိမ့်မယ်။”

ကျိမု၏လက်များသည် အတန်ပင် တုန်ရီနေသည်။ ဤသစ်သားသေတ္တာအတွင်းတွင် မည်သည့်ရတနာ ရှိသည်ကို သူ မသိသော်လည်း ဘိုးဘွားခန်းမတွင် ထည့်ထားသောကြောင့် ၎င်းသည် ကြီးမြတ်သောအရာ ဖြစ်ကြောင်း သေချာပေါက် ဖြစ်ပေမည်။ သို့တိုင် သူ့အကျိုးစီးပွားအတွက် စွန့်လွှတ်လိုသည့် အဘွားကို ကြည့်ပြီး သူ့အပေါ်ထားသော သူမ၏ချစ်ခြင်းမေတ္တာကြောင့် သူ ငိုချင်လာမိတော့သည်။

"သွားတော့ ငါ့မြေး။" ဟူရှီက ညင်သာစွာ လက်ဝှေ့ယမ်းရင်း ကူရှင်ပေါ် ပြန်ထိုင်လိုက်သည်။

****

ရှန်ဟိုင်း … ရာစုရင်ပြင် …

ယုရှုချင်းသည် ရင်ပြင်၏မြောက်ဘက်စွန်းရှိ ခုံတန်းရှည်တစ်ခုပေါ်တွင် ခြေထောက်ချိတ်ကာ ထိုင်ရင်း ဝယ်ယူလာသော နို့လက်ဖက်ရည်ပူပူကို ကိုင်လျက် နောက်ဆုံးဝက်အူချောင်းကို တမြုံ့မြုံ့ဝါးနေသည်။ တရုတ်နိုင်ငံရှိ လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံး  အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၏ခေါင်းဆောင်အဖြစ် သူသည် ရှင်ခြင်းသေခြင်းဆိုင်ရာ အခြေအနေများကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသည်။ သို့သော် ယခုအချိန်တွင် သူသည် ပေတိပေစုတ် စီးပွားရေးကို လုပ်ကိုင်နေသော လမ်းဘေးလူတစ်ဦးကဲ့သို့ ဖြစ်နေသည်။

"ငွေမက်တဲ့ငနဲ ဒီကို လာမယ်လို့ ထင်လား ခေါင်းဆောင်။"

ယုရှုချင်း၏ဘေးက ပန်းခင်းထက်တွင် မိုရှောင်နန်က တသမ်းသမ်းတဝေ၀ဖြေင့် ငြီးငွေ့နေဟန် ရှိသည်။ ရံဖန်ရံခါ ဖြတ်သွားသော မိန်းမချောလေးများကသာ သူ့အား အနည်းငယ် စိတ်ဓာတ်တက်ကြွစေသည်။

"သူ လာမှာပါ။ သူ့စိတ်က ငွေအပေါ်မှာ လောဘတက်နေတော့ သူ့ကံဇာတာတက်မယ့် အခွင့်အရေးကို သဘာဝအတိုင်း လက်လွတ်မခံလောက်ဘူး။” ယုရှုချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“သူ့မှာ အရည်အချင်းတွေ အများကြီးရှိတာမို့ လူလိမ်တစ်ယောက်လို မကြည့်နဲ့။ နို့မဟုတ်ရင် ထောက်လှမ်းရေးအေဂျင်စီကကောင်တွေ ထပ်ခါထပ်ခါ ရှာမတွေ့နိုင်တဲ့ အချက်အလက်တွေကို သူ ဘယ်လို ရနိုင်မလဲ။”

“သူက အရည်အချင်းရှိပေမယ့် သူ့နှလုံးသားက မည်းညစ်လွန်းတယ်။ သူ့ဈေးက အရင်တစ်ခေါက်ထက် တက်လာပြီး ဒီတခေါက် ၁သန်းတောင် တောင်းတယ်။ ပိုက်ဆံက ကျွန်တော့်ဟာ မဟုတ်တာတောင်မှ နာကျင်ရတုန်းပဲ။” မိုရှောင်နန်က ညည်းတွားသည်။

နို့လက်ဖက်ရည်ကို စုပ်သောက်ရင်း ယုရှုချင်းက ပြုံးလိုက်ပြီး

"ပိုက်ဆံ ၁သန်းနဲ့ လူ့အသက်တွေကြားမှာ ဘယ်ဟာက အရေးကြီးဆုံးလို့ ထင်လဲ။"

အာ … မိုရှောင်နန်က သူ့နှာခေါင်းကို ကိုင်ပြီး အနေရခက်သွားဟန်ဖြင့် စကားဆက်မပြောတော့ပေ။

လွတ်လပ်ပေါ့ပါးဟန်ဖြင့် တောက်ပြောင်စွာ ဝတ်စားထားသော လူရွယ်တစ်ဦးသည် မျောက်ဝံတစ်ကောင်၏မေးစေ့ပုံသဏ္ဍာန်ပိုင်ဆိုင်ထားသော သူ၏ပါးစပ်တွင် တုတ်တစ်ချောင်းကို ကိုက်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် ယုရှုချင်းနှင့် မို ရှောင်နန်တို့၏ အရှေ့တွင် ပေါ်လာသည်။ ယုရှုချင်း ထိုင်နေသော ခုံတန်းလေးပေါ်တွင် ထိုသူသည် ဝင်ထိုင်လိုက်ပြီး ကြေမွနေသော စီးကရက်တစ်ဗူးကို ထုတ်လိုက်သည်။ သူသည် စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိဖွာရှိုက်ပြီးနောက် ပျော်ရွှင်သော အကြည့်ဖြင့် ရယ်ပြီး

“ကောင်းပြီ … ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ။ ငါ့ကို ပိုက်ဆံ မြန်မြန်ပေးပါ။ ငါ့ရဲ့အချိန်တွေက အရမ်း တန်ဖိုးကြီးတယ်။ အလဟသ ကုန်သွားတဲ့စက္ကန့်တိုင်းက ငါ့လက်ချောင်းတွေကနေ ထွက်ကျတဲ့ ငွေတစ်စနဲ့ ညီမျှတယ်။”

“ငါ စည်းကမ်းတွေ သိပါတယ် ကြွက်။ ငွေတစ်စက ပစ္စည်းတစ်ခုနှင့် ညီမျှတယ်ဆိုပေမယ့် ကုန်ပစ္စည်းမပေးဘဲ ငွေကို အလျင်စလို မယူသင့်ဘူးလေ။” ယုရှုချင်းက ရုပ်တည်ဖြင့် ပြောလိုက်သည်။

ကြွက်က အိတ်ကပ်ထဲမှ ညစ်ပေသော အနက်ရောင်စာအုပ်တစ်အုပ်ကို ထုတ်ကာ ယုရှုချင်းဆီ ပစ်ပေးလိုက်ပြီး

"မင်းက စည်းကမ်းတွေကို နားလည်တယ်ဆိုတာ ငါသိတယ် ကိုယ့်လူ။ ငါတို့တွေ လုပ်ငန်းကို လုပ်ခဲ့ကြတာက တစ်ကြိမ် နှစ်ကြိမ်မကဘူးလေ။ ဒီကြွက်မှာ အာမခံချက်ရှိတဲ့ ယုံကြည်စိတ်ချရမှုကို မင်းလည်း သိပါတယ်။ ဒါကြောင့် မင်းရဲ့စကားတွေ ပြန်ရုတ်သိမ်းမှာကို ငါ မကြောက်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းလိုအပ်တဲ့ အချက်အလက်က ငါ့အကောင့်နံပါတ်နဲ့အတူ စာအုပ်ထဲမှာ ပါတယ်။"

ယုရှုချင်းက ခေါင်းညိတ်လိုက်ပြီး လက်ကျန်နို့လက်ဖက်ရည်ကို မော့လိုက်သည်။ ထို့နောက် ထ၍

“အရင်စည်းမျဉ်းအတိုင်းပဲ။ အလုပ်အပ်ငွေ ၅၀%ကို နာရီဝက်အတွင်း မင်းအကောင့်ထဲ လွှဲပေးမယ်။ ကျန်တာကိုတော့ အချက်အလက်တွေ အမှားအယွင်းမရှိ အတည်ပြုပြီးပြီဆိုရင် လွှဲပေးလိုက်မယ်။ ဒါနဲ့ … ပြောရမယ်ဆိုရင် မင်း တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ဖို့ စိတ်ဝင်စားလား။ ထောက်လှမ်းရေးဌာနရဲ့ နယ်ပယ်က ဝန်ထမ်းတစ်ယောက်လိုပေါ့။”

ကြွက်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း “လစာရော ကောင်းလား။”

ယုရှုချင်းက သူ့ကို မျက်လုံးလှိမ့်ကာ ကြည့်လိုက်ပြီး ပိုက်ဆံမှပိုက်ဆံဖြစ်နေသော ထိုငတိအား ထပ်ပြီး မနှောက်ယှက်ချင်တော့ဘဲ ရှုံ့မဲ့နေသော မိုရှောင်ယန်နှင့်အတူ  တစ်ခါတည်း ထွက်သွားတော့သည်။

သို့သော် ကြွက်သည် အလျင်စလို မထွက်ခွာခဲ့ပေ။ ထွက်ခွာသွားသော ယုရှုချင်းနှင့် မိုရှောင်နန်၏ ကျောပြင်ကို ကြည့်ရင်း သူ့မေးစေ့ကို ကိုင်ကာ တွေးတောနေသည်။ အစောပိုင်းက ယုရှုချင်းဆီက ပုံမှန်မဟုတ်သော စကားကို ကြားပြီးနောက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့ပြီဖြစ်သည်။ ယုရှုချင်း၏အကြောင်းကို သူ ခန့်မှန်းနိုင်ပေပြီ ... ထိုသူသည် တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေသော သူတစ်ယောက်။

ထိုသူက စစ်သားဖြစ်နိုင်ပြီး သာမန်စစ်မှုထမ်း မဟုတ်နိုင်လောက်ပေ။ ကြွက်က စီးကရက်ကို ခဲကာ ထိုင်ခုံပေါ် တွင် မှီထိုင်ရင်း သူ၏ဖုန်းတွင် ငွေလွှဲစာတို အကြောင်းကြားစာ ပေါ်လာမည်ကို စောင့်နေသည်။

"မင်းက ကြွက်လား"

သူ့အရှေ့တွင် လူနှစ်ယောက် ပေါ်လာသည်။ လက်ဝဲဘက်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထက်ရှသော အကြည့်တို့ ပိုင်ဆိုင်ထားပြီး အေးစက်ခံ့ညားသော အမူအရာဖြင့် စကားဆိုလာသည်။

ကြွက်က မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးများအား လျင်မြန်စွာ ကစားလိုက်သည်။ သူ့လက်တစ်ဖက်က သူ့အိတ်ကပ်ထဲမှ ဓားတစ်ချောင်းကို ဆုပ်ကိုင်ထားသည်။ သူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး လူလတ်ပိုင်း နှစ်ယောက်ကို ကြည့်ကာ “မင်းတို့ ဘယ်သူလဲဆိုတာ ငါ သိလို့ရမလား။ ဒီအစ်ကိုကြီးဆီက ဘာလိုလဲလို့ မေးလို့ရမလား။”

"မဆိုးပါဘူး။ မင်းကို ကြွက်လို့ ခေါ်ပေမယ့် မင်းက မြေခွေးတစ်ကောင်လို ပါးနပ်သားပဲ။ ထိပ်တန်း အချက်အလက်ပွဲစားတစ်ယောက်ပီသပါပေတယ်။ ငါ့ကိုယ်ငါ့ မိတ်ဆက်ပေးပါရစေ။ ငါ့နာမည်က ကျင်းရှီ။ ငါ မင်းနဲ့ အလုပ်တစ်ခု လုပ်ချင်တယ်။"

"ကျင်းရှီလား…။"

ကြွက်သည် မျက်လုံးများကို မှေးစင်းထားသော်လည်း စိတ်ထဲတွင် လွန်စွာသတိထားနေသည်။ တစ်ဖက်လူက သူ့ကို စုံစမ်းပြီးပြီကို သူ သိသည်။ ထို့ကြောင့် စကား ဖုံးကွယ်နေခြင်းက အသုံးမဝင်ပေ။ သူသည် အလွှာပေါင်းစုံမှ မရေမတွက်နိုင်သော လူပေါင်းများစွာနှင့် အပြန်အလှန်ဆက်ဆံပြီး အပေးအယူများ ပြုလုပ်ခဲ့ဖူးသော်လည်း လွန်ခဲ့သည့် အချိန်က ထွက်ခွာသွားသော စစ်သားနှစ်ဦးကဲ့သို့ပင် သူ့ကို ထိတ်လန့်စေမည့်လူအချို့သာ ရှိပေသည်။

သို့သော် ဤကျင်းရှီနှင့်သူ၏အဖော်သည် သူ့ကို ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့သည်။ သူ့တစ်ကိုယ်လုံးရှိ ချွေးပေါက်များရှိ အမွှေးများ ထောင်လာကာ လည်ပင်းတွင် အေးစက်သွားသည်ကို မည်သူမျှ မသိပေ။

"ဘာကိစ္စကို လုပ်ချင်တာလဲ။"

ကြွက်က အေးအေးဆေးဆေး မေးသည်။

“ဒီတလော ရှန်ဟိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေရဲ့ တိကျတဲ့ အချက်အလက်ကို ငါ လိုတယ်။ ပြီးတော့ ငါတို့အဆင့်မှာ ပူးပေါင်းဖို့ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ဒါ့အပြင် မင်း ငြင်းမယ်ဆိုရင် အခွင့်အရေး နှစ်ခုပဲ ရှိတယ်။”

ကြွက်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ထင်ဟပ်နေသည်။ တစ်ဖက်လူက သူ့ကို သည်လိုရယ်စရာကောင်းသော သဘောတူညီမှုတစ်ခု ပေးလိမ့်မည်ဟု သူ မထင်ခဲ့မိချေ။

သူတို့က ငါ့ကို သူတို့ရဲ့အဆင့်တွေမှာ ပူးပေါင်းစေချင်တာလား။ ငါက ရှန်ဟိုင်းမြို့ မှာ မြေအောက်ကမ္ဘာရဲ့မျက်လုံးလို့ ကျော်ကြားတဲ့ စုံစမ်းရေးသမားလေ။ ရှန်ဟိုင်းအောက်ခြေထိ နှိုက်နှိုက်ချွတ်ချွတ် စွန့်စားသိရှိထားတဲ့ ထိပ်တန်းတစ်ယောက် ဖြစ်တာတောင် အနာခံမှ အသာစံရမယ့် ပုံစံမျိုး သူတို့က ငါ့ကို ဆက်ဆံတယ်ပေါ့ အံ့သြဘ…။”

ကြွက်က လည်ချောင်းရှင်းပြီးနောက် ခြောက်ကပ်ကပ် ပြုံးလိုက်ပြီး

“မငြင်းခင် မင်းက ဘယ်သူလဲဆိုတာ သိဖို့ လိုနေသေးတယ်။”

"မင်းရဲ့အခွင့်အရေးနှစ်ခုကို မင်း အသုံးချရလိမ့်မယ်လို့ သိထားပါ။ ငါတို့က ထာဝရခန်းမက။ မင်း ငါတို့အကြောင်း သိပ်မသိပေမယ့် ငါတို့က မင်းထင်ထားတာထက် ပိုအစွမ်းထက်တယ်။"

ကျင်းရှီက ပြောလိုက်သည်။

ထာဝရခန်းမ … ရှန်ဟိုင်းရဲ့ ထိပ်တန်းအဆင့်မြင့် စားသောက်ဆိုင်ကလား။

ကြွက်၏စိတ်ထဲတွင် မထီမဲ့မြင်ဆဲဆိုလိုက်သည်။

ထာဝရခန်းမရဲ့နောက်ကွယ်မှာ အလွန်အားကောင်းတဲ့ အင်အားရှိရင်တောင်မှ တိုင်းပြည်တစ်ခုလုံးနဲ့ ယှဉ်လို့ရမလား။ အခုပဲ တိုင်းပြည်က ဖိတ်ခေါ်တာကိုတောင် ငါ ငြင်းခဲ့တာကွ။

“ငါ ငြင်းတယ်။” ကြွက်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ကောင်းပြီ။ မင်းရဲ့ ပထမဆုံးအခွင့်အရေးကို အလဟသ ဖြုန်းတီးလိုက်တာပဲ။ ကဲ … ငါ မင်းကို နောက်ထပ် အခွင့်အရေး ပေးမယ်။ မင်းရဲ့ရှင်ခြင်းသေခြင်းကို ရွေးချယ်ပါ။ ငါတို့နဲ့ပူးပေါင်းပြီး အသက်ရှင်လိုက်။ မင်း ငြင်းရင် သေရမယ်။”ကျင်းရှီက အပြုံးဖြင့် ဆိုသည်။

"မင်းက အတင်းအကျပ် ဖိအားပေးနေတာပဲ။" ကြွက်က သူ၏လေသံကို မြှင့်လိုက်သည်။ “မင်းလုပ်နေတဲ့အရာက တခြားသူတွေရဲ့ ကဲ့ရဲ့ရှုတ်ချမှုကိုပဲ ရလိမ့်မယ်။ ဒါဟာ မြည်းတစ်ကောင်ကို အတင်းကခုန်ခိုင်းသလိုမျိုးပဲ။ အဲ့ဒါကို ကောင်းတယ်လို့ မင်း ခံစားရတယ်ဆိုပေမယ့် အခွင့်အရေးဆိုတာ မင်း မကျေနပ်လောက်တဲ့ ရလဒ်ကို ရတာမျိုးပေါ့။”

"ကောင်းပြီ … မင်း ပိုက်ဆံကြိုက်တယ်လို့လည်း ငါ ကြားတယ်။" ကျင်းရှီက ပြုံးပြီး ပြောသည်။

***

All Chapters