← Chapters

မြို့တော်ကလူနှင့်လက်ထပ်မည်

Vol. 22 Ch. 304

မြို့တော်ကလူနှင့်လက်ထပ်မည်

Vol. 22 Ch. 304

အခန်း (၃၀၄) – မြို့တော်ကလူနှင့် လက်ထပ်မည်။

လင်းချင်းဟယ်သည် ဒီတူမအပေါ် ယဥ်‌ကျေးနေမှာ မဟုတ်ပေ။ သူမသည် တံခါးကနေဖြတ်ပြီး အိမ်ထဲကို ဝင်လာတာတောင် အသံမပြုဘူး။ သူမက ရိုးရိုးစင်းစင်း ပြောလိုက်သည်၊ “ယန်ယန်နဲ့ ဝူနီက မြို့တော်ကို စာလေ့လာဖို့ လိုက်လာခဲ့မှာ။ နင်ကတော့ ဘာလုပ်ဖို့ လိုက်လာမှာလဲ။”

“ငါ့စတုတ္ထဦးလေးက ဖက်ထုပ်ဆိုင်ဖွင့်ထားတယ် မဟုတ်လား။ ငါ ဖက်ထုပ်ဆိုင်မှ ကူညီလုပ်ကိုင်ပေးမှာပေါ့။ ငါ့အဖွားလည်း ဒါကို သဘောတူတယ်။” ဟု ကျိုးလျှို့နီက ပြောသည်။

လင်းချင်းဟယ်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။ သူမက ကျိုးလျှို့နီကိုကြည့်ပြီး “ဒါက နင့်စတုတ္ထဦးလေးရဲ့ဆိုင်ပဲ၊ နင်က ဘာဖြစ်လို့ နင့်အဖွားကို မေးရတာလဲ။ နင့်အဖွားက ငါတို့မိသားစုအရေးကိစ္စကို ဘယ်တော့မှ ဝင်မစွက်ဖက်ဘူး။” ဟု ပြောလိုက်သည်။

ကျိုးလျှို့နီက သူမရဲ့အဖွားနာမည်ကိုသုံးပြီး သူမကို ဖိနှိပ်ချင်သည်။ သူမရဲ့ အတွေးသည် လုံးဝ မသန့်ရှင်းဘူး။

အမေကျိုးက ကျိုးလျှို့နီကို မနေနိုင်ပဲ ဝင်ပြောမိသည်၊ “ဘယ်တုန်းက ငါ သဘောတူလိုက်မိလို့လဲ။”

“အဖွား၊ အဖွားပဲ သမီးကိုယ်စား စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးကို ပြောပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။” ကျိုးလျှို့နီသည် အလွန်အရေထူပြီး ဤကဲ့သို့ သူမက မရှက်မကြောက် ပြောလိုက်သည်။

“နင့်ကိုယ်စား ပြောပေးမယ်လို့ အမေက သဘောမတူဘူးတဲ့။ နင်က စကားကို လှည့်ပတ်ပြောနေတာပဲ။” လင်းချင်းဟယ်က သူမကို ကြည့်ပြီး ပြောလိုက်သည်။

“စတုတ္ထဒေါ်လေး၊ နင် သူတို့ကျ လိုက်ခွင့်ပေးတယ်၊ ဒါပေမယ့် ငါကိုကျ နင် လိုက်ခွင့်မပေးဘူး။ နင်က ငါတို့မိသားစုကို နှိမ့်ချနေတာလား။” ဟု ကျိုးလျှို့နီက ဆက်ပြောသည်။

“ငါက နင်တို့မိသားစုကို နှိမ့်ချလားဆိုတာ နင့်အမေကို နင်ပြန်မေးကြည့်လိုက်လေ။” လင်းချင်းဟယ်က သူမကို အရေးအရာလုပ်ပြောဖို့ စိတ်မဝင်စားဘဲ “ယန်ယန်နဲ့ ဝူနီတို့ စာလေ့လာဖို့ ကျန်သေးတာမို့ နင်ပြန်လို့ရပြီ။”

လင်းချင်းဟယ်သည် မျိုးဆက်သစ်လူငယ်လေးတွေကို သဘောမကျသောအမြင်ဖြင့် ကြည့်ရှုခဲ့ခြင်း မရှိပေ။ သို့ပေမယ့် ကျိုးလျှို့နီကဲ့သို့သော တစ်စုံတစ်ယောက်အတွက်မူ သူမသည် အမှန်တကယ် စိတ်မရှည်ပေ။

ငယ်ငယ်လေးကတည်းက ကျိုးလျှို့နီမှာ နားလည်ရန်ခက်ခဲပြီး ထက်ရှသော လျှာရှိသည်။ သူမသည် တွက်ချက်တတ်ပြီး အရာရာကို နှိုင်းယှဥ်ပြောဆိုရတာကို သဘောကျသည်။

ကျိုးလျှို့နီက ဘာလုပ်နိုင်မှာမို့လဲ။ ထုံးစံအတိုင်း သူမ အိမ်ကို ပြန်ရုံသာ တတ်နိုင်သည်။

သူမ ထွက်သွားပြီးတာနဲ့ အမေကျိုးက ပြောသည်၊ “တကယ်တော့၊ လျှို့နီကို ချင်းပိုင်ကို ကူညီခိုင်းလိုက်တာ မဆိုးပါဘူး။ ဆိုင်မှာ ပန်းကန်ဆေးခိုင်းတာမျိုး ဒါမှမဟုတ် တစ်ခုခု ခိုင်းတာမျိုး လုပ်ခိုင်းလို့ရတာပေါ့။”

အမေကျိုးက ဒီမြေးမလေးကို လိုက်လာစေချင်သည်။ အဆုံး၌ ဒီမြေးမသည်လည်း သူမရဲ့ မိသားစုဝင်ပဲ ဖြစ်လေသည်။

လင်းချင်းဟယ်က ပြုံးရုံသာ ပြုံးနေလိုက်ပြီး “နေပါ၊ အမေရေ။ သမီးက တခြားတစ်ယောက်ကို စဥ်းစားတာ ရှိတယ်။ သမီးတို့ကို ကူညီဖို့ အာ့နီကို မြို့တော်ကို လိုက်ခိုင်းမယ်လို့ အကြီးဆုံးမရီးကို တိုင်ပင်မလားလို့ စီစဥ်ထားတယ်။ သမီးက လစဥ် လစာလည်း ပေးမှာပါ။”

“နင်က အာ့နီကို ကူညီခိုင်းဖို့ စီစဥ်ထားတာလား။” အမေကျိုးက ချက်ချင်းဆိုသလို ကြက်တူရွေးနှုတ်တိုက် မေးလိုက်သည်။

“မဖြစ်နိုင်ဘူးလား။” ဟု လင်းချင်းဟယ်က ပြောသည်။

“ကျွန်တော့်အမေက ဒုတိယအစ်မအတွက် လက်တွဲဖော် ရှာထားပြီးပြီ။” ဟု ကျိုးယန်က ပြန်ဖြေသည်။

ကျိုးယန်နှင့် ကျိုးအာ့နီသည် အကြီးဆုံးမရီးနှင့် အကြီးဆုံးအစ်ကိုတို့၏ ကလေးတွေ ဖြစ်သည်။

“အာ့နီက အသက်ဘယ်လောက်ရှိပြီလဲ။” လင်းချင်းဟယ်က အံ့သြသွားသည်။

“ဒုတိယအစ်မက ဒီနှစ်ကုန်ရင် ဆယ့်ရှစ်နှစ်ပြည့်ပြီ။” ဟု ကျိုးယန်က ပြောသည်။

ကျေးလက်ဒေသများတွင် ဒီအသက်အရွယ်တွင် အိမ်ထောင်ပြုရန်မှာ အမှန်ပင် ဖြစ်နိုင်သည်။

လင်းချင်းဟယ်က ပြောသည်၊ “အခုက အရင်အချိန်နဲ့ မတူတော့ဘူးလေ။ အသက် ၂၂နှစ်အထိ နေရင်တောင် အိမ်ထောင်ပြုဖို့ သိပ်နောက်မကျသေးဘူး။ ငါ သွားပြီး အကြီးဆုံးမရီးနဲ့ စကားစမြည်ပြောဦးမှပါ။”

“ဒါဆိုရင် လျှို့နီကိုရော မလိုချင်ဘူးလား။” ဟု အမေကျိုးက မေးသည်။

လင်းချင်းဟယ်က ပြောသည်၊ “အမေ၊ ဝူနီကို မေးကြည့်ပေးပါလား။ လျှို့နီက ဘယ်လိုစိတ်ထားမျိုးရှိလဲ ဆိုတာ အမေလည်း မြင်တာပဲ။”

ကျိုးဝူနီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်၊ “အဖွား၊ ပေါ့ပေါ့ပါးပါး ညွန်းပေးမနေနဲ့။ လျှို့နီက ဘာမှ မလုပ်တတ်ဘူး။ သူမက အိမ်က ဝေယျာဝစ္စတွေအကုန်လုံး စန်းနီကိုပဲ လုပ်ခိုင်းတာ။ မိသားစုတွေ စားသောက်ပြီးရင်၊ သူမက ပါးစပ်သုတ်ပြီး အသာလေး ထသွားတတ်တဲ့လူမျိုး။ သူမက ဘယ်တော့မှ ပန်းကန် မဆေးဖူးသလို ကြမ်းလည်း မလှည်းကျင်းဖူးဘူး။ ဒါ့အပြင်၊ သူမက နောက်ကွယ်မှာ တခြားသူတွေ အတင်းကိုလည်း ပြောတတ်သေးတယ်။ စတုတ္ထဦးလေးတို့ဆိုင်မှာ လျှို့နီကို ကူခိုင်းမယ်ဆိုရင် ကူညီရာ မရောက်ဘဲ သူ့ကြောင့် အလုပ်မရှုပ်ရင်ဘဲ ကံကောင်းတယ်လို့ ဆိုရလိမ့်မယ်။”

အမေကျိုးက ခဏတာမျှ အေးခဲသွားသည်၊ “အင်း၊ သူမက ငယ်လေးလို့ နုံအနေတာမျိုး မဟုတ်ဘူးလား။”

“သူမက အမြဲတမ်း ဒီလိုပဲ မဟုတ်ဘူးလား။ လဲကျနေတဲ့ ပဲငံပြာရည်ပုလင်းကိုတောင် ပြန်တည့်မပေးတဲ့သူမျိုး။ အစ်မအာ့နီကိုပဲ သွားခိုင်းတာ ပိုကောင်းလိမ့်မယ်။ လျှို့နီထက်စာရင် အစ်မစန်းနီကမှ ပိုကောင်းသေးတယ်။” ဟု ကျိုးဝူနီက ပြောသည်။

“ဒါလည်း ဟုတ်တာပဲ။ စန်းနီဆိုရင်ရော ဘယ်လိုလဲ။” အမေကျိုးက လင်းချင်းဟယ်ကို မေးသည်။

“အမေ၊ ဟိုမှာ လူမရှားဘူး။ အာ့နီကို ခေါ်လိုက်ရုံနဲ့တင် လုံလောက်တယ်။” လင်းချင်းဟယ်က ပြုံးပြီး ပြန်ဖြေသည်။

တကယ်တော့ အာ့နီက အနည်းဆုံး သုံးနှစ်လောက် ပညာသင်ကြားခဲ့သည်။ လင်းချင်းဟယ်က သူမရဲ့ အိမ်စာတွေကို မြင်ဖူးသည်။ အရင်တုန်းကတည်းက ဒီကောင်မလေးက အိမ်စာလုပ်ရတာကို သ‌ဘောကျသည်။

သူမရဲ့ လက်ရေးလက်သားကလည်း ကောင်းသည်။ စာရင်းတွေကို မှတ်သားပြီး တွက်ချက်ဖို့က ပြဿနာ မရှိပါဘူး။

ဒါ့အပြင်၊ အာ့နီသည် ထက်မြက်သည်။ ဒီလို ထက်မြက်တဲ့ အကျင့်မျိုးရှိတယ်ဆိုတာ သူမရဲ့ စကားပြောစွမ်းရည်ကို မှီခိုပြီး ပြောတာ ဖြစ်သည်။ သူမသည် စိတ်လည်း ရှိသည်။ တကယ်လို့ သူမ အမှားလုပ်မိခဲ့လျှင် လင်းချင်းဟယ်က ထောက်ပြဝံ့သည်။

ဒါက သူမနှင့် ကျိုးစန်းနီ၊ ကျိုးလျှို့နီတို့ညီအစ်တွေကြားက ကွာခြားချက်ပါပဲ။

ဒုတိယမရီးက ကျိုးစန်းနီကို မည်ကဲ့သို့ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ခဲ့လဲ ဆိုတာကို သူမ မသိပေ။ သူမသည် ဘာမှ မပြန်မပြောပေမယ့် ဒါကို စိတ်ထဲမှာ စွဲနေမိသည်။

ထိုကိစ္စအတွက် လင်းချင်းဟယ်သည် ချစ်စကားကိုသာ ဆိုဝံ့သည်။ သူမရဲ့ စိတ်ထဲရှိတဲ့ ဝေဖန်တဲ့စကားလုံးတွေကို မပြောဝံ့ပေ။

ကျိုးလျှို့နီကတော့ အရမ်းတက်ကြွလွန်းသည်။

သူမလို အကြံအစည်မျိုးတွေ ပြည့်နှက်နေတဲ့လူမျိုးကို ဘယ်လိုလုပ်ပြီး ခေါ်သွားနိုင်ပါ့မလဲ။ နောင်အနာဂတ်မှာ သူမကို ဒုတိယမရီးဆီ ပြန်ခေါ်သွားလို့ မရမှာကို သူမ စိုးရိမ်မိသည်။

ဒါကြောင့် ဒုတိယမရီးရဲ့ သမီးမိန်းကလေးနှစ်ဦးကို သူမ မခေါ်သွားနိုင်ဘူး။

“သနားစရာပဲ။ စန်းနီက လုံ့လဝီရိယရှိတယ်။ နင် သူမကို ပန်းကန်ဆေးဖို့ပဲဖြစ်ဖြစ် တစ်ခုခု ခိုင်းစေဖို့ပဲဖြစ်ဖြစ် ခေါ်သွားလိုက်ပါလား။” အမေကျိုးက ဆက်ပြောသည်။

လင်းချင်းဟယ်က ဘန်းမုန့်ကိုသာ ဆက်လုပ်နေပြီး ဘာမှ ပြန်မပြောပေ။

ကျိုးလျှို့နီကတော့ သူမ အိမ်ကိုပြန်ရောက်တာနဲ့ သူမအမေကို ပြန်တိုင်ခဲ့သည်။

“အမေ၊ စတုတ္ထဒေါ်လေးက ငါတို့မိသားစုကို နှိမ့်ချနေတာလား။” ကျိုးလျှို့နီက အိမ်ရောက်ရောက်ချင်း မေးလိုက်သည်။

“နင် ဘာတွေပြောနေတာလဲ။” ဒုတိယမရီးက မကျေမနပ် တုံ့ပြန်သည်။

“အမေ မသိပါဘူး။ သမီး အဲ့အိမ်ကိုရောက်တော့ စတုတ္ထဒေါ်လေးက ကျိုးယန်နဲ့ ကျိုးဝူနီကို နွေရာသီကျောင်းပိတ်ရက် မြို့တော်ကို လာလည်ခိုင်းတာ ငါ ကြားခဲ့တယ်။ ငါလည်း ဒါကို ကြားတော့၊ ငါလည်း လိုက်လည်ချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ငါလည်းလိုက်ချင်တယ်ပြောတော့ စတုတ္ထဒေါ်လေးက သဘောမတူဘူး။” ဟု ကျိုးလျှို့နီက ရှင်းပြသည်။

“နင်က ဘာသွားလုပ်မှာလဲ။ နင်က မြို့‌တော်ကို ဘာလုပ်ဖို့ သွားချင်နေရတာလဲ။” ဒုတိယမရီးက ပြန်ပြောသည်၊ “အဲ့ကိုသွားရင် ခရီးစရိတ် မလိုလို့လား။ ငါ့မှာ နင့်အတွက် ခရီးစရိတ်ပေးစရာ မရှိဘူး။”

“အမေ၊ အမေက ရူးနေတာလား။” ကျိုးလျှို့နီက ထိုသို့ ပြောပြီးပြီးချင်းမှာပင် ဒုတိယမရီးက ရိုက်နှက်တာကို ခံလိုက်ရသည်။

“နင် နောက်ထပ် စကားပဲ ထပ်ပြောကြည့်လိုက်၊ ငါ နင့်ကို ဘာလုပ်မလဲဆိုတာကို နင် ကြည့်လိုက်လေ။” ဒုတိယမရီးက ပြောလိုက်သည်။

ဒါကြောင့် ကျိုးလျှို့နီက ပြောသည်၊ “အမေ၊ စတုတ္ထဦးလေးရဲ့ ဖက်ထုပ်ဆိုင်က စီးပွားရေးကောင်းတယ်။ ဒီနှစ် သူ ပြန်လာတော့ ဘယ်လောက် ဝလာတာလဲ ဆိုတာကိုပဲ ကြည့်လေ။ တကယ်လို့ သူ့ဆိုင်မှာ သမီး ကူညီပေးနိုင်မယ်ဆိုရင် နောက်ကျ သမီး မြို့တော်မှာ လက်တွဲဖော်ရှာနိုင်လိမ့်မယ်။ အမေ၊ အမေ မြို့တော်က သားမက် မလိုချင်ဘူးလား။”

“နင် တကယ် အိမ်မက် မက်နေတာပဲ။” ဒုတိယမရီးက သူမသမီးဖြစ်သူအား တစ်ချက်ကြည့်လိုက်သည်။

“အမေ၊ သမီးက ရုပ်မဆိုးပါဘူး။ စတုတ္ထဦးလေးက မွေးစားအဖေတစ်ယောက် အသိအမှတ်ပြုထားတယ် မဟုတ်လား။ သမီး အရွယ်ရောက်ရင်၊ သူ့ကို သမီးအတွက် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးခိုင်းလို့ ရတယ် မဟုတ်လား။” ကျိုးလျှို့နီက ထိုအချက်ကို ထောက်ပြပြောဆိုသည်။

“မြို့တော်ကလူတွေက နင့်ကို ဘယ်လိုလုပ်ပြီး သဘောကျနိုင်မှာလဲ။” ဒုတိယမရီးက သူမသမီးဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။

“သူတို့က သမီးကို ဘယ်လိုမှ စိတ်ကူးမယဥ်နိုင်ကြဘူးလား။ သမီး စတုတ္ထဦးလေးရဲ့ဆိုင်မှာ သွားကူလုပ်ချင်တယ်။ စတုတ္ထဦးလေးက သမီးကို လစာမပေးလည်း ဘာမှ မဖြစ်ဘူး။ စတုတ္ထဦးလေးရဲ့ဆိုင်ဖွင့်နေသရွေ့ သမီး အလုပ်လုပ်နိုင်တယ်။ သမီးကို ဝန်ထမ်းလို့ မှတ်ယူလို့ရတယ်။ ဘယ်သူ့မှ သမီးကို မကြိုက်ဘဲ မနေနိုင်ပါဘူး။ ဒါ့အပြင်၊ စတုတ္ထဒေါ်လေးက ပေကျင်းတက္ကသိုလ်မှာ စာသင်ပေးနေတာပဲ မဟုတ်လား။ ဒီသတင်းမှာ ပြန့်နှံ့သွားရင် သမီးကို လက်ထပ်ချင်တဲ့သူတွေ အများကြီး ရှိလာလိမ့်မယ်။” ဟု ကျိုးလျှို့နီက ပြောသည်။

ပြေရမယ်ဆိုရင် ဒုတိယမရီးက ဒါကို သဘောကျသွားသည်။

ဒီသမီးက အမြဲတမ်း ဥာဏ်ကောင်းသည်။ မြို့တော်က ယောကျာ်းတစ်ယောက်နဲ့ အိမ်ထောင်ပြုနိုင်ဖို့ သူမရဲ့ စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့ကို အကူအညီတောင်းမယ် ဆိုတာက အကြံကောင်းပဲ။

ဒါဆိုရင် သူမမှာလည်း မြို့တော်မှာ ဆွေမျိုးတစ်ဦး ရသွားလိမ့်မည်။ အဲဒါက အရမ်းလေးစားစရာ ကောင်းသည်။

“အမေ၊ အမေ ဘယ်လိုထင်လဲ။” သူမမိခင်၏ တုံ့ပြန်မှုကို အကဲဖြတ်ကာ ကျိုးလျှို့နီက ဆက်ပြောသည်။

“ငါ နင့်ရဲ့ စတုတ္ထ‌ဒေါ်လေးနဲ့ စကားပြောဖို့ အချိန်ရှာလိုက်ဦးမယ်။” ဒုတိယမရီးက ပြောသည်။ ထို့နောက် သူမသည် သူမရဲ့ အကြီးဆုံးသမီးဆီ လှည့်ပြီး “စန်းနီ၊ မုန့်နှစ်ကို မြန်မြန်နယ်လေ။ အိမ်ပြင်မှာ ထင်းမခုတ်ရသေးဘူး။ နောက်ကျရင် ထင်းခုတ်ဖို့ မမေ့နဲ့ဦး။” ဟု ပြောလိုက်သည်။

“အင်း” ကျိုးစန်းနီက ခေါင်းငုံ့ပြီး ပြန်ဖြေသည်။

မူလက ကျိုးစန်းနီသည် ဤကဲ့သို့ တိတ်ဆိတ်လွန်းတဲ့သူမျိုး မဟုတ်ပေ။ လွန်ခဲ့သော နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်းတွင် သူမသည် ပို၍ တိတ်ဆိတ်လာခဲ့သည်။

ဒုတိယမရီးသည် သူမ သမီးကြီး လုပ်နေသည်ကို မြင်သောအခါ ခေါင်းယမ်းလိုက်သည်။ သူမသည် တကယ့်ကို လိမ္မာပါးနပ်သူ မဟုတ်ဘူးလို့ ခံစားရသည်။ သူမရဲ့ ဒုတိယသမီးကတော့ အကြံကောင်း ရလာခဲ့သည်။

All Chapters