← Chapters

ကြီးပြင်းလာပြီပဲ

Vol. 22 Ch. 306

ကြီးပြင်းလာပြီပဲ

Vol. 22 Ch. 306

အခန်း (၃၀၆) – ကြီးပြင်းလာပြီပဲ

ထိုအချိန်တွင် သူမနှင့် သူမ၏မိသားစု ချင်းပိုင်တို့ နှစ်ယောက်စလုံး ခရီးထွက်ကြမည် ဖြစ်သည်။

ကောင်လေးတွေက လောင်အာ့ရဲ့ အခန်းမှာ အိပ်စက်နိုင်ပြီး မိန်းကလေးတွေကတော့ သူမတို့ရဲ့အခန်းမှာ အိပ်လို့ရသည်။ အထူးသဖြင့်၊ ဒါက ကလေးတွေရဲ့ အစီအစဥ်ပေါ်မှာပဲ မူတည်ပါသည်။

လင်းချင်းဟယ် ပြောတာကို ကြားပြီးနောက်၊ အကြီးဆုံးမရီးနှင့် တတိယမရီးတို့သည် ကလေးတွေ မြို့တော်မှာ စာလေ့လာဖို့ သွားရင် ဟိုမှာ တကယ် အဆင်ပြေပြေ နေထိုင်နိုင်တယ်ဆိုတာ သိလိုက်ရသည်။

သူတို့ရဲ့ မျက်နှာပေါ်တွင် ပြုံးရွှင်နေသောအမူအရာဖြင့် “ဒါဆို သူတို့ကို မြို့တော်ကိုလွှတ်ပြီး ဗဟုသုတ တိုးပွားစေတာပေါ့။” ဟု ပြောလိုက်သည်။

ကျိုးလျှို့နီက သူမအမေအား မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။

ထို့နောက် ဒုတိယမရီးက “စတုတ္ထယောင်းမ၊ စတုတ္ထမတ်လေးရဲ့ ဖက်ထုပ်ဆိုင်မှာ လူလိုအပ်လား။” ဟု မေးလာခဲ့သည်။

“မလိုအပ်ဘူး။ နောက်နှစ်ကျရင် ကျွန်မ အာ့နီကို ကူညီလုပ်ကိုင်ပေးဖို့ ခေါ်မယ်လို့ စီစဥ်ထားတယ်။” ဟု လင်းချင်းဟယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူမက အကြီးဆုံးမရီးကို ပြုံးပြလိုက်ပြီး “ယန်ယန်နဲ့ ဝူနီတို့ အိမ်မှာ စာလာလုပ်တုန်းက၊ ကျွန်မ အမေ့ကို ဒီအကြောင်းကို ပြောပြခဲ့တယ်။ အဲ့အခါကျမှပဲ၊ အကြီးဆုံးမရီးက အာ့နီအတွက် စေ့စပ်ကြောင်းလမ်းဖို့ လုပ်နေမှန်း သိလိုက်ရတယ်။” ဟု ပြောလိုက်သည်။

“စတုတ္ထဒေါ်လေး၊ ငါက ငယ်သေးတယ်။ ငါက စောစောစီးစီး အိမ်ထောင်မပြုချင်ဘူး။” ကျိုးအာ့နီက ကမန်းကတန်း ပြောလိုက်သည်။

သူမရဲ့မောင်လေး ပြန်လာတုန်းက ဒီအကြောင်းကို ပြောပြခဲ့သည်။ ကျိုးအာ့နီသည် သူမရဲ့ စတုတ္ထဦးလေးနှင့် စတုတ္ထဒေါ်လေးတို့ကို ကူညီရန် မြို့တော်ကို သွားလိုကြောင်း မိခင်ဖြစ်သူအား ပြောပြခဲ့သည်။

သူမ တခြားဘာကိုမှ မလုပ်နိုင်ပေမယ့် အဲဒီကိုသွားတဲ့အခါ သေချာပေါက် အလုပ်ကြိုးစားမည်။

ထို့အပြင်၊ သူမသည် သူမရဲ့ စတုတ္ထဦးလေးနှင့် စတုတ္ထဒေါ်လေးတို့နှင့် အလွန်ရင်းနှီးသည်။ သူမ အလုပ်ကိုကြိုးစားလုပ်ကိုင်နေသရွေ့ သူတို့က သူမကို ဘယ်တော့မှ ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး။ ကျိုးအာ့နီသည် အစောကြီးကတည်းက ငယ်ငယ်ရွယ်ရွယ်မှာ အိမ်ထောင်ပြုဖို့ အတွေး မရှိပေ။

သို့ပေမယ့် သူမရဲ့ မိခင်ဖြစ်သူက သူမကို သိပ်မငယ်တော့ဘူးလို့ ဆိုသည်။ အဆုံး၌ သူမရဲ့ အကြီးဆုံးအစ်မသည် အသက်ဆယ့်ရှစ်နှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အခုဆို သူမရဲ့ ကလေးပင် အသက်နှစ်နှစ် ရှိနေပြီ။

ကျိုးအာ့နီသည် အရှုံးပေးခဲ့ရသည်။

ဒါပေမယ့် အဲဒီမတိုင်ခင်မှာ သူမရဲ့ မိခင်ဖြစ်သူ စီစဥ်တာကိုပဲ လိုက်နာရမလို ဖြစ်ခဲ့ရသည်။

ဒါပေမယ့် သူမမောင်လေး ပြန်လာပြီး ထိုအကြောင်းကို ပြောပြခဲ့သည်။ သူမသည် ချက်ချင်း အသက်ပြန်ရှင်လာသလို ခံစားခဲ့ရသည်။ သူမသည် လက်မထပ်ချင်ဘဲ သူမရဲ့ စတုတ္ထဦးလေးနှင့် စတုတ္ထဒေါ်လေးတို့ကို ကူညီပေးဖို့သာ သွားချင်ခဲ့သည်။

နောင်တွင် သူမ ရရှိမည့် လစာငွေ တစ်ပဲနိတိုင်းကို အိမ်ကို ပြန်ပို့ပေးမည် ဖြစ်သည်။

အကြီးဆုံးမရီးသည်လည်း အာ့နီကို မြို့တော်ကို လွှတ်လိုက်တာက ပိုကောင်းမယ်လို့ ခံစားရသည်။ ထို့အပြင် သူမရဲ့ စတုတ္ထဦးလေးနှင့် စတုတ္ထဒေါ်လေးတို့က ဂရုစိုက်ပေးမှာ ဖြစ်သောကြောင့် တစ်ခုခု ဖြစ်လာမည် မဟုတ်ပေ။

ဒါကြောင့် အကြီးဆုံးမရီးက မကန့်ကွက်ဘူး။

နောင်အနာဂတ်မှာ မြို့တော်မှာ အလုပ်လုပ်ပြီး ပြန်လာတဲ့အခါ ပိုကောင်းတဲ့သူကို လက်ထပ်နိုင်ပါ့မလား။

“ချင်းဟယ်၊ ငါ အာ့နီရဲ့ ကိစ္စကို မကန့်ကွက်ပါဘူး။ ဒီကောင်မလေးအကြောင်းကို နင်လည်း သိတာပဲ။ ဒီကောင်မလေးက အမြဲတမ်း သပ်သပ်ရပ်ရပ် လုပ်ကိုင်တတ်ပြီး သွက်လက်တယ်။ သူမ ဟိုကိုရောက်လို့ မနာခံဘူးဆိုရင် နင် သူ့ကို ဆူပူကြိမ်းမောင်းနိုင်တယ်။ သူ့ကို အလိုမလိုက်နဲ့။” ဟု အကြီးဆုံးမရီးက ပြောသည်။

“ကျွန်မ လုံးဝ မဆူပူနိုင်ပါဘူး။ ဒီကောင်မလေးကို ကျွန်မ သမီးလေးလို ကြည့်ရှုစောင့်ရှောက်ပေးပါ့မယ်။” ဟု လင်းချင်းဟယ်က ပြုံးရယ်ရင်း “ဒါပေမယ့် မရီးမှာ ကန့်ကွက်စရာ မရှိဘူးဆိုတော့ ညီမတို့ ပြန်တဲ့အခါကျ အာ့နီကို ခေါ်သွားလိုက်မယ်။ အစားအသောက်နဲ့ နေရာထိုင်ခင်းလည်း ပေးမယ်။ လစာနဲ့ ပတ်သက်ပြီးတော့ ညီမ အထွေအထူး မပြော‌တော့ဘူး။ အာ့နီကို လစာငွေလည်း လစဥ်ပေးမယ်။”

“လစာလည်း ပေးဦးမှာလား။ သူမကို အတွေ့အကြုံ စုဆောင်းခွင့် ပေးလိုက်တာနဲ့တင် လုံလောက်ပါပြီ။” ဟု အကြီးဆုံးမရီးက ခပ်မြန်မြန် ပြောလိုက်သည်။

“ဒါက ယုတ္တိမရှိဘူး။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။

“စတုတ္ထဒေါ်လေး၊ နင် အာ့နီကိုပဲ ခေါ်သွားမှာလား။ လျှို့နီကိုလည်း ကူညီလုပ်ကိုင်ပေးဖို့ ခေါ်သွားလို့ရတယ်။” ဟု ဒုတိယမရီးက ပြောသည်။

“ဒုတိယမရီးရေ၊ ငါ ဒီလိုတော့ မပြောချင်ပါဘူး။ နင့်လျှို့နီမှာ ဘယ်လိုအကျင့်စရိုက်မျိုးရှိလဲ ဆိုတာကို နင်လည်း သိတာပဲ။ ခြံထဲက ညီအစ်ကို မောင်နှမတွေကို မေးကြည့်လိုက်တာနဲ့ နင် သိမှာပဲ။ အိမ်မှာ ဘာအလုပ် ကူလုပ်ပေးလို့လဲ။ တံမြက်စည်း လဲကျနေရင်တောင် ပြန်မထောင်ဘူး။ အိမ်မှုကိစ္စအကုန်လုံး စန်းနီပဲ လုပ်ရတယ်။ နင်က သူမကို ကူညီလုပ်ကိုင်ပေးဖို့ မြို့တော်ကို လွှတ်ချင်နေတယ် ဟုတ်လား။ ဒါက ဟာသ မဟုတ်ဘူးလား။” ဟု တတိယမရီးက ရယ်မောလိုက်သည်။ သူမ လုံးဝ မထိန်းထားနိုင်တော့ဘူး။

အချို့သောလူများက အိပ်ချင်ယောင်ဆောင်နိုင်လွန်းကြသည်။ သူမ ဗွင်းဗွင်းရှင်းရှင်း ပြောလိုက်ဖို့ကိုသာ ရွေးချယ်နိုင်သည်။

ဒုတိယမရီး ဆွံ့အသွားခဲ့သည်။

“အာ့နီက တခြားအရာတွေကို ကောင်းကောင်းမလုပ်တတ်ပေမယ့် သူမက အလုပ်ကို သပ်သပ်ရပ်ရပ် လုပ်ကိုင်တတ်တယ်။ ငါ့မိခင်ဖက် မိသားစုကသာ မဆင်းရဲဘူးဆိုရင် အကြီးဆုံးမရီးက အာ့နီအတွက် သင့်တော်တဲ့သူ ရှာနေတယ်လို့ ကြားကတည်းက ငါ အရှက်မရှိ တောင်းဆိုပြီးလောက်ပြီ။ ဒါပေမယ့် အခုတော့ လုံးဝ ပြီးပြည့်စုံသွားပြီ။ အာ့နီ၊ နင့်ရဲ့ စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့ဆီမှာ အလုပ်ကြိုးစားပြီး၊ အနာဂတ်မှာ သင့်တော်တဲ့ မိသားစု ရှိမရှိကိုကြည့်ပြီးတော့ ဟိုမှာ လက်တွဲဖော်ရှာခဲ့။” ဟု တတိယမရီးက ပြုံးပြီး ပြောလိုက်သည်။

“ဟိုမှာ လက်တွဲဖော် ဘယ်လိုရှာနိုင်ပါ့မလဲ။ မြို့တော်ကလူတွေက ငါတို့လို ကျေးလက်ဒေသက လူတွေကို ဘယ်လိုချင်ပါ့မလဲ။” ဟု အကြီးဆုံးမရီးက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ အာ့နီက အရမ်းကောင်းတယ်လို့ ညီမ ထင်တယ်။ မြို့တော်မှာ ရှိတဲ့ ရေမြေရာသီဥတုက လူတွေကို အာဟာရ ဖြည်စွမ်းပေးနိုင်တယ်။ အဲဒီကို ရောက်တဲ့အခါ အာ့နီက ပိုလှလာမှာ သေချာတယ်။ အချိန်တန်ရင်၊ ညီမ အာ့နီအတွက် အဝတ်ကောင်းကောင်းလေး နှစ်ထည်လောက် ရွေးပေးမယ်၊ အာ့နီသာ ဝတ်လိုက်ရင် မိန်းမလှလေး ဖြစ်သွားလိမ့်မယ်။ သူ့ကိုမြင်ရင် ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။

“မိသားစုနောက်ခံတွေက သဟဇာတမဖြစ်ဘူး။” အကြီးဆုံးမရီးက ခေါင်းခါပြီး ပြောသည်။

သူမသည် မိမိကိုယ်ကို အလွန်သိသည်။ သူမတို့ရဲ့ မိသားစုအခြေအနေအရ မြို့တော်ရှိ သားမက်တစ်ယောက်ကို ဘယ်လိုရနိုင်ပါ့မလဲ။

“ငါတို့မိသားစုနဲ့ မလိုက်ဖက်ဘူးလို့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ။ သူမရဲ့ စတုတ္ထဦးလေးက မြို့တော်မှာ အိမ်ထောင်စုစာရင်း မှတ်ပုံတင်ထားပြီး စတုတ္ထဒေါ်လေးက ပေကျင်းတက္ကသိုလ်မှာ နိုင်ငံခြားဘာသာစကား သင်ကြားပေးနေတယ်။ သူမရဲ့ မောင်ငယ်က လာမယ့်နှစ်မှာ စစ်တက္ကသိုလ်တက်ပြီး စစ်တပ်ထဲ ဝင်တော့မှာ ဖြစ်တယ်။ ဒီလိုနောက်ခံမျိုးက မသင့်တော်ဘူးဆိုရင် ဘယ်အရာက သင့်တော်တယ်လို့ ဆိုနိုင်ပါ့မလဲ။” ဟု လင်းချင်းဟယ်က ပြောသည်။

အကြီးဆုံးမရီးက ပြုံးပြီး ခေါင်းခါနေတုန်းပင်။

လင်းချင်းဟယ်က ကျိုးအာ့နီကိုကြည့်ပြီး “နင့်အမေအတွက် စိတ်ပူမနေနဲ့။ နင့်အမေရဲ့အတွေးတွေက ခေတ်နောက်ကျနေပြီ။ ငါတို့က ခေတ်သစ်ရဲ့ အမျိုးသမီးတွေပဲ၊ ငါတို့က ရှေ့ရေးကိုသာ ကြည့်ရမယ်။” ဟု ပြောသည်။

ကျိုးအာ့နီက သူမနှုတ်ခမ်းလေးကိုစူကာ “စတုတ္ထဒေါ်လေး၊ သမီးမှာ အဲ့ဒီလို အစီအစဥ်မရှိပါဘူး။” ဟု ပြုံးပြီး ပြောသည်။

“အင်း၊ နင် အချိန်ယူ စဥ်းစားပေါ့။ အလျင်လိုစရာ မလိုဘူး။” ဟု လင်းချင်းဟယ်က ခေါင်းညိတ်သည်။

ဘေးဖက်တွင် ကျိုးလျှို့နီက သူမမိခင်ဖြစ်သူကို မျက်လုံးပြူးပြပြီး အချက်ပြသည်။ သူမမိခင်ဖြစ်သူ စကားရပ်သွားတာကိုမြင်တော့ ကျိုးလျှို့နီက သူမဘာသာသူမ ပြောလာခဲ့သည်။

“စတုတ္ထဒေါ်လေး၊ နင် ငါ့ကို ကူညီဖို့ ခေါ်မသွားချင်ဘူးလား။” ကျိုးလျှို့နီက ဝမ်းနည်းစွာ ပြောသည်။

သူမ မည်မျှပင် ကြိုးစားရုန်းကန်နေပါစေ မရနိုင်ခဲ့ဘူး။ ကျိုးအာ့နီကတော့ လက်ထပ်တော့မယ်ဆိုရင်တောင် မြို့တော်ကို လိုက်နိုင်သည်။

“နင့်အသက်က ဘယ်လောက်ရှိသေးလို့လဲ။ နင့်အမေကို အိမ်မှုကိစ္စကူညီလုပ်ကိုင်ပေးတာက ပိုအရေးကြီးတယ်။” ဟု လင်းချင်းဟယ်က ပြောသည်။

“ငါ လုပ်နိုင်ပါတ၃ယ်။ ငါ့အစ်မက အရမ်းအလုပ်ကြိုးစားတဲ့အတွက် ငါ့အလှည့် မရောက်တာပါ။ စတုတ္ထဒေါ်လေး၊ ငါ မြို့တော်ကို လိုက်ရမယ်ဆိုရင် အစ်မအာ့နီထက် ဆိုးရွားစွာ ဆက်ဆံခံရမယ် ဆိုရင်လည်း ဖြစ်ပါတယ်။” ဟု ကျိုးလျှို့နီက ပြောသည်။

“ဒါပေမယ့် ငါတို့မှာ လူထပ်မလိုတော့ဘူး။” ဟု လင်းချင်းဟယ်က သူမကို ကြည့်ကာ ပြောသည်။

ကျိုးလျှို့နီက နှုတ်ခမ်းစူကာ “စတုတ္ထဒေါ်လေး၊ နင် ငါ့ကို သဘောမကျလို့ မဟုတ်လား။” ဟု ပြောလိုက်သည်။

နင့်ကို ဘာသဘောကျစရာရှိလို့လဲ။

လင်းချင်းဟယ်က ပြုံးပြီး “နင် ဘယ်လိုပြောလိုက်တာလဲ။ ငါတို့ ပြန်လာတိုင်း အိမ်ထောင်စုတိုင်းအတွက် ဘဲကင်တစ်ကောင်စီ ပြန်ယူလာတယ်။ နင်တို့အားလုံးက ငါ့တူတွေ တူမတွေပဲ၊ ငါက နင့်ကို ဘယ်လိုလုပ်ပြီး သဘောမကျတာ ဖြစ်မလဲ။ နင်က ငယ်သေးတယ်။ ဒါကြောင့်၊ နင့်အမေကိုပဲ အိမ်မှာ ကောင်းကောင်းကူညီပေးပါ။ နင့်မိဘတွေက ဒီနှစ် လယ်မြေတွေ အများကြီး စာချုပ်ချုပ်ထားတယ်လေ။” ဟု ပြောသည်။

“ဒုတိယမရီး၊ နင် လျှို့နီကို သေသေချာချာ သင်ကြားပြသပေးသင့်တယ်။” ဟု တတိယမရီးက ပြောသည်။

ဒုတိယမရီးက သူမရဲ့ ဒုတိယသီးကို တစ်ချက်ကြည့်ကာ “နင် ဘာဖြစ်လို့ ဒါကို ထပ်ပြောနေရတာလဲ။ ဆိုင်မှာ လူမလိုအပ်ဘူး။ နောင်မှာ လူလိုအပ်တဲ့အခါ အဲ့အခါကျ နင်သွားမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး။” ဟု ပြောလိုက်သည်။

“နောင်အနာဂတ်မှာ လူလိုမှာ မဟုတ်ဘူး။ လျှို့နီကို မရီးရဲ့ ဂရုစိုက်မှုအောက်မှာပဲ ထားသင့်တယ်၊ ဒုတိယမရီး” ဟု လင်းချင်းဟယ်က ချက်ချင်းပြောလိုက်သည်။

သူမ လျှို့နီကို လုံးဝ မခေါ်သွားနိုင်ဘူး၊ ဒီအကြောင်းကို စဥ်းတောင် မစဥ်းစားပါနဲ့။

“စတုတ္ထဒေါ်လေး၊ ငါနားလည်တယ်။ နင်က ငါတို့ဒုတိယအိမ်ထောင်စုခွဲကို နှိမ့်ချနေတာပဲ။” ဟု ကျိုးလျှို့နီ၏ မျက်လုံးများ နီရဲလာပြီး ထိုစကားကို ပြောပြီးနောက် ပြေးထွက်သွားခဲ့သည်။

“ဒုတိယမရီး၊ မရီး သူ့ကို ကောင်းကောင်း မသင်ပေးဘူးဆိုရင် နောင်မှာ မရီး အရှက်ခွဲခံရမှာကို ကျွန်မ‌တော့ စိုးရိမ်မိတယ်။” လင်းချင်းဟယ်က ကျိုးလျှို့နီရဲ့ ကျောပြင်ကို လေးနက်စွာ ကြည့်နေခဲ့ပြီး ဒုတိယမရီးကို တိုက်ရိုက်ပြောလိုက်သည်။

“ဒီကောင်မစုတ်လေးကတော့” ဒုတိယမရီးက ကျိန်ဆဲပြီး “ငါ ပြန်သွားပြီး သူမကို သင်ကြားပေးလိုက်ဦးမယ်။” ဟု မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။

ထို့နောက် သူမ အရင်ပြန်သွားခဲ့သည်။

လင်းချင်းဟယ်က မျက်တောင်တောင်မခတ်ဘူး။

“သူမအတွက် စိတ်ပူမနေနဲ့။” ဟု တတိယမရီးက ပြောသည်။

“ဒီကောင်မလေး လျှို့နီက ကြီးပြင်းလာပြီပဲ။ အာ့နီက မသွားဘူးဆိုရင်တောင် သူမ သွားမယ်ဆို ငါတားမိမှာပဲ။” ဟု အကြီးဆုံးမရီးက ရိုးရိုးသားသားပြောသည်။

All Chapters